← Chapters

အခန်း ၅၀

Vol. 5 Ch. 50

အခန်း ၅၀

Vol. 5 Ch. 50

အခန်း ၅၀။ ငွေရောင် တိုက်ပွဲနှင့် မီးတောက်မကောင်းဆိုးဝါး သွေးမျိုးဆက်

မုန်လဲ့ အလွန် စိတ်ပျက်နေသည်။

ဤလဝက်ခန့် စုဆောင်းထားသော ပိုက်ဆံများဖြင့် သူလည်း အနည်းအကျဉ်းတော့ ချမ်းသာနေပြီ ဖြစ်ကာ မှူးမတ်ကြီးများလောက် မချမ်းသာလျှင်တောင် လက်ထဲတွင် ပိုလျှံသော ငွေလေးများ ရှိနေသဖြင့် စိတ်မပူရတော့ဟု သူ ထင်ထားခဲ့သည်။

ထို့ကြောင့်လည်း သူသည် ဆိုင်ထဲသို့ ဝင်ပြီး သူ အလိုချင်ဆုံး ဖြစ်သော သိုလှောင်မှော်ပစ္စည်းကို ဝယ်ရန် ရဲရဲဝံ့ဝံ့ ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။ သို့သော် သိုလှောင်မှော်ပစ္စည်းက ဤမျှလောက်တောင် စျေးကြီးနေလိမ့်မည်ဟု သူ လုံးဝ မထင်ထားခဲ့ချေ။ အပေါဆုံး သိုလှောင်လက်စွပ်ကတောင် ရွှေဒင်္ဂါး ၁ သိန်း ၉ သောင်းတဲ့လား။

'သေစမ်း ငါက တကယ့် ဆင်းရဲသားလေး ပါလား'

'ထားလိုက်တော့ အရင်ဆုံး တိုက်ကွင်းကိုပဲ သွားလိုက်မယ်'

ဒီညမှာတော့ အမှတ် ၇ တိုက်ကွင်းတွင် လူတွေ ပြည့်ကျပ်နေသည်။

ငွေရောင် တိုက်ကွင်း ဖြစ်သည့်အားလျော်စွာ အမှတ် ၇ တိုက်ကွင်းသည် အရွယ်အစားရော အပြင်အဆင်ပါ ကြေးဝါ တိုက်ကွင်းများနှင့် လုံးဝ ယှဉ်၍ မရနိုင်ချေ။ တိုက်ကွင်းပေါ်ရှိ ပရိသတ်များကို ကြည့်ရုံဖြင့် ဤအချက်ကို ကောင်းစွာ သိနိုင်ပေသည်။

ရွှေတွေ ငွေတွေ ဝတ်ဆင်ထားသော နဂါးလူသား မှူးမတ်များ။

ဗိုက်ပူပူနှင့် နယ်စားကြီးများ။

ခေတ်ဆန်ပြီး လှပသော အမျိုးသမီးများ။

အဆင့်အတန်း ရှိသူများ သို့မဟုတ် ချမ်းသာသူများသာ ဖြစ်သည်။

အားလုံးက အထက်တန်းလွှာများသာ ဖြစ်သည်။

ဒါက ငွေရောင် တိုက်ကွင်းပင် ဖြစ်သည်။ အထက်တန်းလွှာများ၏ ဖျော်ဖြေရေး နေရာတစ်ခု ဖြစ်ပြီး သာမန် ချမ်းသာသူများ လွတ်လွတ်လပ်လပ် အဝင်အထွက် လုပ်နိုင်သော နေရာမျိုး မဟုတ်ချေ။

"ချစ်ခင်လေးစားရပါသော ဧည့်သည်တော်များရှင်"

"ဂုဏ်သရေရှိ ပရိသတ်ကြီးရှင်"

"အားလုံးပဲ မင်္ဂလာညချမ်းပါ မီးတောက် လူတိုက်ကွင်းကနေ ကြိုဆိုပါတယ်"

"ကျွန်မကတော့ ဒီညရဲ့ အစီအစဉ် တင်ဆက်သူ ကော်နီလီယာ နိုအယ်လ် ပါ"

