← Chapters

အခန်း ၁၄၄

Vol. 15 Ch. 144

အခန်း ၁၄၄

Vol. 15 Ch. 144

အခန်း ၁၄၄။ သမိုင်းတစ်လျှောက် ဒုတိယ၊ သြဂတ်စတင်း

ကိုယ်စီ နိုင်ငံတော်နှင့် မြို့စားနယ်များမှ အရည်အချင်းစစ် ပြိုင်ပွဲများကို အောင်မြင်ဖြတ်ကျော်လာပြီး ဤနေရာသို့ ရောက်ရှိလာသော ပြိုင်ပွဲဝင်များ ဆိုသည်မှာ မည်သူကမျှ မာနမကြီးဘဲ နေမည်နည်း။

သူတို့က ဤမျှလောက် စော်ကားသည့် စိန်ခေါ်မှုကို မည်သို့ သည်းခံနိုင်မည်နည်း။

"အင်ပါယာ တိုက်ရိုက် အကယ်ဒမီက ကျောင်းသား ဆိုရုံနဲ့ ဘာများ အထူးတလည် ဖြစ်နေလို့လဲ သတ္တိရှိရင် တစ်ယောက်ချင်း ထွက်လာခဲ့လေ"

နဂါးနက် နိုင်ငံတော်မှ ပြိုင်ပွဲဝင် တစ်ယောက်က မနေနိုင်တော့ဘဲ ထွက်လာပြီး အင်ပါယာ တိုက်ရိုက် အကယ်ဒမီမှ ကျောင်းသားများကို ဒေါသတကြီး စိုက်ကြည့်ကာ အော်ဟစ်လိုက်လေသည်။

"ဟုတ်တယ် ကိုက်မယ့် ခွေးက မဟောင်ဘူး သတ္တိရှိရင် မင်းတို့ရဲ့ အစွမ်းအစတွေကို ထုတ်ပြစမ်းပါ ပါးစပ်နဲ့ပဲ အော်နေတာက ဘာများ စွမ်းလို့လဲ"

"အင်ပါယာ တိုက်ရိုက် အကယ်ဒမီ ဆိုတာက ပါးစပ်နဲ့ပဲ အော်တတ်တဲ့ ကောင်တွေကို မွေးထုတ်ပေးနေတာလား"

အခြား နိုင်ငံတော်များနှင့် မြို့စားနယ်များမှ ပြိုင်ပွဲဝင်များလည်း အသီးသီး ထွက်လာကြပြီး အင်ပါယာ တိုက်ရိုက် အကယ်ဒမီမှ ကျောင်းသားများ၏ စကားများကြောင့် လုံးဝ ဒေါသထွက်သွားကြလေသည်။

"ဟေး"

ဒေါသထွက်နေသော နိုင်ငံတော်များနှင့် မြို့စားနယ်များမှ ပြိုင်ပွဲဝင်များကို ကြည့်ကာ အင်ပါယာ တိုက်ရိုက် အကယ်ဒမီမှ ကျောင်းသားများက လှောင်ပြောင် ရယ်မောလိုက်ကြပြီး ဒေါသထွက်နေသော ခွေးရိုင်း တစ်အုပ် ဟောင်နေသည်ကို မြင်ရသကဲ့သို့ အလွန် ရယ်စရာ ကောင်းနေသည်ဟု ထင်မှတ်နေကြလေသည်။

အင်ပါယာ တိုက်ရိုက် အကယ်ဒမီမှ ကျောင်းသား တစ်ယောက်က လှောင်ပြုံး ပြုံးလိုက်ပြီး "တောနယ်က လာတဲ့သူတွေ မင်းတို့ရဲ့ အနံ့ဆိုးထွက်နေတဲ့ ပါးစပ်တွေကို ဆွဲဖြဲပစ်ပြီး ငါတို့ မြို့ကြီးသားတွေရဲ့ အစွမ်းကို ပြချင်ပေမဲ့ ဝမ်းနည်းစရာပဲကွာ" ဟု ပြောလိုက်လေသည်။

