← Chapters

အခန်း ၂၆

Vol. 3 Ch. 26

အခန်း ၂၆

Vol. 3 Ch. 26

အခန်း ၂၆ ခမ်းနားလှသော အဆောင်နှင့် အေးစက်သော အခန်းဖော်

ကျောင်းသားသစ်စမ်းသပ်ပွဲ၊ ကျောင်းဝင်ခွင့်စာရင်းသွင်းခြင်းနှင့် အဆောင်ခွဲဝေပေးခြင်း စသည့် လုပ်ငန်းစဉ်များအားလုံး ပြီးဆုံးသွားချိန်တွင် မွန်းလွဲပိုင်းသို့ ရောက်ရှိနေပြီဖြစ်သည်။ မုန်လဲ့သည် နောက်ဆုံးတော့ အဆောင်နံပါတ်ကို ရရှိခဲ့ပြီး စေတနာ့ဝန်ထမ်း စီနီယာအစ်မကြီးတစ်ဦး၏ ဦးဆောင်မှုဖြင့် ကျောင်းသားသစ်အဆောင်များဆီသို့ လျှောက်လှမ်းလာခဲ့သည်။

"အစ်ကိုကြီး... အစ်ကိုက နာမည်ကြီးနေတဲ့ လူသားပါရမီရှင်ကိုး... ကြားဖူးရတာထက် မြင်ရတာက ပိုပြီးခန့်ညားတာပဲ... တကယ်ကို စွမ်းအားတွေ ပြည့်ဝနေတဲ့ ပုံစံပဲ..."

"ဟီးဟီး... ကျွန်တော့်ကံက ဒီလောက်ကောင်းလိမ့်မယ်လို့ မထင်ထားဘူး... ကျောင်းရောက်ရောက်ချင်း ပထမဆုံး စကားပြောဖြစ်တဲ့သူက အစ်ကိုဖြစ်နေတယ်... ရေစက်ပဲ... ဒါတွေအားလုံးက ရေစက်တွေပဲ..."

"ဒါနဲ့ အစ်ကို... ခင်ဗျားက လူသားဆို... ဘာလို့ ခန္ဓာကိုယ်က အဲ့လောက်တောင် ကြံ့ခိုင်နေရတာလဲ... ကျွန်တော့်လိုပဲ နဂါးလူသားသွေးကြောတွေ ပါနေလို့လား... ဒါပေမယ့် မဖြစ်နိုင်ပါဘူး... ခင်ဗျားဆီမှာ နဂါးလူသားလက္ခဏာ နည်းနည်းလေးတောင် မရှိတာကို..."

ဝတုတ်လေး၏ ပါးစပ်မှာ ရေကာတာပေါက်ကျသွားသည့်အလား စကားများ တရစပ်ပွင့်အံထွက်နေပြီး မုန်လဲ့၏အနောက်မှ လိုက်ပါရင်း တံတွေးများပင် လွင့်စင်နေတော့သည်။

"ငါက လူသားအစစ်ပါ..."

မုန်လဲ့က တစ်ခါတစ်ရံမှသာ ပြန်ဖြေလိုက်ပြီး သူ၏ အာရုံအများစုမှာ ကျောင်းတော်၏ ရှုခင်းများနှင့် အလင်းတန်းများ ကောက်ယူခြင်းပေါ်တွင်သာ ရှိနေသည်။

နှစ်သောင်းချီ သမိုင်းကြောင်းရှိသော ကျောင်းတော်ဖြစ်သည့်အလျောက် တကယ့်ကို ထူးခြားလှပေသည်။ ရှေးကျပြီး ခမ်းနားသော အဆောက်အအုံများနှင့် ရှေးဟောင်းသစ်ပင်ကြီးများရှိသည်။ နံရံဆေးရေးပန်းချီများ၊ ရုပ်တုများ၊ မီးဆိုင်းများနှင့် ကျောင်းသားများရှိသည်။

အရာရာတိုင်းမှာ အခြားကမ္ဘာရှိ တက္ကသိုလ်များနှင့် လုံးဝကွဲပြားခြားနားပြီး နေရာတိုင်းတွင် ထူးခြားသော ယဉ်ကျေးမှုအငွေ့အသက်များ ပြည့်နှက်နေကာ မှော်ယဉ်ကျေးမှု၏ အနှစ်သာရများကို အပြည့်အဝ ဖော်ပြနေပေသည်။ တကယ့်ကို ကွဲပြားခြားနားသော အရသာတစ်မျိုးပင် ဖြစ်သည်။

