← Chapters

အခန်း ၁၅၉

Vol. 16 Ch. 159

အခန်း ၁၅၉

Vol. 16 Ch. 159

အခန်း ၁၅၉။ အလုံးစုံ စောင့်ကြည့်ရေး၊ ပါရမီရှင် မျိုးစေ့များ

နဂါးနတ်ဘုရား ဘုရားကျောင်း။

"ညီတော် ပြိုင်ပွဲဝင်တွေ အားလုံး ပျောက်ဆုံးနေတဲ့ တိုက်ကြီးဆီကို ရောက်သွားပြီလား" ဧကရာဇ် ဖရက်ဒရစ် သုံးဆယ့်နှစ်ဆက်မြောက်က တိုးတိုးလေး မေးလိုက်လေသည်။

"ဟုတ်ကဲ့ပါ နောင်တော်"

မြို့စားကြီး ယူတပ်စ်က ရိုသေစွာ ပြန်ဖြေလိုက်လေသည်။ "ပြိုင်ပွဲဝင် ၇၈၄၈ ယောက်လုံး တစ်ယောက်မကျန် ပျောက်ဆုံးနေတဲ့ တိုက်ကြီးကို ရောက်သွားကြပါပြီ အရင်ဆုံး ရောက်သွားတဲ့ သူတွေဆိုရင် တိုက်ကြီးရဲ့ မိုင်ဆယ်ဂဏန်းလောက် အထိတောင် ရောက်နေကြပါပြီ"

"အရမ်း ကောင်းတယ်"

ဖရက်ဒရစ် သုံးဆယ့်နှစ်ဆက်မြောက်က ကျေနပ်စွာ ခေါင်းညိတ်လိုက်ပြီး "အင်ပါယာရဲ့ ပါရမီရှင် လူငယ်လေးတွေကို အတူတူ ကြည့်ကြရအောင်" ဟု ပြောလိုက်လေသည်။

"ဝှစ် ဝှစ် ဝှစ်"

တောက်ပသော အလင်းတန်းများက အရပ်မျက်နှာ အသီးသီးမှ ရုတ်တရက် ထွက်ပေါ်လာပြီး ကောင်းကင်ယံတွင် စုစည်းသွားကာ ကောင်းကင်နှင့် နေရောင်ကိုပင် ဖုံးလွှမ်းသွားနိုင်သော ဧရာမ မှော်အလင်းတန်း မျက်နှာပြင်ကြီး တစ်ခု အဖြစ် ပြောင်းလဲသွားလေသည်။

မှော်အလင်းတန်း မျက်နှာပြင်က အလွန် ကြီးမားလွန်းပြီး ကောင်းကင်တွင် ကန့်လန့်ဖြတ် တည်ရှိနေကာ နေရောင်ကိုပင် ဖုံးလွှမ်းထားလေသည်။

"ဒါက..."

အားလုံးက ပြိုင်တူ မျက်လုံးပြူးသွားကြပြီး မှော်အလင်းတန်း မျက်နှာပြင်ပေါ်တွင် ရှင်းလင်းစွာ ပေါ်ထွက်နေသော ကမ္ဘာကြီး တစ်ခုကို တွေ့လိုက်ရလေသည်။

တောင်ကုန်း၊ တောင်တန်း၊ လွင်ပြင်၊ ကုန်းပြင်မြင့်။

ရေကန်၊ မြစ်ကြီး၊ သစ်တော၊ ချိုင့်ဝှမ်း။

သဲကန္တာရ၊ ကျောက်တုံး ကန္တာရ၊ မြက်ခင်းပြင်၊ လွင်တီးခေါင်။

ရှုပ်ထွေးပြီး မျိုးစုံသော မြေမျက်နှာသွင်ပြင်များ အားလုံး စုံလင်စွာ ရှိနေလေသည်။

"အရှင်မင်းကြီး ဒါက ပျောက်ဆုံးနေတဲ့ တိုက်ကြီးလား"

အမတ် တစ်ယောက်က စိတ်လှုပ်ရှားစွာ မေးလိုက်လေသည်။

"ဟုတ်တယ် ဒါက အသစ် ရှာဖွေတွေ့ရှိထားတဲ့ ပျောက်ဆုံးနေတဲ့ တိုက်ကြီးပဲ"

