← Chapters

အခန်း ၅၃၅

Vol. 54 Ch. 535

အခန်း ၅၃၅

Vol. 54 Ch. 535

အခန်း (၅၃၅)

ထိုစကားများကို ကြားတော့ ပွဲကြည့်ပရိသတ်များအားလုံး ပင့်သက်ရှိုက်လိုက်မိကြ၏။

ရန်စမှုက အလွန် သိသာလွန်းနေပြီး မင်းတို့အားလုံး ဘာလို့ ဒီလောက် သတ္တိကြောင်နေရတာလဲဟု ပြောထွက်လုနီးနီးပင်။

အဓိအင်အားစု အသီးသီး၏ တုံ့ပြန်မှုများကို သူတို့ သိချင်နေကြ၏။

သို့သော် ထိုသူ့စွမ်းအားကို မျက်မြင်တွေ့ပြီးနောက် မည်သူကမျှ သူတို့အတွေးများကို ဖွင့်ဟမပြောကြဘဲ တိတ်ဆိတ်စွာသာ စောင့်ကြည့်နေကြသည်။

ထိုအချိန်မှာပင် ချင်းကျိုးမြေခွေးမျိုးနွယ်၏ ခေါင်းဆောင်ငယ် မတ်တပ်ရပ်ကာ လက်သီးဆုပ် ဂါရဝပြုပြီး ပြုံးကာ ပြောလိုက်၏။ “အကြီးအကဲချူက များပြားတဲ့ နတ်ဘုရားစွမ်းရည်တွေကို ပိုင်ဆိုင်ထားတာပါ။ ကျွန်တော်တို့ ဂျူနီယာတွေ စီနီယာဆီကနေ မိန်းမတစ်ယောက်ကို ဘယ်လိုလုပ် လုယူရဲမှာလဲ”

သူ စကားပြောပြီးသည်နှင့် အရှေ့ပင်လယ်နဂါးနန်းတော်၏ သတ္တမမင်းသားကလည်း မတ်တပ်ရပ်ကာ လက်သီးဆုပ်၍ ထောက်ခံပြောဆိုလိုက်သည်။ “အမှန်ပါပဲ။ သူတော်စင်တစ်ပါး မရှိရင် မိုးမြေက နံပါတ်တစ်ဆိုတာကို လောကကြီးမှာ ဘယ်သူက မသိဘဲ နေမှာလဲ။ သူတော်စင်တစ်ပါး ရောက်လာရင်တောင် စီနီယာရိုက်နှက်တာကို ခံရမှာပါ။ ကျွန်တော်တို့ စင်ပေါ်တက်ပြီး ကိုယ့်ကိုယ်ကိုယ် အရူးမလုပ်ချင်ပါဘူး”

၎င်းကိုကြားတော့ တောင်ပင်လယ် နဂါးနန်းတော်၏ အဋ္ဌမမင်းသားနှင့် ကျင်းချီမျိုးနွယ်၏ ခေါင်းဆောင်ငယ်တို့ မျက်နှာအမူအရာ ချက်ချင်း ပြောင်းလဲသွားကြ၏။

အင်အားစုနှစ်ခု ဘာကြောင့် မလှုပ်ရှားခဲ့ကြသလဲ ဆိုတာ သူတို့ နောက်ဆုံးတွင် နားလည်သွားခဲ့ကြသည်။ သူတို့ ထိုလူငယ်လေး၏ သရုပ်မှန်ကို စောစောကတည်းက သိနေကြခြင်း ဖြစ်သည်။

‘ဘာလို့ စောစောက မပြောခဲ့ကြတာလဲ’