"ဒီညမှာ အားလုံးအတွက် စိတ်လှုပ်ရှားစရာ ကောင်းတဲ့ တိုက်ပွဲကို တင်ဆက်ပေးမယ့် တိုက်ခိုက်ရေးသမား နှစ်ယောက်ကတော့ ကြယ်နှစ်ပွင့် ငွေရောင် တိုက်ခိုက်ရေးသမား မီးတောက်ကျား မကောင်းဆိုးဝါး အဲလက်ခ် ဘဲနက် ပါ"

မီးရောင်များ လင်းလက်လာပြီးနောက် ငန်းလူသား အလှမယ်လေး အစီအစဉ် တင်ဆက်သူက တိုက်ကွင်းပေါ်တွင် ပေါ်လာသည်။ သူမ၏ ကြည်လင်သာယာသော အသံလေးက အမှတ် ၇ တိုက်ကွင်း တစ်ခုလုံးသို့ ပျံ့နှံ့သွားပြီး ဆူညံနေသော တိုက်ကွင်းကြီးမှာ ချက်ချင်း တိတ်ဆိတ်သွားတော့သည်။

"ဧည့်သည်တော်များ သိကြတဲ့အတိုင်းပဲ မီးတောက်ကျား မကောင်းဆိုးဝါး ဟာ သူ့ရဲ့ ကြမ်းတမ်းပြီး ရိုင်းစိုင်းတဲ့ တိုက်ခိုက်ဟန်တွေ မီးတောက်တွေကြားထဲမှာ တိုက်ခိုက်တတ်တဲ့ အလေ့အထတွေကြောင့် နာမည်ကြီးပြီး ပရိသတ်တွေက သူ့ကို မီးတောက်ကျား မကောင်းဆိုးဝါး လို့ ချစ်စနိုး ခေါ်ကြပါတယ်"

"အခုအချိန်အထိ မီးတောက်ကျား မကောင်းဆိုးဝါး ဟာ တိုက်ပွဲပေါင်း ၁၉၂ ပွဲ တိုက်ခိုက်ခဲ့ပြီး ၉၈ ပွဲနိုင် ၃၂ ပွဲသရေ ၆၂ ပွဲရှုံး ဆိုတဲ့ အကောင်းဆုံး မှတ်တမ်းကို ပိုင်ဆိုင်ထားပါတယ် အဲဒီအထဲမှာ ပြိုင်ဘက်ကို KO အလဲထိုးနိုင်ခဲ့တာ ၁၉ ကြိမ် ရှိပြီး ကျွန်မတို့ မီးတောက် လူတိုက်ကွင်းရဲ့ အတွေ့အကြုံ အရင့်ကျက်ဆုံး ငွေရောင် တိုက်ခိုက်ရေးသမားတွေထဲက တစ်ယောက် ဖြစ်ပါတယ်"

"မီးတောက်ကျား မကောင်းဆိုးဝါး"

"မီးတောက်ကျား မကောင်းဆိုးဝါး"

"မီးတောက်ကျား မကောင်းဆိုးဝါး"

အစီအစဉ် တင်ဆက်သူ၏ စကားဆုံးသည်နှင့် ပရိသတ်များထံမှ ကြီးမားသော အားပေးသံကြီးများ ထွက်ပေါ်လာသည်။ မီးတောက် လူတိုက်ကွင်း၏ အတွေ့အကြုံ အရင့်ကျက်ဆုံး ငွေရောင် တိုက်ခိုက်ရေးသမား ဖြစ်သည့်အားလျော်စွာ မီးတောက်ကျား မကောင်းဆိုးဝါးသည် ပရိသတ်များ၏ အားပေးမှုကို အများဆုံး ရရှိထားသည်။ တိုက်ကွင်းရှိ ပရိသတ် သုံးပုံတစ်ပုံခန့်က သူ့ကို အားပေးနေခြင်းက ဤအချက်ကို အကောင်းဆုံး သက်သေပြနေပေသည်။

သို့သော် ငန်းလူသား အလှမယ်လေး အစီအစဉ် တင်ဆက်သူက နောက်ထပ် တိုက်ခိုက်ရေးသမား တစ်ယောက်၏ နာမည်ကို ကြေညာလိုက်သောအခါ အားပေးသံများက ပိုမို ကျယ်လောင်လာပြီး လှိုင်းလုံးကြီးများအလား တဝုန်းဝုန်း ရိုက်ခတ်လာကာ မျက်နှာကျက်ကိုပင် လန်ထွက်သွားတော့မတတ် ဖြစ်သွားသည်။