ဖရက်ဒရစ် သုံးဆယ့်နှစ်ဆက်မြောက်က ပြုံး၍ ပြောလိုက်လေသည်။ "ဒီသုံးလ အတွင်းမှာ ကိုယ်တော် လူလွှတ်ပြီး ဒီတိုက်ကြီးကို စူးစမ်းလေ့လာခိုင်းခဲ့တယ် ပြီးတော့ မှော်သလင်းကျောက် ကိရိယာတွေကို ကြိုတင် တပ်ဆင်ထားခဲ့တယ် ဒါကြောင့် ပျောက်ဆုံးနေတဲ့ တိုက်ကြီးပေါ်က အရာအားလုံးက ကိုယ်တော့်ရဲ့ စောင့်ကြည့်မှု အောက်မှာ ရှိနေတယ်"

"ကောင်းကင်ကနေ တိုက်ကြီး တစ်ခုလုံးကို ကြည့်လို့ ရသလို တစ်နေရာတည်းကို ချဲ့ပြီးလည်း ကြည့်လို့ ရတယ်"

"တိုက်ကြီးပေါ်က ဘယ်နေရာကိုမဆို ကြည့်လို့ ရသလို ပြိုင်ပွဲဝင် တစ်ယောက်ချင်းစီကိုလည်း စောင့်ကြည့်လို့ ရတယ်"

"အဲဒီလိုကိုး"

"အရှင်မင်းကြီးက ဉာဏ်ပညာ ကြီးမားလှပါတယ်"

အားလုံးက ချီးကျူးလိုက်ကြလေသည်။

တိုက်ရိုက် ထုတ်လွှင့်သည့် မှော်နည်းပညာနှင့် သက်ဆိုင်ရာ ကိရိယာများက အင်ပါယာတွင် အစောကြီး ကတည်းက ရှိနေပြီးသား ဖြစ်သော်လည်း မှော်သလင်းကျောက် ဘောလုံးများကို တပ်ဆင်ကာ တိုက်ကြီး တစ်ခုလုံးကို စောင့်ကြည့်နိုင်ခြင်းကတော့ တကယ်ကို ကြီးကျယ်ခမ်းနားသော လုပ်ရပ် တစ်ခုပင် ဖြစ်လေသည်။

ဒါက မှော်သလင်းကျောက် ဘောလုံး ဘယ်လောက်တောင် များများ တပ်ဆင်ရမလဲ။

ပြီးတော့ ၃ လတည်းနဲ့ ပြီးအောင် လုပ်ရမှာလေ။

ဒါက လူအင်အား၊ ငွေအင်အား၊ ပစ္စည်းအင်အား ဘယ်လောက်တောင် ကုန်ကျမလဲ။

"ဒီဖလှယ်ရေးပြိုင်ပွဲ ပြီးလို့ ချန်ပီယံ ပေါ်ထွက်လာတာနဲ့ ကိုယ်တော်က ဒီစက်ပစ္စည်းတွေ အားလုံးကို ချန်ပီယံ ရတဲ့ သူကို အလကား ပေးလိုက်မယ် သူ ပျောက်ဆုံးနေတဲ့ တိုက်ကြီးကို စီမံ အုပ်ချုပ်ရ လွယ်ကူသွားအောင်လို့"

ဧကရာဇ် ဖရက်ဒရစ် သုံးဆယ့်နှစ်ဆက်မြောက်က ဆက်ပြောလိုက်လေသည်။

"အလကား ပေးမယ်"

အားလုံးက အနည်းငယ် ကြောင်အမ်းသွားကြပြီး အလွန် အံ့အားသင့်သွားကြလေသည်။ ဤမျှ ကြီးမားသော တန်ဖိုးများကို ပေးဆပ်ကာ တိုက်ကြီး တစ်ခုလုံးကို စောင့်ကြည့်နိုင်သော စက်ပစ္စည်းများကို တပ်ဆင်ပြီးမှ ချန်ပီယံကို အလကား ပေးလိုက်မည် ဟုတ်လား။

အရှင်မင်းကြီးက တကယ်ကို ရက်ရောတာပဲ။

သို့သော် ဧကရာဇ်၏ ရည်ရွယ်ချက်ကို ရိပ်မိနေသော အနီးကပ် အရာရှိ အနည်းငယ်ကတော့ ဒါကို ပုံမှန်ဟုသာ ထင်မြင်ကြလေသည်။ မမျှော်လင့်တာတွေ မဖြစ်လာဘူးဆိုရင် ဒီနှစ် ဖလှယ်ရေးပြိုင်ပွဲရဲ့ ချန်ပီယံက မင်းသမီး ၁၃ သေချာပေါက် ရမှာပဲ ဧကရာဇ်က ဒီစက်ပစ္စည်းတွေကို သူ့ရဲ့ အချစ်တော် သမီးလေးကို ပေးလိုက်ရုံပဲလေ ဘာလို့ နှမြောနေရမှာလဲ။

