← Chapters

အခန်း ၁၈၅

Vol. 19 Ch. 185

အခန်း ၁၈၅

Vol. 19 Ch. 185

အခန်း ၁၈၅။ အာရှာဘဲလ်၊ ဧရာမနဂါး အဖြစ် ပြောင်းလဲခြင်း

"ဂါး..."

လူခြောက်ယောက် ဝိုင်းဝန်း တိုက်ခိုက်ခြင်းကို ခံနေရသည့် အရှည် မီတာ ၅၀ ခန့် ရှိသော ရွှေနဂါးကြီးက အဆက်မပြတ် ဟိန်းဟောက်နေပြီး ထက်ရှသော သွားများဖြင့် ကိုက်ဖြတ်ခြင်း၊ နဂါးမီးတောက်များ မှုတ်ထုတ်ခြင်း၊ ချွန်ထက်သော လက်သည်းများဖြင့် ရိုက်ချခြင်း တို့ကို ပြုလုပ်ကာ နဂါးအရှိန်အဝါများ ပြည့်နှက်နေပြီး အလွန် ကြမ်းတမ်းလှပေသည်။

သို့သော် ဝိုင်းဝန်း တိုက်ခိုက်နေသူ ခြောက်ယောက်ကလည်း သာမန် မဟုတ်ပေ။ စွမ်းအား ကြောက်စရာ ကောင်းရုံသာမက အချင်းချင်း ပူးပေါင်းဆောင်ရွက်မှုကလည်း အလွန် ကောင်းမွန်သဖြင့် ရွှေနဂါးကြီးကို အသာစီးရကာ တိုက်ခိုက်နေလေသည်။

"မင်းသမီးလေး ရွှေရောင် သစ်သီးကို ပေးလိုက်စမ်း"

"မင်းသာ သစ်သီးကို ပေးလိုက်ရင် မင်းကို ငါတို့ ဒုက္ခမပေးဘူး"

"မင်းသမီးလေး မင်းက မြင့်မြတ်သောနယ်မြေကို ရောက်နေပြီ ဆိုတော့ သစ်သီးက မင်းအတွက် အသုံးမဝင်တော့ဘူး မင်းသာ ရွှေရောင် သစ်သီးကို ပေးလိုက်ရင် ငါတို့ ချက်ချင်းပဲ..."

လူခြောက်ယောက်က တိုက်ခိုက်နေရင်း စကားများဖြင့်လည်း ဖိအားပေးနေကြလေသည်။ အမှန်အတိုင်း ပြောရလျှင် သူတို့ အလွန် ဖိအားများနေကြသည်။ မည်သို့ပင် ဆိုစေကာမူ သူတို့ အရှေ့ရှိ ရွှေနဂါးကြီးမှာ အင်ပါယာ၏ မင်းသမီး ပင် ဖြစ်လေသည်။

ဤဖလှယ်ရေးပြိုင်ပွဲသာ မဟုတ်ခဲ့လျှင်၊ ရွှေရောင် သစ်သီးကသာ အဲဒီလောက် အရေးမကြီးခဲ့လျှင် သူတို့ မည်မျှပင် သတ္တိကောင်းနေပါစေ အင်ပါယာ၏ မင်းသမီးကို ဝိုင်းဝန်း တိုက်ခိုက်ရဲမည် မဟုတ်ပေ။

"ဂါး..."

ရွှေနဂါးကြီးက ကောင်းကင်ကို မော့ကာ ဟိန်းဟောက်လိုက်ပြီး ဘာမှ ပြန်မပြောဘဲ ပါးစပ်မှ ရွှေရောင် နဂါးမီးတောက်များကို မှုတ်ထုတ်ကာ ဝိုင်းဝန်း တိုက်ခိုက်နေသူ ခြောက်ယောက်ကို အရူးအမူး တိုက်ခိုက်လေသည်။

ထိုအခြေအနေကို မြင်သောအခါ လူခြောက်ယောက်၏ မျက်နှာများ အေးစက်သွားလေသည်။

"မင်းသမီးလေး မင်းက ဒီလောက်တောင် ခေါင်းမာနေမှတော့ ငါတို့ ရိုင်းစိုင်းတာကို အပြစ်မတင်နဲ့တော့"

"လုပ်ကြ"

"သူမကို အရင် ဖမ်းချုပ်လိုက်"

"သစ်သီးက ငါတို့ဟာပဲ"

"သတ်"

