← Chapters

အခန်း ၅၃၂

Vol. 54 Ch. 532

အခန်း ၅၃၂

Vol. 54 Ch. 532

အခန်း(၅၃၂)

“ဟုတ်တယ်။ ငါ ထင်တာ မမှားဘူး။ သူက အဲဒီမဟာပဏ္ဍိတ တပည့်ပဲ”

ချင်းကျိုး လူငယ်ခေါင်းဆောင် ငှက်မွေးဖြူမျိုးနွယ် အုပ်စုဘက်က လူများ၏ မျက်နှာကို ကြည့်ပြီး တီးတိုးရေရွတ်သည်။

သူ့ဘေးနားက မဟာပဏ္ဍိတ ၎င်းကို ကြားတော့ ဇဝေဇဝါ ဖြစ်သွား၏။

“ခေါင်းဆောင်ငယ် အဲ့ကောင်မလေး နောက်ခံကို သိလို့လား”

ခေါင်းဆောင်ငယ် ပြန်ပြောသည်။

“သူက ဘိုးဘေးကျင်းကျင်းရဲ့ စီနီယာအစ်မလေ”

ဟူး

မြေခွေးမျိုးနွယ် မဟာပဏ္ဍိတ သက်ပြင်းချသည်။

“ဒါဆို အဲ့ဒီသူလည်း ဒီရောက်နေတယ်လို့ ပြောချင်တာပေါ့။ ဒါဆို ကျုပ်တို့ ဘာအတွက် ယှဉ်ပြိုင်ကြဦးမှာလဲ”

ခေါ်ငးဆောင်ငယ် ပခုံးတွန့်သည်။

“ပွဲလာကြည့်တယ်ပဲ သဘောထားရမှာပေါ့။ သူ့နတ်ဘုရားလိုစွမ်းရည်ကို ခံစားချင်တယ်ဆိုရင် စင်ပေါ်တက်ပြီး ပြိုင်နိုင်ပါတယ်”

“မဟုတ်တာ”

မြေခွေးမျိုးနွယ်မဟာပဏ္ဍိတ ပြောသည်။

“သူနဲ့တိုက်တာ ကျန်းမာရေးအတွက် မကောင်းဘူး”

စင်မြင့်ပေါ်တွင်

မြို့စားမင်တောက် မောပန်းစွာ ထိုင်ချလိုက်ပြီးနောက် စင်ပေါ်မှ ဆင်းသွား၏။

သူ စင်ပေါ်မှ မိန်းကလေးကို လက်သီးဆုပ်ကာ ပြောလိုက်သည်။

“ကျုပ် ရှုံးသွားပြီ။ နတ်မိမယ် ဘွဲ့နာမည်ကို မေးလို့ရမလား”

“ဝတ်ရုံဖြူကုချင်းနတ်ဆိုး”

ချင်းချင်း သူမ ဘွဲ့အမည်ကို ထုတ်ဖော်သည်။

ထိုစကားများကြောင့် လူအုပ်ကြီး တက်ကြွစွာ ဆွေးနွေးကြ၏။

“ဝတ်ရုံဖြူကုချင်းနတ်ဆိုး မင်းတို့ ဒီနာမည်ကို ကြားဖူးလား”

“မြောင်တောင်က နတ်ဆိုးတစ်ကောင်ကို ပျိုးထောင်ပေးလိုက်တာပဲ။ လမ်းမှန်အင်အားစုတစ်ခု မဟုတ်လောက်ဘူး”

“…”

မင်းသမီးမြောင်ယွီ မျက်မှောင်ကြုတ်ကာ ထိုနာမည်ကို စဉ်းစားနေသည်။ သူမ သိုင်းပြိုင်ပွဲတွင် နတ်ဆိုးကျင့်ကြံသူများ ပါဝင်ခြင်းကို မတားမြစ်သော်လည်း ယွင်လော်ကျွန်းသို့ နတ်ဆိုးအင်အားစုများလည်း လာမည်မဟုတ်ပေ။

ယခု ဝတ်ရုံဖြူကုချင်းနတ်ဆိုးပေါ်လာ၍ သူမ စိတ်ပျက်သွားတော့၏။

‘သူမ ခြေလှမ်းမှားသွားတာလား’

ပွဲကြည့်စင်မြင့်ပေါ်တွင်

မင်းသမီးပိုင်ယွီ ထိုနာမည်ကို ကြားတော့ အံ့ဩသွားသည်။ သူမ တိတ်တဆိတ် မေးမြန်း၏။

“ခဲအို ချင်းအာဘွဲ့က နည်းနည်း မသင့်တော် ဖြစ်မနေဘူးလား”

