အခန်း ၁၉၄
Vol. 20 Ch. 194
အခန်း ၁၉၄။ မှော်သားရဲများ ပြန်လည်ရောက်ရှိလာခြင်း၊ တိုင်ဒီနှင့် ပြန်လည်ဆုံတွေ့ခြင်း
"ငါ သေချာ မှတ်မိသေးတယ်... အဲဒီနေ့က သာမန် ညချမ်းလေး တစ်ခုပဲ ငါတို့ မိသားစု ညစာစားပြီးတော့ ငါရယ် ငါ့ညီမလေးရယ် ခြံထဲမှာ ဆော့နေကြတာ..."
"ရုတ်တရက် ကောင်းကင်ယံကနေ ကြယ်တံခွန်တွေ ကျလာတယ်... ရှည်လျားတဲ့ အမြီးတန်းကြီးတွေနဲ့ ကောင်းကင်ယံကို ဖြတ်သန်းသွားတာ..."
"အဲဒါကတော့ သဘာဝပဲလေ အဖေ့ရဲ့ တိုက်ခိုက်ရေးစွမ်းအင် ပါရမီက လောကမှာ ရှားပါးတယ် ညီမလေးက အဖေ့ရဲ့ တိုက်ခိုက်ရေးစွမ်းအင် ပါရမီကို အမွေရခဲ့လို့ အသက် ၇၀ အရွယ်မှာတင် မြင့်မြတ်သောနယ်မြေကို ရောက်သွားခဲ့တာ..."
ညီမ။
အဖိုးအိုနှင့် အတူနေလာသည်မှာ ကြာပြီဖြစ်၍ အဖိုးအိုတွင် ညီမတစ်ယောက် ရှိကြောင်း မုန်လဲ့ သိထားလေသည်။ သို့သော် အဖိုးအိုက သူ့ညီမနှင့် မိသားစုဝင်များ လောကတွင် မရှိတော့ပြီဟု ထင်မှတ်ထားခဲ့ခြင်း ဖြစ်လေသည်။
ပြောရမည်ဆိုလျှင်
မြင့်မြတ်သောနယ်မြေများ၏ သက်တမ်းမှာ ရှည်လျားသော်လည်း မသေနိုင်သည်တော့ မဟုတ်ပေ။ နှစ်ပေါင်း နှစ်သောင်းဆိုသည်မှာ အလွန် ကြာမြင့်လှလေသည်။
နတ်ဘုရားတစ်ဝက် မဖြစ်လာပါက နောက်ဆုံးတွင်တော့ သေဆုံးရမည်သာ ဖြစ်လေသည်။
သို့သော် အဖိုးအို မှန်းဆခဲ့သည်မှာ မှားယွင်းနေကြောင်း ရှင်းလင်းစွာ တွေ့မြင်နေရလေသည်။ သူ၏ ညီမမှာ သက်ရှိထင်ရှား ရှိနေရုံသာမက နတ်ဘုရားတစ်ဝက် တစ်ပါးပင် ဖြစ်လာခဲ့လေပြီ။
"ကျောင်းအုပ်ကြီး... ခင်ဗျား အသက်ရှင်နေသေးရင် ဘယ်လောက်ကောင်းလိုက်မလဲ" မုန်လဲ့က မျက်လုံးများကို မှိတ်လိုက်လေသည်။ "မောင်နှမ နှစ်ယောက် ပြန်ဆုံရတာ... ခင်ဗျား သေချာပေါက် အရမ်း ပျော်နေမှာပဲနော်..."
"အစ်ကို..."
"ညီမလေး အစ်ကို့ကို ရှာနေခဲ့တာ ၂၄၉၈၆ နှစ် တောင် ရှိပြီ..."
"နှစ်ပေါင်း ၂၄၉၈၆ နှစ် တောင်နော်..."
"အစ်ကို သေသွားပြီလို့ ညီမလေး ထင်နေခဲ့တာ..."
"ညီမလေး နောက်ဆုံးတော့ စိတ်လျှော့လိုက်ပြီ ဆိုမှ..."
"အစ်ကိုက ရုတ်တရက်ကြီး ပြန်ပေါ်လာတယ်..."
"ဒါပေမဲ့ ဘာလို့ ဒီလို အခြေအနေမျိုး ဖြစ်သွားရတာလဲ..."
