← Chapters

အခန်း ၁၈၉

Vol. 19 Ch. 189

အခန်း ၁၈၉

Vol. 19 Ch. 189

အခန်း ၁၈၉။ မိစ္ဆာနတ်ဘုရားနှင့် ထိပ်တိုက်တွေ့ခြင်း၊ အရူးအမူး ငွေကြေးသုံးစွဲခြင်း

အံ့ဩစရာကောင်းသည့် မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာလေသည်။

အာဘေး၏ မျက်နှာလေးက တဖြည်းဖြည်း ပြည့်ဖြိုးလာကာ နီရဲလာပြီး အားနည်းနေသော အသက်ရှူသံကလည်း ပြန်လည်၍ အားကောင်းလာလေသည်။

"အလုပ်ဖြစ်တယ်... အသက်စွမ်းအင် မိခင်သစ်ပင်ရဲ့ သစ်ကိုင်းက အလုပ်ဖြစ်တယ်" မုန်လဲ့ သက်ပြင်းချလိုက်မိသည်။ "အာဘေး... မင်း ဘယ်လိုနေသေးလဲ"

"မုန်လဲ့... မင်း ငါ့ကို မကယ်သင့်ဘူး"

အာဘေးက အနည်းငယ် သတိပြန်လည်လာပြီး မုန်လဲ့ကို မျက်တောင်မခတ်ဘဲ စိုက်ကြည့်နေကာ လှပသော မျက်လုံးများထဲတွင် မျက်ရည်များ ပြည့်နှက်လာလေသည်။ "ငါ့ကို မကယ်သင့်ဘူး"

"ငါတို့က အခန်းဖော်တွေ ကျောင်းနေဖက်တွေပဲဟာ... တတ်နိုင်သမျှ ကယ်လို့ရနိုင်တဲ့ အခြေအနေမှာတော့ မကယ်ဘဲ နေလို့ ဘယ်ဖြစ်မလဲ"

မုန်လဲ့က ရယ်မောလိုက်ပြီး အာဘေးကို ထူမလိုက်လေသည်။ "သွားမယ်... ဒီကနေ အရင် ထွက်သွားကြမယ်... လုံခြုံတဲ့ နေရာရောက်မှ ဆက်ပြောတာပေါ့"

"အင်း"

အာဘေး ဘာမှ ထပ်မပြောတော့ဘဲ ခေါင်းကို မုန်လဲ့၏ ရင်ဘတ်ပေါ်တွင် မှီကာ ခွန်အားအပြည့်ရှိသော နှလုံးခုန်သံကို နားထောင်နေလေသည်။

အာဘေး၏ စိတ်ထဲတွင် မုန်လဲ့၏ ရင်ခွင်မှာ အလွန်လုံခြုံပြီး တောင့်တင်းခိုင်မာကာ နွေးထွေးနေသည်ဟု ခံစားနေရလေသည်။

တစ်ချိန်တည်းမှာပင် တော်ဝင်သူရဲကောင်းတပ်ဖွဲ့များလည်း အခြားသော ပြိုင်ပွဲဝင် တစ်ရာကျော်ကို ကယ်တင်ရန် အလျင်စလို ပြေးလာကြလေသည်။ သို့သော် ထိုပြိုင်ပွဲဝင်များက အာဘေးကဲ့သို့ မကံကောင်းကြပေ၊ အသက်ရှင်နိုင် မရှင်နိုင် ဆိုသည်မှာ ကံတရားအပေါ်၌သာ မူတည်တော့လေသည်။

"မြန်မြန်"

"ပြိုင်ပွဲဝင်တွေကို ဒီကနေ မြန်မြန် ခေါ်ထုတ်သွားကြ"

ရွှေရောင် နဂါးလူသားက အသံကျယ်ကျယ်ဖြင့် အော်ဟစ်လိုက်လေသည်။

"ဝင်လာပြီးမှတော့ ပြန်ထွက်မသွားကြနဲ့တော့"

ထိုအချိန်တွင် အိုမင်းသော အသံတစ်ခု ထွက်ပေါ်လာပြီး အံ့ဩစရာကောင်းသည့် အရာတစ်ခု ဖြစ်ပေါ်လာလေသည်။ ရွှေရောင် အလင်းတန်းများ အများအပြား ထွက်ပေါ်လာပြီး ရွှေရောင်အကာအကွယ် တစ်ခုအဖြစ် ပေါင်းစပ်ကာ လူအားလုံးကို ထပ်မံ ဖုံးလွှမ်းသွားလေသည်။

"ဒုန်း..."