ချူဖုန်း ပြုံးကာ ပြောသည်။

“ဘွဲ့နာမည်က တခြားသူတွေ ပေးတာလေ။ အရင်တုန်းက ချင်းအာ တာ့ယန်မြင့်မြတ်နယ်မြေက တပည့်တွေကို လျှို့ဝှက်နယ်မြေထဲမှာ သတ်ဖြတ်ဖူးတယ်။ အဲ့တုန်းက လူငယ်မျိုးဆက်တွေ သူ့ကို ဒီဘွဲ့နာမည် ပေးလိုက်ကြတာ”

“အာ”

မင်းသမီးပိုင်ယွီ မိန်းမငယ်လေး ချင်းချင်းတွင် ယခုလို ကြီးမားသည့် သတ်ဖြတ်လိုစိတ် ရှိမည် မထင်ထားပေ။

မဟာပဏ္ဍိတမိုးမြေ၏ တပည့်များသည် တစ်ယောက်မှ သာမန်မဟုတ်ကြပေ။

ငှက်မွေးဖြူမျိုးနွယ်ဘုရင် အမူအရာ ပို၍ တည်တင်းလာ၏။ လူအုပ်ကြီးကြောင့်သာ မဟုတ်လျှင် သူ သမီးဖြစ်သူကို ထိုကောင်မလေးအား ပြန်ခေါ်ခိုင်းမိလောက်သည်။

အရှေ့ပင်လယ်နှင့် တောင်ပင်လယ်နဂါးနန်းတော်တို့လည်း ထိုဘွဲ့နာမည်ကို တွေးတောနေကြ၏။

သူတို့ အနည်းငယ် ရင်းနှီးသလို ခံစားရသော်လည်း ဘယ်နေရာကနေ သိသလိုခံစားမှန်း မသိချေ။

ချင်းချင်း အောက်က ဆွေးနွေးပွဲများကို လုံးဝလျစ်လျူရှူကာ သူမ ကုချင်းကို ငြင်သာစွာ တီးခတ်နေ၏။ စကားပြောမည့် ရည်ရွယ်ချက် လုံးဝမရှိပေ။

“ဝတ်ရုံဖြူကုချင်းနတ်ဆိုးလား။ မျက်လုံးတစ်ဖက်ဓားဘုရင် ငါကိုယ်တိုင် မင်းကို တိုက်မယ်”

သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေသည့် သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး ကျယ်လောင်စွာ အော်ဟစ်ပြီး စင်မြင့်ပေါ်သို့ တက်လာ၏။

သူ တက်လာသည့်အခိုက် ကြောက်မက်ဖွယ်ကောင်းသော သတ်ဖြတ်လိုစိတ်တစ်ခု သူ့ကိုယ်ပေါ်မှ ထွက်လာ၏။ သူ့နောက်ကျောတွင် ကြီးမားသည့် ဓားအရိပ်ကြီးတစ်ခု ပေါ်လာတော့သည်။

“ဓားဆန္ဒပြီးပြည့်စုံခြင်း”

“မျက်လုံးတစ်ဖက်ဓားဘုရင် နှစ်ခြောက်ဆယ်ကြာပြီး ပြန်ပေါ်လာတော့ ဓားဆန္ဒပြီးပြည့်စုံခြင်းအဆင့်ရောက်သွားမယ် မထင်မိဘူး။ ဒီတစ်ကြိမ် ပွဲစည်တော့မယ် ထင်တယ်”

လူတိုင်း မျက်လုံးတစ်ဖက်ဓားဘုရင်နောက်မှ ဓားအရိပ်ကို ကြည့်ရင်း တက်ကြွစွာ ဆွေးနွေးနေကြ၏။

“ကောင်းပြီ”

ချင်းချင်း ဂရုမစိုက်ဟန် ပြောလိုက်သည်။ သူမ အနောက်တွင် မျက်လုံးအိမ်တစ်ခု ပေါ်လာတော့သည်။

၎င်းက ဖျက်ဆီးခြင်းဆန္ဒပါဝင်သော မျက်လုံးတစ်စုံပင်။

အရိပ်သာဖြစ်သော်လည်း ထိုမျက်ဝန်းများက လူအများကို ကြောက်လန့်မှုကြောင့် ကြက်သီးတဖြန်းဖြန်း ထသွားစေသည်။

“ဒီကောင်မလေးက ကုချင်းနတ်ဆိုးဆိုတဲ့ နာမည်နဲ့ ထိုက်တန်တယ်။ ပြီးပြည့်စုံခြင်းအဆင့် ဆန္ဒကတင် ကြောက်ဖို့ကောင်းတဲ့ အငွေ့အသက်တွေ ထုတ်လွှတ်နေတယ်”

