အခန်း ၇၁
Vol. 8 Ch. 71
(TN/ မြင့်မြတ်သောနယ်မြေအဆင့်ဆိုတာ အစပိုင်းကသုံးခဲ့တဲ့ အထွတ်အထိပ်အဆင့်ပါ)
အခန်း ၇၁။ ဟန်ချက်ညီသော ပူးပေါင်းတိုက်ခိုက်မှုနှင့် နဂါးမျောက်ဝံ သားပေါက်လေး
"ဝေါင်း"
လေးငါးထပ် တိုက်အမြင့်ခန့် ရှိသော တိုက်တန်နဂါးမျောက်ဝံ က အဆက်မပြတ် ဟိန်းဟောက်နေပြီး အလွန် သန်မာသော လက်မောင်းကြီးများကို လွှဲယမ်းကာ လူသား စွန့်စားသူများကို ရူးသွပ်စွာ တိုက်ခိုက်နေသည်။
၎င်း၏ ခြေသည်းများက တောင်များကိုပင် ဖြိုခွဲနိုင်ပြီး ကျောက်တုံးများကိုပင် ခွဲခြမ်းနိုင်လောက်အောင် ထက်မြက်လှသည်။
ဟိန်းဟောက်သံက ကောင်းကင်နှင့် မြေကြီးကို တုန်လှုပ်စေပြီး အသံလှိုင်းများ လွင့်စင်လာကာ တစ်ကိုယ်လုံးမှ အလွန် ကြောက်မက်ဖွယ် ကောင်းသော အရှိန်အဝါများ ထွက်ပေါ်နေပြီး ရှေးဟောင်း သားရဲကြီး တစ်ကောင်အလား ဖြစ်နေသည်။
၎င်းနှင့် ယှဉ်လိုက်ပါက ကျား၊ ခြင်္သေ့ အစရှိသော သတ္တဝါများမှာ အလွန် သေးငယ်သွားတော့သည်။ သို့သော် ၎င်း၏ အခြေအနေမှာ အလွန် ဆိုးရွားနေသည်။
စွန့်စားသူ ဒါဇင်ပေါင်းများစွာက ၎င်းကို ဝိုင်းရံထားကြသည်။ စစ်သည်တော် ဆယ်ဂဏန်းခန့်က ခိုင်မာသော ခုခံရေး နံရံတစ်ခု ဖန်တီးထားပြီး တိုက်တန်နဂါးမျောက်ဝံ ၏ တိုက်ခိုက်မှုများကို မျက်နှာချင်းဆိုင် ခုခံနေကြသည်။
သူတို့ တစ်ယောက်ချင်းစီမှာ အလွန် သန်မာကြပြီး လျှပ်စီးအလား မြန်ဆန်ကာ ငှက်များအလား ခုန်ပျံနေကြပြီး အလွန် လျင်မြန်ကြသည်။ အမြန်နှုန်းနှင့် တိုက်ခိုက်မှုများကို ကြည့်ခြင်းအားဖြင့် သူတို့သည် အနည်းဆုံး အဆင့်ခြောက် သို့မဟုတ် အဆင့်ခုနစ် စစ်သည်တော်များ ဖြစ်ကြမည်။
ထိုစစ်သည်တော်များ၏ အနောက်တွင်တော့ မှော်ဝတ်ရုံများကို ဝတ်ဆင်ထားသော မှော်ဆရာ ၅ ယောက် သို့မဟုတ် ၆ ယောက်ခန့် ရှိနေသည်။
သူတို့သည် မှော်တုတ်တံများကို ကိုင်ဆောင်ကာ မှော်ဂါထာများကို ရွတ်ဆိုနေပြီး မှော်ပညာများကို အဆက်မပြတ် ထုတ်လွှတ်နေကြသည်။
ရွှံ့နွံကျောက်တုံးများ၊ မီးမိုးများ၊ နွယ်ပင်လှံတံများ...
