အခန်း (၂၅၉၁-၂၅၉၂)
Vol. 260 Ch. 2591-2592
အခန်း (၂၅၉၁) - ပေါ်လာတာနဲ့ ချက်ချင်းအပြတ်ရှင်းမယ်
ပထမအလွှာ ဟင်းလင်းပြင်။
ဖန့်ချန်၏ ထိုစကားတစ်ခွန်းသည် ထိုနေရာ၌ ကြီးမားလှသော လှိုင်းတံပိုးကြီးများကို ထန်ထန်ပြင်းပြင်း လှုပ်ခတ်သွားစေခဲ့ရုံမျှမကပေ။
ရှီးလူမျိုးစု၏ ဆုန်ချန်သောက်တစ်ယောက် အသိစိတ်ပြန်ဝင်လာပြီးနောက် ချက်ချင်းပင် ရှီးလူမျိုးစု သူတော်စင်များကို ခေါ်ဆောင်ကာ ဖန့်ချန်၏ ရှေ့မှောက်သို့ အုပ်စုလိုက် တိုးဝှေ့ဝင်ရောက်လာခဲ့ကြပြီး ပြင်းထန်စူးရှသော လေသံဖြင့် အော်ဟစ်မေးမြန်းကြတော့သည်။
အကယ်၍ အောက်ကျိုချုံတို့တစ်စုသာ ထိုနေရာတွင် ရှိမနေပါက... ဆုန်ချန်သောက်တို့ကိုပင် တားဆီးနိုင်ကြလိမ့်မည် မဟုတ်ချေ။
မည်သို့ပင်ဆိုစေကာမူ ဖန့်ချန်က ရှီးလူမျိုးစု၏ ကာကွယ်ရေးဆရာ ယန်ယွမ်သည် ကျိုကျီတောင်ကို ဖျက်ဆီးခဲ့သော ယင်သူတော်စင် ဖြစ်သည်ဟု ပြောဆိုလိုက်ခြင်းမှာ... ဤစွပ်စွဲချက်ကြီးက အလွန်တရာ ကြီးမားလွန်းလှပေသည်။
ရှီးလူမျိုးစု ကျောင်းဆောင်အနေဖြင့် ထိုအပြစ်ဒဏ်ကြီးကို လုံးဝ ခံနိုင်ရည် ရှိလိမ့်မည် မဟုတ်ပါချေ။
ထို့နောက်တွင် ဟေးဆန်းက ဟင်းလင်းပြင်ထဲသို့ တစ်ဖန်ပြန်၍ တိုးဝင်သွားသော လှုပ်ရှားမှုကြောင့် သူတော်စင်အသီးသီးတို့မှာ ပိုမို၍ သံသယဝင်ကာ ထိတ်လန့်တုန်လှုပ်သွားခဲ့ကြရသည်။
တကယ်ပဲ... ထိုတရားခံက ယန်ယွမ် ဖြစ်နေပြီး၊ တစ်ဆယ့်တစ်လွှာမြောက် ဟင်းလင်းပြင်ထဲမှာ အမှန်တကယ် ပုန်းကွယ်နေတာလား၊ ကျောင်းတော်အုပ်ချုပ်သူကြီးက တကယ်ပဲ သူတို့ကို ဆွဲထုတ်နိုင်မှာလား။
“ဖန့်ချန်... မင်း ဒီနေ့သာ ငါတို့ ရှီးလူမျိုးစုကို သေချာရေရာတဲ့ ရှင်းလင်းချက်တစ်ခု မပေးနိုင်ရင်၊ ငါတို့ ဒီကိစ္စကို အထက်ကို လုံးဝ တိုင်တန်းပစ်မယ်။”
“ငါတို့ ရှီးလူမျိုးစုရဲ့ ကာကွယ်ရေးဆရာ ယန်ယွမ်က... ဘယ်လိုလုပ်ပြီး ယင်သူတော်စင် ဖြစ်နိုင်မှာလဲ။”
“ကျိုကျီတောင်ကိစ္စက... ဘယ်လိုလုပ်ပြီး သူနဲ့ ပတ်သက်နိုင်မှာလဲ။”
“မင်းရဲ့ အခုလို ပြောဆိုချက်တွေက ငါတို့ ရှီးလူမျိုးစုကို ဖျက်ဆီးပစ်ဖို့ စိတ်ရည်ရွယ်ချက် ရှိနေတာလား။ မင်းရဲ့ စိတ်ရင်းက အလွန်ယုတ်မာပြီး မင်းရဲ့ အပြောအဆိုတွေက ခေါင်းဖြတ်ခံရမယ့် အပြစ်မျိုးပဲ။”
ဆုန်ချန်သောက်၏ မျက်နှာအမူအရာက အေးစက်ခက်ထန်နေပြီး သူ၏ အသံကြီးက ကြေးစည်ကြီး တီးခတ်လိုက်သကဲ့သို့ ဟင်းလင်းပြင်တစ်ခုလုံးတွင် ဟိန်းထွက်သွားခဲ့သည်။
သူ၏ နောက်ကွယ်တွင် ရှိနေကြသော ရှီးလူမျိုးစု၏ စောင့်ရှောက်သူများ၊ ဆရာများနှင့် ကျောင်းသားများအားလုံးသည်လည်း ပြင်းထန်သော ဒေါသအဟုန်များဖြင့် ဖန့်ချန်ကို တရစပ် စစ်ဆေးမေးမြန်းခြင်း၊ ဆဲဆိုကြိမ်းမောင်းခြင်းနှင့် ကျိန်ဆဲခြင်းများကို ပြုလုပ်နေကြတော့သည်။
လူသားမျိုးနွယ်စု ကျောင်းဆောင်ဘက်မှ လူများသည် ထိုမြင်ကွင်းကို မြင်တွေ့လိုက်ရသည့်အခါ မိမိတို့၏ ဖန့်ချန်ကို ဤကဲ့သို့ လွယ်လွယ်ကူကူ အရှက်ခွဲခြင်းကို မည်သို့ ခွင့်ပြုနိုင်ပါ့မည်နည်း၊ ချက်ချင်းပင် အပြန်အလှန် ဆဲဆိုအော်ဟစ်ကြတော့သည်။
ထိုသို့ ဖြစ်ပွားသွားသည်နှင့်အမျှ နှစ်ဖက်စလုံးနှင့် ရင်းနှီးကျွမ်းဝင်သော ကျောင်းဆောင်များသည်လည်း မလွဲမသွေ ဝင်ရောက်ပတ်သက်လာကြရတော့သည်။
ခေတ္တမျှသော အချိန်အတွင်းမှာပင် ဤနေရာသည် ဟင်းလင်းပြင်တစ်ခုနှင့် မတူတော့ဘဲ စျေးဗန်းခင်းသည့် နေရာတစ်ခုကဲ့သို့ ဆူညံပွက်လောရိုက်သွားခဲ့ရသည်။
"ငလူးမသားတွေ ငါတို့ရှီးမျိုးနွယ်က အပြစ်ကင်းတယ်လို့"
"ယီးကိုအပြစ်ကင်း"
အခြားသော သူတော်စင်အချို့ကမူ ဖန့်ချန်၏ စကားများ မည်မျှအထိ မှန်ကန်မှု ရှိနိုင်မည်နည်း ဆိုသည်ကို တိတ်တဆိတ် ဆင်ခြင်သုံးသပ်နေကြသည်။
ပို၍ပင် များပြားလှသော သူတော်စင်များကမူ ရင်ထဲတွင် အပြင်းအထန် တွေးတောနေကြသည်မှာ... အကယ်၍ ယန်ယွမ်က အမှန်တကယ်ပင် ယင်သူတော်စင် ဖြစ်နေခဲ့ပါက၊ ဖန့်ချန်က ထိုအကြောင်းကို ဘယ်လိုလုပ်ပြီး သိရှိသွားခဲ့တာလဲ။
အကြီးအကဲများသည် ဆူညံပွက်လောရိုက်မှုကို အေးစက်သော မျက်ဝန်းများဖြင့် ကြည့်ရှုနေကြပြီး အကြည့်များက တစ်ခါတစ်ရံတွင် ဖန့်ချန်၏ ကိုယ်ပေါ်သို့ ကျရောက်နေခဲ့သည်။
အောက်ကျိုချုံနှင့် ကွမ်းကျင့်ရှု နှစ်ဦးတည်းသာလျှင် တည်ငြိမ်နေခဲ့ကြသည်။
အဘယ်ကြောင့်ဆိုသော် သူတို့သည် ရောက်ရှိမနေသော စာရင်းထဲတွင်... ယန်ယွမ်၏ နာမည်ကို အမှန်တကယ် မြင်တွေ့ခဲ့ရသောကြောင့် ဖြစ်သည်။
သူသည်... ဤနေရာတွင် ရောက်ရှိမနေပါချေ။