“သူနဲ့ မျက်လုံးတစ်ဖက်ဓားဘုရင် ဘယ်သူ နောက်ဆုံးမှာ ရယ်နိုင်မလဲ သိချင်တယ်”

“…”

လူတိုင်း ဆွေးနွေးနေကြစဉ် မျက်လုံးတစ်ဖက်ဓားဘုရင်၏ အမူအရာ ပို၍ တည်ကြည်လာသည်။ သူ မင်းသမီးမြောင်ယွီအတွက် လာရောက်ခြင်းမဟုတ်သော်လည်း ဤပြိုင်ပွဲကို အသုံးချပြီး ပင်လယ်လေးစင်းတွင် သူ့နာမည်ကို ကျော်ကြားအောင် ပြုလုပ်ချင်၏။

သို့မှသာ သူ ‌တောင်ပင်လယ်ဓားဂိုဏ်းသို့ ပြန်ပြီး သူဆုံးရှုံးခဲ့သမျှ အရာအားလုံးကို ပြန်ယူနိုင်ပေမည်။

“ဂျူနီယာ မင်း တကယ့်ကို သန်မာတာပဲ။ ငါ့ဓားချက်ကို ခံနိုင်ရည်ရှိမလား ကြည့်ရတာပေါ့”

မျက်လုံးတစ်ဖက်ဓားဘုရင် ပြောပြီး သူ့ခါးမှ ဓားကို ဆွဲထုတ်သည်။ ၎င်းက သတ္တုရောင်လက်နေသော ဓားတစ်လက်ပင်။

“သန့်စင်ဓား ပင်လယ်ဖိနှိပ်ခြင်း”

လူအုပ်ကြီးထဲတွင် ဗဟုသုတကြွယ်ဝသူများ ထိုဓားဇာစ်မြစ်ကို တစ်ချက်တည်းဖြင့် သိသွားကြ၏။

ချင်းချင်း တစ်ဖက်စကားကို လုံးဝ မကြားသည့်အလား ကုချင်းကိုသာ ဆက်လက်တီးခတ်နေသည်။

မျက်လုံးတစ်ဖက်ဓားဘုရင် သူ့ရှေ့က ဂျူနီယာလေး သူ့ကို ရင်ဆိုင်ရတာတောင် တည်ငြိမ်နေမည်ဟု မထင်ထားပေ။

အနက်ရောင်နှင့် အဖြူရောင်အလင်းတန်းများ ချင်းချင်း မျက်လုံးသူငယ်အိမ်မှ ထွက်ပေါ်လာပြီး ဓားစွမ်းအင်နှင့် ထိပ်တိုက်တွေ့သွား၏။

ဘုန်း

ဓားစွမ်းအင်နှင့် အဖြူအနက်စွမ်းအင်ပွတ်တိုက်မှုသည် အသံကျယ်ကြီး ဖြစ်ပေါ်စေပြီး ကောင်းကင်ယံပေါ်တွင် မှိုပွင့်တိမ်တိုက်များပင် ပေါ်လာသည်။

ပေါက်ကွဲမှုနောက်ဆက်တွဲ ပျံ့နှံ့သွား၏။ ကံကောင်းထောက်မစွာ ပွဲကြည့်စင်တွင် ခုခံရေးအစီအရင်များ တပ်ဆင်ထားသဖြင့် ထိခိုက်မှု မရှိပေ။

‘ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ’

မျက်လုံးတစ်ဖက်ဓားဘုရင် သူ့ရှေ့က ဖြစ်အင်ကို ကြည့်ပြီး ရှုပ်ထွေးသွား၏။ သူ့ဓားချက်က ပြိုင်ဘက်ပေါင်းများစွာကို အနိုင်ယူနိုင်ခဲ့သော ဓားချက်ဖြစ်သည်။ သာမန်တာအိုပေါင်းစည်းခြင်းအဆင့်ကျင့်ကြံသူတစ်ဦး ချေဖျက်ခြင်းကို အဘယ်သို့ ခံလိုက်ရသနည်း။

သူ အာရုံလွင့်နေချိန် ပတ်ဝန်းကျင် ပြောင်းလဲသွား၏။

မျက်လုံးတစ်ဖက်ဓားဘုရင် အပေါ်သို့ အလိုလို မော့ကြည့်စဉ် ကောင်းကင်ပေါ်မှ ကြောက်မက်ဖွယ်မျက်ဝန်းတစ်စုံကို မြင်တွေ့သွားသည်။

