← Chapters

အခန်း ၁၉

Vol. 2 Ch. 19

အခန်း ၁၉

Vol. 2 Ch. 19

အခန်း ၁၉ အထူးထူးချွန်အဆင့် ပါရမီ

"စိတ်စွမ်းအင် ၂၃... ရွယ်တူတွေထက် ၄ ဆ ပိုများတယ်... သတ်မှတ်ချက်ကို မီတယ်... မှော်ဓာတ် အာရုံခံနိုင်စွမ်း... မြေဓာတ် အလယ်အလတ်အဆင့်... လေဓာတ် အဆင့်နိမ့်... မှော်ပညာ ပါရမီ ရှိပြီး မှော်ဆရာ ဖြစ်ဖို့ အရည်အချင်း ပြည့်မီတယ်..."

တာဝန်ရှိသူလူငယ်၏ စကားသံဆုံးသည်နှင့် ပေါ်တာမှာ လောကတွင် အလှပဆုံးသော တေးသွားကို ကြားလိုက်ရသည့်အလား အလွန်အမင်း စိတ်လှုပ်ရှားသွားတော့သည်။

"ယေး..."

သူသည် ပျော်ရွှင်လွန်း၍ အော်ဟစ်လိုက်မိပြီး ဝမ်းသာမျက်ရည်များက စမ်းရေပေါက်များအလား စီးကျလာကာ သူ၏ အင်္ကျီရင်ဘတ်ကိုပင် စိုရွှဲသွားစေသည်။

"နဂါးနတ်ဘုရားတွေ ကယ်တော်မူပါ..."

"ဆင်းရဲသား တစ်ယောက်က မှော်ဆရာ ဖြစ်လာမယ်တဲ့လား... တရားမျှတမှု မရှိတော့ဘူးလား..."

"တကယ့်ကိုပဲ..."

လူအုပ်ကြီးထံမှ တစ်ယောက်တစ်ပေါက် ပြောဆိုသံများ ထွက်ပေါ်လာပြီး မနာလို ဝန်တိုမှုများနှင့် ပြည့်နှက်နေတော့သည်။

မုန်လဲ့သည်လည်း ပေါ်တာကို ကြည့်ရင်း သက်ပြင်းချလိုက်မိသည်။ ယခုအချိန်တွင် ပေါ်တာသည် ဟောင်းနွမ်းသော အဝတ်အစားများကို ဝတ်ဆင်ထားသော်လည်း မရေမတွက်နိုင်သော လူများ လိုချင်နေကြသည့် မှော်ပညာ ပါရမီကို ပိုင်ဆိုင်ထားပေသည်။

သူ မှော်ပညာသင်တန်းကျောင်းမှ ဘွဲ့ရရှိသွားပါက အဆင့်အတန်း မြင့်မားသော မှော်ဆရာတစ်ယောက် ဖြစ်လာမည်မှာ အသေအချာပင် ဖြစ်သည်။ ထိုအချိန်သို့ ရောက်ပါက စွမ်းအားနှင့် ဂုဏ်သိက္ခာများ ရှိလာမည် ဖြစ်ပြီး လှပသော အမျိုးသမီးများနှင့် ငွေကြေးများလည်း သူ့ထံသို့ အလိုအလျောက် ရောက်ရှိလာမည် ဖြစ်သည်။

သူ၏ ကံကြမ္မာမှာ ဤအချိန်မှ စတင်၍ လုံးဝ ပြောင်းလဲသွားပြီ ဖြစ်သည်။

"နောက်တစ်ယောက်..."

'နောက်ဆုံးတော့ ငါ့အလှည့် ရောက်လာပြီပဲ...'

မုန်လဲ့က အသက်ကို ပြင်းပြင်းရှူသွင်းလိုက်ပြီး ရှေ့သို့ ဖြည်းညင်းစွာ လျှောက်သွားလိုက်သည်။

"နောက်ထပ် ဆင်းရဲသား တစ်ယောက်ပဲ..."

"မျက်စိနောက်လိုက်တာ..."

