အခန်း ၅၃၁
Vol. 54 Ch. 531
အခန်း(၅၃၁)
မင်းသမီးမြောင်ယွီ ရွှေရောင်ဖျော့ဖျော့ တော်ဝင်ဝတ်စုံကို ဝတ်ဆင်ထားပြီး သူမခါးနားတွင် အနီရောင်ခါးစည်းလေးချည်နှောင်ထားခြင်းက သူမ သေးသွယ်သော ခါးလေးနှင့် ကျက်သရေရှိသော ကိုယ်ဟန်လေးကို ပေါ်လွင်စေသည်။ သူမ ရှည်လျား နက်မှောင်သော ဆံနွယ်များထက်တွင် ရွှေရောင်ဆံထိုးတစ်ခု ထိုးထား၏။
သူမ မျက်နှာပေါ်တွင် ဇာပဝါလေးတစ်ခု လွှားထားသဖြင့် မျက်နှာအစစ်ကို မမြင်ရသော်လည်း ညှို့ယူဖမ်းစားဖွယ် အေးစက်သည့် မျက်ဝန်းတစ်စုံနှင့် သူမ လှုပ်ရှားမှုတိုင်းမှ ထွက်ပေါ်လာသော မြင့်မြတ်သည့် အငွေ့အသက်များကြောင့် ဆွဲဆောင်မှု ရှိနေတော့သည်။
၎င်းက အမျိုးသားကျင့်ကြံသူများ၏ ပိုင်ဆိုင်လိုစိတ်ကို ပြင်းထန်သွားစေသည်။
ချူဖုန်းလို အတွေ့ကြုံကြွယ်သူပင် တစ်ချက် ပိုကြည့်ပြီး ပြောမိ၏။
“ဒီတစ်ယောက်က သာမန်မဟုတ်ဘူး”
မင်းသမီးပိုင်ယွီ ပြောသည်။
“အဒေါ်မြောင်ယွီက ဒေါင်မျိုးနွယ်အတွင်းမှာ နှစ်တစ်သန်းအတွင်း အလှဆုံး အမျိုးသမီးလေ။ သူက ကောင်းကင်ရဲ့ မျက်နှာသာပေးမှုကို ရထားတာ။ သူသာ ဆန်းကြယ်ကောင်းကင်ဒေသ အပြင်မှာသာ မမွေးဖွားလာဘူးဆိုရင် ဆန်းကြယ်ကောင်းကင်ဒေသ အလှဆုံးအမျိုးသမီးက သူ ဖြစ်နေလိမ့်မယ်”
ချူဖုန်း ခပ်ဖွဖွ ပြုံးမိ၏။
“အလှဆုံးအမျိုးသမီးလား။ စိတ်ဝင်စားစရာပဲ”
သူတို့ နှစ်ဦးပြောနေစဉ် မင်းသမီးမြောင်ယွီ စင်မြင့်ပေါ်သို့ တက်သွားပြီး လူအုပ်ကြီးကို ပြော၏။
“တာအိုရောင်းရင်းတို့ ကျွန်မ မြောင်ယွီရဲ့ ခင်ပွန်းရွေးချယ်တဲ့ သိုင်းပြိုင်ပွဲကို အဝေးကြီးကနေ လာရောက်ပါဝင်ပေးလို့ အရမ်းဂုဏ်ယူမိပါတယ်”
သူမ ခဏရပ်ပြီး ဆက်ပြောသည်။
“ခင်ပွန်းရွေးချယ်တဲ့ သိုင်းပြိုင်ပွဲစည်းမျဉ်းက ရိုးရှင်းပါတယ်။ အင်အားစုတစ်ခုစီကနေ လူသုံးယောက် လွှတ်လို့ရပါတယ်။ ဒါပေမဲ့ ပါဝင်ယှဉ်ပြိုင်မဲ့တစ်ယောက်ကို ကိုယ်စားပြုရပါမယ်။ ဘယ်အင်အားစုကဖြစ်ဖြစ် အနိုင်ရတဲ့သူက မြောင်ယွီကို လက်ထပ်ရပါမယ်”
မင်းသမီးမြောင်ယွီ အသံ လူတိုင်း၏နားထဲတွင် ပဲ့တင်ထပ်သွား၏။
သူမ အထက်စီးလေသံဖြင့် ပြောဆိုနေသော်လည်း မသိနိုင်သည့် အကြောင်းရင်းတစ်ခုကြောင့် လူတိုင်း သူမ ပြောနေသည်ကို သက်တောင့်သက်သာဖြစ်စွာ ခံစားရသည်။
သူမ စကားအဆုံးတွင် မင်းသမီးမြောင်ယွီ စင်မြင့်ပေါ်သို့ ပျံသန်းသွားပြီး ပထမဆုံး ပြိုင်ပွဲဝင် ထွက်ပေါ်လာမည့် အချိန်ကိုသာ တိတ်တဆိတ် စောင့်ဆိုင်းနေတော့၏။
