← Chapters

အခန်း ၅၃၄

Vol. 54 Ch. 534

အခန်း ၅၃၄

Vol. 54 Ch. 534

အခန်း(၅၃၄)

“မင်း ငါနဲ့ ပြိုင်နိုင်မယ်လို့ တကယ်ထင်နေတာလား တာအိုရောင်းရင်း။ ငါ မင်းတို့ကျင်းချီမျိုးနွယ်နဲ့ ယှဉ်ပြိုင်ဖို့ ရည်ရွယ်ချက် မရှိဘူး”

ချူဖုန်း အလျင်မလိုစွာ ပြောရင်း ငှက်မွေးယပ်တောင်ဖြင့် အသာခပ်နေသည်။ သူ ပွဲကြည့်ရန်သာ ရောက်လာခြင်းဖြစ်၏။ ဇနီးမယားတစ်ယောက်ယူရန် စိတ်ကူးမရှိပေ။

သို့သော် ထိုအပြုအမူက မဟာပဏ္ဍိတတျန်‌ဟွေ့အမြင်တွင် သရဲဘောကြောင်ခြင်းပင်။

“ဟမ့်”

မဟာပဏ္ဍိတတျန်ဟွေ့ နှာခေါင်းရှုံ့၏။

“မင်းကြောက်နေတာပဲ။ ကြောက်နေရင်လည်း လူတိုင်းကို တောင်းပန်ပြီး မြောင်တောင်က တပည့်တစ်ယောက်က လောကကြီးက သူရဲကောင်းတွေကို စိန်မခေါ်သင့်ပါဘူးလို့ တောင်းပန်လေ။ ဒါဆို ငါမင်းကို သွားခွင့်ပေးမယ်”

“ဟူး”

ချူဖုန်း သက်ပြင်းချသည်။

“ငါ အစက ပွဲကြည့်ဖို့ပဲ တွေးထားတာ။ ဒါပေမဲ့ အခုလို စော်ကားခံရမယ် မထင်ထားဘူး။ ကိစ္စက ထိပ်ဝရောက်နေမှတော့ ပွဲကြည့်ပရိတ်သတ်လုပ်လို့ မရတော့ဘူးပေါ့။ မင်း အရင်တိုက်။ ငါ အရင်တိုက်ရင် မင်းတိုက်ခွင့်တောင် ရလိုက်မှာ မဟုတ်ဘူး”

သူ့စကားများကြောင့် မဟာပဏ္ဍိတတျန်ဟွေ့ တင်းမာသွားသည်။ သူ မူလက မြောင်တောင်ကို ခြေနင်းကျောက်အဖြစ် အသုံးပြုကာ သူ့ဂုဏ်သတင်းကို တည်ဆောက်ရန် ရည်ရွယ်ထား၏။

သူ့ခွန်အားကို မြင်ပြီးတာတောင် ထိုကောင်လေး သူ့ကို တိုက်ခိုက်ရဲဦးမည်ဟု မထင်ထားပေ။

သူ အေးစက်စွာ ပြော၏။

“ကောင်လေး မင်း မတောင်းပန်ချင်ဘူးပေါ့။ ဒါဆိုလည်း ငါမင်းကို တောင်းပန်ချင်လာတဲ့အထိ ရိုက်နှက်ပေးမယ်”

သူ ပြောလို့လည်း ပြီးတော့ မဟာပဏ္ဍိတတျန်‌ဟွေ့ အရှိန်အဝါများ ပေါက်ကွဲထွက်လာသည်။ မီးခိုးတောင်ပံကျင်းချီ ဓမ္မရုပ်တုကြီး ပေါ်လာပြီး ကောင်းကင်ကိုပင် ဖုံးကွယ်သွားသောကြောင့် ကွေ့ဟိုင်တောင်ထွတ်တစ်ခုလုံး အမှောင်ကျသွားတော့၏။

“စစ်မှန်ဗုဒ္ဓမဟာလက်ချိတ်စည်း”