"ဒီကောင်လေးကတော့ သေချာပေါက် မှော်ပညာ ပါရမီ ရှိမှာ မဟုတ်ပါဘူး..."

"ဒီဆင်းရဲသားတွေမှာ မှော်ပညာ ပါရမီ ပါလာဖို့က ငါတို့ မှူးမတ်တွေထက် အများကြီး နည်းတယ်... လူတစ်သိန်းမှာ တစ်ယောက်တောင် မနည်း ရှာရတာ... ခုနက ကောင်လေးက ကံကောင်းသွားတာ... ဒီကောင်လေးကတော့ သေချာပေါက် ကျရှုံးမှာပဲ..."

"ဒီကောင်လေးမှာ မှော်ပညာ ပါရမီ မရှိဘူးဆိုတာကို ငါ ဝက်အူချောင်း တစ်ထုပ်နဲ့ လောင်းတယ်..."

"ငါက နှစ်ထုပ်..."

မှူးမတ် လူငယ်တစ်စုက တီးတိုး ပြောဆိုနေကြပြီး အထင်သေးသော လေသံများဖြင့် ပြည့်နှက်နေတော့သည်။ နဂါးနတ်ဘုရားအင်ပါယာတွင် လူတန်းစား ခွဲခြားမှုမှာ အလွန်တရာ ပြင်းထန်လှပေသည်။

ဂျိုအန်နာ ဂျိုးဇက်နှင့် အန်ဒရူးတို့ကမူ မုန်လဲ့ကို မျှော်လင့်ချက် မျက်လုံးများဖြင့် ကြည့်နေကြသည်။ သို့သော် သူတို့၏ ရင်ထဲတွင် ကြီးမားသော မျှော်လင့်ချက်များကိုမူ မထားရဲကြချေ။

"အစ်ကို မုန်လဲ့... ကြိုးစားနော်..."

"အာရုံခံလို့ ရမှာပါနော်..."

မုန်လဲ့က အသက်ကို ပြင်းပြင်းရှူသွင်းလိုက်ပြီး လက်နှစ်ဖက်ကို သလင်းကျောက်လုံးပေါ်သို့ တင်လိုက်သည်။

ဤအချိန်တွင် သူ အလွန်တရာ စိတ်လှုပ်ရှားနေမိသည်။ အထွတ်အထိပ် မှော်ဆရာကြီးထံမှ လျှပ်စီးဓာတ် မှော်ပညာ ပါရမီကို ကောက်ယူရရှိခဲ့ပြီး တရားထိုင်ခြင်းကိုလည်း အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့သော်လည်း မုန်လဲ့မှာ အနည်းငယ် စိုးရိမ်နေဆဲ ဖြစ်သည်။

သူ၏ မှော်ပညာ ပါရမီမှာ နောက်ပိုင်းမှ ပေါင်းစည်းထားခြင်း ဖြစ်ရာ အကယ်၍ စမ်းသပ်သည့် ကိရိယာက အာရုံမခံနိုင်ပါက မည်သို့ လုပ်မည်နည်း။

'ဝုန်း...'

မုန်လဲ့၏ စိုးရိမ်မှုများမှာ အချည်းနှီးသာ ဖြစ်သည်။

လက်နှစ်ဖက်က သလင်းကျောက်လုံးနှင့် ထိတွေ့သွားသည်နှင့်တစ်ပြိုင်နက် စူးရှတောက်ပသော ငွေရောင် အလင်းတန်းများက သလင်းကျောက်လုံး အတွင်းမှ ရုတ်တရက် ပေါက်ကွဲထွက်လာပြီး သလင်းကျောက်လုံး တစ်ခုလုံး နေမင်းကြီးအလား တောက်ပသွားတော့သည်။

သေးငယ်သော်လည်း တောက်ပလှသော ငွေရောင် လျှပ်စီးတန်းလေးများက သလင်းကျောက်လုံး အတွင်းတွင် ပြေးလွှားနေကြပြီး သလင်းကျောက်လုံးကို ဖောက်ထွက်ချင်နေသည့်အလား ဖြစ်နေတော့သည်။

'ဖျတ်...'