သူ ယခင်က မြင်ဖူးသော အရိပ်များနှင့်မတူစွာ ထိုမျက်ဝန်းက ကမ္ဘာဖျက်မျက်ဝန်းတစ်စုံပင်။

‘ဖျက်ဆီးပစ်’

ညှာတာမှုကင်းမဲ့သော အသံတစ်သံ ကောင်းကင်ယံမှ ပျံ့လွင့်လာပြီး ထိုမျက်ဝန်းများမှ အလင်းတန်းနှစ်ခုထွက်လာ၏။

မျက်လုံးတစ်ဖက်ဓားဘုရင် သူ့ဓားကို မြှောက်ကာ ကာကွယ်ရတော့သည်။

အချိန်များ ကုန်ဆုံးလာသည်။

မျက်လုံးတစ်ဖက်ဓားဘုရင် ပုံရိပ်ယောင်ကမ္ဘာထဲတွင် ပို၍ နစ်မြှုပ်လာပြီး ထိန်းချုပ်မရစွာ တုန်ယင်လာ၏။

ပွဲကြည့်စင်မြင့်ပေါ်တွင် မင်းသမီးမြောင်ယွီ ထိုမြင်ကွင်းကို ကြည့်ပြီး ရေရွတ်သည်။

“ဘိုးဘေး ကုချင်းကောင်မလေးရဲ့ ပုံရိပ်ယောင်က တကယ်ကြောက်ဖို့ကောင်းတာလား။ မျက်လုံးတစ်ဖက်ဓားဘုရင်တောင် မခုခံနိုင်ဘူးလား”

ဘိုးဘေး ပြောသည်။

“ကြောက်ဖို့ကောင်းတာ ကုချင်းသံမဟုတ်ဘူး။ ကုချင်းဆန္ဒပဲ။ ကုချင်းသံအပြင် ငါ သူ့ကုချင်းဆန္ဒထဲမှာ ဖျက်ဆီးခြင်းဆန္ဒကို တွေ့တယ်။ အခု နှစ်ဖက်ကြား ပြိုင်ပွဲက ဘယ်သူ့နတ်ဘုရားအာရုံနဲ့ စစ်မှန်ဆန္ဒ ပိုအားကောင်းလဲ ဖြစ်သွားပြီ”

တစ်နာရီကြာပြီးနောက် စင်မြင့်ပေါ်တွင် အပြောင်းအလဲတစ်ခု ပေါ်လာသည်။ မျက်လုံးတစ်ဖက်ဓားဘုရင် အနောက်ဘက်တွင် ပေါ်လာသော ဓားအရိပ် ရုတ်တရက်ကြီး ပျက်စီးသွား၏။ သူ မျက်လုံးဖွင့်လိုက်ပြီး ပါးစပ်အပြည့်သွေးတစ်လုပ် အန်ထုတ်မိသည်။

ဖွီး

သူ ပါးစပ်အပြည့်သွေးတစ်လုတ် အန်ထုတ်ပြီးနောက် မျက်လုံးတစ်ဖက်ဓားဘုရင် လုံးဝ အားကုန်သွားသည့်ဟန်ဖြင့် အားပျော့စွာ ပြော၏။

“ငါ ရှုံးပြီ”

ချင်းချင်း ၎င်းကို ကြားတော့ ကုချင်းကြိုးကို ရပ်တန့်ပြီး ဂရုမစိုက်စွာ ပြောသည်။

“နောက်တစ်ယောက်”

ကျင့်ကြံသူများ လေအေးတစ်ဆုတ် ရှူသွင်းမိသည်။

‘ဒီကောင်မလေး တအားမောက်မာလွန်းတယ်’

ခဏအကြာတွင် နောက်ထပ်ဘုရင်တစ်ပါး စင်မြင်ပေါ်သို့ တက်လာ၏။

ချင်းချင်း ဘုရင်ဆယ့်နှစ်ပါးနှင့် တိုက်ခိုက်ပြီးနောက် တစ်နေ့လုံး ကုန်သွားသည်။ ခင်ပွန်းရွေးချယ်သည့် သိုင်းပြိုင်ပွဲတွင် ပါဝင်သော သူတော်စင်တစ်ပိုင်း အင်အားစုမှ ဘုရင်အားလုံးနီးပါး ရိုက်ခံလိုက်ရ၏။

ကွမ်ဟိုင်တောင်ထွတ်ပေါ်တွင်

ပွဲကြည့်နေသူများ အဓိကအင်အားစုများသို့ ကြည့်လာကြသည်။

All Chapters