ဖန့်ချန်က ဆုန်ချန်သောက်ကို ဂရုစိုက်ရန် ပျင်းရိနေသဖြင့် အောက်ကျိုချုံကိုသာ တစ်ချက် လှမ်းကြည့်လိုက်သည်။
အောက်ကျိုချုံက ထိုအခြေအနေကို မြင်လိုက်ရသည့်အခါ လက်ကို အသာအယာ မြှောက်လိုက်ပြီး -
“အားလုံး တိတ်တိတ်နေကြစမ်း၊ ဒီကိစ္စက ခဏနေရင် သူ့အလိုလို အဖြေထွက်လာလိမ့်မယ်၊ အကယ်၍ သူတို့က တစ်ဆယ့်တစ်လွှာမြောက် ဟင်းလင်းပြင်ထဲမှာ တကယ် ရှိနေခဲ့ရင်... ကျောင်းတော်အုပ်ချုပ်သူကြီးရဲ့ အစွမ်းအစနဲ့ဆိုရင်တော့...။”
“သူတို့ကို ဖမ်းဆီးနိုင်လိမ့်မယ်လို့ မျှော်လင့်ရတာပဲ။”
သူက စကားပြောဆိုလိုက်သည်နှင့် ဟင်းလင်းပြင်ကြီးသည်လည်း တဖြည်းဖြည်း တိတ်ဆိတ်ငြိမ်သက်သွားခဲ့ရသည်။
အောက်ကျိုချုံက ချက်ချင်းပင် ဖန့်ချန်ကို လှမ်းကြည့်လိုက်ကာ တိုးညှင်းစွာ ဆိုလိုက်သည်။
“ဖန့်ချန်... တကယ်ပဲ ယန်ယွမ် လား။ တစ်ဆယ့်တစ်လွှာမြောက် ဟင်းလင်းပြင်ထဲမှာလား။”
ဆုန်ချန်သောက်က ထိုအခြေအနေကို မြင်လိုက်ရသဖြင့် ချက်ချင်းပင် ထပ်မံ၍ ပါးစပ်ဟရန် ပြင်လိုက်သော်လည်း... ကွမ်းကျင့်ရှု၏ ပြင်းထန်ခက်ထန်လှသော အကြည့်ကြောင့် တားဆီးခြင်း ခံလိုက်ရသည်။
“ဆုန်ချန်သောက်... အခုအချိန်မှာ ငါတို့ စစ်ဆေးရေးဌာန အတွင်းပိုင်းက စစ်ဆေးမေးမြန်းနေတာ ဖြစ်လို့၊ မင်းနဲ့ ဘာမှမဆိုင်ဘူး။”
“အကယ်၍ ယန်ယွမ်က ယင်သူတော်စင် မဟုတ်ခဲ့ရင်... ဖန့်ချန် ဘယ်လိုပဲ ပြောပြော သူက ယင်သူတော်စင် ဖြစ်လာမှာ မဟုတ်ဘူး။”
“အကယ်၍ ယန်ယွမ်က ယင်သူတော်စင် ဖြစ်နေခဲ့ရင်တော့... မင်း ဘယ်လိုပဲ ငြင်းဆန်ငြင်းဆန် အမှန်တရားကို ပြောင်းလဲနိုင်မှာ မဟုတ်ဘူး။”
“မင်းရဲ့ ပါးစပ်ကို ပိတ်ထားပြီး ငြိမ်ငြိမ်လေး နားထောင်နေစမ်း။”
ဆုန်ချန်သောက်၏ မျက်နှာက တရစပ် အမူအရာ ပြောင်းလဲသွားခဲ့ရပြီး နောက်ဆုံးတွင် ပါးစပ်ကို ပိတ်ထားလိုက်ကာ ဆက်လက်၍ စကားမဆိုတော့ချေ။
သို့သော် ရင်ထဲတွင်မူ အလွန်အမင်း အရှက်ရခြင်းနှင့် နာကျည်းခြင်းများ ပြည့်နှက်နေခဲ့သည်။
အကယ်၍ တစ်ဖက်လူက စစ်ဆေးရေးမှူး ရာထူးကို သယ်ဆောင်ထားခြင်း မဟုတ်ပါက...ထျန်းကန်းလူမျိုးစုကဲ့သို့သော လူမျိုးစုငယ်လေးတစ်ခု၏ အထွတ်အထိပ်ထိပ်တာအိုအဆင့်မျှသာ ရှိသော ကောင်က သူ့ကို ဤကဲ့သို့ အော်ဟစ်ကြိမ်းမောင်းရန် ဘယ်လိုလုပ်ပြီး အရည်အချင်း ရှိပါ့မည်နည်း။
ယခုအချိန်တွင်မူ... ရေတွက်လို့မရသော အကြည့်များအားလုံးသည် ဖန့်ချန်၏ ကိုယ်ပေါ်သို့ ကျရောက်နေခဲ့ကြပြီး၊ ဤကိစ္စ၏ အစအဆုံး အမှန်တရားကို သိရှိလိုနေကြသည်။
အောက်ကျိုချုံ၏ မေးမြန်းမှုကို ရင်ဆိုင်ရင်း ဖန့်ချန်က အသာအယာ ခေါင်းညိတ်ပြလိုက်သည်။
“ကျောင်းတော်အုပ်ချုပ်သူကြီးက သူတို့ကို ဆွဲထုတ်လာတဲ့အထိ စောင့်ကြည့်လိုက်ရင်... သိရှိရမှာပါ။”
“အကယ်၍ သူတို့က တစ်ဆယ့်တစ်လွှာမြောက်မှာ တကယ် ရှိနေခဲ့ရင်... ကျောင်းတော်အုပ်ချုပ်သူကြီးက သူတို့ကို ဆွဲထုတ်နိုင်ချင်မှ ဆွဲထုတ်နိုင်လိမ့်မယ်။”
အောက်ကျိုချုံ၏ အသံက အသံလှိုင်းအဖြစ် ပြောင်းလဲသွားခဲ့ပြီး ဖန့်ချန်၏ နားထဲသို့ တိုးဝင်လာခဲ့သည်။
ဖန့်ချန် ခေတ္တမျှ မှင်တက်သွားခဲ့ရသည်။
အတိအကျပင် ထိုအချိန်၌ ဟေးဆန်းက ဟင်းလင်းပြင်ထဲမှ ရုတ်တရက် ဝုန်းခနဲ ခုန်ထွက်လာခဲ့သည်။
သူ့တစ်ကိုယ်လုံးတွင် ချွေးစေးများဖြင့် ပြည့်နှက်နေခဲ့ပြီး အလွန်တရာ ပင်ပန်းနွမ်းနယ်နေသည့် ပုံစံမျိုး ပေါ်ပေါက်နေခဲ့သည်။
သူတော်စင်အားလုံး မိမိကို စိုက်ကြည့်နေကြသည်ကို မြင်လိုက်ရသည့်အခါ ဟေးဆန်းက ရှက်ပြုံး ပြုံးလိုက်သည်။
“ငါ့ရဲ့ ကျင့်စဉ်အဆင့်က နည်းနည်း လိုသေးတာပဲ၊ တစ်ဆယ့်တစ်လွှာမြောက် ဟင်းလင်းပြင်ထဲကို မရောက်နိုင်ခဲ့ဘူး။”
“……”
ဒီတော့... ဤအဆင့်ရှိသော ကောင်းကင်အရှင်ကြီးပင်လျှင် တစ်ဆယ့်တစ်လွှာမြောက် ဟင်းလင်းပြင်ထဲသို့ အတင်းအကျပ် ထိုးဖောက်မဝင်ရောက်နိုင်ပါလား။
ဖန့်ချန်သည် မိမိအတွက် အလွန်တရာ အသုံးဝင်လှသော သတင်းအချက်အလက်တစ်ခုကို ရရှိလိုက်သည်ဟု ခံစားလိုက်ရသည်။
ထိုသို့ဆိုလျှင် ဟေးဆန်းနှင့် အဆင့်အတန်းတူညီသော ကောင်းကင်အရှင်များ ဖြစ်ကြလျှင်ပင်... သူ၏ ပုန်းကွယ်နိုင်စွမ်းလောက် နက်ရှိုင်းစွာ ဝင်ရောက်နိုင်ကြလိမ့်မည် မဟုတ်ချေ။
ဆုန်ချန်သောက်သည် ဟေးဆန်းက ယန်ယွမ်ကို ဖမ်းဆီးနိုင်ခြင်း မရှိသည်ကို မြင်လိုက်ရသည့်အခါ ချက်ချင်းပင် ဖန့်ချန်ကို လှောင်ပြောင်သရော်စွာဖြင့် စိုက်ကြည့်လိုက်သည်။
“မင်း ငါတို့ ရှီးလူမျိုးစုကို ရှင်းလင်းချက်တစ်ခု ပေးသင့်ပြီ၊ ငါတို့ ရှီးလူမျိုးစုရဲ့ ကာကွယ်ရေးဆရာကို ဒီလိုမျိုး မဟုတ်မမှန် စွပ်စွဲတာက...”