မဟာပဏ္ဍိတတျန်ဟွေ့ ချူဖုန်းကို ပြင်းထန်စွာ ကုပ်ဆွဲ၏။

သူ့လက်ဝါးချက်ထွက်လာသည်နှင့် ကောင်းကင်တွင် ဗုဒ္ဓရုပ်ပွားတော်ကြီးတစ်ခုပေါ်လာ၏။ ဗုဒ္ဓလက်ဝါးအလယ်တွင်တော့ ရွှေရောင်အလင်းတန်းသင်္ကရိုက်ဘာသာစကားများ ထွန်းလင်းနေတော့၏။

လက်ဖဝါးမကျဆင်းခင် လေပြင်းများ တိုက်ခတ်လာသည်။

ပြိုင်ပွဲစင်မြင့်၏ ခုခံရေးအစီအရင်ဖြင့်ပင် ကျင့်ကြံသူများ ကြောက်မက်ဖွယ်လက်ဖဝါးကြီးကြောင့် ထိန်းမရစွာ တုန်ယင်နေတော့၏။

“ဗုဒ္ဓနတ်ဘုရားစွမ်းရည်”

“မဟာပဏ္ဍိတတျန်ဟွမ်မှာ ဒီလောက်ကြောက်ဖို့ကောင်းတဲ့ ဗုဒ္ဓနတ်ဘုရားစွမ်းရည် ရှိနေမယ် မထင်ထားဘူး။ ဟိုကောင်လေး ဒီတစ်ခါတော့ ဒုက္ခကြီးကြီး ရောက်ပြီ”

“…”

လူတိုင်း ဆွေးနွေးနေကြတုန်း ချူဖုန်းကတော့ ကောင်းကင်တွင် ငြိမ်သက်စွာ ရပ်လျက် ငှက်မွေးယပ်တောင်လေးဖြင့် ခပ်ကာ ရှောင်ရှားရန် ရည်ရွယ်ချက် မပြပေ။

ဘုန်း

ထိုလက်ဖဝါးရိုက်ချက်ကြောင့် ချူဖုန်း ဗုဒ္ဓအလင်းတန်းထဲတွင် လုံးဝနစ်မြှုပ်သွားတော့သည်။

ထိုသည်ကို မြင်တော့ လူတိုင်း အပူတပြင်း ဆွေးနွေးကြတော့၏။

“ ဒီကောင်လေးတော့ သွားပြီ”

“မြောင်တောင်သခင်က ထင်သလောက်လည်း မဟုတ်ပါလား”

“…”

မဟာပဏ္ဍိတရွှေတောင်ပံတို့ တည်ငြိမ်စွာ လက်ဖက်ရည်သောက်နေပြီး ချူဖုန်း အကြောင်း လုံးဝစိတ်မဝင်စားပေ။

မင်းသမီးမြောင်ယွီ ဗုဒ္ဓအလင်းတန်းများဖုံးလွှမ်းနေသော နေရာသို့ စိုက်ကြည့်နေပြီး ရလဒ်ကို သိချင်သွားသည်။

အရိုးသားဆုံး ပြောရလျှင် သူမ မြောင်တောင်မှ ကျင့်ကြံသူအပေါ် ခံစားချက်မရှိပေ။

သူမ ကျင်းချီမျိုးနွယ်မှ မျိုးနွယ်ခေါင်းဆောင်ငယ်ကိုလည်း လက်မထပ်ချင်ပေ။ ထိုသူသာ ရှုံးသွားလျှင် သူမ မျှော်လင့်ချက်ကို အရှေ့ပင်လယ်နှင့် တောင်ပင်လယ်နဂါးနန်းတော်သို့သာ ပုံထားရပေတော့မည်။

စင်မြင့်ထက်တွင်

မဟာပဏ္ဍိတတျန်ဟွေ နှာခေါင်းရှုံ့သည်။

“ကောင်လေး မင်းအရမ်းမောက်မာလွန်းတယ်။ ငါ့လက်ဖဝါးရိုက်ချက်ကို တိုက်ရိုက်ခံရဲတယ်ပေါ့။ ဘယ်ကမှန်း လာမှန်းမသိတဲ့ မင်းလို ယင်ကောင်လေးကို ထားလိုက်။ မဟာမိုးကြိုးကျောင်းတော်က မဟာပဏ္ဍိတတွေတောင် ငါ့လက်ဝါးချက်ကို တိုက်ရိုက် မခံရဲဘူး”

