← Chapters

အခန်း ၃၃၁

Vol. 34 Ch. 331

အခန်း ၃၃၁

Vol. 34 Ch. 331

အခန်း (၃၃၁) ဖခင်အရင်းကို သတ်ဖြတ်ခြင်း

ကျန်းချဲ့ အနေဖြင့် ဂျီချန်ချင်း လိုလိုလားလား အညံ့ခံလျှင် အကောင်းဆုံး ဖြစ်သော်လည်း အကယ်၍ အညံ့မခံလျှင်လည်း သူ ဂရုမစိုက်ချေ။

ဂျီချန်ချင်း ကို ဖခင်ဖြစ်သူ နင်မြို့စား အား ကိုယ်တိုင် သတ်ဖြတ်ခိုင်းခြင်းမှာ သူ၏ ရက်စက်ယုတ်မာသော ဝါသနာကြောင့် လုံးဝ မဟုတ်ပေ။ တစ်ဖက်လူကို အကျပ်ကိုင် ခြိမ်းခြောက်ရန် သက်သေ အထောက်အထား တစ်ခု အဖြစ် အသုံးချလို၍ သက်သက်သာ ဖြစ်လေသည်။

"ချန်ချင်း..."

ကျန်းချဲ့ ၏ စကားသံ ဆုံးသွားသည်နှင့် တစ်ပြိုင်နက် ဘေးတွင်ရှိသော နင်မြို့စားကတော် သည် ကျန်းချဲ့ ထံမှ သတ်ဖြတ်လိုစိတ်များ ထွက်ပေါ်လာပြီ ဖြစ်ကြောင်း ရိပ်မိသွားသဖြင့် ရုတ်တရက် အသံကျယ်ကြီးဖြင့် အော်ဟစ်လိုက်လေသည်။ သူမက ဂျီချန်ချင်း ကို စူးစိုက်ကြည့်ကာ လုံးဝ မတွေဝေရန်နှင့် ချက်ချင်း လက်စွန်းရန် သတိပေးလိုက်ခြင်း ပင်ဖြစ်သည်။

ဂျီချန်ချင်း ၏ ခန္ဓာကိုယ်မှာ ချက်ချင်း တုန်ယင်သွားပြီး အကြီးအကျယ် လန့်ဖြတ်သွားလေသည်။ ထို့နောက် တုန်ရီစွာဖြင့် အလျင်စလို မတ်တပ်ရပ်လိုက်ပြီး သူ၏ မျက်နှာပေါ်တွင် အလွန် ထိတ်လန့် ကြောက်ရွံ့နေသော အမူအရာများ ပြည့်နှက်နေလေသည်။

သို့သော် ကျန်းချဲ့ ကတော့ တစ်ဖက်လူကို အခွင့်အရေး မပေးတော့ချေ။ သူ၏ ရင်တွင်း၌ အလင်းတန်းများ လင်းလက်သွားပြီးနောက် ဘေးပတ်ဝန်းကျင်ရှိ အပူချိန်မှာ လျင်မြန်စွာ ပူပြင်း လာလေတော့သည်။

"သခင်ကျန်း ရှင် ရှင် ကျေးဇူးပြုပြီး ချန်ချင်း ကို အခွင့်အရေး တစ်ခါလောက် ထပ်ပေးပါ ကျွန်မ တောင်းပန်ပါတယ်..."

နင်မြို့စားကတော် က ကျန်းချဲ့ ၏ လက်မောင်းကို ဖက်တွယ်ကာ မျက်ရည်များ ဝဲလျက် တိုးညှင်းစွာ တောင်းပန်လိုက်လေသည်။

"မင်းက လူတွေကို ဒီလိုပဲ တောင်းပန်တတ်တာလား..."

