← Chapters

အခန်း ၁၂

Vol. 2 Ch. 12

အခန်း ၁၂

Vol. 2 Ch. 12

အခန်း ၁၂ ရေကန်ကြမ်းကြုတ်ဖွတ်ကြီး သေဆုံးခြင်း၊ အဆင့် ၁ စစ်သည်တော်။

"ဒီကောင်လေး ရူးနေပြီလား... သူက ရေကန်ကြမ်းကြုတ်ဖွတ်ကြီးကို သံမဏိမီးပုရွက်ဆိတ်လို့များ ထင်နေတာလား..."

"သံမဏိမီးပုရွက်ဆိတ်ဆိုတာ အဆင့် ၁ မှော်သားရဲပဲလေ... ပြီးတော့ ငါတို့ ဝိုင်းတိုက်ထားလို့ သေလုမျောပါး ဖြစ်နေတာ... အဲ့ဒါကြောင့် သူ အချောင်နှိုက်သွားနိုင်တာပေါ့... ရေကန်ကြမ်းကြုတ်ဖွတ်ကြီးက အဲ့လိုမှမဟုတ်တာ... သူက အကောင်းတိုင်းကြီး ရှိသေးတာလေ..."

ရေကန်ကြမ်းကြုတ်ဖွတ်ကြီး၏ ကျောပေါ်တွင် တက်ခွကာ အရူးအမူး ထိုးစိုက်နေသော မုန်လဲ့ကို မြင်လိုက်ရချိန်တွင် အယ်လီဆန်တို့ လေးဦးမှာ ခေတ္တမျှ မှင်သက်သွားပြီးနောက် မျက်မှောင်ကြုတ်သွားကြသည်။

ရေကန်ကြမ်းကြုတ်ဖွတ်ကြီးမှာ အဆင့် ၂ မှော်သားရဲ ဖြစ်ပြီး ထိခိုက်ဒဏ်ရာ တစ်စုံတစ်ရာမျှ မရရှိသေးပေ။

ဤကဲ့သို့ အခြေအနေမျိုးတွင် အမွေးတောင် မစုံသေးသော ကလေးတစ်ယောက်က ရေကန်ကြမ်းကြုတ်ဖွတ်ကြီးကို သတ်ဖြတ်ရန် တွေးတောနေခြင်းမှာ လုံးဝကို ရယ်စရာပင် ဖြစ်သည်။

အမှန်တကယ်ပင် သူတို့ ထင်ထားသည့်အတိုင်း ဖြစ်လာခဲ့သည်။

မုန်လဲ့က ရှိသမျှ ခွန်အား အားလုံးကို အသုံးချကာ ထိုးစိုက်နေသော်လည်း ရေကန်ကြမ်းကြုတ်ဖွတ်ကြီး၏ ကျောရိုးကိုမူ မဖြတ်တောက်နိုင်ခဲ့ချေ။ ဤတိရစ္ဆာန်၏ အကြေးခွံများမှာ သံမဏိကဲ့သို့ မာကျောရုံသာမက အရိုးများမှာလည်း စိန်ကဲ့သို့ မာကျောလှရာ အလွယ်တကူ ဖြတ်တောက်နိုင်မည် မဟုတ်ချေ။

ဆန့်ကျင်ဘက်အနေဖြင့် ကျောပြင်မှ ပြင်းထန်သော နာကျင်မှုများက ရေကန်ကြမ်းကြုတ်ဖွတ်ကြီး၏ အာရုံကြောများကို လှုံ့ဆော်နေတော့သည်။ ရေနဂါး သွေးကြော အနည်းငယ် ပါဝင်နေသော ဤအဆင့် ၂ မှော်သားရဲကြီးမှာ လုံးဝကို ရူးသွပ်သွားတော့သည်။

