← Chapters

အခန်း ၁၅၈

Vol. 16 Ch. 158

အခန်း ၁၅၈

Vol. 16 Ch. 158

အခန်း ၁၅၈။ ဝိညာဉ်နဂါး လက်စွပ်၊ ခရော့ခ် ဘုရင်

ဒီလို တောင်းဆိုရဲတာ သေချာပေါက် မုန်လဲ့ပဲ ဖြစ်လေသည်။ မီးနဂါး နိုင်ငံတော်က ပြိုင်ပွဲဝင် ၅၂ ယောက်ထဲမှာ ဒီလို တောင်းဆိုရဲတဲ့ သူက သူ တစ်ယောက်တည်းပဲ ရှိလေသည်။

'ဟင်းလင်းပြင် မှော်ကိရိယာ ငှားချင်တယ် ဟုတ်လား'

'မှော်သားရဲ အလောင်းတွေ ထည့်ချင်လို့ ဟုတ်လား'

ပြိုင်ပွဲဝင်များ အားလုံးက မုန်လဲ့ကို ပြိုင်တူ ကြည့်လိုက်ကြပြီး နှုတ်ခမ်းများ ပြင်းထန်စွာ တွန့်ကွေးသွားကာ ဒီကြွားလုံးထုတ်နေတဲ့ ကောင်ကို လက်သီးနဲ့ တစ်ချက်တည်း ထိုးသတ်ပစ်ချင်စိတ်တွေ ပေါက်သွားကြလေသည်။

'ချီးပဲ'

'ငါတို့တွေ ပျောက်ဆုံးနေတဲ့ တိုက်ကြီးကို သွားရမှာကို သတိမထားမိရင် မှော်သားရဲ ရိုက်သတ်တာ ခံရမှာစိုးလို့ အားလုံးက ကြောက်လန့်နေကြတာ'

'မင်းကတော့ မှော်သားရဲ အလောင်းတွေ ထည့်ဖို့ ဟင်းလင်းပြင် မှော်ကိရိယာ ငှားဖို့ကိုတောင် တွေးနေပြီ မင်းက နတ်ဆိုးလား'

"မုန်လဲ့ မှော်သားရဲ အလောင်းတွေက အမှတ် မရဘူးလေ"

ကျောင်းအုပ်ကြီး ဖရက်ဒ်က ခေါင်းခါကာ ပြုံး၍ ပြောလိုက်လေသည်။ "မင်း မှော်သားရဲ အလောင်းတွေ ဘယ်လောက်ပဲ အများကြီး စုဆောင်းထားပါစေ ဘာမှ အသုံးမဝင်ဘူး"

"မှော်သားရဲ အလောင်းတွေက အမှတ် မရဘူး ဆိုတာ ကျွန်တော် သိပါတယ် ဒါပေမဲ့ ပိုက်ဆံ ရနိုင်တယ်လေ ခင်ဗျားတို့ စဉ်းစားကြည့်ပါဦး"

မုန်လဲ့က ပြုံး၍ "မြင့်မြတ်သောနယ်မြေ မှော်သားရဲ အလောင်း တစ်လောင်းကို ရွှေဒင်္ဂါး ဘီလီယံ တစ်ရာလောက် ရနိုင်တယ် အကောင် ၁၀ ဆိုရင် ဘီလီယံ တစ်ထောင်၊ အကောင် ၁၀၀ ဆိုရင် ဘီလီယံ တစ်သောင်း အဲဒါတွေကို လွှင့်ပစ်ခဲ့ရင် မိုးကြိုးပစ်ခံရလိမ့်မယ်" ဟု ပြောလိုက်လေသည်။

"အကောင် ၁၀၀"

"ဘီလီယံ တစ်သောင်း"

ကျောင်းအုပ်ကြီး ခြောက်ယောက်၏ နှုတ်ခမ်းများ တွန့်ကွေးသွားလေသည်။ 'မင်း တကယ်ကို တွေးရဲတာပဲ မြင့်မြတ်သောနယ်မြေ မှော်သားရဲ အကောင် ၁၀၀ ဟုတ်လား မင်း ဘာလို့ ကောင်းကင်ပေါ် မတက်သွားတာလဲ'

ထိုသို့ တွေးမိသော်လည်း ကျောင်းအုပ်ကြီး ဖရက်ဒ်က ခဏမျှ တုံ့ဆိုင်းနေပြီးနောက် ဟင်းလင်းပြင် လက်စွပ် တစ်ကွင်းကို ထုတ်ကာ မုန်လဲ့ကို ပေးလိုက်လေသည်။