"ဘာလို့များ ဒီလို ဖြစ်သွားရတာလဲ..."
အနီရောင် ဦးချိုနှင့် အမျိုးသမီး အယ်မလင်းမှာ မုန်လဲ့ထက်ပင် ပိုမို ဝမ်းနည်းနေပြီး မျက်နှာကို လက်နှစ်ဖက်ဖြင့် အုပ်ကာ ငိုကြွေးနေလေသည်။
"အယ်မလင်း... သေသွားတဲ့သူတွေက ပြန်ရှင်မလာနိုင်တော့ပါဘူး... စိတ်လျှော့လိုက်ပါ"
အမည်းရောင် ဦးချိုနှင့် အဘိုးအို ဆာနီရယ်က သက်ပြင်းချလိုက်လေသည်။ အယ်မလင်းနှင့် ခေတ်မတူသော သူတစ်ယောက် အနေဖြင့် အယ်မလင်း နတ်ဘုရားတစ်ဝက် မဖြစ်လာမီက အကြောင်းအရာများကို သူ သိပ်မသိလှပေ။
အယ်မလင်းတွင် အစ်ကို တစ်ယောက် ရှိနေပြီး၊ ထိုအစ်ကိုကလည်း နတ်ဘုရားတစ်ဝက် တစ်ပါး ဖြစ်နေမည်ဟု သူ မထင်ထားခဲ့ပေ။
မောင်နှမ နှစ်ယောက်လုံး နတ်ဘုရားတစ်ဝက် ဖြစ်နေသည်မှာ အလွန် အံ့ဩစရာ ကောင်းလှပေသည်။
အချိန် အတော်ကြာပြီးမှသာ အယ်မလင်း အနည်းငယ် စိတ်တည်ငြိမ်သွားလေသည်။ သူမက မျက်လုံးအနီရဲများဖြင့် "မင်း ခုနက ပြောတယ်နော် အစ်ကိုက မင်းကို ကယ်ဖို့အတွက် သေသွားတာ ဆိုတာ... အစ်ကိုနဲ့ ပတ်သက်သမျှ အားလုံးကို ငါ သိချင်တယ်..." ဟု ပြောလိုက်လေသည်။
"ရပါတယ်"
မုန်လဲ့က အမည်းရောင် ဦးချိုနှင့် အဘိုးအိုနှင့် အာဘေးကို တစ်ချက် လှမ်းကြည့်လိုက်ပြီး မျက်နှာပေါ်တွင် တွေဝေသည့် အမူအရာ ထွက်ပေါ်လာလေသည်။
"ငါ့နောက်ကို လိုက်ခဲ့"
အယ်မလင်းက လက်ကို ဝှေ့ယမ်းလိုက်ရာ ယခင်က အသက်စွမ်းအင် မိခင်သစ်ပင်ကြီးနှင့် အပြင်းအထန် တိုက်ခိုက်ခဲ့သော ဟာလာဟင်းလင်း နေရာကြီးသို့ မုန်လဲ့အား ခေါ်ဆောင်သွားလေသည်။
ထိုနေရာတွင် အဖိုးအို၏ နတ်ဘုရား ဝိညာဉ် လှိုင်းဂယက်များ ကျန်ရှိနေသေးလေသည်။
"အခု မင်း ပြောလို့ ရပြီ"
"ကျွန်တော်နဲ့ ကျောင်းအုပ်ကြီး စတွေ့ခဲ့တာက မှော်သားရဲ တောအုပ်မှာပါ... အဲဒီအချိန်တုန်းက သူ ချိတ်ပိတ်ခံထားရတာ..."
