အခန်း ၃၆၈
Vol. 37 Ch. 368
အခန်း (၃၆၈) - ပထမအမှု၏ နိဂုံး (၁)
မုန့်ပိုင်သည် ဆရာဖြစ်သူလုပ်ဆောင်သွားသည့် အပြုအမူများနှင့် စကားများကို မြင်တွေ့လိုက်ရချိန်တွင် သူ၏လုပ်ရပ်များမှာ မည်မျှအထိ ကြီးလေးကြောင်းနှင့် အကယ်၍ အခြေအနေများသာ အလွန်ဆိုးရွားသွားခဲ့ပါက မည်ကဲ့သို့သော နောက်ဆက်တွဲပြဿနာများ ဖြစ်လာနိုင်ကြောင်းကို နားလည်သဘောပေါက်သွားခဲ့လေသည်။
ဆရာဖြစ်သူ၏ အပြုအမူများကို မြင်ပြီးနောက် သူလည်း အတုယူကာ တောင်းပန်သည့်အနေဖြင့် ပိုမိုနက်ရှိုင်းစွာ အရိုအသေပေးလိုက်၏။
"ကျွန်တော်တို့ရဲ့ပေါ့ဆမှုကြောင့် ခင်ဗျားကို အန္တရာယ်ကြီးကြီးမားမားနဲ့ ရင်ဆိုင်မိစေခဲ့လို့ တောင်စောင့်အစီအရင်စံအိမ်ကိုယ်စား အနူးအညွတ် တောင်းပန်ပါတယ်”
"တောင်းပန်တဲ့အနေနဲ့ ကျွန်တော်တို့ဘက်က အဆင့်မြင့်ဝိညာဉ်ကျောက်တုံး ၆၇၀ ကို ပြန်ပေးမယ့်အပြင် အဆင့်မြင့်ဝိညာဉ်ကျောက်တုံး ၁၀၀၀၀ အထိပါ တိုးမြှင့်ပေးဖို့ ဆန္ဒရှိပါတယ်”
"ဒါ့အပြင် ခင်ဗျားရွေးချယ်တဲ့ အနိမ့်တန်းအပြာရောင်အဆင့် အစီအရင်သုံးခုကို ကိုယ်တိုင်ကိုယ်ကျ ကူညီချထားပေးမယ့်အပြင် အဲဒီထဲကတစ်ခုအတွက် အဓိကကုန်ကြမ်းတွေကိုလည်း ထောက်ပံ့ပေးမယ်လို့ ကတိပြုပါတယ်”
"အားလုံးအတွက် ထောက်ပံ့ပေးချင်ပေမယ့် ကျွန်တော့်မှာ လစာပေးရမယ့်သူတွေ အများကြီးရှိနေလို့ စံအိမ်ကို အခက်တွေ့စေနိုင်ပါတယ်”
“ဒါပေမဲ့ နောက်ဆယ်နှစ်အတွင်းမှာ ခင်ဗျားသာ အဓိကကုန်ကြမ်းတွေကို ရှာမတွေ့ခဲ့ဘူးဆိုရင်တော့ ကျွန်တော်ကိုယ်တိုင် ထောက်ပံ့ပေးပါ့မယ်”
"ဒါက လုံလောက်မယ်လို့ ကျွန်တော် စိတ်ရင်းနဲ့ မျှော်လင့်ပါတယ်”
ဆူးယဲ့က ပြောလိုက်၏။
တရားခွင်အတွင်းရှိ လူအားလုံးမှာ ဆူးယဲ့၏စကားကြောင့် အံ့အားသင့်သွားကြပြီး အထူးသဖြင့် ထန်ချီပင်ဖြစ်လေ၏။
သူ မျက်လုံးပြူးသွားကာ ကြားလိုက်ရသည့်စကားများကို မယုံကြည်နိုင်ဖြစ်နေမိသည်။
