← Chapters

အခန်း (၈၆၂-၈၆၃)

Vol. 45 Ch. 862-863

အခန်း (၈၆၂-၈၆၃)

Vol. 45 Ch. 862-863

အပိုင်း (၈၆၂) သူတို့ကို တစ်ချက်လောက် ထုပစ်ဖို့ နည်းလမ်းရှာ။

နန်းဆောင်၏ အပြင်ဘက်တွင် လိုင်ကော်အာသည် မခံမရပ်နိုင် ဖြစ်နေသည့် ကျိန့်ဟွေ့အား ဆွဲထားဆဲ ဖြစ်၏။

ကျိန့်ဟွေ့သည် လက်ကို အားရပါးရ ခါချလိုက်ပြီး မကျေမနပ် ပြောလိုက်သည်။ “ဘာလဲ ... သူရဲဘောကြောင်သွားတာလား။ မင်း စောစောက အဲဒီ အနောက်တိုင်းသားတွေနဲ့ ဘာတွေ ပြောနေတာလဲ။”

လိုင်ကော်အာက အားတက်သရော ပြောလိုက်၏။ “အစ်ကိုကျိန့် ... ကျုပ်တို့နှစ်ယောက်တည်း သူတို့ကို တိုက်ခိုက်မလို့လား။ ပြန်သွားပြီး လူတွေကို အစုံအလင် ခေါ်ပြီးမှ သွားတိုက်ရင် မရဘူးလား။”

“ဟွန်း ... က်ျုပတို့နှစ်ယောက်တည်း ဖြစ်နေတော့ရော ဘာဖြစ်လဲ။ သူတို့က ကိုယ်ထိလက်ရောက် လုပ်ရဲတယ် ဆိုရင် ညီအစ်ကိုတွေက သဘာဝကျကျ ကလဲ့စားချေဖို့ ရောက်လာကြလိမ့်မယ်။ အနောက်တိုင်းသားတွေက အလုပ်တစ်ခုကို နောက်ဆက်တွဲ ဆိုးကျိုးတွေ မစဉ်းစားဘဲ လုပ်လိမ့်မယ်လို့ ကျုပ် မယုံဘူး။” ကျိန့်ဟွေ့က ခပ်ပေါ့ပေါ့ ပြောလိုက်သည်။

လိုင်ကော်အာက ခေါင်းခါလိုက်ပြီး တည်းခိုရာနေရာ ရှိရာဘက်သို့ လျှောက်သွားကာ လမ်းလျှောက်ရင်းနှင့် ပြောလိုက်သည်။ “အဲဒီလောက် မရိုးရှင်းဘူး အစ်ကိုကြီး။ အနောက်တိုင်းသားတွေရဲ့ စဉ်းစားပုံက ကျုပတို့နဲ့ မတူဘူး။”

“အစ်ကိုကြီးကျိန့် ... စောစောက ကျုပ်တို့ သူနဲ့ စကားပြောခဲ့ကြတာကို အစ်ကို မကြားတာမှ မဟုတ်ဘဲ။ ထိုက်ဖူဘာသာက သူတို့ရဲ့ တားမြစ်ချက်ပဲ၊ နတ်ဘုရားကို စော်ကားတယ် ဆိုတာ ကျုပ်တို့ဆီက ဘုရင်ကို လိမ်လည်တဲ့ အပြစ်နဲ့ တူညီတယ်၊ အဲဒါ တကယ်ပဲ အသက်စွန့်ပြီး တိုက်ခိုက်ရမဲ့ ကိစ္စမျိုး။

လက်ရှိမှာတော့ ခါလဲ့မီ ကိုယ့်သဘောနဲ့ကိုယ် လွတ်မြောက်လာဖို့ လုံးဝ မဖြစ်နိုင်တော့ဘူး။ ပထမအချက်က ဒီကိစ္စရဲ့ ကြော်ငြာစာရွက်က အရပ်ထဲအထိ သတင်း ဖြန့်ချိပြီးသွားပြီ။ ဒုတိယအချက်က ... ရုတ်တရက် ဒီလို အပြောင်းအလဲမျိုး ပေါ်ပေါက်လာတာ ကျုပ် ထင်ကြေးအရတော့ ကျုပ်တို့ ဘုရင်ကို ပထမဆုံးအကြိမ် တွေ့တုန်းက သူ့ဘေးမှာ ရှိနေတဲ့ ဘုန်းကြီးနဲ့ ပတ်သက်နေလောက်တယ်။”

“ဘုန်းကြီး ... မင်း ပြောတာက အရင်တုန်းက မြို့စားကြီးနဲ့ ဘုရင်ရဲ့ ဘေးမှာ ရပ်နေပြီး အရောင်အသွေး စုံအောင် ဝတ်ဆင်ထားတဲ့ တစ်ယောက်ကို ပြောတာလား။”

လိုင်ကော်အာက မျက်မှောင်ကြုတ်လိုက်၏။ “ဟုတ်တယ်။ သူက ထိုက်ဖူဘာသာဝင် ဖြစ်ရမယ်လို့ ကျုပ် ခန့်မှန်းမိတယ်၊ ပြီးတော့ အဲဒီအချိန်က မြို့စားကြီးရဲ့ သဘောထားကို ကြည့်ရင် အဆင့်အတန်း မနိမ့်ကျဘူး။”

“ဘုရင်က ရုတ်တရက် သေဆုံးသွားတာ သင့်တော်တဲ့ အကြောင်းပြချက် တစ်ခုမှ မရှိဘူး ဆိုရင်၊ ဘာသာရေး အသင်းတော်က သခင်ကြီး ကိုယ်တိုင် ရှိနေလျက်နဲ့ မကောင်းမှုက ကောင်းမှုကို အနိုင်ယူသွားတဲ့ ကိစ္စမျိုး ဖြစ်ပွားခဲ့တာပဲ။ ဒါက ထိုက်ဖူဘာသာရဲ့ ဂုဏ်သတင်းကို ထိခိုက်စေတာ မဟုတ်ဘူးလား။ ခါလဲ့မီက မမျှော်လင့်ဘဲ ပေါ်လာတာ အရမ်း ကောင်းမွန်တဲ့ ဆင်ခြေတစ်ခု ဖြစ်သွားတယ်။ အခြားတစ်ဖက်မှာလည်း ဒီကိစ္စကို အစွဲပြုပြီး ခြိမ်းခြောက်မှု အဖြစ် အသုံးပြုမယ်။ ပြည်သူတွေရဲ့ ယုံကြည်မှုကို မြှင့်တင်နိုင်သေးတယ်။

ဒါပေမဲ့ အဲဒီ မြို့စားကြီးကတော့ စိတ်ရင်း တော်တော် မှန်ပုံ ရတယ်၊ သူက ကျုပ်တို့နဲ့ ဆက်ပြီး ပူးပေါင်း လုပ်ကိုင်ချင်နေသေးတယ်။ ကြည့်ရတာ ကျုပ်တို့ တာ့ကျင်းရဲ့ ကုန်ပစ္စည်းတွေက သူ့ကို ဆွဲဆောင်နိုင်ခဲ့တဲ့ပုံပဲ။ အစ်ကိုကြီးကျိန့် ... ကျုပ်တို့ အချိန်ယူပြီး သေသေချာချာ စဉ်းစား တိုင်ပင်မှ ဖြစ်မယ်။”