အယ်မလင်းမှာ ဗဟုသုတ ကြွယ်ဝသူ ဖြစ်သော်လည်း အဖိုးအို၏ တွေ့ကြုံခဲ့ရမှုများကို ကြားရသောအခါ အလွန် အံ့အားသင့်သွားလေသည်။
ဒါပေါ့... ဒီတွေ့ကြုံခဲ့ရမှုတွေက သူမကို ပိုပြီး နာကျင်စေတာပါပဲ။
လွန်ခဲ့သော နှစ်ပေါင်း နှစ်သောင်းက မတော်တဆ အသတ်ခံခဲ့ရသည်။
နှစ်ပေါင်း နှစ်သောင်းတိုင်တိုင် ချိတ်ပိတ်ခံထားရသည်။
လူလည်း မဟုတ်၊ သရဲလည်း မဟုတ်သည့် ဘဝ။
ဒါက ဘယ်လောက်တောင် နှိပ်စက်မှုတွေ၊ ညှဉ်းပန်းမှုတွေ များလိုက်လဲ။
"အစ်ကို့ရဲ့ ပါရမီက ညီမလေးထက် ပိုကောင်းတယ်... စွမ်းအားကလည်း ညီမလေးထက် ပိုမြင့်တယ်... ပြီးတော့ လေ့ကျင့်ဖို့ကိုလည်း အရမ်း စိတ်အားထက်သန်တယ်... ညီမလေးထက် အရင် နတ်ဘုရားတစ်ဝက် ဖြစ်လာလိမ့်မယ်လို့ ညီမလေး ယုံကြည်နေခဲ့တာ..."
အယ်မလင်း၏ နှလုံးသားများ ကြေမွသွားလေသည်။ "ဒါပေမဲ့ အစ်ကို ဒီလို အခြေအနေတွေ ကြုံခဲ့ရလိမ့်မယ်လို့ ညီမလေး လုံးဝ မထင်ထားခဲ့ဘူး... အစ်ကို့ကို ဘယ်သူ သတ်သွားတာလဲ... အစ်ကို့ကို ဘယ်သူ သတ်သွားတာလဲဟင်..."
"ဟူး..."
မုန်လဲ့က နတ်ဘုရားသတ် လှံကို ထုတ်ယူလိုက်လေသည်။ "ဒါက ကျောင်းအုပ်ကြီးကို ချိတ်ပိတ်ထားခဲ့တဲ့ နတ်ဘုရား လက်နက်ပဲ... အခု ဒါကို ခင်ဗျားဆီ ပေးလိုက်ပါ့မယ်"
"အစ်ကို့ကို သတ်ခဲ့တဲ့ လက်နက်"
အယ်မလင်းက နတ်ဘုရားသတ် လှံကို အတင်း ဖမ်းဆုပ်လိုက်ပြီး မျက်လုံးများထဲတွင် အမုန်းတရားများ ထွက်ပေါ်လာကာ နတ်ဘုရား ဝိညာဉ် စွမ်းအားများဖြင့် နတ်ဘုရားသတ် လှံကို စစ်ဆေးလိုက်လေသည်။ နတ်ဘုရားသတ် လှံ၏ ပိုင်ရှင် အချက်အလက်များကို သူမ ရှာဖွေချင်နေပုံရလေသည်။
ဝမ်းနည်းစရာက... သူမ စိတ်ပျက်သွားခဲ့လေသည်။
နတ်ဘုရားသတ် လှံ၏ ယခင် ပိုင်ရှင်က အစောကြီးကတည်းက သေဆုံးသွားခဲ့ပြီဖြစ်ပြီး အထဲတွင် ကျန်ရှိနေသော အချက်အလက်များကလည်း ပျောက်ကွယ်သွားပြီ ဖြစ်ကာ မုန်လဲ့၏ စိတ်စွမ်းအင် အမှတ်အသားသာ ကျန်ရှိတော့လေသည်။
ရှာမယ်။
ဘာကို ရှာတွေ့နိုင်မှာလဲ။
"ထားလိုက်တော့... ထားလိုက်ပါတော့... သိမ်းထားလိုက်ပါ"
အယ်မလင်းက နတ်ဘုရားသတ် လှံကို မုန်လဲ့ဆီ ပြန်ပေးလိုက်လေသည်။ "အစ်ကို မသေခင်က ဘာမှာသွားသေးလဲ"
"မရှိတော့ဘူး"
မုန်လဲ့က ခေါင်းခါလိုက်လေသည်။
"ဟူး..."
