အခန်း ၁၇၈
Vol. 18 Ch. 178
အခန်း ၁၇၈။ အသက်စွမ်းအင် သစ်ပင်၊ ဖျက်ဆီးခြင်း တူ
နတ်ဘုရားသတ် ကြွက် သွေးမျိုးဆက် ကို ပေါင်းစပ်ပြီးကတည်းက မုန်လဲ့က သွေးမျိုးဆက်တွေ အပေါ် တော်တော်လေး ဇီဇာကြောင်လာပြီး သာမန် သွေးမျိုးဆက် တွေကို သူ လုံးဝ အထင်မကြီးတော့ပေ။
မီးနဂါး သွေးမျိုးဆက်ပဲ ဖြစ်ဖြစ်၊ မီးနတ်ဆိုး သွေးမျိုးဆက်ပဲ ဖြစ်ဖြစ်၊ အခုလေးတင် ပေါင်းစပ်လိုက်တဲ့ ရွှေနဂါးကြီး သွေးမျိုးဆက်ပဲ ဖြစ်ဖြစ် ဒါတွေ အားလုံးက အရသာ သိပ်မရှိတဲ့ အရာတွေပဲ ဖြစ်လေသည်။
ရွေးချယ်ခွင့်သာ ရှိမယ် ဆိုရင် သူတောင် မလိုချင်ပါဘူး။
ဒါကြောင့် အခုလေးတင် ကောက်ရလိုက်တဲ့ ရွှေအလောင်း ပိုးမွှား ဘုရင် ရဲ့ သွေးမျိုးဆက် ကိုတော့ မုန်လဲ့ ပိုပြီးတော့တောင် စိတ်မဝင်စားတော့ပါဘူး။
"သတ္တုဓာတ် နိယာမ အပိုင်းအစ ကို ပေါင်းစပ်လိုက်"
မျက်စိတစ်မှိတ် အတွင်းမှာပင် သတ္တုဓာတ် မှော်စွမ်းအင် များနဲ့ သတ္တုဓာတ် နိယာမ အကြောင်း သတင်းအချက်အလက် တွေက ခေါင်းထဲကို ဝင်ရောက်လာပြီး မုန်လဲ့ရဲ့ သတ္တု အပေါ် နားလည်မှုကို လျင်မြန်စွာ မြှင့်တင်ပေးလိုက်လေသည်။
'သတ္တု... ထက်ရှတယ်၊ မာကျောတယ်၊ သတ်ဖြတ်ခြင်းကို ကိုယ်စားပြုတယ်...'
'သတ္တု... အတွင်းမှာ သိမ်းဆည်းထားတယ်၊ ရက်စက်တယ်၊ အပြောင်းအလဲကို ကိုယ်စားပြုတယ်...'
အချိန်အတော်ကြာပြီးနောက် မုန်လဲ့က လေပူ တစ်ချက်ကို မှုတ်ထုတ်လိုက်ရာ သူ၏ သတ္တုဓာတ် နိယာမ အပေါ် နားလည်မှုက သိသာစွာ အဆင့်တက်သွားလေသည်။
"မင်းရဲ့ သတ္တုဓာတ် နိယာမ အပိုင်းအစ အတွက် ကျေးဇူးတင်ပါတယ်"
မုန်လဲ့၏ အကြည့်က ရွှေအလောင်း ပိုးမွှား ဘုရင် ဆီသို့ ရောက်သွားပြီး "မင်းကို ကျေးဇူးဆပ်တဲ့ အနေနဲ့ မင်းရဲ့ အလောင်းကို အကောင်းပကတိ အတိုင်း ထားပေးခဲ့ပါ့မယ်" ဟု ပြောလိုက်လေသည်။
"ရေခဲဓာတ် တားမြစ်မှော်ပညာ - အကြွင်းမဲ့ သုည ဒီဂရီ"
"သစ်ဓာတ် တားမြစ်မှော်ပညာ - အသက်စွမ်းအင် စီရင်ချက်"
တားမြစ်မှော်ပညာ နှစ်ခု ဆက်တိုက် ထုတ်လွှတ်လိုက်ရာ ရွှေအလောင်း ပိုးမွှား ဘုရင် မှာ ထွက်ပြေးဖို့ အခွင့်အရေးတောင် မရလိုက်ဘဲ အသက်ပါ ဆုံးရှုံးသွားလေတော့သည်။
"ရွှေအလောင်း ပိုးမွှား ဘုရင် ၁ ကောင် သတ်ဖြတ်သည့်အတွက် ရွှေဒင်္ဂါး ၁၁.၈ ဘီလီယံ ရရှိပါသည်"
အလောင်း ပြုတ်ကျလာသည်ကို မုန်လဲ့က လွယ်ကူစွာ ဖမ်းယူလိုက်ပြီး "တခြား မြင့်မြတ်သောနယ်မြေ မှော်သားရဲ တွေရဲ့ အလောင်းတွေကလည်း ဒီလို သေးငယ်နေရင် သိပ်ကောင်းမှာပဲ သိမ်းဖို့ နေရာ မရှိမှာကို စိတ်ပူစရာ မလိုတော့ဘူး..." ဟု ရေရွတ်လိုက်လေသည်။
"ဆာကက်စ် နောက်ထပ် မြင့်မြတ်သောနယ်မြေ မှော်သားရဲ ကို ရှာဖို့ ဆက်သွားမယ်"
"ဟုတ်ကဲ့ သူဌေး"
လက်များစွာ ဘီမွန် က ပြန်လည် ထွက်ခွာလာပြီး မုန်လဲ့ကတော့ ထုံးစံအတိုင်း ရရှိလာတဲ့ အကျိုးအမြတ်တွေကို ရေတွက်နေလေသည်။
ရေတွက်ကြည့်လိုက်သောအခါ...