စမ်းသပ်ရန် တာဝန်ရှိသူ လူငယ် သုံးဦး၏ အနောက်ဘက်တွင် ထိုင်ခုံပေါ်၌ အိပ်မောကျနေသော လူလတ်ပိုင်းသည် ရုတ်တရက် မျက်လုံးဖွင့်လာပြီး မတ်တတ်ရပ်လိုက်ကာ သလင်းကျောက်လုံးကို မျက်တောင်မခတ်တမ်း စိုက်ကြည့်နေတော့သည်။ သူ၏ မျက်နှာထက်တွင် အလွန်အမင်း စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေတော့သည်။

"မှော်ဓာတ် အာရုံခံနိုင်စွမ်း... လျှပ်စီးဓာတ်... အထူးအဆင့်..."

လူလတ်ပိုင်း၏ မျက်လုံးများက မီးတောက်များအလား တောက်ပနေပြီး ဤစကားများကို နှေးကွေးစွာ ပြောလိုက်သည်။

'ဝုန်း...'

ဤစကားထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် ပတ်ဝန်းကျင် တစ်ခုလုံး ဆူညံသွားတော့သည်။ ယခင်က အထင်သေးကာ လှောင်ပြောင်နေခဲ့သော မှူးမတ် လူငယ်များမှာ လည်ပင်း အညှစ်ခံလိုက်ရသော ကြက်ဖများအလား ချက်ချင်း အသံတိတ်သွားကြတော့သည်။

"အ... အထူးအဆင့်လား..."

"နဂါးနတ်ဘုရားတွေ ကယ်တော်မူပါ... ငါ... ငါ နားကြားမှားတာတော့ မဟုတ်ပါဘူးနော်..."

"ဒါ... ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ... အထူးအဆင့် မှော်ဓာတ် အာရုံခံနိုင်စွမ်းတဲ့လား... ဒါက အရမ်း လွန်လွန်းမနေဘူးလား..."

စမ်းသပ်ရန် တာဝန်ရှိသူ လူငယ် သုံးဦးမှာလည်း ပါးစပ်အဟောင်းသား ဖြစ်သွားကြသည်။ ပုံမှန်အားဖြင့် မှော်ပညာ ပါရမီ ရှိသူ အများစု၏ မှော်ဓာတ် အာရုံခံနိုင်စွမ်းမှာ အဆင့်နိမ့်သာ ရှိကြသည်။ ဤသည်မှာ အနိမ့်ဆုံး သတ်မှတ်ချက် ဖြစ်ပြီး မှော်ဓာတ်များကို အာရုံခံနိုင်ရန် အနိမ့်ဆုံး လိုအပ်ချက်လည်း ဖြစ်သည်။

အဆင့်နိမ့်၏ အထက်တွင် အလယ်အလတ်အဆင့် ရှိသည်။

အလယ်အလတ်အဆင့် မှော်ဓာတ် အာရုံခံနိုင်စွမ်း ရှိသူများသည် တရားထိုင်ချိန်တွင် မှော်ဓာတ်များကို အာရုံခံနိုင်မှုမှာ အဆင့်နိမ့် ရှိသူများထက် ၁၀ ဆ ပိုမို ရှင်းလင်းပေသည်။

အလယ်အလတ်အဆင့်၏ အထက်တွင်... အဆင့်မြင့် ရှိပြီး အဆ ၁၀၀ ပိုမို ရှင်းလင်းပေသည်။

ဆိုလိုသည်မှာ အခြားသူများက သတ်မှတ်ထားသော မှော်စွမ်းအင် ပမာဏ တစ်ခုကို ပြောင်းလဲရန် နာရီ ၁၀၀ ကြာမြင့်မည် ဆိုပါက အဆင့်မြင့် မှော်ဓာတ် အာရုံခံနိုင်စွမ်း ရှိသူများက ၁ နာရီသာ ကြာမြင့်မည် ဖြစ်သည်။ အဆ ၁၀၀ ကွာဟချက်ပင် ဖြစ်သည်။