သူတို့ ဒေါသထွက်သွားကြ၏။

တောင်ပင်လယ်နဂါးနန်းတော်၏ အဋ္ဌမမင်းသား မျက်နှာချိုသွေးကာ ပြောလိုက်သည်။

“အမှန်ပါပဲ။ ကျွန်တော်တို့ မဟာပဏ္ဍိတမိုးမြေ ရဲ့ လုပ်ဆောင်ချက်တွေကို နားထောင်ပြီး ကြီးပြင်းလာခဲ့ရတာပါ။ အကယ်၍ စီနီယာက ကျွန်တော်တို့ကို လမ်းညွှန်မှုတချို့ ပေးချင်တယ်ဆိုရင် စင်ပေါ်တက်ဖို့ ဆန္ဒရှိပေမဲ့ ခင်ပွန်းရွေးချယ်တဲ့ သိုင်းပြိုင်ပွဲအတွက်ကတော့ လုံးဝ မဖြစ်နိုင်ပါဘူး”

ကျင်းချီမျိုးနွယ်စု၏ ခေါင်းဆောင်ငယ်က ဆက်ပြောလိုက်၏။

“ခုနက ကျွန်တော့်တို့တျန်ဟွေ့က နည်းနည်း လက်လွန်သွားပါတယ်။ မဟာပဏ္ဍိတမိုးမြေ ကျွန်တော်တို့ကို ခွင့်လွှတ်ပေးဖို့ မျှော်လင့်ပါတယ်”

လူလေးယောက်ထံမှ မျက်နှာချိုသွေးသည့် စကားများကို နားထောင်ရင်း ချူဖုန်း၏ အပြုံး ချက်ချင်း အေးခဲသွား၏။ ၎င်းမှာ သူတို့ သတ္တိကြောင်သောကြောင့် မဟုတ်ပေ။

ယင်းအစား ထိုသူများ ပို၍ သတိကြီးလာကြခြင်း ဖြစ်၏။

‘ငါ့လုပ်ဆောင်ချက်တွေကို နားထောင်ပြီး ကြီးပြင်းလာခဲ့တယ်ဆိုတာ ဘာအဓိပ္ပာယ်လဲ။ ငါက အသက်တစ်ရာတောင် မပြည့်သေးဘူး။ မင်းတို့တစ်ယောက်ချင်းစီက နှစ်တစ်ထောင် သက်တမ်းရှိတဲ့ နတ်ဆိုးအိုကြီးတွေဟ’

‘ငါ အတိတ်ဘဝက ပွေရှုပ်ခဲ့တဲ့ အကြောင်းတွေကို မင်းတို့ ကြားဖူးထားကြတာများလား’

သူ စဉ်းစားမိ၏။

အောက်ဘက်ရှိ ပွဲကြည့်ပရိသတ်များ အင်အားစုကြီး လေးခုမှ လူများ၏ စကားများကို ကြားတော့ ထိတ်လန့်သွားသည့် အမူအရာများကို ဖော်ပြလာကြသည်။

ပွဲကြည့်ရသည်ကို သဘောကျသော အချို့ လေးစားစွာဖြင့် ပြောလိုက်ကြ၏။ “မဟာပဏ္ဍိတမိုးမြေကို ကျွန်တော်တို့ ဂါရဝပြုပါတယ်”

ထိုစကားများ ထွက်ပေါ်လာသည်နှင့် ပတ်ဝန်းကျင်ရှိ ပွဲကြည့်သူများကလည်း ဝင်ရောက်ပါဝင်လာကြသည်။

“မဟာပဏ္ဍိတမိုးမြေကို ကျွန်တော်တို့ ဂါရဝပြုပါတယ်”

“မဟာပဏ္ဍိတမိုးမြေ လောကမှာ ပြိုင်ဘက်ကင်းပြီး နံပါတ်တစ်ပါ”

“…”

မူလက ချူဖုန်းနှင့်ပတ်သက်၍ အနည်းငယ် တွေဝေနေသော မင်းသမီးမြောင်ယွီပင် သူ မည်သူဖြစ်ကြောင်း သိလိုက်ပြီးနောက် သူမ လှပသော မျက်လုံးများထဲတွင် စိတ်လှုပ်ရှားမှု အရိပ်အယောင် အနည်းငယ်ကို ဖော်ပြလာ၏။