"ပိုင်ဆိုင်မှုက ဒီလောက် အများကြီး ရုတ်တရက် တက်လာတာလား"
မုန်လဲ့ အနည်းငယ် အံ့အားသင့်သွားလေသည်။
၅၈.၆ နိယာမ အရင်းအမြစ် ကျောက်သလင်း။
ရွှေဒင်္ဂါး အဖြစ် တွက်ကြည့်မည် ဆိုလျှင် ၅၈၆ ဘီလီယံ ပင် ဖြစ်လေသည်။
'အရင်က ဘယ်လောက် ရှိတာလဲ'
'၂၂.၃ နိယာမ အရင်းအမြစ် ကျောက်သလင်း... ၂၂၃ ဘီလီယံ ရွှေဒင်္ဂါး'
'အခု... ၅၈.၆'
'၃၆.၃ နိယာမ အရင်းအမြစ် ကျောက်သလင်း တောင် တိုးလာတာလား'
'ဘုရားရေ'
'ဘယ်လိုလုပ် ရုတ်တရက်ကြီး ဒီလောက် အများကြီး တိုးလာတာလဲ'
'နေဦး ငါ တွက်ကြည့်ဦးမယ်'
'ရွှေအလောင်း ပိုးမွှား ၁ ကောင်က ရွှေဒင်္ဂါး ၁၀ သန်း... ၁၀ ကောင် ဆိုရင် ၁၀၀ သန်း'
'၃၆.၃ နိယာမ အရင်းအမြစ် ကျောက်သလင်း ဆိုတော့ ရွှေဒင်္ဂါး ၃၆၃ ဘီလီယံ နဲ့ ညီမျှတယ် အဲဒီတော့ ရွှေအလောင်း ပိုးမွှား ကောင်ရေ ၃၆,၃၀၀ ပေါ့'
'ရွှေအလောင်း ပိုးမွှား အကောင် ၃၆,၀၀၀ ကျော်က ဒီလောက် ရွှေဒင်္ဂါး အများကြီး တန်တာလား'
'ဘုရားရေ အဆင့်ကိုး မှော်သားရဲ တွေကို သတ်တာက မြင့်မြတ်သောနယ်မြေ မှော်သားရဲ တွေကို သတ်တာထက် ပိုပြီး ပိုက်ဆံ ရတာလား'
'...'