“မင်း ခဏလောက် အရင်စောင့်ဦး၊ ငါ ယန်ယွမ်ကို မဖမ်းမိတာက... ဖန့်ချန် မဟုတ်မမှန် လျှောက်ပြောနေတာကို ဆိုလိုတာ မဟုတ်ဘူး။”
ဟေးဆန်းက လက်ကို ဝှေ့ယမ်းပြလိုက်ကာ -
“ငါ့ကို အသက်ရှူနည်းနည်း လောက် ဝအောင် ခဏပေးဦး၊ တစ်ဆယ့်တစ်လွှာမြောက် ဟင်းလင်းပြင်ထဲကို ရောက်အောင် သွားနိုင်မလား ဆိုတာကို ထပ်ပြီး စမ်းသပ်ကြည့်မယ်။”
ဖန့်ချန်က ထိုအခြေအနေကို မြင်လိုက်ရသည့်အခါ အသာအယာ ပြုံးလိုက်သည်။
“ကျောင်းတော်အုပ်ချုပ်သူကြီး... အမှန်တော့ တစ်ဆယ့်တစ်လွှာမြောက် ဟင်းလင်းပြင်ထဲကို သွားစရာ မလိုပါဘူး၊ ပထမအလွှာကနေ ဒသမအလွှာအထိကို အတင်းကျပ်ကာကွယ်ပိတ်ဆို့ထားလိုက်ရုံပါပဲ။”
“သူတို့တွေ မကြာခင်မှာ... ဟင်းလင်းပြင်ထဲကနေ ကိုယ့်ဘာသာ ခုန်ထွက်လာကြပါလိမ့်မယ်။”
“ယန်ယွမ်ရဲ့ ကိုယ်ပေါ်မှာ ဟင်းလင်းပြင်သီး အများကြီး မရှိပါဘူး၊ သူတို့ တစ်ဆယ့်တစ်လွှာမြောက် ဟင်းလင်းပြင်ထဲမှာ လှုပ်ရှားဖို့အတွက် လုံးဝ မလုံလောက်ပါဘူး။”
တစ်ဆယ့်နှစ်လွှာမြောက် ဟင်းလင်းပြင်
ထိုမြင်ကွင်းကို မြင်တွေ့လိုက်ရသော ယန်ယွမ်၏ မျက်နှာက စိမ်းဖတ်သွားခဲ့ရပြီး ထိုအဖိုးအိုကို သေလုမတတ် စိုက်ကြည့်လိုက်သည်။
“မင်းက ဖန့်ချန်ရဲ့ သူလျှို မဟုတ်သေးဘူးလို့ ပြောချင်သေးတာလား။ သူက ငါ ဖြစ်နေမှန်း သိရုံတင်မကဘဲ... ငါ့ကိုယ်ပေါ်မှာ ဟင်းလင်းပြင်သီး ရှိတာကိုလည်း သိနေတယ်၊ ပြီးတော့ ငါ့ဆီမှာ ဟင်းလင်းပြင်သီး အများကြီး မရှိဘူးဆိုတာကိုပါ သိနေတာကွာ။”
အဖိုးအို၏ မျက်နှာက သံမဏိကဲ့သို့ မည်းမှောင်နေခဲ့ပြီး -
“မင်း ဦးနှောက်နည်းနည်း သုံးစမ်းပါ၊ ငါက ဘယ်လိုလုပ်ပြီး ဖန့်ချန်ရဲ့ သူလျှို ဖြစ်နိုင်မှာလဲ။ ငါက ယင်သူတော်စင်၊ ငါက အထွတ်အထိပ်ထိပ်တာအိုအဆင့် ယင်သူတော်စင်ကြီးပါ၊ ငါက အသက်စွမ်းအင်အဆင့် ရှိတဲ့ ကလေးတစ်ယောက်ရဲ့ သူလျှို လုပ်ရမလား။”
“မင်း ရူးနေတာလား... ဒါမှမဟုတ် ငါက အူကြောင်ကြောင် ဖြစ်နေတာလား။”
“ဒါဆိုရင် အခု ဘယ်လိုလုပ်ကြမလဲ။”
ယန်ယွမ်က အေးစက်စွာ ဆိုလိုက်သည်။
“ဒီနေရာကနေ ထွက်ပြေးလို့ ရမလား။”
အဖိုးအိုက ဆင်ခြင်သုံးသပ်လိုက်သည်။
“ထွက်ပြေးမယ် ဟုတ်လား... ပြေးလို့ရမလားကွာ။”
ယန်ယွမ်က တရစပ် အေးစက်စွာ ရယ်မောလိုက်ရင်း -
“ငါ အခု ခြေလှမ်းတစ်လှမ်း လှမ်းလိုက်တာနဲ့ ဟင်းလင်းပြင်သီးရဲ့ အာနိသင်က လုံးဝ ကုန်ဆုံးသွားမှာ ဖြစ်လို့၊ ချက်ချင်းပဲ သူတို့နဲ့ ထိပ်တိုက် တိုးတော့မှာ။”
“ဒါဆိုရင် ဘယ်လို ပြောမလဲ။”
အဖိုးအိုသည်လည်း ဒေါသမထွက်ဘဲ တည်ငြိမ်စွာဖြင့် တွက်ချက်နေခဲ့သည်။
“အလွန်ဆုံးဆိုရင် ဆဋ္ဌမအလွှာ ဟင်းလင်းပြင်ကနေ စမ်းကြည့်လို့ ရနိုင်တယ်၊ ဒါပေမဲ့ အဲဒီ ဟေးကောင်းကင်အရှင်က...”
ယန်ယွမ်၏ မျက်နှာက ပြာနှမ်းနေခဲ့ပြီး မျက်ဝန်းထဲတွင် ကြောက်ရွံ့ထိတ်လန့်မှုရိပ်များ ထွက်ပေါ်လာခဲ့ရကာ... မိမိ၏ အဆုံးသတ် ရလဒ်ကို တွေးတောမိသွားပုံရသည်။
“အကယ်၍ မင်းလိုမျိုး အဖိုးကြီးက ဒီနေရာမှာပဲ ကျန်နေခဲ့ပြီး လှောင်ပြောင်သရော်မှုကို အရူးလို ထိုင်ကြည့်ဖို့ ဇွတ်မလုပ်ခဲ့ရင်...”