အရပ်ရှည်သည့် ကျင့်ကြံသူတစ်ဦး စင်မြင်ပေါ်သို့ တက်လာပြီး ကြေညာသည်။
“လူတိုင်း ကျွန်တော်က မြို့စားမင်တောက်ပါ။ ကွေ့ဟိုင်ကျွန်း ခေါင်းဆောင်ငယ်ကို ကိုယ်စားပြုပြီး လောကသူရဲကောင်းတွေနဲ့ ယှဉ်ပြိုင်မှာပါ”
“ကွေ့ဟိုင်ကျွန်းလား။ ဘယ်အင်အားစုလဲ”
မဟာပဏ္ဍိတရွှေတောင်ပံ ရှုပ်ထွေးနေဟန်ဖြင့် မေးသည်။
မင်းသမီးပိုင်ယွီ ပြောသည်။
“ကွေ့ဟိုင်ကျွန်းက တောင်ပင်လယ်က ကျွန်းကြီးတစ်ကျွန်းပါ။ အဲ့ကျွန်းက ဘိုးဘေးက အရင်တုန်းက ပင်လယ်လေးစင်းကို လှည့်လည်ပြီး ထိပ်တန်းအဆင့် သူတော်စင်တစ်ပိုင်းအဆင့် ဖြစ်လာပါတယ််။ နောက််ပိုင်းမှာ ကွေ့ဟိုင်ကျွန်းပေါ်မှာ ကွေ့ဟိုင်အိမ်တော်ကို တည်ထောက်ခဲ့တယ်။ အဲဒီမဟာပဏ္ဍိတက ခွဲခြားဆက်ဆံမှုမရှိဘဲ ပညာသင်ကြာပေးတယ်”
“ဒီနေ့မှာဆို ကွေ့ဟိုင်ကျွန်းက အဓိကအင်အားစုတစ်ခု ဖြစ်လာပြီ။ အဲဒါကြောင့် ကျွန်မတို့ ယွင်လော်ကျွန်းကနေ ဖိတ်စာရခဲ့တာပါ”
သူမ ပြောပြီးနောက် ချူဖုန်း ဘေးတွင် ထိုင်နေသည့် ချင်းချင်း ပြောလာ၏။
“ဆရာ ကျွန်မ သူနဲ့ တိုက်ခိုက်ကြည့်ချင်ပါတယ်”
“သွားလေ”
ချူဖုန်း ပြုံးကာ ပြောလိုက်၏။
“ဟုတ်”
ချင်းချင်း ပြန်ဖြေပြီးနောက် သူမ ဖြည်းညှင်းစွာ ထရပ်သည်။ ပိုင်ယွဲ့၏ အံ့ဩနေသည့် အကြည့်အောက်တွင် သူမ စင်မြင့်ပေါ်သို့ တက်သွား၏။
သူမ ပေါ်လာသည်နှင့် ကွမ်ဟိုင်တောင်ထွတ်တစ်ခုလုံး ပွက်လောရိုက်သွားတော့သည်။
“ဘာဖြစ်နေတာလဲ။ ခင်ပွန်းရွေးချယ်တဲ့ သိုင်းပြိုင်ပွဲမှာ အမျိုးသမီးတွေ ပါလာတာလား”
“ဟုတ်တယ်။ ကောင်မလေး မြန်မြန်ထွက်သွား။ ငါတို့ ပွဲကြည့်နေတာကို အနှောင့်အယှက်မပေးနဲ့”
“…”
မင်းသမီးမြောင်ယွီ ထိုမြင်ကွင်းကို ကြည့်ပြီး ဇဝေဇဝါ ဖြစ်သွား၏။ သူမ ငှက်မွေးဖြူမျိုးနွယ်ဘုရင်ကို မေးမြန်းတော့မည့်အချိန် ချင်းချင်း ပြောလာ၏။
“ကျွန်မက မြောင်တောင်က ချင်းချင်းပါ။ ကျွန်မဆရာ မြောင်တောင်သခင်ကို ကိုယ်စားပြုပြီး ယှဉ်ပြိုင်တာပါ”
သူမ စကားအဆုံး ကွမ်ဟိုင်တောင်ထွတ်ပေါ်တွင် ပွက်လောရိုက်သွားတော့သည်။
“မြောင်တောင်က ဘယ်လိုအင်အားစုလဲ။ ပြီးတော့ မြောင်တောင်သခင်ကရော ဘယ်သူလဲ။ ဘာလို့ သူ့တပည့်မကို ဝင်တိုက်ခိုင်းရတာလဲ”
“ခင်ပွန်းရွေးချယ်တဲ့ သိုင်းပြိုင်ပွဲကနေ နာမည်ကြီးအောင် လုပ်ချင်တာဖြစ်မယ်။ အာရုံစိုက်မနေနဲ့”
