← Chapters

အခန်း ၁၇၆

Vol. 18 Ch. 176

အခန်း ၁၇၆

Vol. 18 Ch. 176

အခန်း ၁၇၆။ တားမြစ်မှော်ပညာ နှစ်ခု၊ အရာအားလုံး ဖုံးလွှမ်းခြင်း

"ဂုဏ်ယူပါတယ် အရှင်မင်းကြီး... ဂုဏ်ယူပါတယ် အရှင်မင်းကြီး"

"ဒီလူငယ်လေးက ပါရမီ အရမ်း ထူးချွန်ပြီး အံ့ဩစရာကောင်းလွန်းတယ် ငါတို့ အင်ပါယာရဲ့ တော်ဝင် မိသားစုဝင် ဆိုတဲ့ နာမည်နဲ့ တကယ်ကို ထိုက်တန်တာပဲ"

"ငါ ထင်သားပဲ ဒီလောက် အံ့ဩစရာကောင်းတဲ့ ပါရမီရှင်က ဘယ်လိုလုပ် လူသား ဖြစ်နိုင်မှာလဲ..."

လူများ၏ စကားပြောဆိုမှုများက ချက်ချင်း ပြောင်းလဲသွားပြီး အရင်က သံသယဖြစ်မှု၊ စွပ်စွဲမှုများမှ ယခုအခါတွင် ချီးကျူးမှု၊ မြှောက်ပင့်မှုများ အဖြစ်သို့ ၁၈၀ ဒီဂရီ ပြောင်းလဲသွားလေသည်။

ဒါကလည်း ဖြစ်သင့်ပေသည်။

အရင်က သူတို့က မုန်လဲ့ အပေါ် သံသယဖြစ်ပြီး စွပ်စွဲ၍ ရပေမဲ့ အခုတော့ လုံးဝ မရတော့ပေ။ မုန်လဲ့က ရွှေရောင် ဧရာမ နဂါးလူသား တစ်ယောက် ဖြစ်ပြီး သွေးသန့် တော်ဝင် မိသားစုဝင် တစ်ယောက် ဖြစ်နေပြီ ဖြစ်ရာ သူတို့က ဘယ်လိုလုပ် သွားပြီး ဝေဖန်ရဲတော့မည်နည်း။

"ကျောင်းအုပ်ကြီး အန်ဂတ်စ် မင်း အခု ဘာပြောချင်သေးလဲ"

ကျောင်းအုပ်ကြီး ဖရက်ဒ်က အန်ဂတ်စ်ကို ကြည့်လိုက်ပြီး "မင်း ခုနက ငါ အရှင်မင်းကြီးကို လှည့်စားတယ်လို့ ပြောတယ် အခု ငါ မေးချင်တာက ဘယ်သူက အရှင်မင်းကြီးကို လှည့်စားနေတာလဲ" ဟု ပြောလိုက်လေသည်။

အန်ဂတ်စ်၏ မျက်နှာက ဝမ်းချုပ်နေသူ တစ်ယောက်လို မည်းမှောင်နေပြီး ဘာမှ ပြန်မပြောနိုင်အောင် ဖြစ်နေလေသည်။

ပြန်ပြောမည် ဟုတ်လား။

ဘာပြန်ပြောရမည်နည်း။

မုန်လဲ့က ရွှေနဂါးကြီး သွေးမျိုးဆက်ကို ပြသလိုက်သည့် အချိန်မှာပင် စကားလုံးများ အားလုံးက အလကား ဖြစ်သွားပြီ ဖြစ်လေသည်။

အသက် ၁၆ နှစ်။

မြင့်မြတ်သော မှော်ဆရာကြီး။

မြင့်မြတ်သောနယ်မြေ ခန္ဓာကိုယ်။

သွေးမျိုးဆက် နှစ်ခု ပါသည့်သူ။

ဒီလို လူမျိုးက တော်ဝင် မိသားစုဝင် မဟုတ်ဘူး ဆိုလျှင်တောင် ဧကရာဇ်က သူ့ကို ဆွေမျိုးစပ်ချင်နေမှာ အသေအချာပင်။ အခု မုန်လဲ့မှာ ရွှေနဂါးကြီး သွေးမျိုးဆက် ရှိနေပြီး သွေးသန့် တော်ဝင် မိသားစုဝင် တစ်ယောက် ဖြစ်နေပြီ ဆိုတော့ ပြောစရာပင် မလိုတော့ပေ။

