← Chapters

အခန်း ၅၈၃

Vol. 42 Ch. 583

အခန်း ၅၈၃

Vol. 42 Ch. 583

အခန်း ( ၅၈၃ ) - ထာဝရဟူသော အမည်နာမ၊ ကြိုတင်စီစဉ်ထားမှုများနှင့် အကြည့်တစ်ချက်

ထာဝရနတ်ဆိုးဧကရာဇ်သည် နတ်ဆိုးနယ်မြေတွင် အလွန်ရှေးကျသော နတ်ဆိုးဧကရာဇ်တစ်ပါး ဖြစ်သည်။

ချူးဧကရာဇ်နှင့် ရှာနာနတ်ဆိုးဧကရာဇ်တို့၏ အမြင်တွင်လည်း ထိုသို့ပင် ဖြစ်သည်။

ထာဝရနတ်ဆိုးဧကရာဇ် တာအိုကို နားလည်သဘောပေါက်ခဲ့သည့် အချိန်ကာလသည် နတ်ဆိုးဧကရာဇ်အရှင်သခင်ထက်ပင် ပိုမိုရှေးကျပြီး နတ်ဆိုးနယ်မြေ စတင်တည်ထောင်စအချိန်အထိပင် ပြန်လည်ခြေရာခံနိုင်ကောင်း ခြေရာခံနိုင်လိမ့်မည်ဟူသော ကောလာဟလများပင် ရှိခဲ့သည်။

များပြားလှသော နတ်ဆိုးဧကရာဇ်များကြားတွင် ထာဝရနတ်ဆိုးဧကရာဇ်သည် အလွန်ရှေးအကျဆုံးများထဲမှ တစ်ပါးဖြစ်ရုံသာမက အလွန်လည်း လျှို့ဝှက်ဆန်းကြယ်လှပြီး အခြားနတ်ဆိုးဧကရာဇ်များနှင့်ပင် တွေ့ဆုံဆက်သွယ်လေ့ မရှိပေ။

သို့သော်လည်း ဤအချက်က အခြားနတ်ဆိုးဧကရာဇ်များ၏ အမြင်တွင် ထာဝရနတ်ဆိုးဧကရာဇ်၏ စွမ်းအားနှင့် လျှို့ဝှက်ဆန်းကြယ်မှုကို လျော့နည်းသွားစေခြင်း မရှိပေ။

အကယ်၍ နတ်ဆိုးဧကရာဇ်အရှင်သခင်သာ ရုတ်တရက် ထွက်ပေါ်မလာခဲ့ပါက နတ်ဆိုးနယ်မြေ၏ ပူးတွဲအုပ်စိုးသူနေရာသည် ထာဝရနတ်ဆိုးဧကရာဇ်၏ နေရာဖြစ်နိုင်သည်ဟုပင် အများအပြားက ယုံကြည်ထားခဲ့ကြသည်။

သို့သော် ထိုအရာအားလုံးမှာ ခန့်မှန်းချက်များသာ ဖြစ်သည်။

နောင်တွင် ထာဝရနတ်ဆိုးဧကရာဇ်၏ ထူးဆန်းသော ပျက်သုဉ်းမှုက သူ့အား ပိုမိုလျှို့ဝှက်ဆန်းကြယ်သော အခြေအနေတစ်ခုကို ဖန်တီးပေးခဲ့သည်။ သူသေဆုံးပြီးနောက်တွင် နတ်ဆိုးနယ်မြေ၌ သူနှင့်ပတ်သက်သော မည်သည့်အချက်အလက်မျှ မကျန်ရစ်တော့ဘဲ လုံးဝမေ့ပျောက်ခံလိုက်ရသကဲ့သို့ ဖြစ်သွားခဲ့၏။