"မိုးကြိုးနတ်ဘုရား"

"မိုးကြိုးနတ်ဘုရား"

"မိုးကြိုးနတ်ဘုရား"

"မိုးကြိုးနတ်ဘုရား ငါ မင်းကို ချစ်တယ်"

အစီအစဉ် တင်ဆက်သူက လေထု အခြေအနေကို အလွန် သဘောကျသွားပြီး အသံများ အနည်းငယ် ငြိမ်ကျသွားချိန်တွင် ဆက်ပြောလိုက်သည်။

"အားလုံး သိကြတဲ့အတိုင်းပဲ မိုးကြိုးနတ်ဘုရား ဟာ ကျွန်မတို့ မီးတောက် လူတိုက်ကွင်းမှာ အရမ်းကို ရှားပါးတဲ့ မှော်ဆရာ တိုက်ခိုက်ရေးသမား တစ်ယောက် ဖြစ်ပါတယ် သူ ပထမဆုံး ထွက်ပေါ်လာကတည်းက သူ့ရဲ့ အထာကျတဲ့ တိုက်ခိုက်ဟန်တွေနဲ့ လျှပ်စီးဓာတ် မှော်ဆရာ ဆိုတဲ့ ဂုဏ်ပုဒ်တွေကြောင့် ပရိသတ်တွေက သူ့ကို မိုးကြိုးနတ်ဘုရား လို့ ခေါ်ကြပါတယ်"

"အခုအချိန်အထိ မိုးကြိုးနတ်ဘုရား ဟာ တိုက်ပွဲပေါင်း ၃၀ တိုက်ခိုက်ခဲ့ပြီး ၂၃ ပွဲနိုင် ၃ ပွဲသရေ ၄ ပွဲရှုံး ဆိုတဲ့ ရလဒ်ကောင်းကို ပိုင်ဆိုင်ထားပါတယ် အဲဒီ ၃ ပွဲသရေနဲ့ ၄ ပွဲရှုံး ဆိုတာကလည်း ငွေရောင် တိုက်ခိုက်ရေးသမား အဖြစ် အဆင့်မတက်ခင်က ရလဒ်တွေပါ ငွေရောင် တိုက်ခိုက်ရေးသမား အဖြစ် အဆင့်တက်သွားပြီးတဲ့ နောက်မှာတော့ မိုးကြိုးနတ်ဘုရား ဟာ တစ်ပွဲမှ မရှုံးဖူးတော့ဘဲ ၁၁ ပွဲ ဆက်တိုက် အနိုင်ရထားပါတယ်"

"ဒီညမှာရော မိုးကြိုးနတ်ဘုရား အနေနဲ့ သူ့ရဲ့ အောင်ပွဲတွေကို ဆက်လက် ထိန်းသိမ်းပြီး ပြိုင်ဘက်ကို အနိုင်ယူကာ ၁၂ ပွဲ ဆက်တိုက် အနိုင်ရတဲ့ မှတ်တမ်းကို ရယူနိုင်မလား ဆိုတာ ကျွန်မတို့ အားလုံး စောင့်ကြည့်ကြရအောင်ပါ"

"အခုတော့ ကျွန်မတို့ရဲ့ ငွေရောင် တိုက်ခိုက်ရေးသမား နှစ်ယောက်ကို လက်ခုပ်သံ ကျယ်ကျယ်နဲ့ ကြိုဆိုလိုက်ကြရအောင်"

"မီးတောက်ကျား မကောင်းဆိုးဝါး"

"မိုးကြိုးနတ်ဘုရား"

မီးရောင် နှစ်ခု ကျဆင်းလာပြီးနောက် အနီရောင်နှင့် ငွေရောင် အလင်းတန်း နှစ်ခုက အဝင်ပေါက်မှနေ၍ တိုက်ကွင်းပေါ်သို့ မျက်တောင်တစ်ခတ် အတွင်းမှာပင် ရောက်ရှိလာသည်။ အမြန်နှုန်းမှာ အလွန် မြန်ဆန်လှပေသည်။