ကျန်းချဲ့ ၏ ခန္ဓာကိုယ် အနည်းငယ် ရပ်တန့်သွားပြီး ခေါင်းလှည့်ကာ ဘေးနားရှိ ပြည့်ဖြိုးလှပသော မိန်းမလှလေးကို တစ်ချက် ကြည့်လိုက်လေသည်။

နင်မြို့စားကတော် က အလျင်စလို ပိုမို ကပ်သွားပြီး သူမ၏ အားသာချက်များဖြင့် ကျန်းချဲ့ကို ပွတ်သီးပွတ်သပ် လုပ်ကာ နားနားသို့ ကပ်၍ တိုးညှင်းစွာ ပြောလိုက်လေသည်။

"ကျွန်မ တစ်ကိုယ်လုံးက ရှင့်အပိုင် ဖြစ်နေပြီပဲဟာကို ရှင်သာ ချန်ချင်း ကို နောက်ဆုံး အခွင့်အရေး တစ်ခါလောက် ပေးမယ်ဆိုရင် ကျွန်မ ရှင်ခိုင်းတာ မှန်သမျှ အကုန် လုပ်ပေးပါ့မယ်..."

"ဘာမဆို လုပ်ပေးမယ် ဟုတ်လား..."

"အကုန် လုပ်ပေးပါ့မယ်..."

သူမ၏ ခန္ဓာကိုယ် တစ်ခုလုံးကို ကျန်းချဲ့ က အပြည့်အဝ စူးစမ်းရှာဖွေပြီး ဖြစ်ကြောင်း နင်မြို့စားကတော် ကောင်းစွာ သိရှိထားလေသည်။ သူမ ငြင်းဆန်ထားသော နောက်ဆုံး နေရာလေး တစ်ခုသာ ကျန်ရှိတော့သည်။ သို့သော် ယခုကဲ့သို့သော အခြေအနေမျိုးတွင် သူမ အနေဖြင့် သွားကို တင်းကျပ်စွာ ကြိတ်ပြီး ခေါင်းညိတ် လက်ခံရန်သာ ရှိတော့လေသည်။

ကျန်းချဲ့ က မျက်လုံးများကို ကျဉ်းမြောင်းလိုက်ပြီး အသက်အနည်းငယ်ရှူစာမျှ စဉ်းစားလိုက်လေသည်။ ထို့နောက် သူ၏ အကြည့်များက ဂျီချန်ချင်း ထံသို့ ပြန်လည် ရောက်ရှိသွားလေသည်။

"မင်းရဲ့ မယ်တော် က နောက်ဆုံး အနေနဲ့ မင်းအတွက် အချိန် ဆယ်စက္ကန့် တောင်းဆိုပေးထားတယ်..."

"ကျွန်တော်..."

ဂျီချန်ချင်း ၏ ခန္ဓာကိုယ်မှာ အဆက်မပြတ် တုန်ယင်နေပြီး ပါးစပ် ဟလိုက်သော်လည်း ဘာပြောရမှန်း မသိအောင် ဖြစ်နေလေသည်။

ကျန်းချဲ့ က ဤမြင်ကွင်းကို ခံစားချက် ကင်းမဲ့စွာဖြင့် စိုက်ကြည့်နေလေသည်။ လက်ထဲတွင် အနက်ရောင် မှတ်တမ်းတင် ကျောက်တုံး တစ်တုံးကို ကိုင်ဆောင်ထားပြီး အေးဆေးစွာ ရေတွက်လိုက်လေသည်။

"ဆယ်..."

"ကိုး..."

"ချန်ချင်း လုပ်စရာရှိတာ လုပ်လိုက်တော့ အဖေက ဒီနေ့ အသက်ရှင်နိုင်တော့မှာ မဟုတ်ဘူး ဒါပေမဲ့ မင်းအတွက်တော့ အခွင့်အရေး ရှိနေသေးတယ်..."

နင်မြို့စား က ရုတ်တရက် စကားပြောလာလေသည်။ ဂျီချန်ချင်း ကို စူးစိုက်ကြည့်နေသော သူ၏ မျက်ဝန်းများထဲတွင် မည်သည့် ကြောက်ရွံ့မှုမျှ မရှိလှချေ။ သေမင်းနှင့် ရင်ဆိုင်ရခြင်းကို သူ အစောပိုင်းကတည်းက သတိပြုမိပြီး ဖြစ်လေသည်။ သူ့ကိုယ်သူ ယခုကဲ့သို့ လူမဆန် တစ္ဆေမကျ ပုံစံမျိုး ဖြစ်အောင် လုပ်ဆောင်ခဲ့ခြင်းမှာ သူ၏ ရင်ထဲတွင် အငြိုးအတေးများ ရှိနေသောကြောင့် ပင်ဖြစ်သည်။ မဟုတ်ပါက ယခင်က အိမ်ရှေ့စံ မင်းသား ထီးနန်းလုပွဲ တွင် ရှုံးနိမ့်ခဲ့စဉ်ကတည်းက သူလည်း နောက်သို့ လိုက်ပါသွားခဲ့ပြီ ဖြစ်လေသည်။