အချိန်အတော်ကြာပြီးမှသာ မုန်လဲ့က တည်ငြိမ်သွားလေသည်။
အဆင့်ကိုး မှော်သားရဲ တွေက မြင့်မြတ်သောနယ်မြေ မှော်သားရဲ တွေထက် ပိုတန်ဖိုးရှိတာ မဟုတ်ဘူး ဆိုတာကို သူ နားလည်ပါတယ်။ အခုလေးတင် သူ သတ်ခဲ့တဲ့ ရွှေအလောင်း ပိုးမွှား တွေက အရေအတွက် အရမ်း များလွန်းလို့ပဲ ဖြစ်လေသည်။
နည်းနည်းချင်းစီ စုပေါင်းပြီး အရေအတွက်နဲ့ အနိုင်ယူလိုက်တာပဲ။
ဒါကြောင့် ရွှေဒင်္ဂါး ၃၆၃ ဘီလီယံ ဆိုတဲ့ ကြီးမားတဲ့ ပိုင်ဆိုင်မှု ကို ရလာတာ ဖြစ်လေသည်။
"ခုနက ဒီတိုင်း သတ်ပစ်လိုက်တဲ့ ရွှေအလောင်း ပိုးမွှား တွေက ဒီလောက် အကျိုးအမြတ် အများကြီး ရလာလိမ့်မယ် လို့ မထင်ထားဘူး ကြည့်ရတာ ပိုက်ဆံ ရှာဖို့ ဆိုရင် အုပ်စုဖွဲ့ နေထိုင်တဲ့ မှော်သားရဲ တွေကို သတ်တာက အကောင်းဆုံးပဲ"
မုန်လဲ့က ပြတ်သားစွာ အမိန့်ပေးလိုက်လေသည်။ "ဆာကက်စ် မျိုးနွယ်စု ရှိတဲ့ မြင့်မြတ်သောနယ်မြေ မှော်သားရဲ တွေရဲ့ နယ်မြေကို အရင် သွားမယ်"
"မျိုးနွယ်စု ကြီးလေ ပိုကောင်းလေပဲ"
"ပိုအစွမ်းထက်လေ ပိုကောင်းလေပဲ"
"နားလည်လား"
"ဟုတ်ကဲ့ သူဌေး"
"ကောင်းတယ်"
မုန်လဲ့က ကျေနပ်စွာ ခေါင်းညိတ်လိုက်ပြီး ကြီးမားသော ပိုင်ဆိုင်မှု ကို ကြည့်လိုက်လေသည်။ ၅၈.၆ နိယာမ အရင်းအမြစ် ကျောက်သလင်း ဆိုတာ အရမ်း များတဲ့ ပိုက်ဆံတွေပဲ ဘယ်လို သုံးရမလဲ။
အရည်အချင်း ပြသသည့် ဇယားကွက်ကို တစ်ချက် ကြည့်လိုက်ပြီး မုန်လဲ့က ချက်ချင်း ဆုံးဖြတ်ချက် ချလိုက်လေသည်။ "စနစ် နတ်ဘုရားသတ် ကြွက် သွေးမျိုးဆက် ပေါင်းစပ်မှုကို ၁% အရင် မြှင့်တင်လိုက်"
"နတ်ဘုရားသတ် ကြွက် သွေးမျိုးဆက် ပေါင်းစပ်မှုကို ၁% မြှင့်တင်ရန် နိယာမ အရင်းအမြစ် ကျောက်သလင်း ၁၀ ခု လိုအပ်ပါသည် မြှင့်တင်မည်လား"
စနစ်၏ အေးစက်သော အသံက ထွက်ပေါ်လာလေသည်။
"မြှင့်တင်မယ်"
မုန်လဲ့၏ မျက်နှာတွင် နှမြောသည့် အမူအရာများ ထွက်ပေါ်နေသော်လည်း မြှင့်တင်ရန် အမိန့်ကို ပေးလိုက်လေသည်။ ဒီဈေးနှုန်းကို သူ အရင်ကတည်းက သိပြီးသား ဖြစ်လို့ မအံ့ဩပါဘူး။
သွေးမျိုးဆက် ပေါင်းစပ်မှုကို ၁% မြှင့်တင်ဖို့ ရွှေဒင်္ဂါး ၁၀၀ ဘီလီယံ လိုအပ်ပြီး နိယာမ နားလည်မှုကို ၁% မြှင့်တင်ဖို့ကတော့ ရွှေဒင်္ဂါး ၁၀ ဘီလီယံ သာ လိုအပ်လေသည်။
ဆိုလိုသည်မှာ ဒီရွှေဒင်္ဂါး ၁၀၀ ဘီလီယံ ကို နိယာမ နားလည်မှု မြှင့်တင်ဖို့ သုံးမယ် ဆိုရင် သူက နိယာမ တစ်ခုခုရဲ့ နားလည်မှုကို ၁၀ ရာခိုင်နှုန်း အထိ မြှင့်တင်နိုင်မှာ ဖြစ်လေသည်။
၁၀ ရာခိုင်နှုန်း တောင်နော်။
ဆယ်ပုံ တစ်ပုံ တောင် ရှိတယ်။
ဒါကို ကြည့်ရင် နတ်ဘုရားသတ် ကြွက် သွေးမျိုးဆက် ကို မြှင့်တင်ရတာ ဘယ်လောက် ဈေးကြီးလဲ ဆိုတာ သိနိုင်သည်။
ဒါပေမဲ့ မုန်လဲ့ ကတော့ တန်တယ် လို့ ထင်လေသည်။
ဘာလို့လဲဆိုတော့ နတ်ဘုရားသတ် ကြွက် သွေးမျိုးဆက် ပေါင်းစပ်မှုကို မြှင့်တင်တာက စွမ်းအား အားလုံးကို မြှင့်တင်ပေးတာ ဖြစ်ပြီး အထူးသဖြင့် အမြန်နှုန်းနဲ့ ကာကွယ်ရေး ကို မြှင့်တင်ပေးတာက ပိုပြီးတော့တောင် ကြောက်စရာ ကောင်းသေးသည်။
အန္တရာယ်တွေ ပြည့်နှက်နေတဲ့ ဒီပျောက်ဆုံးနေသော တိုက်ကြီး မှာ အမြန်နှုန်းနဲ့ ကာကွယ်ရေး ကို မြှင့်တင်ဖို့က သေချာပေါက် လိုအပ်သည်။ အထူးသဖြင့် ဘာမှန်း မသိတဲ့ နတ်သစ်ပင် ကလည်း ချောင်းမြောင်းနေတဲ့ အချိန်မှာ အမြန်နှုန်းနဲ့ ကာကွယ်ရေး က အရမ်းကို အရေးကြီးသည်။
"ရွှစ်..."
