← Chapters

အခန်း ၅၇၉

Vol. 42 Ch. 579

အခန်း ၅၇၉

Vol. 42 Ch. 579

အခန်း ( ၅၇၉ ) - အချိန်များ ကုန်လွန်သွားခြင်း၊ အလွန်ကောင်းမွန်သော စွမ်းဆောင်ရည်နှင့် ကွေ့ရွှီးနယ်မြေ အဆုံးသတ်တော့မည်

နှစ်များစွာမှာ မျက်စိတစ်မှိတ်အတွင်း ကုန်လွန်သွားခဲ့လေသည်။

မျက်တောင်တစ်ခတ်စာ အချိန်အတွင်း ဆယ်နှစ်နီးပါး ကုန်လွန်သွားခဲ့လေပြီ။

ကုမိသားစု တပည့်များ အထက်ကောင်းကင်ဘုံမှ တစ်ယောက်ပြီးတစ်ယောက် ထွက်ခွာသွားကြသည်နှင့်အမျှ တစ်ချိန်က စည်ကားသိုက်မြိုက်ခဲ့သော အထက်ကောင်းကင်တားမြစ်နယ်မြေမှာလည်း နောက်ဆုံးတွင် တိတ်ဆိတ်ငြိမ်သက်သွားခဲ့လေသည်။

လဝိညာဉ်ကောင်းကင်ဘုံ၏ အလယ်ဗဟိုတွင် အထက်ကောင်းကင်တားမြစ်နယ်မြေသည် အမြင့်ဆုံးနေရာ၌ ချိတ်ဆွဲထားသကဲ့သို့ တည်ရှိနေကာ အဆုံးမဲ့ မြူခိုးများဖြင့် ဖုံးလွှမ်းနေပြီး အလွန်တရာ လျှို့ဝှက်ဆန်းကြယ်လှပေသည်။

လဝိညာဉ်ကောင်းကင်ဘုံ၏ အမြင့်ဆုံးနေရာတွင် ချိတ်ဆွဲထားသော ထိုလျှို့ဝှက်ဆန်းကြယ်သည့် နေရာသည် မည်သည့်အရာ ဖြစ်ကြောင်းကို လဝိညာဉ်ကောင်းကင်ဘုံရှိ မရေမတွက်နိုင်သော သက်ရှိများမှ တွေးတော အံ့ဩခဲ့ကြဖူး၏။ ၎င်းသည် ယွဲ့လင်အင်မော်တယ်ဘုရင်၏ နန်းတော်ထက်ပင် သာလွန်နေပြီး ပို၍ ထူးဆန်းသည်မှာ ယွဲ့လင်အင်မော်တယ်ဘုရင် ကိုယ်တိုင်က ထိုအရာအပေါ် မည်သည့် တုံ့ပြန်မှုမျှ မရှိခဲ့ခြင်းပင် ဖြစ်သည်။

သို့သော် ဤအရာက လဝိညာဉ်ကောင်းကင်ဘုံရှိ သက်ရှိများကို အချက်တစ်ချက် နားလည်သဘောပေါက်သွားစေခဲ့၏။ ယွဲ့လင်အင်မော်တယ်ဘုရင်၏ နန်းတော်ကို လွှမ်းမိုးထားသော ထိုလျှို့ဝှက်ဆန်းကြယ်သည့် နေရာသည် မည်သည့် သာမန်သက်ရှိမျှ ရန်စ၍မရနိုင်သော အလွန်တရာ ကြောက်မက်ဖွယ်ကောင်းသည့် တည်ရှိမှုတစ်ခု ခိုအောင်းနေနိုင်သည့် နေရာ ဖြစ်နိုင်ချေ အများဆုံးပင် ဖြစ်လေသည်။

အထက်ကောင်းကင်တားမြစ်နယ်မြေ ပင်မခန်းမဆောင်အတွင်း၌.....