အဆင့်မြင့်ဝိညာဉ်ကျောက်တုံး ၆၇၀ တောင်းဆိုခဲ့ခြင်းမှာ သူအရိုက်ခံခဲ့ရသည့်အတွက် ဒေါသထွက်ပြီး ရမ်းသန်းတောင်းဆိုခဲ့ခြင်းသာဖြစ်၏။
သူတို့၏ဌာနချုပ်တွင် သူကိုယ်တိုင် ပြဿနာသွားရှာခဲ့ပြီးနောက်ပိုင်း၌ တစ်စုံတစ်ရာ ပြန်လည်ရရှိလိမ့်မည်ဟု သူ လုံးဝ မမျှော်လင့်ထားခဲ့ချေ။
ပိုင်ရှင်ဖြစ်သူက သူ့ကို အသက်ရှင်လျက် ထွက်ခွာခွင့်ပြုလိုက်ချိန်ကတည်းက သူတို့အချင်းချင်း ကျေအေးသွားပြီဟူ၍ မှတ်ယူထားခဲ့ခြင်း ဖြစ်သည်။
သူခံစားခဲ့ရသော အရှက်ကွဲမှုများကို မမေ့နိုင်ဘဲ ကလဲ့စားချေလိုစိတ်များ အပြည့်ဖြစ်နေသောကြောင့်သာ ယွီကန်က အမှုကိစ္စနှင့်ပတ်သက်၍ လာရောက်အကြောင်းကြားချိန်တွင် တောင်စောင့်အစီအရင်စံအိမ်ကိုပါ ဆွဲသွင်းကာ ပြဿနာရှာရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်လေ၏။
ဤသည်မှာ သူ၏ကလဲ့စားချေသည့် နည်းလမ်းဖြစ်သော်လည်း ယခုအချိန်တွင် ဒေါသများ ပြေလျော့သွားပြီဖြစ်ရာ သူ၏လုပ်ရပ်များမှာ အတော်လေးမိုက်မဲလှကြောင်း ခံစားလိုက်ရ၏။
"စံအိမ်သခင်ဆူးယဲ့၊ ဒီလောက်လုပ်ပေးဖို့ မလိုပါဘူး၊ ဒီလျော်ကြေးတွေကို ကျွန်တော် လက်မခံနိုင်ပါဘူး၊ ကျွန်တော် ပြဿနာရှာခဲ့တာတောင် အသက်ချမ်းသာပေးခဲ့တဲ့အတွက် ခင်ဗျားကို ကျေးဇူးတင်နေရမှာပါ”
ထန်ချီက အလျင်အမြန်ပြောလိုက်၏။
"မဟုတ်ပါဘူး၊ ကျွန်တော်တို့ရဲ့ တာဝန်ဝတ္တရားတွေကို ပျက်ကွက်ခဲ့တဲ့အတွက် ဒါက ကျွန်တော်တို့ လုပ်ပေးသင့်တဲ့ အနိမ့်ဆုံးအရာပါ”
ဆူးယဲ့က ပြတ်ပြတ်သားသားပြောလိုက်၏။
"စီနီယာထန်ချီ၊ ဒါကို လက်ခံသင့်ပါတယ်၊ ဒီလိုလက်ခံလိုက်တာက စီနီယာဆူးယဲ့ကို မျက်နှာသာပေးရာရောက်သလို သူ့ရဲ့ အပြစ်ရှိစိတ်ကိုလည်း သက်သာရာရစေပါလိမ့်မယ်”
"နန်းတော်အဆင့်ကျင့်ကြံသူတစ်ယောက်အနေနဲ့ စိတ်ပိုင်းဆိုင်ရာအခြေအနေက ကျွန်တော်တို့ရဲ့အဆင့်မှာ ဘယ်လောက်အထိ သက်ရောက်မှုရှိလဲဆိုတာ ခင်ဗျား နားလည်ထားမယ်လို့ ကျွန်တော် ယုံကြည်ပါတယ်”
