← Chapters

အခန်း ၅၇၆

Vol. 42 Ch. 576

အခန်း ၅၇၆

Vol. 42 Ch. 576

အခန်း ( ၅၇၆ ) - အမှုကိစ္စ အဆုံးသတ်သွားခြင်း၊ ဆုပေးဒဏ်ပေး ရှင်းလင်းပြတ်သားခြင်းနှင့် ပြင်းထန်သော အစီအမံများ လုပ်ဆောင်ခြင်း

‎

‎ကုချန်၏စကားကို ကြားသောအခါ ကုယိုသည် ပြင်းထန်သော စိုးရိမ်ပူပန်မှုတစ်ခုကို ခံစားလိုက်ရ၏။

‎

‎သူ၏ နောက်ထပ် တောင်းဆိုချက်သည် ကုမိသားစုရွာ တစ်ခုလုံး၏ အနာဂတ်ကို အဆုံးအဖြတ်ပေးလိမ့်မည်ပင်။

‎

‎သို့သော် သူသည် ဤအရာအားလုံးအတွက် ကြိုတင်ပြင်ဆင်ထားခဲ့ပြီးဖြစ်ရာ အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်ပြီးနောက် ရိုသေစွာ ပြန်လည်ဖြေကြားလိုက်၏။

‎

‎" ဘိုးဘေး... ကုယိုမှာ တခြား တောင်းဆိုစရာ မရှိပါဘူး... ကုမိသားစုရွာက ရွာသူရွာသားတွေ အားလုံးကို ကျွန်တော်ကပဲ ဦးဆောင်ခေါ်သွားခွင့်ပြုဖို့နဲ့ ကျွန်တော်တို့ ယာယီအခြေချဖို့ နေရာလေးတစ်ခုလောက် ပြင်ဆင်ပေးဖို့ပဲ မျှော်လင့်ပါတယ်... အဲ့ဒီနောက်ပိုင်းကတော့ ကျွန်တော်တို့ဘာသာပဲ ရပ်တည်သွားပါ့မယ် "

‎

‎ဤသည်မှာ ကုယို အစောကြီးကတည်းက စီစဉ်ထားခဲ့သော အစီအစဉ်တစ်ခု ဖြစ်လေသည်။

‎

‎သူသည် ကုမိသားစုရွာမှ ရွာသူရွာသား အားလုံးကို အထက်ကောင်းကင်တားမြစ်နယ်မြေမှ ခေါ်ဆောင်သွားပြီး သူတို့၏ ကိုယ်ပိုင်မိသားစုကို တည်ထောင်လိုခဲ့ခြင်း ဖြစ်သည်။

‎

‎" အို... ရွာထဲက တခြားသူတွေကရော မင်းရဲ့ အကြံအစည်ကို သဘောတူကြရဲ့လား "

‎

‎ကုချန်သည် ကုယို၏ တောင်းဆိုချက်ကြောင့် အနည်းငယ် အံ့အားသင့်သွားပုံရကာ ချက်ချင်းပင် နောက်ထပ်မေးခွန်းတစ်ခု ထပ်မံ မေးမြန်းလိုက်၏။

‎

‎" ဘိုးဘေး... ကျွန်တော်တို့ သဘောမတူတာ မရှိပါဘူး! "

‎

‎" ဟုတ်ပါတယ်... ကျွန်တော်တို့ အားလုံး အစ်ကိုကြီးကုယို စကားကိုပဲ နားထောင်ကြမှာပါ! "

‎

‎ပင်မခန်းမဆောင်အတွင်းရှိ ကုမိသားစုရွာမှ လူငယ်များ အားလုံးသည် မည်သည့် တွန့်ဆုတ်မှုမျှမရှိဘဲ ချက်ချင်း တုံ့ပြန်လိုက်ကြလေသည်။

‎

‎သူတို့ ကုမိသားစုရွာမှ ထွက်ခွာလာကတည်းက ရွာသူကြီးဟောင်း ကုရှန်မင်သည် အနာဂတ်တွင် ကိစ္စရပ်အားလုံးကို ကုယို၏ အမိန့်အတိုင်းသာ လုပ်ဆောင်ကြရန် ညွှန်ကြားထားခဲ့ပြီး ဖြစ်သည်။