ကုတောက်လင်းသည် ခန်းမဆောင်၏ အောက်ဘက်တွင် လက်များကို ဘေးချလျက် ရိုသေစွာ ရပ်နေကာ စကားတစ်ခွန်းမျှ မဟရဲခဲ့ချေ။

" ကိစ္စတွေ ဘယ်လို စီစဉ်ပြီးပြီလဲ "

ကုချန်သည် ပင်မခန်းမဆောင်၏ ရာဇပလ္လင်ပေါ်တွင် ထိုင်လျက် အောက်ဘက်ရှိ ကုတောက်လင်းကို ကြည့်ကာ ပေါ့ပေါ့ပါးပါး မေးမြန်းလိုက်လေသည်။

ဤဆယ်နှစ်တာ ကာလအတွင်း ကုချန်၏ မူလခန္ဓာကိုယ်နှင့် သူ၏ တတိယကိုယ်ပွားတို့သည် အထက်ကောင်းကင်တားမြစ်နယ်မြေ အတွင်း၌သာ ဆက်လက် နေထိုင်ခဲ့ကြပြီး သူတို့၏ကျင့်ကြံမှုကို ခိုင်မာစေရန် ကောင်းကင်ဘုံအလုံးစုံ အမှန်တရား နားလည်ခြင်း ပညာရပ်ကို ကြိုးစားလေ့ကျင့်နေခဲ့ကြသည်။

ယခုအခါ ပြင်းပြင်းထန်ထန် ကျင့်ကြံအားထုတ်ပြီးနောက် သူသည် ကောင်းကင်ဘုံအလုံးစုံ အမှန်တရား နားလည်ခြင်း ပညာရပ်ကို ၂၉.၅ ရာခိုင်နှုန်းအထိ တိုးတက်နားလည်နိုင်ခဲ့ပြီဖြစ်ရာ ၃၀ ရာခိုင်နှုန်းသို့ အဆင့်တက်လှမ်းရန် တွန်းအားတစ်ခုသာ လိုအပ်တော့လေသည်။

ဤအရာကို ကုချန် အတော်လေး မျှော်လင့်စောင့်စားနေခဲ့၏။

အဘယ်ကြောင့်ဆိုသော် ကောင်းကင်ဘုံအလုံးစုံ အမှန်တရား နားလည်ခြင်း ကျင့်စဉ်သည် ၁၀ ရာခိုင်နှုန်း ပြည့်တိုင်းတွင် ပုန်းကွယ်နေသော စနစ်မှ သူ့အား ဆုလာဘ်များ ချီးမြှင့်လေ့ရှိသောကြောင့်ပင်။

ယခင် ဆုလာဘ်များအားလုံးမှာ ရက်ရောလှသည်ဖြစ်ရာ ၃၀ ရာခိုင်နှုန်းသို့ ရောက်ရှိချိန်တွင် ရရှိမည့် ဆုလာဘ်သည်လည်း တူညီစွာပင် ကြီးမားလိမ့်မည်ဟု သူ မျှော်လင့်ထားလေသည်။

ကုချန်မှ ကုတောက်လင်းကို ခေါ်ယူမေးမြန်းရသည့် ကိစ္စမှာ ကျိန်းသေပေါက် ထိုကုမိသားစု တပည့်များ၏ လက်ရှိ အခြေအနေများအကြောင်းပင် ဖြစ်လေသည်။

ယခု ဆယ်နှစ်ကြာသွားပြီဖြစ်ရာ သူတို့ အားလုံးသည် လဝိညာဉ်ကောင်းကင်ဘုံမှ ထွက်ခွာသွားလောက်ပြီဖြစ်ပြီး အချို့သော မြန်ဆန်သူများဆိုလျှင် သူတို့၏ သက်ဆိုင်ရာ နေရာများသို့ပင် ရောက်ရှိနေလောက်ပြီ မဟုတ်ပါလော။

" ဘိုးဘေးကို အစီရင်ခံပါတယ်... ယွဲ့လင်အင်မော်တယ်ဘုရင်က မကြာသေးခင်ကမှ ကျွန်တော်နဲ့ ဆက်သွယ်ခဲ့ပြီး မျိုးဆက်သစ်တွေရဲ့ လက်ရှိအခြေအနေကို အသိပေးခဲ့ပါတယ် "