သူ့အတွက်တော့ တိတ်ဆိတ်မှုသာ တုံ့ပြန်မှုတစ်ခုဖြစ်ပြီး ထိုတိတ်ဆိတ်မှုက မဟာပဏ္ဍိတတျန်ဟွေ့ကို ပို၍ မောက်မာသွားစေသည်။

ဤတစ်ကြိမ်တော့ သူ ခေါင်းဆောင်ငယ်အတွက် တာဝန်တစ်ခု ထမ်းဆောင်ပေးနိုင်လိုက်သည်။ သူ ခေါင်းဆောင်ငယ်ထံမှ ဆုလာဘ်များ ရမည်ဟု ယုံကြည်နေတော့၏။

ထိုအချိန်မှာပင် ကောင်းကင်ယံမှ ဗုဒ္ဓအလင်းတန်းများ ပျောက်ကွယ်သွားပြီး မူလက ဆူညံနေသော ကွမ်ဟိုင်တောင်ထွတ်သည် တိတ်ဆိတ်သွားတော့၏။

လူတိုင်း ကောင်းကင်ယံ ယပ်ခပ်နေသော လူကို ကြောင်အစွာ မော့ကြည့်ရင်း ကျောက်ရုပ်ဖြစ်သွားကြသည်။

ချူဖုန်း နှုတ်ခမ်းများကို အသာကွေးညွတ်ပြီး သရော်၏။

“မင်းမှာ လူရိုက်နိုင်တဲ့ စွမ်းအားရှိသေးလား။ မင်းကိုယ်မင်း နတ်ဆိုးလို့ ခေါ်ရဲလား”

“မင်း

မဟာပဏ္ဍိတျန်ဟွေ ထိုစကားလုံးများကြောင့် အတော်လေး ဒေါသထွက်သွားပြီး စကားပင် မပြောနိုင်တော့ချေ။

ချူဖုန်း ပြုံးကာ ပြောသည်။

“ကောင်းပြီလေ။ မင်း တိုက်ခိုက်ပြီးပြီဆိုတော့ ငါ့အလှည့်။ ဖိနှိပ်စမ်း”

ဖိနှ်ိပ်စမ်းဟူသော စကားလုံး ချူဖုန်းပါးစပ်မှ ထွက်လာသည်။

ဖိနှ်ိပ်စမ်းဟူသည့် စကားလုံးသည် လေထဲတွင် ပျံဝဲရင်း ကြီးမားလာ၏။

ဖိနှိပ်စမ်းဟူသော စကားလုံး မရောက်ခင် မဟာပဏ္ဍိတတျန်ဟွေ့ သူ့ကမ္ဘာကြီး ချိတ်ပိတ်ခံထားရသလို ခံစားရ၏။

သူ့တန်ပြန်တိုက်ခိုက်လိုက်သော်လည်း သူ့ခန္ဓာကိုယ်ထဲမှ ဝိညာဉ်စွမ်းအင်များသည် ထိုစကားလုံးများကြောင့် ပိတ်ဆို့ခံထားရကြောင်း တွေ့လိုက်သည်။

“မဟုတ်ဘူး”

မဟာပဏ္ဍိတတျန်ဟွေ ဖိနှိပ်စမ်းဟူသော စကားလုံးကျဆင်းလာသည်ကို ကြည့်ရင်း အော်ဟစ်လိုက်၏။

ဖိနှိပ်စမ်းဟူသော စကားလုံး ကျလာသည့်အခိုက် မြေကမ္ဘာလည်း မတုန်လှုပ်သလို မိုးမြေတွင် ထူးခြားဖြစ်စဉ်များ ပေါ်မလာတော့ပေ။

မဟာပဏ္ဍိတတျန်ဟွေ သူ့မူလသွင်ပြင်ဖြစ်သော မီးခိုးရောင်ကျင်းချီငှက်အသွင် ပြောင်းလိုက်ပြီး သူ့တောင်ပံကြီးကို အဆက်မပြတ် ခတ်လိုက်၏။ သူ့အနောက်မှ ဓမ္မရုပ်တုကြီးလည်း ပျောက်ကွယ်သွားသည်။