‎

‎ထို့ကြောင့် ကုယိုသည် ယခုအခါ ကုမိသားစုရွာ၏ ရွာသူကြီးအသစ် အဖြစ် အပြည့်အဝ တာဝန်ယူထားပြီ ဖြစ်လေသည်။ ထို့အပြင် ဤနှစ်များအတွင်း ကုယိုသည် သူ၏ ကိုယ်ပိုင်ကျင့်ကြံမှုကိုသာ အာရုံစိုက်နေခဲ့သည်မဟုတ်ဘဲ ကုမိသားစုရွာမှ မျိုးဆက်သစ်လူငယ်များကို အမြဲတမ်း စိတ်ထဲတွင် မှတ်ထားကာ သူတို့အတွက် အကျိုးကျေးဇူးများ ရရှိစေရန် အမြဲကြိုးပမ်းပေးခဲ့သည်။

‎

‎ထို့ကြောင့် ကုမိသားစုရွာမှ မျိုးဆက်သစ်လူငယ်များသည် ယခုအခါ ကုယိုအား သူတို့၏ ကျောထောက်နောက်ခံအဖြစ် သတ်မှတ်ထားကြပြီ ဖြစ်သည်။ သူ မည်သည့် ဆုံးဖြတ်ချက်ချသည်ဖြစ်စေ အားလုံးက မည်သည့် တွန့်ဆုတ်မှုမျှမရှိဘဲ ထောက်ခံကြမည်သာ ဖြစ်လေသည်။

‎

‎" ကောင်းပြီ "

‎

‎ကုမိသားစုရွာမှ လူငယ်များက ကုယိုအား စိတ်နှလုံးအကြွင်းမဲ့ ထောက်ခံကြသည်ကို မြင်သောအခါ ကုချန်၏ မျက်လုံးများထဲတွင် သဘောကျ နှစ်သက်သည့် အရိပ်အယောင်တစ်ခု အလိုအလျောက် ပေါ်လာခဲ့၏။

‎

‎လက်ရှိတွင် ကုမိသားစုရွာ မျိုးဆက်သည် အထက်ကောင်းကင် ကုမိသားစုအတွင်း၌ အားအနည်းဆုံး ဖြစ်ပုံရသော်ငြားလည်း လက်ရှိ ကုမိသားစုရွာ၏ စည်းလုံးညီညွတ်မှုကို ကြည့်မည်ဆိုလျှင် အထက်ကောင်းကင် ကုမိသားစု၏ ပင်မမျိုးဆက်နှင့်ပင် နှိုင်းယှဉ်၍ ရနိုင်လောက်ပေသည်။ သူတို့၏ အနာဂတ် အောင်မြင်မှုများမှာ သံသယဖြစ်ဖွယ်မရှိ အကန့်အသတ်မဲ့နေမည်သာ ဖြစ်သည်။

‎

‎" ဒါဆိုရင် မင်းရဲ့ တောင်းဆိုချက်ကို ငါ ခွင့်ပြုတယ်... ကုမျိုးနွယ်ဝင်တွေ အားလုံး မင်းနဲ့အတူ လိုက်လိမ့်မယ်... ပြီးတော့ မင်းတို့ အခြေချဖို့ သင့်တော်တဲ့ နေရာတစ်ခုကိုလည်း ငါ ရွေးပေးမယ် "

‎

‎ကုချန်သည် လက်ကို ဝှေ့ယမ်းကာ တိုက်ရိုက် ဆုံးဖြတ်ချက်ချလိုက်ပြီး ဆက်၍ ပြောဆိုလေသည်။

‎

‎" ပြီးတော့ မင်းတို့အတွက် ကျင့်ကြံခြင်းဆိုင်ရာ သယံဇာတ ပစ္စည်းတစ်ချို့ကိုလည်း ငါ ပြင်ဆင်ပေးမယ်... မင်းတို့ မထွက်ခွာခင် ကုတောက်လင်းက မင်းတို့ကို ခွဲဝေပေးလိမ့်မယ်... ဒီအရင်းအမြစ်တွေကို ဘယ်လိုသုံးမလဲဆိုတာက မင်းရဲ့ တာဝန်ပဲ "