မုန်လဲ့က ရွှေရောင်အကာအကွယ်ကို ဝင်တိုက်မိပြီး နောက်သို့ လွင့်ထွက်သွားလေသည်။ အခြားသူများလည်း ထိုနည်းတူပင် ဖြစ်ကာ အားလုံး ရွှေရောင်အကာအကွယ်နှင့် တိုက်မိပြီး မူလနေရာသို့ ပြန်လွင့်သွားကြလေသည်။ အားလုံး၏ မျက်နှာများ ချက်ချင်း ပြောင်းလဲသွားကြလေသည်။

"ဘာဖြစ်တာလဲ"

မုန်လဲ့ ဒေါသထွက်သွားလေသည်။ "ကျောင်းအုပ်ကြီး... ချိတ်ပိတ်ထားတာကို ကျွန်တော် ဖျက်ဆီးပစ်လိုက်ပြီလေ... ဘာလို့ ပြန်ပေါ်လာရတာလဲ"

"ငါလည်း မသိဘူးကွ"

အဖိုးအိုလည်း အနည်းငယ် ခေါင်းရှုပ်သွားလေသည်။

"ချီးပဲ"

"အကာအကွယ်ကြီး ပြန်ပေါ်လာပြန်ပြီ"

"တိုက်ခိုက်ကြ"

"အားလုံး အကာအကွယ်ကို ချက်ချင်း တိုက်ခိုက်ကြ"

"ဝုန်း... ဝုန်း... ဝုန်း..."

တော်ဝင်သူရဲကောင်းတပ်ဖွဲ့က အရူးအမူး တိုက်ခိုက်မှုများကို ထပ်မံ စတင်လိုက်ကြလေသည်။

"အာဘေး... မင်း ခဏ စောင့်နေဦး"

မုန်လဲ့၏ လက်ထဲတွင် အမည်းရောင် တူကြီး ထပ်မံ ထွက်ပေါ်လာပြီး မျက်လုံးများထဲတွင် ဒေါသများ ပြည့်နှက်နေကာ ခန္ဓာကိုယ်ထဲရှိ ခွန်အားများ အားလုံးကို အသုံးပြု၍ တူဖြင့် ထုချလိုက်လေသည်။

"ဝုန်း..."

အမည်းရောင် တူကြီးက ရွှေရောင်အကာအကွယ်ကို ထိမှန်သွားသော်လည်း ကြောက်စရာကောင်းသော တန်ပြန်သက်ရောက်မှုတစ်ခု ထွက်ပေါ်လာပြီး မုန်လဲ့ နောက်သို့ လွင့်ထွက်သွားလေသည်။

ရွှေရောင်အကာအကွယ်မှာမူ လှုပ်ရှားခြင်းပင် မရှိတော့ဘဲ ကွဲအက်သွားရန်မှာ ဝေးစွ။

"မဖြစ်နိုင်တာ"

မုန်လဲ့က ဒေါသတကြီး အော်ဟစ်လိုက်လေသည်။ "နောက်တစ်ခါ ထပ်လုပ်မယ်"

"ဝုန်း..."

"ဝုန်း..."

"ဝုန်း..."

တစ်ချက်။

နှစ်ချက်။

သုံးချက်။

ရွှေရောင်အကာအကွယ်မှာ ကျောက်တုံးကြီးတစ်ခုအလား မာကျောနေပြီး လုံးဝ လှုပ်ရှားခြင်း မရှိပေ။

"ဘာလို့ ဒီလို ဖြစ်သွားရတာလဲ" မုန်လဲ့၏ မျက်လုံးများ နီရဲလာလေသည်။ "ရွှေရောင်အကာအကွယ်က ဘာလို့ ဒီလောက်တောင် ပိုမာကျောသွားရတာလဲ"

အဖိုးအို၏ အသံမှာ လေးနက်နေပြီး အသံတုန်နေလေသည်။ "မုန်လဲ့... ငါတို့ လှည့်စားခံလိုက်ရပြီ ထင်တယ်"

"လှည့်စားခံလိုက်ရပြီ ဟုတ်လား"

မုန်လဲ့ တစ်ကိုယ်လုံး တုန်ခါသွားလေသည်။

"ကလေးလေး... အလကား အားမကုန်ခံပါနဲ့တော့"