“ငါတို့တွေ ဘာလို့ ဒီလိုမျိုး အခြေအနေအထိ ရောက်ရမှာလဲ။”
“ဘာလို့ ဒီလိုမျိုး ဖြစ်ရမှာလဲ။”
ပထမအလွှာ ဟင်းလင်းပြင်
“ဟုတ်တယ်... ဟုတ်တယ်၊ ဟင်းလင်းပြင်သီး ဆိုတဲ့ အရာမျိုးက အရေအတွက် နည်းရင်... သူတို့ တစ်ဆယ့်တစ်လွှာမြောက် ဟင်းလင်းပြင်ထဲမှာ အကြာကြီး နေနိုင်ဖို့ ဘယ်လိုမှ မဖြစ်နိုင်ဘူး။”
“ငါ အခု ချက်ချင်း ဒသမအလွှာကို သွားပြီး စောင့်ကြည့်မယ်၊ ပြီးရင် ပထမ ကိုးလွှာအထိကိုလည်း လှည့်လည် စောင့်ကြည့်မယ်။”
“သူတို့ ပေါ်လာတာနဲ့ ချက်ချင်း ငါကိုယ်တိုင် အပြတ်ရှင်းပစ်မယ်။”
ဟေးဆန်းက အပိုစကားများ မပြောတော့ဘဲ ဟင်းလင်းပြင်ထဲသို့ ထပ်မံ၍ တိုးဝင်ပျောက်ကွယ်သွားခဲ့ပြန်သည်။
ဟင်းလင်းပြင်ကြီးသည် တစ်ဖန် ငြိမ်သက်ခြင်းထဲသို့ ကျရောက်သွားခဲ့ရသည်။
သူတော်စင်အပေါင်းတို့သည်လည်း အချင်းချင်း ကြည့်လိုက်မိကြတော့သည်။
ထိုအချက်ကို အခြေခံပြီး ပြောရမည်ဆိုပါက... ယန်ယွမ်မှာ လမ်းပျောက်သွားခဲ့ပြီ ဖြစ်သည်မလား။
“ဖန့်ချန်... မင်းရဲ့ စကားအရ ဆိုရင်တော့ ငါတို့ မျိုးနွယ်စုရဲ့ ယန်ယွမ်က သေချာပေါက် ယင်သူတော်စင် ဖြစ်နေပြီလို့ အပိုင်တွက်ထားတာပေါ့ ဟုတ်လား။”
“သူက ဒီနေရာမှာ ကျောင်းတော်အုပ်ချုပ်သူကြီးရဲ့ ဖမ်းဆီးခြင်းကို ခံရလိမ့်မယ် ပေါ့။”
“အကယ်၍ သူ မဟုတ်ခဲ့ရင်ကော... ဘယ်လိုလုပ်မလဲ။”
ဆုန်ချန်သောက်က ထပ်မံ၍ ပါးစပ်ဟလာခဲ့ပြန်ပြီး လေသံမှာ ယခင်ကထက်စာလျှင် ပိုမို၍ တည်ငြိမ်နေခဲ့သည်။
သူ၏ နောက်ကွယ်က ရှီးလူမျိုးစု သူတော်စင်များသည်လည်း ဖန့်ချန်ကို သေလုမတတ် စိုက်ကြည့်နေကြသည်။
ဤကဲ့သို့သော အမူအရာကို ကြည့်ခြင်းအားဖြင့် သူတို့သည် ထိုကိစ္စကို လုံးဝ မယုံကြည်ကြသည်မှာ ထင်ရှားလှပေသည်။
“ဘယ်လိုလုပ်မလဲ ဟုတ်လား... ဒါဆိုရင် ငါ့ရဲ့ ခေါင်းကို ဖြတ်ပြီး မင်းအတွက် ခုံတန်းလျား လုပ်ပေးရမလား။”
ဖန့်ချန်က ပြုံးပြီး ဆိုလိုက်သည်။
“ငါက ခေါင်းဖြတ်ပေးခဲ့ရင်တောင်မှ မင်းကော ထိုင်ရဲမှာလား။ ငါ့ရဲ့ ဆရာ တည်ရှိနေတာကို လုံးဝ မေ့နေပြီလား။”
ဆုန်ချန်သောက် ခေတ္တမျှ စကားဆွံ့အသွားခဲ့ရသည်။
ကွမ်းကျင့်ရှုကလည်း အေးစက်စက် လေသံဖြင့် ဆိုလိုက်သည်။
“စစ်ဆေးရေးဌာနရဲ့ ကိစ္စကို စစ်ဆေးရေးဌာနကပဲ မိမိဘာသာ ဖြေရှင်းလိမ့်မယ်၊ ဖန့်ချန်ရဲ့ ခန့်မှန်းချက် မှားယွင်းသွားခဲ့ရင်တောင်မှ စစ်ဆေးရေးဌာနရဲ့ ကိစ္စပဲ ဖြစ်လို့... အထက်လူကြီးက အလွန်ဆုံး ဆူပူကြိမ်းမောင်းရုံပဲ ရှိမှာ၊ မင်းတို့က ဘာဖြစ်ချင်နေတာလဲ။”
“ဒါဆိုရင် စစ်ဆေးရေးသူတော်စင် တိုင်းက... ကိစ္စတိုင်းကို အမြဲတမ်း မှန်ကန်အောင် လုပ်ဆောင်ရမှာလား။”
“တကယ်ပဲ ငါတို့အားလုံးကို ကောင်းကင်အရှင်တွေလို့ ထင်နေတာလား။”
“မင်းတို့ စစ်ဆေးရေးဌာနက အမြဲတမ်း မျှတပါတယ်ဆိုပြီးတော့...”
ဆုန်ချန်သောက်၏ မျက်ဝန်းထဲတွင် မယုံကြည်နိုင်စရာ အရိပ်အယောင်များ ပေါ်ထွက်လာခဲ့ရသည်။
အောက်ကျိုချုံက မျက်မှောင်ကြုတ်ကာ ဆိုလိုက်သည်။
“ဖန့်ချန်က တမင်သက်သက် စွပ်စွဲပြီး ထောင်ချောက်ဆင်နေတာလည်း မဟုတ်ဘူးမလား။ သူက တရားဝင် ရုံးလုပ်ငန်းကိုပဲ ဆောင်ရွက်နေတာပဲ...။”
“ထွက်ပေါ်လာတဲ့ ကောက်ချက်က မှားယွင်းနေခဲ့ရင်တောင်မှ မင်းတို့ ရှီးလူမျိုးစုအပေါ် ဘာမှ သက်ရောက်မှု မရှိပါဘူး၊ မင်းတို့က ဘာလို့ ဒီလောက်အထိ အလျှော့မပေးဘဲ အနိုင်ကျင့်ချင်နေရတာလဲ။”
“တော်ပြီ... မင်းတို့ ပြောတာတွေက အကုန်လုံး အကြောင်းပြချက် ရှိတာပဲ၊ ဒါပေမဲ့ ဒီနေ့သာ သူ့ရဲ့ ခန့်မှန်းချက် မှားယွင်းသွားခဲ့ရင်တော့... သူ ဒီစစ်ဆေးရေးသူတော်စင် ရာထူးမှာ ဆက်ပြီး ထိုင်နိုင်ဖို့ မလွယ်ကူတော့ဘူးလို့ ငါ ထင်တယ်။”
“မင်းတို့ စစ်ဆေးရေးဌာနက ဒီလိုမျိုး အသုံးမကျတဲ့ အကောင်တွေကို ဆက်ပြီး ထားထားချင်တာ မဟုတ်ရင်ပေါ့လေ။”
ဆုန်ချန်သောက်က အေးစက်စွာ ရယ်မောလိုက်ပြီးနောက် ဆက်လက်၍ စကားမဆိုတော့ချေ။
“အကယ်၍... သူက တကယ်ပဲ ယန်ယွမ် ဖြစ်နေခဲ့ရင်ကော။”
ဇောင်ဟွမ်၏ အသံက တိုးညှင်းစွာ ထွက်ပေါ်လာခဲ့ပြီး -
“ရှီးလူမျိုးစု အနေနဲ့... ငါတို့ လူသားမျိုးနွယ်စုကို ဘယ်လိုမျိုး ပြန်ပြီး ရှင်းလင်းချက် ပေးမှာလဲ။”
ဆုန်ချန်သောက်၏ မျက်နှာက တောင့်တင်းသွားခဲ့ရပြီးနောက်မှ အေးစက်စွာ ဆိုလိုက်သည်။
“ရလဒ်ကိုပဲ ကြည့်ကြတာပေါ့... စောင့်ဆိုင်းလိုက်ပါ။”
အခန်း (၂၅၉၂) - ယာယီကျောင်းအုပ်ကြီး ရာထူးကို ဆက်ခံခြင်း
ထိုသို့ဖြင့် စောင့်ဆိုင်းလိုက်ရသည်မှာ သုံးရက်နီးပါးမျှ ကြာမြင့်သွားခဲ့သည်။
ဤအချိန်အတွင်းမှာပင် ဟေးဆန်းသည် ဒသမအလွှာအတွင်းရှိ ဟင်းလင်းပြင်ထဲ၌ မပြတ်မစဲ လှည့်လည်စောင့်ကြည့်နေခဲ့သည်။
ဒီနေ့တွင် သူက အသက်ရှူနည်းနည်းလောက် ဝအောင် ခဏနားရန် ပထမအလွှာသို့ ပြန်ရောက်လာရုံရုံသာ ရှိသေးသည်။
ဟင်းလင်းပြင်ကြီး လှုပ်ခတ်သွားသည်ကို မြင်လိုက်ရသည်။
