← Chapters

အခန်း ၂၇

Vol. 3 Ch. 27

အခန်း ၂၇

Vol. 3 Ch. 27

အခန်း ၂၇ မှော်ပညာဆယ်မျိုးနှင့် ရေခဲနှင်းတိုင်းပြည်

"မင်္ဂလာပါ ... ကျွန်တော့်နာမည် ဒန်နီရယ် ကေဂျီဘီ လို့ ခေါ်ပါတယ်"

ဒန်နီရယ်မှာ ရုပ်ရည်ချောမောပြီး မျက်နှာသွယ်သွယ်လေးနှင့် လူငယ်တစ်ယောက်ဖြစ်သည်။ သပ်ရပ်သော မျက်နှာကျနှင့် အသားဖြူဖြူလေးက သူ့ကို ရုပ်ရှင်မင်းသားလေးတစ်ယောက်အလား ထင်မှတ်ရစေသည်။

သူက မုန်လဲ့ကို မြင်သည်နှင့် တက်ကြွစွာ လက်ကမ်းပေးကာ နှုတ်ဆက်လိုက်သည်။ သူ၏ မျက်နှာပေါ်ရှိ ရိုးသားလှိုက်လှဲသော အပြုံးက လူတွေကို ရင်းနှီးချစ်ခင်ချင်စရာ ကောင်းစေပြီး အလိုအလျောက် သဘောကျမိစေသည်။

"မင်္ဂလာပါ ... ကျွန်တော့်နာမည် မုန်လဲ့ ပါ"

မုန်လဲ့ကလည်း ပြုံး၍ လက်ကမ်းပေးလိုက်သည်။

"ဟိုနေ့က မှော်ပညာစမ်းသပ်ပွဲတုန်းက ကြားလိုက်တာ ... ကျွန်တော်တို့ လူသားတွေထဲမှာ ပါရမီထူးချွန်တဲ့ မှော်ပညာရှင်တစ်ယောက် ပေါ်လာတယ်တဲ့ ... ဒီနှစ် နဂါးလူသားတွေရဲ့ အတော်ဆုံးပါရမီရှင် အီးအီးဒီအက်စ် ထက်တောင် မနိမ့်ဘူးလို့ ကြားတယ်"

ဒန်နီရယ်က အပြုံးမျက်နှာဖြင့် ပြောလိုက်သည်။

"အဲ့ဒီတုန်းကတည်းက ကျွန်တော် ခင်ဗျားကို သိချင်နေခဲ့တာ ... မှော်ပညာ ပါရမီရှင်တစ်ယောက်ရဲ့ ဟန်ပန်ကို မြင်ဖူးချင်နေတာ ... ဒီလောက်မြန်မြန် တွေ့ရလိမ့်မယ်လို့ မထင်ထားဘူး"

"အခု တွေ့ရပြီဆိုတော့ စိတ်ပျက်သွားပြီလား ... မျှော်လင့်ထားတာနဲ့ တစ်လွဲကြီး ဖြစ်နေတယ်မလား"

မုန်လဲ့က မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ် လုပ်ကာ ရယ်ကျဲကျဲဖြင့် နောက်ပြောင်လိုက်သည်။

"ဟင့်အင်း ... စိတ်မပျက်ပါဘူး ... ဒီလိုပဲ ဖြစ်သင့်တယ်လို့တောင် ထင်တယ်"

ဒန်နီရယ်က ပြုံး၍ ဆက်ပြောသည်။

"လူကို အပြင်ပန်းကြည့်ပြီး ဆုံးဖြတ်လို့ မရဘူးလေ ... ကြီးကျယ်ခမ်းနားတဲ့ ပုဂ္ဂိုလ်တွေ အများကြီးက အစတုန်းကတော့ ရုပ်ရည် သာမန်ပဲ ... နောက်ခံကလည်း သာမန်ပဲလေ"