မဟာပဏ္ဍိတမိုးမြေကို လက်ထပ်လိုက်ခြင်းက သူမအတွက် ဆိုးရွားသော ကိစ္စတစ်ခု မဟုတ်ပေ။

‘အာ ဒါက ဘယ်လိုဖြစ်သွားတာလဲ’

ချူဖုန်း တွေးလိုက်မိ၏။

ချူဖုန်း မှင်တက်သွားသည်။ သူ ပွဲကြည့်ဖို့လာသော်လည်း ယခုတော့ မိန်းမတစ်ယောက် ရသွားကြောင်း သဘောပေါက်လိုက်၏။

သူ ပရိသတ်စင်မြင့်တွင် ထိုင်နေသော မဟာပဏ္ဍိတရွှေတောင်ပံကို ကြည့်လိုက်မိသည်။

ထိုသူက ချူဖုန်း၏ အကြည့်ကို ခံစားမိသော်လည်း မမြင်ယောင်ဆောင်ကာ သူ့ဘေးရှိ မင်းသမီးပိုင်ယွီ နှင့် စတင်စကားပြောနေတော့သည်။

‘ထားလိုက်ပါတော့လေ’

သူ စိတ်လျော့လိုက်၏။

ချူဖုန်း သင်တင့်လျောက်ပတ်စွာ နေထိုင်တတ်သူပင်။ ဤကမ္ဘာကြီးက ဇနီးမယားနှင့် ကိုယ်လုပ်တော်များစွာ ထားရှိနိုင်သော ကမ္ဘာတစ်ခုဖြစ်သဖြင့် သူ ဓလေ့ထုံးစံများနှင့်အညီ ပြုမူနေထိုင်သွားမည်ဖြစ်သလို မင်းသမီးမြောင်ယွီကလည်း ရှားပါးအလှလေး တစ်ဦးဖြစ်သည်။

ခံစားချက်များကတော့ ဖြည်းဖြည်းချင်း ပျိုးထောင်နိုင်ပြီး ရင်းနှီးကျွမ်းဝင်မှုမှတစ်ဆင့် ချစ်ခင်ကြင်နာမှုများ ဖြစ်ပေါ်လာနိုင်၏။

သူ မင်းသမီးမြောင်ယွီ ထိုင်နေသော စင်မြင့်ကို ကြည့်လိုက်သည်။

မင်းသမီးမြောင်ယွီ ချူဖုန်း၏ အကြည့်ကို ခံစားမိလိုက်ပြီး သူမ မျက်နှာက အနည်းငယ် နီရဲသွားသော်လည်း ကံကောင်းထောက်မစွာ မျက်နှာဖုံးဇာပုဝါကို ဝတ်ဆင်ထားသဖြင့် မည်သူမျှ ၎င်းကို မမြင်တွေ့နိုင်ချေ။

သူမ ဖြည်းညှင်းစွာ မတ်တပ်ရပ်ပြီး ပြောလိုက်သည်။ “သူရဲကောင်းတို့အားလုံး တာအိုရောင်းရင်းမိုးမြေကို ပြိုင်ဘက်ကင်းတယ်လို့ ယုံကြည်နေကြမှတော့ ဒီမင်းသမီး ခင်ပွန်းရွေးချယ်တဲ့ သိုင်းပြိုင်ပွဲရဲ့ အနိုင်ရသူဟာ မဟာပဏ္ဍိတမိုးမြေ ဖြစ်တယ်လို့ ကြေညာပါတယ်”

သူမ စကားများ အဆုံးသတ်သွားသည်နှင့် ကွမ်ဟိုင်တောင်ထွတ်ပေါ်တွင် အားပေးဟစ်ကြွေးသံများ ပေါက်ကွဲထွက်ပေါ်လာ၏။