"ကျေးဇူးတင်ပါတယ် ကျောင်းအုပ်ကြီး"

မုန်လဲ့က အဆက်မပြတ် ခေါင်းညိတ်ကာ ကျေးဇူးတင်စကား ပြောလိုက်လေသည်။ "ကျောင်းအုပ်ကြီး ဖရက်ဒ် စိတ်ချပါ ကျွန်တော့်မှာ အသက် တစ်ချောင်း ရှိနေသရွေ့ ကျောင်းအုပ်ကြီးရဲ့ ဟင်းလင်းပြင် လက်စွပ်ကို ပျောက်အောင် မလုပ်ပါဘူး"

"အေးပါ"

"ဒါက ငါ့ရဲ့ ဟင်းလင်းပြင် လက်စွပ် ယူသုံးလိုက်"

"ငါ့ဟာလည်း ယူသွား"

...

တစ်နာရီ အချိန်က အလွန် လျင်မြန်စွာ ကုန်လွန်သွားလေသည်။ ပြိုင်ပွဲဝင်များ အားလုံး ပြန်လည် စုဝေးလာကြပြီးနောက် ဝေငှထားသော ဟင်းလင်းပြင် လက်စွပ်များနှင့် အထူး ဆက်သွယ်ရေး မှော်ကိရိယာများကို ကိုင်ဆောင်ကာ တယ်လီပို့ မှော်အစီအရင်ထဲသို့ ဝင်ရောက်သွားကြလေသည်။

"ဝုန်း"

မှော်အစီအရင် လင်းလက်သွားပြီး လူတစ်စု ပျောက်ကွယ်သွားလေသည်။

နောက်တစ်ကြိမ် လင်းလက်သွားပြန်ပြီး ဒုတိယ လူတစ်စု ပျောက်ကွယ်သွားပြန်လေသည်။

ဆယ်မိနစ် အကြာတွင် ပြိုင်ပွဲဝင်များ အားလုံး ပျောက်ကွယ်သွားကြလေတော့သည်။

ပြိုင်ပွဲဝင်များ ပျောက်ကွယ်သွားသော နောက်ကျောကို ကြည့်ရင်း ဆရာများ အားလုံး သက်ပြင်းချလိုက်ကြလေသည်။ "အများကြီး ပြန်လာနိုင်ဖို့ မျှော်လင့်ပါတယ် နဂါးနတ်ဘုရားက မင်းတို့ကို စောင့်ရှောက်ပါစေ"

"နဂါးနတ်ဘုရား စောင့်ရှောက်ပါစေ"

လူအားလုံး ပျောက်ကွယ်သွားပြီး မှော်အစီအရင် လုံးဝ ငြိမ်သက်သွားသောအခါ စစ်နဂါး ကျောင်းအုပ်ကြီးက ကျောင်းအုပ်ကြီး ဖရက်ဒ်ကို ကြည့်ကာ တိုးတိုးလေး ပြောလိုက်လေသည်။ "ဖရက်ဒ် ငါ အမြင်မမှားဘူး ဆိုရင် ခုနက မင်း မုန်လဲ့ကို ငှားလိုက်တဲ့ ဟင်းလင်းပြင် လက်စွပ်က ဝိညာဉ်နဂါး လက်စွပ် မဟုတ်လား"

ကျောင်းအုပ်ကြီး ဖရက်ဒ်က သူ့ကို တစ်ချက် ကြည့်လိုက်ပြီး "ဘာဖြစ်လို့လဲ မရဘူးလား" ဟု မေးလိုက်လေသည်။

"ဖရက်ဒ် ဝိညာဉ်နဂါး လက်စွပ် ဆိုတာ မင်း ရှေးဟောင်း သရဖူ မှော်ဆရာကြီး မျှော်စင် ကနေ ရခဲ့တဲ့ နတ်ဘုရား တစ်ဝက် မှော်ကိရိယာ တစ်ခုလေ အဲဒီအထဲမှာ ကမ္ဘာနယ်မြေလေး တစ်ခုရဲ့ အပိုင်းအစကို ထည့်သွင်းထားပြီး နေရာလွတ်က အရမ်း ကျယ်ဝန်းတယ် အဲဒါက မင်းရဲ့ အသည်းနှလုံးလေး မဟုတ်ဘူးလား"

စစ်နဂါး ကျောင်းအုပ်ကြီးက တိုးတိုးလေး အော်ဟစ်လိုက်လေသည်။ "သာမန်အချိန်ဆိုရင် တခြားလူတွေကို ထိဖို့တောင် မပေးတဲ့ ဟာကို မင်းက သူ့ကို ငှားလိုက်တယ် မင်း တကယ်ကို စိတ်ချတာပဲ အဲဒီကောင်လေး ဖျောက်ဖျက်ပစ်မှာကို မကြောက်ဘူးလား"

"ငါ မုန်လဲ့ကို ယုံတယ်"

...