"ခမည်းတော် သား..."

ဂျီချန်ချင်း ၏ မျက်နှာပေါ်တွင် တွေဝေမှုများ ပေါ်လွင်နေသော်လည်း သူ၏ ခန္ဓာကိုယ်ကတော့ အလွန် ရိုးသားစွာဖြင့် နင်မြို့စား ၏ အနီးသို့ တစ်လှမ်းချင်းစီ လျှောက်သွားနေလေသည်။

အစောပိုင်းက သူ အမှန်တကယ်ပင် ကြက်သေသေသွားခဲ့ပြီး ဘာလုပ်ရမှန်း မသိအောင် ဖြစ်ခဲ့ရလေသည်။ သို့သော် ကျန်းချဲ့ ၏ ဖိအားပေးမှုများကို ကြုံတွေ့ပြီးနောက်တွင်တော့ သူ၏ ရင်ထဲတွင် ဆုံးဖြတ်ချက် ချမှတ်ပြီးသွားခဲ့ပြီ ဖြစ်သည်။

သူ အသက်ရှင်ချင်သည်။

"လုပ်လိုက်စမ်း..."

နင်မြို့စား က ခေါင်းမော့လာပြီး တစ်လုံးချင်းစီ ပြတ်သားစွာ ပြောလိုက်လေသည်။

ဂျီချန်ချင်း ၏ မျက်နှာပေါ်တွင် မျက်ရည်များ ချက်ချင်း စီးကျလာပြီး ခန္ဓာကိုယ်မှာလည်း ထိန်းချုပ်၍ မရနိုင်အောင် တုန်ယင်နေဆဲ ပင်ဖြစ်သည်။ ဤဓားချက် ကျဆင်းသွားသည်နှင့် တစ်ပြိုင်နက် နောင်တစ်ချိန်တွင် သူ လှည့်ပြန်ရန် လမ်းမရှိတော့ကြောင်း သူ ကောင်းစွာ သိရှိထားလေသည်။ အကယ်၍ မှတ်တမ်းတင် ကျောက်တုံး ပေါ်ရှိ ပုံရိပ်များသာ အပြင်သို့ ပေါက်ကြားသွားခဲ့မည် ဆိုပါက သူသည် လူအများ၏ ပြင်းထန်သော ကဲ့ရဲ့ရှုတ်ချမှုများကို သေချာပေါက် ခံရမည် ဖြစ်လေသည်။

"ခြောက်..."

"ငါး..."

ကျန်းချဲ့ က အချိန်ကို ဆက်လက် ရေတွက်နေလေသည်။ ဂျီချန်ချင်း တစ်ယောက် အလွန် ထိတ်လန့်နေပြီး ဆုံးဖြတ်ချက် မချနိုင်သေးသည်ကို မြင်သောအခါ သူ က နောက်ထပ် မီးတောက်တစ်ခုကို ထပ်ထည့်လိုက်လေသည်။

"ငိုနေတာလား ငိုနေလည်း အချိန်တွေက ကုန်နေတာပဲ..."

"လုပ်လိုက်စမ်း..."

"ရွှပ်..."