သေချာသည်မှာ ဤနေရာသည် မှော်ပညာသင်တန်းကျောင်း ဖြစ်သဖြင့် ကျလာသောအရာများလည်း အနည်းအကျဉ်း မဟုတ်ချေ။ အဆောင်သွားရာ လမ်းတစ်လျှောက်တွင် မုန်လဲ့သည် မှော်စွမ်းအင်အလင်းတန်း ခုနစ်ခုရှစ်ခုနှင့် မှော်ပညာအလင်းတန်း နှစ်ခုသုံးခုခန့်ကို ကောက်ယူရရှိခဲ့သည်။

ရိတ်သိမ်းရမှုမှာ အတော်လေး ကောင်းမွန်သည်ဟု ဆိုရမည်။

"ခင်ဗျားက လူသားဆိုပေမယ့် ကျွန်တော့်လို နဂါးလူသားထက်တောင် နဂါးလူသားနဲ့ ပိုတူနေသေးတယ်..."

ဝတုတ်လေးက ညည်းတွားလိုက်သည်။

"ကျွန်တော့် ခန္ဓာကိုယ်ထဲမှာ သန့်စင်တဲ့ ရွှေရောင်နဂါးသွေးကြောတွေ စီးဆင်းနေတာ... ဒါပေမယ့် လူသားသွေးကြောတွေက ဖိနှိပ်ထားလို့ နဂါးသွေးကြောတွေက မပေါ်လာဘဲ လူသားသွေးကြောတွေပဲ ပေါ်လာတယ်... တကယ့် အဖြစ်ဆိုးပဲ..."

“ဖူး....”

စီနီယာအစ်မကြီးက ဝတုတ်လေး၏ တစ်ကိုယ်လုံးရှိ အသားစိုင်များကိုကြည့်ကာ ရယ်မောလိုက်မိသည်။ မုန်လဲ့လည်း ပြုံးလိုက်မိသည်။ နဂါးလူသားအများစုမှာ အရပ်ရှည်ပြီး ကြွက်သားများ သန်မာကြသော်လည်း ဝတုတ်လေးလို ဝက်တစ်ကောင်အလား ဝနေသူမျိုးမှာ အတော်ရှားပါးလှပေသည်။

"တကယ်တော့ ကျွန်တော်ကိုယ်တိုင်လည်း အရမ်းစိတ်ညစ်ရပါတယ်..."

ဝတုတ်လေးက ခါးသီးစွာ ပြုံးလိုက်သည်။

"ကျွန်တော်က ဒီလောက်ကြီး ဝချင်တယ်ထင်နေလား... နေ့တိုင်း လန်းစ်ခွေးကောင်ရဲ့ လှောင်ပြောင်တာကို ခံနေရတာ... ဘာမှတတ်နိုင်ဘူးလေ... ရေသောက်ရင်တောင် ဝလာတဲ့ ခန္ဓာကိုယ်မျိုး ဖြစ်နေတာကိုး..."

"မင်း ဝပေမယ့် မင်းရဲ့ မှော်ပညာပါရမီက အရမ်းကောင်းတာပဲလေ..."

ချောမောလှပသော စီနီယာအစ်မကြီးက ရယ်မောကာ ပြောလိုက်သည်။

"ရေဓာတ် မြေဓာတ် လျှပ်စီးဓာတ် သုံးမျိုးစလုံး အဆင့်မြင့်... စိတ်စွမ်းအင်က ရွယ်တူတွေထက် ကိုးဆယ့်နှစ်ဆ... ကျောင်းတစ်ကျောင်းလုံးမှာ မင်းထက်သာတဲ့သူ လက်ချိုးရေလို့ရတယ်..."

"ဟုတ်တယ်... မင်းရဲ့ မှော်ပညာပါရမီက တကယ်ကောင်းတာပဲ..."

မုန်လဲ့ကလည်း ချီးကျူးလိုက်သည်။ ရေဓာတ် မြေဓာတ် လျှပ်စီးဓာတ် သုံးမျိုးစလုံး အဆင့်မြင့်ရှိသည်ကို မဆိုထားနှင့် ရွယ်တူတွေထက် ကိုးဆယ့်နှစ်ဆရှိသော စိတ်စွမ်းအင်တစ်ခုတည်းကပင် အလွန်ရှားပါးနေပြီဖြစ်သည်။

ကျောင်းအုပ်ကြီး ပြောစကားအရဆိုလျှင် ယခုနှစ် ကျောင်းသားသစ် ကိုးဆယ့်ရှစ်ယောက်ထဲတွင် စိတ်စွမ်းအင်အပိုင်း၌ ဝတုတ်လေးထက် သာသူမှာ မုန်လဲ့တစ်ယောက်တည်းသာ ရှိပေရာ ဝတုတ်လေး၏ ပါရမီကို မှန်းဆကြည့်နိုင်ပေသည်။

"ဟီးဟီးဟီး... အစ်ကိုနဲ့ယှဉ်လိုက်ရင်တော့ အဝေးကြီး ကွာပါသေးတယ်..."