၎င်းက ဒေါသတကြီး ဟိန်းဟောက်လိုက်ပြီး ခန္ဓာကိုယ်ကို ပြင်းထန်စွာ လှုပ်ခါနေရာ လည်ကြိုးပြတ်နေသော မြင်းရိုင်းတစ်ကောင်အလား ကျောပေါ်မှ မုန်လဲ့ကို အောက်သို့ ပြုတ်ကျသွားစေရန် အစွမ်းကုန် ကြိုးစားနေတော့သည်။

မုန်လဲ့သည် ဤခွန်အားကြီးကို ခံစားနေရပြီး ဤအတိုင်းသာ ဆက်သွားနေပါက သူ လွင့်စင်သွားမည်မှာ အသေအချာဖြစ်ကြောင်း ကောင်းကောင်း သိထားရာ ကြာကြာ တောင့်ခံထားနိုင်မည် မဟုတ်တော့ချေ။

"ဖြစ်ချင်ရာ ဖြစ်တော့..."

မုန်လဲ့က အံကြိတ်ကာ စိတ်ထဲမှ အသံကုန် အော်ဟစ်လိုက်သည်။

'စနစ်... ရွှေပြားတွေ အကုန်လုံးကို ခွန်အားတွေအဖြစ် ပြောင်းလဲပေး... ခွန်အား... ငါ ပိုများတဲ့ ခွန်အားတွေ လိုအပ်တယ်...'

'ဒင်... လဲလှယ်ခြင်း အောင်မြင်ပါသည်... ပိုင်ရှင်၏ ခွန်အား ၂၃ မှတ် တိုးလာပါသည်...'

'ဒင်... ဂုဏ်ယူပါတယ်... ပိုင်ရှင်ဟာ အဆင့် ၁ စစ်သည်တော်အဖြစ် အဆင့်တက်သွားပါပြီ... ဆက်လက်ကြိုးစားပြီး နောက်ထပ်အဆင့်တွေ ထပ်တက်နိုင်အောင် ကြိုးပမ်းပါ...'

တစ်ကြိမ်တစ်ခါမျှ မခံစားဖူးသော နွေးထွေးသည့် စီးဆင်းမှုကြီးတစ်ခုက ခြေလက်အင်္ဂါများနှင့် အရိုးအဆစ်များဆီသို့ ဝင်ရောက်လာပြီး ခန္ဓာကိုယ် အစိတ်အပိုင်း အသီးသီးကို လျင်မြန်စွာ အားဖြည့်ပေးနေသည်။ မုန်လဲ့မှာ ခွန်အားများ ရုတ်တရက် တိုးလာသည်ကို ခံစားလိုက်ရပြီး တစ်ကိုယ်လုံးတွင် ပေါက်ကွဲထွက်လာမတတ် စွမ်းအားများ ပြည့်နှက်နေတော့သည်။

"နောက်ဆုံးတော့ အဆင့် ၁ စစ်သည်တော် ဖြစ်လာခဲ့ပြီ..."

မုန်လဲ့၏ မျက်လုံးများက တောက်ပနေပြီး မျက်ဝန်းများထဲတွင် ထက်မြက်လှသော အေးစက်စက် အလင်းများ ဖြတ်ပြေးသွားသည်။ သူ၏ လက်ထဲရှိ ဓားမြှောင်ကို အားကုန် ထိုးစိုက်လိုက်ရာ ရေကန်ကြမ်းကြုတ်ဖွတ်ကြီး၏ ကျောရိုးပေါ်သို့ ထပ်မံ ကျရောက်သွားတော့သည်။

'ခရက်...'