အယ်မလင်းက အသက်ပြင်းပြင်း ရှူလိုက်လေသည်။ "ငါ့ကို မှော်သားရဲ တောအုပ်ကို ခေါ်သွားပေး... အစ်ကို့ရဲ့ အလောင်းကို သွားယူပြီး နဂါးသင်္ချိုင်း ထဲမှာ အဖေနဲ့ အမေရဲ့ ဘေးမှာ သွားမြှုပ်ပေးချင်လို့ပါ"
"ကောင်းပြီ"
မုန်လဲ့ မငြင်းဆန်ခဲ့ပေ။
အပြင်ဘက်သို့ ပြန်လည်ရောက်ရှိလာသောအခါ အယ်မလင်းက မြင့်မား ခန့်ညားလှသော အသက်စွမ်းအင် မိခင်သစ်ပင်ကြီးကို လှမ်းကြည့်လိုက်ပြီး မျက်လုံးများထဲတွင် အမုန်းတရားများနှင့် သတ်ဖြတ်ချင်စိတ်များ အစားထိုး ဝင်ရောက်လာကာ နှုတ်ခမ်းကို ဖွင့်၍ စကားတစ်ခွန်း ပြောလိုက်လေသည်။
"ကွဲစမ်း"
"ဝုန်း..."
ကြောက်စရာကောင်းသော လှိုင်းလုံးကြီး တစ်ခု ကျဆင်းလာပြီး မုန်လဲ့ အရင်က ခွန်အား အများကြီး သုံးခဲ့တာတောင် လှဲမချနိုင်ခဲ့တဲ့ အသက်စွမ်းအင် မိခင်သစ်ပင်ကြီးက ဤအခိုက်အတန့်တွင် အမှုန့်များအဖြစ် ပြောင်းလဲသွားပြီး ကောင်းကင်ယံတွင် ဖုန်မှုန့်များအလား လွင့်စင်သွားလေတော့သည်။
"ဝုန်း..."
အကျိုးအပဲ့များက မြေကြီးပေါ်သို့ ကျဆင်းလာပြီး ပြိုကျသွားသော အဆောက်အအုံကြီး တစ်ခုအလား ဖုန်မှုန့်များ လွင့်စင်ကာ မှိုပွင့်ပုံစံ တိမ်တိုက်ကြီး တစ်ခု ကောင်းကင်သို့ ပျံတက်သွားလေသည်။
"ဆာနီရယ် အကြီးအကဲ... ကျွန်မတို့ အရင်သွားနှင့်မယ်"
အယ်မလင်းက မုန်လဲ့ကို ဖမ်းဆွဲလိုက်ပြီး နေရာမှာတင် ချက်ချင်း ပျောက်ကွယ်သွားလေသည်။
၂ နာရီ အကြာတွင်တော့ သူတို့ နှစ်ယောက်လုံး မှော်သားရဲ တောအုပ် သို့ ရောက်ရှိနေပြီ ဖြစ်လေသည်။
"အရမ်း မြန်တာပဲ"
မုန်လဲ့ အနည်းငယ် အံ့အားသင့်သွားလေသည်။ ပျောက်ဆုံးနေသော တိုက်ကြီးမှ မှော်သားရဲ တောအုပ်သို့ ရောက်ရှိရန် ၂ နာရီမျှသာ ကြာမြင့်ခဲ့လေသည်။ ဤအမြန်နှုန်းက မည်မျှတိုင်အောင် မြန်ဆန်လိုက်သနည်း။
ယခင်က သူတို့ မီးနဂါး နိုင်ငံမှ အင်ပါယာ မြို့တော်သို့ ပျံသန်းစဉ်က ၅ ရက်တိုင်တိုင် ကြာမြင့်ခဲ့သည် မဟုတ်ပါလော။ သို့သော် နတ်ဘုရားတစ်ဝက်များကတော့ ၂ နာရီပင် မကြာခဲ့ပေ။
ကွာခြားချက်က အရမ်း ကြီးမားလွန်းလှပေသည်။
"ဂါး..."
သားရဲ အော်ဟစ်သံများ အဆက်မပြတ် ထွက်ပေါ်လာပြီး သစ်တော အတွင်း၌ မှော်သားရဲ များ ပြည့်နှက်နေသည်ကို တွေ့လိုက်ရလေသည်။ တချို့က တိုက်ခိုက်နေကြသည်၊ တချို့က လှည့်လည်သွားလာနေကြသည်၊ တချို့က အမဲလိုက်နေကြသည်၊ တချို့က အနားယူနေကြသည်...
အသက်ဝင် တက်ကြွပြီး စည်ကားနေလေသည်။
"မှော်သားရဲ တွေ တကယ် ပြန်ပေါ်လာတာလား..."