ပိုင်ဆိုင်မှုက နိယာမ အရင်းအမြစ် ကျောက်သလင်း ၁၀ ခု ချက်ချင်း လျော့ကျသွားလေသည်။
တစ်ချိန်တည်းမှာပင် အမည်းရောင်နဲ့ အစိမ်းရောင် ရောနေတဲ့ လေစီးကြောင်း တစ်ခုက သွေးကြောထဲကနေ ရုတ်တရက် ထွက်ပေါ်လာပြီး ခြေလက်တွေ၊ အကြောတွေ၊ အရေပြားတွေနဲ့ ခန္ဓာကိုယ်ရဲ့ နေရာတိုင်းကို လျင်မြန်စွာ စီးဆင်းသွားကာ မုန်လဲ့ရဲ့ ခန္ဓာကိုယ်ကို လျင်မြန်စွာ ပြုပြင်ပြောင်းလဲပြီး အားဖြည့်ပေးလိုက်လေသည်။
"လာပြန်ပြီ"
ဒီအားဖြည့်မှုက ပြင်းထန်တဲ့ နာကျင်မှုတွေနဲ့ အတူ ရောက်လာပြီး ရင်ထဲကို ထိုးစိုက်နေတဲ့ ပြင်းထန်တဲ့ နာကျင်မှုတွေက ရေလှိုင်းတွေလို မုန်လဲ့ရဲ့ အာရုံကြောတွေကို ရိုက်ခတ်နေကာ မုန်လဲ့ကို အရိုးထဲထိ နာကျင်စေပြီး အူတွေတောင် လောင်ကျွမ်းနေသလို ခံစားရစေသည်။ ဒါက အရင်တုန်းက ရွှေနဂါးကြီး သွေးမျိုးဆက်ကို ပေါင်းစပ်ခဲ့တုန်းကထက် အများကြီး ပိုပြီး ပြင်းထန်သည်။
'နာတယ်’
မုန်လဲ့က တိုးတိုးလေး ညည်းတွားလိုက်ပြီး ဆာကက်စ် ၏ အမွေးများကို ဖမ်းဆုပ်လိုက်လေသည်။ တကယ်လို့ ရမယ် ဆိုရင် သူ သတိလစ်သွားချင်သည်။
ဒါပေမဲ့ သူ့ရဲ့ စိတ်စွမ်းအင်က ဒီလောက် အဆင့်အထိ ရောက်နေပြီ ဆိုတော့ ဘယ်လိုလုပ် အလွယ်တကူ သတိလစ်သွားနိုင်မှာလဲ။
သတိလစ်လို့ မရဘူး။
သည်းခံရုံပဲ ရှိတယ်။
သည်းခံလိုက်တာပေါ့။
"သူဌေး ဘာဖြစ်လို့လဲ"
ဆာကက်စ် က မုန်လဲ့၏ ထူးဆန်းနေမှုကို သတိထားမိပြီး မနေနိုင်ဘဲ မေးလိုက်လေသည်။
"ငါ့ကို ဂရုမစိုက်နဲ့ မင်းလမ်း မင်းဆက်သွား"
မုန်လဲ့က တိုးညင်းစွာ ဟိန်းဟောက်လိုက်လေသည်။
"ဟုတ်ကဲ့"
ဘာကြောင့်မှန်း မသိပေမဲ့ မုန်လဲ့၏ ဒီဟိန်းဟောက်သံက အဆုံးမရှိသော အရှိန်အဝါတွေ ပါဝင်နေသလိုမျိုး ဆာကက်စ် ၏ ဝိညာဉ်ထဲ အထိ တုန်လှုပ်သွားစေပြီး ဆက်မမေးရဲတော့ဘဲ ခေါင်းငုံ့ကာ ဆက်သွားနေလေတော့သည်။
ဒီပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ် တစ်ခုလုံးက နာရီဝက်လောက် ကြာမှ ပြီးဆုံးသွားလေသည်။ ဖြစ်စဉ်က နာကျင်ပေမဲ့ ရလဒ်ကတော့ ဝမ်းသာစရာပါ။