ပြတ်သားသော အရိုးကျိုးသံကြီး ထွက်ပေါ်လာရာ မုန်လဲ့၏ နားထဲတွင်တော့ သာယာငြိမ့်ညောင်းသော နတ်တေးသံအလား ပဲ့တင်ထပ်သွားတော့သည်။ နောက်တစ်စက္ကန့်တွင် ကြီးမားလှသော ခွန်အားကြီးတစ်ခု ရိုက်ခတ်လာပြီး မုန်လဲ့မှာ မထိန်းချုပ်နိုင်တော့ဘဲ အဝေးသို့ လွင့်စင်သွားတော့သည်။

ထို့နောက် မြေပြင်ပေါ်သို့ ဝုန်းခနဲ ပြုတ်ကျသွားပြီး ခွေးချေးစားသည့်ပုံစံဖြင့် မြေပြင်နှင့် မိတ်ဆက်သွားတော့သည်။

သို့သော် မုန်လဲ့မှာမူ အလွန်အမင်း စိတ်လှုပ်ရှားနေသည်။ သူက တစ်ကိုယ်လုံး တုန်ခါနေသော ရေကန်ကြမ်းကြုတ်ဖွတ်ကြီးကို ကြည့်ကာ အေးစက်စက် ပြုံးလိုက်သည်။

"သေလိုက်တော့ တိရစ္ဆာန်ကောင်..."

'ဝုန်း...'

သူ၏ စကားသံ ဆုံးသွားသည်နှင့်တစ်ပြိုင်နက် ရေကန်ကြမ်းကြုတ်ဖွတ်ကြီးမှာ မြေပြင်ပေါ်သို့ ပြင်းထန်စွာ ဝုန်းခနဲ လဲကျသွားတော့သည်။ ထို့နောက် မည်သည့် လှုပ်ရှားမှုမျှ မရှိတော့ချေ။

'ဒင်... အဆင့် ၂ မှော်သားရဲ ရေကန်ကြမ်းကြုတ်ဖွတ် ၁ ကောင် သတ်ဖြတ်မှုအတွက် ရွှေပြား ၂၇၀ ပြား ရရှိပါသည်...'

ရေကန်ကြမ်းကြုတ်ဖွတ်ကြီး သေဆုံးသွားသည်နှင့်တစ်ပြိုင်နက် စနစ်၏ အသိပေးသံ ထွက်ပေါ်လာရာ မုန်လဲ့က အသက်ကို ပြင်းပြင်းရှူထုတ်လိုက်သည်။

"နောက်ဆုံးတော့ သေသွားပြီပဲ... ငါ ဒီလောက်တောင် အသက်စွန့်ပြီး တိုက်ခိုက်လိုက်ရတာ တန်သွားပြီ..."

"ရေကန်ကြမ်းကြုတ်ဖွတ်ကြီးက... သေသွားပြီလား..."

အယ်လီဆန်တို့ လေးဦးမှာ မှင်သက်သွားကြပြီး သေဆုံးသွားသော ရေကန်ကြမ်းကြုတ်ဖွတ်ကြီးကို ကြည့်ကာ ဦးနှောက်ထဲတွင် တွေးစရာ စကားလုံးပင် ရှာမရအောင် ဖြစ်သွားတော့သည်။

"ရေကန်ကြမ်းကြုတ်ဖွတ်ကြီးက ဘယ်လိုလုပ် သေသွားတာလဲ..."

"ဒါ... ဒါ မဖြစ်နိုင်ဘူးမလား... ဒါက အဆင့် ၂ မှော်သားရဲ ရေကန်ကြမ်းကြုတ်ဖွတ်ကြီးလေ..."

"ဟေ့ကောင်လေး... ရေကန်ကြမ်းကြုတ်ဖွတ်ကြီးကို ဘယ်လို သတ်လိုက်တာလဲ..."

မုန်လဲ့က အားယူကာ မတ်တတ်ရပ်လိုက်ပြီး ပြုံးလျက် ရှင်းပြလိုက်သည်။

"ကျွန်တော် ကံကောင်းသွားတာပါ... မတော်တဆ ရေကန်ကြမ်းကြုတ်ဖွတ်ကြီးရဲ့ ကျောရိုးကို ဖြတ်တောက်မိသွားတာ... ပြီးတော့ သူ သေသွားတာပဲ..."