အတွင်းကမ္ဘာတစ်ခုသည် ဤကဲ့သို့ပင် ဟင်းလင်းပြင်ထဲမှ ဗလာသက်သက် ရုတ်တရက် ဝုန်းခနဲ ခုန်ထွက်လာခဲ့တော့သည်။
ထိုအတွင်းကမ္ဘာ၏ တံခါးဝပေါ်တွင် အက်ကြောင်းအချို့ပင် ထွက်ပေါ်နေခဲ့ပြီ ဖြစ်သည်။
အတင်းအကျပ် ဖိအားပေးခံရသည့် ပတ်ဝန်းကျင်အခြေအနေထဲ၌ ခေတ္တမျှ ကြာအောင် နေထိုင်ခဲ့ရသည့်အလားပင်။
ဟင်းလင်းပြင်တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်ခြင်းထဲသို့ ကျရောက်သွားခဲ့ရပြီး၊ မျက်ဝန်းအစုံတို့က ထိုအတွင်းကမ္ဘာ တံခါးဝကို သေလုမတတ် စိုက်ကြည့်နေကြတော့သည်။
သူတို့သည် ဖန့်ချန် ပြောဆိုခဲ့သည်ကို အမှန်တကယ်ပင် ယုံကြည်သွားခဲ့ကြပြီ ဖြစ်သည်။
ထိုအတွင်းကမ္ဘာကား ဟင်းလင်းပြင်၏ အနက်ရှိုင်းဆုံးနေရာတွင် ပုန်းကွယ်နေခဲ့သော ယင်သူတော်စင် ဖြစ်ပြီး... ဟင်းလင်းပြင်သီး၏ အာနိသင် ကုန်ဆုံးသွားခဲ့ရသဖြင့် ထိုမှသာ မတတ်သာသည့်အဆုံး ကိုယ့်ဘာသာ ခုန်ထွက်လာခဲ့ရခြင်းပင်။
မူလက ရင်ထဲတွင် မကျေမနပ်ဖြစ်ပြီး နာကျည်းနေခဲ့သော ဆုန်ချန်သောက်သည် ထိုအတွင်းကမ္ဘာကို မြင်လိုက်ရသည့်အခါ ချက်ချင်းပင် အရှိန်အဟုန်တို့ လျော့ကျသွားခဲ့ရပြီး ဘာအသံမှ ထွက်မလာတော့ချေ။
သူ၏ မျက်ဝန်းများက မှင်တက်အူကြောင်ကြောင် ဖြစ်နေခဲ့ရပြီး မျက်လုံးထဲတွင် မယုံကြည်နိုင်စရာ အရိပ်အယောင်များဖြင့် ပြည့်နှက်နေခဲ့သည်။
ထိုနေရာသို့ ရောက်ရှိနေကြသော ရှီးလူမျိုးစု၏ ကာကွယ်ရေးဆရာများ၊ တောင်ဆရာများထဲမှ... ယန်ယွမ်၏ အတွင်းကမ္ဘာကို မမြင်ဖူးသည့်သူ မည်သူ ရှိပါ့မည်နည်း။
အပေါ်မှ ထွက်ပေါ်နေသော အငွေ့အသက်များကို သူတို့သည် မိုင်ပေါင်းသောင်းချီ ကွာဝေးနေလျှင်ပင် တိတိကျကျ ခံစားမိနေကြပြီ ဖြစ်သည်။
ဆုန်ချန်သောက်ကဲ့သို့ပင်... သူတို့အားလုံး အသံများ ပျောက်ကွယ်သွားခဲ့ရပြီး ထိုနေရာ၌ပင် ကြောင်စီစီဖြင့် ရပ်တန့်နေခဲ့ကြတော့သည်။
အောက်ကျိုချုံနှင့် ကွမ်းကျင့်ရှုတို့သည် အချင်းချင်း ကြည့်လိုက်ကြပြီး၊ သူတို့ အမိန့်ပေးရန်ပင် မလိုတော့ဘဲ နျဲ့ချင့် အမှူးပြုသော စစ်ဆေးရေးသူတော်စင်များသည် အနီးနားရှိ ဟင်းလင်းပြင်အားလုံးကို စောစီးစွာပင် အတင်းကျပ်ကာကွယ်ပိတ်ဆို့ထားလိုက်ကြပြီ ဖြစ်သည်။
ဆွေ့ဟုန်ကျူးသည် ထိုအခြေအနေကို မြင်လိုက်ရသည့်အခါ အခြားသော ကောင်းကင်နိမိတ်အဆင့် စစ်ဆေးရေးသူတော်စင်အချို့နှင့် အကြည့်ချင်း လဲလှယ်လိုက်ကြသည်။
ထိုကဲ့သို့ တိတ်ဆိတ်ငြိမ်သက်နေသော ပတ်ဝန်းကျင်အခြေအနေထဲတွင် ယန်ယွမ်က အတွင်းကမ္ဘာ တံခါးဝ၏ ရှေ့သို့ လှမ်းထွက်လာခဲ့ပြီး မျက်နှာတစ်ခုလုံး ဝေခွဲမရဖြစ်ခြင်းများဖြင့် ပတ်ဝန်းကျင်ကို လှမ်းကြည့်လိုက်သည်။
“အားလုံးပဲ... မင်းတို့ ဒါက ဘာလုပ်နေကြတာလဲ။”
“ထုစမ်း"
အထက်ကောင်းကင်ယံမှ ဟေးဆန်းက အေးစက်စွာ လှောင်ရယ်လိုက်သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် ထိုနေရာသို့ ရောက်ရှိနေကြသော ကောင်းကင်နိမိတ်အဆင့် သူတော်စင်များအားလုံးသည် ယန်ယွမ်၏ ကိုယ်ပေါ်သို့ တပြိုင်နက်တည်း တရစပ် လှုပ်ရှားလိုက်ကြတော့သည်။
ယန်ယွမ်က ပျာပျာသလဲ ဖြစ်သွားခဲ့ရပြီး -
“အားလုံးပဲ ဒါက ဘာဖြစ်လို့လဲ၊ ငါက ဒီအတိုင်း လမ်းကြုံလို့ ဖြတ်လာတာပါကွာ ”
လှုပ်ရှားဖို့ပြင်နေကြသော ကောင်းကင်အဆင့် သူတော်စင်များသည် လုံးဝ နားမထောင်ကြဘဲ၊ အသက်ရှူရုံမျှသော အချိန်အတွင်းမှာပင် ယန်ယွမ်၏ အတွင်းကမ္ဘာကြီးကို အတင်းအကျပ် ရိုက်ခွဲပစ်လိုက်ကြတော့သည်။
အငွေ့အသက်တစ်မျှင်သည် သူ၏ အတွင်းကမ္ဘာထဲမှ လွင့်ပျံထွက်လာခဲ့ပြီး လူမရိပ်မိနိုင်လောက်အောင် ဝေးရာသို့ လွင့်ပါးသွားရန် ပြင်လိုက်သည်။
ဟေးဆန်းက ထိုအခြေအနေကို မြင်လိုက်ရသည့်အခါ လက်ကို မြှောက်၍ လှမ်းဖမ်းလိုက်သည်။
“ဘယ်ကို ပြေးမလို့လဲ။”
ထိုအငွေ့အသက်သည် မျက်စိတစ်မှိတ်အတွင်းမှာပင် ဟေးဆန်း၏ လက်ထဲသို့ ရောက်ရှိသွားခဲ့ပြီး၊ တစ်ကိုယ်လုံးမှ ပုပ်စော်နံလှသော အနံ့အသက်များ ထွက်ပေါ်နေသည့် အဖိုးအိုတစ်ဦးအဖြစ် ပြောင်းလဲသွားခဲ့ရသည်။
“ယင်သူတော်စင်။”
ထိုနေရာရှိ သူတော်စင်များ၏ မျက်ဝန်းများ အနည်းငယ် ကျဉ်းမြောင်းသွားခဲ့ရသည်။
ယန်ယွမ်သည်လည်း ယခုအချိန်တွင် အရှင်လတ်လတ် ဖမ်းဆီးခြင်း ခံလိုက်ရပြီး ဟေးဆန်း၏ ရှေ့မှောက်သို့ အတင်းအကျပ် ခေါ်ဆောင်ခြင်း ခံလိုက်ရသည်။
သို့သော် သူ၏ ပါးစပ်ကမူ မဟုတ်မမှန် စွပ်စွဲခံရပါသည်ဟူသော စကားလုံးများကို တရစပ် အော်ဟစ်နေဆဲ ဖြစ်သည်။
“မတရားဘူးကွာ ဒီနေရာမှာ တကယ်ပဲ ဘာတွေ ဖြစ်ပျက်နေတာလဲ၊ ငါ ပေါ်လာတာနဲ့ ဘာလို့ ချက်ချင်း အပြတ်ရှင်းရတာလဲ။”
ယန်ယွမ်က အော်ဟစ်လိုက်သည်
“ချင်းမင်မှာ တရားဥပဒေ မရှိတော့ဘူးလား။ ငါက ရှီးလူမျိုးစု ကျောင်းဆောင်ရဲ့ ဆရာပဲ၊ တကယ့် ကောင်းကင်နိမိတ်အဆင့် သူတော်စင်ကြီး တစ်ယောက်ကို...”