ဝတုတ်လေးက ခေါင်းကုတ်ကာ ရယ်ကျဲကျဲဖြင့် မေးလိုက်သည်။

"ဒါနဲ့ အစ်ကို... ဘယ်အဆောင်မှာ နေမှာလဲ..."

“၄၃၀..."

မုန်လဲ့က အေးဆေးစွာ ဖြေလိုက်သည်။

"သေစမ်း...၄၃၀ တဲ့လား..."

ဝတုတ်လေး၏ မျက်နှာမှာ ချက်ချင်း ရှုံ့မဲ့သွားတော့သည်။

"ကျွန်တော်က ၄၃၁ လေ... ဘာလို့ အစ်ကိုနဲ့ တစ်ခန်းတည်း မကျရတာလဲ... မဖြစ်ဘူး... ကျွန်တော် ကျောင်းအုပ်ကြီးဆီသွားပြီး အခန်းပြောင်းပေးဖို့ သွားပြောရမယ်..."

"အရူးကောင်..."

မုန်လဲ့က ခေါင်းခါယမ်းလိုက်သည်။

"မောင်လေး... အစ်မ လေလုံးထွားနေတာ မဟုတ်ဘူးနော်..."

ချောမောလှပသော စီနီယာအစ်မကြီးက မုန်လဲ့ကို အဆောင်များရှိရာသို့ ခေါ်လာပြီး စနစ်တကျ တည်ဆောက်ထားသော နှစ်ထပ်အဆောင်ပေါင်း ရာနှင့်ချီကို လက်ညှိုးထိုးပြကာ ဂုဏ်ယူဝင့်ကြွားစွာ ပြောလိုက်သည်။

"ငါတို့ကျောင်းက မီးနဂါးတိုင်းပြည်ရဲ့ အကောင်းဆုံး မှော်ပညာသင်တန်းကျောင်းဖြစ်တဲ့အတွက် အဆောက်အအုံတွေကတော့ ပြောစရာမလိုအောင် ကောင်းတာပေါ့... အခြားအရာတွေကို မပြောနဲ့ဦး... ကျောင်းသားအဆောင်တစ်ခုတည်းကတင် နဂါးနတ်ဘုရားအင်ပါယာတစ်ခုလုံးမှာ ထိပ်တန်းအဆင့်မှာ ရှိတယ်... နှစ်ယောက်တစ်ခန်းနေရပြီး သီးသန့်ခြံဝင်းလေးတွေ ပါတယ်... အတွင်းပိုင်း အလှဆင်ထားတာကလည်း ဟိုတယ်တွေထက်တောင် ပိုကောင်းသေးတယ်..."

"အပြင်က ကြည့်ရတာတော့ တကယ်ကောင်းတာပဲ..."

မုန်လဲ့က ခေါင်းညိတ်ကာ ချီးကျူးလိုက်သည်။ မျက်စိရှေ့တွင် နှစ်ထပ်အဆောင်ပေါင်း သုံးရာခန့် ရှိနေပြီး အဆောင်တိုင်းတွင် သီးသန့်ခြံဝင်းလေးများ ပါရှိကာ ပန်းများပွင့်လန်းနေပြီး သစ်ပင်ရိပ်များလည်း ရှိပေသည်။ အခြားကမ္ဘာရှိ ဇိမ်ခံအိမ်ကြီးများနှင့် နှိုင်းယှဉ်လျှင် အနည်းငယ်မျှပင် မနိမ့်ကျချေ။

"ဒါက ဘာမှမဟုတ်သေးဘူး... အထဲမှာ ပိုကောင်းသေးတယ်..."

စီနီယာအစ်မကြီးက မုန်လဲ့၏ အဝတ်အစားများကို တစ်ချက်ကြည့်လိုက်ပြီး နှုတ်ခမ်းလေးစိကာ ပြုံးလိုက်သည်။

"မောင်လေး... အဆောင်ထဲ ရောက်သွားရင် သာယာပြီး စာမလုပ်ဘဲ နေမယ်ဆိုရင်တော့ ဒုက္ခရောက်မှာပဲနော်..."