မှော်ပညာ အများအပြားက ငွေမကုန်ဘဲ ရသကဲ့သို့ တိုက်တန်နဂါးမျောက်ဝံ ၏ ကိုယ်ပေါ်သို့ အဆက်မပြတ် ကျဆင်းနေရာ အသားများ ကွဲအက်ပြီး သွေးများ အဆက်မပြတ် ထွက်ကျနေတော့သည်။
တစ်ချိန်တည်းမှာပင် အမည်းရောင် ဝတ်စုံ ဝတ်ဆင်ထားသော လုပ်ကြံသူများက တိုက်တန်နဂါးမျောက်ဝံ ၏ ပတ်လည်တွင် လှုပ်ရှားနေကြပြီး အရိပ်အယောင်ပင် မမြင်ရအောင် လျင်မြန်စွာ လှုပ်ရှားကာ အခွင့်အရေး ရသည်နှင့် ခိုးတိုက်ရန် စောင့်ဆိုင်းနေကြပြီး ဘေးမှနေ၍ တိုက်တန်နဂါးမျောက်ဝံ ကို အနှောင့်အယှက် ပေးနေကြသည်။
စစ်သည်တော်။
မှော်ဆရာ။
လုပ်ကြံသူ။
ဤသုံးမျိုးက ဟန်ချက်ညီညီ ပူးပေါင်း တိုက်ခိုက်နေကြရာ တိုက်တန်နဂါးမျောက်ဝံ ကို အသာစီး ရနေကြသည်။ သနားစရာ ကောင်းသော ဤအဆင့်ကိုး မှော်သားရဲကြီးမှာ အရပ်မျက်နှာ အနှံ့အပြားမှ တိုက်ခိုက်မှုများကို ခံနေရပြီး ခိုင်မာသော ခန္ဓာကိုယ်ဖြင့်သာ ခုခံနေရသဖြင့် လုံးဝ အသာစီး မရတော့ချေ။
"ဒီစွန့်စားသူတွေရဲ့ ပူးပေါင်း တိုက်ခိုက်မှုက တကယ်ကို ဟန်ချက်ညီလွန်းတယ်"
မုန်လဲ့မှာ ဤကဲ့သို့သော အဖွဲ့လိုက် တိုက်ပွဲကြီးကို ပထမဆုံး အကြိမ် မြင်တွေ့ဖူးခြင်း ဖြစ်ရာ အလွန် ရင်ခုန် စိတ်လှုပ်ရှားနေမိသည်။
ဤကဲ့သို့သော ရင်ခုန်စရာ ကောင်းသည့် မြင်ကွင်းကြီးက ဟောလိဝုဒ် ဇာတ်ကားများထက်ပင် အများကြီး ပိုမို အသက်ဝင်နေပြီး တကယ်ကို ကြည့်ကောင်းလှပေသည်။
မျက်နှာချင်းဆိုင် ခုခံသော စစ်သည်တော်။
အရိပ်အယောင် ဖျောက်နိုင်သော လုပ်ကြံသူ။
အဆက်မပြတ် တိုက်ခိုက်နိုင်သော မှော်ဆရာ။
သုံးခု ပေါင်းစပ်ထားသည်။ လုံးဝ ဟန်ချက်ညီနေသည်။
"လူအများကြီးနဲ့ တိုက်ရင် ဘယ်လောက် သန်မာတဲ့ သူဖြစ်ဖြစ် အရေးနိမ့်ရမှာပဲ ကျားတစ်ကောင်က ဝံပုလွေ အုပ်စုကို မနိုင်သလိုပေါ့"
မုန်လဲ့က အဆက်မပြတ် သက်ပြင်းချနေသည်။ "အဆင့်ကိုး မှော်သားရဲ ဖြစ်နေရင်တောင် လူတွေ အများကြီး ဝိုင်းတိုက်ရင် ဒူးထောက်ရမှာပဲ တကယ်ပဲ လူများရင် အားကြီးတာပဲ လူများများ ဝိုင်းကူရင် ပိုမြန်တယ် ဆိုတာ မှန်တယ်"
"အဓိပ္ပာယ် မရှိတာ"
မုန်လဲ့၏ စကားကို ကြားသောအခါ အဖိုးအိုက နှာခေါင်းရှုံ့လိုက်သည်။ "ဒီ အသုံးမကျတဲ့ ကောင် မျက်လုံးကို သေချာ ဖွင့်ပြီး အမှန်တရားက ဘာလဲဆိုတာ သေချာ ကြည့်စမ်း"
"အဲ..."