နတ်ဘုရားသတ် ကြွက် သွေးမျိုးဆက် ပေါင်းစပ်မှုက ၂% အဖြစ် အောင်မြင်စွာ ပြောင်းလဲသွားလေပြီ။
ထို့အပြင် အကြီးမားဆုံး ပြောင်းလဲမှုကတော့ ခန္ဓာကိုယ်ကြံ့ခိုင်မှု ပင် ဖြစ်လေသည်။ ခန္ဓာကိုယ်ကြံ့ခိုင်မှုက နှစ်ဆ တက်သွားပြီး အံ့ဩစရာကောင်းတဲ့ ၂၄၁ ဘီလီယံ အထိ ရောက်သွားလေသည်။
အရင်က ၁၂၀ ဘီလီယံ။
အခု ၂၄၁ ဘီလီယံ။
နှစ်ဆ အတိအကျ တက်သွားတာ။
ဆိုလိုသည်မှာ နတ်ဘုရားသတ် ကြွက် သွေးမျိုးဆက် ပေါင်းစပ်မှုကို ၁% မြှင့်တင်လိုက်တာနဲ့ တစ်ပြိုင်တည်းမှာ ခန္ဓာကိုယ်ကြံ့ခိုင်မှုကလည်း ၁၂၀ ဘီလီယံ တက်သွားတာပဲ ဖြစ်လေသည်။
ဒီခန္ဓာကိုယ်ကြံ့ခိုင်မှု ၁၂၀ ဘီလီယံ ကို ငွေကြေး သုံးပြီး မြှင့်မယ် ဆိုရင် ရွှေဒင်္ဂါး ၁,၂၀၀ ဘီလီယံ လိုအပ်မှာ ဖြစ်လေသည်။
တန်တယ်။
အရမ်း တန်တယ်။
အမြန်နှုန်းနဲ့ ကာကွယ်ရေး ဆိုရင်တော့ ပြောနေစရာတောင် မလိုတော့ပါဘူး သေချာပေါက် ကြီးမားတဲ့ တိုးတက်မှုတွေ ရှိမှာပါ။
မုန်လဲ့ ရလိုက်တဲ့ အမှန်တကယ် အကျိုးအမြတ်က ရွှေဒင်္ဂါး ၁၀၀ ဘီလီယံ ထက် အများကြီး ပိုတယ် လို့ ပြောရင် ပိုမို ချဲ့ကား ပြောဆိုတာ မဟုတ်ပါဘူး။
စကားတစ်ခွန်းတည်းနဲ့ ပြောရရင်... ဒီ ရွှေဒင်္ဂါး ၁၀၀ ဘီလီယံ ကို သုံးလိုက်ရတာ အရမ်းကို တန်ပါတယ်။
"အမြတ်ထွက်ပြီ"
"ငွေကြေး သုံးပြီး အဆင့်မြှင့်တာထက် အကျိုးအမြတ် အများကြီး ပိုများတယ်"
"နောက်ကျရင် ခန္ဓာကိုယ်ကြံ့ခိုင်မှု အတွက် ငွေကြေး သုံးစရာ မလိုတော့ဘူး သုံးမယ် ဆိုရင်လည်း နတ်ဘုရားသတ် ကြွက် သွေးမျိုးဆက် ပေါင်းစပ်မှု အတွက်ပဲ သုံးမယ် ဒါက ပိုပြီး တွက်ခြေကိုက်တာ သိသာတယ်"
"ဒါပေမဲ့ လုပ်ငန်းစဉ်ကတော့ နည်းနည်း ပိုနာကျင်တယ်"
မုန်လဲ့က အသက်ပြင်းပြင်း ရှူလိုက်ပြီး ကိုယ်ပေါ်ရှိ ချွေးများနှင့် သွေးများကို အငွေ့ပျံသွားစေကာ ကိုယ်ပိုင် အရည်အချင်း ပြသသည့် ဇယားကွက်ကို ဆက်ကြည့်လိုက်လေသည်။
ပိုင်ရှင် - မုန်လဲ့
မျိုးနွယ်စု - လူသား (မီးနဂါး သွေးမျိုးဆက် ၅၂%၊ မီးနတ်ဆိုး သွေးမျိုးဆက် ၄၇%၊ ရွှေရောင် နတ်ဘုရားသတ် ပုရွက်ဆိတ် သွေးမျိုးဆက် ၁၀%၊ နတ်ဘုရားသတ် ကြွက် သွေးမျိုးဆက် ၂%၊ ရွှေနဂါးကြီး သွေးမျိုးဆက် ၅၀%)