အိုမင်းသော အသံတစ်ခု ထပ်မံ ထွက်ပေါ်လာပြီး အသက်စွမ်းအင် မိခင်သစ်ပင်ကြီး၏ ပင်စည်ပေါ်တွင် ဧရာမ မျက်နှာကြီး တစ်ခု ထွက်ပေါ်လာလေသည်။

ထိုဧရာမ မျက်နှာကြီး၏ ပါးစပ်က အဖွင့်အပိတ် လုပ်နေလေသည်။ "ဒါက ငါ့ရဲ့ နယ်ပယ် အကာအကွယ်ပဲ... မြင့်မြတ်သောနယ်မြေ အဆင့်လေးနဲ့ မင်းက ဘယ်လိုလုပ် ဖျက်ဆီးနိုင်မှာလဲ"

"အသက်စွမ်းအင် မိခင်သစ်ပင်"

မုန်လဲ့ အလျင်စလို လှည့်ကြည့်လိုက်ရာ အခြားသူများ အားလုံးကလည်း သစ်ပင်ကြီး၏ ပင်စည်ပေါ်ရှိ ဧရာမ မျက်နှာကြီးကို ကြည့်နေကြလေသည်။

လူတိုင်း၏ မျက်စိရှေ့တွင် အသက်စွမ်းအင် မိခင်သစ်ပင်ကြီး၏ ပတ်လည်ရှိ ရွှေရောင်သံကြိုးများက တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး နောက်ဆုံးတွင် အားလုံး ပျောက်ကွယ်သွားလေသည်။

ချိတ်ပိတ်ထားခြင်း မရှိတော့ဘူးလား။

တစ်ချိန်တည်းမှာပင် ကြီးမားလှသော နတ်ဘုရား အရှိန်အဝါကြီး တစ်ခုက အသက်စွမ်းအင် မိခင်သစ်ပင်ကြီးထံမှ ထွက်ပေါ်လာပြီး လူတိုင်း၏ ရင်ဘတ်ပေါ်သို့ ဖိနှိပ်လာလေသည်။

"ဝုန်း..."

လူအားလုံး မြေကြီးပေါ်သို့ ပြုတ်ကျသွားကြလေသည်။ ပခုံးပေါ်တွင် တောင်ကြီးတစ်လုံး ဖိထားသကဲ့သို့၊ ရင်ဘတ်ပေါ်တွင် ကျောက်တုံးကြီးတစ်တုံး ဖိထားသကဲ့သို့၊ နှလုံးကို တစ်စုံတစ်ယောက်က ဆုပ်ကိုင်ထားသကဲ့သို့ ခံစားရပြီး အသက်ရှူရ ခက်ခဲကာ အလွန် နေရခက်လှပေသည်။

"လှည့်စားခံလိုက်ရပြီ... ငါတို့ လှည့်စားခံလိုက်ရပြီ"

အဖိုးအိုက အရူးအမူး အော်ဟစ်နေလေသည်။ "သူက ချိတ်ပိတ်ခံထားရတာ မဟုတ်ဘူး... ကောင်စုတ်လေး သူ ချိတ်ပိတ်ခံထားရတာ မဟုတ်ဘူး... သူက ငါတို့ကို လှည့်စားခဲ့တာ... သူ ငါတို့ကို လှည့်စားခဲ့တာ"

"သူ ဘာလို့ ဒီလို လုပ်ရတာလဲ"

မုန်လဲ့ စဉ်းစား၍ မရအောင် ဖြစ်နေလေသည်။ "သူက နတ်ဘုရားတစ်ဝက် တစ်ပါးလေ... သူ့ရဲ့ စွမ်းအားက ဘယ်လောက်တောင် ကြီးမားလိုက်လဲ... ငါတို့ကို သတ်ချင်ရင် စိတ်ကူးလိုက်တာနဲ့ ရတာကို ဘာလို့ ဒီလောက်တောင် အကြံအစည်တွေ လုပ်နေရတာလဲ"

အဖိုးအိုက ခေါင်းကို အတင်း ခါယမ်းနေလေသည်။ ဤကိစ္စကို သူလည်း တကယ် မသိပေ။

"ဘာဖြစ်လို့လဲ"