"ဟုတ်တယ် ... ရုပ်ချောတဲ့သူတွေကို မိန်းမလျာလို့ ခေါ်တာ ... အကြည့်ပဲခံပြီး အသုံးမကျဘူး ... ပြီးတော့ သူဌေးမတွေ မွေးထားတဲ့ ကောင်တွေချည်းပဲ"

ဝတုတ်လေးကလည်း ပြုံးကာ ဝင်ထောက်ခံလိုက်သည်။ သို့သော် သူ ပြောပြီးမှ တစ်ခုခု မှားနေသည်ကို သတိထားမိသွားပြီး လက်ခါပြကာ အမြန် ရှင်းပြလိုက်သည်။

"ဒန်နီရယ် ... ငါ မင်းကို ပြောတာ မဟုတ်ဘူးနော် ... မင်းက အခြား မိန်းမလျာတွေနဲ့ မတူဘူးလေ ... ဟီးဟီး"

ဒန်နီရယ်က မျက်လုံးလှန်ကြည့်လိုက်ပြီး ပြုံးကာ ပြောလိုက်သည်။

"ဒီနေ့က ကျွန်တော်တို့ ပထမဆုံး သိကြတဲ့နေ့ဆိုတော့ အတူတူ ထမင်းသွားစားကြရအောင် ... ကျွန်တော် ဒကာခံမယ်"

"ဟီးဟီး ... ငါ့နယ်မြေထဲ ရောက်နေမှတော့ မင်းကို ဘယ်လိုလုပ် ဒကာခံခိုင်းလို့ ရမလဲ"

ဝတုတ်လေးက ဂုဏ်ယူဝင့်ကြွားစွာ ပြုံးလိုက်ပြီး ရင်ဘတ်ကို ပုတ်ကာ ပြောလိုက်သည်။

"သွားမယ် ... ငါ ဒကာခံမယ် ... ဒါနဲ့ အစ်ကို ... ခင်ဗျားရဲ့ အခန်းဖော်ရော ... သူ့ကိုပါ ခေါ်ပြီး အတူတူ သွားကြရအောင်"

"သူ ... ဖြစ်နိုင်တာက ..."

မုန်လဲ့က ခေါင်းကုတ်လိုက်ပြီး ဘယ်လို ပြောရမည်မှန်း မသိဖြစ်နေသည်။ ထိုအချိန်မှာပင် သူ၏ အခန်းဖော် အောက်ထပ်သို့ ဆင်းလာရာ ဝတုတ်လေးက ရင်းနှီးစွာ သွားရောက် နှုတ်ဆက်လိုက်သည်။

"မင်းက အစ်ကို့ရဲ့ အခန်းဖော်လား ... တွေ့ရတာ ဝမ်းသာပါတယ် ... ငါ့နာမည် ဟတ် ပါ ... အတူတူ ထမင်းသွားစားကြရအောင်လေ"

"မသွားဘူး"

ဝတုတ်လေးမှာ ရက်စက်စွာ ငြင်းပယ်ခံလိုက်ရသဖြင့် အတော်လေး စိတ်ဓာတ်ကျသွားသည်။

ကံကောင်းထောက်မစွာဖြင့် အရသာရှိသော အစားအသောက်များ ရောက်လာသောအခါ ဝတုတ်လေး၏ စိတ်အခြေအနေမှာ ချက်ချင်း ပြန်လည် ကောင်းမွန်သွားပြီး မုန်လဲ့တို့ နှစ်ယောက်နှင့်အတူ အားပါးတရ စားသောက်နေတော့သည်။

ကောင်းကင်ယံတိုက်ကြီး၏ အစားအသောက်များမှာ အလွန် အရသာရှိပေသည်။

မုန်လဲ့မှာ အားပါးတရ စားသောက်နေပြီး ဤဟင်းလျာများက မှော်သားရဲရွာလေး၏ အကင်များနှင့် အသားခြောက်များထက် အများကြီး ပိုအရသာရှိပေသည်။ အနံ့ အရသာ အဆင်း အားလုံး ပြည့်စုံပြီး စားချင်စရာ ကောင်းလှပေသည်။