အလင်းတန်းများ ပျောက်ကွယ်သွားပြီးနောက် လူနှစ်ယောက် ပေါ်လာသည်။

တစ်ယောက်ကတော့ ထွားကြိုင်းသော ခန္ဓာကိုယ်နှင့် အဖုအထစ် ထစ်နေသော ကြွက်သားများ ရှိပြီး တစ်ကိုယ်လုံး နီရဲနေကာ မျက်လုံးများက စူးရှနေသည်။ အထူးသဖြင့် လေထဲတွင် လွင့်နေသော အနီရောင် ဆံပင်များက မီးတောက်များအလား လောင်ကျွမ်းနေပြီး အလွန် ပြင်းထန်သော အပူချိန်ကို ထုတ်လွှတ်နေသည်။

သူကတော့ တိုက်ပွဲပေါင်း ၁၉၂ ပွဲ တိုက်ခိုက်ခဲ့ပြီး အနိုင်ရနှုန်း ၅၁ ရာခိုင်နှုန်း ရှိသော အတွေ့အကြုံရင့် ငွေရောင် တိုက်ခိုက်ရေးသမား မီးတောက်ကျား မကောင်းဆိုးဝါး အဲလက်ခ် ဘဲနက် ပင် ဖြစ်သည်။

နောက်တစ်ယောက်ကို ကြည့်လိုက်လျှင် ရွှေရောင် မျက်နှာဖုံးကို တပ်ဆင်ထားပြီး မှော်ဝတ်ရုံကို ဝတ်ဆင်ထားကာ ကျော့ရှင်းသော အမူအရာနှင့် သန့်ပြန့်သော ရုပ်ရည် ရှိသည်။ ခန္ဓာကိုယ် အရွယ်အစားနှင့် အရှိန်အဝါကို ယှဉ်မည်ဆိုလျှင် မီးတောက်ကျား မကောင်းဆိုးဝါးကို လုံးဝ မယှဉ်နိုင်ချေ။

သို့သော် သူ တိုက်ကွင်းပေါ် ရပ်လိုက်သည်နှင့် တစ်ပြိုင်နက် တစ်ကွင်းလုံးရှိ ပရိသတ် ထက်ဝက်ကျော်က သူ့အတွက် ရူးသွပ်စွာ အော်ဟစ်နေကြပြီး မှူးမတ် အမျိုးသမီးများမှာလည်း မျက်နှာများ နီရဲလာကာ ယခင်က ကျော့ရှင်းသော ပုံစံများကို စွန့်လွှတ်ပြီး အလွန်အမင်း ရူးသွပ်နေကြတော့သည်။

"မိုးကြိုးနတ်ဘုရား ငါ မင်းကို ချစ်တယ်"

"မိုးကြိုးနတ်ဘုရား ငါ မင်းအတွက် မျောက်ကလေးတွေ မွေးပေးမယ်"

သိသာထင်ရှားစွာပင် မိုးကြိုးနတ်ဘုရား၏ ပရိသတ်များက မီးတောက်ကျား မကောင်းဆိုးဝါးထက် ပိုများပြီး ပို၍လည်း ရူးသွပ်ကြသည်။ ဤအချက်က အတွေ့အကြုံရင့် ငွေရောင် တိုက်ခိုက်ရေးသမား ဖြစ်သော မီးတောက်ကျား မကောင်းဆိုးဝါး၏ မျက်နှာကို ပျက်သွားစေပြီး မိုးကြိုးနတ်ဘုရားကို ကြည့်သော သူ၏ အကြည့်များက အလွန် ရန်လိုနေပေသည်။

'လူသစ်လေး တစ်ယောက်က ဘာဖြစ်လို့ ငါ့ထက် နာမည်ကြီးနေရတာလဲ'

မီးတောက်ကျား မကောင်းဆိုးဝါးက ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။

"လူသစ် ငါ မင်းကို သတ်ပစ်မယ် သူတို့ ရွေးချယ်မှုက ဘယ်လောက်တောင် မှားယွင်းနေလဲ ဆိုတာကို ဒီပရိသတ်တွေ သိအောင် ငါ လုပ်ပြမယ်"