‎

‎" ကျေးဇူးတင်ပါတယ် ဘိုးဘေး! "

‎

‎ကုချန်၏ ကတိစကားကို ကြားသောအခါ ကုယိုမှာ အလွန်အမင်း ဝမ်းသာသွားခဲ့ပြီး အခြား ကုမိသားစုရွာမှ လူငယ်များနှင့်အတူ ကုချန်ကို အလျင်အမြန် ကျေးဇူးတင်စကား ဆိုလိုက်ကြလေသည်။

‎

‎" အင်း... မင်းတို့ တခြား မျိုးဆက်တွေအတွက်လည်း ယာယီ အခြေချဖို့ နေရာတစ်ခု ငါ ရွေးပေးမယ်... မင်းတို့ရဲ့ အနာဂတ် တိုးတက်မှုကတော့ မင်းတို့ရဲ့ ကိုယ်ပိုင် ကံကြမ္မာအပေါ်မှာပဲ အပြည့်အဝ မူတည်နေလိမ့်မယ် "

‎

‎ကုချန်သည် အထက်ကောင်းကင်တားမြစ်နယ်မြေမှ ထွက်ခွာရန် ဆန္ဒပြုခဲ့ကြသော အခြား တပည့်များကို ကြည့်ကာ ကတိပေးလိုက်လေသည်။

‎

‎သို့သော် ဤတစ်ကြိမ်တွင် ဤကုမိသားစု တပည့်များအတွက် ကျင့်ကြံခြင်းဆိုင်ရာ အရင်းအမြစ်များ ပြင်ဆင်ပေးမည်ဟု သူ ကတိမပေးခဲ့ချေ။

‎

‎ထိုကျင့်ကြံခြင်း အရင်းအမြစ်များသည် သူ၏ခေါ်ဆိုမှုကို ပထမဆုံး တုံ့ပြန်ခဲ့သူအတွက် ဆုလာဘ်တစ်ခု ဖြစ်လေရာ အခြားသူများအနေဖြင့်မူ မည်သည့်အရာမျှ ရရှိမည် မဟုတ်ပေ။

‎

‎ပင်မခန်းမဆောင်အတွင်းရှိ ကုမိသားစုဝင်များသည် ကုချန်၏ စကားများထဲမှ သွယ်ဝိုက်သော အဓိပ္ပာယ်ကို သဘာဝကျကျ နားလည်သွားကြပြီး ချက်ချင်းပင် နောင်တရမှုကို ခံစားလိုက်ကြရလေသည်။

‎

‎သူတို့သာ ဤသို့ဖြစ်မည်မှန်း ကြိုသိခဲ့လျှင် ဘိုးဘေး၏ ခေါ်ဆိုမှုကို ပထမဆုံး တုံ့ပြန်ခဲ့ကြလိမ့်မည်ပင်။

‎

‎ဤကျင့်ကြံခြင်းဆိုင်ရာ အရင်းအမြစ်များသည် သူတို့၏ 'လမ်းသစ်ဖောက်ခြင်း' ခရီးစဉ်၏ အခက်ခဲဆုံးသော အစောပိုင်းကာလကို ကျော်ဖြတ်နိုင်ရန်အတွက် ယုံကြည်နိုင်စရာ မရှိလောက်အောင် ခိုင်မာသော အာမခံချက်တစ်ခုကို ပေးစွမ်းနိုင်မည် ဖြစ်၏။

‎

‎" မင်းတို့ကျတော့... "

‎

‎ကုချန်၏ အကြည့်သည် အထက်ကောင်းကင်တားမြစ်နယ်မြေမှ ထွက်ခွာရန် ဆန္ဒမပြုခဲ့ကြသော ကုမိသားစုဝင်များအပေါ်သို့ ကျရောက်သွားလေသည်။