သူက သူ၏ ခြေအောက်ကို လက်ညှိုးထိုးပြကာ "ဒီနေရာက ဘယ်နေရာလဲဆိုတာ သိလား ဒီနေရာက နဂါးနတ်ဘုရား အကယ်ဒမီ အင်ပါယာရဲ့ အမြင့်မြတ်ဆုံး၊ အကောင်းဆုံးနဲ့ အကြီးကျယ်ဆုံး ကျောင်းတော်ကြီးပဲ မင်းတို့ တောနယ်က စာသင်ကျောင်းလေးတွေနဲ့ မတူဘူး မင်းတို့ ရမ်းကားချင်တိုင်း ရမ်းကားလို့ ရတဲ့ နေရာ မဟုတ်ဘူး" ဟု ဆက်ပြောလိုက်လေသည်။

"နဂါးနတ်ဘုရား အကယ်ဒမီမှာ ကိုယ်ရေးကိုယ်တာ တိုက်ခိုက်မှုတွေကို တားမြစ်ထားတယ်"

"တောနယ်က လာတဲ့သူတွေ မင်းတို့ အရိုက်ခံချင်တယ် ဆိုရင်လည်း ဒီအချိန်လေးမှာတော့ အလောတကြီး မဖြစ်ပါနဲ့ မနက်ဖြန် ဖလှယ်ရေးပြိုင်ပွဲမှာ မင်းတို့ကို ပညာပေးရမှာပါ"

"ဟွန်း မနက်ဖြန်အထိ စောင့်နေစရာ မလိုပါဘူး ဒီနေ့ပဲ မင်းတို့ကို ငါတို့ရဲ့ အစွမ်း ပြလိုက်မယ် ဘယ်သူက ငါနဲ့ တစ်ယောက်ချင်း ချမလဲ"

အင်ပါယာ တိုက်ရိုက် ပြိုင်ပွဲဝင်များ၏ မာနကြီးမှုနှင့် အထင်သေးမှုက နိုင်ငံတော်များနှင့် မြို့စားနယ်များမှ ပြိုင်ပွဲဝင်များကို လုံးဝ ဒေါသထွက်သွားစေပြီး အားလုံးက ထွက်လာကာ အရှိန်အဝါများ ထုတ်လွှတ်ပြီး တိုက်ခိုက်လိုစိတ်များ ပြင်းပြနေကြလေသည်။

"ဟက်ဟက် မင်းတို့ တောနယ်က လာတဲ့သူတွေကို ကြောက်နေရမှာလား"

အင်ပါယာ တိုက်ရိုက် အကယ်ဒမီမှ ပြိုင်ပွဲဝင်များကလည်း အနည်းငယ်မျှ နောက်ဆုတ်ခြင်း မရှိဘဲ အရှိန်အဝါများ ထုတ်လွှတ်လိုက်ရာ အခြေအနေက ချက်ချင်း တင်းမာသွားလေတော့သည်။

"ဘာလုပ်နေကြတာလဲ"

ထိုအချိန်တွင် ဆရာ တစ်စုက ဝန်ထမ်း အဆောက်အအုံထဲမှ ထွက်လာကြပြီး တစ်ချိန်တည်းမှာပင် ကြီးမားကျယ်ပြန့်သော ကြောက်မက်ဖွယ် အရှိန်အဝါကြီး တစ်ခုက ဖိနှိပ်လာလေသည်။

"ဝုန်း"

ပြိုင်ပွဲဝင်များ အားလုံး ပြင်းထန်သော တိုက်ခိုက်မှုကို ခံလိုက်ရသကဲ့သို့ မျက်နှာများ ဖြူရော်သွားကြပြီး မျက်လုံးများထဲတွင် ကြောက်ရွံ့မှုများ ထွက်ပေါ်လာလေသည်။

မြင့်မြတ်သောနယ်မြေ စွမ်းအားရှင် ဖြစ်သော မုန်လဲ့ပင်လျှင် ရင်တုန်သွားမိသည်။ အဘယ်ကြောင့်ဆိုသော် ယခုလေးတင် ထွက်လာသော ဆရာများ အားလုံးမှာ မြင့်မြတ်သောနယ်မြေ စွမ်းအားရှင်များ ဖြစ်နေသောကြောင့်ပင်။