မုန်လဲ့က အသက်စွမ်းအင် မိခင်သစ်ပင်ကြီးကို စိုက်ကြည့်ကာ "ဘာလို့ ဒီလို လုပ်ရတာလဲ... မင်းက နတ်ဘုရားတစ်ဝက် တစ်ပါးလေ" ဟု အော်မေးလိုက်လေသည်။

"နတ်ဘုရားတစ်ဝက် ဟုတ်လား... ဘယ်လိုပဲဖြစ်ဖြစ် တကယ့် နတ်ဘုရားမှ မဟုတ်တာ"

အသက်စွမ်းအင် မိခင်သစ်ပင်ကြီးက အပြုံးတစ်ခုဖြင့် "ငါ ဘာလို့ ဒီလို အရာတွေကို လုပ်ရသလဲ ဆိုတာ မင်း အံ့ဩနေလိမ့်မယ်" ဟု ပြောလိုက်လေသည်။

"ဘာဖြစ်လို့လဲ"

မုန်လဲ့က အော်မေးလိုက်လေသည်။

"မင်းကြောင့်ပဲ"

အသက်စွမ်းအင် မိခင်သစ်ပင်ကြီးက တည်ငြိမ်စွာ ပြုံးလိုက်လေသည်။

"ငါ့ကြောင့်"

မုန်လဲ့ အနည်းငယ် ကြောင်အမ်းသွားပြီးနောက် လှောင်ပြောင်လိုက်လေသည်။ "ငါက မြင့်မြတ်သောနယ်မြေ အဆင့်လေး တစ်ယောက်ပါ... မင်းက ငါ့အတွက်နဲ့ ဒီလောက်တောင် အကြံအစည်တွေ လုပ်ရလောက်အောင် ငါက အရေးပါလို့လား"

"မင်းက ငါ့အတွက် ဒီလောက် အကြံအစည်တွေ လုပ်ရလောက်အောင် အရေးမပါပေမဲ့... မင်းဆီမှာ ရှိနေတဲ့ အရာတစ်ခုကတော့ ငါ့အတွက် ဒီလောက် လုပ်ရလောက်အောင် အရေးပါတယ်"

အသက်စွမ်းအင် မိခင်သစ်ပင်ကြီးက ဖြည်းညင်းစွာ ပြောလိုက်လေသည်။ "အဲဒါကို ရဖို့ အတွက် ဘာပဲပေးဆပ်ရ ပေးဆပ်ရ တန်တယ်... အခုတော့ ပိုင်ရှင် အစစ်ဆီကို ပြန်ပေးရမယ့် အချိန် ရောက်ပြီ"

"အရာတစ်ခု ဟုတ်လား"

မုန်လဲ့က သူ့ကိုယ်သူ လက်ညှိုးထိုးကာ ဘာမှ နားမလည်အောင် ဖြစ်နေလေသည်။

အဖိုးအိုလည်း နားမလည်ပေ။

အခြားသူများလည်း တစ်ယောက်ကို တစ်ယောက် ကြည့်နေကြလေသည်။

"မင်း ဘာပြောနေတာလဲ ဆိုတာ ငါ နားမလည်ဘူး" မုန်လဲ့က မျက်မှောင်ကြုတ်ကာ မေးလိုက်လေသည်။ "မင်းရဲ့ သစ်သီးကို ပြောတာလား"

"ကောက်ကျစ်တဲ့ လူသား... ငါ့ရှေ့မှာ လာဟန်ဆောင်မနေနဲ့"

အသက်စွမ်းအင် မိခင်သစ်ပင်ကြီးက အေးစက်စွာ နှာခေါင်းရှုံ့လိုက်လေသည်။ "မင်း ပျောက်ဆုံးနေသော တိုက်ကြီးကို ရောက်လာကတည်းက အဲဒီအရာကို ငါ အာရုံခံမိတယ်... အဲဒီအချိန်ကတည်းက ငါ သိလိုက်တယ် အဲဒါက ငါ ပျောက်ဆုံးနေတာ ကြာပြီ ဖြစ်တဲ့ ပစ္စည်း ဆိုတာကိုပဲ"

"အဲဒါ နောက်ဆုံးတော့ ပြန်ရောက်လာပြီ... ငါ အရမ်း ဝမ်းသာပါတယ်"

