← Chapters

အခန်း ၅၃၉

Vol. 54 Ch. 539

အခန်း ၅၃၉

Vol. 54 Ch. 539

အခန်း (၅၃၉)

ညနေခင်းအချိန်

မင်းသမီးမြောင်ယွီအိမ်တော်အတွင်း၌ ဗုဒ္ဓအလင်းတန်းများ ပျောက်ကွယ်သွားသည်။

ဒေါင်းမျိုးနွယ်၏ ဘိုးဘေးများ ပျောက်ကွယ်သွားသော ဗုဒ္ဓအလင်းတန်းများကို ကြည့်ရင်း ပျော်ဝင်ရစ်မူးနေကြ၏။

သူတို့အားလုံး ချူဖုန်းကို လက်သီးဆုပ်ကာ ဂါရဝပြုလိုက်သည်။

“လမ်းညွှန်မှုအတွက် မဟာပဏ္ဍိတမိုးမြေကို ကျေးဇူးတင်ပါတယ်”

ချူဖုန်း ပြုံးကာ ဦးညွှတ်လိုက်၏။

“စီနီယာတို့ ကြင်နာလွန်းပါတယ်။ ကျွန်တော်တို့အားလုံးက မိသားစုတွေပါ။ ဒီလို ကိစ္စသေးသေးလေးကို မှတ်ထားစရာ မလိုပါဘူး”

ထိုစကားများက အကြီးအကဲများ၏ နှလုံးသားများကို နွေးထွေးသွားစေသည်။ မင်းသမီးမြောင်ယွီ မဟာပဏ္ဍိတမိုးမြေကို လက်ထပ်တော့မည်ဟု သိလိုက်ချိန်တွင် မင်းသမီးမြောင်ယွီ ယွင်လော်ကျွန်းမှ ထွက်ခွာသွားပြီးနောက် သူတို့ဒေါင်းမျိုးနွယ်နှင့် အဆက်အသွယ် ပြတ်တောက်သွားမည်ကို သူတို့ အနည်းငယ် စိုးရိမ်နေကြသည်။

မဟာပဏ္ဍိတမိုးမြေ နတ်ဘုရားအဆင့် ဗုဒ္ဓကျမ်းစာကို သူတို့အား တကယ်ကြီး လေ့လာခွင့်ပြုလိမ့်မည်ဟု မမျှော်လင့်ထားကြချေ။

ဗုဒ္ဓကျမ်းစာသည် သူတို့ကို သူတော်စင်တစ်ပါးမဖြစ်စေသော်လည်း တာအိုအနှစ်သာရတစ်‌ခုတော့ ပို၍ နားလည်သွားစေ၏။

အဘွားအို ပြောလိုက်၏။

“ဒါဆိုရင် မဟာပဏ္ဍိတမိုးမြေနဲ့ မြောင်ယွီကို ငါတို့ မနှောင့်ယှက်တော့ဘူး”

မဟာပဏ္ဍိတများ ထွက်သွားပြီးနောက် မဟာပဏ္ဍိတရွှေတောင်ပံ ရှေ့သို့ထွက်လာကာ ပြောလိုက်သည်။

“အစ်ကိုကြီး ပိုင်ယွီနဲ့ကျွန်တော် ခင်ဗျားတို့ဇနီးမောင်နှံ ချစ်ကြည်နူးတာကို မနှောင့်ယှက်တော့ဘူး”

“အင်း”

ချူဖုန်း ခေါင်းအသာ ညိတ်ပြလိုက်၏။

“ ပိုင်ယွီ သူ့ကျင့်ကြံခြင်းနဲ့ ပတ်သက်ပြီး မေးစရာရှိရင်လည်း ငါ့ဆီလာပြီး မေးလို့ရပါတယ်”

“ကျေးဇူးတင်ပါတယ် အစ်ကိုကြီး။ အစ်ကိုကြီးက ကျွန်တော့် ဖအေမတူ အမေကွဲ အစ်ကိုကြီးပဲ”

မဟာပဏ္ဍိတရွှေတောင်ပံ စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

ကိုယ့်တာအိုလက်တွဲဖော်ကို ထိပ်တန်း မဟာပဏ္ဍိတတစ်ပါး မည်သူမဆို ‌ဖြစ်‌စေချင်ကြ၏။

“ကောင်စုတ်လေး ငါ့ကို ဘယ်လို ဖားရမလဲဆိုတာပဲ သိတယ်”