"ဘာ... မင်းက သူ့ရဲ့ ကျောရိုးကို ဖြတ်တောက်လိုက်တာလား..."

"ဒါ... ဒါ လုံးဝ မဖြစ်နိုင်ဘူး... ရေကန်ကြမ်းကြုတ်ဖွတ်ကြီးရဲ့ အရိုးတွေက အရမ်းမာကျောတယ်... ကျောရိုးဆိုတာ တစ်ကိုယ်လုံးမှာ သွားတွေပြီးရင် အမာကျောဆုံး နေရာပဲ... မင်းက ဘယ်လိုလုပ်ပြီး သူ့ရဲ့ ကျောရိုးကို ဖြတ်တောက်နိုင်မှာလဲ..."

ပုဆိန်ကြီးကို ကိုင်ဆောင်ထားသော ဘော်ဘီက မျက်မှောင်ကြုတ်ကာ မုန်လဲ့၏ ရှင်းပြချက်ကို သံသယ ဝင်လာသည်။

ဘော်ဘီ ယေးလ် အယ်လီဆန်တို့ သုံးဦးမှာလည်း ထိုအချက်ကို သဘောတူကြသည်။ အဆင့် ၂ မှော်သားရဲများ၏ စွမ်းအားမှာ ဘက်စုံ ထူးချွန်လှသည်။ ခန္ဓာကိုယ် အမြန်နှုန်း အရိုးများ မှော်ပညာ အစရှိသည့် အရာအားလုံးမှာ အဆင့် ၁ မှော်သားရဲများထက် များစွာ သာလွန်ပေသည်။

မုန်လဲ့က အဆင့် ၁ မှော်သားရဲ သံမဏိမီးပုရွက်ဆိတ်ကို သတ်ဖြတ်နိုင်သော်လည်း ရေကန်ကြမ်းကြုတ်ဖွတ်ကြီးကို သတ်ဖြတ်ရန်မှာမူ ခက်ခဲလှပေသည်။

"ဒီလူတွေက တော်တော် လှည့်စားရ ခက်တာပဲ..."

မုန်လဲ့က သက်ပြင်းချလိုက်ပြီး ပခုံးတွန့်ကာ ပြောလိုက်သည်။

"မယုံဘူးလား... မယုံရင် ကိုယ်တိုင် သွားကြည့်လိုက်ကြလေ..."

လူသန်ကြီး ဘော်ဘီက မုန်လဲ့ကို တစ်ချက် ကြည့်လိုက်ပြီးနောက် စစ်ဆေးကြည့်လိုက်ရာ ရေကန်ကြမ်းကြုတ်ဖွတ်ကြီး၏ ကျောရိုး ပြတ်တောက်နေသည်ကို အမှန်တကယ် မြင်တွေ့လိုက်ရသည်။ သူ အလွန်တရာ အံ့အားသင့်သွားသည်။

"ဟေ့ကောင်လေး... မင်း ဘယ်လိုလုပ်လိုက်တာလဲ..."

"ကျွန်တော် ပြောသားပဲ... ကျွန်တော့်မှာ ခွန်အားတွေ အများကြီး ရှိပါတယ်လို့..."

ရေကန်ကြမ်းကြုတ်ဖွတ်ကြီး သေဆုံးသွားခြင်းကြောင့် အယ်လီဆန်တို့ လေးဦးမှာ မုန်လဲ့အပေါ် အမြင်ပြောင်းသွားကြပြီး ဆက်ဆံရေးမှာလည်း များစွာ ကောင်းမွန်လာခဲ့သည်။

စွမ်းအားကြီးသူများသည် မည်သည့်နေရာသို့ ရောက်ရောက် လေးစားခံရမြဲ ဖြစ်သည်။ မုန်လဲ့သည် သူတို့ လေးဦးထက် အားနည်းနေသေးသော်လည်း မထင်မှတ်ထားသော စွမ်းအားတစ်ခုကို ပိုင်ဆိုင်ထားရာ လေးစားမှု ခံရရန် လုံလောက်ပေသည်။