တယ်လီပို့ မှော်အစီအရင်ထဲသို့ ဝင်ရောက်သွားပြီးနောက် ကမ္ဘာကြီး လည်ပတ်သွားသကဲ့သို့ ခံစားလိုက်ရပြီး အလင်းရောင်ကို တစ်ဖန် ပြန်လည် မြင်တွေ့ရသောအခါ မုန်လဲ့နှင့် အခြားသူများက ကျွန်းလေး တစ်ကျွန်းပေါ်သို့ ရောက်ရှိနေကြလေပြီ။

ဒီကျွန်းလေးက တကယ်ကို သေးငယ်လှပေသည်။ ကျောက်ဆောင်လေး တစ်ခုနှင့် တူပြီး အလျားနှင့် အနံက မီတာ တစ်ထောင်တောင် မပြည့်ဘဲ အဆုံးမရှိသော ပင်လယ်ပြင်ကြီးပေါ်တွင် အထီးကျန်စွာ ပေါလောပေါ်နေလေသည်။

ပြင်းထန်သော လေပြင်းများက ပင်လယ်ပြင်ကို တိုက်ခတ်နေပြီး လှိုင်းလုံးကြီးများကို ဖြစ်ပေါ်စေကာ လူနှင့် ကျွန်းကိုပါ တစ်ပါတည်း လွှင့်ပစ်တော့မည့် အတိုင်း တိုက်ခတ်နေလေသည်။

ကောင်းကင်ကြီးက မှိုင်းညို့နေပြီး ပတ်ဝန်းကျင်တွင်လည်း မြူခိုးများ ထူထပ်စွာ ဖုံးလွှမ်းနေကာ အမြင်အာရုံ အလွန် နည်းပါးပြီး အဝေးဆုံးဆိုလျှင် မီတာ တစ်ရာကျော်ခန့် အထိသာ မြင်ရလေသည်။

"ပျောက်ဆုံးနေတဲ့ တိုက်ကြီးက ဘယ်မှာလဲ"

ပြိုင်ပွဲဝင်များက ပတ်ဝန်းကျင်ကို လှည့်ကြည့်လိုက်ကြလေသည်။

"ဟိုမှာ ကြည့်လိုက်"

တစ်ယောက်ယောက်က အော်ဟစ်လိုက်ရာ ပြိုင်ပွဲဝင်များ အားလုံး လှမ်းကြည့်လိုက်ကြလေသည်။ မြူခိုးများ အကြားတွင် မြင့်မားသော အရိပ်မည်းကြီး တစ်ခုကို မှုန်ဝါးဝါး တွေ့လိုက်ရပြီး လှိုင်းလုံးများက ထိုအရိပ်မည်းကြီးကို ရိုက်ခတ်ကာ ဝုန်း ဝုန်း ဆိုသည့် အသံများကို ဖြစ်ပေါ်စေနေလေသည်။

"ဟိုဘက်မှာ ကုန်းမြေ ရှိတယ်"

ရေပြာ နိုင်ငံတော်မှ ပြိုင်ပွဲဝင် တစ်ယောက်က တိုးတိုးလေး အော်ဟစ်လိုက်ပြီး အရိပ်မည်း ရှိရာဘက်သို့ ပျံသန်းသွားလေသည်။ သူ၏ ခြေဖျားက ပင်လယ်ရေပြင်ကို ညင်သာစွာ ထောက်ကာ ရေပြင်ပေါ်တွင် လျှောက်သွားပြီး အကြိမ်အနည်းငယ် ခုန်လိုက်ရုံဖြင့် မြူခိုးများ အကြားသို့ ပျောက်ကွယ်သွားလေသည်။

"ငါတို့လည်း သွားကြမယ်"