မုန်လဲ့ အလွန် အံ့အားသင့်သွားလေသည်။ ယခင်က သွေးဆာနေသော သံမဏိ ပုရွက်ဆိတ် များ သောင်းကျန်းစဉ်က မြင့်မြတ်သောနယ်မြေ မှော်သားရဲ များမှလွဲ၍ အခြားသော မှော်သားရဲ များ အားလုံးနီးပါး ပုရွက်ဆိတ် များ၏ အစာအဖြစ် စားသောက်ခံခဲ့ရသည် မဟုတ်ပါလော။
သို့သော် ရက်အနည်းငယ်မျှသာ ရှိသေးသည်... မှော်သားရဲများ ပြန်ပြည့်လာပြန်ပြီလား။ သူတို့ ဘယ်ကနေ ရောက်လာကြတာလဲ။
"ဒီတောင်ကြားပဲ"
မုန်လဲ့၏ လမ်းညွှန်မှုဖြင့် သူတို့ နှစ်ယောက် တောင်ကြားသို့ ရောက်ရှိလာပြီး ပူနွေးနေသော ရေကန်ကို ဖြတ်သန်းကာ ရေကန်၏ အောက်ခြေတွင် ဖုံးကွယ်နေသော ချော်ရည်ကန် အတွင်းသို့ ရောက်ရှိသွားလေသည်။
ချော်ရည်များက ပွက်ပွက်ဆူနေပြီး ပူဖောင်းများ ထွက်ပေါ်နေလေသည်။
အယ်မလင်းက လေဟာနယ်ကို လှမ်းဆွဲလိုက်ရာ အဖိုးအို၏ နဂါးခန္ဓာကိုယ်က ချော်ရည်ကန် အတွင်းမှ ထွက်ပေါ်လာလေသည်။ ရင်းနှီးသော အရှိန်အဝါကို ခံစားလိုက်ရသောအခါ အယ်မလင်းက စိတ်မထိန်းနိုင်တော့ဘဲ အသံထွက်အောင် ငိုကြွေးလေတော့သည်။
နတ်ဘုရားတစ်ဝက် တစ်ပါးက တစ်ရက်အတွင်း အကြိမ်အနည်းငယ်မျှ ငိုကြွေးနေသည် ဆိုတော့ သူမနှင့် အဖိုးအိုတို့၏ သံယောဇဉ်က မည်မျှတိုင်အောင် နက်ရှိုင်းမည်ကို သိနိုင်လေသည်။
...
"အစ်ကို့ရဲ့ အလောင်းကို ငါ ယူသွားမယ်... ဒီဟင်းလင်းပြင် လက်စွပ် ကိုတော့ မင်းအတွက် ထားခဲ့မယ်"
"အစ်ကိုက မင်းအတွက် အသေခံခဲ့တာ... သူ့ရဲ့ အမွေတွေ အားလုံးကို မင်းပဲ ဆက်ခံသင့်တယ်"
"နောက်နောင် အခက်အခဲ တစ်ခုခု ကြုံလာရင် ဒီနဂါး အကြေးခွံ ကို ယူပြီး နဂါးကျွန်း မှာ ငါ့ကို လာရှာလို့ ရတယ်"
"ကောင်းကောင်း အသက်ရှင်အောင် နေပါ... အစ်ကို အလကား သေရတာ မျိုး မဖြစ်စေနဲ့"
အယ်မလင်း ထွက်သွားလေပြီ။
မုန်လဲ့ တစ်ယောက်တည်း ရေပြင်ပေါ်တွင် မတ်တတ်ရပ်ကာ လက်ထဲတွင် ဟင်းလင်းပြင် လက်စွပ် တစ်ကွင်းကို ကိုင်ထားလျက် ကျန်ရစ်ခဲ့လေသည်။
မုန်လဲ့က လက်စွပ် အတွင်းပိုင်းကို စစ်ဆေးရန် စိတ်ကူးမရှိတော့ဘဲ အရက် တစ်ပုလင်းကို ထုတ်ယူကာ သောက်နေလေတော့သည်။
အရက်ခွက်ကို မြှောက်ကာ ဝမ်းနည်းမှုတွေကို ဖြေဖျောက်ချင်ပေမဲ့ ပိုပြီး ဝမ်းနည်းလာရသည်။
ဓားနဲ့ ရေကို ဖြတ်ချင်ပေမဲ့ ရေတွေက ပိုပြီး စီးဆင်းလာသည်။
ဒါပေမဲ့ လူတစ်ယောက် ဝမ်းနည်း ပူဆွေးနေတဲ့ အချိန်မှာ အရက်က အကောင်းဆုံး ဖြေဆေး တစ်ခု ဆိုတာကိုတော့ ငြင်းလို့ မရပါဘူး...
