← Chapters

အခန်း ၁၄၇

Vol. 15 Ch. 147

အခန်း ၁၄၇

Vol. 15 Ch. 147

အခန်း ၁၄၇။ အထပ် ၂၁ ၊ ကျောက်နီ မီးမိစ္ဆာ

"မင်းကို ထိုးခွင့် ပေးထားရင်တောင် မင်း ငါ့ကို နည်းနည်းလေးတောင် ဒဏ်ရာရအောင် လုပ်နိုင်မှာ မဟုတ်ဘူး"

မုန်လဲ့က လှောင်ပြုံး ပြုံးလိုက်ပြီး သူ၏ ကိုယ်ပေါ်တွင်လည်း အစိမ်းရောင် နွယ်ပင်များ ထွက်ပေါ်လာကာ အစိမ်းရောင် စပါးအုံးမြွေများ အဖြစ် ပြောင်းလဲသွားပြီး အပင်ထူးဆန်းကို ပြန်လည် ရစ်ပတ်လိုက်လေသည်။

ထို့နောက် အပင်ထူးဆန်း၏ အခေါက်ထဲသို့ ထိုးစိုက်ကာ အရူးအမူး စုပ်ယူလိုက်လေတော့သည်။ ၎င်းမှာ သစ်ဓာတ် မှော်ပညာ - အသက်စွမ်းအင် စုပ်ယူခြင်း ပင် ဖြစ်လေသည်။

မုန်လဲ့က သူ့နည်းသူ့ဟန်ဖြင့် သူ့ကို ပြန်လည် တုံ့ပြန်လိုက်ခြင်း ဖြစ်လေသည်။ ၎င်းက သူ့ကို စုပ်ယူချင်သည် မဟုတ်ပါလား။ သူက အရင် စုပ်ယူပစ်လိုက်မည် ဖြစ်လေသည်။

"ဂလုံ"

"ဂလုံ"

အသက်စွမ်းအင်များ အဆက်မပြတ် ဆုံးရှုံးနေသည်ကို ခံစားလိုက်ရပြီး အပင်ထူးဆန်းက အရူးအမူး ရုန်းကန်လာလေသည်။ သစ်ပင် ကိုယ်ထည်က လှုပ်ခါနေပြီး နွယ်ပင်များက ရိုက်ပုတ်ကာ အစိမ်းရောင် စပါးအုံးမြွေများကို အရူးအမူး တိုက်ခိုက်ပြီး သူ၏ ကိုယ်ပေါ်မှ ခွာချရန် ကြိုးစားနေလေသည်။

သို့သော် သူ၏ ကိုယ်ပေါ်တွင် အမြစ်တွယ်နေသော အစိမ်းရောင် စပါးအုံးမြွေများမှာ အရိုးထဲစွဲနေသော ပိုးကောင်များအလား သူ မည်မျှပင် ရုန်းကန်စေကာမူ အနည်းငယ်မျှပင် လှုပ်ခါနိုင်ခြင်း မရှိဘဲ သူ၏ အသက်စွမ်းအင်များကို အရူးအမူး စုပ်ယူနေသည်ကို မျက်စိ သူငယ်ဖြင့်သာ ကြည့်နေရလေတော့သည်။

"ဝူး ဝူး ဝူး"

နောက်ဆုံးတွင် အပင်ထူးဆန်း၏ စူးရှသော အော်ဟစ်သံများကြားတွင် ၎င်း၏ အသက်စွမ်းအင်များ အားလုံး စုပ်ယူခံလိုက်ရပြီး မကျေနပ်မှု၊ နောင်တရမှုများဖြင့် သေဆုံးသွားလေတော့သည်။

"ဒင်... လူစား သစ်ပင် တစ္ဆေ ၁ ပင် သတ်ဖြတ်သည့်အတွက် ရွှေဒင်္ဂါး ၁၇၃၀၀၀၀၀ ရရှိပါသည်"

"ကျွတ် ရွှေဒင်္ဂါး ၁၇ သန်း ရပြီပဲ"

မုန်လဲ့က ကျေနပ်စွာ ခေါင်းညိတ်လိုက်ပြီးနောက် အပင်ထူးဆန်း၏ ခန္ဓာကိုယ်ထဲမှ ဒူးရင်းသီး အရွယ်အစားခန့်ရှိပြီး မြစိမ်းရောင် တောက်ပနေသော တစ်ဝက် ပွင့်လင်းမြင်သာသည့် အစိမ်းရောင် ကျောက်သလင်း တစ်ခုကို တူးဖော်လိုက်လေသည်။