ကျန်ရှိနေသော ပြိုင်ပွဲဝင်များကလည်း ထိုအခြေအနေကို မြင်သောအခါ ကိုယ်စီ နည်းလမ်းများကို အသုံးပြုကာ လေကို ခွင်း၍သော်လည်းကောင်း၊ ရေပြင်ပေါ်တွင် လျှောက်၍သော်လည်းကောင်း၊ မှော်ကော်ဇောပျံကို စီး၍သော်လည်းကောင်း အရိပ်မည်းဆီသို့ အသီးသီး ပျံသန်းသွားကြလေသည်။

"မုန်လဲ့ လူကြီးမင်း ငါတို့လည်း သွားကြမယ်"

မီးနဂါး နိုင်ငံတော်မှ ပြိုင်ပွဲဝင် အချို့က မေးလိုက်လေသည်။

"သွားကြတာပေါ့"

မုန်လဲ့က ဖြည်းညင်းစွာ ခေါင်းညိတ်လိုက်လေသည်။

မီတာ ရာချီ အကွာအဝေးကို မျက်စိတစ်မှိတ် အတွင်း ဖြတ်ကျော်သွားပြီးနောက် မြူခိုးများ အကြားမှ အရိပ်မည်းကြီးမှာ မီတာ သုံးရာခန့် မြင့်မားသော အမည်းရောင် ချောက်ကမ်းပါးကြီး တစ်ခု ဖြစ်နေကြောင်း တွေ့လိုက်ရလေသည်။

ကြမ်းတမ်းသော လှိုင်းလုံးများက ချောက်ကမ်းပါးကို ရိုက်ခတ်ကာ အပိုင်းပိုင်း အစစ ကွဲထွက်သွားပြီး ငွေရောင် ပုလဲများအလား လေထဲတွင် လွင့်စင်သွားကြလေသည်။

အမည်းရောင် ချောက်ကမ်းပါးကြီးက အလွန် မတ်စောက်ပြီး ပတ်ဝန်းကျင်တွင် ကျောက်ဆောင်များ၊ ကျောက်တုံးများဖြင့် ပြည့်နှက်နေကာ လူသူအရောက်အပေါက် မရှိသော နေရာတစ်ခု ဖြစ်ကြောင်း သိသာလှပေသည်။

"ကျွန်းလား"

"မဟုတ်ဘူး တိုက်ကြီး ဖြစ်ရမယ်"

မုန်လဲ့၏ မျက်နှာပေါ်တွင် အပြုံးများ ထွက်ပေါ်လာပြီး မီတာ သုံးရာခန့် မြင့်မားသော ချောက်ကမ်းပါးကြီးကို ကျော်ဖြတ်သွားသောအခါ လုံးဝ ကွဲပြားခြားနားသော ကမ္ဘာတစ်ခုကို တွေ့မြင်လိုက်ရလေသည်။

ကျယ်ဝန်းလှသော သစ်တောကြီးများ၊ ပျံသန်းနေသော ငှက်များ။

ဆက်တိုက် တည်ရှိနေသော တောင်တန်းများ၊ မှော်သားရဲများ၏ ဟိန်းဟောက်သံများ။

ရှေးကျပြီး မူလအတိုင်း ရှိနေသော်လည်း အသက်ဝင် လှုပ်ရှားနေလေသည်။

"ဒီနေရာက ပျောက်ဆုံးနေတဲ့ တိုက်ကြီးလား"

အဖိုးအိုက ထွက်လာပြီး ကျယ်ဝန်းလှသော သစ်တောကြီးကို အဝေးမှ လှမ်းကြည့်ကာ "အဆုံးမဲ့ ပင်လယ်နက်ကြီးထဲမှာ ဒီလို ကုန်းမြေ တစ်ခု ပုန်းကွယ်နေလိမ့်မယ်လို့ မထင်ထားဘူး ဖန်ဆင်းရှင်ရဲ့ အံ့ဖွယ်တွေက တကယ်ကို ယုံကြည်နိုင်စရာ မရှိဘူးပဲ" ဟု ပြောလိုက်လေသည်။

"ကျောင်းအုပ်ကြီး အရင်က ပြောဖူးတယ် မဟုတ်လား ကောင်းကင်ယံ တိုက်ကြီးက နတ်ဘုရားတွေရဲ့ တိုက်ခိုက်မှုကြောင့် အပိုင်းပိုင်း အစစ ကွဲသွားပြီး အပိုင်းအစ အများအပြားက အဆုံးမဲ့ ပင်လယ်နက်ထဲမှာ လွင့်မျောနေတယ် လို့လေ"