ချူဖုန်း ထိုကောင်လေးကို လက်သီးဖြင့် တစ်ချက်ထိုးကာ ပြောလိုက်သည်။

မဟာပဏ္ဍိတရွှေတောင်ပံ ရယ်မောလိုက်ပြီး မင်းသမီးပိုင်ယွီနှင့်အတူ ထွက်ခွာသွား၏။

မင်းသမီးမြောင်ယွီ သူမကျင့်စဉ်ထဲတွင် နစ်မြုပ်နေပြီး အပြည့်အဝ သတိမဝင်လာသေးပေ။ လူတိုင်း ထွက်ခွာသွားပြီးမှသာ ချူဖုန်းကို ကြည့်လိုက်၏။

“ယောက်ျား ရှင် အရမ်း အံ့သြဖို့ကောင်းတာပဲ”

ချူဖုန်း ပြုံးကာ ပြောလိုက်၏။ “ဒါ ဘာမှမဟုတ်ဘူး။ စကားထဲ ထည့်ပြောနေရမဲ့ကိစ္စ မဟုတ်ပါဘူး။ ဇနီးလေးက ကိုယ့်ဗုဒ္ဓကျမ်းစာနဲ့ ပတ်သက်ပြီး ဘယ်လိုထင်လဲဆိုတာသိချင်တယ်”

“ဒါက ကျွန်မအတွက် သီးသန့် ဖန်တီးထားတာပဲ။ ဒီဗုဒ္ဓကျမ်းစာနဲ့ဆိုရင် နောက်နှစ်ဝက်အတွင်းမှာ ကျွန်မ သူတော်စင်တစ်ပိုင်းအဆင့်ကို သေချာပေါက် တက်နိုင်လိမ့်မယ်”

မင်းသမီးမြောင်ယွီ စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

ချူဖုန်း ပြောလိုက်၏။ “ဒါဆိုရင် ကိုယ်တို့ ယွင်လော်ကျွန်းပေါ်မှာပဲ သူတော်စင်တစ်ပိုင်းအဆင့်ကို တက်ကြတာပေါ့”

“တကယ်လား” မင်းသမီးမြောင်ယွီ မေးလိုက်သည်။

ချူဖုန်း ပြောလိုက်၏။

“သေချာပေါက် တကယ်ပေါ့။ ဘာပဲဖြစ်ဖြစ် မင်းက ယွင်လော်ကျွန်းရဲ့ အဖွဲ့ဝင်တစ်ယောက်လေ။ ဒီမှာ မဟာပဏ္ဍိတတစ်ပါး ဖြစ်လာတာကလည်း ယွင်လော်ကျွန်းအတွက် ကြီးမားတဲ့ အဖြစ်အပျက်တစ်ခုပဲ”

“ယောက်ျား အခုလို စဉ်းစားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်”

မင်းသမီးမြောင်ယွီ ပျော်ရွှင်သော မျက်နှာဖြင့် ပြောလိုက်၏။ ယွင်လော်ကျွန်းတွင် ရာစုနှစ်များစွာ ကြာသည့်တိုင် သူတော်စင်တစ်ပိုင်းအဆင့်သို့ တက်နိုင်သော ကျင့်ကြံသူ မရှိခဲ့ပေ။

အကယ်၍ သူမ သူတော်စင်တစ်ပိုင်းအဆင့်သို့ တက်နိုင်ပါက ပတ်ဝန်းကျင်ရှိ အင်အားစုများလည်း သူတို့အပေါ် သတိထားသွားမည်ဖြစ်ကာ သူမတွင် မဟာပဏ္ဍိတမိုးမြေ ကဲ့သို့သော ခင်ပွန်းရှိနေသည့်အချက်ကိုသာ ကြောက်နေတော့မည့်မဟုတ်ပေ။ သူမကိုလည်း သတိထားမိလာပေလိမ့်မည်။

ချူဖုန်း ပြုံးကာ ပြောလိုက်သည်။

“စိတ်အေးအေးထားပြီး ကျင့်ကြံပါ။ နားမလည်တာ တစ်ခုခုရှိရင် ကိုယ် မင်းအတွက် တစ်ခုချင်းစီ ဖြေပေးနိုင်တယ်”

“အင်း”

မင်းသမီးမြောင်ယွီ ပြန်ဖြေကြားပြီးနောက် အစားအသောက်များ ပြင်ဆင်ရန် သူမ အစေခံများကို ညွှန်ကြားလိုက်၏။