ဆူးယဲ့အား ငြင်းဆန်တော့မည်ကို ယန်ချင်းမြင်လိုက်ရချိန်တွင် ဝင်ပြောလိုက်၏။
ထန်ချီ၏သူငယ်အိမ်များ ရုတ်တရက် ကျဉ်းမြောင်းသွားပြီးနောက် ယန်ချင်းကို ကျေးဇူးတင်သည့်အနေဖြင့် အလျင်အမြန် လက်အုပ်ချီလိုက်လေသည်။
"ကျေးဇူးတင်ပါတယ်၊ တရားသူကြီးယန်ချင်း”
"တာအိုရောင်းရင်းဆူးယဲ့ရဲ့ ကမ်းလှမ်းမှုကို ကျွန်တော် လက်ခံပါတယ်”
“ဒါပေမဲ့ ကုန်ကြမ်းတွေကိုတော့ ကျွန်တော့်ဘာသာရှာခွင့်ပြုပါ၊ ဒါက ကျွန်တော်လုပ်သင့်တဲ့အရာပါ"
ထန်ချီက ပြောလိုက်၏။
"ကောင်းပါပြီ”
ထန်ချီ၏ မျက်လုံးများထဲမှ ပြတ်သားမှုကိုမြင်လိုက်ရချိန်တွင် ဆူးယဲ့က ပြန်ဖြေလိုက်လေသည်။
"ဒါနဲ့ စကားမစပ်၊ ဆေးမြစ်စိုက်ပျိုးရေးမှာ အထောက်အကူဖြစ်စေမယ့် အစီအရင်တွေကိုရော လုပ်ပေးသေးလား”
ထန်ချီက ရုတ်တရက် မေးလိုက်၏။
"ကျွန်တော်တို့ မလုပ်ပါဘူး၊ ဒါပေမဲ့ ခင်ဗျားလိုချင်တယ်ဆိုရင်တော့ ကျွန်တော် ကြိုးစားကြည့်ပေးပါ့မယ်”
"မဟုတ်ပါဘူး၊ မဟုတ်ပါဘူး။ ကျွန်တော်က စပ်စုကြည့်ရုံသက်သက်ပါ”
"တကယ်လို့ ခင်ဗျားက စိုက်ပျိုးရေးအခြေခံအစီအရင်တွေကို လိုချင်တယ်ဆိုရင်တော့ စီနီယာဆူးယဲ့ကို ကူညီပေးဖို့ နွေကွင်းပြင်တိုင်းပြည်က တစ်ယောက်ယောက်ကို ကျွန်တော် စီစဉ်ပေးနိုင်ပါတယ်”
"သူက အပြာရောင်အဆင့်အစီအရင်သခင်တော့ မဖြစ်သေးပေမယ့် ဒီနယ်ပယ်မှာ သူ့ရဲ့ ပါရမီတွေက ကျွန်တော်တို့ရဲ့ စံနှုန်းတွေနဲ့ယှဉ်ရင်တောင် အသိအမှတ်ပြုခံရလောက်တဲ့အထိ ထိုက်တန်ပါတယ်
"နန်းတော်အဆင့်သခင်နှစ်ယောက်ဆီက အကူအညီကြောင့် အပြန်အလှန်အနေနဲ့ သူကလည်း ဝမ်းသာအားရ ကူညီပေးမယ်လို့ ကျွန်တော် ယုံကြည်ပါတယ်”
ယန်ချင်းက ထိုသူနှစ်ယောက်ကို ရုတ်တရက် ဝင်ပြောလိုက်၏။
အစီအရင်များနှင့် ဝိညာဉ်ဆေးမြစ်စိုက်ပျိုးမှုတို့ကို ပေါင်းစပ်ရာတွင် နွေကွင်းပြင်တိုင်းပြည်မှာ အကောင်းဆုံးဖြစ်၏။