“ဒီကို လာခဲ့”

ချူထုန်း ပြုံးကာ မဟာပဏ္ဍိတျန်ဟွေ့ကို လက်ယပ်ခေါ်သည်။

မဟာပဏ္ဍိတတျန်ဟွေ့ မလိုလားသော်လည်း သူ့ခန္ဓာကိုယ်သည် ချူဖုန်းထံသို့ အထိန်းကွပ်မဲ့စွာ ထံသို့ ပျံသန်းသွားပြီး နောက်ဆုံးတွင် ချူဖုန်း၏ ငှက်မွေးယပ်တောင်ပေါ် ကျရောက်သွား၏။

ထိုအခိုက် မဟာပဏ္ဍိတတျန်ဟွေ့ သူ့ရှေ့က လူသား မည်မျှကြောက်မက်ဖွယ် ကောင်းကြောင်း သိသွားတော့သည်။

သူတို့နှစ်ယောက်လုံး မဟာပဏ္ဍိတများဖြစ်ကြသော်လည်း တစ်ဖက်က သူ့ထက်များစွာ အဆင့်မြှင့်ပါ၏။

“မင်း ကျေနပ်ပြီလား”

ချူဖုန်း ပြုံးကာ မေးသည်။

မဟာပဏ္ဍိတတျန်ဟွေ့ ပြင်းထန်စွာ ခေါင်းညိတ်၏။ ယပ်တောင်ပေါ်မှ ငှက်က ခေါင်းငုံ့ထားရုံသာ တတ်နိုင်တော့သည်။ သူ ထိုသူကို ဒေါသထွက်အောင် လုပ်မိလျှင် မည်သူမှ သူ့ကို ကယ်နိုင်မည် ဟုတ်ပေ။

“ကောင်းပြီလေ။ သွားတော့”

ချူဖုန်း ငှက်မွေးယပ်တောင်ကို ဖြည်းညှင်းစွာ မြှောက်သည်။ မဟာပဏ္ဍိတတျန်ဟွေ့ကို ဖုံးအုပ်ထားသည့် ကြောက်မက်ဖွယ် ကောင်းသော စွမ်းအားများ ချက်ချင်း ပြောင်းလဲသွားတော့၏။

ချူဖုန်း ထိုကိစ္စမျာ ပြီးစီးပြီးနောက် သူ မင်းသမီးမြောင်ယွီကို လက်သီးဆုပ်ကာ တောင်းပန်သည်။

“မင်းသမီး ကျုပ် တပည့်ကို ကယ်တင်ချင်စိတ် များပြီးတော့ စည်းမျဉ်းချိုးဖောက်မိသွားပါတယ်။ မင်းသမီးခွင့်လွှတ်ပေးဖို့ မျှော်လင့်ပါတယ်”

“ရပါတယ်”

မင်းသမီးမြောင်ယွီ ပြုံးကာ ပြောသည်။

“မဟာပဏ္ဍိတအနေနဲ့ ပြိုင်ပွဲစည်းမျဉ်းအတိုင်း ဆက်ပြီး ကွင်းကို ခုခံနိုင်ပါတယ်”

“ဒါက...”

ချူဖုန်း မူလက ငြင်းပယ်ချင်သော်လည်း လူအများကြီးတွင် မင်းသမီးမြောင်ယွီကို ငြင်းပယ်ခြင်းက သူမမျက်နှာကို ဖြတ်ရိုက်ခြင်းနှင့် အတူတူပင်။

သူ ယွင်လော်ကျွန်းနှင့် ရန်ငြိုးရန်စ မရှိသောကြောင့် ထိုသို့ လုပ်ရန်မလိုပေ။ မည်သို့ပင်ဆိုစေ မဟာပဏ္ဍိတများစွာ ရှိနေသေးသည်။ သူ အရှုံးပေးလိုက်၍ ရ၏။