ဝိုင်းဝန်း တိုက်ခိုက်သူ ခြောက်ယောက်က စွမ်းအားများကို ထပ်မံ ဖုံးကွယ်မထားတော့ဘဲ အစွမ်းထက်ဆုံး တိုက်ခိုက်မှုများကို ထုတ်လွှတ်လိုက်ရာ တိုက်ခိုက်နိုင်စွမ်းက အရင်ကထက် အဆပေါင်းများစွာ မြင့်တက်သွားလေသည်။

ဤတစ်ကြိမ်တွင်တော့ ရွှေနဂါးကြီးမှာ တောင့်မခံနိုင်တော့ဘဲ ဘယ်ညာ ကာကွယ်နေရပြီး အန္တရာယ်များ ဝိုင်းရံနေလေသည်။

နောက်ဆုံးတွင်တော့ မရေမတွက်နိုင်သော အစိမ်းရောင် နွယ်ပင်များ၏ တင်းကျပ်စွာ ချည်နှောင်ခြင်းကို ခံလိုက်ရပြီး လှုပ်ရှား၍ မရတော့ပေ။

"မင်းသမီးလေး ခွင့်လွှတ်ပါ"

"ဂျက်စမင်... သွား သူမရဲ့ ဟင်းလင်းပြင် လက်စွပ်ကို ယူလိုက်"

"အင်း"

အမျိုးသမီး အဖွဲ့ဝင် တစ်ယောက်က အလျင်စလို ထိုင်ချလိုက်ပြီး ရွှေနဂါးကြီး ကိုယ်ပေါ်တွင် ရှာဖွေလိုက်ရာ မကြာခင်မှာပင် ဟင်းလင်းပြင် လက်စွပ် ၂ ကွင်းကို ရှာတွေ့သွားလေသည်။

"ဆုတ်မယ်"

လူခြောက်ယောက်က ဝမ်းသာအားရဖြင့် ဆုတ်ခွာရန် ပြင်လိုက်ကြလေသည်။

"လူကို ရိုက်ပြီး ထွက်ပြေးချင်တာလား... လောကကြီးမှာ ဒီလောက် လွယ်တဲ့ ကိစ္စမျိုး ရှိလို့လား"

ထိုအချိန်တွင် အေးစက်သော အသံတစ်ခု ထွက်ပေါ်လာရာ လူခြောက်ယောက်၏ မျက်နှာများ ချက်ချင်း ပြောင်းလဲသွားပြီး ကာကွယ်ရေး အနေအထားကို အမြန်ဆုံး ယူလိုက်ကြလေသည်။

၎င်းတို့ထဲမှ ခန္ဓာကိုယ် ကြီးမားပြီး ဓားကြီး တစ်လက်ကို ကိုင်ဆောင်ထားသော နဂါးနက် လူသားကြီးက "ခိုးကြောင်ခိုးဝှက်နဲ့ ဘာလုပ်ချင်တာလဲ... သတ္တိရှိရင် ထွက်လာခဲ့စမ်း" ဟု ကျယ်လောင်စွာ အော်ဟစ်လိုက်လေသည်။

"အစွမ်းအစကတော့ သိပ်မရှိဘူး... စကားကတော့ အကြီးကြီး ပြောနေတယ်"

လူငယ် တစ်ယောက်က ကောင်းကင်မှ ဆင်းသက်လာပြီး သစ်ရွက်လေး တစ်ရွက်အလား ပေါ့ပါးစွာ မြေကြီးပေါ်သို့ ရပ်လိုက်ကာ လူခြောက်ယောက်ကို တည်ငြိမ်စွာ စိုက်ကြည့်နေလေသည်။

"မင်းက ဘယ်သူလဲ"

ဝိုင်းဝန်း တိုက်ခိုက်သူ ခြောက်ယောက် အနည်းငယ် ကြောင်အမ်းသွားကြလေသည်။ ရောက်လာသူက ဤမျှ ငယ်ရွယ်လိမ့်မည်ဟု သူတို့ မထင်ထားခဲ့ကြပေ၊ သို့သော် သူတို့ သတိမလွတ်ကြပေ။

ဖလှယ်ရေးပြိုင်ပွဲက ရက်ပေါင်းများစွာ ကြာနေပြီ ဖြစ်ပြီး အခု အချိန်အထိ အသက်ရှင် ကျန်ရစ်နေတဲ့ ပြိုင်ပွဲဝင်တွေ ထဲမှာ ဘယ်သူကများ အစွမ်းမထက်ဘဲ နေမလဲ။ အားနည်းတဲ့ သူတွေ အစောကြီး ကတည်းက ပြုတ်သွားပြီလေ။