မုန်လဲ့ အနည်းငယ် ကြောင်အမ်းသွားသည်။ "ကျွန်တော် ပြောတာ မှားလို့လား"
"မင်း မြင်နေရတာက အပေါ်ယံပဲ ရှိသေးတယ်"
အဖိုးအိုက ခေါင်းခါကာ မထီမဲ့မြင် ပြုလိုက်သည်။ "ဒီစွန့်စားသူတွေ အများစုက အဆင့်ခြောက် အဆင့်ခုနစ် လောက်ပဲ ရှိတာ အစွမ်းအထက်ဆုံး ဆိုရင်တောင် အဆင့်ရှစ် ထက် မပိုဘူး လူအရေအတွက် ဘယ်လောက်များများ တိုက်တန်နဂါးမျောက်ဝံ ကို သတ်ဖို့ ဆိုတာ မဖြစ်နိုင်ဘူး"
"တိုက်တန်နဂါးမျောက်ဝံ မှာ နဂါးမျိုးနွယ် ရဲ့ သွေး ပါဝင်တယ် ဆိုတာ မင်း သိထားသင့်တယ် သူက အဆင့်ကိုး မှော်သားရဲ တွေထဲမှာတောင် ထိပ်တန်း အဆင့်မှာ ရှိပြီး အင်အား ကြီးမားတယ် ကာကွယ်ရေး စွမ်းရည်လည်း အလွန် ကောင်းမွန်တယ် ပြီးတော့ ကောင်းကင်ယံမှာ ပျံသန်းနိုင်သေးတယ် ဒီလို စွန့်စားသူ မျိုးတွေနဲ့ ဘယ်လိုလုပ် ယှဉ်နိုင်မှာလဲ"
မုန်လဲ့ မျက်မှောင်ကြုတ်သွားသည်။ "ခင်ဗျား ပြောတာ မှန်ပေမယ့် ဒီစွန့်စားသူတွေက တိုက်တန်နဂါးမျောက်ဝံ ကို အသာစီး ရနေတယ်လေ"
"မမှန်ဘူး"
"တိုက်တန်နဂါးမျောက်ဝံ မှာ တောင်ပံတွေ ပါတာပဲ ဘာလို့ မပျံတာလဲ"
"တကယ်လို့များ လေထဲ ပျံတက်ပြီး အပေါ်စီးကနေ တိုက်ရင် လုပ်ကြံသူတွေရဲ့ ခိုးတိုက်တာကို ရှောင်နိုင်မယ် မှော်ပညာ တစ်ချို့ကိုလည်း ရှောင်နိုင်မယ် စွန့်စားသူတွေရဲ့ အသာစီး ရမှုက အများကြီး လျော့ကျသွားမှာပဲ"
"သေစမ်း အရမ်း တုံးလွန်းတာပဲ ငါတောင် ဆက်ကြည့်မနေနိုင်တော့ဘူး"
"မင်း အမြန် ပျံတက်လိုက်လေ..."