ကျိန့်ဟွေ့သည် ပြုံးသယောင်၊ မပြုံးသယောင် မျက်နှာဖြင့် လိုင်ကော်အာအား တစ်ချက် ကြည့်လိုက်ပြီး ရုတ်တရက် လက်ကို ဆန့်ထုတ်ကာ သူ၏ ပုခုံးကို လက်သီးဖြင့် တစ်ချက် ထိုးလိုက်၏။

“မင်းလို ကောင်လေးက ... ခရီးစဉ် နှစ်ခေါက်လောက် ထွက်တာနဲ့ ဒီလောက် များပြားတဲ့ လမ်းကြောင်းတွေကို မြင်တတ်နေပြီလား။ ဒါဆို ဒီကိစ္စကို မင်းကိုပဲ လွှဲအပ်လိုက်မယ်။ ငါ့မှာ သတ်မှတ်ချက် တစ်ခုတည်း ရှိတယ်။”

“ဘာ သတ်မှတ်ချက်လဲ အစ်ကိုကြီး။”

“သူတို့ကို တစ်ချက်လောက် ထုပစ်ဖို့ပဲ။” ကျိန့်ဟွေ့က အေးစက်စွာ ရယ်မောလိုက်၏။

“ဘယ်သူ့ကို ထုရမှာလဲ။ ဘုရင်က သိပ်ငယ်လွန်းသေးတယ် မဟုတ်လား ...။ အဲတာတွေ မတတ်လောက်သေးဘူး”

“မဟုတ်ဘူး။ မင်း ပင်လယ်ထဲမှာ နေရတာ ကြာလို့ ဦးနှောက် ပျက်သွားပြီလား။ ငါက မင်းကို ဉာဏ် ကောင်းတယ် ဆိုပြီး ခုလေးတင် ချီးကျူးထားတာကို။”

ကျိန့်ဟွေ့က မျက်နှာ ပျက်သွားပြီး ပြောလိုက်၏။ “ဒီ ထိုက်ဖူဘာသာ ဆိုတာကြီးကို တစ်ချက်လောက် ထုပစ်လိုက်မယ်။ ငါတို့ရဲ့ လူကို ဖမ်းဆီးရဲတယ်ပေါ့လေ၊ ငါတို့ တာ့ကျင်းရဲ့ နဂါးအလံက သင်္ဘောပေါ်မှာ လွင့်ပျံနေဆဲပဲ ... ဒီ မိစ္ဆာ ဂိုဏ်းဂဏတွေက တကယ်ပဲ မာကျောတဲ့ သံမဏိပြားကို မတွေ့ဖူးသေးတာ။”

လိုင်ကော်အာ၏ မျက်လုံးထဲတွင် စိတ်လှုပ်ရှားသွားသော အရိပ်အယောင်တစ်ခု ဖြတ်သန်းသွားသည်။ “ကောင်းပြီ။ ဒါဆိုလည်း တစ်ချက်လောက် ထုပစ်လိုက်ကြတာပေါ့။”

“အစ်ကိုကြီးကျိန့် ... ကျုပ်မှာ တကယ်တော့ စိတ်ကူး ရှိပြီးသားပါ။ ကျုပ်တို့ အခုချိန်မှာ စစ်သည်တွေ ခေါ်ပြီး ဝင်မတိုက်သင့်ဘူး။ စောစောက ကြမ်းကြုတ်တဲ့ အရှိန်အဝါတွေနဲ့ နန်းတော်ထဲ ဝင်သွားခဲ့လို့ အနောက်တိုင်းသားတွေရဲ့ စိတ်ထဲမှာ ကျုပ်တို့အပေါ် သတိထားမှု ရှိနေလောက်ပြီ။

ဒါပေမဲ့ ကျုပ် စောစောက အနောက်တိုင်းသားတွေကို ခါလဲ့မီကို မလိုချင်တော့ဘူး၊ ဒါပေမဲ့ ကျုပ်တို့အတွက် နစ်နာကြေး တိုးပေးရမယ်လို့ ပြောခဲ့တယ်။ ဒီရက်ပိုင်း အစ်ကို အမြဲတမ်း နန်းတော်ထဲ ဝင်ပြီး အဲဒီ အနောက်တိုင်းသားနဲ့ စီးပွားရေး ဆွေးနွေးဟန်ဆောင်၊ သူတို့ကို အာရုံထွေပြားအောင် လုပ်ပေးဖို့ လိုအပ်သေးတယ်။”

“ဒီကာလလေးကို အခွင့်ကောင်းယူပြီး ကျုပ်လည်း မြို့ထဲမှာ အနောက်တိုင်းသားတွေရဲ့ နောက်ခံ အခြေအနေနဲ့ တပ်ဖွဲ့ ဖြန့်ကျက်ထားတဲ့ အခြေအနေတွေကို ဆက်ပြီး စုံစမ်းထောက်လှမ်းမယ်။ အသေးစိတ် အစီအစဉ် ရေးဆွဲမယ်။

ပြစ်ဒဏ် စီရင်မဲ့ နေ့ရက်ကျရင် တစ်မြို့လုံးက ပြည်သူတွေ လာကြည့်ကြလိမ့်မယ်။ အဲဒီအခါကျရင် ကျုပ်တို့ စစ်သည်တွေ ခေါ်ပြီး သွားမယ်။ ဖရိုဖရဲ ဖြစ်နေတာကို အခွင့်ကောင်းယူပြီး တည့်တည့်မတ်မတ် ဝင်ရောက် တိုက်ခိုက်ပြီး ကွပ်မျက်ကွင်းကို လုယူမယ်၊ ပြီးရင် သင်္ဘောပေါ်တက်ပြီး အပြန်ခရီး ဆက်မယ် ... ဒီလောက် ရိုးရှင်းပါတယ်။”

“မင်းလို ကောင်လေး .. စဉ်းစားတာ တကယ် ပြည့်စုံတာပဲ။ စောစောက ငါ အဲဒီ အနောက်တိုင်းသားနဲ့ ပဋိပက္ခ ဖြစ်နေတုန်းတည်းက မင်း စတင် အစီအစဉ် ရေးဆွဲနေတာ မဟုတ်လား။” ကျိန့်ဟွေ့က ပြုံး၍ မေးလိုက်၏။

လိုင်ကော်အာက ရှက်ကိုးရှက်ကန်း ရယ်မောလိုက်သည်။

“ကောင်းပြီ ... မင်းမှာ စိတ်ကူး ရှိမှတော့ လူတွေ ခေါ်ပြီး စိတ်ကြိုက် လုပ်ဆောင်ပေတော့။ ဒါပေမဲ့ အောင်မြင်နိုင်ခြေ ဘယ်လောက် အာမခံနိုင်လဲ။”

လိုင်ကော်အာသည် အသက်ကို ပြင်းပြင်း တစ်ချက် ရှူလိုက်၏။ “ကျုပ် ဒီရက်ပိုင်း လေ့လာကြည့်ရှုချက်အရ အနောက်တိုင်းသားတွေရဲ့ မြို့တော်မှာ လူဦးရေ နည်းပါးပြီး တပ်အင်အားကလည်း သေချာပေါက် သိပ်မများနိုင်ဘူး။ ကျုပ်တို့ရဲ့ ဒီသင်္ဘောအုပ်စုထဲက ညီအစ်ကိုတွေက ဘယ်သူကများ ရာချီတဲ့ တိုက်ပွဲတွေကို မဖြတ်သန်းဖူးဘဲ နေလို့လဲ။ တစ်ကိုယ်လုံးမှာ သတ်ဖြတ်လိုတဲ့ အရှိန်အဝါတွေ ပြည့်နှက်နေကြတာ၊ ကိုယ့်လူ ဒုက္ခရောက်နေမှန်း သိရင် သေချာပေါက် အုံကြွ ဒေါသထွက်ကြမှာပဲ။