"သူပဲ"

တစ်ချိန်တည်းမှာပင် မြေကြီးပေါ်တွင် နွယ်ပင်များဖြင့် ချည်နှောင်ခံထားရသော ရွှေနဂါးကြီးမှာ တစ်ကိုယ်လုံး တုန်ခါသွားပြီး လူငယ်လေးကို ယုံကြည်နိုင်စရာ မရှိအောင် စိုက်ကြည့်နေလေသည်။

"ငါ ဘယ်သူလဲ ဆိုတာ အရေးမကြီးဘူး"

ဤလူငယ်လေးမှာ အခြား မဟုတ်ဘဲ မုန်လဲ့ ပင် ဖြစ်လေသည်။ သူက တည်ငြိမ်စွာဖြင့် "အရေးကြီးတာက မင်းတို့ ငါ ဘာလုပ်ချင်တယ် ဆိုတာ သိသင့်တယ်... ဒါကြောင့် ဘယ်လို လုပ်ရမလဲ ဆိုတာ ငါ ထပ်ပြောစရာ မလိုတော့ဘူး မဟုတ်လား" ဟု ပြောလိုက်လေသည်။

"ငါတို့ရဲ့ မှော်အမြုတေကို လုချင်တာလား"

"မင်းမှာ အစွမ်းအစ ရှိမရှိ ကြည့်ရသေးတာပေါ့"

လူခြောက်ယောက်က လှောင်ပြောင်လိုက်ပြီး ကိုယ်ပေါ်မှ အရှိန်အဝါများ ပေါက်ကွဲထွက်လာကာ တိုက်ခိုက်ရန် ပြင်ဆင်လိုက်ကြလေသည်။ သူတို့မှာ လူခြောက်ယောက်တောင် ရှိနေသဖြင့် မုန်လဲ့ကို မကြောက်ရွံ့ကြပေ။

"ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းတယ်"

မုန်လဲ့က ဖြည်းညင်းစွာ ခေါင်းခါလိုက်ပြီး လေဟာနယ်ကို လှမ်းဆွဲလိုက်ရာ သစ်ရွက် ၆ ရွက်က လက်ထဲသို့ ရောက်လာလေသည်။ သစ်ရွက်များကို ကိုင်ကာ ညင်သာစွာ ခါယမ်းလိုက်ပြီး "သွား" ဟု ပြောလိုက်လေသည်။

ပေါ့ပါးသော သစ်ရွက်များက အလွန် ထက်ရှသွားပြီး လေထုကို ဖောက်ထွင်းကာ စူးရှသော အသံများနှင့်အတူ ဝိုင်းဝန်း တိုက်ခိုက်သူ ခြောက်ယောက်ဆီသို့ တည့်မတ်စွာ ပစ်လွှတ်သွားလေသည်။

"သစ်ရွက်လေး နည်းနည်းနဲ့ ငါတို့ကို အနိုင်ယူချင်တာလား"

"အရမ်း အထင်သေးလွန်းတယ်"

လူခြောက်ယောက် အလွန် ဒေါသထွက်သွားပြီး စော်ကားခံရသလို ခံစားလိုက်ရလေသည်။ သူတို့ရဲ့ စွမ်းအားက ဘယ်လောက်တောင် အစွမ်းထက်နေတာကို ပန်းပွင့်လေးတွေ၊ သစ်ရွက်လေးတွေနဲ့ သူတို့ကို အနိုင်ယူချင်တယ် ဟုတ်လား။

ဒါက လုံးဝ စော်ကားတာပဲ။

သို့သော် သစ်ရွက်များ၏ အမြန်နှုန်းက သူတို့ ထင်ထားသည်ထက် ပိုမြန်နေပြီး သူတို့ တုံ့ပြန်ရန် အချိန်မရလိုက်ခင်မှာပင် သစ်ရွက်များက သူတို့၏ လည်ပင်းများကို ဖြတ်သန်းသွားလေသည်။

ပြင်းထန်သော နာကျင်မှု တစ်ခု ထွက်ပေါ်လာလေသည်။

လူခြောက်ယောက်က လက်ဖြင့် စမ်းကြည့်လိုက်ရာ သွေးများ ပြည့်နှက်နေသည်ကို တွေ့လိုက်ရလေသည်။

"ဒါ..."