မုန်လဲ့က ပျောက်ဆုံးနေတဲ့ တိုက်ကြီးကို လက်ညှိုးထိုးပြကာ ပြုံး၍ "ဒီပျောက်ဆုံးနေတဲ့ တိုက်ကြီးက အဲဒီ အပိုင်းအစတွေထဲက တစ်ခု ပြောင်းလဲသွားတာလည်း ဖြစ်နိုင်တာပဲ" ဟု ပြောလိုက်လေသည်။

ကောင်းကင်ယံ တိုက်ကြီး၏ ပတ်လည်တွင် အဆုံးမရှိ ကျယ်ဝန်းသော သမုဒ္ဒရာကြီးက ဝန်းရံထားပြီး ၎င်းကို အဆုံးမဲ့ ပင်လယ်နက် ဟု ခေါ်လေသည်။

အဆုံးမဲ့ ပင်လယ်နက်ထဲတွင် ကြောက်မက်ဖွယ်ကောင်းသော ပင်လယ် မှော်သားရဲ မြောက်မြားစွာ နေထိုင်ကြပြီး အန္တရာယ်များ ပြည့်နှက်နေကာ ကုန်းနေ သတ္တဝါများ ပင်လယ်ထဲတွင် နေထိုင်ရန် အလွန် ခက်ခဲလှပေသည်။

ထို့ကြောင့် အဆုံးမဲ့ ပင်လယ်နက်ထဲတွင် အခြား တိုက်ကြီးများ ရှိမရှိ ဆိုသည်ကို မည်သူမျှ မသိကြပေ။ အဘယ်ကြောင့်ဆိုသော် မည်သူမျှ သွားရောက် စူးစမ်းလေ့လာခဲ့ခြင်း မရှိသောကြောင့်ပင်။

"ဒဏ္ဍာရီ ဆိုတာ ဒဏ္ဍာရီပါပဲ အမှန်တကယ် ဘယ်လို ဖြစ်ခဲ့တယ် ဆိုတာကို ဘယ်သူက ပြောနိုင်မှာလဲ"

အဖိုးအိုက သက်ပြင်းချလိုက်ပြီး "ဒါပေမဲ့ ဒီပျောက်ဆုံးနေတဲ့ တိုက်ကြီးကို ရှာတွေ့သွားပြီ ဆိုမှတော့ ငါတို့ နဂါးနတ်ဘုရား အင်ပါယာက သေချာပေါက် ပိုင်ဆိုင်ရမှာပဲ" ဟု ပြောလိုက်လေသည်။

"ကောင်လေး ကြိုးစားစမ်းပါ ချန်ပီယံ ရအောင် ယူပြီး တိုင်းပြည် တည်ထောင်ကာ ဒီတိုက်ကြီးရဲ့ အရှင်သခင် ဖြစ်လာအောင် လုပ် ငါတို့ ခရော့ခ် မိသားစုရဲ့ ဂုဏ်ကျက်သရေနဲ့ အောင်မြင်မှုတွေကို ပြန်လည် ဖော်ဆောင်ပေးပါ"

"ကျောင်းအုပ်ကြီးက ကျွန်တော့်ကို အဲဒီလောက်တောင် အထင်ကြီးနေတာလား"

မုန်လဲ့က မျက်ခုံးပင့်လိုက်လေသည်။

"ဒါပေါ့"

အဖိုးအိုက မျက်လုံးပြူးပြလိုက်ပြီး "မင်းရဲ့ စွမ်းအားတွေက အမြဲတမ်း ဘယ်လို တက်လာမှန်းကို မသိရဘူး အခုဆို မြင့်မြတ်သောနယ်မြေ မှော်သားရဲ ရွှေတောင်ပံ အလင်း ကျား ကိုတောင် အလွယ်တကူ သတ်နိုင်နေပြီ မင်းလောက် စွမ်းတဲ့သူ ဘယ်သူ ရှိသေးလို့လဲ" ဟု ပြောလိုက်လေသည်။

"ကျောင်းအုပ်ကြီးက အဲဒီလို ချီးကျူးနေတော့ ကျွန်တော် ရှက်သွားပြီ"