လူတိုင်း ပွဲလာကြည့်ကြခြင်းသာဖြစ်ပြီး နောက်ဆုံးတွင် မည်သူ အလှလေးကို ရရှိသွားသလဲဆိုတာ သူတို့အတွက် အရေးမကြီးပေ။ အရေးအကြီးဆုံးအချက်မှာ ယနေ့ သူတို့ မျက်မြင်တွေ့ခဲ့ရသောအရာများက သူတို့အနာဂတ်တွင် ပြောစမှတ်ပြုလာမည့်အရာများ ဖြစ်လာမည်ဆိုသည့် အချက်ပင်။

မင်းသမီးမြောင်ယွီ ဖြည်းညှင်းစွာ ပြုံးကာ ပြောလိုက်၏။ “တာအိုရောင်းရင်းမိုးမြေ ကျေးဇူးပြုပြီး နေရာယူပါ”

“အင်း”

သူ့စိတ်ခံစားချက်များကို ချိန်ညှိပြီးနောက် ချူဖုန်း မင်းသမီးမြောင်ယွီ ရှိရာသို့ တစ်လှမ်းတည်းဖြင့် ပျံသန်းသွားပြီး သူမဘေးတွင် ပေါ့ပေါ့ပါးပါး ဝင်ထိုင်လိုက်သည်။

မင်းသမီးမြောင်ယွီ ဆက်ပြောလိုက်၏။

“ခင်ပွန်းရွေးချယ်တဲ့ သိုင်းပြိုင်ပွဲက ဒီမှာတင် ပြီးဆုံးပါပြီ။ ဒီနေ့ညနေပိုင်းမှာ ကျွန်မတို့ ယွင်လော်ကျွန်းက ယွင်ယို့နန်းတော်မှာ စားသောက်ပွဲတစ်ခု ကျင်းပမှာဖြစ်လို့ တာအိုရောင်းရင်းတို့ အားလုံး တက်ရောက်ဖို့ ဖိတ်ကြားပါတယ်”

“နားလည်ပါပြီ”

လူတိုင်း လေးစားစွာ ပြန်လည်ဖြေကြားလိုက်ကြသည်။

သို့သော် မင်းသမီးမြောင်ယွီ သူမဘေးရှိ ချူဖုန်းကို ကြည့်ကာ ပြောလိုက်၏။

“တာအိုရောင်းရင်း ခင်ပွန်းရွေးချယ်တဲ့ သိုင်းပြိုင်ပွဲရဲ့ စည်းမျဉ်းတွေအရ ရှင်နဲ့ကျွန်မ ဒီနေ့ လက်ထပ်ရမှာပါ။ မင်္ဂလာဝတ်စုံ သွားလဲဖို့ ကျွန်မတို့ ယွင်လော်ကျွန်းက တပည့်တွေနဲ့အတူ ကျေးဇူးပြုပြီး လိုက်သွားပေးပါ”

“ပြဿနာ မရှိပါဘူး”

၎င်းက ကြီးမားသောကိစ္စ မဟုတ်သောကြောင့် ချူဖုန်း မစဉ်းစားဘဲ သဘောတူလိုက်သည်။

နာရီအနည်းငယ် အကြာတွင်

ယွင်ယို့နန်းတော်တွင် မီးပုံးများနှင့် တံခွန်များဖြင့် အလှဆင်ထားပြီး ပျော်ရွှင်ဖွယ် လေထုဖြင့် ပြည့်နှက်နေသည်။

ယွင်လော်ကျွန်းတစ်ခုလုံး ပျော်ရွှင်မှု ပင်လယ်ပြင်ကြီးအဖြစ်သို့ ပြောင်းလဲသွား၏။

မင်းသမီးမြောင်ယွီ လောကတွင် အကြီးမြတ်ဆုံးသော မဟာပဏ္ဍိတကို လက်ထပ်မည်ဆိုသည့် သတင်းက လူတိုင်း၏ နားထဲသို့ ချက်ချင်း ရောက်ရှိသွားသည်။