သေချာသည်မှာ ဤကိစ္စကြောင့် မုန်လဲ့အပေါ် သူတို့၏ သတိထားမှုမှာ လျော့ကျသွားခြင်း မရှိဘဲ ပို၍ပင် တိုးလာခဲ့သည်။

သူတို့သည် ခွန်အားမရှိသော ကလေးငယ်တစ်ယောက်ကို အတူတကွ ခေါ်ဆောင်သွားနိုင်သော်လည်း ထိုကလေးငယ်က မထင်မှတ်ထားသော တိုက်ခိုက်ရေးစွမ်းအားများကို ပြသလာချိန်တွင်မူ မဖြစ်မနေ သတိထားရတော့မည် ဖြစ်သည်။

မုန်လဲ့သည် ထိုအနည်းငယ်သော အပြောင်းအလဲများကို ခံစားမိသော်လည်း သူ လုံးဝ ဂရုမစိုက်ချေ။ သူသည် ဤလူလေးဦးနှင့် သူငယ်ချင်း ဖြစ်လိုစိတ် မရှိဘဲ သူတို့နောက်သို့ လိုက်ကာ အလင်းတန်းများ ကောက်ယူရန်နှင့် ရွှေပြားများ ရှာဖွေရန်သာ စိတ်ဝင်စားပေသည်။

ထို့နောက်တွင်မူ နောက်ဆက်တွဲ ဆိုသည်မှာ ရှိလာမည် မဟုတ်ချေ။

ရေကန်ကြမ်းကြုတ်ဖွတ်ကြီးကို ရှင်းလင်းပြီးနောက် သူတို့လေးဦးမှာ ခေတ္တ အနားယူရန် ဆုံးဖြတ်လိုက်ကြသည်။ အစားအသောက်များကို စားသောက်ပြီးနောက် ဆက်လက် ခရီးထွက်မည် ဖြစ်သည်။ ဆက်တိုက် တိုက်ပွဲဝင်ထားရသဖြင့် သူတို့လည်း အနည်းငယ် ပင်ပန်းနေပြီ ဖြစ်သည်။

ထို့အပြင် ရေကန်အနီးတွင် သဘာဝအလှတရားများ ပြည့်နှက်နေပြီး ရေလည်း ပေါများသဖြင့် အနားယူရန် အကောင်းဆုံး နေရာတစ်ခု ဖြစ်ပေသည်။

အရေခွံခွာခြင်း အသားဖြတ်ခြင်း ရေဆေးခြင်း အသားကင်ခြင်း။

ဤအရာများ အားလုံးမှာ မုန်လဲ့၏ ကျွမ်းကျင်မှုများပင် ဖြစ်သည်။ မုန်လဲ့က ဆားနှင့် ဟင်းခတ်အမွှေးအကြိုင်များကို ပြင်ဆင်လိုက်ပြီး မကြာမီမှာပင် အသားကင်စင်ပေါ်မှ သွားရည်ကျချင်စရာကောင်းသော အနံ့အသက်များ ထွက်ပေါ်လာတော့သည်။

"အရမ်း မွှေးတာပဲ..."

"ဟေ့ကောင်လေး... မင်း အသားထဲကို ဘာတွေ ထည့်ထားလို့ ဒီလောက်တောင် မွှေးနေရတာလဲ..."

အယ်လီဆန်တို့ လေးဦးမှာလည်း အသားကင်များကို ကိုယ်တိုင် ကင်နေကြသော်လည်း မုန်လဲ့၏ အသားကင်လောက် မမွှေးကြချေ။ ဤအချက်က သူတို့လေးဦးကို အလွန်တရာ အံ့အားသင့်သွားစေပြီး မုန်လဲ့အနားသို့ ဝိုင်းအုံလာကာ အသားကင်နည်းကို သင်ယူကြတော့သည်။

"ကျွန်တော် ဒီအရာတွေ ထည့်ထားလို့ပါ..."