"ကျောင်းအုပ်ကြီး အန်ဂတ်စ် မင်း သံသယဖြစ်တာ မမှားပါဘူး"

ဖရက်ဒရစ် သုံးဆယ့်နှစ်ဆက်မြောက်က စကားစလိုက်လေသည်။ "ဒါပေမဲ့ သံသယ မဖြစ်ခင်မှာ အခြေအနေကို သေချာ စုံစမ်းပြီးမှ ကိုယ်တော့်ကို လျှောက်တင်သင့်တယ် မဟုတ်ရင် သူတစ်ပါးကို အပုပ်ချတယ် ဆိုတဲ့ စွပ်စွဲချက် ခံရနိုင်တယ်"

"အရှင်မင်းကြီးရဲ့ ဆုံးမစကားကို မှတ်သားထားပါ့မယ်"

အန်ဂတ်စ်က ရိုသေစွာ ပြန်ဖြေလိုက်ပြီး သူ၏ နေရာသို့ အလျင်စလို ပြန်သွားလေသည်။

တစ်ချိန်တည်းမှာပင် ပျောက်ဆုံးနေသော တိုက်ကြီးတွင်။

'ခန္ဓာကိုယ် စွမ်းအား တော်တော်များများ တိုးလာတာ မထင်မှတ်ထားတဲ့ အကျိုးအမြတ်ပဲ'

သူ၏ အရည်အချင်း ပြသသည့် ဇယားကွက်ကို ကြည့်ရင်း မုန်လဲ့ အနည်းငယ် ဝမ်းသာသွားလေသည်။ မူလက သူ့ရဲ့ ခန္ဓာကိုယ်က ဒီအဆင့်ကို ရောက်နေပြီ ဆိုတော့ ရွှေနဂါးကြီးလို သာမန် သွေးမျိုးဆက်မျိုးက သူ့ရဲ့ ခန္ဓာကိုယ်ကို ဘယ်လောက်မှ အားဖြည့်ပေးနိုင်မှာ မဟုတ်ဘူးလို့ ထင်ထားခဲ့တာ ဖြစ်လေသည်။

ဘာလို့လဲဆိုတော့ ရွှေနဂါးကြီး ကိုယ်တိုင်က မြင့်မြတ်သောနယ်မြေ မှော်သားရဲ တစ်ကောင် သက်သက်သာ ဖြစ်လေသည်။ သူ့ရဲ့ ခန္ဓာကိုယ်ကလည်း မြင့်မြတ်သောနယ်မြေ အဆင့်မှာ ရှိနေပြီးသား ဆိုတော့ ရွှေနဂါးကြီး သွေးမျိုးဆက်က သူ့ရဲ့ ခန္ဓာကိုယ်ကို ဘယ်လောက်တောင် အားဖြည့်ပေးနိုင်မည်နည်း။

သို့သော် မထင်မှတ်ဘဲ တော်တော်လေး အားဖြည့်ပေးလိုက်လေသည်။

ပိုင်ရှင် - မုန်လဲ့

မျိုးနွယ်စု - လူသား (မီးနဂါး သွေးမျိုးဆက် ၅၂%၊ မီးနတ်ဆိုး သွေးမျိုးဆက် ၄၇%၊ ရွှေရောင် နတ်ဘုရားသတ် ပုရွက်ဆိတ် သွေးမျိုးဆက် ၁၀%၊ နတ်ဘုရားသတ် ကြွက် သွေးမျိုးဆက် ၁%၊ ရွှေနဂါးကြီး သွေးမျိုးဆက် ၅၀%)