ထို့အပြင် သူသေဆုံးရခြင်းအကြောင်းရင်းမှာ ပို၍ပင် 'ဒဏ္ဍာရီဆန်' လှပေသည်။

နတ်ဆိုးဧကရာဇ်တစ်ပါးမှ ထိုသူ ထာဝရနတ်ဆိုးဧကရာဇ် ကျောက်တုံးအဖြစ် ပြောင်းလဲသွားသည်ကို ကိုယ်တိုင်မြင်တွေ့ခဲ့ရသည်ဟု ဆိုခဲ့ဖူး၏။ ထို့ကြောင့် သူ ပျက်သုဉ်းရခြင်း၏ အကြောင်းရင်းမှာ ဧကရာဇ်အဆင့်ရှိ ကျောက်ဆူးအမှတ်ကို ကောင်းစွာမတည်ငြိမ်စေနိုင်ခဲ့သဖြင့် သူ၏ကျင့်ကြံမှု အထွတ်အထိပ်ရောက်ချိန်တွင် သူ့ကိုယ်သူ ပျောက်ဆုံးသွားပြီး တာအိုအဖြစ် ပြောင်းလဲသွားသည့် အန္တရာယ်ရှိသော အခြေအနေသို့ ရောက်ရှိသွားခြင်းဖြစ်သည်ဟု ခန့်မှန်းခဲ့ကြသည်။

အကယ်၍ ဤအရာသာ နောက်ပိုင်းတွင် ဖြစ်ပွားခဲ့ခြင်းဆိုပါက မယုံနိုင်စရာ ဖြစ်ရပ်တစ်ခုသာ ဖြစ်ပေလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် နတ်ဆိုးဧကရာဇ်အဆင့်ရှိ တည်ရှိမှုအားလုံးသည် မိမိတို့၏ ကျောက်ဆူးအမှတ်များကို တည်ငြိမ်စေခြင်း၏ အရေးကြီးပုံကို သိရှိကြပြီး မဟာတာအိုကျောက်ဆူးအမှတ်အပြင် မိမိတို့၏တည်ငြိမ်မှုကို သေချာစေရန် မိမိတို့အတွက် အခြားကျောက်ဆူးအမှတ်များကိုပါ သတ်မှတ်ထားလေ့ရှိသောကြောင့်ပင်။

နတ်ဆိုးနယ်မြေရှိ အလွန်ရှေးအကျဆုံး နတ်ဆိုးဧကရာဇ်ဖြစ်သော ထာဝရနတ်ဆိုးဧကရာဇ်အနေဖြင့် ဤကဲ့သို့ အခြေခံကျသော အမှားမျိုး လုပ်မိရန်မှာ လုံးဝ မဖြစ်နိုင်သလောက်ပင်။

သို့သော် သူ ပျက်သုဉ်းပြီးနောက် ကျန်ရစ်ခဲ့သော သဲလွန်စအားလုံးက သူ၏ကျဆုံးမှုမှာ အစစ်အမှန်ဖြစ်ကြောင်း သက်သေပြနေခဲ့ပြီး နောက်ဆုံးတွင် နတ်ဆိုးနယ်မြေရှိ နတ်ဆိုးဧကရာဇ်များမှာ ဤထူးဆန်းသော ရလဒ်ကို လက်ခံခဲ့ရ၏။

ယခု ချူးဧကရာဇ်က ထာဝရနတ်ဆိုးဧကရာဇ် ချန်ထားခဲ့သော အရာတစ်ခုကို ရရှိခဲ့သည်ဟု ဆိုလာသည်လော။

" အထူးတလည် ထူးခြားတာတော့ ဘာမှမရှိပါဘူး… ကျင့်ကြံခြင်းနဲ့ ပတ်သက်တဲ့ မှတ်စုတချို့ပါပဲ "

ချူးဧကရာဇ်မှ ရှင်းပြလေသည်။

" နတ်ဆိုးဧကရာဇ်က ဒီသန့်စင်တဲ့နယ်မြေရဲ့ အနက်ရှိုင်းဆုံးနေရာက လျှို့ဝှက်ဆန်းကြယ်တဲ့ တည်ရှိမှုရဲ့ တပည့် ဟုတ်လား "