"တစ်ခုခု ထူးခြားနေတာကို မြင်ပြီလား"
အဖိုးအိုက မုန်လဲ့ကို တစ်ချက် ကြည့်လိုက်ပြီး ပြုံး၍ ပြောလိုက်သည်။ "ဒီတိုက်တန်နဂါးမျောက်ဝံ က စွမ်းအား မရှိလို့ မဟုတ်ဘူး တုံးလို့လည်း မဟုတ်ဘူး သူက... နောက်ဆုတ်လို့ မရလို့ပဲ"
"နောက်ဆုတ်လို့ မရဘူး"
မုန်လဲ့ အနည်းငယ် ကြောင်အမ်းသွားသည်။ "ကျောင်းအုပ်ကြီး ဘာလို့လဲ"
"သူ့ရဲ့ ပေါင်ကြားကို သေချာ ကြည့်စမ်း"
အဖိုးအိုက တိုက်တန်နဂါးမျောက်ဝံ ၏ ပေါင်ကြားကို လက်ညှိုးထိုးပြလိုက်သည်။
'ပေါင်ကြား'
မုန်လဲ့ အနည်းငယ် သံသယ ဖြစ်သွားပြီး ကြည့်လိုက်ရာ တိုက်တန်နဂါးမျောက်ဝံ ၏ ပေါင်ကြားတွင် သွေးများ ပေကျံနေပြီး သွေးများ အဆက်မပြတ် ထွက်ကျနေကာ မြေပြင်ကိုပင် အနီရောင် ဆိုးထားသကဲ့သို့ ဖြစ်နေသည်။
"မြင်ပြီလား"
အဖိုးအိုက မုတ်ဆိတ်ကို ပွတ်သပ်ကာ ပြုံး၍ မေးလိုက်သည်။
"ကျောင်းအုပ်ကြီး တိုက်တန်နဂါးမျောက်ဝံ ရဲ့ ပစ္စည်းလေး များ အဖြတ်ခံလိုက်ရတာလား" မုန်လဲ့ အနည်းငယ် အံ့အားသင့်စွာ မေးလိုက်သည်။
"ပစ္စည်းလေး အဖြတ်ခံရတယ် ဟုတ်လား"
အဖိုးအို၏ မျက်နှာမှာ မည်းနက်သွားပြီး ဒေါသတကြီး အော်ဟစ်လိုက်သည်။ "မင်း ဘာတွေ လျှောက်တွေးနေတာလဲ နည်းနည်းလေးလောက် တည်တည်ငြိမ်ငြိမ် နေလို့ မရဘူးလား"
မုန်လဲ့က ထပ်မံ ခန့်မှန်းလိုက်ပြန်သည်။ "ဒါမှမဟုတ် ဥလေး များ အဖြတ်ခံလိုက်ရတာလား"
"ဒီ တုံးအတဲ့ ကောင် ဒါက အမ ကြီးလေ ဘယ်က ဥလေး လာမှာလဲ"
အဖိုးအိုက ဒေါသတကြီး အော်ဟစ်လိုက်ပြီး မုန်လဲ့ကို ရက်စက်စွာ ကြည့်လိုက်သည်။ "မင်း သေချာ ကြည့်စမ်း တိုက်တန်နဂါးမျောက်ဝံ ရဲ့ အနောက်မှာ ဘာရှိလဲ"
"အနောက်မှာ အနောက်မှာ ဂူတစ်ခု ရှိတယ်လေ"
မုန်လဲ့က ခေါင်းကုတ်လိုက်သည်။ "အဲဒါက တိုက်တန်နဂါးမျောက်ဝံ ရဲ့ အသိုက် ဖြစ်ရမယ် အသိုက်က ဘာဖြစ်လို့လဲ ပုံမှန်ပဲ မဟုတ်ဘူးလား"
"မင်းရဲ့ ဉာဏ်ရည်က အရမ်း နိမ့်လွန်းတယ် ငါ မင်းနဲ့ စကားပြောရတာ အဆင်မပြေဘူး"
အဖိုးအို အလွန် ဒေါသထွက်သွားပြီး မုန်လဲ့ကို ဆက်ပြီး အချိန်မဆွဲတော့ချေ။