နောက်ပြီးတော့ အစ်ကိုကြီးကျိန့် ပြောသလိုပဲ ... သူတို့က မိစ္ဆာ ဂိုဏ်းဂဏ တစ်စုလောက်ပဲ ဖြစ်တယ်။ တစ်ဖက်လူက ကောက်ကျစ်ပြီး ကျုပ်တို့က ဖြောင့်မတ်တယ်၊ အကြောင်းပြချက် ခိုင်လုံတဲ့သူက အရှိန်အဝါ ကြီးမားတယ်၊ အရှိန်အဝါ ကြီးမားတဲ့သူက တိုက်ခိုက်လိုစိတ် မြင့်မားတယ် ... ကျုပ်တို့ရဲ့ တိုက်ခိုက်လိုစိတ် မြင့်မားတဲ့ တရားသော စစ်တပ်နဲ့ တရားမျှတမှု ကင်းမဲ့ပြီး အကူအညီမဲ့နေတဲ့ အရှက်မရှိတဲ့ ကောင်တွေကို တိုက်ခိုက်တာ ... သေချာပေါက် အောင်ပွဲခံရမှာပဲ။”

“ပြောတာ ကောင်းတယ်။ ရှုံးတာ၊ နိုင်တာ အပထား ... ဒီ အရှိန်အဝါလေးနဲ့တင် တစ်ဝက် နိုင်နေပြီ။” ကျိန့်ဟွေ့က လက်ခုပ်တီး၍ ရယ်မောလိုက်၏။

သူတို့နှစ်ဦးသည် လမ်းမပေါ်တွင် အသံကျယ်ကျယ်ဖြင့် လျှို့ဝှက် တိုင်ပင်နေကြရာ လမ်းဘေးရှိ အနောက်တိုင်းသားများက လှမ်းကြည့်နေကြသည်။

ပြောရင်း၊ ပြောရင်းနှင့် ကျိန့်ဟွေ့က နှမြောတသစွာ ပြောလိုက်၏။ “ဒီလို အပြောင်းအလဲမျိုး အကြောင်းမရှိဘဲ ပေါ်ပေါက်လာလိမ့်မယ်လို့ မထင်ထားဘူး။ ကြည့်ရတာ ပဋိပက္ခ ဖြစ်ဖို့ သတ်မှတ်ခံထားရပြီးသားပဲ။

အရင်တုန်းက အဲဒီ အနောက်တိုင်းသားနဲ့ စကားပြောတာကို မင်းလည်း ကြားသားပဲ ... သူက အရင်တုန်းက ဒီနေရာမှာ အရှေ့ပိုင်းသားတွေ လှုပ်ရှားသွားလာတဲ့ သတင်းအစအနကို ကြားဖူးတယ်တဲ့။ အဲဒါ ဝူမင်းသား ဖြစ်နိုင်တယ်လို့ ငါ သံသယရှိတယ်။ ဒါက ဘာပဲပြောပြော တိုင်းပြည်ရဲ့ အရှက်ရစရာ ကိစ္စကြီး တစ်ခု ဖြစ်တဲ့အတွက် အရှင်မင်းကြီးက သေချာပေါက် အလေးအနက် ထားမှာပဲ ... ဝမ်းနည်းစရာ ကောင်းတာက ငါတို့အတွက် သတင်း အစအန စုံစမ်းပေးမဲ့သူ မရှိတော့တာပဲ။”

လိုင်ကော်အာက တွေးတောလျက် ပြောလိုက်သည်။ “ရှိတယ်လေ။ ရှောင်ရွှိုက် ဒီမှာ ရှိမနေဘူးလား။ သူက ကျုပ်တို့နဲ့ ပတ်သက်မှု ရှိမှန်း ဘယ်သူမှ မသိဘူးလေ။ သူ့ကို ဒီနေရာမှာ ကျန်ရစ်စေပြီး ကျုပ်တို့အတွက် သတင်းအစအန စုံစမ်းပေးခိုင်းမယ်။”

“အာ ... ဟုတ်သားပဲ။ အဲဒီ ခွေးသူတောင်းစားက ဘယ်ရောက်သွားတာလဲ။ သင်္ဘောပေါ်က ဆင်းတာနဲ့ အရိပ်လေးတောင် မမြင်ရတော့ဘူး။”

ထိုအခါမှသာ သင်္ဘောနှင့်အတူ လိုက်ပါလာသော အနောက်တိုင်းသား နှစ်ဦးအနက်မှ တစ်ဦးက အိမ်ပြန်သွားကြောင်း ကျိန့်ဟွေ့ သတိရသွား၏။

အသုံးဝင်မှု သိပ်မရှိသောကြောင့် ဦးနှောက်ထဲမှ မေ့လျော့နေခြင်း ဖြစ်သည်။

“ရှောင်ရွှိုက်က အိမ်မပြန်ရတာ သိပ်ကြာနေလို့ မိသားစုဝင်တွေကို တွေ့တဲ့အခါ ရက်အနည်းငယ် ပိုနေတာ ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ခါလဲ့မီကို ကွပ်မျက်မဲ့ ကြော်ငြာစာရွက် ဒီနေ့ ထွက်လာပြီ ဆိုတော့ သူ သေချာပေါက် မြင်တွေ့မှာပဲ။ အကယ်၍ ကျုပ်တို့ကို ရှာချင်တယ် ဆိုရင် သူ အခုချိန်မှာ သင်္ဘောပေါ် ရောက်နေလောက်ပြီ။”

“သွားမယ် ... သင်္ဘောပေါ် ပြန်ကြမယ်။”

...

ထင်မှတ်ထားသည့်အတိုင်းပင်။

သူတို့နှစ်ဦး သင်္ဘောထဲ ပြန်ရောက်သွားသည်နှင့် သင်္ဘောပေါ်တွင် အစောင့်ကျနေသော ရေတပ်သားများက သူတို့နှစ်ဦးကို သင်္ဘောခန်းထဲသို့ ခေါ်ဆောင်သွားကြ၏။

သင်္ဘောခန်းထဲ ဝင်လိုက်သည်နှင့် တစ်ပြိုင်နက်တည်း ကျိန့်ဟွေ့တို့ နှစ်ဦးသည် ကုတင်ပေါ်တွင် ထိုင်နေသော်လည်း စိတ်လောကြီးစွာဖြင့် ခြေဖျားထောက်နေသည့် ရှောင်ရွှိုက်ကို မြင်တွေ့လိုက်ရသည်။

ရှောင်ရွှိုက်သည် လူလာသည်ကို မြင်သည့်အခါ မျက်လုံးများ အရောင်လက်သွားပြီး ကယ်တင်ရှင်ကို မြင်လိုက်ရသကဲ့သို့ မတ်တပ်ရပ်၍ တည့်တည့်မတ်မတ် တိုးဝှေ့လာ၏။ ပြီးနောက် ငိုယို တိုင်တန်းတော့၏။ “အရာရှိမင်း ... ကယ်ပါအုံးဗျာ။ ခါလဲ့မီ သေတော့မယ်။”