ထိုညနေခင်းတွင် ဗုဒ္ဓနတ်ဘုရားစွမ်းရည်တစ်ခု မင်းသမီးမြောင်ယွီအိမ်တော်၌ ပေါ်ထွက်လာခဲ့သည်ဆိုသော သတင်း ယွင်လော်ကျွန်းသို့ ပျံ့နှံ့သွားသည်။

မရေမတွက်နိုင်သော ကျင့်ကြံသူများ မင်းသမီးမြောင်ယွီထံ လာရောက်လည်ပတ်ချင်ကြသော်လည်း ထိုညတွင် ဘိုးဘေးနယ်မြေမှ ဘိုးဘေးများ ယွင်လော်ကျွန်းပေါ်ရှိ မည်သည့် ကျင့်ကြံသူကိုမျှ မင်းသမီးမြောင်ယွီ၏ ကျင့်ကြံခြင်းကို မနှောင့်ယှက်စေရန် အမိန့်ထုတ်ပြန်ခဲ့၏။

ကျင့်ကြံသူများ ထိုအမိန့်နှင့်ပတ်သက်၍ ဇဝေဇဝါဖြစ်နေကြသော်လည်း မည်သူကမျှ မဖီဆန်ရဲကြဘဲ မင်းသမီးမြောင်ယွီ ထွက်ပေါ်လာမည့်အချိန်ကိုသာ စောင့်ဆိုင်းနိုင်ကြသည်။

မင်းသမီးမြောင်ယွီ ဗုဒ္ဓကျမ်းစာကို နားလည်သဘောပေါက်ရန် တံခါးပိတ်ကျင့်ကြံသွားသဖြင့် ချူဖုန်း၏ ဘဝက နောက်တစ်ကြိမ် ပြန်လည် အေးချမ်းသွား၏။

လူတိုင်း၏ ကျင့်ကြံခြင်းကို ရံဖန်ရံခါ လမ်းညွှန်ပေးသည့်အပြင် သူ တပည့်မလေးနှစ်ယောက်ကို အပြင်ထွက်ကစားရန် ခေါ်သွားတတ်သည်။

သူသည် ယခုအခါ ယွင်လော်ကျွန်း၏ တော်ဝင်သမက်တော် ဖြစ်နေပြီဖြစ်ကာ သူ ဘယ်နေရာသွားသွား မည်သူကမျှ တားဆီးမည် မဟုတ်ပေ။

သုံးလအကြာတွင် ရင်းနှီးနေသော အသံတစ်သံ ချူဖုန်း၏ စိတ်ထဲမှ ထွက်ပေါ်လာသည်။

“လက်ခံသူ၏ တာအိုလက်တွဲဖော်ပင်းယန် ဓားတာအို အနှစ်သာရ အနည်းငယ်ကို နားလည်သဘောပေါက်သွားပါပြီ။ လက်ခံသူကို တာအိုအနှစ်သာရ ဆယ်ဆုချီးမြှင့်ပါတယ်”

ဟင်

မိုင်ထောင်ချီအကွာမှ ပင်းယန် အရင်ဆုံး အဆင့်တက်သွားလိမ့်မည်ဟု ချူဖုန်း မမျှော်လင့်ထားသော်လည်း ပင်းယန် သူမ အပြန်ခရီးစဉ်တွင် ရတနာများစွာ ရရှိခဲ့သဖြင့် ၎င်းက မျှော်လင့်ထားသင့်သည့် ကိစ္စတစ်ခုပင်။

“ဇနီးလေးတို့ မင်းတို့ယောကျာ်း မင်းတို့ကို ပိုကောင်းကောင်း ကာကွယ်ပေးနိုင်ဖို့ မင်းတို့ ပိုပြီး ကြိုးစားကြရမယ်”

သူ့စိတ်ထဲတွင် သက်ပြင်းချပြီးနောက် ငါးမျှားတံကို ကောက်ယူကာ တပည့်လေး နှစ်ယောက်ကို ခေါ်ပြီး ပင်လယ်နားတွင် ငါးမျှားရန် မင်းသမီးမြောင်ယွီ၏ ရထားလုံးပေါ်သို့ တက်လိုက်၏။

အေးချမ်းသော နေ့ရက်များ အမြဲတမ်း ရှည်လျားသည်။

ယွင်လော်ကျွန်းပေါ်တွင် သူ ဘယ်လောက်ကြာကြာ နေထိုင်ခဲ့သလဲဆိုတာ ချူဖုန်း မသိခဲ့ချေ။

မနက်ခင်းတစ်ခု သူ အိပ်မက်မက်နေစဉ် ရင်းနှီးနေသော စနစ်၏ စက်ရုပ်အသံက သူ့စိတ်ထဲတွင် နောက်တစ်ကြိမ် ထွက်ပေါ်လာခဲ့သည်။