ကုချန်၏မေးခွန်းကို ကြားသောအခါ ကုတောက်လင်းသည် အရာအားလုံးကို အသေးစိတ် ချက်ချင်း အစီရင်ခံလေသည်။

" လက်ရှိမှာ ကုမိသားစု တပည့် အဖွဲ့သုံးဖွဲ့က သူတို့ရဲ့ သက်ဆိုင်ရာ နေရာတွေကို ရောက်ရှိသွားကြပါပြီ… နောက်ထပ် ခြောက်ဖွဲ့ကတော့ လမ်းမှာ ရှိနေဆဲပါပဲ.....

ဒီကာလအတွင်း အထူးချွန်ဆုံး စွမ်းဆောင်နိုင်ခဲ့တာကတော့ ကုယို ဦးဆောင်တဲ့ ကုမိသားစုရွာ အဖွဲ့ပါပဲ.....

သူတို့က တစ်ယောက်မှ အသေအပျောက်မရှိဘဲ သူတို့ရဲ့ နေရာကို ရောက်ရှိခဲ့ရုံသာမက လူနည်းနည်းလောက်ပဲ ဒဏ်ရာအနည်းငယ် ရခဲ့ပါတယ်… ပြီးတော့ ကုမိသားစုရွာ အဖွဲ့က သတ်မှတ်ထားတဲ့ နေရာကို ပထမဆုံး ဉီးဆောင် ရောက်ရှိခဲ့တဲ့ အဖွဲ့လည်း ဖြစ်ပါတယ်.....

ဒါပေမယ့် ခရီးစဉ်အတွင်းမှာ ကုမိသားစု တပည့် အနည်းငယ်လည်း အသက်ပေးဆပ်ခဲ့ရပါတယ် "

ဤနေရာသို့ ရောက်သောအခါ ကုတောက်လင်း၏အသံမှာ အနည်းငယ် ဝမ်းနည်းကြေကွဲဖွယ် ကောင်းနေလေသည်။

ဤကုမိသားစု တပည့်များ အထက်ကောင်းကင်ဘုံမှ ထွက်ခွာသွားသောအခါ သေဆုံးမှုများမှာ ရှောင်လွှဲ၍မရနိုင်ကြောင်း သူ ကြိုတင် မျှော်လင့်ထားခဲ့သော်လည်း ထိုနေ့ အမှန်တကယ် ရောက်လာသောအခါ သူ့အနေဖြင့် လက်ခံရန် အနည်းငယ် ခက်ခဲနေသေးသည်။

မည်သို့ပင်ဆိုစေကာမူ ကုတောက်လင်းအတွက်မူကား ကုမိသားစုဝင်တိုင်းသည် တန်းတူ အရေးပါလှပေသည်။

" အင်း "

တုံ့ပြန်မှုအနေဖြင့် ကုချန်သည် အနည်းငယ် ခေါင်းညိတ်ရုံသာ ပြုလုပ်လိုက်ပြီး မည်သည့်စကားမျှ ထပ်မပြောခဲ့ချေ။

သေဆုံးမှုများမှာ သဘာဝကျကျပင် ရှောင်လွှဲ၍ မရနိုင်သော အရာများဖြစ်ရာ ဤကုမိသားစု တပည့်များ သေဆုံးရခြင်း၏ အကြောင်းရင်းများကို ကုချန်မှ လိုက်လံ စုံစမ်းနေမည် မဟုတ်ပေ။

ယခင်က သူတို့ အထက်ကောင်းကင်ဘုံမှ ထွက်ခွာစဉ်ကတည်းက အထက်ကောင်းကင်ဘုံမှ ထွက်ခွာပြီးနောက် အသက်ရှင်ခြင်းနှင့် သေဆုံးခြင်းမှာ ကံကြမ္မာအပေါ်တွင်သာ မူတည်ကြောင်း ကုချန် ပြောဆိုခဲ့ပြီး ဖြစ်သည်။