ချူးဧကရာဇ် ဖွင့်ဟလိုက်သော လျှို့ဝှက်ချက်ကို ကုချန်က ဆက်လက် စဉ်းစားသုံးသပ်နေဆဲဖြစ်သည်။

အကယ်၍ ထိုသို့သာဆိုလျှင် နတ်ဆိုးဧကရာဇ်သည် နတ်ဆိုးနယ်မြေ၏ သမိုင်းတွင် ဤနေရာမှ အသက်ရှင်လျက် ထွက်လာနိုင်သော ပထမဆုံး တည်ရှိမှု ဖြစ်လာနိုင်ပုံကို ရှင်းပြနိုင်ပေလိမ့်မည်။

ကျားပင်လျှင် မိမိ၏သားပေါက်ကို မစားပေ။

အကယ်၍ ဤသန့်စင်သောနယ်မြေ၏ အနက်ရှိုင်းဆုံးနေရာမှ တည်ရှိမှုသည် ထိုလျှို့ဝှက်ဆန်းကြယ်သော နတ်ဆိုးဧကရာဇ်နှင့် အမှန်တကယ်ပင် ဆရာ-တပည့် ဆက်ဆံရေး ရှိခဲ့မည်ဆိုပါက ၎င်းသည် သဘာဝကျကျပင် သူ့အား အနည်းငယ်မျှ အန္တရာယ်ပြုမည်မဟုတ်ချေ။

ဒါဆိုရင် အခြားသူတွေအားလုံး ဒီနေရာကနေ အသက်ရှင်လျက် ထွက်မသွားနိုင်ဘူးဆိုတဲ့ အဓိပ္ပာယ်လည်း သက်ရောက်မနေဘူးလား။

ကုချန်သည် မျက်မှောင်ကျုံ့သွား၏။

သန့်စင်သောနယ်မြေ၏ အနက်ရှိုင်းဆုံးနေရာရှိ ရှင်းပြ၍မရသော တည်ရှိမှု၏ စွမ်းအားကို သူ ကိုယ်တိုင် တွေ့ကြုံခဲ့ဖူး၏။ ထိုစဉ်က သူသည် ကြီးမားသော အားထုတ်မှုဖြင့် သီသီလေး လွတ်မြောက်ခဲ့ရ၏။ ၎င်းသည် အမှန်တကယ်ပင် အန္တရာယ်ကြီးမားခဲ့ကာ ယခု ပြန်တွေးကြည့်ရာတွင်လည်း အရာအားလုံးက ကွက်ကွက်ကွင်းကွင်း ရှိနေဆဲဖြစ်သည်။

ထို့အပြင် ထိုအချိန်က သူသည် ဤနေရာကို သူ၏ နတ်ဘုရားအာရုံ အငွေ့အသက်လေးတစ်ခုဖြင့်သာ စူးစမ်းခဲ့ခြင်းဖြစ်သည်။ သို့သော် ယခုမူ သူ၏ ခန္ဓာကိုယ်အစစ်အမှန်သည် ၎င်း၏တံခါးဝသို့ တိုက်ရိုက် ရောက်ရှိနေပြီဖြစ်သည်။

ကုချန်မှ အလိုအလျောက်ပင် သူ၏လက်ဖဝါးကို ဆုပ်ကိုင်လိုက်၏။

သူ၏လက်ဖဝါးထဲတွင် အကြွင်းမဲ့အရိပ်ခြောက်ပါးအဆောင်တစ်ခု တိတ်တဆိတ် ရှိနေ‌လေသည်။

နှစ်ပေါင်းများစွာ အားပြန်သွင်းပြီးနောက် မူလက ကုန်ခမ်းသွားခဲ့သော အကြွင်းမဲ့အရိပ်ခြောက်ပါးအဆောင်အတွင်းရှိ စွမ်းအားများကို ကုချန်မှ အပြည့်အဝ ပြန်လည်ဖြည့်တင်းထားပြီး ဖြစ်သည်။