'ဒါက လူစား သစ်ပင် တစ္ဆေရဲ့ မှော်အမြုတေလား အသက်စွမ်းအင်တွေ အရမ်း ပြည့်နှက်နေတာပဲ'

"ဒါက ပစ္စည်းကောင်း တစ်ခုပဲ"

အဖိုးအို၏ အသံက ခေါင်းထဲတွင် ထွက်ပေါ်လာလေသည်။ "သစ်ဓာတ် မှော်သားရဲတွေရဲ့ မှော်အမြုတေကို အသက်စွမ်းအင် အမြုတေ လို့လည်း ခေါ်တယ် အဲဒီအထဲမှာ ကြီးမားတဲ့ အသက်စွမ်းအင်တွေ ပါဝင်နေပြီး သေလုမျောပါး ဖြစ်နေတဲ့ သူကိုတောင် ကယ်တင်နိုင်စွမ်း ရှိတယ် ဒဏ်ရာ ကုသတဲ့ နေရာမှာ အကောင်းဆုံး ဆေးတစ်ခွက်ပဲ"

"ဒါကြောင့် အသက်စွမ်းအင် အမြုတေ တစ်ခုရဲ့ တန်ဖိုးက အဆင့်တူ မှော်အမြုတေတွေထက် အဆများစွာ ဒါမှမဟုတ် ဆယ်ဆကျော်လောက် ပိုတန်တယ်"

"လူစား သစ်ပင် တစ္ဆေ ဆိုတာ အဆင့်ကိုး မှော်သားရဲပဲ သူ့ရဲ့ အသက်စွမ်းအင် အမြုတေက ပိုပြီး ရှားပါးတယ် တကယ်လို့ လေလံတင် ရောင်းချမယ် ဆိုရင် အနည်းဆုံး ရွှေဒင်္ဂါး သန်း ၁၀၀ လောက် ရနိုင်တယ်"

'သန်း ၁၀၀ ဟုတ်လား ဒါဆို မဆိုးဘူးပဲ'

မုန်လဲ့ မျက်လုံးများ တောက်ပသွားပြီး အသက်စွမ်းအင် အမြုတေကို သိမ်းဆည်းလိုက်ကာ ရှေ့သို့ ဆက်လက် ပျံသန်းသွားလေသည်။

သူ ထွက်ခွာသွားပြီး မကြာမီမှာပင် ပတ်ဝန်းကျင်ရှိ ငြိမ်သက်နေသော သစ်ပင်များက နွယ်ပင်များကို အသီးသီး ဆန့်ထုတ်လာကြပြီး လူစား သစ်ပင် တစ္ဆေ၏ ခန္ဓာကိုယ်ထဲသို့ ထိုးစိုက်ကာ ကျန်ရှိနေသော အသက်စွမ်းအင်များကို စုပ်ယူကြလေတော့သည်။

...

"ဒင်... မြစိမ်းရောင် သစ်သား လိပ်ပြာ ၁ ကောင် သတ်ဖြတ်သည့်အတွက် ရွှေဒင်္ဂါး ၁၂၉၀၀၀၀၀ ရရှိပါသည်"

"ဒင်... သစ်ခြောက် ပုစဉ်းရင်ကွဲ ၁ ကောင် သတ်ဖြတ်သည့်အတွက် ရွှေဒင်္ဂါး ၁၄၆၀၀၀၀၀ ရရှိပါသည်"

"ဒင်... ပေါင်းစပ်ခြင်း အောင်မြင်ပါသည် ခန္ဓာကိုယ်ကြံ့ခိုင်မှု +၃၈၇၀"

"ဒင်... ပေါင်းစပ်ခြင်း အောင်မြင်ပါသည် မှော်စွမ်းအင် +၂၆၅၉"

လမ်းတစ်လျှောက်လုံး အထက်သို့ တက်လာပြီး လမ်းတစ်လျှောက်လုံး အပြတ်အသတ် နှိမ်နင်းလာခဲ့လေသည်။

အထပ် ၁၃ သို့ သွားမည့် မှော်အစီအရင် အနီးသို့ မုန်လဲ့ ရောက်ရှိလာသောအခါ သူ အလွယ်တကူ သတ်ဖြတ်ခဲ့သော အဆင့်ကိုး မှော်သားရဲ အရေအတွက်မှာ ၄၈ ကောင် အထိ ရှိနေပြီ ဖြစ်လေသည်။