“…”
မြို့စားမင်တောက် မျက်မှောင်အသာကြုတ်သည်။ သူ စင်ပေါ်သို့ ပထမဆုံး တက်လာခြင်းက ခေါင်းဆောင်ငယ်အတွက် အောင်မြင်မှုကြီး ရရန် ရည်ရွယ်ထားခြင်းမဟုတ်ပေ။ သူ့အတွက် လမ်းကြောင်း ရှာပေးရုံသာ။
သို့သော် မိန်းကလေးတစ်ဦး တက်လာမည်ဟု မထင်ထားပေ။ သူ မျက်လုံးကို ကျဉ်းမြောင်းပြီး ပြောသည်။
“ဂျူနီယာ မင်း နီဗားနားရှင်သန်ခြင်းအဆင့်ကို မရောက်သေးဘူးမလား။ စင်ပေါ်တက်လာတာ သေလမ်းရှာချင်တာလား”
ချင်းချင်း သူမကို လျစ်လျူရှူထားပြီး တင်ပျဉ်ခွေ ချိတ်ထိုင်ကာ သူမ ရှေ့တွင် ကုချင်းတစ်လက်ကို ချပြီး အေးဆေးစွာ ပြောသည်။
“စီနီယာ ကျွန်မကို တစ်ချက်တည်းနဲ့ သတ်နိုင်ရင် ဆရာ ရှင့်ကို ပြဿနာရှာမှာ မဟုတ်ပါဘူး”
၎င်းကို ကြားတော့ လူတိုင်း လေအေးတစ်ဆုပ် ရှူသွင်းလိုက်မိသည်။
‘ဘာလို့ ဒီကောင်မလေး ရန်စတဲ့လေသံနဲ့ ပြောနေတာလဲ’
ပွဲကြည့်စင်ပေါ်တွင်
ငှက်မွေးဖြူဘုရင် ထိုမြင်ကွင်းကို တည်တင်းစွာ ကြည့်နေ၏။ သူ အသံနက်ကြီးဖြင့် ပြောသည်။
“အဲ့ကောင်မလေး ပိုပြီး ထိန်းရခက်လာတယ်။ သူ့အဒေါ် ခင်ပွန်းရွေးချယ်တဲ့ သိုင်းပြိုင်ပွဲမှာတောင် လူတွေကို လာရှုပ်ခွင့်ပြုထားတယ်။ ပြိုင်ပွဲပြီးရင် သူ့ကို အခန်းပိတ်ထားရမယ်”
မြို့စားမင်တောက် မျက်နှာပေါ်တွင် ခံစားချက် အပြောင်းအလဲ မရှိပေ။ သူ့နှလုံးသားထဲတွင် ထိုကောင်မလေးကို သေပြီဟု ယူဆထား၏။
“ဂျူနီယာ မင်း သေလမ်းရှာနေမှတော့ ငါ့ကို လာအပြစ်မတင်နဲ့”
“စီနီယာ ကျေးဇူးပြုပြီ”
ချင်းချင်း ပြောပြီးနောက် သူမ လက် ကြိုးများပေါ်သို့ ရောက်သွားပြီး တိုက်ခိုက်ရန် အသင့်ပြင်၏။
ကလန်
မြို့စားမင်တောက် သူ့ဓားကို ထုတ်လိုက်သည်။ အေးစက်သည့် အလင်းတစ်ခု တောင်ထွတ်ပေါ် ဖြတ်ပြေးသွားပြီး တစ်ချိန်တည်းမှာ သူ့ကိုယ်ပေါ်တွင် အရှိန်အဝါများ ထွက်လာ၏။
ချင်းချင်း ပြိုင်ဘက်၏ နီဗားနားရှင်သန်ခြင်းအဆင့်ဖိအားကို ခံစားလိုက်ရ၏။ သို့သော် သူမ ကုချင်းကြိုးကို ဖြည်းညှင်းစွာ တီးခတ်သည်။
တင်း...ဒေါင်
သာယာနာပျော်ဖွယ် ကုချင်းသံလေး ထွက်လာပြီး ချင်းချင်းပတ်လည်တွင် အလင်းကာတစ်ခု ပေါ်လာတော့၏။
“လှည့်ကွက်အသေးစားလေး”
မြို့စားမင်တောက် အော်ဟစ်ပြီး ချင်းချင်းကို တိုက်ခိုက်သည်။
ချွမ်
ဓားမြည်သံကြီးထွက်လာပြီး ကြောက်မက်ဖွယ်ဓားချီတစ်ခု စင်မြင့်ပေါ်တွင် ထွက်ပေါ်လာသည်။
ကလန်..ကလန်..