'အားလုံးက မြင့်မြတ်သောနယ်မြေ စွမ်းအားရှင်တွေချည်းပဲ'

'ရာဂဏန်း ရှိတဲ့ မြင့်မြတ်သောနယ်မြေ စွမ်းအားရှင်တွေ'

'ဒါက ဘယ်လောက်တောင် ကြောက်စရာ ကောင်းတဲ့ အင်အားစုကြီးလဲ'

နဂါးနတ်ဘုရား အကယ်ဒမီမှ ဒုတိယ ကျောင်းအုပ်ကြီး တစ်ယောက်က အေးစက်စွာ ပြောလိုက်လေသည်။ "ဘာလုပ်ချင်နေကြတာလဲ ဒီနေရာမှာ လာပြီး ရမ်းကားနေကြတာလား"

"ဒီနေရာက ဘယ်နေရာလဲ ဆိုတာ သိလား သောက်ရူးကောင်တွေ"

"ဖလှယ်ရေးပြိုင်ပွဲက မနက်ဖြန်မှ စမှာ မင်းတို့ ဘယ်လောက်ပဲ ဒေါသထွက်နေပါစေ မနက်ဖြန်အထိ အောင့်ထားကြ"

ပြိုင်ပွဲဝင်များ အားလုံး ခေါင်းငုံ့သွားကြပြီး မည်သူကမျှ မျက်လုံးချင်း မဆုံရဲကြပေ။

"ဟွန်း နှစ်တိုင်း ဒီပုံစံချည်းပဲ နောက်ဆုံးတော့ ဖလှယ်ရေးပြိုင်ပွဲတောင် မပြီးသေးဘူး အများစုက သေသွားကြတာချည်းပဲ"

ထို ဒုတိယ ကျောင်းအုပ်ကြီးက အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး မျက်နှာထား အနည်းငယ် ပြေလျော့သွားကာ "အများကြီး ဆွေးနွေးပြီးတဲ့နောက်မှာ ဖလှယ်ရေးပြိုင်ပွဲရဲ့ အစီအစဉ်ကို သတ်မှတ်လိုက်ပြီ အရင်ကလိုပဲ အဆင့်ဆင့် ပြုတ်ကျတဲ့ စနစ်ကို သုံးမယ်" ဟု ပြောလိုက်လေသည်။

"မနက်ဖြန် မနက် ရှစ်နာရီ မတိုင်ခင် လူတိုင်း နဂါးနတ်ဘုရား ဘုရားကျောင်းမှာ စုရမယ် ရှစ်နာရီ မတိုင်ခင် မရောက်တဲ့သူ အားလုံး ပြိုင်ပွဲကနေ ကိုယ့်သဘောနဲ့ကိုယ် နုတ်ထွက်တယ်လို့ သတ်မှတ်မယ်"

"နားလည်လား"

"နားလည်ပါပြီ"

"ကောင်းတယ်"

ဒုတိယ ကျောင်းအုပ်ကြီးက ဖြည်းညင်းစွာ ခေါင်းညိတ်လိုက်ပြီး "အခု မင်းတို့ လွတ်လွတ်လပ်လပ် သွားလို့ ရပြီ ကျောင်းဝင်းထဲမှာ လျှောက်လည်လို့ ရသလို ကျောင်းပြင်ထွက်ပြီး အရသာရှိတဲ့ အစားအစာတွေ သွားစားလို့လည်း ရတယ် မနက်ဖြန် ရှစ်နာရီ မတိုင်ခင် စုရမယ်နော်" ဟု ပြောလိုက်လေသည်။