"ဒီတိုက်တန်နဂါးမျောက်ဝံ က စွမ်းအားတွေ အများကြီး ကျဆင်းနေတယ် သာမန် အဆင့်ရှစ် မှော်သားရဲ ထက်တောင် အားနည်းနေသေးတယ် ပြီးတော့ ပေါင်ကြားမှာလည်း သွေးတွေ ရှိနေတယ် နောက်က အသိုက်ကိုလည်း အသက်ပေးပြီး ကာကွယ်နေတယ် ဆိုတော့ အခြေအနေက ရှင်းနေပြီပဲ"
"သူ ကလေး မွေးပြီးခါစမို့လို့ပဲ"
"ကလေး မွေးပြီးခါစ"
မုန်လဲ့ ကြောင်အမ်းသွားပြီး တိုးတိုးလေး အော်ဟစ်လိုက်သည်။
"ကျောင်းအုပ်ကြီး ခင်ဗျား ပြောတာက ဒီတိုက်တန်နဂါးမျောက်ဝံ က ကလေး မွေးပြီးခါစမို့လို့ စွမ်းအားတွေ ကျဆင်းနေတာလား ဒါကြောင့် ဒီစွန့်စားသူတွေကို အသိုက်ထဲ ပေးမဝင်အောင် အသက်ပေးပြီး ကာကွယ်နေတာလား"
"ဟုတ်တယ်"
အဖိုးအိုက ခေါင်းညိတ်လိုက်ပြီး သက်ပြင်းချကာ ပြောလိုက်သည်။
"သာမန် အခြေအနေမှာဆိုရင် တိုက်တန်နဂါးမျောက်ဝံ က အရွယ်ရောက်ပြီးတဲ့ နဂါး တစ်ကောင်နဲ့တောင် ယှဉ်နိုင်တယ် ဒီစွန့်စားသူတွေက ဘယ်လိုလုပ်ပြီး လာတိုက်ရဲမှာလဲ"
"ကလေး မွေးပြီးခါစ အားနည်းနေတဲ့ အချိန်မျိုးမှ ဒီစွန့်စားသူတွေက အခွင့်အရေး ယူပြီး လာတိုက်ကြတာလေ အဆင့်ကိုး မှော်သားရဲ တစ်ကောင်နဲ့ အဆင့်ကိုး မှော်သားရဲ ရဲ့ သားပေါက်လေး ဆိုတော့ မြှူဆွယ်မှုက အရမ်း ကြီးမားလွန်းတယ်"
"ဒီလို ကိုး"
မုန်လဲ့ တစ်ကိုယ်လုံး တုန်ယင်သွားပြီး မျက်လုံးများထဲတွင် သဘောပေါက်သွားသည့် အရိပ်အယောင်များ ပေါ်လာသည်။
အဆင့်ကိုး မှော်သားရဲ ၏ တန်ဖိုးကို ပြောစရာပင် မလိုတော့ချေ။ ၎င်း၏ မှော်ကျောက်သလင်း တစ်ခုတည်းကပင် ရွှေဒင်္ဂါး သန်း ဆယ်ဂဏန်းခန့် တန်ဖိုးရှိရာ အလောင်းကြီး တစ်ခုလုံး ဆိုလျှင်တော့ ပြောစရာပင် မလိုတော့ချေ။
ထို့အပြင် ဤနေရာတွင် အသစ်မွေးဖွားလာသော သားပေါက်လေး တစ်ကောင် ပါ ရှိနေနိုင်သေးသည်။
နှစ်ခုလုံး ပေါင်းလိုက်လျှင် စွန့်စားသူများ အတွက်တော့ သေချာပေါက် ဆွဲဆောင်မှု အလွန် ကြီးမားလှပေသည်။
ဒီစွန့်စားသူတွေတင် မကပါဘူး မုန်လဲ့ ကိုယ်တိုင်တောင် ရင်ခုန်နေပြီ။
"အဆင့်ကိုး မှော်သားရဲ အလောင်း တစ်လောင်း"
"အဆင့်ကိုး မှော်သားရဲ သားပေါက်လေး တစ်ကောင်"
မုန်လဲ့၏ မျက်လုံးများက တောက်ပနေပြီး အသက်ရှူနှုန်းကလည်း မြန်ဆန်လာကာ ပါးစပ်မှ တိုးတိုးလေး ရေရွတ်နေတော့သည်။
"ငါသာ ဒါတွေကို လုယူနိုင်ရင် တကယ် ချမ်းသာပြီပဲ..."