မုန်လဲ့က နောက်ပြောင်စွာ ပြုံးလိုက်ပြီး "ဒါပေမဲ့ ဒီလိုလည်း ပြောလို့ မရသေးပါဘူး ဒီနှစ်မှာ ပြိုင်ဘက်ကောင်းတွေ အများကြီး ပါတယ်လို့ ကြားတယ် သူတို့ အားလုံးက အလွယ်တကူ ရင်ဆိုင်ရမယ့် သူတွေ မဟုတ်ဘူး"

"တချို့ဆိုရင် နဂါးနတ်ဘုရား ပါရမီရှင် စာရင်းမှာတောင် ကျွန်တော့်ထက် အဆင့် ပိုမြင့်နေသေးတယ် ဒီလောက် အစွမ်းထက်တဲ့ ပြိုင်ဘက်တွေနဲ့ ရင်ဆိုင်ရတာ ကျွန်တော့်မှာ ဖိအားတွေ အများကြီး ရှိပါတယ်"

"မင်းမှာ ဖိအား ရှိတယ် ဟုတ်လား သူတို့က ဘယ်လောက်ပဲ အစွမ်းထက်ပါစေ မင်းလောက် စွမ်းပါ့မလား ငါ့ရှေ့မှာ လာပြီး ဟန်ဆောင်မနေနဲ့"

အဖိုးအိုက ကျယ်လောင်စွာ ဆဲဆိုလိုက်လေသည်။ "ဘယ်လို ဖြစ်လာမှန်း မသိဘဲ နိယာမတွေကို နားလည်သွားတယ်၊ ဘယ်လို ဖြစ်လာမှန်း မသိဘဲ မြင့်မြတ်သော မှော်ဆရာကြီး ဖြစ်သွားတယ်၊ ဘယ်လို ဖြစ်လာမှန်း မသိဘဲ အစွမ်းထက်တဲ့ သွေးမျိုးဆက်တွေ နိုးထလာတယ်၊ ဘယ်လို ဖြစ်လာမှန်း မသိဘဲ တားမြစ်မှော်ပညာတွေကို ချက်ချင်း ထုတ်လွှတ်နိုင်တယ်..."

"တခြားလူတွေက ဘယ်လောက်ပဲ ကြိုးစားပြီး အဆင့်တက်ပါစေ၊ တန်ဖိုးကြီး ရတနာတွေ ဘယ်လောက်ပဲ စားပါစေ၊ မင်းလိုမျိုး ဘယ်လို ဖြစ်လာမှန်း မသိဘဲ တိုးတက်လာတဲ့ ကောင်လောက် ကြောက်စရာ မကောင်းဘူး"

"သေနာကောင် ငါ့ရှေ့မှာ လာကြွားမနေနဲ့ တော်ပြီ ပါးစပ်ပိတ်ထားတော့ မြန်မြန် သွားပြီး မှော်သားရဲတွေကို သတ်တော့ ဒီနှစ် ဖလှယ်ရေးပြိုင်ပွဲရဲ့ ချန်ပီယံကို ငါတို့ ခရော့ခ် မိသားစုက သေချာပေါက် ယူရမယ် ဘယ်သူမှ လာလုလို့ မရဘူး"

"နိုင်ငံတော် နာမည်ကိုတောင် ငါ စဉ်းစားထားပြီးပြီ ခရော့ခ် နိုင်ငံတော် လို့ ပေးမယ်"

"ဒီပျောက်ဆုံးနေတဲ့ တိုက်ကြီးကိုလည်း နောက်ကျရင် ခရော့ခ် တိုက်ကြီး လို့ ခေါ်ရမယ်"

"မင်းရဲ့ ဘွဲ့နာမည် ကိုတော့ ခရော့ခ် ဘုရင် လို့ ခေါ်မယ်"

"အော် ဟုတ်သားပဲ မင်းလည်း ပါတယ်"

"မင်းလည်း ငါတို့ ခရော့ခ် မိသားစုရဲ့ မျိုးရိုးနာမည်ကို ပြန်ယူရမယ် ဒီနေ့ကစပြီး မင်း နာမည်ကို မုန်လဲ့ ခရော့ခ် လို့ ပြောင်းရမယ် မင်းကို ခရော့ခ် မိသားစုရဲ့ လက်ရှိ ခေါင်းဆောင် အဖြစ် ငါ ခန့်အပ်တယ်..."

"ကျောင်းအုပ်ကြီး ခင်ဗျား အိပ်မက်မက်နေတာလား"

"အိပ်မက်မက်နေတာ ဟုတ်လား"

All Chapters