ဖြန်း ဖြန်း ဖြန်း
ဟေးဆန်းက လက်ကို လွှဲလိုက်ပြီး ယန်ယွမ်၏ မျက်နှာကို ပါးရိုက်ချက် ရာဂဏန်းမျှ ဆက်တိုက် ကျွေးလိုက်တော့သည်။
ရိုက်နှက်ပြီးသွားသည့်အခါ ယန်ယွမ်သည် မျက်စိတစ်မှိတ်အတွင်း ငြိမ်သက်သွားခဲ့ရပြီး သူ၏ အတွေးအခေါ်များလည်း တောင့်တင်းသွားခဲ့ရသည့်အလားပင်။
“သူ့ကို အခု ငါက ယာယီ ချိပ်ပိတ်ထားလိုက်ပြီ။”
ဟေးဆန်းက တည်ငြိမ်စွာ ဆိုလိုက်သည်။
စကားဆုံးသည်နှင့် သူက လက်ထဲက ထိုအဖိုးအိုကို လှမ်းကြည့်လိုက်ပြီး လက်ကို မြှောက်ကာ ပါးရိုက်ချက် ရာဂဏန်းမျှကိုပင် ဆက်တိုက် ကျွေးလိုက်ပြန်သည်။
“ဒီတစ်ယောက်ကိုလည်း ငါ ချိပ်ပိတ်ထားလိုက်ပြီ။”
“နောက်ထပ် ဒီကိစ္စကို အသေးစိတ် စုံစမ်းစစ်ဆေးဖို့ကတော့ စစ်ဆေးရေးဌာနဘက်က လွှဲပြောင်းရယူရလိမ့်မယ်။”
“ဒါပေမဲ့ ဒီကိစ္စက သက်ရောက်မှု အလွန်ကြီးမားလွန်းတယ်၊ မင်းတို့ နှစ်ယောက်တည်းနဲ့ လိုက်လံပို့ဆောင်မယ်ဆိုရင် လမ်းခရီးမှာ မမျှော်လင့်တဲ့ အပြောင်းအလဲတွေ ဖြစ်ပွားသွားမှာကို စိုးရိမ်ရတယ်။”
ဟေးဆန်းက အောက်ကျိုချုံနှင့် ကွမ်းကျင့်ရှုတို့ကို လှမ်းကြည့်လိုက်သည်။
အောက်ကျိုချုံက အသာအယာ ခေါင်းညိတ်ပြလိုက်သည်။
“ဖမ်းဆီးရေးဌာနက အထက်လူကြီး လမ်းခရီးမှာ ရောက်နေလောက်ပါပြီ။”
ဟေးဆန်းက ခေါင်းညိတ်လိုက်ပြီး -
“ဒါဆိုရင်လည်း သူတို့ကို ခဏ စောင့်လိုက်ကြတာပေါ့။”
ထိုအချိန်တွင် နျဲ့ချင့် အမှူးပြုသော စစ်ဆေးရေးသူတော်စင်များသည် ရင်ထဲတွင် အလွန်အမင်း သိလိုစိတ်များ ပြင်းထန်နေခဲ့ကြပြီး ဖန့်ချန်ကို တရစပ် လှမ်းကြည့်နေခဲ့ကြသည်။
အကယ်၍ စစ်ဆေးရေးဌာန၏ စည်းမျဉ်းများကို သိရှိထားခြင်း မဟုတ်ပါက... သူတို့သည် ဖန့်ချန်ကို တကယ်ပဲ မေးမြန်းချင်နေကြသည်မှာ... လုပ်ကြံခဲ့သော ယင်သူတော်စင်က ယန်ယွမ် ဖြစ်မှန်း ဘယ်လိုလုပ်ပြီး တွက်ချက်ဖော်ထုတ်နိုင်ခဲ့တာလဲ၊ ပြီးတော့ ယန်ယွမ်က ဟင်းလင်းပြင်၏ အနက်ရှိုင်းဆုံးအလွှာထဲမှာ ပုန်းကွယ်နေတာကိုရော ဘယ်လိုလုပ်ပြီး သိရှိနိုင်ခဲ့တာလဲ။
“ဒါနဲ့... ငါတို့ ရွှေဟွေးကျောင်းတော်ရဲ့ ရတနာတိုက်ထဲမှာ ဟင်းလင်းပြင်သီး မရှိဘူး မဟုတ်လား။”
ဟေးဆန်းက ထိုအကြီးအကဲအချို့ကို လှမ်းကြည့်လိုက်သည်။
ထိုအထဲမှ အကြီးအကဲတစ်ဦးက ခေတ္တမျှ မှင်တက်သွားခဲ့ရပြီး စိတ်မပါလက်မပါဖြင့် ခေါင်းညိတ်ပြလိုက်သည်။
“ဒီလိုမျိုး ပစ္စည်း မရှိပါဘူး၊ ဒီအရာက အလွန် ဈေးကြီးလွန်းပြီး ပုံမှန်အားဖြင့်လည်း ဘာအသုံးဝင်မှုမှ မရှိတာကြောင့်မလို့...”
“အတွင်းကမ္ဘာကျောက်တုံး အချို့ကို ထုတ်ယူပြီးတော့ သွားရောက်ဝယ်ယူခိုင်းလိုက်ပါ၊ ချင်းမင်ကနေ ဝယ်ဝယ်... ဒါမှမဟုတ် ကျန်တဲ့ မဟာမိတ်အဖွဲ့ကြီး လေးခုဆီကနေပဲ ဝယ်ဝယ်၊ အစုအပုံလိုက် ဝယ်ယူခဲ့ပါ။”
ဟေးဆန်းက တည်ငြိမ်စွာ ဆိုလိုက်သည်
“ဒီအတွင်းကမ္ဘာကျောက်တုံး အုပ်စုကို ဘယ်နေရာကနေ ဖယ်ထုတ်ပေးရမလဲ ဆိုရင်တော့... ရှီးလူမျိုးစုဘက်ကပဲ ထုတ်ပေးလိုက်ပေါ့။”
ထိုအကြီးအကဲက အသာအယာ ခေါင်းညိတ်ပြလိုက်ပြီး ဆက်လက်၍ စကားမဆိုရဲတော့ချေ။
မည်သို့ပင်ဆိုစေကာမူ ဤကဲ့သို့သော မဟာကိစ္စကြီးကို ယခုအခါ ဟေးဆန်း၏ ဦးဆောင်မှုအောက်တွင် ဖြေရှင်းနိုင်ခဲ့ပြီ ဖြစ်ရာ... ယခုအချိန်တွင် ဟေးဆန်း၏ စကားများသည် လုပ်ပိုင်ခွင့်အာဏာ အပြည့် ရှိနေပေသည်။
ဆုန်ချန်သောက် အမှူးပြုသော ရှီးလူမျိုးစု သူတော်စင်များသည် ထိုစကားကို ကြားလိုက်ရသည့်အခါ မျက်စိရှေ့တွင် မှောင်မိုက်သွားမတတ် ခံစားလိုက်ရတော့သည်။
“ကျောင်းတော်အုပ်ချုပ်သူကြီး... ဟင်းလင်းပြင်သီးက အလွန်တရာ ဈေးကြီးလွန်းလှပါတယ်... အကယ်၍ ငါတို့ ရှီးလူမျိုးစု ကျောင်းဆောင်ဆီကနေ ဖယ်ထုတ်ပေးရမယ်ဆိုရင်တော့ ငါတို့ အောက်ခြေကျောင်းသားတွေကို ပေးရမယ့် ရွှေဟွေးတံဆိပ်ပြားက...”