ကွာဟချက် ကြီးမားပါသလား။

ကောင်းကင်နှင့် မြေကြီးအလား ကွာဟလှပေသည်။

ထို့ကြောင့် စိတ်စွမ်းအင် တူညီနေပါက အဆင့်နိမ့် မှော်ဓာတ် အာရုံခံနိုင်စွမ်း ရှိသူများသည် မည်မျှပင် ကြိုးစားလေ့ကျင့်ပါစေ တစ်သက်လုံး အဆင့်နိမ့် မှော်ဆရာသာ ဖြစ်နိုင်ပေသည်။

အဆင့်နိမ့် ဆိုသည်မှာ အဘယ်နည်း။

အဆင့် ၁ အဆင့် ၂ အဆင့် ၃ မှော်ဆရာများကို ဆိုလိုခြင်း ဖြစ်သည်။

အဆင့်မြင့် မှော်ဓာတ် အာရုံခံနိုင်စွမ်း ရှိသူများမှာမူ အဆင့်နိမ့် မှော်ဆရာ အလွယ်တကူ ဖြစ်လာနိုင်ပြီး အနည်းငယ် ကြိုးစားလိုက်ပါက အလယ်အလတ်အဆင့် မှော်ဆရာ ဖြစ်လာနိုင်ကာ ပိုမို ကြိုးစားပါက အဆင့်မြင့် မှော်ဆရာ ဖြစ်လာရန်လည်း မခက်ခဲလှချေ။

ဤသည်မှာ အဆင့်နိမ့်နှင့် အဆင့်မြင့်၏ ကွာခြားချက်ပင် ဖြစ်သည်။

အထူးအဆင့် ဆိုလျှင်မူ ပို၍ပင် ရှားပါးလှပေသည်။ နဂါးမျိုးနွယ်၏ မှော်ပညာ ပါရမီကို အမွေဆက်ခံထားပြီး မွေးရာပါ အလွန်ကောင်းမွန်သော မှော်ဓာတ် အာရုံခံနိုင်စွမ်း ရှိသော နဂါးလူသားများထဲတွင်ပင် အထူးအဆင့် မှော်ဓာတ် အာရုံခံနိုင်စွမ်းမှာ အလွန် ရှားပါးလှပေသည်။

အဘယ်ကြောင့်ဆိုသော် ဤသည်မှာ အဆ ၁၀၀၀ ပိုမို ရှင်းလင်းသော အာရုံခံနိုင်စွမ်း ဖြစ်သောကြောင့်ပင်။

"မြန်မြန်... စိတ်စွမ်းအင်ကို မြန်မြန် စမ်းသပ်လိုက်ပါ..."

လူလတ်ပိုင်းက စမ်းသပ်ရန် တာဝန်ရှိသူ လူငယ်ကို တွန်းဖယ်လိုက်ပြီး ကိုယ်တိုင် ဝင်ရောက် လုပ်ဆောင်တော့သည်။ သူ၏ အသံမှာ အနည်းငယ် တုန်ရီနေသည်။ အထူးအဆင့် မှော်ဓာတ် အာရုံခံနိုင်စွမ်းပင် ဖြစ်သည်။ ဤကဲ့သို့သော ပါရမီ ရှိသူများသည် တရားမထိုင်လျှင်တောင် မှော်ဓာတ်များက သူတို့၏ ခန္ဓာကိုယ်ထဲသို့ အလုအယက် ဝင်ရောက်လာမည် ဖြစ်ရာ မှော်နတ်ဘုရား၏ တရားမဝင် ကလေးများနှင့်ပင် တူညီလှပေသည်။

မုန်လဲ့က စိတ်စွမ်းအင် တိုင်းတာရေး ကိရိယာ အနီးသို့ လျှောက်သွားလိုက်ပြီး သူ၏ မျက်နှာထက်တွင် ယခင်က တစ်ကြိမ်တစ်ခါမျှ မရှိခဲ့ဖူးသော တည်ငြိမ်မှုများ ဖုံးလွှမ်းနေသည်။ သူ၏ စိတ်စွမ်းအင် အချက်အလက်မှာ ၂၁၅ မှတ်အထိ ရှိနေပြီး အဆင့် ၂ မှော်ဆရာနှင့် ညီမျှနေပြီ ဖြစ်ရာ ဘာကိုများ စိုးရိမ်နေစရာ လိုမည်နည်း။

"ဒီကောင်လေးက တကယ်ကို ကံကောင်းသွားတာပဲ..."