"ဟားဟား လာခဲ့လေ"

မုန်လဲ့၏ အသံက တည်ငြိမ်နေပြီး မျက်နှာဖုံး အောက်ရှိ သူ၏ နှုတ်ခမ်းများက အနည်းငယ် ကွေးတက်သွားကာ ယုံကြည်မှု အပြည့်ရှိသော အပြုံးတစ်ခု ပေါ်လာသည်။ မီးတောက်ကျား မကောင်းဆိုးဝါး ဆိုသည်မှာ သူ့အတွက်တော့ ဂရုစိုက်စရာပင် မလိုချေ။

"သေစမ်း"

မီးတောက်ကျား မကောင်းဆိုးဝါး၏ ကိုယ်ပေါ်တွင် အနီရောင် မီးတောက်များ ရုတ်တရက် ထွက်ပေါ်လာပြီး သူ့တစ်ကိုယ်လုံးကို လွှမ်းခြုံသွားရာ မီးလူသား တစ်ယောက်အဖြစ် ပြောင်းလဲသွားပြီး ကြောက်မက်ဖွယ် ကောင်းသော အပူချိန်ကို ထုတ်လွှတ်နေတော့သည်။

နောက်တစ်စက္ကန့်တွင်တော့ မီးလူသားက လှုပ်ရှားလိုက်ပြီး အနီရောင် မီးတောက် အလင်းတန်း တစ်ခုအဖြစ် ပြောင်းလဲကာ မုန်လဲ့ထံသို့ ပြေးဝင်လာသည်။ မီတာ နှစ်ဆယ် အကွာအဝေးကို မျက်တောင်တစ်ခတ် အတွင်းမှာပင် ဖြတ်သန်းသွားသည်။

"ကောင်းတယ်"

မုန်လဲ့၏ မျက်လုံးများ ပြူးကျယ်သွားပြီး လက်ညှိုး တစ်ချောင်း ထိုးထုတ်လိုက်ရာ လက်ချောင်းထိပ်မှ လျှပ်စီးအလင်းတန်း တစ်ခု ထွက်ပေါ်လာပြီး မီးတောက်ကျား မကောင်းဆိုးဝါးကို ချက်ချင်း ထိမှန်သွားသည်။ အပြင်ဘက်ရှိ မီးတောက်များကို အလွယ်တကူ ဖောက်ထွင်းသွားပြီး မီးတောက်ကျား မကောင်းဆိုးဝါး၏ အရေပြားနှင့် ထိတွေ့သွားကာ အမည်းရောင် အကွက်ကြီး တစ်ကွက် ဖြစ်သွားစေသည်။

"ဟွန့်"

မီးတောက်ကျား မကောင်းဆိုးဝါးက ညည်းတွားလိုက်ပြီး သူ၏ လှုပ်ရှားမှုက အနည်းငယ် ရပ်တန့်သွားသည်။

သို့သော် ထိုခဏလေး အတွင်းမှာပင် မုန်လဲ့က အလွန် ကြမ်းတမ်းသော တိုက်ခိုက်မှုများကို စတင်လိုက်သည်။ လက်မောင်းလုံးခန့် ရှိသော လျှပ်စီးတန်း အများအပြားက ကောင်းကင်မှ ကျဆင်းလာပြီး မီးတောက်ကျား မကောင်းဆိုးဝါးကို ပြင်းထန်စွာ ရိုက်ခတ်သွားတော့သည်။

ဒါကတော့ အဆင့်လေး မှော်ပညာ မိုးကြိုး ကောင်းကင်ကျ ပင် ဖြစ်သည်။

ဒါပေမယ့် ဒါက မပြီးသေးဘူး။

မုန်လဲ့၏ ပါးစပ်မှ မှော်ဂါထာများကို အဆက်မပြတ် ရွတ်ဆိုနေပြီး မီတာ တစ်ရာ ပတ်လည်အတွင်းရှိ လျှပ်စီးဓာတ် မှော်စွမ်းအင်များက အမြန်နှုန်းဖြင့် စုဝေးလာကာ အစီအစဉ်တကျ ပေါင်းစပ်သွားကြသည်။ ထို့နောက် အလျား မီတာ ၃၀၊ လုံးပတ် ရေစည်ပိုင်းခန့် ရှိသော လျှပ်စီးစပါးကြီးမြွေကြီး ၁၀ ကောင် အဖြစ် ပြောင်းလဲသွားတော့သည်။