“လုံလောက်တော့မှာ မဟုတ်ပါဘူး။”
ဆုန်ချန်သောက်က လက်သီးဆုပ် ဂါရဝပြုလိုက်ရင်း -
“ကျောင်းတော်အုပ်ချုပ်သူကြီးအနေနဲ့ သေသေချာချာ ထပ်မံဆင်ခြင်ပေးဖို့ တောင်းဆိုချင်ပါတယ်။”
“ဆင်ခြင်စရာ ရှိသေးလို့လား ငလူးမသားရဲ့။”
ဟေးဆန်းက အေးစက်စွာ လှောင်ရယ်လိုက်သည်။
“ပြီးခဲ့တဲ့တစ်ကြိမ်တုန်းက ထိုက်ဟောင်ကျိုး က လင်ယောင်ရဲ့ သူလျှိုလုပ်ပြီး ဖန့်ချန်ကို ခေါ်ထုတ်သွားခဲ့တယ်။”
“ဒီတစ်ကြိမ်မှာတော့ ယန်ယွမ်က ယင်သူတော်စင်လုပ်ပြီး ကျိုကျီတောင်ကို ဖျက်ဆီးပစ်လိုက်တယ်။”
“လူသားမျိုးနွယ်စုက သောင်းချီတဲ့ သူတော်စင်တွေကို ဆုံးရှုံးလိုက်ရတယ်၊ ဒါတွေအားလုံးက ရွှေဟွေးကျောင်းတော်ရဲ့ ပါရမီရှင်တွေပဲကွ ”
“မင်း ဆုန်ချန်သောက်က ဘယ်လိုမျက်နှာမျိုးနဲ့ ငါ့ကို ထပ်မံဆင်ခြင်ခိုင်းရဲတာလဲ။”
ဆုန်ချန်သောက်၏ မျက်နှာတစ်ခုလုံး နီမြန်းသွားခဲ့ရပြီး တုန်တုန်ရီရီဖြင့် ဆိုလိုက်သည်။
“ငါတို့ကို တစ်ချက်တည်းနဲ့ အပိုင်တွက်ပြီး အကုန်လုံး သတ်ပစ်လို့တော့ မရဘူးမလား...”
“ငါကတော့ မင်းကို တစ်ချက်တည်းနဲ့ အပြတ်ရှင်းပစ်ချင်တာပဲ၊ ဒါပေမဲ့ စစ်ဆေးရေးဌာနဘက်က ဘယ်လိုပြောမလဲ ဆိုတာကိုတော့ စောင့်ကြည့်ရဦးမယ်။”
“ဒါပေမဲ့ အခုအချိန်မှာ ငါက မင်းကိုလည်း မသန့်ရှင်းဘူးလို့ သံသယဝင်နေတယ်၊ မင်းရဲ့ ကျောင်းအုပ်ကြီး ရာထူးကိုတော့... ယာယီ ဖယ်ရှားထားလိုက်တော့မယ်။”
“ဒါနဲ့... မင်းတို့ ရှီးလူမျိုးစု ကျောင်းဆောင်က ပြဿနာ အလွန်ကြီးမားတယ်၊ ဒီကျောင်းအုပ်ကြီး ရာထူးနေရာကိုတော့ ငါ ယာယီအားဖြင့်...”
ဟေးဆန်းက ပတ်ဝန်းကျင်ကို တစ်ချက် ဝှေ့ယမ်းကြည့်ရှုလိုက်ပြီး အကြည့်က ရုတ်တရက် ဖန့်ချန်၏ ကိုယ်ပေါ်သို့ ကျရောက်သွားခဲ့သည်။
“ဟုတ်ပြီ... မင်းပဲ၊ ရှီးလူမျိုးစု ကျောင်းဆောင်ရဲ့ ကျောင်းအုပ်ကြီး ရာထူးနေရာကို မင်းကပဲ ယာယီ တာဝန်ယူလိုက်ပါ။”
“ကျွန်တော်လား။”
ဖန့်ချန်က မိမိကိုယ်ကို ပြန်လည်ညွှန်ပြလိုက်သည်။
အဖက်ဖက်က ကျောင်းအုပ်ကြီးများသည် အသက်ကို ပြင်းထန်စွာ ရှူသွင်းလိုက်ကြရပြီး မျက်ဝန်းထဲတွင် မယုံကြည်နိုင်စရာ အရိပ်အယောင်များဖြင့် ပြည့်နှက်နေခဲ့ကြသည်။
“ဟုတ်တယ်... မင်းက စစ်ဆေးရေးဌာနရဲ့ စစ်ဆေးရေးသူတော်စင် ဖြစ်သလို၊ လူသားမျိုးနွယ်စုရဲ့ တရားစီရင်ရေးမှူးကြီးလည်း ဖြစ်တယ်၊ ဒီတစ်ကြိမ်မှာ ယန်ယွမ်ကို ဖော်ထုတ်နိုင်ခဲ့တာကလည်း မင်းရဲ့ အစွမ်းပဲ။”
“မင်း ရှီးလူမျိုးစုရဲ့ ကျောင်းအုပ်ကြီး ရာထူးကို ယာယီ တာဝန်ယူပြီးတော့၊ ရှီးလူမျိုးစုကို အသေအချာ အသေးစိတ် စုံစမ်းစစ်ဆေးလိုက်စမ်း၊ ပြဿနာရှိတဲ့သူ မှန်သမျှကို ငါ့အတွက် အကုန်လုံး ဆွဲထုတ်ပစ်လိုက်။”
“အကယ်၍ မင်း ကောင်းကောင်းမွန်မွန် လုပ်ဆောင်နိုင်ခဲ့ရင် နောက်ပိုင်းမှာ ဒီရာထူးနေရာမှာ မင်းပဲ အမြဲတမ်း ထိုင်နေလိုက်တော့။”
ဟေးဆန်းက အသာအယာ ခေါင်းညိတ်ပြလိုက်သည်။
ဖန့်ချန်က ထိုအခြေအနေကို မြင်လိုက်ရသည့်အခါ ချက်ချင်းပင် လက်သီးဆုပ် ဂါရဝပြုလိုက်သည်။
“ကျောင်းတော်အုပ်ချုပ်သူကြီးအတွက် သေချာပေါက် အားသွန်ခွန်စိုက် လုပ်ဆောင်ပြီးတော့၊ ရှီးလူမျိုးစုရဲ့ ပိုးကောင်တွေကို တစ်ကောင်မှ မချန်ဘဲ အပြတ်ရှင်းပစ်ပါ့မယ်။”
လူသားမျိုးနွယ်စုဘက်က သူတော်စင်များသည် ခေတ္တမျှ မှင်တက်သွားခဲ့ကြရပြီးနောက်မှ အသီးသီး အေးစက်လှသော အပြုံးတစ်ခုကို ဖော်ပြလိုက်ကြပြီး၊ ရှီးလူမျိုးစု သူတော်စင်များကို စိုက်ကြည့်နေသော အကြည့်များထဲတွင် စိမ့်အေးလှသော သတ်ဖြတ်ခြင်း အငွေ့အသက်များ ဖုံးလွှမ်းနေခဲ့ကြသည်။
ကျိုကျီတောင် ပျက်စီးသွားခဲ့ရခြင်းမှာ... လူသားမျိုးနွယ်စုအတွက် ဆိုလျှင်တော့ အရှက်ရစရာကြီး ဖြစ်ရုံတင်မကဘဲ၊ ကြီးမားလှသော အာဃာတ ကလဲ့စားကြီးပင် ဖြစ်ပေသည်။
ဆုန်ချန်သောက်သည် ရက်အနည်းငယ်မျှသော အချိန်တိုအတွင်းမှာပင် ဆွံ့အ တိတ်ဆိတ်သွားခဲ့ရပြီးနောက်မှ ခြောက်ကပ်လှသော အသံဖြင့် ဆိုလိုက်သည်။
“ကျောင်းတော်အုပ်ချုပ်သူကြီး... မင်းက ရွှေဟွေးကျောင်းတော်မှာ မိုးပေါ်က လက်ဝါးကြီးအုပ်ပြီး အရာရာကို လုပ်ဆောင်လို့မရပါဘူး၊ ပြင်ပလူမျိုးစုရဲ့ အသက်စွမ်းအင်အဆင့် ရှိတဲ့ ကလေးတစ်ယောက်ကို ငါတို့ ရှီးလူမျိုးစု ကျောင်းဆောင်ရဲ့ ကျောင်းအုပ်ကြီး လုပ်ခိုင်းတယ်ဆိုတာမျိုးက... ဒီကိစ္စကို သမာဓိခုံ ရုံးအထိ ရောက်သွားရင်တော့ စိုးရိမ်ရတာက...”