လိုင်ကော်အာက စကားဆို၏။ “မင်း အရင် တည်တည်ငြိမ်ငြိမ် နေစမ်းပါအုံး။ လာတုန်းက တစ်ခြားသူ တွေ့သွားတာ ဒါမှမဟုတ် နောက်ယောင်ခံ လိုက်တာမျိုး ရှိလား။”

အဆိုပါ အနောက်တိုင်းသားများသည် သူတို့ဘက်က အခြေအနေကို အနည်းနှင့်အများ ထောက်လှမ်းကြမည်သာ ဖြစ်သည်။ ရှောင်ရွှိုက်သည် လျှို့ဝှက်လိုင်းတစ်ခု ဖြစ်ရာ အရင်တုန်းကသာ တွေ့ရှိခံရလျှင် ကိစ္စမရှိချေ။ သို့ပေမည့် ယခုချိန်မှာ တွေ့ရှိခံရလျှင် ဆုံးရှုံးမှု ကြီးမားသွားပေလိမ့်မည်။

ရှောင်ရွှိုက်က မျက်ရည်ကျလျက် ပြောလိုက်သည်။ “မရှိပါဘူး။ ကြော်ငြာစာရွက်ကို မြင်ပြီး ပြဿနာ တက်နေမှန်း သိလို့ တစ်ကိုယ်လုံးကို လုံလုံခြုံခြုံ ရစ်ပတ်ပြီးမှ လာခဲ့တာပါ။”

တော်သေးတာပေါ့ ... ဒီကောင်က မတုံးအဘူးပဲ။ လိုင်ကော်အာ သက်ပြင်းတစ်ချက် ချလိုက်၏။

“အရာရှိမင်း ... ဒါ ဘယ်လို ဖြစ်တာလဲ။ ကျုပ်တို့နဲ့ အထက်ကလူတွေ ပဋိပက္ခ ဖြစ်သွားတာလား။ ခါလဲ့မီက ဘာကြောင့်များ အကြောင်းမရှိဘဲ ကွပ်မျက်ခံရတော့မှာလဲ ... အရာရှိမင်းအနေနဲ့ ဘုရင်မင်းမြတ်နဲ့ ဆက်သွယ် စကားပြောပြီး လူကို လွှတ်ပေးခိုင်းလို့ မရဘူးလား။”

ရှောင်ရွှိုက်၏ လေယူလေသိမ်းတွင် ဝမ်းနည်းမှုများ ပါဝင်နေသည်။

တာ့ကျင်းသားများက သူ့အပေါ်တွင် ကောင်းမွန်ကြသည် ဆိုသော်လည်း လူမျိုး ကွဲပြားခြားနားမှု ရှိနေသည့်အတွက် တာ့ကျင်းသားများနှင့် သူ၏ အကြားတွင် သိမ်မွေ့သော ကန့်သတ်ချက် တစ်ခု ရှိနေကြောင်း အဝေးမှ ခံစားမိသည်။

ခါလဲ့မီမှာမူ ဤကဲ့သို့သော အတားအဆီးမျိုး လုံးဝ မရှိချေ။ လေမုန်တိုင်းနှင့် မိုးဒဏ်များကို အတူတကွ ဖြတ်သန်းလာခဲ့ကြပြီး ညီအစ်ကိုရင်းချာ ကဲ့သို့ ဖြစ်နေချေပြီ။

ကျိန့်ဟွေ့သည် သူ့အား ထူပေးလိုက်ပြီး ပြောလိုက်၏။ “မင်း အရင် မလောပါနဲ့အုံး ... ဒီရက်ပိုင်း မင်း ဘယ်ရောက်နေတာလဲ။”

“ကျုပ် ... ကျုပ် အိမ်မှာပဲ ရှိနေတာပါ။ ပတ်ဝန်းကျင် အနီးအနားမှာ လျှောက်သွားပြီး ဒီနှစ်တွေ အတွင်းက အပြောင်းအလဲတွေကို နားလည်အောင် လေ့လာနေတာပါ။ အရာရှိမင်း ... ဘယ်တော့လောက် လူသွားကယ်မလို့လဲ။”

“လူကယ်မဲ့ ကိစ္စကို မင်း စိတ်ပူစရာ မလိုဘူး။ နောက်ပိုင်း ငါ မင်းကို ပြောပြမယ်။ ဒီကိစ္စက မင်းဆီ ကူးစက် မသွားတာ အကောင်းဆုံးပဲ ... ငါတို့ အချိန်လုပြီး မင်းဆီ ပြန်လာခဲ့မယ်။ မင်းမှာ သင့်တော်တဲ့ ဆက်သွယ်ရေး နေရာ ရှိလား။”

ရှောင်ရွှိုက်သည် စိတ်ခံစားချက်ကို အနည်းငယ် ပြန်လည် ထိန်းချုပ်လိုက်၏။ “ရှိပါတယ်။”

“ကျုပ် ညီလေး ထမင်းဆိုင် တစ်ဆိုင် ဖွင့်ထားတယ်၊ ကျုပ် ဒီရက်ပိုင်း အဲဒီ ထမင်းဆိုင်မှာ ကူညီပေးနေတာ။ အဲဒီနေရာက ဆင်းရဲသားရပ်ကွက် အနီးအနားမှာ ရှိတယ်။ အသင်းတော်က အရာရှိ စစ်သားတွေ ပုံမှန်ရက်တွေမှာ လုံးဝ မလာတတ်ကြဘူး ... ကျုပ်တို့ အဲဒီနေရာမှာ တွေ့ဆုံကြရင် ဘယ်လိုနေလဲ။”

“နေရာက ဘယ်မှာလဲ။ ပြောပြီးတာနဲ့ မင်း ချက်ချင်း သေသေချာချာ ပြင်ဆင်ပြီး အိမ်ပြန်တော့ ... လမ်းမှာ တစ်ခြားသူ နောက်ယောင်ခံ လိုက်တာ မခံရစေနဲ့။”

“ကျုပ် သိပါတယ်။ ဆိပ်ကမ်းကနေ ထွက်ပြီး ဘယ်ဘက်ကို ကွေ့ရင် ဒုတိယမြောက် လမ်းဆုံ၊ တည့်တည့် သုံးမိုင်လောက် လျှောက်သွားပြီး ... လမ်းဆုံးတဲ့အထိ လျှောက်သွားရင် မြင်ရလိမ့်မယ်၊ လောင်ဂျွန်ဖက်ထုပ်ဆိုင်လို့ ခေါ်တယ်။ ကျုပ် အဲဒီမှာ စောင့်နေမယ် ... စားပွဲ ခေါက်တာကို အချက်ပြအဖြစ် သတ်မှတ်ကြတာပေါ့ ...”