သူ လက်သီးဆုပ်ကာ ပြောသည်။

“ဒါဆိုလည်း မင်းသမီးသဘောတော်အတိုင်းပါ”

ထိုသို့နှယ် ချူဖုန်း လူတိုင်းကို ကြည့်ပြီး အေးစက်စွာ ပြော၏။

“နောက်တစ်ယောက်”

‘မောက်မာလွန်းတယ်’

‘အတော်လေး မောက်မာလွန်းတယ်’

‘ဘယ်လိုလုပ် ဒီလောက် မောက်မာအေးစက်တဲ့ လေသံနဲ့ ပြောရတာလဲ’

ပွဲကြည့်သူများသည် အဓိကအင်အားစုများကို ကြည့်လိုက်သည်။

ကျင်းချီမျိုးနွယ် ခေါင်းဆောင်ငယ်သည် ပွဲကြည့်စင်မြင့်ပေါ်မှ ဝိညာဉ်အသံလွှင့်ခြင်းဖြင့် လှမ်းမေး၏။

“တျန်ဟွေ မင်းကို ပေးတဲ့ ဖိအားက ခုနက တိုက်ပွဲမှာ ပြသလောက်ပဲလား”

“မဟုတ်ပါဘူး”

မဟာပဏ္ဍိတတျန်ဟွေ့ ပြန်ဖြေ၏။

“သူ ကျွန်တော့်ကို ပေးတဲ့ဖိအားက ခုနပြလိုက်တဲ့ ခွန်အားထက် အများကြီး ကြောက်ဖို့ကောင်းတယ်။ ကျွန်တော် သူ့ကို ရင်ဆိုင်နေရတုန်းက ဗုဒ္ဓတွေနဲ့ ရင်ဆိုင်လိုက်ရသလိုပဲ”

“တကယ်ပဲလား”

မျိုးနွယ်ခေါင်းဆောင်ငယ် တင်းမာစွာ မေးသည်။

“တျန်ဟွေ့ ခေါင်းဆောင်ငယ်ကို မလိမ်ရဲပါဘူး။ မယုံရင် စောင့်ကြည့်လိုရပါတယ်”

တျန်ဟွေ့ လေးစားစွာ ပြောသည်။

တောင်ပင်လယ်နဂါးနန်းတော်မှ အဋ္ဌမမင်းသား သူ့ ခုနစ်ယောက်မြောက်ဝမ်းကွဲကို အတွေးနက်စွာ ကြည့်နေသည်။ ထို့နောက် ချင်းကျိုးမြေခွေးမျိုးနွယ်မှ ဖာသိဖာသာ ဖြစ်နေသော သူတို့ကို ကြည့်ပြီး အန္တာရာယ်အငွေ့အသက်ကို ရလိုက်၏။

‘ဝမ်းကွဲက သတိကြီးလို့ဆိုပြီး ကျော်ကြားတယ်။ သူသာ မလှုပ်ရှားဘူးဆိုရင် တစ်ဖက်က သေချာပေါက် နာမည်ကြီးတဲ့လူဖြစ်ရမယ်။ သူ ဘယ်သူများလဲ”

အချိန်များ တစ်စက္ကန့်ပြီး တစ်က္ကန့် ကုန်ဆုံးသွားသည်။

အချိန်ခဏကြာပြီးနောက် အဓိကအင်အားစုလေးခုမှ ကျွမ်းကျင်သူများသည် တစ်ယောက်ကိုတစ်ယောက်သာ စိုက်ကြည့်ပြီး ငြိမ်သက်နေ၏။

အခြေအနေက မင်းသမီးနှင့် ချူဖုန်းတို့ကို မှင်တက်သွားစေသည်။

‘သူတို့ ဘာလို့ ရုတ်တရက် ကြောက်သွားရတာလဲ’

ချူဖုန်း ထပ်ပြောသည်။ သူ့လေသံက မထီမဲ့မြင်မှုများနှင့် မောက်မာမှုများ ယှက်သန်းနေသည်။

“မင်းတို့အားလုံး မင်းသမီးမြောင်ယွီနဲ့ လက်မထပ်ချင်ကြတော့ဘူးလား”

All Chapters