သူတို့ အနိုင်ကျင့်ခံရခြင်း သို့မဟုတ် အလွန်အမင်း အန္တရာယ်ရှိသော အခြေအနေမျိုး မဟုတ်သရွေ့ အထက်ကောင်းကင်ဘုံမှ ဝင်ရောက် စွက်ဖက်မည် မဟုတ်ချေ။

ကုတောက်လင်းသည် ဤကိစ္စများကို သူ့ထံ ကြိုတင် အစီရင်ခံခဲ့ခြင်း မရှိသဖြင့် ဤကုမိသားစု တပည့်များ သေဆုံးမှုသည် အကြောင်းပြချက် ရှိသောကြောင့်ဖြစ်ကြောင်း ညွှန်ပြနေရာ ကုချန်သည် သဘာဝကျကျပင် ထပ်မံ ဝင်ရောက်စွက်ဖက်မည် မဟုတ်ပေ။

သို့သော် ကုယိုဆိုသည့် လူငယ်လေး၏ စွမ်းဆောင်ရည်မှာ ကုချန် မျှော်လင့်ထားသည်ထက် အနည်းငယ် သာလွန်နေခဲ့၏။

ဤလူငယ်လေးသည် အလွန်တရာ ထူးချွန်စွာ စွမ်းဆောင်နိုင်ကာ ကုမိသားစုရွာကို သတ်မှတ်ထားသော နေရာသို့ အရင်ဆုံး ခေါ်ဆောင်သွားနိုင်ပြီး အခြေချနိုင်လိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ချေ။

ကုမိသားစုရွာ အဖွဲ့၏ အလုံးစုံ စွမ်းအားသည် အပြင်သို့ ထွက်ခွာသွားသော ကုမိသားစု အဖွဲ့ကိုးဖွဲ့ထဲတွင် အားအနည်းဆုံးဖြစ်ပေသည်။ သို့တိုင်အောင် သူတို့သည် ဦးဆောင်ကာ အရင်ဆုံး ရောက်ရှိနိုင်ခဲ့ရာ ဤလူငယ်လေး ကုယိုတွင် အမှန်တကယ်ပင် စွမ်းရည်အချို့ ရှိနေကြောင်း သက်သေပြနေလေသည်။

ဤစွမ်းရည်သည် ကျင့်ကြံခြင်း ပါရမီနှင့် ကွာခြားသော်လည်း မိသားစု ဖွံ့ဖြိုးတိုးတက်မှုအတွက် မရှိမဖြစ် လိုအပ်လေသည်။

" ရှေ့ဆက်ပြီး ကုယိုဆိုတဲ့ လူငယ်လေးကို ပိုဂရုတစိုက် စောင့်ကြည့်ပေးထား "

ကုချန်သည် ပေါ့ပေါ့ပါးပါး ညွှန်ကြားလိုက်လေသည်။

ကုယို၏ စွမ်းဆောင်ရည်သည် မည်မျှပင် ထူးချွန်နေစေကာမူ သူသည် ကုမိသားစု၏ မျိုးဆက်သစ်လေး တစ်ယောက်မျှသာ ဖြစ်နေဆဲပင်။ ကုချန်၏ လက်ရှိ အဆင့်အတန်းနှင့် စွမ်းအားအရ သူသည် သဘာဝကျကျပင် အလွန်အမင်း အာရုံစိုက်နေမည် မဟုတ်ချေ။ သူ၏ နာမည်ကို မှတ်မိနေခြင်းကပင်လျှင် ကုယိုအတွက် ကြီးမားလှသော ဂုဏ်ယူစရာ ဖြစ်နေပြီဖြစ်သည်။

သို့သော် ကုတောက်လင်းကို သူ့အား အာရုံစိုက်ရန် ခိုင်းစေခြင်းက ကုယိုအတွက် သေချာပေါက် သတင်းကောင်း ဖြစ်ပေလိမ့်မည်။

" ဟုတ်ကဲ့ပါ "

ကုချန်၏စကားကို ကြားသောအခါ ကုတောက်လင်း၏ နှလုံးသားမှာ လှုပ်ခတ်သွားကာ တစ်စုံတစ်ခုကို နားလည်သွားသည့်အလား ဖြစ်သွား၏။