လူခြောက်ယောက် အလွန် အံ့ဩထိတ်လန့်သွားပြီး မုန်လဲ့ကို ကြောက်လန့်တကြား ကြည့်လိုက်ရာ မုန်လဲ့က ပျောက်ကွယ်သွားပြီ ဖြစ်ပြီး ဘယ်ရောက်သွားမှန်း မသိတော့ကြောင်း တွေ့လိုက်ရလေသည်။

ထို့နောက် တုံးတိတိ အသံတစ်ခု ထွက်ပေါ်လာလေသည်။

"ရွှစ်..."

မုန်လဲ့က မူလ နေရာသို့ အေးဆေးစွာ ပြန်ရောက်လာပြီး ဝိုင်းဝန်း တိုက်ခိုက်သူ ခြောက်ယောက်မှာ မြေကြီးပေါ်တွင် လဲကျနေကာ တချို့က ဗိုက်ကို ဖက်ထားပြီး၊ တချို့က လက်မောင်းကို ဖက်ထားကာ၊ တချို့က ခေါင်းကို ဖက်ထားပြီး...

နာကျင်စွာ အော်ဟစ် ညည်းတွားနေကြလေသည်။

ခုနက အရှိန်အဝါတွေ ဘယ်ရောက်သွားပြီလဲ။

"အမှိုက်တွေ"

မုန်လဲ့က ခေါင်းခါလိုက်ပြီး စုတ်ပြတ်သတ်နေသော ဤလူခြောက်ယောက်ကို ဂရုမစိုက်တော့ဘဲ ရွှေနဂါးကြီးဆီသို့ လျှောက်သွားလေသည်။

ရွှေနဂါးကြီးက ဘာဘာရိုဆာ မင်းသားထက် အရွယ်အစား အနည်းငယ် ပိုသေးငယ်သော်လည်း ဧရာမ သတ္တဝါကြီး တစ်ကောင် ဖြစ်နေဆဲပင်။ မုန်လဲ့က သူမ အရှေ့တွင် ရပ်နေသည့် အခါ သေးငယ်သော ပုရွက်ဆိတ်လေး တစ်ကောင်အလား ဖြစ်နေလေသည်။

"ဒီအရှိန်အဝါ... သေချာတယ်"

မုန်လဲ့က ရွှေနဂါးကြီးကို ကြည့်ပြီး မျက်နှာပေါ်တွင် အပြုံးများ ထွက်ပေါ်လာကာ "မင်း ဘာတွေ ကြုံခဲ့ရပြီး ရုတ်တရက် မြင့်မြတ်သောနယ်မြေ ဖြစ်သွားလဲ ဆိုတာ မသိပေမဲ့ ငါ့ရဲ့ ခံစားချက်က မမှားနိုင်ဘူး" ဟု ပြောလိုက်လေသည်။

"အာဘေး... မတွေ့ရတာ ကြာပြီ"

ထိုသို့ပြောရင်း လေဓားများ ပစ်လွှတ်လိုက်ကာ ရွှေနဂါးကြီး ကိုယ်ပေါ်တွင် ချည်နှောင်ထားသော နွယ်ပင် အမြောက်အမြားကို ဖြတ်တောက်လိုက်လေသည်။

ရွှေနဂါးကြီး၏ ခန္ဓာကိုယ် တုန်ခါသွားပြီး နဂါးမျက်လုံးများထဲတွင် ရှုပ်ထွေးသော အမူအရာများ ဖြတ်သန်းသွားကာ ခန္ဓာကိုယ် လျင်မြန်စွာ ကျုံ့ဝင်သွားပြီး မကြာခင်မှာပင် လူပုံစံ အဖြစ် ပြန်လည် ပြောင်းလဲသွားလေသည်။

မုန်လဲ့ ချက်ချင်း ကြောင်အမ်းသွားလေသည်။

အရပ်ရှည်ပြီး သွယ်လျသော ခန္ဓာကိုယ်၊ ကြည်လင် တောက်ပသော အသားအရေ။

လှပပြီး သပ်ရပ်သော မျက်နှာ၊ ကြယ်ရောင်အလား တောက်ပသော မျက်လုံးများ။

မြင့်မြတ်ပြီး ခန့်ညားသော နဂါးဦးချိုများ၊ ရင်ကို အေးမြသွားစေသော ကိုယ်သင်းနံ့။

ဒါက အသက်ရှူမှားလောက်အောင် လှပတဲ့ မျက်နှာလေး တစ်ခုပဲ။

ဒါက လူတွေကို စိတ်မထိန်းနိုင်အောင် လုပ်နိုင်တဲ့ ဆွဲဆောင်မှု ရှိတဲ့ မိန်းမလှလေး တစ်ယောက်ပဲ။