ပိုင်ဆိုင်မှု - ၂၂.၃ နိယာမ အရင်းအမြစ် ကျောက်သလင်း

ခန္ဓာကိုယ်ကြံ့ခိုင်မှု - မြင့်မြတ်သောနယ်မြေ (၁၂၀၆၃၈၅၈၇၀၅ / ၁၀၀၀ ဘီလီယံ)

စိတ်စွမ်းအင် - မြင့်မြတ်သောနယ်မြေ (၁၀၂၈၃၀၃၇၈၅ / ၁၀၀၀ ဘီလီယံ)

မှော်စွမ်းအင် - မြင့်မြတ်သောနယ်မြေ (၁၀၂၅၈၇၇၈၄၀ / ၁၀၀၀ ဘီလီယံ)

နိယာမ နားလည်မှု - မီးဓာတ် နိယာမ (၀.၂%)၊ လေဓာတ် နိယာမ (၀.၁%)၊ မိုးကြိုးဓာတ် နိယာမ (၀.၁%)၊ သတ္တုဓာတ် နိယာမ (၀.၁%)၊ အလင်းဓာတ် နိယာမ (၀.၁%)

ဇယားကွက်ကို ကြည့်လိုက်လျှင် ရွှေနဂါးကြီး သွေးမျိုးဆက်ကို ပေါင်းစပ်လိုက်ခြင်းကြောင့် ခန္ဓာကိုယ်ကြံ့ခိုင်မှုက အရင်က ၁၁၀ ဘီလီယံ ကျော်မှ ၁၂၀ ဘီလီယံ အထိ တက်လာပြီး ၉ ဘီလီယံ ခန့် တိုးလာကြောင်း သိသာလှပေသည်။

ဒါက တကယ်ကို ကြီးမားသည့် တိုးတက်မှုပင်။

တကယ်လို့ ငွေကြေး သုံးပြီး အဆင့်မြှင့်မည် ဆိုလျှင် ရွှေဒင်္ဂါး ၉ ဘီလီယံ လိုအပ်မှာ ဖြစ်ပြီး ဒါက သေးငယ်သည့် ပမာဏ မဟုတ်ပေ။

"ဂါး..."

တစ်ဖက်တွင်။

ဘာဘာရိုဆာ လည်း မုန်လဲ့၏ ပုံစံကြောင့် အလွန် အံ့အားသင့်သွားပြီး မုန်လဲ့က ရွှေရောင် ဧရာမ နဂါးလူသား တစ်ယောက် ဖြစ်နေလိမ့်မည်ဟု သူ လုံးဝ မထင်ထားခဲ့ပေ။

ထိုအချက်က သူ့ကို ပို၍ပင် ဒေါသထွက်သွားစေလေသည်။

'တော်ဝင် မိသားစုဝင် အချင်းချင်းပဲ'

'ငါက သွေးမျိုးဆက် အသန့်စင်ဆုံး ရွှေနဂါးကြီးပဲ'

'သူကတော့ သွေးမသန့်တဲ့ ကပြား တစ်ကောင် သက်သက်ပဲ'

'ဘာလို့ သူက ငါ့ထက် ပိုအစွမ်းထက်နေရတာလဲ'

သာမန် လူတစ်ယောက်က သူဌေးကြီး မာယွန် ချမ်းသာနေတာကို မနာလို မဖြစ်တတ်ဘဲ ကိုယ့်အနားက ဆွေမျိုးတွေ သူငယ်ချင်းတွေ ကိုယ့်ထက် ပိုချမ်းသာနေတာကိုသာ မနာလို ဖြစ်တတ်သည့် သဘောတရား အတိုင်းပင်။

ဘာဘာရိုဆာ အခု ခံစားနေရတာက အဲဒီလို စိတ်ထားမျိုးပင် ဖြစ်သည်။ သူက နဂါးနတ်ဘုရား အင်ပါယာ လူငယ်မျိုးဆက်တွေထဲမှာ တစ်ဦးတည်းသော သွေးသန့် ရွှေနဂါးကြီး ဖြစ်ပြီး အနာဂတ်မှာ ဧကရာဇ် အဖြစ် ထီးနန်း ဆက်ခံကာ ဒီအင်ပါယာရဲ့ အရှင်သခင် ဖြစ်လာမည့် သူဖြစ်သည်။