ယင်းက သူ ဤနေရာမှ ထွက်ခွာရန် အကြွင်းမဲ့အရိပ်ခြောက်ပါးအဆောင်ကို အချိန်မရွေး အသုံးပြုနိုင်ကြောင်း ဆိုလိုခြင်းဖြစ်သည်။

သို့သော် အဆောင်၏စွမ်းအားကို လူတစ်ယောက်သာ အသုံးပြုနိုင်၏။

ယင်းက သူ့အနေဖြင့် လွတ်မြောက်ရန် အခွင့်အရေးရှိနိုင်သော်လည်း သူ၏ လက်အောက်ငယ်သားနှစ်ဦးအတွက် ဤနေရာမှ ထွက်ခွာရန်မှာ ထိုမျှ လွယ်ကူလိမ့်မည်မဟုတ်ကြောင်းကိုလည်း ဆိုလိုပေသည်။

ဤအရာက ကုချန်အတွက် အခက်ခဲဆုံးသော အချက်ပင်ဖြစ်၏။

ရှာနာနတ်ဆိုးဧကရာဇ်နှင့် ချူးဧကရာဇ်တို့သည် ကုချန် အပင်ပန်းခံ၍ သိမ်းသွင်းထားခဲ့သော နတ်ဆိုးဧကရာဇ်အဆင့် လက်အောက်ငယ်သားနှစ်ဦးဖြစ်ပြီး သူတို့၏အရေးပါမှုမှာလည်း သံသယဖြစ်ဖွယ်မရှိပေ။

အကယ်၍ ဤနှစ်ဦးသည် ယခု အချည်းနှီး ဆုံးရှုံးသွားမည်ဆိုပါက ကုချန် ခွင့်ပြုနိုင်စွမ်းမရှိသော ဆုံးရှုံးမှုတစ်ခု ဖြစ်လာမည်မှာ သေချာလှ၏။

နတ်ဆိုးဧကရာဇ်အဆင့် လက်အောက်ငယ်သားနှစ်ဦးကို သိမ်းသွင်းရန် ဤမျှလောက် အားထုတ်ခဲ့ရပါလျက်နှင့် ယခုကဲ့သို့သော အကြောင်းပြချက်ဖြင့် ဤနေရာတွင် ပျက်သုဉ်းသွားစေရမည်ဆိုလျှင် မည်သူက လက်ခံနိုင်မည်နည်း။

ထို့ကြောင့် ထောင်ဂဏန်းတွင် တစ်ပုံခန့် အခွင့်အရေးရှိမည်ဆိုလျှင်တောင်မှ ကုချန်သည် ရှာနာနတ်ဆိုးဧကရာဇ်နှင့် ချူးဧကရာဇ်တို့ကို ဤနေရာမှ ဘေးကင်းစွာ ခေါ်ထုတ်သွားရန် ကြိုးစားမည်ဖြစ်သည်။

သို့သော် ဤအရာက ဤနှစ်ဦးကို ကာကွယ်ရန်အတွက် ကုချန်သည် ရှိသမျှအရာအားလုံးကို စွန့်စားမည်ဟု ဆိုလိုခြင်းမဟုတ်ပေ။ ဤအရာမှာ သူ၏ ကိုယ်ပွားတစ်ခုသာ ဖြစ်သော်လည်း ၎င်း၏အရေးပါမှုမှာ ချူးဧကရာဇ်နှင့် ရှာနာနတ်ဆိုးဧကရာဇ်တို့ ပေါင်းစပ်ထားသည်ထက် ပိုမိုကြီးမားလေသည်။

ထို့ကြောင့် အကယ်၍ အမှန်တကယ်ပင် အရေးပါသော အခိုက်အတန့်သို့ ရောက်ရှိလာပါက သူသည် ၎င်းတို့ကို စွန့်ပစ်ရမည်သာ ဖြစ်သည်။ ကိုယ်ပွားတစ်ခု သေဆုံးသွားသည်နှင့် အသစ်ပြန်စရန် အခွင့်အရေး မရှိတော့သဖြင့် သူ၏ကိုယ်ပွားကို ဆုံးရှုံးခံ၍ မဖြစ်ပေ။