မုန်လဲ့က အရင်ဘဝ တုန်းက သဘာဝ အတိုင်း လှတဲ့ သူတွေ၊ ဓာတ်ပုံ ပြင်ထားတဲ့ သူတွေ၊ ခွဲစိတ် ပြုပြင်ထားတဲ့ သူတွေ အများကြီး တွေ့ဖူးပေမဲ့ အခု သူ့ရှေ့က အမျိုးသမီးနဲ့ ယှဉ်နိုင်တဲ့ သူ တစ်ယောက်မှ မရှိဘူးလို့ ရဲရဲကြီး ပြောရဲပါတယ်။

သူမက ဒဏ္ဍာရီ ပုံပြင်တွေထဲက ထွက်လာတဲ့ မြင့်မြတ်တဲ့ နတ်သမီးလေး လိုပဲ ဖြူစင်တယ်၊ အပြစ်ကင်းတယ်၊ မြင့်မြတ်တယ်... ပြီးတော့ လှပတယ်။

စကားတစ်ခွန်းတည်းနဲ့ ပြောရရင်... အရမ်း လှတယ်။

"မင်း... မင်းက အာဘေး မဟုတ်ဘူးလား"

မုန်လဲ့ တံတွေး မြိုချလိုက်လေသည်။ အာဘေးက ယောက်ျားလေး လေ။

"ငါ့နာမည် အာရှာဘဲလ် ပါ"

အမျိုးသမီးက နှုတ်ခမ်းကို ဖွင့်လိုက်ရာ သူမ၏ အသံက အနည်းငယ် အေးစက်နေလေသည်။

"အာဘေးရဲ့ အသံပဲ"

မုန်လဲ့ အနည်းငယ် ကြောင်အမ်းသွားပြီး "မင်းက တကယ် ဘယ်သူလဲ" ဟု မေးလိုက်လေသည်။

"ငါက အာဘေး ပဲ"

အာဘေးက သက်ပြင်းချလိုက်ပြီး "မုန်လဲ့... မတွေ့ရတာ ကြာပြီ" ဟု ပြောလိုက်လေသည်။

"မင်းက တကယ် အာဘေး လား... ဒါပေမဲ့ အာဘေး က ယောက်ျားလေး လေ" မုန်လဲ့ ပိုပြီး ကြောင်အမ်းသွားလေသည်။ "ပြီးတော့ မင်းရဲ့ ရုပ်ကလည်း မတူဘူး"

"မင်းက တကယ်ပဲ..."

အာဘေး အနည်းငယ် စကားမပြောနိုင်တော့ဘဲ အစိမ်းရောင် ကျောက်မျက်ရတနာ ဆွဲကြိုး တစ်ခုကို ထုတ်ယူလိုက်လေသည်။ နောက်တစ်စက္ကန့်တွင် အံ့ဩစရာကောင်းသည့် အရာတစ်ခု ဖြစ်ပေါ်လာလေသည်။

အရေပြား ပေါ်တွင် ပါးလွှာသော ရေခိုးရေငွေ့များ ထွက်ပေါ်လာပြီး မူလက လှပသော မျက်နှာလေးက သာမန် မျက်နှာလေး တစ်ခု အဖြစ် ပြောင်းလဲသွားလေသည်။

မုန်လဲ့က ဒီမျက်နှာကို အရမ်း ရင်းနှီးနေပြီး ဒါက အာဘေးရဲ့ မျက်နှာပဲ ဖြစ်လေသည်။

"တကယ်ပဲ အာဘေး ဖြစ်နေတာကိုး"

မုန်လဲ့ လုံးဝ စကားမပြောနိုင်တော့ပေ။ "မင်း အရင်က ယောက်ျားလေးလေ၊ ဘာလို့ ရုတ်တရက် မိန်းကလေး ဖြစ်သွားရတာလဲ... ဘယ်ဟာက တကယ့် မင်း အစစ်လဲ"

"ငါက မိန်းကလေး ပါ"

အာဘေးက တိုးညင်းစွာ ရှင်းပြလိုက်လေသည်။ "အရင်က မီးနဂါး အကယ်ဒမီမှာ ပညာသင်တုန်းက မလိုအပ်တဲ့ ပြဿနာတွေ မဖြစ်ရအောင် ယောက်ျားလေးလို ဝတ်ဆင်ထားခဲ့တာပါ"

"ကောင်းပါပြီ... ငါ့အပေါ် ဘာလို့ အဲဒီလောက် အေးစက်နေလဲ ဆိုတာ အခုမှ သိတော့တယ် မိန်းကလေး ဖြစ်နေလို့ကိုး"