"ဘယ်လိုလဲ ရင်ခုန်သွားပြီလား"
အဖိုးအိုက မုန်လဲ့ကို တစ်ချက် ကြည့်လိုက်ပြီး ရေအေး တစ်ခွက် လောင်းချလိုက်သည်။ "ခွေးနှစ်ကောင် ကိုက်နေတုန်း အသား လုယူတာက ကောင်းတဲ့ အကြံအစည် ဆိုပေမယ့် ကိုယ်တိုင် အစွမ်းအစ ရှိမှ ရမှာနော်"
အဖိုးအိုက စွန့်စားသူများ၏ အနောက်တွင် ရှိနေသော လူကြမ်းကြီး တစ်ယောက်ကို လက်ညှိုးထိုးပြကာ ပြုံး၍ ပြောလိုက်သည်။
"ဒီစွန့်စားသူတွေကို ထားလိုက်ပါတော့ ဟိုလူကြီး တစ်ယောက်တည်းကတောင် မင်း ယှဉ်နိုင်တဲ့ သူ မဟုတ်ဘူး သူက အနည်းဆုံး အဆင့်ရှစ် စစ်သည်တော် ပဲ"
"အဆင့်ရှစ်..."
မုန်လဲ့ သွားကြိတ်လိုက်ပြီး ထိုသူကို ကြည့်လိုက်သည်။
စွန့်စားသူများ အားလုံး၏ အနောက်တွင် ငွေရောင် သံချပ်ကာ ဝတ်ဆင်ထားပြီး ဓားရှည်ကြီး တစ်လက် ကိုင်ဆောင်ထားသော လူကြမ်းကြီး တစ်ယောက် ရှိနေသည်။ သူက တောင်ကုန်းပေါ်တွင် ရပ်ကာ အပေါ်စီးမှနေ၍ အမိန့်ပေးနေသည်။
သူက ဒီစွန့်စားသူတွေရဲ့ ခေါင်းဆောင် ဆိုတာ ရှင်းနေပါတယ်။
"မြင်ပြီလား"
အဖိုးအိုက သတိပေးလိုက်သည်။ "ဒီခေါင်းဆောင် နဲ့ ဒီလောက်များတဲ့ အဆင့်မြင့် စွန့်စားသူတွေ ရှိနေတာ မင်း လုနိုင်မှာ မဟုတ်ဘူး"
"ဖြစ်နိုင်ပါတယ်"
မုန်လဲ့က ပြုံးလိုက်ပြီး ဘာမှ ဆက်မပြောတော့ဘဲ တိုက်ပွဲကိုသာ သေချာ ကြည့်နေလိုက်သည်။
အဖိုးအို ပြောသည့်အတိုင်းပင် တိုက်တန်နဂါးမျောက်ဝံ က ကလေး မွေးပြီးခါစမို့ စွမ်းအား အများစု ဆုံးရှုံးနေပြီး အနောက်ရှိ အသိုက်ထဲမှ သားပေါက်လေးကို ကာကွယ်ရန် အတွက်သာ အသက်ပေးပြီး ခုခံနေရရာ စွန့်စားသူများ၏ အဆက်မပြတ် တိုက်ခိုက်မှုများကို ခံနေရသည်။
အစပိုင်းတွင်တော့ ခိုင်မာသော ကာကွယ်ရေး စွမ်းရည်ဖြင့် ခုခံနိုင်ခဲ့သော်လည်း အချိန်ကြာလာသည်နှင့်အမျှ တိုက်တန်နဂါးမျောက်ဝံ ၏ ဒဏ်ရာများက ပိုမို ပြင်းထန်လာပြီး အားအင်များလည်း တဖြည်းဖြည်း ကုန်ခမ်းလာတော့သည်။
တိုက်တန်နဂါးမျောက်ဝံ တဖြည်းဖြည်း မတောင့်ခံနိုင်တော့ချေ။
"ငါ ထွက်ရမယ့် အချိန် ရောက်ပြီ"