ထိုစကားကို ကြားသောအခါ နိုင်ငံတော်များနှင့် မြို့စားနယ်များမှ ပြိုင်ပွဲဝင်များ၏ မျက်လုံးများ တောက်ပသွားကြပြီး ကိုယ်စီ ဆရာများဆီသို့ ပြိုင်တူ ကြည့်လိုက်ကြရာ မုန်လဲ့နှင့် အခြားသူများလည်း ကျောင်းအုပ်ကြီး ဖရက်ဒ်နှင့် အခြား ကျောင်းအုပ်ကြီး ငါးယောက်ဆီသို့ ကြည့်လိုက်ကြလေသည်။

"ဒီနေ့ မင်းတို့ လွတ်လွတ်လပ်လပ် သွားလို့ ရတယ် ည ၉ နာရီ မတိုင်ခင် တည်းခိုခန်းကို ပြန်လာခဲ့ဖို့ မှတ်ထား ….မှတ်ထား ပြဿနာ မရှာနဲ့ ဥပဒေနဲ့ မညီတဲ့ အလုပ်တွေ မလုပ်နဲ့"

"ဟုတ်ကဲ့ပါ ကျောင်းအုပ်ကြီး"

ပြိုင်ပွဲဝင်များ အားလုံး ကြီးမားသော လွတ်ငြိမ်းချမ်းသာခွင့် ရလိုက်သကဲ့သို့ မျက်စိတစ်မှိတ်အတွင်း အကုန်လုံး ပျောက်ကွယ်သွားကြလေသည်။ နိုင်ငံတော် ၁၅ ခုနှင့် မြို့စားနယ် ၄၈ ခုမှ ပြိုင်ပွဲဝင် အားလုံး နီးပါးက နဂါးနတ်ဘုရား မျှော်စင်၏ နေရာကို စုံစမ်းနေကြပြီး အားလုံးက နဂါးနတ်ဘုရား မျှော်စင်ကို သွားပြီး စမ်းကြည့်ချင်နေကြကာ မုန်လဲ့လည်း ချွင်းချက် မဟုတ်ပေ။

"မုန်လဲ့ လူကြီးမင်း ဒီနေ့ လွတ်လွတ်လပ်လပ် သွားလို့ ရတယ်ဆိုတော့ နဂါးနတ်ဘုရား မျှော်စင်ကို သွားကြည့်မလား"

ဂျိုးအယ်လ် အယ်လ်တန်နှင့် အခြား ပြိုင်ပွဲဝင် အချို့က အနားသို့ ကပ်လာပြီး နွေးထွေးစွာ ပြုံး၍ မေးလိုက်လေသည်။

"သွားလို့ ရတာပေါ့"

မုန်လဲ့က ဖြည်းညင်းစွာ ခေါင်းညိတ်လိုက်ပြီး "မင်းတို့ နဂါးနတ်ဘုရား မျှော်စင်ကို သွားတဲ့ လမ်းကို သိလား" ဟု မေးလိုက်လေသည်။

"သိပါတယ် ကျွန်တော် အရင်တုန်းက နဂါးနတ်ဘုရား အကယ်ဒမီကို ရောက်ဖူးတယ် နဂါးနတ်ဘုရား မျှော်စင်ကိုလည်း တစ်ခါ သွားဖူးတယ်"

ဂျိုးအယ်လ်က အဆက်မပြတ် ခေါင်းညိတ်လိုက်လေသည်။

"ရှေ့ကနေ လမ်းပြ"

"ဟုတ်ကဲ့ပါ"

လူစုက စိတ်လှုပ်ရှားစွာဖြင့် နဂါးနတ်ဘုရား မျှော်စင်ဆီသို့ ထွက်လာခဲ့ကြပြီး မကြာမီမှာပင် ခန့်ညားထည်ဝါစွာ ရပ်တည်နေသော ဧရာမ မျှော်စင်ကြီး တစ်ခုကို တွေ့လိုက်ရလေသည်။

မုန်လဲ့ ထင်ထားသည်နှင့် ကွာခြားစွာ နဂါးနတ်ဘုရား မျှော်စင်တွင် နဂါးနတ်ဘုရား၊ နဂါးမျိုးနွယ်များနှင့် သက်ဆိုင်သော မည်သည့် အမှတ်အသားမျှ မရှိဘဲ ပုံစံမှာ အလွန် ထူးဆန်းနေလေသည်။