အပိုင်း (၈၆၃) နောက်တိုင်းသားကို ကိုယ်ပိုင်အလုပ်လုပ်ရန် ကူညီခြင်း။

ဆက်တိုက် သုံးရက် ကြာမြင့်ပြီးသည့်နောက်။

ကျိန့်ဟွေ့သည် လိုင်ကော်အာကို ခေါ်ဆောင်ပြီး စတင် လှုပ်ရှားတော့၏။ သူတို့နှစ်ဦးသည် တစ်ကိုယ်လုံးကို လုံလုံခြုံခြုံ ရစ်ပတ်ထားပြီး ဒေသခံတို့၏ ဝတ်စုံကို ဝတ်ဆင်ကာ မျက်လုံးနှစ်လုံးကိုသာ ဖော်ပြလျက် လောင်ဂျွန်ဖက်ထုပ်ဆိုင်ဆီသို့ ဦးတည် လျှောက်လှမ်းလာခဲ့ကြသည်။

အစပိုင်းတွင် အနောက်တိုင်းသားများထဲ၌ သူတို့နှစ်ဦးကို နောက်ယောင်ခံ လိုက်ပြီး လျှို့ဝှက် စုံစမ်းသူ တကယ်ပင် ရှိခဲ့၏။

သို့သော်ငြား ရေတပ်သားများသည်လည်း အထက်တန်းစား စစ်သည်များ ဖြစ်ကြပြီး၊ ကျိန့်ဟွေ့မှာမူ တိုက်ပွဲ အတွေ့အကြုံ ရာချီ ရှိသူ ဖြစ်သည့်အားလျော်စွာ ပြန်လည် ထောက်လှမ်းရေး အသိပညာက အလွန် မြင့်မားသည်မှာ သိသာထင်ရှားလှပေသည်။

သူသည် နောက်ယောင်ခံ လိုက်ခံနေရကြောင်း သိရှိသည်ကို အနောက်တိုင်းသားများအား တမင်တကာ သို့မဟုတ် မရည်ရွယ်ဘဲ အရိပ်အမြွက် ပြသပြီးနောက် ဤ လျှို့ဝှက် နောက်ယောင်ခံလိုက်သည့် စစ်သားများသည် ပြန်လည် ထွက်ခွာသွားခဲ့၏။

အဘယ်ကြောင့်ဆိုသော် ကြာ့ဝေးမြို့စားကြီးသည် သူတို့နှင့် မိတ်ဆွေ ဆက်ဆံရေး ထူထောင်ချင်နေဆဲ ဖြစ်ပြီး တစ်ဖက်လူကလည်း ကိုယ့်သဘောနှင့်ကိုယ် တံခါးဝဆီ ရောက်လာကာ ဈေးဆစ် ပြောဆိုနေသည် ဆိုတော့ နောက်ယောင်ခံ လိုက်ရန် မလိုအပ်တော့ချေ။

တစ်နေ့လုံး စောင့်ကြည့် ထောက်လှမ်းနေခြင်းက ဆန့်ကျင်ဘက် အနေဖြင့် လူကို ရွံရှာ ကန့်လန့်တိုက်ချင်စိတ် ပေါ်ပေါက်စေပေလိမ့်မည်။

ကျိန့်ဟွေ့သည် နောက်ထပ် တစ်ရက်မျှ လေ့လာစောင့်ကြည့်လိုက်ပြီး မည်သူကမှ နောက်ယောင်ခံ လိုက်ခြင်း မရှိကြောင်း ထပ်တလဲလဲ အတည်ပြုပြီးသည့် နောက်မှသာ စတင် ထွက်ခွာလာခဲ့ခြင်း ဖြစ်၏။

သူတို့နှစ်ဦးသည် ရှောင်ရွှိုက် အရင်တုန်းက ချန်ရစ်ခဲ့သည့် သဲလွန်စအတိုင်း ညစ်ပတ်ပေရေနေသော ဆင်းရဲသားရပ်ကွက် တစ်ခုဆီသို့ တည့်တည့်မတ်မတ် ရောက်ရှိလာခဲ့ကြသည်။

လမ်းမပေါ်တွင် နေရာတကာ၌ အမှိုက်များ ရှိနေပြီး ညစ်ပတ်ပေရေနေကာ ညှီစော် နံစော်သည့် အနံ့အသက်က နှာခေါင်းကို စူးရှစေ၏။ နံရံထောင့်များတွင်မူ ဆိုးရွားသော ပတ်ဝန်းကျင် အခြေအနေကို ဂရုမစိုက်ဘဲ စောင်းစောင်းရွဲ့ရွဲ့ဖြင့် မြေပေါ်၌ လဲလျောင်းနေကြသည့် အနောက်တိုင်း အရက်သမား အမြောက်အမြားပင် ရှိနေသေးသည်။

သူတို့နှစ်ဦးသည် အတော်လေး ရောင်းကောင်းပုံ ရသည့် စားသောက်ဆိုင် တစ်ဆိုင်၏ ရှေ့တွင် ရပ်တန့်လိုက်ပြီး တစ်ပြိုင်နက်တည်း မော့ကြည့်လိုက်ကြ၏။

ကျိန့်ဟွေ့က တီးတိုး ပြောလိုက်သည်။ “အနောက်တိုင်းသားတွေလည်း ဖက်ထုပ် စားကြတာလား။”

“အကြမ်းဖျင်းအားဖြင့် ဆင်တူတဲ့ ပစ္စည်းတွေ ရှိလောက်ပါတယ်။ ရှောင်ရွှိုက်က ဒီအတိုင်း ဘာသာပြန်လိုက်တာ ဖြစ်မယ်။” စားသောက်ဆိုင် ဆိုင်းဘုတ်ပေါ်ရှိ ဝေါဟာရအမည်ကို လိုင်ကော်အာလည်း သိပ်မသိချေ။

သူတို့နှစ်ဦး စားသောက်ဆိုင်ထဲ ဝင်သွားရာ အတွင်း၌ လူသံများ ဆူညံနေသော်လည်း ဧရိယာက မကျယ်ဝန်းဘဲ တစ်ချက် ကြည့်လိုက်ရုံနှင့် တစ်ခုလုံးကို မြင်နိုင်၏။

သို့ပေမည့် ကံကောင်းစွာဖြင့် ထိုင်ခုံလွတ်များ ကျန်ရှိနေသေးရာ နံရံထောင့်ဆီသို့ တည့်တည့်မတ်မတ် သွားပြီး ထိုင်ခုံလွတ် နှစ်ခုကို ရှာဖွေလိုက်သည်။

ထိုင်ချပြီးသည့်နောက် လိုင်ကော်အာသည် အချက်ကျကျဖြင့် စားပွဲကို ဖွဖွလေး စတင် ခေါက်တော့၏...။

မကြာမီမှာပင် လူရိပ်တစ်ခုက သူတို့နှစ်ဦး၏ ရှေ့တွင် ပေါ်ထွက်လာပြီး သိမ်မွေ့စွာဖြင့် မေးလိုက်သည်။ “အရာရှိကျိန့်လားဗျ။”

ကျိန့်ဟွေ့က ခေါင်းညိတ်ပြလိုက်၏။ “ဒီနေရာမှာ ဘာပြဿနာမှ မရှိတာ သေချာရဲ့လား။”

ရှောင်ရွှိုက်သည် တစ်ချက် ဝေ့ကြည့်လိုက်သည်။ “ပြဿနာမရှိပါဘူး၊ အားလုံးက အနီးအနားမှာ နေကြတဲ့သူတွေချည်းပဲ။ ဒီရက်ပိုင်း အမြဲတမ်း လာတဲ့ ဧည့်သည်တွေကို ကျုပ် သိတယ်။ အစ်ကိုတို့အတွက် စားစရာ နည်းနည်းလောက် အရင် သွားလုပ်ပေးမယ်၊ မဟုတ်ရင် အရမ်း သိသာနေလိမ့်မယ်။”