ဘယ်လောက် ကြာအောင် သောက်နေခဲ့လဲ ဆိုတာ မသိပေမဲ့ မုန်လဲ့ မူးယစ်ပြီး အိပ်ပျော်သွားခဲ့လေသည်။ သူ ပြန်နိုးလာသည့် အချိန်တွင်တော့ အယက်ခံရလို့ နိုးလာခြင်း ဖြစ်လေသည်။
"လပ်... လပ်... လပ်..."
မျက်နှာကို နူးညံ့တဲ့ အရာတစ်ခုက ယက်နေသဖြင့် မုန်လဲ့ မျက်လုံးဖွင့်ကြည့်လိုက်ရာ ခန္ဓာကိုယ် ကြီးမားသော မှော်သားရဲ တစ်ကောင်က သူ့ကို ဝမ်းသာအားရ ကြည့်နေသည်ကို တွေ့လိုက်ရလေသည်။
အရပ် ၇ မီတာခန့် မြင့်ပြီး တစ်ကိုယ်လုံးတွင် အမည်းရောင် နဂါးအကြေးခွံများ ရှိလေသည်။
ကျောတွင် တောင်ပံ နှစ်ဖက် ရှိပြီး တစ်ကိုယ်လုံးတွင် ကြွက်သားများ ဖောင်းကြွနေလေသည်။
"တိုင်ဒီ"
မုန်လဲ့ မျက်လုံးများကို ပွတ်သပ်လိုက်လေသည်။
"သခင်"
တိုင်ဒီ က တောင်ပံများကို ခတ်ကာ အလွန် ဝမ်းသာနေသည့် စိတ်စွမ်းအင် လှိုင်းများကို ထုတ်လွှတ်နေလေသည်။ မုန်လဲ့ ခံစားမိသည်မှာ တိုင်ဒီ၏ အရှိန်အဝါက အဆင့်ခုနစ် မှော်သားရဲ နှင့် ယှဉ်နိုင်ပြီး စိတ်စွမ်းအင်ဖြင့် ဆက်သွယ်ရန် ပြဿနာ မရှိတော့သော်လည်း လူစကားတော့ မပြောတတ်သေးပေ။
"ငါ့ကို သူဌေး လို့ပဲ ခေါ်ပါ"
မုန်လဲ့က ရယ်မောလိုက်လေသည်။
"အင်းအင်း... သူဌေး"
"သူဌေး... ဘယ်လိုလုပ် ပြန်ရောက်လာတာလဲ"
"သူဌေး... ဘယ်တုန်းက ပြန်ရောက်လာတာလဲ"
"သူဌေး... ဘာလို့ အခုမှ ပြန်ရောက်လာရတာလဲ"
"သူဌေး... ဒီတစ်ခါ ပြန်ရောက်လာတာ ထပ်မသွားတော့ဘူး မဟုတ်လား"
"သူဌေး... တိုင်ဒီ သူဌေး ကို အရမ်း လွမ်းနေတာ..."
တိုင်ဒီ အရမ်း ဝမ်းသာနေပြီး မေးခွန်းများ ဆက်တိုက် မေးနေရာ မုန်လဲ့ပင် ခေါင်းရှုပ်သွားလေသည်။
မုန်လဲ့က တိုင်ဒီ၏ မျက်လုံးများကို စိုက်ကြည့်လိုက်ရာ မျက်လုံးများထဲတွင် မျက်ရည်များ ဝဲနေပြီး အလွန် သံယောဇဉ် နက်ရှိုင်းနေသည်ကို တွေ့လိုက်ရလေသည်။
မုန်လဲ့၏ နှလုံးသားမှာ ပြင်းထန်စွာ တုန်ခါသွားလေသည်။ သူ၏ အမြင်တွင် တိုင်ဒီ ဆိုသည်မှာ စွမ်းအားနည်းပါးသော မှော်အိမ်မွေးတိရစ္ဆာန်လေး တစ်ကောင်မျှသာ ဖြစ်လေသည်။
သို့သော် တိုင်ဒီ၏ အမြင်တွင်မူ မုန်လဲ့ ဆိုသည်မှာ သူ၏ တစ်ဦးတည်းသော မိသားစုဝင် ဖြစ်နေလေသည်။
မိသားစုဝင်...