"အဲ့ဒီလောက်တောင် ဖြစ်သွားမှာလား..."

မုန်လဲ့က မျက်လုံးလှန်ကြည့်လိုက်သည်။

"ဘာလို့ မဖြစ်ရမှာလဲ... လူအများကြီးက အရမ်းကောင်းတဲ့ ပါရမီတွေရှိပေမယ့် ကျောင်းရောက်ပြီးတာနဲ့ ချက်ချင်း ပျက်စီးသွားကြတာ... ကိုယ့်ပါရမီကို ကိုယ်အသုံးမချနိုင်ကြဘူး... ဒီလိုဥပမာတွေ အများကြီးရှိတယ်..."

သူတို့နှစ်ဦး စကားပြောလာရင်း လေးရာ့သုံးဆယ် အဆောင်သို့ ရောက်ရှိလာကြသည်။

"မောင်လေး... ဒါ မင်းရဲ့ အဆောင်ပဲ..."

"ကျေးဇူးတင်ပါတယ် အစ်မ..."

"ဘာမေးစရာ ရှိသေးလဲ..."

"အစ်မ... သွားတိုက်တံ မျက်နှာသုတ်ပုဝါ စတဲ့ လူသုံးကုန်ပစ္စည်းတွေ ဘယ်မှာဝယ်ရမလဲ..."

"ဝယ်စရာမလိုဘူး... အဲ့ဒါတွေအားလုံးကို ကျောင်းက ပြင်ဆင်ပေးထားပြီးသား... မင်းတို့ တိုက်ရိုက်သုံးလို့ရတယ်... ဒါပေမယ့် မင်းတစ်ခုခု ဝယ်ချင်တယ်ဆိုရင်တော့ အပြင်ထွက်ပြီး ဘယ်ဘက်ကို ကွေ့လိုက်... အဲ့ဒီမှာ ဆိုင်တစ်ဆိုင်ရှိတယ်... လူသုံးကုန်ပစ္စည်းတွေ အကုန်ဝယ်လို့ရတယ်..."

စီနီယာအစ်မကြီးကို နှုတ်ဆက်ပြီးနောက် မုန်လဲ့သည် လေးရာ့သုံးဆယ် အဆောင်တွင်းသို့ ဝင်ရောက်လာခဲ့သည်။ ရှေးဟောင်းစတိုင်ဖြင့် ပြင်ဆင်ထားသော အခန်းဖွဲ့စည်းပုံ၊ နူးညံ့သော သားရဲမွေးကော်ဇော၊ လှပသော မီးဆိုင်းများနှင့် ပန်းချီကားများ၊ တောက်ပနေသော ရွှေရောင်နံရံများ အားလုံးက ဤအဆောင်၏ ဇိမ်ခံမှုနှင့် သက်တောင့်သက်သာရှိမှုကို ပြသနေပေသည်။

"သာမန်ပြည်သူ ပါရမီရှင်တွေ ကျောင်းရောက်ပြီးတာနဲ့ အမြန်ပျက်စီးသွားတတ်တယ်ဆိုတာ အံ့ဩစရာ မဟုတ်ဘူးပဲ..."

မုန်လဲ့က အံ့ဩတကြီး ညည်းတွားလိုက်သည်။

"ဒီလောက် သက်တောင့်သက်သာရှိတဲ့ နေရာမျိုးမှာ ဘယ်သူမဆို သာယာသွားမှာပဲ..."

သာယာပြီး ပါရမီကို ဖြုန်းတီးပစ်ခြင်းမှာ ထူးဆန်းသော ကိစ္စမဟုတ်ချေ။ ယခင်ဘဝက တက္ကသိုလ်ကျောင်းသား အများအပြားလည်း ဤသို့ပင် ဖြစ်ခဲ့ကြသည် မဟုတ်ပါလော။ အထက်တန်းကျောင်းတွင် ကြိုးစားလေ့ကျင့်ခဲ့သော စာတော်သူများသည် တက္ကသိုလ်ရောက်သောအခါ စာညံ့သူများ ဖြစ်သွားသည့် ဥပမာများမှာ အများအပြား ရှိပေသည်။

ဤအချက်မှာ မည်သည့်ကမ္ဘာတွင်မဆို အတူတူပင်ဖြစ်သည်။

ထိုစဉ် ခြေသံများနှင့်အတူ အရပ်ပုပုနှင့် သေးသွယ်လှပသော နဂါးလူသားလူငယ်တစ်ဦး အပေါ်ထပ်မှ ဆင်းလာသည်။ သူသည် သာမန်မှူးမတ်အဝတ်အစားများကို ဝတ်ဆင်ထားပြီး သာမန်နဂါးချိုများ ပေါက်နေကာ ထူးခြားမှုမရှိသော ရုပ်ရည်သွင်ပြင် ရှိသည်။ လူအုပ်ထဲ ရောက်သွားပါက ရှာတွေ့နိုင်မည် မဟုတ်သော လူမျိုးပင်ဖြစ်သည်။

"မင်း ရောက်လာပြီလား..."