ထမင်းတစ်နပ် စားပြီးချိန်တွင် သူတို့ သုံးယောက်မှာ အများကြီး စားခဲ့ကြသလို အများကြီးလည်း စကားပြောခဲ့ကြပြီး သူတို့၏ ဆက်ဆံရေးမှာလည်း မသိမသာ ရင်းနှီးသွားကြသည်။ ယောက်ျားလေးများ၏ ခင်မင်မှု တစ်ဝက်က စားပွဲပေါ်ကနေ စတင်သည်ဆိုသော စကားအတိုင်းပင် ဖြစ်သည်။

ထမင်းစားပြီးနောက် သုံးယောက်သား အဆောင်သို့ ပြန်လာကြပြီး ကိုယ်လက်သန့်စင်ပြီးနောက် မုန်လဲ့က ထုံးစံအတိုင်း နေ့စဉ် တရားထိုင်ခြင်းကို စတင်လိုက်သည်။

တရားထိုင်ခြင်းဖြင့် အိပ်စက်ခြင်းကို အစားထိုးခြင်းက အကျင့်တစ်ခု ဖြစ်နေပြီ ဖြစ်သည်။

တစ်ညတာ ကုန်လွန်သွားခဲ့သည်။

နောက်တစ်နေ့ နံနက်စောစောတွင် မုန်လဲ့ အဆောင်မှ ထွက်လာခဲ့သည်။

ယနေ့သည် ကျောင်းဖွင့်သည့် ပထမဆုံးနေ့ ဖြစ်သော်လည်း အတော်လေး အလုပ်ရှုပ်ပေသည်။

မနက်ပိုင်းတွင် ကျောင်းဖွင့်ပွဲ အခမ်းအနား ရှိသည်။ မွန်းလွဲပိုင်းတွင် ကျောင်းသားသစ်များ မိတ်ဆက်ပွဲ ရှိသည်။ အစီအစဉ်များက အပြည့်အကျပ်ပင်။

ယခုနှစ် ကျောင်းသားသစ် စုစုပေါင်း ၉၈ ယောက် ရှိပြီး အတန်း ၁ နှင့် အတန်း ၂ ဟူ၍ အတန်းနှစ်တန်း ခွဲထားသည်။ တစ်တန်းလျှင် ၄၉ ယောက်စီ ရှိပြီး အတန်းပိုင်ဆရာ တစ်ယောက်၊ အတန်းတာဝန်ခံ တစ်ယောက်နှင့် အကူဆရာ ၁၀ ယောက် ပါရှိသည်။

အတန်းပိုင်ဆရာကို ကျောင်းက သတ်မှတ်ပေးသော အဆင့်မြင့် မှော်ဆရာက တာဝန်ယူပြီး အတန်းတွင်း နေ့စဉ်ကိစ္စများကို တာဝန်မယူဘဲ အတန်းတာဝန်ခံကသာ ဖြေရှင်းရသည်။

အကူဆရာ ၁၀ ယောက်မှာ မှော်ပညာဆယ်မျိုးမှ မှော်ဆရာများ ဖြစ်ကြပြီး စီနီယာ ကျောင်းသားများက တာဝန်ယူကာ ကျောင်းသားများ၏ မေးခွန်းများကို ဖြေကြားပေးခြင်းနှင့် မှော်ပညာ အတန်းပြင်ပ ပြဿနာများကို ဖြေရှင်းပေးခြင်းတို့ ပြုလုပ်ရသည်။

မှော်ပညာဆယ်မျိုး ဆိုသည်မှာ မှော်ပညာ၏ အမျိုးအစား ၁၀ မျိုးကို ဆိုလိုခြင်း ဖြစ်သည်။ ၎င်းတို့မှာ မြေ၊ ရေ၊ လေ၊ မီး၊ သစ်ပင်၊ ရွှေ၊ လျှပ်စီး၊ အလင်း၊ အမှောင်၊ ရေခဲ တို့ဖြစ်သည်။