မုန်လဲ့၏ ရင်တွင်း၌ ကြီးမားလှသော အပြစ်မကင်းမှုများ ထွက်ပေါ်လာပြီး တိုင်ဒီ၏ နှာခေါင်းကို မနေနိုင်ဘဲ ပွတ်သပ်လိုက်လေသည်။ "တောင်းပန်ပါတယ် တိုင်ဒီ"
"သူဌေး... ဘာဖြစ်လို့လဲ"
တိုင်ဒီ မျက်တောင်လေးများ ခတ်ကာ အနည်းငယ် သံသယဖြစ်သွားလေသည်။
"ဘာမှမဖြစ်ပါဘူး... မျက်လုံးထဲ သဲဝင်သွားလို့ပါ"
မုန်လဲ့က အသက်ပြင်းပြင်း ရှူထုတ်လိုက်ပြီး ထိုင်လိုက်လေသည်။ "တိုင်ဒီ... မင်း ဘယ်လိုလုပ် ဒီကို ရောက်နေတာလဲ"
"ကျွန်တော် သူဌေး ရဲ့ အရှိန်အဝါ ကို အာရုံခံမိလို့ လာကြည့်တာ... မှားနေပြီလို့ ထင်နေတာ၊ သူဌေး တကယ် ဖြစ်နေမယ်လို့ မထင်ထားဘူး" တိုင်ဒီ က ဝမ်းသာအားရ ပြန်ဖြေလိုက်လေသည်။
"အဲဒီလိုကိုး"
မုန်လဲ့ သဘောပေါက်သွားလေသည်။ တိုင်ဒီ က သူနှင့် တန်းတူ စာချုပ် ချုပ်ဆိုထားသဖြင့် အချင်းချင်း ဝိညာဉ် ဆက်သွယ်မှု ရှိပြီး အကွာအဝေး ပိုနီးလေ ပိုသိသာလေ ဖြစ်လေသည်။
ဤနေရာက မှော်သားရဲ ရွာနှင့် မဝေးလှသဖြင့် တိုင်ဒီ သေချာပေါက် အာရုံခံမိမည် ဖြစ်လေသည်။
"သူဌေး... ဘယ်လိုလုပ် ပြန်ရောက်လာတာလဲ"
"ကိစ္စလေး နည်းနည်း ရှိလို့ ပြန်လာတာ"
"ဒီတစ်ခါ ပြန်လာတာ ထပ်မသွားတော့ဘူး မဟုတ်လား"
"မသေချာဘူးလေ"
"အာ"
"မင်း အဆင့်ခုနစ် မှော်သားရဲ တောင် ဖြစ်နေပြီပဲ... ကြည့်ရတာ ဟာဒက်စ် အဖွဲ့မှူး တို့ မင်းကို ကောင်းကောင်း ကျွေးထားပုံ ရတယ်"
"..."
တိုင်ဒီ နှင့် စကားပြောနေရသဖြင့် မုန်လဲ့၏ စိတ်အခြေအနေ အနည်းငယ် ကောင်းမွန်လာပြီး ရင်ထဲမှ ဝမ်းနည်းမှုများလည်း အနည်းငယ် လျော့ပါးသွားလေသည်။ "တိုင်ဒီ... သွား အမဲလိုက်ချေ၊ မင်းကို အသားကင် ကျွေးမယ်"
"ဟုတ်ကဲ့"
တိုင်ဒီ က ဝမ်းသာအားရ အော်ဟစ်လိုက်ပြီး ဝမ်းသာအားရ ပျံသန်းသွားလေသည်။ အချိန်ခဏလေး အတွင်းမှာပင် ၅ မီတာခန့် ရှည်လျားသော တောဝက်ကြီး တစ်ကောင်ကို ဖမ်းလာလေသည်။
"သူဌေး... မြန်မြန်၊ ကျွန်တော် အသားကင် စားချင်ပြီ"
"အင်း"
လေဓားများ ဖြတ်သန်းသွားပြီး အချိန်ခဏလေး အတွင်းမှာပင် တောဝက်ကြီးကို အပိုင်းပိုင်း ခုတ်ထစ်လိုက်လေသည်။ မီးတောက်များ ထွက်ပေါ်လာပြီး ၁၅ မိနစ်ခန့် အကြာတွင်တော့ ဆွဲဆောင်မှု ရှိသော အနံ့များ ထွက်ပေါ်လာလေသည်။
"စားတော့"
မုန်လဲ့က ဝက်ပေါင်ကင် တစ်ခုကို ယူလိုက်ပြီး ကျန်သည့် အသားကင်များ အားလုံးကို တိုင်ဒီ ဆီသို့ ပစ်ပေးလိုက်လေသည်။
"သူဌေး... ကျွန်တော် စားပြီနော်"
တိုင်ဒီ က ဝမ်းသာအားရ အော်ဟစ်လိုက်ပြီး အရသာရှိရှိ စားသောက်နေလေတော့သည်။
"ဂါး..."