"ဒါပေမဲ့ ငါ အရမ်းလည်း ဒေါသထွက်တယ်... ဘာလို့လဲဆိုတော့ မင်းလို ကောက်ကျစ်တဲ့ လူသားက အဲဒါကို ငါ့ဆီ ပြန်မပေးတဲ့ အပြင် ပုန်းအောင်းနေပြီး ငါ့ကို အမြဲတမ်း ရှောင်နေလို့ပဲ"

"ငါ အရမ်း ဒေါသထွက်လို့ ဒီလို အကြံအစည်မျိုးကို သုံးလိုက်ရတာပဲ... ဒါပေမဲ့ ရလဒ်ကတော့ စိတ်ကျေနပ်စရာ ကောင်းပါတယ်"

အသက်စွမ်းအင် မိခင်သစ်ပင်ကြီး၏ အသံက ပိုမို ကျယ်လောင်လာလေသည်။ "ကောက်ကျစ်တဲ့ လူသား... မင်းရဲ့ စိတ်အာရုံ ပင်လယ်ထဲက ငါ့ပစ္စည်းကို အမြန် ပေးစမ်း"

"မဟုတ်ရင်... ငါ ကိုယ်တိုင် ယူရလိမ့်မယ်... ဒါပေမဲ့ အဲဒီအချိန်ကျရင် မင်း တစ်ယောက်တည်း တင် မဟုတ်ဘူး... သူတို့ အားလုံး ပါ သေရလိမ့်မယ်"

"စိတ်အာရုံ ပင်လယ်ထဲက အရာ ဟုတ်လား... မင်း ဆိုလိုတာက..."

မုန်လဲ့ တစ်ကိုယ်လုံး တုန်ခါသွားပြီး ချက်ချင်း သဘောပေါက်သွားလေသည်။ သူ၏ စိတ်အာရုံ ပင်လယ်ထဲတွင် ဝိညာဉ် မီးတောက်မှလွဲ၍ အခြား အရာတစ်ခုတည်းသာ ရှိလေသည်။

အဲဒါကတော့ ရွှေရောင် သစ်ရွက်လေး ပင် ဖြစ်လေသည်။

သိုးရေစာလိပ်မှ ရရှိခဲ့သော ဤရွှေရောင် သစ်ရွက်လေးမှာ သူ၏ စိတ်အာရုံ ပင်လယ်ထဲတွင် အမြဲတမ်း တည်ရှိနေပြီး သူ့ကို အလွန် အစွမ်းထက်သော သစ်ဓာတ် မှော်ပညာ ပါရမီကို ပေးစွမ်းနိုင်သည်မှလွဲ၍ ကျန်သည့် အရာများကိုတော့ မုန်လဲ့ ဘာမှ မသိပေ။

အဲဒါက ဘာကြီးလဲ။

မုန်လဲ့ အခုထိ ဘာမှန်း မသိသေးပေ။

သို့သော် ထိုအရာက သာမန် မဟုတ်ကြောင်းကိုတော့ သူ သေချာ သိလေသည်။

အဲဒါက... အသက်စွမ်းအင် မိခင်သစ်ပင်ကြီးရဲ့ ပစ္စည်းလား။

"မုန်လဲ့... သူက ဘာကို ပြောနေတာလဲ"

အဖိုးအိုက အလျင်စလို မေးလိုက်လေသည်။

"ရွှေရောင် သစ်ရွက်"

မုန်လဲ့က အဖိုးအိုကို မဖုံးကွယ်တော့ပေ။

"ဟို ရွှေရောင် သစ်ရွက်လေး လား"

အဖိုးအို အနည်းငယ် ကြောင်အမ်းသွားလေသည်။ "အဲဒါက နတ်ဘုရား လက်နက် လေ... ဘယ်လိုလုပ် အသက်စွမ်းအင် မိခင်သစ်ပင်ကြီး ရဲ့ ပစ္စည်း ဖြစ်နေရတာလဲ"

"မဖြစ်နိုင်ပါဘူး... သူနဲ့ အသက်စွမ်းအင် မိခင်သစ်ပင်ကြီး ရဲ့ အရှိန်အဝါက လုံးဝ မတူဘူးလေ... အာ... ဒီကောင်က ရွှေရောင် သစ်ရွက်လေး ကို သဘောကျပြီး လုချင်နေတာပဲ ဖြစ်ရမယ်"

"ခင်ဗျား ပြောတာ... ဖြစ်နိုင်တယ်"