မည်းနက်နေသော မျှော်စင် ကိုယ်ထည်ပေါ်တွင် နေ၊ လ၊ ကြယ်၊ တောင်၊ မြစ်၊ သစ်ပင်၊ မြက်၊ ငှက်၊ သားရဲ၊ အင်းဆက်၊ ငါး၊ မျိုးနွယ်စု သောင်းချီ... စသည်တို့ကို ရေးဆွဲထားလေသည်။

ရှေးကျပြီး ကြီးကျယ်ခမ်းနားသော၊ လျှို့ဝှက်ဆန်းကြယ်ပြီး ခန့်ညားထည်ဝါသော ခံစားချက်များ ထွက်ပေါ်နေကာ လူများကို သေးငယ်မှုနှင့် အံ့ဩတုန်လှုပ်မှုများကို အလိုလို ခံစားရစေလေသည်။

ကောင်းကင်သို့ ထိုးဖောက် ဝင်ရောက်နေပြီး မျှော်စင်၏ အထွတ်အထိပ်ကို မမြင်ရသော ဧရာမ မျှော်စင်ကြီးကို ကြည့်ရင်း မုန်လဲ့၏ ရင်ထဲတွင် သံသယများ အလိုလို ဖြစ်ပေါ်လာလေသည်။

'ဒီ ဧရာမ မျှော်စင်ကြီးက တကယ်ပဲ နဂါးနတ်ဘုရား ဖန်တီးထားတာလား'

နဂါးမျိုးနွယ်များ၏ အလှအပ ခံစားမှုကို မုန်လဲ့ ကောင်းကောင်း သိထားလေသည်။ သို့သော် ယခု တွေ့နေရသော ဧရာမ မျှော်စင်ကြီးက နဂါးမျိုးနွယ်များနှင့် လုံးဝ မသက်ဆိုင်ဘဲ နဂါးမျိုးနွယ်များ၏ အမှတ်အသား တစ်စက်လေးမျှပင် မရှိပေ။

'နဂါးမျိုးနွယ်များ နှစ်သက်သော ရွှေရောင် မဟုတ်ပေ။'

'နဂါး အကြေးခွံ၊ နဂါး လက်သည်းများ မရှိပေ။'

'နဂါး ဦးချို၊ နဂါး ခေါင်းများလည်း မရှိပေ။'

'ဒီမျှော်စင်က တကယ်ပဲ နဂါးနတ်ဘုရား မျှော်စင်လား။'

"နဂါးနတ်ဘုရား မျှော်စင်ဆိုတဲ့ နာမည်နဲ့ တကယ်ကို လိုက်ဖက်တယ် တကယ်ကို ခန့်ညားထည်ဝါတာပဲ"

"ဟင် ငါတို့ မျက်စိနဲ့တောင် အထွတ်အထိပ်ကို မမြင်ရဘူးဆိုတော့ ဘယ်လောက်တောင် မြင့်နေမလဲ"

"အနည်းဆုံး ကီလိုမီတာ တစ်ရာလောက်တော့ ရှိမှာပဲ"

နဂါးနတ်ဘုရား မျှော်စင်ကို ပထမဆုံး မြင်ဖူးသော ပြိုင်ပွဲဝင်များ အားလုံး အံ့ဩတုန်လှုပ်သွားကြပြီး ချီးကျူး အံ့ဩသံများ အဆက်မပြတ် ထွက်ပေါ်လာလေသည်။

"မုန်လဲ့ လူကြီးမင်း ကြည့်ပါ အဲဒါက နဂါးနတ်ဘုရား ပါရမီရှင် စာရင်းပဲ"

ဂျိုးအယ်လ်က မျှော်စင် အောက်ခြေရှိ မှော်အလင်းတန်း မျက်နှာပြင် တစ်ခုကို ညွှန်ပြကာ ပြောလိုက်လေသည်။

"ဟင်"