တစ်ချိန်တည်းမှာပင် သူ အနည်းငယ် စိတ်လှုပ်ရှားသွားသည်ကို မတားဆီးနိုင်ခဲ့ပေ။ ဤလူငယ်လေး ကုယိုသည် ဘိုးဘေး၏ မျက်စိကျခြင်းကို ခံရကာ အာရုံစိုက်မှုကို ရရှိလိမ့်မည်ဟု မည်သူက ထင်မှတ်ထားမည်နည်း။

အခြားသော ကုမိသားစု မျိုးဆက်သစ် လူငယ်များအတွက်မူ ဤသည်မှာ သူတို့ ဘဝတစ်သက်တာလုံး ကြိုးပမ်းလျှင်တောင် ရရှိနိုင်မည်မဟုတ်သော အရာတစ်ခု ဖြစ်နိုင်ပေသည်။

" ကောင်းပြီ... မင်း သွားလို့ရပြီ "

ကုချန်၏ မျက်နှာအမူအရာ ရုတ်တရက် ပြောင်းလဲသွားကာ သူ၏လက်ကို ဝှေ့ယမ်းလျက် ကုတောက်လင်းအား ထွက်သွားရန် အချက်ပြလိုက်လေသည်။

အဘယ်ကြောင့်ဆိုသော် ယခုလေးတင် သူ၏ ဒုတိယကိုယ်ပွားနှင့် ဆက်သွယ်မှုသည် မယုံနိုင်လောက်အောင် ကြည်လင်လာသည်ကို ရုတ်တရက် တွေ့ရှိလိုက်ရသောကြောင့်ပင်။

ထိုခံစားချက်မှာ ယခင်က သူတို့နှစ်ဦးကို ပိုင်းခြားထားသည့် အလွှာလေးတစ်ခု ပေါက်ကွဲသွားသကဲ့သို့ပင် ဖြစ်လေသည်။

ဤအရာက သူ၏ ဒုတိယကိုယ်ပွား ကွေ့ရွှီးနယ်မြေသို့ သွားသော ခရီးစဉ်သည် အဆုံးသတ်လုနီးပါး ဖြစ်နေပြီဖြစ်ကြောင်း ကုချန်အား နားလည်သွားစေခဲ့သည်။

... ... ... ...

နတ်ဆိုးနယ်မြေ... ကွေ့ရွှီးနယ်မြေ အတွင်း၌.....

ကုချန်သည် ချူးဧကရာဇ်နှင့် ရှာနာနတ်ဆိုးဧကရာဇ်တို့ကို အတူတကွ ပြန်လည် ဆင့်ခေါ်လိုက်လေသည်။

ဤနှစ်များအတွင်း သူ၊ ချူးဧကရာဇ်နှင့် ရှာနာနတ်ဆိုးဧကရာဇ်တို့သည် သီးခြားစီ စူးစမ်းရှာဖွေခဲ့ကြရာ နတ်ဘုရားသတ္တု အများအပြားကို စုဆောင်းနိုင်ခဲ့ပြီး အများစုမှာ နတ်ဆိုးဧကရာဇ်အဆင့်များ ဖြစ်ကြ၏။ နောက်ထပ် နတ်ဆိုးဧကရာဇ်အဆင့် နတ်ဘုရားသတ္တုတစ်ခုလည်း ပါဝင်ကာ နောက်ဆုံးတွင် ထိုအရာကို ရှာနာနတ်ဆိုးဧကရာဇ်အား ကုချန် ပေးသနားခဲ့လေသည်။

ယခုအခါ သူ၏ အဆုံးမဲ့ဓားသည် နတ်ဆိုးဧကရာဇ်အဆင့်သို့ အဆင့်တက်လှမ်းရန် လိုအပ်သော နတ်ဘုရားသတ္တုများကို ရရှိပြီးဖြစ်ရာ နောက်ထပ် နတ်ဆိုးဧကရာဇ်အဆင့် နတ်ဘုရားသတ္တု တစ်ခုသည် အပိုထပ်ဆောင်းသာဖြစ်ပြီး ကြီးကြီးမားမား အသုံးဝင်တော့မည် မဟုတ်ချေ။