ဤမှော်ပညာဆယ်မျိုးသည် ကောင်းကင်ယံတိုက်ကြီး၏ မှော်ပညာ အားလုံးနီးပါးကို လွှမ်းခြုံထားပြီး ကျောင်းအသီးသီးမှ သင်ကြားပေးသော မှော်ပညာများလည်း ဖြစ်သည်။

မနက်ပိုင်း ကုန်ဆုံးသွားပြီး ပျင်းစရာကောင်းသော ကျောင်းဖွင့်ပွဲ အခမ်းအနားကြီး ပြီးဆုံးသွားခဲ့သည်။

နေ့လယ်စာ စားပြီးနောက် မုန်လဲ့တို့အား အတန်းတာဝန်ခံက စာသင်ခန်းတစ်ခန်းသို့ ခေါ်သွားပြီး မွန်းလွဲပိုင်း ကျောင်းသားသစ် မိတ်ဆက်ပွဲကို စတင်လိုက်သည်။

"အားလုံးပဲ မင်္ဂလာပါ ... ငါက ၆ နှစ်မြောက်က စီနီယာအစ်မ ဂျန်နီ ရိုင်ယန် ပါ ... မင်းတို့ ပထမနှစ် အတန်း ၁ ရဲ့ အတန်းတာဝန်ခံလည်း ဖြစ်သလို အဆင့် ၆ လေဓာတ် မှော်ဆရာလည်း ဖြစ်တယ်"

ရွှေရောင်ဆံပင်နှင့် မျက်လုံးပြာပြာ ရှိကာ အရပ်ရှည်ရှည် လှပသော စီနီယာအစ်မကြီးတစ်ဦးက ဆရာ့စင်မြင့်ပေါ်သို့ တက်လာပြီး တက်ကြွစွာ မိတ်ဆက်လိုက်သည်။

"နောက်လာမယ့် ၁ နှစ်တာ ကာလအတွင်းမှာ ဒီအတန်းရဲ့ နေ့စဉ်ကိစ္စတွေကို ငါက တာဝန်ယူ ဖြေရှင်းပေးသွားမှာပါ ..."

"နဂါးနတ်ဘုရားတွေ ကယ်တော်မူပါ ..."

"အရမ်း လှတာပဲ ..."

"ငါတို့ အတန်းတာဝန်ခံက ဒီလောက်လှတဲ့ လူသား စီနီယာအစ်မ ဖြစ်နေမယ်လို့ မထင်ထားဘူး ..."

"စီနီယာအစ်မက တကယ် တော်တာပဲ ... အဆင့် ၆ မှော်ဆရာတောင် ဖြစ်နေပြီ ..."

"ရုပ်ချောတဲ့ လူသား ကောင်မလေးပဲ ... အိမ်ခေါ်သွားပြီး အိပ်ရာနွေးပေးဖို့ ခိုင်းရရင် ..."

ဆရာ့စင်မြင့်ပေါ်ရှိ လှပသော စီနီယာအစ်မကြီးကို ကြည့်ရင်း ကျောင်းသားသစ် ၄၉ ယောက်၏ မျက်နှာပေါ်တွင် အမူအရာ အမျိုးမျိုး ထွက်ပေါ်နေကြသည်။

အချို့က လေးစားအားကျနေကြပြီး အချို့က စိတ်လှုပ်ရှားနေကြကာ အချို့က တက်ကြွနေကြသည်။ သေချာသည်မှာ အချို့ကလည်း ညစ်ညမ်းသော အကြည့်များဖြင့် ကြည့်နေကြပေသည်။

အနည်းဆုံးတော့ မုန်လဲ့၏ ဘေးမှ ဝတုတ်လေး တံတွေးမျိုချနေသံကို မုန်လဲ့ ကြားနေရသည်။ ဤဝက်ကောင်လေးမှာ လှပသော စီနီယာအစ်မကြီးကို စိုက်ကြည့်နေပြီး အောက်ပိုင်းမှ အကောင်လေးပင် မတ်တောင်နေကာ နှာဗူးရုပ် ပေါက်နေတော့သည်။

'အပျော်အပါး မက်တဲ့ ကောင်တွေ ...'