မုန်လဲ့ လှမ်းကြည့်လိုက်ရာ မီတာ ရာချီ မြင့်မားသော ဧရာမ မှော်အလင်းတန်း မျက်နှာပြင်ကြီး တစ်ခုကို တကယ် တွေ့လိုက်ရပြီး ၎င်း၏ အပေါ်တွင် နာမည်ပေါင်းများစွာကို ပြည့်နှက်စွာ မှတ်တမ်းတင်ထားလေသည်။

အထက်ဆုံးတွင်တော့ အလွန် ထင်ရှားသော နာမည် တစ်ခု ရှိနေလေသည်။

အဆင့် ၁ - တီမွန်ဘာတန်၊ လူသား၊ အသက် ၂၅ နှစ်၊ အထပ် ၇၈

"လူသား တစ်ယောက် ဖြစ်နေတာလား"

မုန်လဲ့ အံ့ဩသွားပြီး အောက်သို့ ဆက်ကြည့်လိုက်လေသည်။

အဆင့် ၂ - သြဂတ်စတင်း ခရော့ခ်၊ လူသား၊ အသက် ၃၀ နှစ်၊ အထပ် ၇၆

"သြဂတ်စတင်း ခရော့ခ်"

မုန်လဲ့ ကြောင်အမ်းသွားလေသည်။

'ခရော့ခ် ဒီမျိုးရိုးနာမည်က တော်တော်လေး ရင်းနှီးနေသလိုပဲ'

"ဒါက ငါတို့ ခရော့ခ် မိသားစုရဲ့ မျိုးရိုးနာမည်လေ"

အဖိုးအို၏ အသံက နားထဲတွင် ထွက်ပေါ်လာပြီး မုန်လဲ့က လှည့်ကြည့်လိုက်ရာ အဖိုးအို ရုတ်တရက် ပေါ်လာပြီး ဂုဏ်ယူစွာ ပြောလိုက်သည်ကို တွေ့လိုက်ရလေသည်။

"ဆိုလိုတာက ဒီ အဆင့်နှစ် နေရာမှာ ရှိနေတဲ့ လူစွမ်းကောင်းက ခင်ဗျားတို့ ခရော့ခ် မိသားစုကလား"

မုန်လဲ့ အလွန် အံ့အားသင့်သွားလေသည်။

"သြဂတ်စတင်း ဆိုတာ ငါ့အဖေပဲ"

အဖိုးအိုက တိုးတိုးလေး ပြောလိုက်လေသည်။

"အ... အဖေ"

မုန်လဲ့ ပါးစပ် အဟောင်းသား ဖြစ်သွားလေသည်။

"ကျောင်းအုပ်ကြီး အဆင့်နှစ် နေရာက သြဂတ်စတင်း ခရော့ခ် ဆိုတာက ခင်ဗျားရဲ့ အဖေလား"

"ဟုတ်တယ် ငါ့အဖေပဲ"

အဖိုးအို၏ မျက်နှာပေါ်တွင် ဂုဏ်ယူဝင့်ကြွားမှုများ ပြည့်နှက်နေလေသည်။ "ငါ့အဖေက လေ့ကျင့်ရေး ပါရမီရှင် တစ်ယောက်လို့ ငါ အရင်တုန်းက မင်းကို ပြောဖူးတယ် မဟုတ်လား"

"သူက အသက် ၁၀ နှစ်မှာ စတင် လေ့ကျင့်ခဲ့ပြီး ၁၆ နှစ်မှာ အဆင့်ကိုး စစ်သည်တော် ဖြစ်လာကာ ၂၆ နှစ်မှာ မြင့်မြတ်သောနယ်မြေကို အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့တယ်"

"ဒီ တီမွန်ဘာတန် ဆိုတဲ့ ကောင်လေး မပေါ်လာခင်က ငါ့အဖေက နဂါးနတ်ဘုရား အင်ပါယာရဲ့ သမိုင်းတစ်လျှောက် အတော်ဆုံး ပါရမီရှင်ပဲ"

"ကျောင်းအုပ်ကြီးရဲ့ အဖေက တကယ်ကို မိုက်တာပဲ"

All Chapters