ပိုင်ဆိုင်မှု - ၄၈.၆ နိယာမ အရင်းအမြစ် ကျောက်သလင်း
ခန္ဓာကိုယ်ကြံ့ခိုင်မှု - မြင့်မြတ်သောနယ်မြေ (၂၄၁၂၄၆၀၇၄၁၀ / ၁၀၀၀ ဘီလီယံ)
စိတ်စွမ်းအင် - မြင့်မြတ်သောနယ်မြေ (၁၀၂၈၃၁၄၈၉၆ / ၁၀၀၀ ဘီလီယံ)
မှော်စွမ်းအင် - မြင့်မြတ်သောနယ်မြေ (၁၀၂၅၈၈၈၉၅၁ / ၁၀၀၀ ဘီလီယံ)
နိယာမ နားလည်မှု - မီးဓာတ် နိယာမ (၀.၂%)၊ လေဓာတ် နိယာမ (၀.၁%)၊ မိုးကြိုးဓာတ် နိယာမ (၀.၁%)၊ သတ္တုဓာတ် နိယာမ (၀.၂%)၊ အလင်းဓာတ် နိယာမ (၀.၁%)
အခြား - အများအပြား
"စစ်မှန်တဲ့ စွမ်းအားတွေ တိုးလာပြီ"
"နောက်ထပ်ကတော့ ဂိမ်း ကစားမယ့် အချိန်ပဲ"
မုန်လဲ့က သက်တောင့်သက်သာ ရှိတဲ့ အနေအထားနဲ့ လှဲလျောင်းလိုက်ပြီး အသက်ပြင်းပြင်း ရှူကာ မျက်လုံးများကို မှိတ်လိုက်လေသည်။
"စနစ် အကန့်အသတ်မဲ့ ကောက်ယူခြင်း လုပ်ဆောင်ချက် ကို သုံးမယ်"
"အကန့်အသတ်မဲ့ ကောက်ယူခြင်း လုပ်ဆောင်ချက် ကို အသုံးပြုရန် နိယာမ အရင်းအမြစ် ကျောက်သလင်း ၁ ခု လိုအပ်ပါသည် အသုံးပြုမည်လား" စနစ်၏ အေးစက်သော အသံက ထွက်ပေါ်လာလေသည်။
"သုံးမယ် ငါ့မှာ ပိုက်ဆံတွေ အများကြီး ရှိတယ်"
"ရွှစ်..."
ပိုင်ဆိုင်မှုက နိယာမ အရင်းအမြစ် ကျောက်သလင်း ၁ ခု ချက်ချင်း လျော့ကျသွားလေသည်။
စက္ကန့် အနည်းငယ် အကြာတွင် စနစ်၏ အသိပေးသံ ထွက်ပေါ်လာလေသည်။ "ပေါင်းစပ်ခြင်း အောင်မြင်ပါသည် ပိုင်ဆိုင်မှု +ရွှေဒင်္ဂါး ၁ သန်း"
"...."
မုန်လဲ့ ကြောင်အမ်းသွားလေသည်။
"ပိုင်ဆိုင်မှု +ရွှေဒင်္ဂါး ၁ သန်း"
"ဘာသဘောလဲ"
"ငါက ရွှေဒင်္ဂါး ၁၀ ဘီလီယံ သုံးပြီးတော့ ရွှေဒင်္ဂါး ၁ သန်းပဲ ကောက်ရတာလား"
"ချီး ချီး ချီး ချီး ချီး ချီး"
"ရှုံးပြီ"
"ဒီတစ်ခါတော့ အကြီးအကျယ် ရှုံးပြီ"
"ရွှေဒင်္ဂါး ၁၀ ဘီလီယံ နဲ့ ဒါလေးပဲ ရတာလား"
"ငါ မကျေနပ်ဘူး"
"ထပ်လုပ်မယ်"
"အကန့်အသတ်မဲ့ ကောက်ယူခြင်း လုပ်ဆောင်ချက် ကို အသုံးပြုရန် နိယာမ အရင်းအမြစ် ကျောက်သလင်း ၁ ခု လိုအပ်ပါသည် အသုံးပြုမည်လား"
"သုံးမယ်"
"ရွှစ်..."