"အမတ်မင်းတို့ ဒီနှစ် ဖလှယ်ရေးပြိုင်ပွဲမှာ ဘယ်လို ပါရမီရှင် မျိုးစေ့တွေ ရှိလဲ ဆိုတာ ပြောပြကြပါဦး အားလုံး အတူတူ ကြည့်ရအောင်" ဖရက်ဒရစ် သုံးဆယ့်နှစ်ဆက်မြောက်က မေးလိုက်လေသည်။

"အရှင်မင်းကြီး ကျွန်တော်တို့ နဂါးနတ်ဘုရား အကယ်ဒမီက ဒီနှစ် ပြိုင်ပွဲဝင် ၃၈၉ ယောက် ဝင်ပြိုင်ပြီး နဂါးနတ်ဘုရား ပါရမီရှင် စာရင်းဝင် ၇၁ ယောက် ပါဝင်ပါတယ်"

လူတစ်ယောက်က အရင်ဆုံး ပြောလိုက်လေသည်။ "အဲဒီအထဲမှာ အတော်ဆုံးကတော့ ပါရမီရှင် စာရင်း အဆင့် ၁၄၈ နေရာမှာ ရှိနေတဲ့ ဘာဘာရိုဆာ မင်းသားပဲ ဘာဘာရိုဆာ မင်းသားရဲ့ အံ့ဩစရာကောင်းတဲ့ စွမ်းရည်တွေကို အားလုံး ကြည့်ချင်နေကြပါတယ်"

"မြို့စားကြီး ဟိုးရေ့စ် ပြောတာ မှန်တယ်"

"ဘာဘာရိုဆာ မင်းသားက လူငယ်မျိုးဆက်တွေထဲမှာ အတော်ဆုံး ပါရမီရှင် တစ်ယောက်ပဲ ပါရမီက အလွန် ထူးချွန်ပြီး စွမ်းအားလည်း ကြီးမားတယ် အသက် ၂၆ နှစ်နဲ့တင် နဂါးနတ်ဘုရား ပါရမီရှင် စာရင်းမှာ အဆင့် ၁၄၈ နေရာကို ရောက်နေပြီ ဒီနှစ် ဖလှယ်ရေးပြိုင်ပွဲမှာ သေချာပေါက် စွမ်းရည် အပြည့်အဝ ပြသနိုင်မှာပဲ ကျွန်တော်တို့လည်း မင်းသားရဲ့ စွမ်းရည်တွေကို ကြည့်ချင်ပါတယ်"

"..."

"ကောင်းပြီ အမတ်မင်းတို့က ဘာဘာရိုဆာ ကို ကြည့်ချင်တယ် ဆိုမှတော့ ကြည့်ကြတာပေါ့"

ဖရက်ဒရစ် သုံးဆယ့်နှစ်ဆက်မြောက်က ဟားဟား ရယ်မောလိုက်ပြီး နန်းတွင်း အစေခံကို ခေါင်းညိတ်ပြလိုက်လေသည်။

"ဝှစ်"

ဧရာမ မှော်အလင်းတန်း မျက်နှာပြင်ပေါ်ရှိ မြင်ကွင်းက ရုတ်တရက် ပြောင်းလဲသွားပြီး မျက်စိတစ်မှိတ် အတွင်းမှာပင် သစ်တောထူထပ်သော နေရာတစ်ခု ပေါ်လာလေသည်။

ချောမောခန့်ညားပြီး ရွှေရောင် သံချပ်ကာ ဝတ်ဆင်ကာ ခေါင်းတွင် ရွှေရောင် ဦးချို နှစ်ချောင်း ပါရှိသော လူငယ် တစ်ယောက် အမြင်အာရုံထဲသို့ ဝင်ရောက်လာလေသည်။

သူကတော့ ဧကရာဇ် ဖရက်ဒရစ် သုံးဆယ့်နှစ်ဆက်မြောက်၏ သားတော် ၈၈၈ ဆက်မြောက် ဖြစ်သူ မင်းသား ဘာဘာရိုဆာ ဖရက်ဒရစ် ပင် ဖြစ်ပြီး မင်းသား အများအပြားထဲတွင် တစ်ဦးတည်းသော သွေးသန့် ရွှေနဂါးကြီး ဖြစ်လေသည်။