မင်းသမီး ၁၃ က သူ့ထက် သာနေတာကို ထားလိုက်ပါတော့ ဒီဘယ်ကနေ ထွက်လာမှန်း မသိတဲ့ ကောင်ကတောင် သူ့ထက် ပိုအစွမ်းထက်နေသည် ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မည်နည်း။

"ဂါး..."

ဘာဘာရိုဆာက ဟိန်းဟောက်လိုက်ပြီး လည်ပင်းတွင် ဆွဲထားသော ရွှေစင် လည်ဆွဲကို ချေမွပစ်လိုက်ရာ မျက်စိတစ်မှိတ် အတွင်းမှာပင် တောက်ပသော ရွှေရောင် အလင်းတန်းများ ပန်းထွက်လာပြီး ဘာဘာရိုဆာကို လွှမ်းခြုံသွားလေသည်။

"ဝုန်း..."

ဘာဘာရိုဆာက တောက်ပသော ရွှေရောင် နေမင်းကြီး တစ်စင်းအလား အလင်းတန်းများ ထုတ်လွှတ်နေပြီး ပတ်ဝန်းကျင်ကို လင်းထိန်သွားစေလေသည်။

"ဂါး..."

တစ်ချိန်တည်းမှာပင် ဘာဘာရိုဆာ၏ ကိုယ်ပေါ်ရှိ အရှိန်အဝါက ကြက်သွေး ထိုးထားသကဲ့သို့ ရုတ်တရက် မြင့်တက်လာပြီး မျက်စိတစ်မှိတ် အတွင်းမှာပင် အဆပေါင်းများစွာ ပိုမို အစွမ်းထက်လာလေသည်။

ရွှေရောင် အလင်းတန်းများ တဖြည်းဖြည်း မှိန်သွားသောအခါ ဘာဘာရိုဆာ၏ ခန္ဓာကိုယ်က အဆများစွာ ကြီးမားလာပြီး ကြွက်သားများက ပိုမို သန်မာလာကာ နဂါးဦးချိုနှင့် နဂါးလက်သည်းများကလည်း ပိုမို ထက်ရှလာပြီး မီတာ တစ်ရာခန့် ရှိသော နဂါး ခန္ဓာကိုယ်က မီတာ ၃၀၀ မှ ၄၀၀ ခန့် အထိ ကြီးမားလာလေသည်။

အထူးဆန်းဆုံးကတော့ သူ့ကိုယ်ပေါ်တွင် ပါးလွှာသော ရွှေရောင် အလင်းလွှာ တစ်ခု ရစ်သိုင်းနေပြီး အဆက်မပြတ် လည်ပတ်နေခြင်းပင် ဖြစ်လေသည်။

"ကျောင်းအုပ်ကြီး ဒါက ဘာဖြစ်တာလဲ ဒီကောင်ရဲ့ စွမ်းအားက ဘယ်လိုလုပ် ထပ်တိုးလာတာလဲ" မုန်လဲ့ အနည်းငယ် ကြောင်အမ်းသွားလေသည်။

"သိသာပါတယ် ဒီကောင် ခုနက ချေမွလိုက်တဲ့ လည်ဆွဲထဲမှာ တားမြစ်မှော်ပညာ နှစ်ခု ပါတယ် ငါ အမြင်မမှားဘူး ဆိုရင် သတ္တုဓာတ် အကာအကွယ် နဲ့ သတ္တုဓာတ် နတ်ဘုရားရဲ့ ကောင်းချီး ဖြစ်ရမယ်"