အဆင့်ကိုး မှော်သားရဲ ၄၈ ကောင်။

ဒါက ဘယ်လောက်တောင် မြန်ဆန်တဲ့ နှုန်းလဲ။

သူ အထပ် ၁၂ ကို ဝင်ရောက်လာချိန်မှ ယခုအချိန်အထိ နာရီဝက်ခန့်သာ ကြာမြင့်သေးကြောင်း သိထားရမည် ဖြစ်လေသည်။

ဒီလို အမြန်နှုန်း၊ ဒီလို လှုပ်ရှားမှု နှုန်းက နှစ်ပေါင်း တစ်သောင်းလောက် လူပျိုကြီး ဖြစ်နေတဲ့ သူတွေတောင် ယှဉ်နိုင်မှာ မဟုတ်ဘူး။

"ဝှစ်"

မှော်အစီအရင်ထဲသို့ ဝင်ရောက်သွားလေသည်။

ကမ္ဘာကြီး လည်ပတ်သွားသကဲ့သို့ ခံစားလိုက်ရသည်။

ပတ်ဝန်းကျင် အခြေအနေက ထပ်မံ ပြောင်းလဲသွားပြန်လေသည်။

မုန်လဲ့က အဆုံးမရှိ ကျယ်ဝန်းလှသော စိမ်းလန်းသည့် မြက်ခင်းပြင်ကြီး တစ်ခုသို့ ရောက်ရှိသွားလေသည်။ ဒူးဆစ်ခန့် အမြင့်ရှိသော မြက်ပင်များက အလွန် ရှင်သန် ကြီးထွားနေပြီး လေပြင်း တိုက်ခတ်လာသောအခါ မြက်ပင်များက အသီးသီး ခေါင်းငုံ့သွားကြလေသည်။

"ဝှီး ဝှီး ဝှီး"

မလှမ်းမကမ်းရှိ မြေပြင်ပေါ်တွင် မီတာ ဆယ်ဂဏန်းခန့် မြင့်မားသော လေဆင်နှာမောင်း တစ်ခုက ရမ်းကားနေပြီး ကြမ်းတမ်းသော ဟိန်းဟောက်သံများကို ထုတ်လွှတ်နေလေသည်။

အသံက မိုင်တစ်ရာလောက်အထိ တုန်ခါသွားစေပြီး ကောင်းကင်နှင့် မြေကြီးကို မှောင်မိုက်သွားစေလေသည်။

'သစ်ဓာတ် စွမ်းအင်'

'လေဓာတ် စွမ်းအင်'

'နှစ်ခုလုံးက အရမ်းကို ပြည့်နှက်နေတာပဲ'

'ဒါက နဂါးနတ်ဘုရား မျှော်စင်ရဲ့ အထပ် ၁၃ လား'

'လေဓာတ် မှော်ပညာ လေ့ကျင့်ဖို့အတွက် အတော်လေး သင့်တော်တာပဲ'

မုန်လဲ့က ပုံမှန်အတိုင်း အာရုံခံလိုက်ပြီးနောက် ရှေ့သို့ ဆက်လက် တက်လှမ်းသွားလေတော့သည်။

"ဒင်... လေဆင်နှာမောင်း ပျံသန်း ဆင် ၁ ကောင် သတ်ဖြတ်သည့်အတွက် ရွှေဒင်္ဂါး ၁၇၀၀၀၀၀၀ ရရှိပါသည်"

"ဒင်... လေဆင်နှာမောင်း ပျံသန်း ဆင် ၁ ကောင် သတ်ဖြတ်သည့်အတွက် ရွှေဒင်္ဂါး ၁၈၀၀၀၀၀၀ ရရှိပါသည်"

"ဒင်... တိမ်နင်း နွားစိမ်း ၁ ကောင် သတ်ဖြတ်သည့်အတွက် ရွှေဒင်္ဂါး ၁၆၀၀၀၀၀၀ ရရှိပါသည်"

နာရီဝက် အကြာတွင် မုန်လဲ့က အထပ် ၁၄ သို့ ရောက်ရှိသွားလေသည်။

"ဒင်... ရွှေရောင် ကျောပြင် မိုးကြိုး နှံကောင် ၁ ကောင် သတ်ဖြတ်သည့်အတွက် ရွှေဒင်္ဂါး ၁၉၀၀၀၀၀၀ ရရှိပါသည်"

All Chapters