မုန်လဲ့မှာ ဘာပြောရမှန်းပင် မသိတော့ချေ။ အတန်းထဲရှိ ကျောင်းသားသစ် ၄၉ ယောက်တွင် နဂါးလူသား ၃၀ ကျော် ပါဝင်ပြီး ထိုအထဲမှ တစ်ဝက်မှာ အထီးများ ဖြစ်ကြသည်။

ဤကောင်တွေက နဂါးကြီးတွေရဲ့ ပါရမီကို အမွေရမရ မသိရပေမယ့် နဂါးကြီးတွေရဲ့ ကာမဂုဏ် ခုံမင်တဲ့ စရိုက်ကိုတော့ အပြည့်အဝ အမွေရထားပုံ ပေါ်သည်။

တစ်ယောက်ချင်းစီမှာ တံတွေးတွေ ကျနေပြီး စီနီယာအစ်မ ဂျန်နီကို ကြည့်နေတဲ့ အကြည့်တွေက မုဒိမ်းကောင်တွေ အတိုင်းပင် ဖြစ်သည်။ တကယ့်ကို ဘာပြောရမှန်းကို မသိတော့ချေ။

သို့သော် စီနီယာအစ်မ ဂျန်နီမှာ နဂါးလူသား ဂျူနီယာလေးများ၏ အပြုအမူများကို ကျင့်သားရနေပုံ ပေါ်ပြီး အနည်းငယ်မျှပင် ဂရုမစိုက်ဘဲ တက်ကြွစွာ ဆက်ပြောနေသည်။

"ကဲ ... အားလုံးပဲ ကိုယ့်ကိုယ်ကိုယ် မိတ်ဆက်ပြီး အချင်းချင်း ရင်းနှီးအောင် လုပ်ကြရအောင် ... ပထမတန်းက ကျောင်းသားတွေ အရင် စလုပ်ပါ ..."

နှာဗူးကောင်များ အားလုံး သတိပြန်ဝင်လာကြပြီး ကိုယ်ဟန်ကို မတ်မတ်ထားကာ ရင်ကော့ပြီး ကိုယ့်ကိုယ်ကိုယ် စတင် မိတ်ဆက်ကြတော့သည်။

"အားလုံးပဲ မင်္ဂလာပါ ... ကျွန်တော့်နာမည် လာရီ လစ်ဘီ ပါ ... မီးတောက် ပြည်နယ်က လာတာပါ ..."

"ဟိုင်း ... အားလုံးနဲ့ တွေ့ရတာ ဝမ်းသာပါတယ် ... ကျွန်တော့်နာမည် မွန်တီ ဒန်ဘာ ပါ ... အော်ဒါ ပြည်နယ်က လာတာပါ ..."

"အားလုံးပဲ မင်္ဂလာပါ ... ကျွန်မနာမည် ဒေါန အယ်လမ် ပါ ... ရေခဲနှင်းတိုင်းပြည် က လာတာပါ ..."

"ဟင် ... ရေခဲနှင်းတိုင်းပြည် က လာတဲ့သူလည်း ရှိသေးတာလား ..."

စာသင်ခန်းထဲတွင် အံ့အားသင့်သံများ ထွက်ပေါ်လာသည်။ ရေခဲနှင်းတိုင်းပြည်သည် အင်ပါယာ၏ မြောက်ဘက် နယ်စပ်တွင် တည်ရှိပြီး တစ်နှစ်ပတ်လုံး ရေခဲနှင့် နှင်းများ ဖုံးလွှမ်းနေကာ အလွန် အေးချမ်းသော တိုင်းပြည် ဖြစ်သည်။