အဖိုးအိုက ရှင်းပြလိုက်လေသည်။ "သတ္တုဓာတ် အကာအကွယ် က သတ္တုဓာတ် ကာကွယ်ရေး တားမြစ်မှော်ပညာ တစ်ခု... သတ္တုဓာတ် နတ်ဘုရားရဲ့ ကောင်းချီး က သတ္တုဓာတ် တိုက်ခိုက်ရေး တားမြစ်မှော်ပညာ တစ်ခုပဲ... အစွမ်းကို ကြည့်ရတာ ဒီသတ္တုဓာတ် တားမြစ်မှော်ပညာ နှစ်ခုက အနည်းဆုံး မြင့်မြတ်သောနယ်မြေ နောက်ပိုင်း ဒါမှမဟုတ် မြင့်မြတ်သောနယ်မြေ အထွတ်အထိပ် အဆင့်ရှိတဲ့ သတ္တုဓာတ် မြင့်မြတ်သော မှော်ဆရာကြီးရဲ့ လက်ရာ ဖြစ်ရမယ် အစွမ်းက သာမန် တားမြစ်မှော်ပညာ တွေထက် အဆပေါင်းများစွာ ပိုပြင်းထန်တယ် မင်း သတိထားနော်"

"သတ္တုဓာတ် အကာအကွယ်... သတ္တုဓာတ် နတ်ဘုရားရဲ့ ကောင်းချီး... မြင့်မြတ်သောနယ်မြေ နောက်ပိုင်း ဒါမှမဟုတ် မြင့်မြတ်သောနယ်မြေ အထွတ်အထိပ် အဆင့်ရဲ့ လက်ရာ"

မုန်လဲ့က နှုတ်ခမ်းကို သပ်လိုက်ပြီး "ဒီကောင်က တကယ်ကို ချမ်းသာတာပဲ ဒီလို ပစ္စည်းမျိုးတောင် ရှိနေတယ်" ဟု ပြောလိုက်လေသည်။

တစ်ချိန်တည်းမှာပင် နဂါးနတ်ဘုရား ဘုရားကျောင်း အရှေ့တွင်။

လူများက မှော်အလင်းတန်း မျက်နှာပြင်ပေါ်ရှိ မြင်ကွင်းကို ကြည့်ပြီး တိတ်ဆိတ်သွားကြလေသည်။

ဘာဘာရိုဆာ မင်းသားက မိမိရဲ့ စွမ်းအားကို တိုးမြှင့်ဖို့ အထူး မှော်ကိရိယာကို အသုံးပြုလိုက်တယ် ဆိုတာကို အားလုံး သိနေကြလေသည်။ ဖလှယ်ရေးပြိုင်ပွဲမှာ မှော်ကိရိယာတွေကို မသုံးရဘူးလို့ ကန့်သတ်ထားတာ မရှိပေမဲ့ ဒီလို တရားမျှတတဲ့ တစ်ယောက်ချင်း တိုက်ပွဲမှာ မှော်ကိရိယာကို သုံးပြီး စွမ်းအားကို မြှင့်တင်တာက အဆင့်အတန်း အရမ်း ကျလွန်းလှပေသည်။

ထို့ပြင် သူ့ရဲ့ ပြိုင်ဘက်ကလည်း တော်ဝင် မိသားစုဝင် တစ်ယောက်ပင်။ တော်ဝင် မိသားစုဝင် အချင်းချင်း တိုက်ခိုက်တဲ့ နေရာမှာ မှော်ကိရိယာကို သုံးတာက သဘောထား တော်တော်...

"အရှက်မရှိတဲ့ ကောင် တော်ဝင် မိသားစုရဲ့ မျက်နှာကို သူ လုံးဝ ဖျက်ဆီးပစ်လိုက်ပြီ"

ဖရက်ဒရစ် သုံးဆယ့်နှစ်ဆက်မြောက်က မျက်လုံးမှိတ်ကာ "ဖလှယ်ရေးပြိုင်ပွဲ ပြီးရင် နဂါးတစ်သောင်း လိုဏ်ဂူကို ပြန်သွားပြီး သေချာ နောင်တရခိုင်းလိုက်" ဟု ပြောလိုက်လေသည်။