‎

‎" မင်းတို့ မထွက်သွားချင်ဘူးဆိုရင်လည်း အထက်ကောင်းကင်တားမြစ်နယ်မြေထဲမှာပဲ ဆက်နေကြ... ဒါပေမယ့် ဒီနေ့ကစပြီး မင်းတို့ရဲ့ ကျင့်ကြံခြင်းဆိုင်ရာ အရင်းအမြစ် ထောက်ပံ့မှုတွေ အားလုံးကို ရပ်တန့်လိုက်မယ်... ရှင်သန်ဖို့အတွက် အခြေခံအကျဆုံး လိုအပ်ချက်တွေကိုပဲ ထားရှိပေးမယ်... မင်းတို့ အထက်ကောင်းကင်ဘုံမှာ ဘဝရဲ့ လက်ကျန်ရက်တွေကို ဖြတ်သန်းသွားဖို့ အဲ့ဒါက လုံလောက်ပါတယ် "

‎

‎ဤစကားကို ကြားသောအခါ အိုမင်းမစွမ်းဖြစ်နေပြီဖြစ်သော ကုမိသားစုဝင်များမှာမူ မည်သို့မျှ မခံစားရချေ။ အဘယ်ကြောင့်ဆိုသော် သူတို့သည် ကျင့်ကြံခြင်း လမ်းကြောင်းအပေါ် မျှော်လင့်ချက် စွန့်လွှတ်ထားခဲ့သည်မှာ ကြာမြင့်နေပြီဖြစ်သောကြောင့်ပင်။

‎

‎ဤဘဝတွင် သူတို့၏ အကြီးမားဆုံး ပျော်ရွှင်မှုမှာ မြေးများကို ပျော်ရွှင်စွာ ကြည့်ရှုစောင့်ရှောက်ရန်နှင့် ကုမိသားစုအတွက် မျိုးဆက်သစ်များကို ပြုစုပျိုးထောင်ပေးရန်သာ ဖြစ်လေသည်။ ထို့ကြောင့် ကျင့်ကြံခြင်း အရင်းအမြစ် ထောက်ပံ့မှု မရှိလျှင်ပင် သူတို့အပေါ် မည်သည့် အကျိုးသက်ရောက်မှုမျှ မရှိခဲ့ချေ။

‎

‎သို့သော် ငယ်ရွယ်သော်ငြားလည်း အထက်ကောင်းကင်ဘုံတွင် ဆက်လက် နေထိုင်လိုသေးသည့် လူငယ်တစ်စု၏ မျက်နှာများမှာမူ ယခုအခါ အနည်းငယ် ဖြူရော်သွားခဲ့လေသည်။

‎

‎သက်ကြီးရွယ်အို ကုမိသားစုဝင်များနှင့် မတူဘဲ ဤလူငယ်များသည် ကျင့်ကြံခြင်းတွင် ကြိုးပမ်းအားထုတ်ကာ အောင်မြင်မှု တစ်ခုခု ရရှိလိုသေးသည်မှာ သဘာဝပင် ဖြစ်သည်။

‎

‎သို့သော် ယခုအခါ ကုချန်မှ သူတို့၏ ကျင့်ကြံခြင်း အရင်းအမြစ်များ အားလုံးကို ရပ်တန့်လိုက်ပြီဖြစ်ရာ ဤသည်မှာ သူတို့၏ ကျင့်ကြံခြင်း လမ်းကြောင်းပေါ်ရှိ မျှော်လင့်ချက်ကို ဖြတ်တောက်လိုက်ခြင်းပင် ဖြစ်၏။

‎

‎အကယ်၍ သူတို့သာ အပြင်ဘက်တွင် ရှိနေပါက စွန့်စားထွက်ခွာခြင်း၊ တိုက်ခိုက်ခြင်း၊ ရတနာများ ရှာဖွေရယူခြင်းနှင့် မိမိကိုယ်ကို သွေးဆူအောင် လေ့ကျင့်ခြင်းများ ပြုလုပ်နိုင်ပြီး တဖြည်းဖြည်း ပိုမို အစွမ်းထက်လာနိုင်ပေသည်။