မုန်လဲ့ကို မြင်သောအခါ နဂါးလူသားလူငယ်က အေးစက်စက် နှုတ်ဆက်လိုက်ပြီးနောက် သူ၏ ပစ္စည်းများကိုသာ ဆက်လက် သိမ်းဆည်းနေကာ မုန်လဲ့ကို လုံးဝဂရုမစိုက်တော့ချေ။

"အင်း..."

တစ်ဖက်လူက အေးစက်စက် ဆက်ဆံနေသည်ကို မြင်သောအခါ မုန်လဲ့လည်း အတင်းသွားရောက် ရင်းနှီးမနေတော့ဘဲ ပေါ့ပေါ့ပါးပါး ပြန်ဖြေလိုက်ပြီး ဧည့်ခန်းအတွင်း လှည့်ပတ် ကြည့်ရှုနေလိုက်သည်။ စီနီယာအစ်မကြီး ပြောသည့်အတိုင်း ကျောင်းတော်က သူတို့အတွက် လိုအပ်သော လူသုံးကုန်ပစ္စည်းများ အားလုံးကို ပြင်ဆင်ပေးထားပြီးဖြစ်သည်။

သွားတိုက်တံ သုတ်ပုဝါ ဆပ်ပြာ ဖိနပ်များ အကုန်လုံး ရှိပေသည်။

"ကျောင်းတော်က တကယ် စေတနာကောင်းတာပဲ... ဒါပေမယ့် ဘယ်အထပ်မှာ နေရမလဲ..."

မုန်လဲ့က အပေါ်ထပ်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် သူ၏ အခန်းဖော်ကို ကြည့်ကာ မေးလိုက်သည်။

"မင်း ဘယ်မှာနေမှာလဲ... အပေါ်ထပ်လား အောက်ထပ်လား..."

"အပေါ်ထပ်..."

"အင်း..."

ထို့နောက် အချိန်အတော်ကြာ တိတ်ဆိတ်သွားတော့သည်။ နှစ်ယောက်စလုံး ကိုယ့်အခန်းကိုယ် ရှင်းလင်းနေကြပြီး စကားတစ်ခွန်းမျှ ထပ်မပြောဖြစ်ကြတော့ချေ။ မျှော်လင့်ထားသည့် အခြေအနေမျိုး မဟုတ်သော်လည်း မုန်လဲ့အတွက်တော့ အေးချမ်းပေသည်။

ညနေစောင်းအထိ အခန်းကို ရှင်းလင်းပြီးနောက် မုန်လဲ့ တစ်ခုခု ထွက်စားရန် ပြင်ဆင်လိုက်သည်။ ထိုအချိန်တွင် ဝတုတ်လေး ဟတ် အခန်းဝသို့ ရောက်လာသည်။

"ဟားဟား... အစ်ကို... ကျွန်တော် အလည်လာတာ..."

ဝတုတ်လေးက အခန်းထဲဝင်လာသည်နှင့်တစ်ပြိုင်နက် မုန်လဲ့ကို တင်းကျပ်စွာ ဖက်လိုက်ပြီးနောက် သူ၏ ဘေးတွင် ပါလာသော လူသားလူငယ်တစ်ဦးကို မိတ်ဆက်ပေးလိုက်သည်။

"အစ်ကို... ကျွန်တော် မိတ်ဆက်ပေးမယ်... သူက ကျွန်တော့်ရဲ့ အခန်းဖော်လေ... သူ့နာမည်က ဒန်နီရယ် ကေဂျီဘီ တဲ့... သူလည်း လူသားပါရမီရှင်ပဲနော်..."

"ဒန်နီရယ်... သူက ငါ့အစ်ကို မုန်လဲ့ လေ... ငါတို့ကျောင်းရဲ့ ဒီနှစ် အတော်ဆုံး ပါရမီရှင်ပဲ..."

"မင်္ဂလာပါ မုန်လဲ့... ကျွန်တော်က ဒန်နီရယ် ပါ... တွေ့ရတာ ဝမ်းသာပါတယ်..."

All Chapters