သို့သော် ရှာနာနတ်ဆိုးဧကရာဇ်တွင် အသုံးတည့်မည့် နတ်ဆိုးဧကရာဇ် လက်နက်တစ်ခု လိုအပ်နေသေး၏။ သူ၏တိုက်ခိုက်ရေးစွမ်းအားကို မြှင့်တင်ရန်အတွက် အသစ်ရရှိထားသော နတ်ဆိုးဧကရာဇ်အဆင့် နတ်ဘုရားသတ္တုကို ရှာနာနတ်ဆိုးဧကရာဇ်အား ကုချန် ပေးသနားလိုက်ခြင်း ဖြစ်သည်။

မည်သို့ပင်ဆိုစေ ရှာနာနတ်ဆိုးဧကရာဇ်သည်လည်း သူ၏ လက်အောက်ငယ်သား ဖြစ်လေသည်။

ရှာနာနတ်ဆိုးဧကရာဇ် ပိုမို အစွမ်းထက်လာလေလေ ကုချန်၏ ကိုယ်ပိုင်စွမ်းအား တိုးတက်လာခြင်းနှင့် ပို၍ ညီမျှလေလေ ဖြစ်သည်။ ဤမျှ ရိုးရှင်းသော သဘောတရားကို ကုချန် သဘာဝကျကျပင် နားလည်ထားလေသည်။

သို့သော် ကုချန်အား အနည်းငယ် စိတ်ပျက်သွားစေခဲ့သည်မှာ ဤနတ်ဘုရားသတ္တုများကို ရှာဖွေစုဆောင်းခြင်းမှလွဲ၍ ဤလုပ်ငန်းစဉ်အတွင်း အခြား နတ်ဆိုးဧကရာဇ်များကို သူတို့ မတွေ့ရှိခဲ့ရခြင်းပင်။ ထို့ကြောင့် နတ်ဆိုးဧကရာဇ်များကို သိမ်းသွင်းရန် နောက်တစ်ဆင့်ကို ဆက်လက် လုပ်ဆောင်ရန် နည်းလမ်း မရှိခဲ့ချေ။

သို့သော် တွေးကြည့်မည်ဆိုလျှင် ဤသည်မှာ နားလည်နိုင်လောက်ပေသည်။ ကွေ့ရွှီးနယ်မြေသည် ကျယ်ပြော၍ အဆုံးအစမရှိသလို ၎င်း၏ ကြီးမားလှသော အရွယ်အစားမှာလည်း ခန့်မှန်း၍ပင် မရနိုင်ချေ။ ၎င်းအတွင်းရှိ သက်ရှိများသည် သမုဒ္ဒရာထဲမှ ရေတစ်စက်ကဲ့သို့ ဖြစ်နေလေသည်။

ထို့အပြင် ကွေ့ရွှီးနယ်မြေသို့ ဝင်ရောက်နိုင်သော နတ်ဆိုးဧကရာဇ်အဆင့် တည်ရှိမှုများမှာ မယုံနိုင်လောက်အောင် ရှားပါးလှပေသည်။

အခြားသော နတ်ဆိုးဧကရာဇ်တစ်ပါးနှင့် တွေ့ဆုံရန်မှာ ပင်လယ်ထဲ အပ်ကျရှာရသကဲ့သို့ ခက်ခဲလှပေလိမ့်မည်။

ချူးဧကရာဇ်ကို သိမ်းသွင်းနိုင်ခဲ့ခြင်းမှာ ချူးဧကရာဇ်က ရှာနာနတ်ဆိုးဧကရာဇ်၏ ခြေရာခံ လိုက်လာခဲ့ခြင်းကြောင့်သာ ဖြစ်သည်။

ထိုသို့သာ မဟုတ်ခဲ့လျှင် ချူးဧကရာဇ်ပင်လျှင် ရှာနာနတ်ဆိုးဧကရာဇ်ကို တွေ့ဆုံနိုင်ခဲ့မည် မဟုတ်ချေ။

All Chapters