မုန်လဲ့ ချက်ချင်း ဒေါသထွက်သွားလေသည်။ ကိုယ့်ပစ္စည်းလို့ ပြောနေတာ... ငါ့ရဲ့ နတ်ဘုရား လက်နက်ကို မြင်ပြီး လုချင်နေတာကိုး။

ဒါက နတ်ဘုရား လက်နက် ဆိုတာကို မပြောနဲ့ဦး... ငါက လုံးဝ ပေးမှာ မဟုတ်ဘူး၊ တကယ်လို့ ပေးချင်ရင်တောင် ငါ ဘယ်လိုလုပ် ပေးရမလဲ မသိဘူး။

ရွှေရောင် သစ်ရွက်လေး က မုန်လဲ့၏ စိတ်အာရုံ ပင်လယ်ထဲတွင် ရှိနေပြီး ကောင်းကင်နှင့် မြေကြီးကြားရှိ သစ်ဓာတ် စွမ်းအင်များကို အချိန်မရွေး စုပ်ယူနေသည်မှလွဲ၍ မုန်လဲ့ကို လုံးဝ ဂရုမစိုက်ပေ။

ပေးရမယ် ဟုတ်လား။

ပေးလို့မှ မရတာ... ငါ့ဘာသာငါ စိတ်အာရုံ ပင်လယ်ထဲကို ဝင်ပြီး ဆွဲထုတ်ပေးရမလား။

လူမိုက်ကြီး။

"မုန်လဲ့... မင်းက တကယ်ပဲ အသက်စွမ်းအင် မိခင်သစ်ပင်ကြီး ရဲ့ ပစ္စည်းကို ယူထားတာလား"

လူတိုင်းက မုန်လဲ့ကို စိုက်ကြည့်နေပြီး မုန်လဲ့၏ မျက်နှာ အမူအရာ ပြောင်းလဲမှုများကို အားလုံး မြင်တွေ့နေကြရသဖြင့် လူတော်တော်များများက ချက်ချင်း ဒေါသထွက်လာကြလေသည်။ "မင်းက အသက်စွမ်းအင် မိခင်သစ်ပင်ကြီး ရဲ့ ဘာပစ္စည်း ကို ယူထားတာလဲ... မြန်မြန် ပေးလိုက်လေ"

"ဟုတ်တယ်... မင်း သတ္တိ အရမ်း ကောင်းတာပဲ... နတ်ဘုရားတစ်ဝက် စွမ်းအားရှင် ရဲ့ ပစ္စည်းကိုများ ခိုးရဲတယ်"

"မင်း ယူတာက ယူတာပဲ... ငါတို့ကိုပါ ဒုက္ခမပေးနဲ့လေ... ဟိုမှာ ကြည့်လိုက် ဘာဘာရိုဆာ မင်းသား တို့ကို မင်းကြောင့် သေတော့မယ်..."

ရွှေရောင်အကာအကွယ် ထဲတွင် ပိတ်မိနေသော ပြိုင်ပွဲဝင်များ အားလုံးက မုန်လဲ့ကို အပြစ်တင်ကြပြီး သူတို့၏ မကျေနပ်မှုများ အားလုံးကို မုန်လဲ့အပေါ်သို့ ပုံချနေကြလေသည်။

တော်ဝင်သူရဲကောင်းတပ်ဖွဲ့ ဝင်များ၏ မျက်နှာများလည်း မကောင်းကြပေ။ ခေါင်းဆောင် ဖြစ်သူ ရွှေရောင် နဂါးလူသားက လေးနက်စွာ ပြောလိုက်လေသည်။ "မိတ်ဆွေ... အားလုံးရဲ့ လုံခြုံရေး အတွက် အဲဒီပစ္စည်း ကို ပြန်ပေးလိုက်တာ အကောင်းဆုံးပဲ"

"ဟားဟား... ဟားဟား"

မုန်လဲ့က ဒေါသတကြီး ရယ်မောလိုက်လေသည်။ "ငါက ခင်ဗျားတို့ကို ဒုက္ခပေးတယ် ဟုတ်လား... ခင်ဗျားတို့သာ နတ်သစ်ပင် သစ်သီး ကို မလုယက်ကြရင် ဒီလို အခြေအနေ မျိုး ရောက်လာမှာလား"

"ခင်ဗျားတို့ လောဘကြီးလို့ပဲ အပြစ်တင်ရမှာ... ခင်ဗျားတို့ဘာသာ ဒုက္ခရှာတာပဲ... ငါနဲ့ ဘာဆိုင်လို့လဲ"