ကျိန့်ဟွေ့က ခေါင်းညိတ်ပြလိုက်၏။ အချိန် သိပ်မကြာလိုက်ခင်မှာပင် ရှောင်ရွှိုက်သည် ဟင်းလျာ ပန်းကန်ကြီး နှစ်ချပ်ကို ကိုင်ဆောင်လျက် စားပွဲရှေ့သို့ ရောက်လာသည်။

လိုင်ကော်အာသည် ခေါင်းဆန့်၍ တစ်ချက် ကြည့်လိုက်ပြီး ပြုံးလိုက်၏။

ထိုအထဲမှ တစ်ချပ်က တကယ်ပင် သေသပ် ကောင်းမွန်သော ဖက်ထုပ်များ ဖြစ်နေသည်။

အလိုလေး ... တာ့ကျင်းရဲ့ ထူးခြားချက်ကို သူ ဒီဘက် သယ်ဆောင်လာတာလား။

သို့သော် နောက်တစ်ချပ်ကတော့ အတန်ငယ် ကြည့်မကောင်းချေ။ စေးကပ်ကပ် ပစ္စည်းတစ်တုံး ဖြစ်ပြီး အတုံးလိုက် အခဲလိုက် အရာများကို မြင်နေရကာ ဘာပါဝင်ပစ္စည်းတွေလဲ မသိချေ။

“အရာရှိမင်း ... အစ်ကိုကော်၊ ဒါက ကျုပ် ကိုယ်တိုင် မီးဖိုချောင် ဝင်ပြီး လုပ်ထားတာဗျ၊ မြည်းကြည့်ကြပါဦး။” ရှောင်ရွှိုက်က အားတက်သရော ပြောလိုက်၏။

ကျိန့်ဟွေ့သည် မျက်နှာဖုံးကို ဖွဖွလေး လှန်တင်လိုက်ပြီး အဆိုပါ ပျစ်ချွဲချွဲ ပစ္စည်းဆီသို့ ဖွဖွလေး တစ်ချက်သာ ရှူကြည့်လိုက်ရာ ညှီစော် နံစော်သည့် အနံ့တစ်ချက်က ဦးနှောက်ကို တည့်တည့်မတ်မတ် ရိုက်ခတ်သွားပြီး ချက်ချင်းပင် မျက်လုံးပြူးသွားသည်။ “ဒါ ဘာပစ္စည်းကြီးလဲ။ မင်း ချေးတွေ ချက်လာတာလား။”

“မဟုတ်ပါဘူးဗျ။ ဒါက ပဲငံပြာရည် ဝက်အူမကြီး ချက်ပါ၊ ကျုပ် အူရဲ့ ညှီနံ့ကို ဖယ်ရှားထားတယ်။ ဒါပေမဲ့ တစ်စိတ်တစ်ပိုင်းကိုတော့ ချန်ထားသေးတယ် ... ကျွန်တော် ထင်တာကတော့ အူရဲ့ အရသာ တစ်စိတ်တစ်ပိုင်းကို ချန်ထားမှ အစ်ကိုတို့ စားနေတာ အူမကြီးမှန်း သိမှာလေ။”

လိုင်ကော်အာက မျက်မှောင်ကြုတ်၍ ပြောလိုက်၏။ “အနောက်တိုင်းသားတွေကလည်း ဝက်အူမကြီး စားကြတယ်ပေါ့လေ။”

“အစ်ကိုကော်ရယ် ... ဒါ ဘာစကား ပြောတာလဲဗျာ။ ကျုပ်တို့ဆီမှာလည်း ဝက် ရှိတာပဲဟာ။ ပြီးတော့ ဒီဘက်မှာ အားလုံးက စုတ်ပြတ်နေအောင် ဆင်းရဲကြတာ ဆိုတော့ ဘာမစားဘဲ နေမှာလဲ၊ ရွေးချယ် စိစစ်နေလို့ ရသေးလို့လား။ မြည်းကြည့်ကြပါအုံး။” ရှောင်ရွှိုက်က ပြောလိုက်သည်။

ကျိန့်ဟွေ့နှင့် လိုင်ကော်အာတို့ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြပြီး တစ်ဝက်ယုံ၊ တစ်ဝက်မယုံဖြင့် မျက်နှာဖုံးများကို လှန်တင်လိုက်ကာ စေးကပ်ကပ် ဖြစ်နေသည့် ဝက်အူမကြီး တစ်တုံးစီကို တစ်ပြိုင်နက်တည်း ကောက်ယူလိုက်ကြ၏။

နောက်တစ်စက္ကန့်မှာတော့...

“ထွီ .. ထွီ ..”

“ဒါ ချေးပဲဟာ။ မင်း လုံးဝ မဆေးထားဘူး မဟုတ်လား။”

“ကျုပ် တကယ် ဆေးထားတာပါ။”

ရှောင်ရွှိုက်က တည်ငြိမ်ဟန် ဆောင်လိုက်၏။ “မကြိုက်ရင်လည်း ဖက်ထုပ်ပဲ စားကြပါဗျာ၊ ဝက်သား ဖက်ထုပ်က အရသာရှိတယ်။”

ကျိန့်ဟွေ့ အချက်အနည်းငယ် ထွေးထုတ်လိုက်ပြီး ရှောင်ရွှိုက် သစ္စာဆိုမတတ် ခေါင်းညိတ်နေသည်ကို မြင်သည့်အခါ အကြည့်က ဖက်ထုပ်ဆီသို့ ရောက်ရှိသွားသည်။

ဒီဟာကတော့ ပုံမှန် ဖက်ထုပ်ပဲ၊ ပြီးတော့ ဖက်ထုပ် မစားရတာ တော်တော် ကြာနေပြီ...

တုံ့ဆိုင်းစွာဖြင့် ဖက်ထုပ်ကို ကောက်ယူလိုက်ပြီး အနည်းငယ် ကိုက်ကြည့်လိုက်သည်။ ကျိန့်ဟွေ့ မျက်နှာ အကြီးအကျယ် ပြောင်းလဲသွား၏။

“ဒါ ဝက်သားအဆာသွတ်တာ ဟုတ်ရဲ့လား။”

“ဝက်ကလီစာ အဆာသွတ်တာပါ ... ဈေးပေါလို့။”

“ချီးတဲ့မှ။”

လိုင်ကော်အာက ဘေးဘက်တွင် သူများ ဒုက္ခရောက်တာကို ဝမ်းမြောက်နေ၏။

“မစားတော့ဘူး၊ မစားတော့ဘူး။ ဒီနေ့ မင်းဆီ လာတာက မင်းကို လွှဲအပ်စရာ တာဝန်တစ်ခု ရှိလို့ပဲ။”

ရှောင်ရွှိုက်သည် နားရွက်ကို ထောင်ပြီး သေသေချာချာ နားဆင်လိုက်သည်။

အကယ်၍ အပြောင်းအလဲ မရှိလျှင် ခါလဲ့မီနှင့် ပတ်သက်နေလောက်သည်။ နောက်ထပ် ရက်အနည်းငယ် ကြာလျှင် သူသည် လူပုံအလယ်၌ ကွပ်မျက်ခံရတော့မည် ဖြစ်၏။