တောင်စောင့်အစီအရင်စံအိမ်သည် ကာကွယ်ရေးအစီအရင်များတွင် အတွေ့အကြုံရင့်ကျက်ပြီး ယင်းမှာ လက်ရှိအချိန်တွင် နွေကွင်းပြင်တိုင်းပြည်အတွက် အလွန်လိုအပ်နေသောအရာလည်း ဖြစ်သည်။
အထူးသဖြင့် သူတို့၏ပိုင်နက်အတွင်းသို့ အမှောင်ပိုးကောင်တစ္ဆေဂိုဏ်းမှ အဖွဲ့ဝင်တစ်ဦး ရောက်ရှိလာခဲ့ပြီဖြစ်ရာ တောင်စောင့်အစီအရင်စံအိမ်၏ ဝန်ဆောင်မှုများကို အလွန်ကြိုဆိုကြမည်ဖြစ်သည့်အပြင် နန်းတော်အဆင့်ကျင့်ကြံသူနှစ်ဦးနှင့်လည်း ကောင်းမွန်သောဆက်ဆံရေးမျိုး တည်ဆောက်နိုင်မည်ဖြစ်ပေသည်။
ဆူးယဲ့နှင့် ထန်ချီတို့မှာ အတွေ့အကြုံရင့်ကျက်သော မြေခွေးအိုကြီးများဖြစ်ကြသဖြင့် ယန်ချင်း၏စကားများနောက်ကွယ်မှ သွယ်ဝိုက်သောအဓိပ္ပာယ်များကို ကောင်းစွာနားလည်သဘောပေါက်ကြပေသည်။
ယင်းမှာ သူတို့အတွက် မည်သည့်ဆုံးရှုံးမှုမျှမရှိနိုင်သောကြောင့် ထိုအကြံပြုချက်ကို ဝမ်းမြောက်ဝမ်းသာ သဘောတူလိုက်ကြလေသည်။
"ဒါဆိုရင် ငွေဓားဂိုဏ်းပဲ ကျန်တော့တယ်၊ ဂိုဏ်းချုပ်ရှောက်ရုံ၊ စကားလေးနည်းနည်းလောက် ပြောပေးပါလား”
ယန်ချင်းက ပြောလိုက်၏။
ဂိုဏ်းချုပ်ရှောက်ရုံသည် ကွပ်မျက်ခံရရန် ပြင်ဆင်နေရသည့်အလား တံတွေးမျိုချလိုက်မိ၏။
သူတို့က တမင်သက်သက်ရည်ရွယ်ခဲ့ခြင်း မဟုတ်သော်လည်း ဤကိစ္စတွင် အဓိကတရားခံများ ဖြစ်နေကြပေသည်။
"ဆရာ၊ ကျွန်မကို ပြောခွင့်ပြုပါ၊ ဒါတွေအားလုံးဖြစ်ရတာ ကျွန်မတို့ကြောင့်ပါ”
လူငယ်အုပ်စုထဲတွင် ဓားချီကို ဖွဲ့စည်းနိုင်ခဲ့ပြီး အခြေတည်အဆင့်၏ အထွတ်အထိပ်တွင်ရှိနေသော ဆွဲဆောင်မှုရှိသည့် ဘဲဥပုံမျက်နှာနှင့် ဆံပင်အနက်ရောင်ရှိသည့် မိန်းကလေးက တောင်းပန်တိုးလျှိုးစွာဖြင့် ပြောလိုက်၏။
"စိတ်ပူပေးတဲ့အတွက် ကျေးဇူးပါ ဖန်အာ၊ ဒါပေမဲ့ မင်းရဲ့ဆရာကိုပဲ ဖြေရှင်းခွင့်ပေးပါ”