နဂါးနတ်ဘုရား အင်ပါယာ သည် သွေးမျိုးဆက်ကို အလေးထားသော နိုင်ငံ တစ်ခု ဖြစ်ပြီး သွေးမျိုးဆက် အသန့်စင်ဆုံး ဖြစ်သော ရွှေနဂါးကြီး များသာ ထီးနန်းကို ဆက်ခံခွင့် ရှိလေသည်။

မင်းသား ဖြစ်စေ၊ မင်းသမီး ဖြစ်စေ၊ သွေးသန့် ရွှေနဂါးကြီး ဖြစ်မှသာ ထီးနန်း ဆက်ခံခွင့် ရှိလေသည်။

ထိုသို့မဟုတ်ဘဲ ပါရမီ ဘယ်လောက်ပဲ ကောင်းကောင်း၊ စွမ်းအား ဘယ်လောက်ပဲ ကြီးကြီး၊ စွမ်းရည် ဘယ်လောက်ပဲ ထူးချွန်ထူးချွန် ထီးနန်း ဆက်ခံခွင့် လုံးဝ မရှိပေ။

မင်းသား ဘာဘာရိုဆာ (၈၈၈) သည် ဖရက်ဒရစ် သုံးဆယ့်နှစ်ဆက်မြောက်၏ သားသမီး တစ်ထောင်ကျော်ထဲတွင် တစ်ဦးတည်းသော သွေးသန့် ရွှေနဂါးကြီး ဖြစ်ရာ သူ၏ အနာဂတ်က သတ်မှတ်ပြီးသား ဖြစ်လေသည်။

အဲဒါကတော့ ထီးနန်းကို ဆက်ခံပြီး အင်ပါယာရဲ့ အရှင်သခင် ဖြစ်လာဖို့ပဲ။

ထို့ကြောင့် မင်းသား ဘာဘာရိုဆာ (၈၈၈) အပေါ် မှူးမတ်များ၊ အရာရှိကြီးများ အားလုံးက တမင်တကာ ရင်းနှီးအောင် ပေါင်းသင်းကြပြီး မည်သူကမျှ အနာဂတ် ဧကရာဇ်ကို မစော်ကားရဲကြပေ။

"ဘာဘာရိုဆာ နောင်တော်ပဲ"

"ကြည့်ကြ နောင်တော်ပဲ..."

ဘာဘာရိုဆာကို မြင်သောအခါ မင်းသား မင်းသမီးများ အားလုံး အော်ဟစ်လိုက်ကြပြီး မှူးမတ်များနှင့် အရာရှိများကလည်း မှော်အလင်းတန်း မျက်နှာပြင်ပေါ်ရှိ ဘာဘာရိုဆာ မင်းသားကို ချီးကျူးသော အကြည့်များဖြင့် ကြည့်လိုက်ကြလေသည်။

ဘာဘာရိုဆာထံမှ ကြောက်မက်ဖွယ်ကောင်းပြီး အစွမ်းထက်သော အရှိန်အဝါ တစ်ခု ထွက်ပေါ်နေပြီး သူက ရွှေရောင် ဓားကြီး တစ်လက်ကို စီးကာ ကောင်းကင်ယံတွင် ပျံသန်းနေပြီး ထက်ရှသော အရှိန်အဝါများ ထုတ်လွှတ်နေလေသည်။

"ရွှစ် ရွှစ် ရွှစ်"

လမ်းတစ်လျှောက်လုံးတွင် ရွှေရောင် အလင်းတန်းများ ပန်းထွက်နေပြီး လမ်းတွင် တွေ့သမျှ မှော်သားရဲ အားလုံးက ရွှေရောင် အလင်းတန်းများ၏ ဖောက်ထွင်းမှုကို ခံရလေသည်။

ထို့နောက် မှော်အမြုတေများက ခန္ဓာကိုယ်ထဲမှ ထွက်လာပြီး အလိုအလျောက် စုစည်းလာကာ ဘာဘာရိုဆာ၏ လက်ကောက်ဝတ်ထဲသို့ ဝင်ရောက် ပျောက်ကွယ်သွားကြလေသည်။

"ဂါး"

အဆင့်ကိုး မှော်သားရဲ တစ်ကောင် ရုတ်တရက် ထွက်ပေါ်လာရာ မီတာ ငါးဆယ်ခန့် မြင့်မားသော ရွှေရောင် ကျောပြင် ဧရာမ ပုတ်သင်ညို တစ်ကောင် ဖြစ်ပြီး ဒေါသတကြီး ဟိန်းဟောက်လိုက်ရာ အသံလှိုင်းများကြောင့် သစ်ပင်များပင် လွင့်ထွက်သွားလေသည်။