မှူးမတ် လူငယ်များက မုန်လဲ့ကို ကြည့်ရင်း အလွန်အမင်း မနာလို ဖြစ်နေကြသည်။

"မှော်ပညာ ပါရမီက ဒီလောက်တောင် ကောင်းနေတာဆိုတော့ သူ့ရဲ့ စိတ်စွမ်းအင်က သေချာပေါက် ညံ့ဖျင်းနေမှာပဲ... ကောင်းတဲ့ အရာတွေ အားလုံးက သူ့ဆီမှာပဲ ရှိနေဖို့ဆိုတာ မဖြစ်နိုင်ပါဘူး..."

သို့သော် ဤလူများ သေချာပေါက် စိတ်ပျက်သွားရတော့မည် ဖြစ်သည်။

မုန်လဲ့က အနီရောင် အစက်လေးကို ကြည့်လိုက်သည်နှင့်တစ်ပြိုင်နက်...

စိတ်စွမ်းအင် တိုင်းတာရေး ကိရိယာ အတွင်းရှိ အနီရောင် မျဉ်းလေးက ဒုံးပျံလွှတ်တင်လိုက်သည့်အလား အရှိန်အဟုန်ဖြင့် မြင့်တက်လာပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် ထက်ဝက်ခန့်အထိ ရောက်ရှိသွားကာ ဆက်လက်၍ အပေါ်သို့ တက်သွားတော့သည်။

"ဟင်..."

"ဒီလောက်တောင် မြန်တာလား..."

ဤမြင်ကွင်းကို မြင်လိုက်ရသူတိုင်းမှာ မျက်လုံးများ ပြူးကျယ်သွားကြတော့သည်။ အခြားသူများ စိတ်စွမ်းအင် စမ်းသပ်ရာတွင် အနီရောင် မျဉ်းလေးမှာ နှေးကွေးစွာဖြင့် တစ်ကွက်ချင်းစီ မြင့်တက်လာသော်လည်း ဤလူငယ်ကျမှ ဒုံးပျံအလား မြန်ဆန်နေတော့သည်။

"ပါ... ပါရမီရှင်..."

"ဒါက အစစ်အမှန် ပါရမီရှင်ပဲ..."

လူလတ်ပိုင်းမှာ စကားတွေ ထစ်အကာ အလွန်အမင်း စိတ်လှုပ်ရှားနေပြီး ခန္ဓာကိုယ် တစ်ခုလုံး တုန်ခါနေတော့သည်။ သူတို့၏ အဖွဲ့မှ နောက်ဆုံးတော့ ပါရမီရှင် တစ်ယောက်ကို ရှာဖွေတွေ့ရှိသွားပြီ ဖြစ်သည်။

'ဖျတ်...'

မကြာမီမှာပင် လူတိုင်း၏ အံ့အားသင့်နေသော အကြည့်များအောက်တွင် အနီရောင် မျဉ်းလေးက စိတ်စွမ်းအင် တိုင်းတာရေး ကိရိယာ၏ အမြင့်ဆုံးသို့ ရောက်ရှိသွားပြီး နေရာလွတ် မရှိတော့မှသာ ရပ်တန့်သွားတော့သည်။

သို့သော် မည်သူမဆို သိနိုင်ပေသည်။ ဤအမြင့်ဆုံး ဆိုသည်မှာ မုန်လဲ့၏ စိတ်စွမ်းအင် အမြင့်ဆုံးကို ဆိုလိုခြင်း မဟုတ်ဘဲ စိတ်စွမ်းအင် တိုင်းတာရေး ကိရိယာ၏ အမြင့်ဆုံးကို ဆိုလိုခြင်း ဖြစ်သည်။ အကယ်၍ စိတ်စွမ်းအင် တိုင်းတာရေး ကိရိယာသာ ပိုကြီးပါက မုန်လဲ့၏ စိတ်စွမ်းအင်ကို ကိုယ်စားပြုသော အနီရောင် မျဉ်းလေးက ပို၍ မြင့်မားသွားမည်မှာ အသေအချာပင် ဖြစ်သည်။

"အ... အမြင့်ဆုံး... စိတ်စွမ်းအင်က ရွယ်တူတွေထက် အဆ ၁၀၀ ပိုများတယ်..."