ပိုင်ဆိုင်မှုက နိယာမ အရင်းအမြစ် ကျောက်သလင်း ၁ ခု ထပ်မံ လျော့ကျသွားလေသည်။
"ဂုဏ်ယူပါတယ် ပိုင်ရှင် အသက်စွမ်းအင် သစ်ပင် ရဲ့ အကိုင်းအခက် တစ်ခု ရရှိပါသည်" စနစ်၏ အေးစက်သော အသံက ထွက်ပေါ်လာလေသည်။
"အသက်စွမ်းအင် သစ်ပင် ရဲ့... အကိုင်းအခက်"
မုန်လဲ့ အနည်းငယ် ကြောင်အမ်းသွားပြီး အလျင်စလို ထုတ်ယူ ကြည့်လိုက်ရာ တစ်မီတာခန့် ရှည်လျားသော စိမ်းလန်းနေသည့် သစ်ကိုင်း တစ်ခုက လက်ထဲတွင် ပေါ်လာလေသည်။
မျက်စိတစ်မှိတ် အတွင်းမှာပင် ကြီးမားသော အသက်စွမ်းအင် တစ်ခုက ပျံ့နှံ့လာပြီး မုန်လဲ့မှာ ချက်ချင်း လန်းဆန်းသွားကာ အရင်က ပင်ပန်းနွမ်းနယ်မှုများ အားလုံး ပျောက်ကွယ်သွားလေသည်။
"သူဌေး"
ဆာကက်စ် လည်း အာရုံခံမိပြီး ချက်ချင်း လှည့်ကြည့်လိုက်လေသည်။
"ကောင်လေး မင်း ဘယ်ကနေ ဒီလို ပစ္စည်းမျိုး ရလာတာလဲ"
အဖိုးအိုလည်း လန့်နိုးသွားပြီး ဟင်းလင်းပြင် လက်စွပ်ထဲမှ ထွက်လာကာ မုန်လဲ့ လက်ထဲရှိ အစိမ်းရောင် သစ်ကိုင်းကို အံ့ဩတကြီး ကြည့်နေလေသည်။
"ကျောင်းအုပ်ကြီး ခင်ဗျား ဒါကို သိလား"
မုန်လဲ့က မနေနိုင်ဘဲ မေးလိုက်လေသည်။
"မသိဘဲ နေမလား ဒီပစ္စည်းကိုတောင် မသိဘူး ဆိုရင် ငါ့ရဲ့ နှစ်သောင်းချီ အသက်ရှင်လာတာ အလကား ဖြစ်သွားမှာပေါ့"
အဖိုးအိုက မျက်စောင်းထိုးလိုက်ပြီး သစ်ကိုင်းကို ယူကာ မူးယစ်ဆေးစွဲနေသူ တစ်ယောက်လို အသက်ပြင်းပြင်း ရှူလိုက်ရာ မျက်နှာပေါ်တွင် မိန်းမော သာယာနေသည့် အမူအရာများ ထွက်ပေါ်လာလေသည်။
"အသက်စွမ်းအင် သစ်ပင် ရဲ့ သစ်ကိုင်းပဲ"
"အသက်စွမ်းအင် သစ်ပင် ရဲ့ သစ်ကိုင်း ဖြစ်တာ သေချာတယ်"
"ဒါက ပစ္စည်းကောင်းပဲ အံ့ဩစရာကောင်းတဲ့ အသက်စွမ်းအင်တွေ ပါဝင်တယ် သေလုမျောပါး ဖြစ်နေတဲ့ လူကိုတောင် ပြန်ရှင်လာစေနိုင်ရုံတင် မကဘူး မှော်စွမ်းအင်တွေကို ပြန်လည် ဖြည့်တင်းပေးနိုင်တဲ့ ရတနာပဲ"
"ဒီလို သစ်ကိုင်းလေး တစ်ခု ရှိနေမယ် ဆိုရင် တရားထိုင်တဲ့ အခါမှာ ပုံမှန်ထက် အဆပေါင်းများစွာ ပိုပြီး ထိရောက်ရုံတင် မကဘူး ခန္ဓာကိုယ်ထဲက မှော်စွမ်းအင်တွေ ပြန်ပြည့်တဲ့ အမြန်နှုန်းကလည်း အဆပေါင်းများစွာ မြန်ဆန်လာလိမ့်မယ်"
"ပစ္စည်းကောင်းပဲ တကယ်ကို ပစ္စည်းကောင်းပဲ"
"ဒါကို လေလံတင် ရောင်းမယ် ဆိုရင် ဘယ်လောက် ရနိုင်မလဲ"