ထိုသို့ ပြောပြီးနောက် မုန်လဲ့က အသက်စွမ်းအင် မိခင်သစ်ပင်ကြီးကို ကြည့်ကာ လှောင်ပြောင်လိုက်လေသည်။ "ငါ မင်းရဲ့ ပစ္စည်း ကို မယူထားဘူး ဆိုတာ မပြောနဲ့ဦး... ယူထားရင်တောင် ငါ့လက်ထဲ ရောက်လာတဲ့ ပစ္စည်း ကို ပြန်ပေးစရာ အကြောင်း မရှိဘူး"

"လူသား... မင်းက နတ်ဘုရား တစ်ပါးရဲ့ ဂုဏ်သိက္ခာ ကို စော်ကားနေတာပဲ"

အသက်စွမ်းအင် မိခင်သစ်ပင်ကြီး၏ အသံမှာ လေးနက်နေပြီး ကြီးမားလှသော နတ်ဘုရား အရှိန်အဝါကြီးက မုန်လဲ့အပေါ်သို့ ဖိကျလာလေသည်။ "နောက်ဆုံး အခွင့်အရေး ပေးမယ်"

"အဲဒီပစ္စည်း ကို ပေးရင် မင်းတို့ကို ငါ အသက်ရှင်ခွင့် ပေးမယ်... မဟုတ်ရင်တော့ ငါ့ရဲ့ ရက်စက်မှုကို အပြစ်မတင်နဲ့"

"မုန်လဲ့... ပစ္စည်း ကို မြန်မြန် အသက်စွမ်းအင် မိခင်သစ်ပင်ကြီး ဆီ ပြန်ပေးလိုက်... လူတိုင်းရဲ့ အသက်က မင်းလက်ထဲမှာပဲ ရှိတယ်နော်"

"မုန်လဲ့... သူ့ကို ပြန်ပေးလိုက်ပါ"

"ငါ တောင်းပန်ပါတယ်ကွာ... ငါ့မိသားစု မှာ မျိုးဆက် ၁၈ ဆက်တိုင်တိုင် ငါတစ်ယောက်တည်း ရှိတာ... ငါ ဒီမှာ သေလို့ မဖြစ်ဘူး... မဟုတ်ရင် ငါ့မိသားစု မျိုးဆက်ပြတ်သွားလိမ့်မယ်"

"မုန်လဲ့... ငါ့မှာ အသက် ၂၀၀ အရွယ် မိခင်အိုကြီး ကို လုပ်ကျွေးရဦးမယ်... ပြီးတော့ သုံးနှစ် အရွယ် ကလေးလေး လည်း ရှိသေးတယ်..."

အသက်စွမ်းအင် မိခင်သစ်ပင်ကြီး၏ ခြိမ်းခြောက်မှုကို ကြားသောအခါ ပြိုင်ပွဲဝင် တော်တော်များများ ကြောက်လန့်သွားကြပြီး တချို့က ဆဲဆိုကြ တချို့က ခြိမ်းခြောက်ကြ တချို့က တောင်းပန်ကြ...

အားလုံးက မုန်လဲ့ကို ရွှေရောင် သစ်ရွက်လေး ပေးစေချင်ကြလေသည်။

"လူမိုက်တွေ"

အဖိုးအိုက တိုးတိုးလေး ဆဲဆိုလိုက်လေသည်။ "မုန်လဲ့... သူတို့ ပြောတာကို နားမထောင်နဲ့... မင်း ရွှေရောင် သစ်ရွက်လေး ကို ပေးလိုက်ရင်တောင် အသက်စွမ်းအင် မိခင်သစ်ပင်ကြီးက မင်းကို အလွတ်ပေးမှာ မဟုတ်ဘူး"

"အဲဒါက နတ်ဘုရား လက်နက် လေ... အဲဒါကို ရသွားရင် အသက်စွမ်းအင် မိခင်သစ်ပင်ကြီးက သေချာပေါက် လူသတ် နှုတ်ပိတ်ပြီး မင်းတို့ အားလုံးကို သတ်ပစ်လိမ့်မယ်"