လူလတ်ပိုင်းက တုန်ရီသော အသံဖြင့် ရလဒ်ကို ကြေညာလိုက်သည်။

"မှော်ဓာတ် အာရုံခံနိုင်စွမ်း... လျှပ်စီးဓာတ် အထူးအဆင့်... စိတ်စွမ်းအင်... ရွယ်တူတွေထက် အဆ ၁၀၀ ပိုများတယ်... စုစုပေါင်း သုံးသပ်ချက်... မှော်ပညာ ပါရမီ... အထူးထူးချွန်အဆင့်..."

'ဝုန်း...'

ပတ်ဝန်းကျင် တစ်ခုလုံး ပွက်လောရိုက်သွားတော့သည်။

"အဆ... အဆ ၁၀၀ တဲ့လား..."

"အထူးထူးချွန်အဆင့်လား..."

"ဒါက လူရော ဟုတ်သေးရဲ့လား..."

"ဒါက လုံးဝ မွန်းစတားပဲ..."

"မှော်ဓာတ် အာရုံခံနိုင်စွမ်းက အထူးအဆင့် ဖြစ်နေတာတောင် စိတ်စွမ်းအင်ကလည်း ဒီလောက်တောင် များနေသေးတယ်... တရားမျှတမှု မရှိတော့ဘူးလား..."

"ဘယ်ကနေ ရောက်လာမှန်း မသိတဲ့ ဆင်းရဲသား တစ်ယောက်က ဒီလောက်တောင် အံ့ဩစရာကောင်းတဲ့ ပါရမီကို ပိုင်ဆိုင်ထားတယ်တဲ့လား... မှော်နတ်ဘုရားက မျက်ကန်းများ ဖြစ်နေတာလား..."

"ဒီကောင်လေးက အီးအီးဒီအက်စ် ထက်တောင် မနိမ့်ကျဘူး မဟုတ်လား..."

"အတူတူလောက်ပဲ..."

"ဟယ်... အီးအီးဒီအက်စ် က ရွှေရောင် နဂါး သွေးကြော ပါဝင်တဲ့ ဒုတိယ မျိုးဆက် နဂါးလူသားလေ..."

လူတိုင်းက မုန်လဲ့ကို မနာလို ဝန်တိုသော အကြည့်များဖြင့် ကြည့်နေကြပြီး အထူးသဖြင့် နဂါးလူသား မှူးမတ် အချို့ကမူ ပို၍ပင် အံ့အားသင့်ကာ ထိတ်လန့်နေကြတော့သည်။

"သခင်လေး... ကျွန်တော်က ဒေါက်ဂလပ်စ် မှော်ပညာသင်တန်းကျောင်းရဲ့ ကျောင်းသားလက်ခံရေး တာဝန်ခံ ဖရက်ဒ် ပါ..."

ထိုစဉ် မှော်ဝတ်ရုံ ဝတ်ဆင်ထားသော အဘိုးအို တစ်ဦးက လူအုပ်ကြီးကို တိုးဝှေ့ကာ ဝင်လာပြီး ပြုံးရွှင်စွာ ပြောလိုက်သည်။

"သခင်လေးကို ကျွန်တော်တို့ ဒေါက်ဂလပ်စ် မှော်ပညာသင်တန်းကျောင်းကနေ လှိုက်လှဲစွာ ကြိုဆိုပါတယ်... သခင်လေးသာ ကျွန်တော်တို့ကျောင်းကို ဝင်မယ်ဆိုရင်..."

All Chapters