ရုတ်တရက်။
စူးရှသော သားရဲ အော်ဟစ်သံ တစ်ခု ထွက်ပေါ်လာရာ တိုင်ဒီ လန့်သွားပြီး တစ်ကိုယ်လုံးရှိ နဂါးအကြေးခွံများနှင့် လည်ပင်းရှိ အမွေးများ ချက်ချင်း ထောင်တက်လာကာ အလွန် သတိထားနေလေသည်။
"စိတ်မပူပါနဲ့... အကောင်လေး တစ်ကောင် ပါ"
မုန်လဲ့က တိုင်ဒီ ကို စိတ်မပူရန် လက်ကာပြလိုက်ပြီး အရသာရှိသော ဝက်ပေါင်ကင် ကို ဆက်လက် စားသောက်နေကာ ရုတ်တရက် ရောက်လာသော မှော်သားရဲ ကို လုံးဝ ဂရုမစိုက်ပေ။
"သူဌေး... အရှိန်အဝါ ကို ကြည့်ရတာ အနည်းဆုံး အဆင့်ရှစ် မှော်သားရဲ ပဲ... ပေါ့ဆလို့ မရဘူးနော်" တိုင်ဒီ က သတိထားနေဆဲပင်။
"ဟုတ်လား"
မုန်လဲ့ ရယ်မောလိုက်လေသည်။
"ဂါး..."
လေပူများ တိုက်ခတ်လာပြီး အရှည် မီတာ ၃၀ ခန့် ရှိသော တစ်ကိုယ်လုံး အနီရောင် အကြေးခွံများ ရှိပြီး မိကျောင်းနှင့် တူကာ ချွန်ထက်သော အစွယ်များ ရှိသည့် ဧရာမ ပုတ်သင်ညိုကြီး တစ်ကောင် ရောက်လာလေသည်။
"အဆင့်ကိုး မှော်သားရဲ... မြေအောက်မီး ပုတ်သင်ညို ပဲ"
တိုင်ဒီ တိုးတိုးလေး အော်ဟစ်လိုက်လေသည်။ "သူဌေး... ဒီကောင် က အရမ်း အစွမ်းထက်တယ်၊ ကျွန်တော် မယှဉ်နိုင်ဘူး... ကျွန်တော့် ကျောပေါ်ကို မြန်မြန် တက်၊ အရင် ဆုတ်ကြမယ်"
"ဆုတ်မယ်... ဘာလို့ ဆုတ်ရမှာလဲ"
မုန်လဲ့ က ခေါင်းခါလိုက်လေသည်။ တိုင်ဒီ က သွေးအသန့်ဆုံး တိုက်တန် နဂါးမျောက်ဝံ ဖြစ်သဖြင့် သဘာဝ အတိုင်း အရွယ်ရောက်လာလျှင် အဆင့်ကိုး မှော်သားရဲ ဖြစ်လာမည် ဖြစ်လေသည်။
လုံးဝ အားမနည်းပေ။
သို့သော် အဆင့်ကိုး မှော်အိမ်မွေးတိရစ္ဆာန် ဆိုသည်မှာ မုန်လဲ့ အတွက်တော့ အရမ်း အားနည်းနေသေးလေသည်။
"တိုင်ဒီ လည်း နတ်သစ်ပင် သစ်သီး ကို စားလို့ ရလောက်တယ်နော်"