ယွင်လော်ကျွန်းပေါ်ရှိ လူတိုင်း သမက်နှင့် ပတ်သက်၍ အလွန် ကျေနပ်နေကြ၏။

သူတို့နှစ်ဦး လက်ထပ်ပြီးသည်နှင့် ယွင်လော်ကျွန်းကို ကာကွယ်ပေးမည့် သူတော်စင်တစ်ပါး ရှိနေပြီဟု အဓိပ္ပာယ်ရကာ ယွင်လော်ကျွန်းကို ပြဿနာလာရှာလိုသည့် မည်သည့်အင်အားစုမဆို နှစ်ကြိမ်ပြန်လည် စဉ်းစားရမည် ဖြစ်သည်။

“မင်္ဂလာအချိန်အခါ ကျရောက်လာပါပြီ။ သတို့သားနဲ့ သတို့သမီးကို ကျေးဇူးပြုပြီး ကြိုဆိုပေးကြပါ”

အခမ်းအနားမှူး၏ ကျယ်လောင်သော အသံ ထွက်ပေါ်လာ၏။

မင်္ဂလာပွဲ အချိန်ကိုက် စတင်ပြီး လုပ်ငန်းစဉ်များ အလွန် ရှုပ်ထွေးသော်လည်း ချူဖုန်း စိတ်ထဲမထားပေ။

ညဉ့်နက်ချိန်သို့ ရောက်မှသာ ချူဖုန်းနှင့် မင်းသမီးမြောင်ယွီတို့ မင်္ဂလာအခန်းထဲသို့ အတူတကွ ဝင်ရောက်သွားကြ၏။

မင်္ဂလာအခန်းအတွင်း၌ အနီရောင် ဖယောင်းတိုင်များ တဖျပ်ဖျပ် တောက်ပနေပြီး အခန်းတစ်ခုလုံး အနီရောင်ဖြင့် လွှမ်းခြုံထားသည်။

သူ့ခန္ဓာကိုယ်ထဲမှ အရက်အရှိန်ကို ဖယ်ရှားပြီးနောက် ချူဖုန်း အခန်းကန့်လန့်ကာနောက်ကွယ်ရှိ မင်းသမီးမြောင်ယွီဆီသို့ လျှောက်သွား၏။

အခန်းကန့်လန့်ကာကို ဖြတ်သန်းသွားချိန် အစေခံမလေး နှစ်ဦး သူ့ကို ဦးညွှတ်ကာ ပြောလိုက်သည်။

“တော်ဝင်သမက်တော်ကို ဂါရဝပြုပါတယ်”

ချူဖုန်း သူ့လက်ကို ဝှေ့ယမ်းလိုက်၏။

“မင်းတို့အားလုံး ထွက်သွားလို့ရပြီ။ ဒီမှာ အလုပ်အကျွေးပြုဖို့ မလိုတော့ဘူး”

၎င်းကိုကြားတော့ အစေခံမလေးနှစ်ဦး ဒုက္ခရောက်နေသည့် အမူအရာများကို ဖော်ပြလာပြီး စကားပြောချင်သော်လည်း တွေဝေနေသည့်ပုံ ပေါက်သွားသည်။

ကံကောင်းထောက်မစွာ ထိုအခိုက်တွင် မင်္ဂလာကုတင်ပေါ်၌ ထိုင်နေသော မင်းသမီးမြောင်ယွီ စကားဆိုလာ၏။ “တော်ဝင်သမက်တော် ပြောတဲ့အတိုင်း နားထောင်ပြီး အခု လောလောဆယ် ထွက်သွားလိုက်ကြပါ”

“နားလည်ပါပြီ”

အစေခံမလေးနှစ်ဦး ပြန်လည်ဖြေကြားပြီးနောက် မင်္ဂလာအခန်းထဲမှ ထွက်ခွာသွားကြသည်။

၎င်းက ထုံးစံနှင့် မညီသော်လည်း သူမကိုယ်တိုင် စကားဆိုလာသဖြင့် အစေခံမလေးများ မင်းသမီး၏ အမိန့်ကို မဖီဆန်ရဲကြပေ။