ချင်းချင်း ဓားခုတ်ချက်ကို မမြင်သည့်အလား ကုချင်းကြိုးကို ဆက်လက်တီးခတ်နေ၏။ အံအားသင့်စရာက သူမ ကုချင်းသံစဉ်က ဓားသံကို ဖုံးလွှမ်းသွားခြင်းပင်။
မြို့စားမင်တောက် ဓားချီသည် ကုချင်းသံနှင့်အတူ အေးခဲသွားပြီး နောက်ဆုံးတွင် ပျောက်ကွယ်သွားတော့သည်။
“ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”
စင်အောက်က သူများလည်း အံ့ဩသွား၏။
မင်းသမီးမြောင်ယွီ မျက်လုံးထဲတွင် ချီးကျူးလိုသည့် အရိပ်အယောင် ဖြတ်ပြေးသွားသည်။
မင်းသမီးပိုင်ယွီ ရေရွတ်သည်။
“ချင်းအာက အစ်ကိုကြီးချစ်မြတ်နိုးတဲ့ တပည့်ဖြစ်ထိုက်တယ်။ အဆင့်ကျော်တိုက်ခိုက်နိုင်စွမ်းက ကျွန်မတို့တောင် အမြင်ကျယ်သွားရတယ်”
ချူဖုန်း ပြုံးကာ ပြော၏။
“ချင်းအာ စွမ်းရည်ကို ငါယုံတယ်။ ခင်ပွန်းရွေးချယ်တဲ့ ပြိုင်ပွဲမှာပါမဲ့ ဘုရင်တွေမြို့စားတွေ ပြဿနာကြီးကြီးတက်ပြီ”
သူ့စကားအဆုံး မြို့စားမင်တောက် နောက်ထပ် ဓားတစ်ချက် ခုတ်လိုက်သော်လည်း ယခင်တစ်ကွက်လိုပင် ကုချင်းအသံအောက်တွင် ပျက်ပြယ်သွားတော့၏။
‘ဒီကောင်မလေး ထူးဆန်းတယ်’
မြို့စားမင်တောက် တတိယမြောက်ဓားချက်ကို ထုတ်လွှတ်တော့မည့်အချိန် သူ့ရှေ့က ကောင်မလေး ပျောက်ကွယ်သွားပြီး အဆုံးမဲ့သမုဒ္ဒရာကြီးတစ်ခုနှင့် အစားထိုးခံရကြောင်း တွေ့သွား၏။
သူ့ရှေ့က ပုံရိပ်ယောင်ကို ဓားဖြင့် ခုတ်ပိုင်းရန် ကြိုးစားသော်လည်း သူ့ဓားပျောက်ကွယ်သည်ကို အံ့ဩဖွယ် တွေ့ရသည်။
‘ဘာတွေဖြစ်နေတာလဲ’
မြို့စားမင်တောက် သူ့လက်ကို ဓားသဖွယ်သုံးကာ ပတ်ဝန်းကျင်ကို ခုတ်ပိုင်းရန် ပြင်၏။
ဘုန်း ဘုန်း ဘုန်း
ကြောက်မက်ဖွယ်အော်ဟစ်သံကြီးနှင့်အတူ မရေမတွက်နိုင်သော လှိုင်းလုံးများ ပင်လယ်ထဲတွင် ရိုက်ခတ်လာသည်။
လက်တွေ့တွင် လူတိုင်း မြို့စားမင်တောက် သူ့လက်ထဲက ဓားကို လွှင်ပစ်ပြီးနောက် စင်မြင့်ပေါ်တွင် ရူးသွပ်စွာ ကခုန်နေသည်ကို မြင်ရသည်။
ထိုမြင်ကွင်းက မျက်စိဖမ်းစားဖွယ် ကောင်းနေ၏။
သူတို့ အဖြူဝတ်အမျိုးသမီးကို အထင်မသေးရဲတော့ပေ။ တစ်ချိန်တည်းမှာ မြောင်တောင်အကြောင်း သိချင်သွားတော့သည်။
ချင်းကျိုး မြေခွေးမျိုးနွယ် လူငယ်ခေါင်းဆောင် အဖြူဝတ်အမျိုးသမီး ထလာသော နေရာဘက်သို့သာ အံ့ဩစွာ ကြည့်နေ၏။