“ဘာတွေပဲဖြစ်ခဲ့ဖြစ်ခဲ့၊ ဂိုဏ်းက မင်းကို အပြစ်မတင်ပါဘူး၊ ငါတို့ ခေါင်းမာခဲ့လိုသာ ဒီလောက်အထိ ဖြစ်လာခဲ့ရတာပါ”
"အခြားအကြီးအကဲတွေကလည်း ဒီလိုပဲတွေးထားကြတာပါ”
ဂိုဏ်းချုပ်ရှောက်ရုံက စိုးရိမ်ပူပန်နေသော ဆံပင်အနက်နှင့်မိန်းကလေးကို စိတ်သက်သာရာရစေရန် ညင်သာစွာ ပြုံးပြရင်း ပြောလိုက်၏။
"ဒီအတွက် တောင်းပန်ပါတယ်၊ တရားသူကြီးယန်ချင်း”
“ဒီကိစ္စမှာ ကျွန်တော်တို့ရဲ့အမှားကို လက်ခံပါတယ်၊ လွန်ခဲ့တဲ့ဆယ့်ခြောက်နှစ်လောက်က ကျွန်တော့်ရဲ့တပည့်နဲ့ ကျွန်တော်တို့ဂိုဏ်းရဲ့ အတွင်းစည်းတပည့်တို့က တာဝန်တစ်ခုထွက်လုပ်ရင်း စီနီယာထန်ချီရဲ့ ဂူဗမာန်ကို မတော်တဆ ဝင်မိခဲ့ပါတယ်”
"အဲဒီအချိန်တုန်းက သူတို့က အဲဒါကို ရှေးဟောင်းအပျက်အစီးတစ်ခုလို့ ထင်ခဲ့ကြလို့ သူတို့ရဲ့ကံကို စမ်းသပ်ဖို့နဲ့ အထဲမှာ တစ်ခုခုရှာတွေ့နိုင်မလားဆိုတာ လေ့လာဖို့ ဆုံးဖြတ်ခဲ့ကြတာပါ”
"လူငယ်ကျင့်ကြံသူတွေအနေနဲ့ ကျွန်တော်တို့အားလုံး မတူညီတဲ့ နေရာတွေကို စူးစမ်းလေ့လာတာနဲ့ စွန့်စားခန်းတွေရဲ့ သွေးဆူချင်စရာကောင်းတဲ့ စိတ်လှုပ်ရှားမှုတွေကို တွေ့ကြုံခံစားဖူးကြမှာပါ”
သူ ဤသို့ပြောလိုက်ချိန်တွင် ထန်ချီ၊ ဆူးယဲ့နှင့် မုန့်ပိုင်တို့အားလုံးက သဘောတူညီစွာဖြင့် ခေါင်းညိတ်လိုက်ကြသည်။
ယန်ချင်းတစ်ယောက်သာ ခံစားချက်ကင်းမဲ့နေသော မျက်နှာထားဖြင့် တွေးတောနေလေ၏။
'သူတို့က ငါ့ကို ဘယ်လောက်များ အသက်ကြီးနေပြီလို့ ထင်နေကြတာလဲ၊ ပြီးတော့ ရှေးဟောင်းအပျက်အစီး စူးစမ်းလေ့လာတာမျိုးလို အန္တရာယ်များတဲ့အရာတစ်ခုကို လွမ်းဆွတ်နေတဲ့အကြည့်တွေက ဘာသဘောလဲ'
'တရားရုံးတော်က ငါ့ကို ပိုက်ဆံပေးရင်တောင် သွားလေ့လာမှာ မဟုတ်ဘူး”
“အင်း၊ ငါ့ကို အားလပ်ရက်တွေ ပိုပေးပြီး လစာလည်း ပိုတိုးပေးမယ်ဆိုရင်တော့…”
“မဟုတ်သေးဘူး၊ မဟုတ်သေးဘူး။ ငါဆိုတဲ့ ယန်ချင်းမှာလည်း ကိုယ်ပိုင်စည်းမျဉ်းဆိုတာရှိတယ်။ ဒါပေမဲ့...'