မုန်လဲ့ ခေါင်းခါလိုက်ပြီး ဆက်ပြောလိုက်လေသည်။ "မင်းက ရွှေရောင် နဂါးလူသား ပဲ၊ ရွှေနဂါးကြီး သွေးမျိုးဆက်ကိုလည်း ဒီလောက် အဆင့်အထိ ရောက်အောင် လေ့ကျင့်နိုင်တာ ဆိုတော့... အင်ပါယာရဲ့ မင်းသမီး ဖြစ်ရမယ်"

အာဘေးက ခဏတဖြုတ် တိတ်ဆိတ်သွားပြီးနောက် ခေါင်းညိတ်ကာ "ငါ့အဆင့်က တစ်ထောင့်တစ် ပါ ငါက ခမည်းတော်ရဲ့ တစ်ထောင့်တစ် ယောက်မြောက် သားသမီး ပါ" ဟု ပြောလိုက်လေသည်။

"တစ်ထောင့်... တစ်ထောင့်တစ်... မင်းသမီး"

မုန်လဲ့ မနေနိုင်ဘဲ အသက်ရှူအောင့်လိုက်လေသည်။ "ဧကရာဇ်က တကယ်ကို မွေးနိုင်တာပဲ၊ မင်းအတွက် မောင်နှမတွေ ဒီလောက် အများကြီးတောင် မွေးပေးထားတာ"

"မောင်နှမတွေ ဟုတ်လား"

အာဘေးက ကိုယ့်ကိုယ်ကိုယ် လှောင်ပြောင်သလို ရယ်မောလိုက်ပြီး ဘာမှ ဆက်မပြောတော့ပေ။

"ဒါပေမဲ့ မင်းလည်း တကယ် ဟန်ဆောင် ကောင်းတာပဲ၊ ငါတို့က အခန်းဖော်တွေ အဖြစ် ခြောက်လလောက် အပေါ်ထပ် အောက်ထပ် နေခဲ့တာ စကား သိပ်မပြောဖြစ်ပေမဲ့ မင်းက မိန်းကလေး ဆိုတာကို ငါ တကယ် သတိမထားမိခဲ့ဘူး... မင်းက မင်းသမီး ဆိုတာကို ပိုပြီးတော့တောင် မသိခဲ့ဘူး"

မုန်လဲ့က သက်ပြင်းချလိုက်လေသည်။ "တကယ်လို့ မင်းက မင်းသမီးမှန်း ငါ စောစော ကတည်းက သိခဲ့ရင် မင်းကို သေချာပေါက် ဖားထားမှာပဲ"

"ဖားမယ် ဟုတ်လား၊ ငါ ယုံမယ် ထင်နေလား"

အာဘေးက မျက်စောင်းထိုးလိုက်ပြီး "မင်းက လေ့ကျင့်ဖို့ပဲ စိတ်ဝင်စားတာ... ငါက မင်းသမီးမှန်း သိရင်တောင် မင်းက ငါ့ကို ဂရုစိုက်မှာ မဟုတ်ဘူး" ဟု ပြောလိုက်လေသည်။

"ဟားဟား ဒါက..."

မုန်လဲ့က စကားလွှဲလိုက်ပြီး "ဒါနဲ့ ငါ မှတ်မိတာ မမှားဘူး ဆိုရင် လွန်ခဲ့တဲ့ လအနည်းငယ် တုန်းက မင်းက အဆင့်ခုနစ် စစ်သည်တော် ပဲ ရှိသေးတာ... ဘာလို့ အခု..." ဟု မေးလိုက်လေသည်။

လွန်ခဲ့တဲ့ နှစ်လ၊ သုံးလ လောက်ကပဲ အာဘေးက ရွှေရောင် နဂါးလူသား အဖြစ် ပြောင်းလဲပြီးနောက် အဆင့်ခုနစ် စစ်သည်တော် အဆင့်ပဲ ရှိသေးပြီး လူတစ်ပိုင်း ဧရာမလူသား အချို့ရဲ့ ပြင်းပြင်းထန်ထန် ရိုက်နှက်တာကို ခံခဲ့ရသေးတယ်လေ၊ သူသာ ဝင်မကူရင် သူမ သေတာ ကြာလှပြီ။