ဤအရာအားလုံးကို ရှင်းလင်းစွာ သိရှိပြီးနောက် ကုချန်သည် လက်ဝှေ့ယမ်းကာ အမိန့်ကို တိုက်ရိုက် ထုတ်ပြန်လိုက်၏။

" သတိထားပြီး သန့်စင်တဲ့နယ်မြေ အပြင်ဘက်ကို အမြန်သွားကြ "

ဤနေရာတွင် အချိန်ဖြုန်းနေသည့် အခိုက်အတန့်တိုင်းသည် အန္တရာယ်ကို တိုးလာစေမည်ဖြစ်သည်။ ယခု အရေးကြီးဆုံးကိစ္စမှာ ဤနေရာမှ အမြန်ဆုံး ထွက်ခွာရန်နှင့် အချိန်အကြာကြီး မဆွဲထားရန်ပင် ဖြစ်သည်။

" အရှင်သခင်… နောက်ချန်ပြီး ကျွန်မ ကာကွယ်ပေးပါ့မယ်! "

ရှာနာနတ်ဆိုးဧကရာဇ်မှ ကုချန်၏နောက်ပိုင်းကို ကာကွယ်ပေးရန် သူ့သဘောဆန္ဒအလျောက်ပင် ပြောဆိုလိုက်၏။ အကယ်၍ အန္တရာယ်တစ်ခုခု အမှန်တကယ် ပေါ်ပေါက်လာပါက သူသည် ကုချန်အတွက် ၎င်းကို ကာကွယ်ပေးနိုင်ပြီး သူ လွတ်မြောက်ရန် အချိန်ဆွဲပေးနိုင်မည်ဖြစ်သည်။

သို့သော် ဤအကြံပြုချက်ကို ကုချန်မှ ငြင်းပယ်လိုက်၏။

" နောက်ချန်နေဖို့ မလိုဘူး… အရှေ့ကို အမြန်ဆုံး သွားဖို့ကိုပဲ အာရုံစိုက် "

ကုချန်မှ လေးနက်သောအသံဖြင့် အမိန့်ပေးလိုက်လေသည်။

သူ၏ ယခင်အတွေ့အကြုံက ဤသန့်စင်သောနယ်မြေ၏ အနက်ရှိုင်းဆုံးနေရာရှိ တည်ရှိမှုသည် မည်မျှ ကြောက်မက်ဖွယ်ကောင်းကြောင်း သူ့ကို နားလည်စေခဲ့ပြီး ဖြစ်သည်။

နတ်ဆိုးဧကရာဇ်အဆင့် တည်ရှိမှုပင်လျှင် ၎င်း၏အမြင်တွင် ပုရွက်ဆိတ်ထက် အနည်းငယ်မျှသာ ပို၍စွမ်းအားကြီးလောက်ပေသည်။

ထို့ကြောင့် နောက်ချန်နေခဲ့ခြင်းက အဓိပ္ပာယ်မရှိချေ။

အကယ်၍ တစ်ဖက်လူက သူတို့အဖွဲ့ကို အမှန်တကယ်ပင် ဒုက္ခပေးရန် ရည်ရွယ်ထားပါက ရှာနာနတ်ဆိုးဧကရာဇ်သည် လုံးဝ ခုခံနိုင်မည်မဟုတ်ပေ။ ထို့ကြောင့် နောက်ချန်နေခြင်းကဲ့သို့သော အချည်းနှီးဖြစ်မည့် အပြုအမူမျိုး လုပ်မည့်အစား အမြန်ဆုံးပြေးပြီး ဤနေရာမှ အမြန်ဆုံး ထွက်ခွာနိုင်မလားဆိုသည်ကို ကြည့်ခြင်းက ပိုကောင်းပေလိမ့်မည်။