သူတို့အားလုံး ထွက်သွားပြီးနောက် ချူဖုန်း မင်းသမီးမြောင်ယွီ ရှေ့သို့ ဖြည်းညှင်းစွာ လျှောက်သွားပြီး အနီးရှိ ကျောက်စိမ်းရူယီကို ကောက်ယူကာ မင်းသမီးမြောင်ယွီ ၏ အနီရောင် မျက်နှာဇာပုဝါကို မတင်လိုက်၏။ ထိုအခါ ရင်သပ်ရှုမောဖွယ် လှပသော မျက်နှာတစ်ခု ချူဖုန်း ရှေ့တွင် ပေါ်လာသည်။

ချူဖုန်း ဘဝနှစ်ခုစလုံးတွင် မရေမတွက်နိုင်သော အလှလေးများကို မြင်တွေ့ဖူးသော်လည်း မင်းသမီးမြောင်ယွီ ၏ မျက်နှာကို မြင်သောအခါ သူ ငါးစက္ကန့်မျှ မိန်းမောသွားသည်။

မင်းသမီးမြောင်ယွီ အလှတရားနှင့် ပင်းယန် အလှတရားတို့မှာ လုံးဝ ကွဲပြားခြားနားသော အမျိုးအစားနှစ်ခု ဖြစ်၏။

ပထမတစ်ဦးမှာ ဖူးပွင့်နေသော ပီအိုနီပန်းကဲ့သို့ မြင့်မြတ်လှပပြီး ဒုတိယတစ်ဦးမှာ လူအများနှင့် မိုင်တစ်ထောင်အကွာဝေးမှ တျန်ရှန်း နှင်းကြာပန်းနှယ် တူ၏။

ချူဖုန်း မင်းသမီးမြောင်ယွီ လက်ကို ကိုင်ကာ ပြောလိုက်သည်။

“ချစ်ဇနီးလေး မင်္ဂလာသေရည် သောက်ရမဲ့ အချိန်ရောက်ပြီ”

“အင်း”

မင်းသမီးမြောင်ယွီ ကြီးပြင်းလာပြီးနောက်ပိုင်း အမျိုးသားတစ်ဦး၏ ကိုင်တွယ်ခြင်းကို ပထမဆုံးအကြိမ် ခံရသဖြင့် သူမ ပါးပြင်များ အလိုအလျောက် နီရဲသွား၏။

သူတို့နှစ်ဦး စားပွဲဆီသို့ လျှောက်သွားပြီး ထိုင်လိုက်သည်။ မင်းသမီးမြောင်ယွီ ချူဖုန်းအတွက် သေရည်ကို တက်ကြွစွာ ငဲ့ပေးလိုက်၏။

သူတို့နှစ်ဦး စားပွဲပေါ်ရှိ သေရည်ခွက်ကို မြှောက်လိုက်ကြပြီး လက်ချိတ်ကာ မင်္ဂလာအရက်ကို စတင်သောက်သုံးလိုက်ကြ၏။

ချူဖုန်း ပြုံးကာ ပြောလိုက်သည်။

“ချစ်ဇနီးလေး ကျန်ရှိနေတဲ့ ဘဝတစ်လျှောက်လုံး ကိုယ့်ကို ကျေးဇူးပြုပြီး လမ်းညွှန်ပေးပါ”

“အင်း”

မင်းသမီးမြောင်ယွီ ပြန်လည်ဖြေကြားလိုက်ပြီး သူတို့နှစ်ဦးစလုံး သေရည်ခွက်ကို မော့သောက်လိုက်ကြ၏။

သူမ သေရည်ခွက်ခွက်ကို ချကာ ပြောလိုက်သည်။ “ခင်ပွန်း အနားယူဖို့ ကျွန်မ ပြုစုပေးပါ့မယ်”

“နေဦး”

ချူဖုန်း စကားဆိုလိုက်ပြီး မင်းသမီးမြောင်ယွီ နောက်ထပ် လှုပ်ရှားမှုကို ဟန့်တားလိုက်သည်။

All Chapters