‎

‎သို့သော် အထက်ကောင်းကင်တားမြစ်နယ်မြေ အတွင်း၌မူ ဤဖြစ်နိုင်ခြေမျိုး လုံးဝ မရှိတော့ချေ။

‎

‎ပထမအချက်အနေဖြင့် အထက်ကောင်းကင်ဘုံအတွင်း၌ မိမိကိုယ်ကို လေ့ကျင့်ရန်နှင့် တိုက်ခိုက်ရန် အခွင့်အရေး လုံးဝ မရှိပေ။

‎

‎ဒုတိယအချက်အနေဖြင့် အထက်ကောင်းကင်ဘုံအတွင်း၌ သူတို့ ရှာဖွေရယူရန် ပိုင်ရှင်မဲ့ နတ်ဘုရားရတနာများဟူ၍လည်း မရှိချေ။

‎

‎ပွင့်ပွင့်လင်းလင်း ပြောရလျှင် အကယ်၍ သူတို့သာ အထက်ကောင်းကင်ဘုံတွင် ဆက်နေမည်ဆိုပါက သူတို့၏ ဘဝများ ပျက်စီးသွားမည်မှာ တစ်ချက်ကြည့်ရုံဖြင့် သိနိုင်သော ရလဒ်တစ်ခုပင် ဖြစ်လေသည်။

‎

‎" ဘိုးဘေး... ကျွန်တော်တို့... ကျွန်တော်တို့လည်း အထက်ကောင်းကင်ဘုံကနေ ထွက်သွားဖို့ ဆန္ဒရှိပါတယ်... "

‎

‎ဤရလဒ်ကို တွေးမိလိုက်သည်နှင့် တစ်ပြိုင်နက် လူအချို့မှာ ငြိမ်ငြိမ်မထိုင်နိုင်တော့ဘဲ အထက်ကောင်းကင်ဘုံမှ ထွက်ခွာ၍ အပြင်ထွက်ကာ စွန့်စားလိုကြောင်း အားလုံးက ဖော်ပြလာကြလေသည်။

‎

‎သို့သော် ကုချန်သည် ဤကိစ္စနှင့် ပတ်သက်၍ အတိအကျ သဘောထားကို မပြသခဲ့ချေ။

‎

‎အစကတည်းက အထက်ကောင်းကင်ဘုံ ပြင်ပတွင် ကိုယ်ပိုင် ရပ်တည်နိုင်စွမ်း မပြသနိုင်ခဲ့သော ဤငယ်ရွယ်သည့် ကုမိသားစုဝင်များကို ကုချန် လက်လျှော့ထားခဲ့သည်မှာ ကြာမြင့်နေပြီ ဖြစ်သည်။

‎

‎မည်သို့ပင်ဖြစ်စေကာမူ ကုမိသားစု၏ လက်ရှိ အင်အားဖြင့် အလကားနေ အချောင်စားမည့်သူများကို ကျွေးမွေးထားရန် တတ်နိုင်လေသည်။ သို့သော် ကောင်းမွန်သော အနာဂတ်တစ်ခုကိုမူ သူတို့အနေဖြင့် မျှော်လင့်၍ မရနိုင်တော့ချေ။

‎

‎ဤလူငယ်များသည် ယခုအခါ အထက်ကောင်းကင်ဘုံမှ ထွက်ခွာလိုကြောင်း ပြသလာလျှင်တောင်မှ ကုချန်သည် သူတို့အတွက် မည်သည့်အရာကိုမျှ ပြင်ဆင်ပေးမည်မဟုတ်ဘဲ အခြေချ နေထိုင်ရန် နေရာတစ်ခုကိုပင် စီစဉ်ပေးမည် မဟုတ်ချေ။ အရာအားလုံးကို သူတို့ကိုယ်တိုင် စွန့်စားရှာဖွေရမည် ဖြစ်သည်။

‎

‎ဤသည်မှာ အထက်ကောင်းကင်ဘုံမှ ထွက်ခွာရန် တက်တက်ကြွကြွ မတောင်းဆိုခဲ့ခြင်းအတွက် ကုချန်၏ အပြစ်ပေးမှုလည်း ဖြစ်လေသည်။