"ဒီမိစ္ဆာ နတ်ဘုရားက သူ့ကို ယုံကြည် ကိုးကွယ်တဲ့ မှော်သားရဲ တွေရဲ့ အသက်ကိုတောင် ဂရုမစိုက်တာ... မင်းတို့ရဲ့ အသက်ကို ဂရုစိုက်ပါ့မလား"

"အသက်ရှင်ခွင့် ပေးမယ် ဟုတ်လား"

"ဒါက ဒီလူမိုက်တွေရဲ့ စိတ်ကူးယဉ် အိပ်မက် သက်သက်ပဲ"

"အသက်စွမ်းအင် မိခင်သစ်ပင်ကြီး"

မုန်လဲ့၏ မျက်လုံးထဲတွင် ရူးသွပ်သော အမူအရာများ ဖြတ်သန်းသွားပြီး အသံကျယ်ကျယ်ဖြင့် အော်ဟစ်လိုက်လေသည်။ "မင်းရဲ့ နေ့ခင်း အိပ်မက်တွေကို ဆက်မမက်နဲ့တော့... ငါတို့ သေချင် သေပါစေ... မင်း ငါ့ဆီက အမွေးတစ်ပင်တောင် ရမှာ မဟုတ်ဘူး"

စကားဆုံးသည်နှင့် မုန်လဲ့က သူ့ခန္ဓာကိုယ်ထဲရှိ ခွန်အားများ အားလုံးကို ထုတ်လွှတ်လိုက်ပြီး ဖျက်ဆီးခြင်း တူကြီး ကို ကိုင်ကာ အသက်စွမ်းအင် မိခင်သစ်ပင်ကြီး ဆီသို့ အရူးအမူး ပြေးဝင်သွားလေသည်။

"မိုက်မဲပြီး အသိဉာဏ်ကင်းမဲ့တဲ့ လူသား"

အသက်စွမ်းအင် မိခင်သစ်ပင်ကြီး ဒေါသထွက်သွားလေသည်။ "မင်းက နတ်ဘုရား တစ်ပါးရဲ့ နောက်ဆုံး စေတနာ ကို ငြင်းပယ်လိုက်တာပဲ... နတ်ဘုရား တစ်ပါးရဲ့ ဒေါသ ကို ခံယူဖို့ ပြင်ထားလိုက်တော့"

"နတ်ဘုရားနယ်ပယ်"

ကြောက်စရာကောင်းသော လှိုင်းလုံးကြီး တစ်ခုက မုန်လဲ့အပေါ်သို့ ရုတ်တရက် ဖိကျလာပြီး မုန်လဲ့မှာ ခြေကုပ်မိသွားသကဲ့သို့ နေရာမှာတင် ချက်ချင်း ရပ်တန့်သွားကာ လက်ချောင်းလေး တစ်ချောင်းပင် လှုပ်ရှား၍ မရတော့ပေ။

"ပြီးပြီ... အားလုံး ပြီးပြီ"

အဖိုးအိုက သက်ပြင်းချလိုက်လေသည်။

"မပြီးသေးဘူး... ဘာမှ မပြီးသေးဘူး"

မုန်လဲ့၏ မျက်လုံးများ နီရဲနေပြီး ရူးသွပ်နေသည့် အတိုင်း ဖြစ်နေလေသည်။ "စနစ်... ငါ့ရဲ့ နတ်ဘုရားသတ် ကြွက် သွေးမျိုးဆက် ပေါင်းစပ်မှု ကို မြှင့်တင်ပေး"

"မရပ်နဲ့"

"မြှင့်တင်လို့ ရသလောက် မြှင့်တင်"

"ငါ့ရဲ့ ပိုင်ဆိုင်မှု တွေ အားလုံး... ကုန်တဲ့အထိ မြှင့်တင်လိုက်"

"စနစ်တွင် ပိုင်ဆိုင်မှု နိယာမ အရင်းအမြစ် ကျောက်သလင်း ၇၃.၂ ခု ရှိပြီး နတ်ဘုရားသတ် ကြွက် သွေးမျိုးဆက် ပေါင်းစပ်မှု ကို ၇% အထိ မြှင့်တင်နိုင်ပါတယ်... မြှင့်တင်မည်လား"

"မြှင့်တင်မယ်"

"ရွှစ်..."

ပိုင်ဆိုင်မှု များက နိယာမ အရင်းအမြစ် ကျောက်သလင်း ၇၀ ချက်ချင်း လျော့ကျသွားလေသည်။

"ဝုန်း..."

All Chapters