“ခါလဲ့မီနဲ့ ပတ်သက်တယ်။ ပြစ်ဒဏ် စီရင်မဲ့ နေ့ရက်ကျရင် ငါတို့ သွားပြီး သူ့ကို ကယ်ထုတ်မယ်။ သူ့ကို ကယ်ထုတ်ပြီးတာနဲ့ ချက်ချင်း သင်္ဘောစီးပြီး ဖေးခါကနေ ထွက်ခွာမယ်။

အဲဒီအခါကျရင် ငါတို့နဲ့ ဖေးခါ မင်းမျိုးမင်းနွယ်တွေ၊ ပြီးတော့ ထိုက်ဖူဘာသာအကြားက ဆက်ဆံရေးလည်း ပျက်ပြားသွားပြီပေါ့။ ဒါပေမဲ့ မပြီးမြောက်သေးတဲ့ တာဝန်တစ်ခု ရှိသေးတယ် ... မင်းတစ်ယောက်တည်းပဲ လုပ်ဆောင်နိုင်လိမ့်မယ်။”

ရှောင်ရွှိုက်က တုန်ယင်သော အသံဖြင့် မေးလိုက်၏။ “ဘာအဓိပ္ပာယ်လဲ ... အစ်ကိုတို့က ကျုပ်ကို မခေါ်သွားဘူးလား။”

လိုင်ကော်အာက သက်ပြင်းချ၍ ပြောလိုက်သည်။ “ဟုတ်တယ်။ တာ့ကျင်းက ပုန်ကန်သူ မင်းသားတစ်ပါး အနောက်ပိုင်းဆီ ထွက်ပြေး တိမ်းရှောင်နေတယ်။ ဖေးခါက မင်းမျိုးမင်းနွယ်တွေ ပြောတာ ကြားဖူးတယ် ... သူက ဒီနေရာမှာ အရှေ့ပိုင်းသားတွေ လှုပ်ရှားသွားလာတဲ့ သတင်းအစအနကို ကြားဖူးသလိုလို ရှိတယ်တဲ့။ ဒါကြောင့် ငါတို့အနေနဲ့ ဒီနေရာမှာ ကျန်ရစ်ပြီး သတင်း စုံစမ်းပေးမဲ့သူ တစ်ယောက် လိုအပ်တယ်၊ မင်းက အကောင်းဆုံး ရွေးချယ်မှုပဲ။”

“ဒါပေမဲ့ မင်း စိတ်ချပါ ... ငါတို့မှာ ပင်လယ်မြေပုံ လမ်းကြောင်းတွေ ရှိပြီးသား ဖြစ်တဲ့အတွက် နောက်တစ်ခါ သင်္ဘော လွှတ်တာ သေချာပေါက် အရမ်း မြန်ဆန်မှာပါ။ မင်းမှာ သတင်းအစအန ရတာနဲ့ ကောင်းမှုကြီး ပြုလုပ်တာပဲ ... ငါတို့ နန်းတွင်းကို သတင်းပို့ပြီး မင်းကို တည့်တည့်မတ်မတ် ကျင်းယီဝေ တပ်မှူး ရာထူး ခန့်အပ်ပေးမယ်။”

ရှောင်ရွှိုက် ပါးစပ်အဟောင်းသား ဖြစ်သွားပြီး ခဏမျှ စကားအသွားရ၏။

တာ့ကျင်းသားများက ခါလဲ့မီကို ကယ်တင်လိုသည်ကို သူ အလွန် စိတ်လှုပ်ရှားမိသော်လည်း သူ့ကို ဤနေရာတွင် ပစ်ထားခဲ့မည် ဆိုသည်က ဘာအဓိပ္ပာယ်ကြီးနည်း။

“ဒါဆို ကျုပ် အစ်ကိုတို့နဲ့အတူ ပြန်လို့ မရဘူးလား။” ရှောင်ရွှိုက်က စမ်းသပ် မေးမြန်းလိုက်၏။

ကျိန့်ဟွေ့က ပြောလိုက်သည်။ “မရဘူး။ မင်း ဒီမှာ စိတ်အေးလက်အေး တစ်နှစ်၊ နှစ်နှစ်လောက် နေထိုင်ပါ၊ အဲဒီနောက်ပိုင်း မင်းကို လာကြိုမဲ့သူ ထပ်ရောက်လာလိမ့်မယ်။ မင်းကလွဲရင် ဒီကိစ္စကို အခြားဘယ်သူမှ လုပ်ဆောင်လို့ မရဘူး။ ငါက တိုင်းပြည်ကို ကိုယ်စားပြုပြီး မင်းကို ဒီနေ့ကစပြီး တာ့ကျင်းသားအဖြစ် သတ်မှတ်လိုက်ပြီ ... အိမ်ထောင်စု စာရင်း စာရွက်စာတမ်းတွေ အပိုင်းကိုတော့ ငါ ပြန်ရောက်တာနဲ့ မင်းအတွက် ကူညီပြီး လုပ်ပေးထားမယ်။”

မုန့်ဆီကြော် ဧရာမကြီးကို ကျွေးတာက အရမ်း တောင့်တောင့်ကြီး ဖြစ်နေလွန်းသောကြောင့် ရှောင်ရွှိုက်၏ စိတ်ထဲတွင် ဝမ်းမြောက်မှု တစ်ခုလေးတောင် မရှိခဲ့ချေ။

သူက မျက်နှာ ငယ်လေးဖြင့် ပြောလိုက်၏။ “ကျုပ် ဆင်းရဲတဲ့ နေ့ရက်တွေကို မဖြတ်သန်းချင်ဘူးဗျ၊ အရမ်း ခက်ခဲစွာနဲ့ ကျော်ဖြတ်လာခဲ့ရတာကို။ ဘာလို့များ ကျုပ် တစ်ယောက်တည်းကိုပဲ ဒီလို လုပ်နေကြတာလဲဗျာ။”

လိုင်ကော်အာက နှစ်သိမ့်လိုက်သည်။ “ဘာ ဆင်းရဲတဲ့ နေ့ရက်တွေလဲ။ မင်းရဲ့ ဒီစားသောက်ဆိုင် အရောင်းအဝယ်က ဘယ်လောက်တောင် ကောင်းလဲ။ မင်းကို ပုံမှန်အတိုင်း နေထိုင်စေပြီး အဆင်ပြေရင် သတင်း အစအန စုဆောင်းခိုင်းတာပါ ... ဒါ ဘာများ အခက်တွေ့စရာ ရှိလို့လဲ။ မင်းကို နယ်စပ် စောင့်ရှောက်ဖို့ လွှတ်တာမှ မဟုတ်တာ။”

“ကျုပ် ဒီမှာ နေရတာက နယ်စပ် စောင့်တာနဲ့ ဘာများ ကွာခြားလို့လဲ။ ဒီစားသောက်ဆိုင်က ကျုပ်ညီလေးရဲ့ ဥစ္စာပါ၊ ကျုပ် ပင်လယ်ထဲမှာ စုဆောင်းလာခဲ့တဲ့ အဲဒီ ငွေစတွေကလည်း ထိုင်စားနေရင် ကုန်သွားမှာပဲဗျ။