အခုတော့။

ဧရာမနဂါး အဖြစ် ပြောင်းလဲနိုင်နေပြီ။

မြင့်မြတ်သောနယ်မြေ အရှိန်အဝါတွေလည်း ထွက်နေပြီ။

အဆင့်ခုနစ်။

မြင့်မြတ်သောနယ်မြေ။

ရှေ့နောက် အပြောင်းအလဲက အရမ်း ကြီးမားလွန်းနေပြီ။

ဒါက မုန်လဲ့ လိမ်လည်ပြီး အဆင့်မြှင့်တာထက်တောင် ပိုပြီး အံ့ဩစရာ ကောင်းနေသေးတယ်။

"ငါ နဂါးပြောင်းလဲခြင်း ရေကန်ကို သွားခဲ့တယ်"

အာဘေးက အနည်းငယ်သာ ပြောလိုက်ပြီး "နဂါးပြောင်းလဲခြင်း ရေကန်" ဆိုသည့် စကားလုံး သုံးလုံးကို ပြောပြီးနောက် ဘာမှ ဆက်မပြောတော့ပေ။

မုန်လဲ့က အဖိုးအိုကိုသာ မေးလိုက်ရလေသည်။ "ကျောင်းအုပ်ကြီး... နဂါးပြောင်းလဲခြင်း ရေကန် ဆိုတာ ဘာလဲ"

"နဂါးပြောင်းလဲခြင်း ရေကန်က နဂါးမျိုးနွယ်စုရဲ့ အရေးကြီးတဲ့ နေရာပဲ"

အဖိုးအိုက ရှင်းပြလိုက်လေသည်။ "အဲဒီထဲမှာ သန့်စင်တဲ့ ရှေးဟောင်း နဂါး သွေး အနှစ်သာရတွေ ပါဝင်တယ်၊ နဂါးလူသားတွေ အဲဒီထဲ ဝင်ပြီး လေ့ကျင့်ရင် ခန္ဓာကိုယ်ထဲက နဂါး သွေးမျိုးဆက်တွေကို အများကြီး သန့်စင်သွားစေနိုင်ပြီး နဂါး အဖြစ် ပြောင်းလဲသွားစေနိုင်တယ်... ဒါပေမဲ့..."

"ဒါပေမဲ့ ဘာဖြစ်လဲ"

မုန်လဲ့က အလျင်စလို မေးလိုက်လေသည်။

"ပုံမှန် အားဖြင့်တော့ မြင့်မြတ်သောနယ်မြေကို ရောက်နေတဲ့ နဂါးလူသားတွေပဲ နဂါးပြောင်းလဲခြင်း ရေကန်ကို ဝင်ခွင့် ရှိတာ၊ မြင့်မြတ်သောနယ်မြေ အောက် အဆင့် ဆိုရင် ဧကရာဇ်ရဲ့ သားသမီးတွေတောင် နဂါးပြောင်းလဲခြင်း ရေကန်ကို ဝင်ဖို့ အရမ်း ခဲယဉ်းတယ်"

အဖိုးအို အနည်းငယ် သံသယဖြစ်သွားလေသည်။ "ဒါက နဂါးမျိုးနွယ်စုက နှမြောလို့ မဟုတ်ဘူး၊ နဂါးပြောင်းလဲခြင်း ရေကန်ထဲမှာ အရမ်း အန္တရာယ် များလို့ပဲ၊ မြင့်မြတ်သောနယ်မြေ အောက် အဆင့် နဂါးလူသားတွေက ရှေးဟောင်း နဂါး သွေး အနှစ်သာရတွေရဲ့ ရိုက်ခတ်မှုကို လုံးဝ မခံနိုင်ဘူး၊ ဒီကောင်မလေး ဘယ်လိုများ ခံနိုင်ရည် ရှိသွားလဲ မသိဘူး"

မုန်လဲ့ အံ့ဩသွားပြီး အာဘေးကို အဓိပ္ပာယ် ပါပါ ကြည့်လိုက်လေသည်။

"ဘာဖြစ်လို့လဲ"

အာဘေးက အနည်းငယ် သံသယဖြစ်စွာ မေးလိုက်လေသည်။

"ဒီနှစ်လ အတွင်းမှာ မင်း တော်တော်များများ ကြုံခဲ့ရမှာပဲ... ဒါပေမဲ့ ကံကောင်းတာက နောက်ဆုံးတော့ ဖြတ်ကျော်လာနိုင်ခဲ့ပြီ"

မုန်လဲ့က ခေါင်းခါလိုက်ပြီး "ထားလိုက်တော့... ဒါတွေ မပြောတော့ဘူး၊ မင်း နောက်ထပ် ဘယ်သွားမလို့လဲ... ငါနဲ့ အတူတူ ပြန်ဆုတ်မလား" ဟု မေးလိုက်လေသည်။