မုန်လဲ့က အလျင်စလို မေးလိုက်လေသည်။ ဒီအရာက သူ့အတွက်တော့ သိပ်အသုံးမဝင်ပါဘူး။ တကယ်လို့ ရွှေဒင်္ဂါး အဖြစ် ပြောင်းလို့ ရမယ် ဆိုရင် ရွှေဒင်္ဂါး ၁၀ ဘီလီယံ သုံးပြီး ကောက်ယူရတာ မဆိုးဘူးလို့ ပြောလို့ရလေသည်။
"ဘာ မင်းက ဒါကို ရောင်းမလို့လား ဖြုန်းတီးတဲ့ ကောင်"
အဖိုးအိုက ချက်ချင်း ဒေါသတကြီး ဆဲဆိုလိုက်လေသည်။ "အသက်စွမ်းအင် သစ်ပင် က အယ်လ်ဖ် အင်ပါယာ ရဲ့ နတ်သစ်ပင် လေ သာမန်လူတွေ မြင်ဖို့တောင် မလွယ်ဘူး သူ့ရဲ့ သစ်ကိုင်းကို ရဖို့ ဆိုတာ ပိုပြီးတော့တောင် မဖြစ်နိုင်ဘူး"
"ဒါပေမဲ့ ဒီလို သစ်ကိုင်း သေးသေးလေး တစ်ခုကို လေလံတင် ရောင်းမယ် ဆိုရင် အနည်းဆုံး ရွှေဒင်္ဂါး ဆယ်ဘီလီယံ၊ ရာဘီလီယံ လောက်တော့ ရမှာပေါ့"
"ရွှေဒင်္ဂါး ဆယ်ဘီလီယံ၊ ရာဘီလီယံ ဟုတ်လား အင်း တော်သေးတာပေါ့ မရှုံးပါဘူး"
မုန်လဲ့က သက်ပြင်းချလိုက်ပြီး အသက်စွမ်းအင် သစ်ပင် ၏ သစ်ကိုင်းကို အလျင်စလို သိမ်းဆည်းလိုက်ကာ စနစ်ကို ဆက်သွယ်လိုက်လေသည်။
"ခွေးစနစ် မင်း ငါ့ကို ဘာတွေ ကောက်ပေးထားတာလဲ မင်းက ငါ့ရဲ့ သားလိမ္မာလေး ပါကွာ မင်းက တကယ်ကို လိမ်လည်နေတာပဲ"
"ပိုင်ရှင် အကန့်အသတ်မဲ့ ကောက်ယူခြင်း လုပ်ဆောင်ချက် က ကျပန်း ကောက်ယူတဲ့ လုပ်ဆောင်ချက် ပါ ကောက်ရတဲ့ ပစ္စည်း အကောင်းအဆိုးက အားလုံး ကျပန်းပါပဲ"
"ကျပန်း မင်းအမေစောက်ဖုတ်ပဲ"
မုန်လဲ့က ဒေါသတကြီး ပြောလိုက်လေသည်။ "ငါ့ကို ပစ္စည်းကောင်းလေး နည်းနည်းလောက် ကောက်ပေးလို့ မရဘူးလား အနည်းဆုံးတော့ ငါ့ကို သိပ်မရှုံးစေနဲ့လေ တစ်ခါ ကောက်ရင် ရွှေဒင်္ဂါး ၁၀ ဘီလီယံ တောင် ပေးရတာ တန်ဖိုးက အရမ်း ကြီးတယ်"
"ထားလိုက်တော့ ငါ မကောက်တော့ဘူး တကယ်ကို လိမ်လည်နေတာပဲ"
"ဒါပေမဲ့... အရမ်း နှမြောဖို့ ကောင်းတာပဲ နှစ်ခါ ကောက်တာတောင် ပစ္စည်းကောင်း တစ်ခုမှ မရဘူးဆိုတော့ တကယ်ကို နှမြောစရာပဲ"
"ဒါဆို... နောက်တစ်ခါ ထပ်ကောက်ကြည့်မလား"
"အင်း နောက်ဆုံး တစ်ခါပဲ"
"စနစ် နောက်တစ်ခါ ထပ်လုပ်မယ်"
"အကန့်အသတ်မဲ့ ကောက်ယူခြင်း လုပ်ဆောင်ချက် ကို အသုံးပြုရန် နိယာမ အရင်းအမြစ် ကျောက်သလင်း ၁ ခု လိုအပ်ပါသည် အသုံးပြုမည်လား"
"စကားများမနေနဲ့ နောက်ဆုံး တစ်ခါ သုံးမယ်"
"ရွှစ်..."
ပိုင်ဆိုင်မှုက နိယာမ အရင်းအမြစ် ကျောက်သလင်း ၁ ခု ထပ်မံ လျော့ကျသွားလေသည်။
"ငါ့ကို ထပ်မလိမ်နဲ့တော့နော်"
"အမှိုက်တွေ ထပ်ရရင် ငါ သောင်းကျန်းတော့မယ်"
"ဂုဏ်ယူပါတယ် ပိုင်ရှင် ဖျက်ဆီးခြင်း တူ ရရှိပါသည်"