ပြီးတော့ ကျုပ် အခု ဘေးနားကလူတွေနဲ့ ဆက်သွယ် စကားပြောလို့ မရဘူး။ အဲဒီ သောက်တုံးတွေက ပါးစပ် ဖွင့်တာနဲ့ ဘာသာရေး အဆုံးအမတွေချည်းပဲ၊ ပြီးတော့ ကျုပ်ကို ဆွဲပြီး ဆုတောင်းမေတ္တာ ပို့ခိုင်းသေးတယ် ... သေချာပေါက် မခံမရပ်နိုင် ဖြစ်နေပြီဗျ။ အစ်ကိုတို့ ကျုပ်အတွက် ထွက်ပေါက်လေး တစ်ခုတော့ စဉ်းစားပေးကြပါအုံး။” ရှောင်ရွှိုက်က အဆက်မပြတ် ညည်းတွားနေ၏။

လိုင်ကော်အာက ပြောလိုက်သည်။ “မင်း လက်ထဲမှာ အခု ပိုက်ဆံ ရှိတာပဲဟာ၊ နောက်ထပ် ထမင်းဆိုင် တစ်ဆိုင် ထပ်ဖွင့်လိုက်ရင် ဘယ်လိုလဲ။”

ရှောင်ရွှိုက်က လက်နှစ်ဖက်ကို အဆက်မပြတ် ခါယမ်းပြ၏။ “မဖြစ်ဘူး၊ မဖြစ်ဘူး။ အခု ထမင်းဆိုင် အရောင်းအဝယ် ကောင်းနေတာက ကျုပ် ညီလေးကြောင့် လာကြတာ။ ကျုပ် သူ့အတွက် ထမင်းဆိုင် ပြုပြင် ပြောင်းလဲပေးပြီးတဲ့ နောက်မှာ လူတွေ အများကြီး ပြေးကုန်တာ ... အရင်ကဆို တံခါးဝမှာ တန်းစီနေကြတာ။”

...

ကျိန့်ဟွေ့နှင့် လိုင်ကော်အာတို့ ကသောင်းကနင်း ဖြစ်သွားကြ၏။

ချီးတဲ့မှ။ ဒါ တကယ့် ညီအစ်ကို အစစ်အမှန်ကြီးပဲ ... မင်းလာမှ စီးပွားပျက်တာပဲ။

ပြီးတော့ အနောက်တိုင်းသားတွေကလည်း ကိုယ်စားနေတာ ချေး ဆိုတာကို သိကြတာပဲ။ စားသောက်ဆိုင်ထဲမှာ ဒီလိုဆိုရင်တောင် ဒီလောက် များပြားတဲ့ ဖောက်သည်ဟောင်းတွေက မျက်နှာ မပျက်ဘဲ အားပေးနေကြတာ တကယ်ကို အံ့ဩစရာပဲ...

“အစ်ကိုတို့ ကျုပ်အတွက် နည်းလမ်း တစ်ခု စဉ်းစားပေး၊ မဟုတ်ရင် ကျုပ် ဒီမှာ မကျန်ရစ်နိုင်ဘူး။” ရှောင်ရွှိုက်က ပြောရင်းနှင့် ကျောခိုင်းသွားသည်။

ကျိန့်ဟွေ့သည် မျက်မှောင်ကို အကြီးအကျယ် ကြုတ်လိုက်ပြီး ပါးစပ်ဖွင့်၍ ဆဲရေးချင်သွား၏။

သို့သော်ငြား လိုင်ကော်အာက လက်ဆန့်၍ တားဆီးလိုက်ပြီး တွေးတော၍ ပြောလိုက်သည်။ “ရှောင်ရွှိုက် ... ငါ့မှာ နည်းလမ်း တစ်ခု ရှိတယ်။ မင်း စမ်းသပ်ကြည့်ချင်သလား၊ မကြည့်ချင်ဘူးလား ဆိုတာကိုတော့ မသိဘူး။”

“ပြောဗျာ။”

“ဒီနေရာက ပင်လယ်နဲ့ နီးပြီး ငါးရရှိမှုက ကြွယ်ဝတယ်။ မင်း သိလား ... ဒီငါးက စားလို့ ရတာအပြင် ...၊ နောက်ဆုံးမှာ ငါးကို ခွက်ထဲ ထည့်ပြီး သေချာ စီမံလိုက်ရင် ကစားလို့လည်း ရတယ်၊ စားလို့လည်း ရတယ် ... ကျုပ်ကတော့ ဒါကို ရေနက်ခွက်လို့ ခေါ်တယ်။

ပြည့်တန်ဆာအိမ်ရဲ့ ဈေးနှုန်းက ကြီးမြင့်တယ်၊ ကိုယ့်ဘာသာ ဖြေရှင်းတာကလည်း ခံစားချက် မရှိဘူး ... ငါ့ရဲ့ ဒီနည်းလမ်းက သေချာပေါက် အရမ်း ရောင်းကောင်းမှာ။ မင်း ဒီမှာ စားကောင်းသောက်ဖွယ်တွေ စားပြီး နေထိုင်ရမယ်လို့ အာမခံတယ်။”

လိုင်ကော်အာသည် သစ္စာဆိုမတတ် ပြောနေပြီး ကျိန့်ဟွေ့၏ မျက်လုံးများက တုန်လှုပ်မှုမှနေ၍ တုံးအမှုဆီသို့ တဖြည်းဖြည်း နစ်မျောသွားလေသည်။

“ငါးနဲ့ ရတယ်တဲ့လား။” ကျိန့်ဟွေ့သည် မယုံကြည်နိုင်စွာဖြင့် အော်ဟစ်လိုက်မိ၏။

လိုင်ကော်အာသည် သတိမထားမိဘဲ အတိတ် အမှတ်တရထဲသို့ နစ်မျောသွားသည်။ “ကျုပ် အရင်တုန်းက စုတ်ပြတ်နေအောင် ဆင်းရဲခဲ့တာဗျ ... ရတယ်။”

ဒါက အရမ်း ကမောက်ကမ နိုင်လွန်းတယ်၊ ဘယ်လောက် ဆင်းရဲ၊ ဆင်းရဲ ဒီလိုတော့ မလုပ်သင့်ဘူးလေ။

ကျိန့်ဟွေ့သည် လောကကြီးကို ရှုမြင်ပုံ ကွဲထွက်သွားသကဲ့သို့ ခံစားလိုက်ရပြီး တိတ်တဆိတ် ထိုင်ခုံကို အနည်းငယ် ရွှေ့လိုက်၏။

ဘေးဘက်ရှိ ရှောင်ရွှိုက်မှာမူ နက်နက်နဲနဲ စဉ်းစားခန်း ဝင်သွားခဲ့ပြီ ဖြစ်ပြီး ဦးနှောက်ထဲ၌ ခမ်းနား ကြီးကျယ်သော စီးပွားရေး အစီအစဉ်ကြီး တစ်ခုကို ဖြန့်ကျက် တွေးတောနေတော့သည်။

အတန်ကြာပြီးနောက် ရှောင်ရွှိုက်က တုံ့ဆိုင်းစွာ ပြောလိုက်၏။ “ဒါဆိုလည်း ကောင်းပြီလေ ... ကျုပ် စမ်းကြည့်ပါ့မယ်။”

ချီးတဲ့မှ … တကယ်ပဲ ဖျောင်းဖျနိုင်ခဲ့တာလား။ ဒါလည်း ရတာပဲလား။

ကျိန့်ဟွေ့၏ မျက်လုံးနှစ်လုံးမှာ ပြူးထွက်သွားသည်။

All Chapters