အကယ်၍ အန္တရာယ်နှင့် အမှန်တကယ် ကြုံတွေ့ရပါက ကုချန်သည် နောက်ချန်နေရန် ရှာနာနတ်ဆိုးဧကရာဇ်ကို မလိုအပ်ဘဲ အကြွင်းမဲ့အရိပ်ခြောက်ပါးအဆောင်ကိုသာ ထွက်ခွာရန် တိုက်ရိုက် အသုံးပြုမည်ဖြစ်သည်။

" ဟုတ်ကဲ့ပါ "

ကုချန်၏အမိန့်ကို ကြားသောအခါ ရှာနာနတ်ဆိုးဧကရာဇ်နှင့် ချူးဧကရာဇ်တို့သည် သူတို့၏အရှင်သခင်က ထောက်ထားညှာတာပြီး သူတို့၏အသက်ကို အချည်းနှီး အဆုံးရှုံးမခံလိုဘူးဟု ထင်ကာ အလွန်အမင်း စိတ်လှုပ်ရှားသွားကြ၏။ သို့သော် ကုချန်က ဖြစ်နိုင်ခြေရှိသော လွတ်မြောက်မည့် လမ်းကြောင်းများအားလုံးကို ကြိုတင်စဉ်းစားထားပြီးဖြစ်ကြောင်းကိုမူ သူတို့ မသိခဲ့ကြပေ။

သူတို့အဖွဲ့သည် သန့်စင်သောနယ်မြေ၏ အပြင်ဘက်သို့ ဦးတည်ကာ အမြန်ဆုံးနှုန်းဖြင့် ပြေးသွားကြ၏။

“ ဝူး…! “

ရုတ်တရက် ဤသန့်စင်သောနယ်မြေထဲတွင် လေတစ်ချက် တိုက်ခတ်လာလေ၏။

အနက်ရောင်မြူခိုးများ လှိုင်းထန်လာသည်နှင့်အမျှ ကုချန်၏ခန္ဓာကိုယ်မှာ ရုတ်တရက် နေရာမှာပင် အေးခဲသွားတော့သည်။

အဘယ်ကြောင့်ဆိုသော် ထိုအခိုက်အတန့်တွင် ဤသန့်စင်သောနယ်မြေ၏ လျှို့ဝှက်ဆန်းကြယ်သော အနက်ရှိုင်းဆုံးနေရာ၌ မျက်လုံးတစ်စုံ ပွင့်လာပြီး အေးစက်ကာ ရှေးကျလှသော အကြည့်တစ်ချက်က အဆုံးမရှိသော အကွာအဝေးကို ချက်ချင်း ဖြတ်သန်းလာကာ သူ့အပေါ် ကျရောက်လာသည်ကို သူ ခံစားလိုက်ရသောကြောင့်ပင်!

ထိုအကြည့်မှာ အေးစက်ပြီး နွေးထွေးမှု လုံးဝမရှိချေ။ ယင်းက ကုချန်၏ စိတ်နှလုံးထဲတွင် ကြောက်ရွံ့မှုများ အလိုအလျောက် ပေါ်ပေါက်လာစေပြီး အင်အားကြီးမားသော ရန်သူနှင့် ရင်ဆိုင်နေရသည့်အလား သူ၏ အတွင်းအားများမှာ ရူးသွပ်စွာ လှိုင်းထန်သွားတော့သည်။

သူ ပစ်မှတ်ထားခံလိုက်ရပြီပဲ။

ကုချန်၏စိတ်နှလုံးများမှာ တဖြည်းဖြည်း လေးလံလာခဲ့၏။

အဘယ်ကြောင့်ဆိုသော် ထိုအကြည့်က ပေးသော ခံစားချက်မှာ အလွန်ရင်းနှီးလွန်းနေသောကြောင့် ဖြစ်သည်။ ထိုအရာမှာ အတိတ်က သူ၏ နတ်ဘုရားဝိညာဉ် ဤနေရာကို စူးစမ်းစဉ်က သူ့ကို ပစ်မှတ်ထားခဲ့သော အငွေ့အသက်ပိုင်ရှင်၏ အကြည့်နှင့် အတူတူပင် ဖြစ်လေသည်။

All Chapters