လူများ အားလုံး ဘာမှ ဝင်မပြောရဲကြပေ။ ဧကရာဇ်က ဘာဘာရိုဆာ မင်းသားကို ကြိုက်သလို အပြစ်တင်နိုင်သော်လည်း သူတို့ကတော့ လွတ်လပ်စွာ ဝေဖန်ခွင့် မရှိပေ။

"မျိုးယုတ်ကောင် မင်းကို ငါ လုံးဝ အရှုံးပေးမှာ မဟုတ်ဘူး"

ဘာဘာရိုဆာက ကောင်းကင်ကို မော့ကာ ဟိန်းဟောက်လိုက်ပြီး ရွှေရောင် လျှပ်စီး တစ်ခုအလား တိုက်ရိုက် ပြေးဝင်လာလေသည်။ ထိုအချိန်တွင် သူက သံချပ်ကာ အထပ်ထပ် ဝတ်ဆင်ထားသော မြင်းရိုင်း တစ်ကောင်အလား ဖြစ်နေပြီး လုံးဝ ဖျက်ဆီးမရနိုင်ဘဲ အရာအားလုံးကို ဖျက်ဆီးပစ်နိုင်စွမ်း ရှိလေသည်။

"သံခွံ နှစ်ထပ် ဝတ်ထားရုံနဲ့ မင်းကို ဘာမှ မလုပ်နိုင်တော့ဘူးလို့ ထင်နေတာလား ကောင်းပြီ တားမြစ်မှော်ပညာ ဆိုတာ ဘာလဲ ဆိုတာ မင်းကို ပြရသေးတာပေါ့"

မုန်လဲ့က အေးစက်စွာ ရယ်မောလိုက်ပြီး စကားလုံး လေးလုံးကို ဖြည်းညင်းစွာ ရေရွတ်လိုက်လေသည်။ "သစ်ဓာတ် တားမြစ်မှော်ပညာ - အရာအားလုံး ဖုံးလွှမ်းခြင်း"

"ဝီ... ဝီ... ဝီ..."

စကားဆုံးသည်နှင့် မုန်လဲ့ ကိုယ်ပေါ်မှ သန့်စင်သော သစ်ဓာတ် မှော်စွမ်းအင်များ ရုတ်တရက် ပန်းထွက်လာပြီး သူ့ကို အစိမ်းရောင် နေမင်းကြီး တစ်စင်းအလား ပြောင်းလဲသွားစေလေသည်။

တစ်ချိန်တည်းမှာပင် ကီလိုမီတာ အနည်းငယ် အတွင်းရှိ သစ်ဓာတ် စွမ်းအင်များက ဆွဲဆောင်ခံရကာ မုန်လဲ့ဆီသို့ အရူးအမူး စုစည်းလာကြလေသည်။

"ဖျန်း... ဖျန်း..."

ထူးဆန်းသော အသံများနှင့်အတူ မြေကြီးပေါ်ရှိ အပင်များက ကြက်သွေး ထိုးထားသကဲ့သို့ အရူးအမူး ကြီးထွားလာကြလေသည်။

၁၀ မီတာ... ၁၀၀ မီတာ... ၁၀၀၀ မီတာ...

မြေကြီးများ လှုပ်ခါသွားပြီး သစ်ပင်ကြီးများ မြင့်တက်လာလေသည်။

အသက်ရှူချိန် အနည်းငယ် အတွင်းမှာပင် ချောက်ကမ်းပါး အရှေ့ရှိ တိုက်ပွဲ မြင်ကွင်းက သစ်တောကြီး တစ်ခု အဖြစ် ပြောင်းလဲသွားပြီး မိုးထိုးနေသော သစ်ပင်ကြီးများက တိုက်ပွဲဝင် သစ်သား နဂါးများ အဖြစ် ပြောင်းလဲသွားကာ ကောင်းကင်ယံရှိ ဘာဘာရိုဆာဆီသို့ အုံလိုက်ကျင်းလိုက် ပစ်လွှတ်သွားကြလေသည်။

"ဂါး..."