မီးနဂါးတိုင်းပြည်သည် အင်ပါယာ၏ အနောက်ဘက်တွင် တည်ရှိပြီး ရေခဲနှင်းတိုင်းပြည်နှင့် အလွန် ကွာဝေးလှသည်။ ပျံသန်းနိုင်သော မှော်သားရဲဖြင့် သွားလျှင်ပင် နှစ်ဝက်ခန့် အချိန်ယူရပေမည်။

ရေခဲနှင်းတိုင်းပြည်က လူက ဒီမှာ လာပြီး ပညာသင်သည်တဲ့လား။

လူတိုင်း၏ အကြည့်များက ကိုယ့်ကိုယ်ကိုယ် မိတ်ဆက်နေသော ကျောင်းသူလေးထံသို့ ရောက်ရှိသွားကြသည်။

အဖြူရောင် ဂါဝန်ရှည်ကို ဝတ်ဆင်ထားပြီး ခေါင်းတွင် အနီရောင် ချိုသေးသေးလေး ပေါက်နေကာ အသားအရေ ဖြူဖွေးပြီး ကိုယ်လုံးကိုယ်ပေါက် လှပသော နဂါးလူသား ကောင်မလေးတစ်ယောက် ဖြစ်ပေသည်။

လူတိုင်း၏ အကြည့်များကို သတိထားမိသွားပုံ ရသော နဂါးလူသား ကောင်မလေး ဒေါန အယ်လမ် က ချိုသာစွာ ပြုံးပြလိုက်ပြီး ရှင်းပြလိုက်သည်။

"ကျွန်မတို့ ရေခဲနှင်းတိုင်းပြည်က မြောက်ဘက် နယ်စပ်မှာ ရှိပြီး တိုင်းပြည်ထဲမှာ ရေခဲဓာတ် မှော်စွမ်းအင်တွေ အရမ်း ပေါများတယ် ... ဒါပေမယ့် ကျွန်မဆီမှာ ရှိတာက မီးဓာတ် မှော်ပညာ ပါရမီ ဆိုတော့လေ ..."

'ဪ ... အဲ့လိုကိုး ...'

လူတိုင်း သဘောပေါက်သွားကြသည်။ မှော်ဆရာများမှာ လေ့ကျင့်ရေး ပတ်ဝန်းကျင်အပေါ်တွင်လည်း အလွန် တောင်းဆိုမှု ကြီးမားကြသည်။ မီးဓာတ် မှော်ပညာ ပါရမီ ရှိသူတစ်ယောက်သည် ရေခဲဓာတ် မှော်စွမ်းအင်များ ပေါများသော နေရာတွင် ရှိနေပါက တရားထိုင်ရာတွင် အားစိုက်ရသလောက် အကျိုးမရှိ ဖြစ်သွားမည်မှာ သေချာပေသည်။

ဒေါန က ရေခဲနှင်းတိုင်းပြည်ကနေ ထွက်လာတာ လုံးဝ ယုတ္တိရှိတဲ့ ကိစ္စပင် ဖြစ်သည်။

"ကျွန်တော့်နာမည် ဂျင်မီ ဟော့ကင်း ပါ ... အားလုံးနဲ့ တွေ့ရတာ ဝမ်းသာပါတယ် ..."

"အားလုံးပဲ မင်္ဂလာပါ ... ကျွန်တော့်နာမည် မုန်လဲ့ ပါ ..."

"ဘယ်သူ ..."

"မုန်လဲ့ ..."

"သူက မုန်လဲ့ လား ..."

"ကျောင်းတော်ရဲ့ ဒီနှစ် အတော်ဆုံး ပါရမီရှင် လား ..."

"ကျောင်းသားသစ်တွေ အားလုံးထဲမှာ ပါရမီ အကောင်းဆုံး ဆိုတဲ့ တစ်ယောက်လား ..."

ချက်ချင်းပင် ...

လူတိုင်း၏ အကြည့်များက မုန်လဲ့ထံသို့ တစ်ပြိုင်နက်တည်း ရောက်ရှိသွားကြတော့သည်။

All Chapters