"ဟင့်အင်း... ငါ နတ်သစ်ပင် သစ်သီးတွေကို ဆက်ရှာဦးမယ်... တကယ်လို့ ရမယ် ဆိုရင် ငါ အဲဒီ အသက်စွမ်းအင် မိခင်သစ်ပင်ကို ရှာပြီး သူ့ကို သတ်ကာ သူ့ဆီက သစ်သီးတွေ အားလုံးကို လုယူမယ်"

အာဘေး၏ မျက်လုံးများ အရောင်လက်သွားလေသည်။

"မင်းက မြင့်မြတ်သောနယ်မြေကို ရောက်နေပြီလေ ဘာလို့ နတ်သစ်ပင် သစ်သီးကို ဒီလောက်တောင် လိုချင်နေရတာလဲ" မုန်လဲ့ လန့်သွားလေသည်။

"ဘာလို့လဲဆိုတော့ ရွှေရောင် သစ်သီးက ငါ့အတွက် အရမ်း အသုံးဝင်လို့ပဲ"

အာဘေးက တိုးညင်းစွာ ပြောလိုက်လေသည်။ "ဒီတိုက်ကြီးကို မလာခင် တုန်းက ငါက အဆင့်ကိုး အထွတ်အထိပ်ပဲ ရှိသေးတယ် ရွှေနဂါးကြီး အဖြစ်လည်း မပြောင်းလဲနိုင်သေးဘူး"

"ဒါပေမဲ့ ငါ နတ်သစ်ပင် သစ်သီး တစ်လုံးကို မှားစားမိသွားတဲ့ အခါမှာတော့ မြင့်မြတ်သောနယ်မြေကို အောင်မြင်စွာ ရောက်ရှိသွားရုံတင် မကဘူး ခန္ဓာကိုယ်ထဲက ရွှေနဂါးကြီး သွေးမျိုးဆက်ကလည်း အများကြီး သန့်စင်သွားတယ်"

"ဒါကြောင့် ရွှေရောင် သစ်သီးက ငါ့အတွက် အရမ်း အသုံးဝင်တယ် ဆိုတာ ငါ သိတယ်... တကယ်လို့ ငါ ရွှေရောင် သစ်သီးတွေကို ပိုပြီး စားနိုင်မယ် ဆိုရင် ငါ တကယ့် သွေးသန့် ရွှေနဂါးကြီး ဖြစ်လာနိုင်တယ်"

"ရွှေရောင် သစ်သီးက ဒီလို အသုံးဝင်တာလား"

မုန်လဲ့၏ ရင်ထဲတွင် လှိုင်းတံပိုးများ ထသွားလေသည်။ "ဒါပေမဲ့ မင်းက ရွှေနဂါးကြီး အဖြစ် ပြောင်းလဲနိုင်နေပြီလေ ဘာလို့ သွေးမျိုးဆက်ကို သန့်စင်ချင်နေသေးတာလဲ"

"တကယ့် ရွှေနဂါးကြီးနဲ့ ယှဉ်ရင် အများကြီး လိုသေးတယ်"

အာဘေးက ခေါင်းခါလိုက်ပြီး "ငါ ရွှေရောင် သစ်သီးတွေ ပိုလိုတယ်... ငါ့ခန္ဓာကိုယ်ထဲက ရွှေနဂါးကြီး သွေးမျိုးဆက်ကို တတ်နိုင်သမျှ သန့်စင်ရမယ်" ဟု ပြောလိုက်လေသည်။

"ဧရာမနဂါး အဖြစ် ပြောင်းလဲတာနဲ့ သွေးသန့် ဧရာမနဂါး ဆိုတာ သဘောတရား နှစ်ခု ကွဲပြားတယ်"

အဖိုးအိုက ရှင်းပြလိုက်လေသည်။ "ပုံမှန်အားဖြင့် နဂါးလူသား တစ်ယောက်ရဲ့ ခန္ဓာကိုယ်ထဲက ဧရာမနဂါး သွေးမျိုးဆက် ပေါင်းစပ်မှု ၇၀% ကို ရောက်သွားရင် ဧရာမနဂါး အဖြစ် ပြောင်းလဲနိုင်ပြီ... ဒါပေမဲ့ ဒါက ယောက်ျား၊ မိန်းမ ခွဲခြားလို့ မရတဲ့ ၁၀၀% သွေးသန့် ဧရာမနဂါး လို့တော့ လုံးဝ ပြောလို့ မရသေးဘူး"

All Chapters