ဘာဘာရိုဆာက ဒေါသတကြီး ဟိန်းဟောက်လိုက်ပြီး သစ်သား နဂါး အများအပြားကို အလွယ်တကူ ရိုက်ချိုးပစ်ကာ မုန်လဲ့ဆီသို့ မိုးကြိုး အရှိန်အဟုန်ဖြင့် ပြေးဝင်လာလေသည်။

"ဟက်ဟက် မဆိုးဘူးပဲ"

မုန်လဲ့က လှောင်ပြောင်လိုက်လေသည်။

"အရာအားလုံး ဖုံးလွှမ်းခြင်း"

"အရာအားလုံး ဖုံးလွှမ်းခြင်း"

"အရာအားလုံး ဖုံးလွှမ်းခြင်း"

"အရာအားလုံး ဖုံးလွှမ်းခြင်း"

"အရာအားလုံး ဖုံးလွှမ်းခြင်း"

"အရာအားလုံး ဖုံးလွှမ်းခြင်း"

"အရာအားလုံး ဖုံးလွှမ်းခြင်း"

"အရာအားလုံး ဖုံးလွှမ်းခြင်း"

"အရာအားလုံး ဖုံးလွှမ်းခြင်း"

တားမြစ်မှော်ပညာ နှစ်ခု ပေါင်းစပ်ထားသော ဘာဘာရိုဆာက တိုက်ခိုက်ရေး စွမ်းအား ရုတ်တရက် မြင့်တက်သွားပြီး အမြန်နှုန်းရော၊ ထိုးနှက်အားရော အဆပေါင်းများစွာ ပိုမို အစွမ်းထက်လာကြောင်း ဝန်ခံရမည် ဖြစ်လေသည်။

သို့သော် ဝမ်းနည်းစရာက သူက မုန်လဲ့နှင့် လာတွေ့နေသည်။ တားမြစ်မှော်ပညာကို ချက်ချင်း ထုတ်လွှတ်နိုင်ပြီး မှော်စွမ်းအင် ကုန်ခမ်းသွားမှာကို မကြောက်သည့် ထူးဆန်းသည့် ကောင်နှင့် တွေ့နေခြင်း ဖြစ်လေသည်။

အရာအားလုံး ဖုံးလွှမ်းခြင်း ၁၀ ကြိမ် ဆက်တိုက် ထုတ်လွှတ်လိုက်သောအခါ သစ်သား နဂါး သောင်းချီက ဘာဘာရိုဆာကို အုံလိုက်ကျင်းလိုက် ရစ်ပတ်သွားပြီး သူ့ကို လုံးဝ ဖုံးလွှမ်းသွားလေတော့သည်။

အကောင် ၅၀၀ လား။

အကောင် ၁၀၀၀ လား။

ဒါမှမဟုတ် သောင်းချီ ရှိတာလား။

ရေတွက်လို့တောင် မရပေ။

ဒါကြောင့် ဘာဘာရိုဆာ၏ ရလဒ်ကတော့ သတ်မှတ်ပြီးသား ဖြစ်သွားလေပြီ။

သစ်သား နဂါး သောင်းချီ၏ အဆက်မပြတ် ရစ်ပတ်မှု အောက်တွင် ဘာဘာရိုဆာ၏ အမြန်နှုန်းက တဖြည်းဖြည်း နှေးကွေးလာပြီး... နှေးကွေးလာလေသည်။

မုန်လဲ့ အရှေ့သို့ ရောက်သောအခါ မရေမတွက်နိုင်သော သစ်သား နဂါးများ၏ တင်းကျပ်စွာ ချည်နှောင်ခြင်းကို ခံလိုက်ရပြီး မုန်လဲ့ကို မျက်လုံးပြူးကာ ကြည့်နေရုံသာ တတ်နိုင်တော့လေသည်။

"မာဒါရာ က ဟာရှီရာမာ ကို ဘာလို့ မနိုင်တာလဲ သိလား"

"ဒါက အကြောင်းရင်းပဲ"

All Chapters