သို့သော် ဘာဘာရိုဆာက တစ်ချက်မျှသာ ကြည့်လိုက်ပြီး ရွှေရောင် အလင်းတန်း တစ်ခု ပစ်လွှတ်လိုက်ရာ ဤရွှေရောင် ကျောပြင် ဧရာမ ပုတ်သင်ညို၏ ခေါင်းကို ဖောက်ထွင်းသွားပြီး သတ်ဖြတ်လိုက်လေသည်။

လှုပ်ရှားမှု တိုင်းက သက်တောင့်သက်သာ ရှိလှသည်။

အပြုအမူ တိုင်းက ပေါ့ပါး လွတ်လပ်နေလေသည်။

အဆင့်ကိုး မှော်သားရဲများကို ဝက်များ၊ ခွေးများအလား သတ်ဖြတ်နေလေသည်။

ဒါက ဘာဘာရိုဆာ မင်းသားရဲ့ စွမ်းရည်ပဲ။

"ဘာဘာရိုဆာ မင်းသား တကယ် အစွမ်းထက်တာပဲ"

"ဘာဘာရိုဆာ မင်းသားနဲ့ တကယ်ကို ထိုက်တန်တယ် အစွမ်းထက်တယ် အဆင့်ကိုး မှော်သားရဲတွေတောင် မင်းသားရဲ့ တိုက်ခိုက်မှု တစ်ချက်ကို မခံနိုင်ဘူး"

အားလုံးက အံ့ဩချီးကျူးနေကြပြီး ချီးကျူးသံများ အဆက်မပြတ် ထွက်ပေါ်လာလေသည်။

"အရှင်မင်းကြီး ဘာဘာရိုဆာ မင်းသားက အဆင့်ကိုး မှော်သားရဲတွေကို ဝက်တွေ၊ ခွေးတွေလို သတ်နေတာ စွမ်းအားက မြင့်မြတ်သောနယ်မြေ အလယ်ပိုင်း အဆင့်ကို ရောက်နေပြီလား" နဂါးနတ်ဘုရား အကယ်ဒမီ၏ ကျောင်းအုပ်ကြီး လူခ်က ပြုံး၍ ချီးကျူးလိုက်လေသည်။

"ဒီလောက်ပါပဲ"

ဖရက်ဒရစ် သုံးဆယ့်နှစ်ဆက်မြောက်က ပြုံး၍ "ကျောင်းအုပ်ကြီး လူခ် ကိုယ်တော် ကြားတာတော့ ဒီနှစ် နဂါးနတ်ဘုရား အကယ်ဒမီမှာ ပါရမီရှင်တွေ အများကြီး ထွက်ပေါ်လာပြီး ဘာဘာရိုဆာထက်တောင် ပိုအစွမ်းထက်တဲ့ သူတွေ အများကြီး ပါတယ်ဆို သူတို့က ဘယ်သူတွေလဲ" ဟု မေးလိုက်လေသည်။

"အရှင်မင်းကြီး အသက်အရွယ်တူတွေထဲမှာတော့ ဘာဘာရိုဆာ မင်းသားထက် ပိုအစွမ်းထက်တဲ့ သူ မရှိပါဘူး ဒါပေမဲ့ အသက် နည်းနည်း ပိုကြီးတဲ့ သူတွေထဲမှာတော့ ဘာဘာရိုဆာ မင်းသားထက် အနည်းငယ် သာလွန်တဲ့ သူ တချို့ ရှိပါတယ်"

ကျောင်းအုပ်ကြီး လူခ်က ပြုံး၍ ဖြေလိုက်လေသည်။

"အို သူတို့က ဘယ်သူတွေလဲ ကိုယ်တော် ကြည့်ချင်သေးတယ်" ဖရက်ဒရစ် သုံးဆယ့်နှစ်ဆက်မြောက်က မျက်ခုံးပင့်လိုက်လေသည်။

"ရွှေရောင် နဂါးခြင်္သေ့ ဆာ့ခ်ဟင်၊ မိုးကြိုး ဧရာမလူသား အာဒီအာ၊ သေဆုံးခြင်းမရှိသော အယ်လ်ဖ် မီရီယမ်၊ အင်ပါယာ၏ မိုးသောက်ကြယ် မယ်ရီဒစ်၊ ဖြူကောင် မြင်းစီးသူရဲ မွန်ဒေ့ အက်စ်တန် တို့ပဲ ဖြစ်ပါတယ်"

All Chapters