“လက်ခံသူ၏ တာအိုလက်တွဲဖော် မင်းသမီးမြောင်ယွီ ဗုဒ္ဓတာအိုအနှစ်သာရကို နားလည်သဘောပေါက်သွားပါပြီ။ လက်ခံသူကို တာအိုအနှစ်သာရ ဆယ်ခု ဆုချီးမြှင့်ပါတယ်”

ချူဖုန်း ဤအသံကို ကြားသောအခါ သိပ်ပြီး စိတ်မဝင်စားပေ။

သူ ဆက်အိပ်ရန် ရည်ရွယ်လျက် တစ်ဖက်သို့ လှည့်လိုက်သော်လည်း ချက်ချင်း မျက်လုံးများ ပွင့်လာပြီး တီးတိုးရေရွတ်လိုက်သည်။

“မြောင်ယွီ ဗုဒ္ဓတာအိုအနှစ်သာရကို နားလည်သဘောပေါက်သွားပြီ။ ဒါက သူ သူတော်စင်တစ်ပိုင်းအဆင့်ကို တက်တော့မယ်လို့ အဓိပ္ပာယ်ရတာ မဟုတ်ဘူးလား”

ထိုသို့ပြောပြီးနောက် ချူဖုန်း ကုတင်ပေါ်မှ ခုန်ဆင်းကာ ကိုယ်လက်သန့်စင်ပြီး သူ့အခန်းထဲမှ ထွက်လာ၏။

သူ မင်းသမီးအိမ်တော် နောက်ဖေးရှိ ကျောက်တောင်တုတစ်ခုဆီသို့ တိုက်ရိုက် လျှောက်သွားသည်။

သူ ကျောက်တောင်တုနား ရောက်ရှိသည်နှင့် ကလစ်ခနဲ မြည်သံတစ်ခုကို ကြားလိုက်ရပြီး ကျောက်တောင်တု ယန္တရား ဖြည်းညှင်းစွာ ပွင့်လာသည်ကို မြင်လိုက်ရ၏။

မင်းသမီးမြောင်ယွီ အထဲမှ ထွက်လာသည်။

မင်းသမီးမြောင်ယွီ အံ့အားသင့်သည့် အမူအရာဖြင့် ချူဖုန်းကို ကြည့်ကာ မေးလိုက်၏။

“ယောက်ျား ကျွန်မ တာအိုအနှစ်သာရကို နားလည်သဘောပေါက်သွားတယ်ဆိုတာကို ရှင် ဘယ်လိုလုပ် သိတာလဲ”

ချူဖုန်း ပြုံးကာ ပြန်ဖြေလိုက်သည်။

“ဒါကို စိတ်ဝိညာဉ် ဆက်သွယ်မှုလို့ ခေါ်တယ်။ သူတော်စင်တစ်ပိုင်းအဆင့်ကို ဘယ်နေရာမှာ အဆင့်တက်ဖို့ စီစဉ်ထားလဲ”

မင်းသမီးမြောင်ယွီ ပြောလိုက်၏။

“ဘိုးဘေးနယ်မြေကို သွားဖို့ စီစဉ်ထားတယ်။ ဘာပဲဖြစ်ဖြစ် မင်းသမီးအိမ်တော်မှာ သာမန် ကျင့်ကြံသူတွေ အရမ်းများလွန်းတယ်။ မိုးကြိုးကပ်ဘေးသာ ကျဆင်းလာရင် ပြဿနာတွေ အများကြီး ဖြစ်လာလိမ့်မယ်”

ချူဖုန်း ပြောလိုက်သည်။ “ကောင်းပြီ။ ကိုယ့်တပည့်တွေဆီ သတင်းစကား ပို့လိုက်မယ်။ ပြီးရင် ကိုယ်တို့ ဘိုးဘေးနယ်မြေကို အတူတူ သွားကြတာပေါ့”

“အင်း”

မင်းသမီးမြောင်ယွီ ပြန်ဖြေကြားပြီးနောက် ဘေးတွင် တိတ်ဆိတ်စွာ စောင့်ဆိုင်းနေ၏။

မကြာမီမှာပင် မဟာပဏ္ဍိတရွှေတောင်ပံ၊ ချင်းချင်းနှင့် အခြားသူများ နောက်ဖေးသို့ ရောက်လာကြသည်။