‎

‎" ကောင်းပြီ... ကိစ္စအားလုံး ပြီးဆုံးသွားပြီ... မင်းတို့ ပြောစရာ တစ်ခုခု ရှိသေးလား "

‎

‎သူ၏ ညွှန်ကြားချက်များ အားလုံးကို ပေးပြီးနောက် ကုချန်၏ အကြည့်သည် ပင်မခန်းမဆောင် တစ်ဝိုက်သို့ ဝေ့ဝဲသွားကာ အေးဆေးတည်ငြိမ်သော လေသံဖြင့် ပြောဆိုလိုက်လေသည်။

‎

‎ကုချန်၏ အမေးကို ရင်ဆိုင်ရချိန်တွင် ပင်မခန်းမဆောင်မှာ တိတ်ဆိတ်နေခဲ့ပြီး သဘောမတူသည့် အသံ တစ်သံမျှပင် ထွက်ပေါ်မလာခဲ့ချေ။

‎

‎" အရမ်းကောင်းတယ်... ဒါဆို ငါ ညွှန်ကြားထားတဲ့အတိုင်း ဆက်လုပ်ကြ... မင်းတို့အားလုံး သွားပြီး ပြင်ဆင်ကြတော့... အထက်ကောင်းကင်ဘုံကနေ ထွက်ခွာရမယ့် အချိန်ရောက်ရင် မင်းတို့အတွက် ငါ ပြင်ဆင်ထားတဲ့ အရာတွေ အားလုံးကို ငါ ပေးသနားမယ် "

‎

‎ကုချန် စကားပြောပြီးနောက် လူတိုင်းကို ထွက်သွားရန် အချက်ပြလိုက်လေသည်။

‎

‎...

‎

‎" ဘိုးဘေးရဲ့ လုပ်ရပ်က တကယ်ကို ပြတ်သားလွန်းတယ် "

‎

‎အထက်ကောင်းကင်ဘုံ ပင်မခန်းမဆောင်မှ ထွက်ခွာလာပြီးနောက် ကုတောက်လင်းသည် အနည်းငယ် တွေဝေသွားဟန်ဖြင့် သက်ပြင်းရှည်ကြီး တစ်ချက်ကို မချဘဲ မနေနိုင်ခဲ့ချေ။

‎

‎အတန်ကြာ စဉ်းစားပြီးနောက် ဘိုးဘေး လုပ်ရပ်မှန်ကန်ကြောင်းကို သူလည်း နားလည်သွားခဲ့၏။

‎

‎ကုမိသားစုသည် ခွဲထွက်ရမည့် အခြေအနေသို့ အမှန်တကယ် ရောက်ရှိနေပြီ ဖြစ်သည်။ အထက်ကောင်းကင်ဘုံတွင် ဆက်လက် နေထိုင်နေခြင်းက ကုမိသားစုကို ပိုမို ဆုတ်ယုတ်ကျဆင်းသွားစေရုံသာရှိပြီး အနာဂတ်အတွက် ပြောစရာပင် မရှိတော့ချေ။

‎

‎သို့သော် ကုမိသားစု တစ်ခုလုံး၏ ဤကဲ့သို့ ပြတ်သားသော ခွဲထွက်မှုနှင့် အသွင်ပြောင်းလဲမှုမျိုးကို ဤမျှလောက် သတ္တိနှင့် နည်းလမ်းများဖြင့် မည်သည့် အဟန့်အတား၊ အကျိုးသက်ရောက်မှုမျှ မရှိဘဲ လုပ်ဆောင်နိုင်သူမှာ ကုမိသားစု တစ်ခုလုံးတွင် ဘိုးဘေး တစ်ဦးတည်းသာ ရှိလေသည်။

‎

‎အကယ်၍ သူသာဆိုလျှင် ဆုံးဖြတ်ချက်ကိုပင် ကြေညာရသေးမည်မဟုတ်ဘဲ မရေမတွက်နိုင်သော သက်ကြီးရွယ်အို ကုမိသားစုဝင်များက သူ့ထံ လာရောက် တောင်းပန်ကြမည် ဖြစ်ပေလိမ့်မည်။

All Chapters