မျက်စိကျိန်းမတတ် တောက်ပနေသော လျှပ်စီးစပါးကြီးမြွေများက တိုက်ကွင်းကြီးကို လင်းထိန်သွားစေပြီး ပရိသတ် တစ်ယောက်ချင်းစီ၏ မျက်လုံးများကိုလည်း လင်းထိန်သွားစေသည်။ ဤမြင်ကွင်းက တကယ်ကို အထာကျလွန်းလှသဖြင့် ပရိသတ်များမှာ လုံးဝ ရူးသွပ်သွားကြပြီး အားကုန် အော်ဟစ်နေကြကာ သူတို့၏ မျက်နှာများမှာလည်း စိတ်လှုပ်ရှားမှုကြောင့် နီရဲနေကြတော့သည်။

"အဆင့်ခြောက် မှော်ပညာ လျှပ်စီးမြွေများ ကခုန်ခြင်း"

"ကျစမ်း"

မုန်လဲ့က ကြမ်းပြင်ကို လက်နှစ်ဖက်ဖြင့် ရိုက်ချလိုက်ရာ စူးရှသော မြွေဟစ်သံများနှင့်အတူ လျှပ်စီးစပါးကြီးမြွေ ၁၀ ကောင်က တစ်ကောင်ပြီးတစ်ကောင် ကောင်းကင်မှ စိုက်ဆင်းလာပြီး မီးတောက်ကျား မကောင်းဆိုးဝါးကို မျိုချသွားကာ တိုက်ကွင်း တစ်ခုလုံးကို လွှမ်းခြုံသွားတော့သည်။

"ပြီးသွားပြီ"

မုန်လဲ့က လှည့်ထွက်လာပြီး လျှပ်စီးအလင်းတန်းများကြားတွင် နစ်မြုပ်နေသော မီးတောက်ကျား မကောင်းဆိုးဝါးကို ဆက်မကြည့်တော့ဘဲ အားပေးနေကြသော ပရိသတ်များကို လက်ပြ နှုတ်ဆက်လိုက်ရာ ပရိသတ်များမှာ ပို၍ပင် ရူးသွပ်သွားကြတော့သည်။

"မိုးကြိုးနတ်ဘုရား"

"မိုးကြိုးနတ်ဘုရား ငါ မင်းကို ချစ်တယ် ငါ့ရဲ့ ၁၈ ယောက်မြောက် အချစ်တော်လေး လုပ်ပါလား ငါ မင်းကို ကျွေးမွေးထားမယ်"

ရူးသွပ်သော အားပေးသံများ ကြားတွင် ပြေးလွှားနေသော လျှပ်စစ်စီးကြောင်းများက တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး လျှပ်စီးမြွေများ ကခုန်ခြင်း ၏ တိုက်ခိုက်မှုကို ခံလိုက်ရသော မီးတောက်ကျား မကောင်းဆိုးဝါး ပေါ်ထွက်လာသည်။ ယခုအချိန်တွင် သူသည် အလွန် သနားစရာ ကောင်းနေပြီး လောင်ကျွမ်းနေသော မီးတောက်များမှာလည်း ငြိမ်းသွားပြီ ဖြစ်သည်။ အဝတ်အစားများမှာလည်း ပြာကျသွားပြီး တစ်ကိုယ်လုံး မည်းတူးနေတော့သည်။

'အင်း တကယ်ကို ကြည့်မရလောက်အောင် စုတ်ပြတ်နေတာပဲ'

"ဒင် အလင်းတန်းတစ်ခုကို တွေ့ရှိပါတယ် ကောက်ယူမလား"

"ကောက်မယ်"

"ဒင် ပေါင်းစပ်ခြင်း အောင်မြင်ပါတယ် မီးတောက်မကောင်းဆိုးဝါး သွေးမျိုးဆက်ကို ရရှိတဲ့အတွက် ဂုဏ်ယူပါတယ်"

'ဟင်'

'မီးတောက်မကောင်းဆိုးဝါး သွေးမျိုးဆက်'

All Chapters