လူတိုင်း စုံရုံးပြီးနောက် သူတို့ ဘိုးဘေးနယ်မြေဆီသို့ ခမ်းနားထည်ဝါစွာ ထွက်ခွာသွားကြ၏။

ဘိုးဘေးနယ်မြေကို စောင့်ကြပ်ရသော ဘုရင်က မင်းသမီးမြောင်ယွီတို့အဖွဲ့ကို ဇဝေဇဝါဖြစ်နေသော အမူအရာဖြင့် ကြည့်လိုက်သည်။

“မင်းသမီး ပြင်ပလူတွေကို ဘိုးဘေးနယ်မြေထဲ ဝင်ခွင့်မပြုထားပါဘူး”

မင်းသမီးမြောင်ယွီ ပြောလိုက်၏။ “ကျွန်မ သူတော်စင်တစ်ပိုင်းအဆင့်ကို တက်တော့မှာပါ။ ဘုရင်ကျင်းကွမ် ကျွန်မ အဆင့်တက်တာကို မတွေ့ချင်လို့များလား”

“အာ”

ဘုရင်ကျင်းကွမ် မှင်တက်သွားသည်။

မင်းသမီးမြောင်ယွီ လက်ထပ်ပြီး နှစ်ဝက်ပင်မပြည့်မီ သူတော်စင်တစ်ပိုင်းအဆင့်သို့ တက်လိမ့်မည်ဟု သူ ဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့ချေ။

“မင်းသမီး ကျွန်တော်မျိုးကို သွားပြီး သတင်းပို့ခွင့်ပြုပါ”

“သွားလေ”

မင်းသမီးမြောင်ယွီ သူ့ကို မတားဆီးပေ။

လက်ဖက်ရည်တစ်ခွက်စာ သောက်ချိန်အကြာတွင် ဒေါင်းမျိုးနွယ်မှ မဟာပဏ္ဍိတများ ဘိုးဘေးနယ်မြေထဲမှထွက်လာကြ၏။

မဟာပဏ္ဍိတများထဲမှ တစ်ပါး ပြောလိုက်သည်။

“မြောင်ယွီ မင်း သူတော်စင်တစ်ပိုင်းအဆင့်ကို တက်တော့မှာဆိုတော့ မျိုးနွယ်စုထဲက တခြား ဘုရင်တွေကိုလည်း လာရောက်ကြည့်ရှုခွင့် ပြုနိုင်မလား”

“ပြုနိုင်တာပေါ့”

မင်းသမီးမြောင်ယွီ ယွင်လော်ကျွန်းအတွက် ပံ့ပိုးကူညီမှုအချို့ကိုလည်း ပြုလုပ်ပေးချင်၏။

ထိုမဟာပဏ္ဍိတ ဆက်ပြောလိုက်သည်။

“ကောင်းပြီ။ ဒါဆို မင်း ဘိုးဘေးနယ်မြေထဲ အရင်ဝင်နှင့်ပါ။ မင်း အဆင့်တက်ဖို့အတွက် ရတနာတွေကို ငါတို့ ပြင်ဆင်ပေးမယ်။ နာရီဝက်နေရင် မင်း အဆင့်တက်လို့ရပြီ”

“နားလည်ပါပြီ”

မင်းသမီးမြောင်ယွီ ပြန်ဖြေကြားပြီးနောက် လူတိုင်းကို ဘိုးဘေးနယ်မြေထဲသို့ ခေါ်ဆောင်သွား၏။

နာရီဝက်အကြာတွင် မင်းသမီးမြောင်ယွီ သူတော်စင်တစ်ပိုင်းအဆင့်သို့ စတင် အဆင့်တက်သည်။

သူမ ဗုဒ္ဓတာအိုအနှစ်သာရကို နားလည်သဘောပေါက်ထားသဖြင့် သူတော်စင်တစ်ပိုင်းအဆင့်သို့ တက်ခြင်းမှာ သေချာသောကိစ္စတစ်ခုပေ။

တစ်ရက်အကြာတွင် မိုးကြိုးကပ်ဘေးများ ပျောက်ကွယ်သွားပြီး မင်းသမီးမြောင်ယွီ သူတော်စင်တစ်ပိုင်းအဆင့်သို့ အောင်မြင်စွာ အဆင့်တက်သွားနိုင်သည်။

ချူဖုန်း ရင်းနှီးနေသော စနစ်၏ အသိပေးသံကို ကြားလိုက်ရ၏။

“ဂုဏ်ယူပါတယ် လက်ခံသူ”

All Chapters