“သမာဓိခု ရုံးက ရှီးလူမျိုးစုရဲ့ ကောင်းကင်အရှင်တွေလည်း... စကားပြောဖို့ မျက်နှာရှိတော့မှာ မဟုတ်ပါဘူး။”
ပါးစပ်ဟလာခဲ့သူမှာ ဟေးဆန်း မဟုတ်ဘဲ... ဆံပင်များ ဖရိုဖရဲ ဖြစ်နေသော အဖိုးကြီးတစ်ဦး ဖြစ်ပေသည်။
ဟေးဆန်းမှအပ... အခြားသော သူတော်စင် မည်သူမျှ သူ မည်သို့ ပေါ်ထွက်လာခဲ့သည်ကို လုံးဝ သတိမထားမိကြပါချေ။
“မိတ်ဆွေ... ငါက ဟေးဆန်းပါ၊ ဒီနေရာကို ကျောင်းတော်အုပ်ချုပ်သူကြီးအဖြစ် လာရောက် တာဝန်ယူရုံတင် ရှိပါသေးတယ်။”
ဟေးဆန်းက ချက်ချင်းပင် လက်သီးဆုပ် ဂါရဝပြုလိုက်သည်။
ထိုအဖိုးကြီးက ပြုံးလိုက်ရင်း -
“ငါ မင်းကို သိပါတယ်၊ လင်ယောင်ရဲ့ ဟေးယွမ်နဂါးနတ်မျိုးနွယ်စုရဲ့ ကောင်းကင်အရှင် မဟုတ်လား၊ မင်း ဖောက်ထွက်တော့မယ်လို့ ကြားတယ်... အဘိုးကြီးအနေနဲ့ မင်းကို ကြိုတင်ပြီး ဂုဏ်ပြုပါတယ်။”
“မဝံ့ရဲပါဘူး... ဒါက ကောလာဟလ သက်သက်ပါပဲ။”
ဟေးဆန်းက အားနာစွာဖြင့် လက်သီးဆုပ် ဂါရဝပြုလိုက်သည်။
ထိုအဖိုးကြီး၏ အကြည့်က ယခုအချိန်တွင် ဆုန်ချန်သောက်၏ ကိုယ်ပေါ်သို့ ကျရောက်သွားခဲ့ပြီး ပြုံး၍ ဆိုလိုက်သည်။
“ငါက စစ်ဆေးရေးဌာန ဖမ်းဆီးရေးဌာနရဲ့ အထက်လူကြီးပဲ၊ ဒီနေရာကို လာတဲ့လမ်းမှာ သမာဓိခု ရုံးဆီကိုပါ လမ်းကြုံလို့ တစ်ခေါက် ဝင်ခဲ့သေးတယ်၊ သူတို့က ဒီကိစ္စကို စစ်ဆေးရေးဌာနကပဲ လုပ်ပိုင်ခွင့်အာဏာအပြည့်နဲ့ လွှဲပြောင်းရယူလိုက်ပြီလို့ ပြောခဲ့ကြတယ်၊ မင်းမှာ ဘာပြဿနာ ရှိသေးလို့လဲ။”
“ဒီလိုဆိုရင်တော့ ကျွန်တော်မျိုး မဝံ့ရဲပါဘူး”
ဆုန်ချန်သောက်၏ ရင်ထဲတွင် စိမ့်ခနဲ အေးစက်သွားခဲ့ရတော့သည်။
အောက်ကျိုချုံနှင့် ကွမ်းကျင့်ရှုတို့သည် ထိုမှသာ သတိပြန်ဝင်လာခဲ့ကြပြီး၊ မိမိတို့၏ လူများကို ဦးဆောင်ကာ ပျာပျာသလဲ လက်သီးဆုပ် ဂါရဝပြုလိုက်ကြသည်။
ထိုအဖိုးကြီးက လက်ကို ဝှေ့ယမ်းပြလိုက်ပြီး ထိုယန်ယွမ်နှင့် အဖိုးအိုကို လက်လှမ်း၍ ဖမ်းယူလိုက်သည့်အခါ... ထိုနှစ်ဦးစလုံးသည် မျက်စိတစ်မှိတ်အတွင်း သူ၏ လက်ဖဝါးထဲသို့ တိုးဝင်ပျောက်ကွယ်သွားခဲ့ကြရတော့သည်။
“ဖန့်ချန်... မင်းရဲ့ ဒီတစ်ကြိမ် လှုပ်ရှားမှုတွေကို ငါတို့လို အထက်လူကြီးတွေ အကုန်လုံး အမှန်တကယ် မြင်တွေ့လိုက်ရပြီ ဖြစ်လို့၊ မင်းအတွက် ဒီလောက်အများကြီးရှိတဲ့ သမာဓိတံဆိပ်တွေကို အလကား သက်သက် ပေးခဲ့တာ မဟုတ်ပါဘူး။”
(အစကဓမ္မတံဆိပ်သုံးခဲ့တာ သမာဓိတံဆိပ်သုံးမယ်နော်)
ထိုအဖိုးကြီးက ပြုံး၍ ဆိုလိုက်သည်
“ရွှေဟွေးကျောင်းတော် ရှီးလူမျိုးစု ကျောင်းဆောင်ရဲ့ ကျောင်းအုပ်ကြီး ရာထူးနေရာကိုတော့ မင်းကပဲ ယာယီ ပူးတွဲတာဝန်ယူထားလိုက်ပါဦး။”
“စစ်ဆေးရေးဌာနက မင်းကို တာဝန်တစ်ခု ပေးအပ်လိုက်မယ်၊ သေသေချာချာ အသေးစိတ် စုံစမ်းစစ်ဆေးလိုက်စမ်း၊ ဒီရှီးလူမျိုးစု ကျောင်းဆောင်က ဘယ်လောက်အထိ ဆွေးမြည့်ပျက်စီးနေပြီလဲ ဆိုတာကို ကြည့်ရအောင်။”
စစ်ဆေးရေးဌာန၏ ညွှန်ကြားချက် တဲ့လား။
သူတော်စင်အပေါင်းတို့သည် ရင်ထဲတွင် အသက်ကို ပြင်းထန်စွာ ရှူသွင်းလိုက်ကြရပြီး၊ ဤသို့ ဖြစ်သွားပြီဆိုလျှင်တော့ ရှီးလူမျိုးစု အနေဖြင့်လည်း စကားပြောစရာ လုံးဝ ရှိတော့မှာ မဟုတ်ပေ။
ဖန့်ချန်က ချက်ချင်းပင် လက်သီးဆုပ် ဂါရဝပြုလိုက်သည်။
“ကျွန်တော်မျိုး အထက်လူကြီးရဲ့ အမိန့်ကို သေသေချာချာ နာခံပါ့မယ်။”