မုန်လဲ့က ဆားနှင့် ဟင်းခတ်အမွှေးအကြိုင်များကို ထုတ်ပြကာ ပြုံးလျက် ပြောလိုက်သည်။

"ဒါတွေက ရွာကနေ မထွက်လာခင် ကျွန်တော် ပြင်ဆင်လာခဲ့တာတွေ... ခင်ဗျားတို့လည်း စမ်းကြည့်ကြပါလား... အသားကင်တဲ့ အချိန်မှာ အသားပေါ် သုတ်လိုက်ရင် အရသာက လုံးဝ ရှယ်ပဲ..."

သူတို့လေးဦးမှာ သံသယတစ်ဝက် ယုံကြည်မှုတစ်ဝက်ဖြင့် ယူငင်ကာ စမ်းသပ်ကြည့်လိုက်ကြသည်။ သို့သော် မုန်လဲ့ကို အပြည့်အဝ မယုံကြည်ကြသေးချေ။ အကယ်၍ ဤအရာများက အဆိပ် ဖြစ်နေပါက မည်သို့ လုပ်မည်နည်း။

သို့သော် မုန်လဲ့ ကိုယ်တိုင် ထိုဟင်းခတ်အမွှေးအကြိုင်များ သုတ်လိမ်းထားသော အသားကင်ကို စားနေသည်ကို မြင်လိုက်ရမှသာ သူတို့ အားလုံး စိတ်အေးသွားကြပြီး အသားကင်များပေါ်တွင် ဝမ်းသာအားရ သုတ်လိမ်းနေကြတော့သည်။

"ဒီလူလေးယောက်က တကယ်ကို သတိကြီးလွန်းတာပဲ..."

မုန်လဲ့က ခေါင်းခါယမ်းလိုက်ပြီး စကားပင် မပြောချင်တော့ချေ။

"အရသာ တော်တော် ကောင်းတာပဲ..."

"အဆင့် ၂ မှော်သားရဲ ဆိုတဲ့အတိုင်းပဲ..."

အရသာရှိသော အသားကင်ကို အားရပါးရ စားသောက်ပြီးနောက် လူငါးဦးမှာ ခရီးဆက်လာခဲ့ကြသည်။

လာမည့် ရက်အနည်းငယ်အတွင်း လူလေးဦးမှာ အဆင့် ၁ နှင့် အဆင့် ၂ မှော်သားရဲများကို ဆက်လက် ရှာဖွေကာ တိုက်ခိုက်နေကြပြီး မုန်လဲ့ကမူ ကျလာသော အလင်းတန်းများကို လိုက်ကောက်ကာ တိတ်တဆိတ် စွမ်းအား မြှင့်တင်နေတော့သည်။

ရက်အနည်းငယ် အကြာတွင် ကြီးမားသော ရိတ်သိမ်းမှုများ ရရှိခဲ့ပြီး ကိုယ်ပိုင်အချက်အလက်များမှာလည်း လျင်မြန်စွာ တိုးတက်လာခဲ့သည်။

ပိုင်ရှင် - မုန်လဲ့

မျိုးနွယ် - လူသား

ပိုင်ဆိုင်မှု - ရွှေပြား ၉၁၆ ပြား

ခွန်အား - အဆင့် ၁ စစ်သည်တော် ၁၂၆ / ၂၀၀

စိတ်စွမ်းအင် - မှော်အလုပ်သင် ၁၃ / ၁၀၀

မှော်စွမ်းအင် - မှော်အလုပ်သင် ၂၆ / ၁၀၀

ကျွမ်းကျင်မှုစွမ်းရည် - မီးလုံးအတတ်၊ ဆူးနွယ်အတတ်၊ ရေပူစီဖောင်းအတတ်၊ မြေငလျင်အတတ်၊ လေဓားသွားအတတ်၊ မီးတောက်လက်ဝါးအတတ်

All Chapters