ဂျီချန်ချင်း က သွားကို တင်းကျပ်စွာ ကြိတ်လိုက်ပြီး လက်ထဲရှိ ဓားရှည်ကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ကာ နင်မြို့စား ၏ ရင်ဘတ်နှင့် ဝမ်းဗိုက်ကြားသို့ တိုက်ရိုက် ထိုးစိုက်ချလိုက်လေသည်။ အဝါရောင်နှင့် အစိမ်းရောင် ရောနှောနေသော အရည်များက ချက်ချင်း ပန်းထွက်လာပြီး ထိုအထဲတွင် သွေးရောင်များလည်း ရောပြွမ်းနေလေသည်။ ထိုအရည်များ အားလုံးက ဂျီချန်ချင်း ၏ ခန္ဓာကိုယ် တစ်ခြမ်းလုံးကို စွန်းထင်းသွားစေခဲ့လေသည်။

"ရွှပ်..."

"ရွှပ်..."

ဆုံးဖြတ်ချက် ပြတ်သားသွားသော ဂျီချန်ချင်း သည် ဓားရှည်ကို ဆွဲထုတ်လိုက် ပြန်ထိုးစိုက်လိုက်ဖြင့် ဆက်တိုက်ဆိုသလို အကြိမ်များစွာ လုပ်ဆောင်နေလေရာ သူ တစ်ယောက်လုံး သည် ရူးသွပ်သွားသည့် မိစ္ဆာတစ်ကောင် အလား ဖြစ်နေလေတော့သည်။

"ကျန်းချဲ့ မင်းက ငါတို့ ဂျီမိသားစု တော်ဝင်မျိုးနွယ် အပေါ်မှာ ဘာကြောက်ရွံ့မှုမှ မရှိဘူး ဆိုတာ ငါကိုယ်တော် မြင်ပါတယ် နောင်တစ်ချိန် အခွင့်အရေး ရရင် ဧကရာဇ် ကို သတ်ပြီး ငါ့အတွက် မြှုပ်နှံပေးဖို့ မမေ့နဲ့ဦး ဝေ့ယိုရုံ မိန်းမယုတ် မင်း ငါကိုယ်တော် ရဲ့ မကျွတ်လွတ်တဲ့ ဝိညာဉ် က မင်းနောက်ကို အမြဲတမ်း လိုက်နေတာမျိုး မလိုချင်ရင် ချန်ချင်း ကို သေချာ စောင့်ရှောက်ပါ မဟုတ်ရင် ငါကိုယ်တော် သရဲဖြစ်ရင်တောင် မင်းကို လုံးဝ အလွတ်မပေးဘူး..."

နင်မြို့စား သည် တစ်ကိုယ်လုံး သွေးများ ရွှဲနစ်နေပြီး ဒေါသတကြီး ပြူးကျယ်နေသော မျက်လုံးများဖြင့် ကျန်းချဲ့ နှင့် နင်မြို့စားကတော် တို့ကို စူးစိုက်ကြည့်ကာ သူ၏ နောက်ဆုံး အားအင်များကို အသုံးပြု၍ အသံကျယ်ကြီးဖြင့် ဟစ်အော်လိုက်လေသည်။

ထိုအချိန်မှာပင် ဂူအပြင်ဘက်မှ သွေးရောင် အလင်းတန်း တစ်ခု က ဂူအတွင်းသို့ ဝင်ရောက်လာပြီး ဂျီချန်ချင်း ကို ဆွဲယူကာ ဘေးသို့ လွှင့်ပစ်လိုက်လေသည်။ ထို့နောက် လက်ထဲတွင် မန္တန် အက္ခရာများ ဖန်တီးကာ သွေးရောင် အလင်းတန်းများဖြင့် နင်မြို့စား ကို လွှမ်းခြုံထားလိုက်လေသည်။ ထို့နောက်တွင်တော့ နဂါးကြောစွမ်းအင်ကို ထုတ်ယူကာ သူကိုယ်တိုင်ပင် နင်မြို့စား ၏ ကိုယ်တွင်းသို့ ထည့်သွင်းပေးလိုက်လေတော့သည်။

တောက်...

တောက်...

ဂျီချန်ချင်း ၏ ဝတ်ရုံပေါ်မှ သွေးစက်များက အောက်သို့ တစ်ပေါက်ချင်းစီ ကျဆင်းနေလေသည်။ သူ တစ်ယောက်လုံး အသက်မဲ့နေကာ အရှေ့ကိုသာ ငေးကြည့်နေပြီး မျက်ဝန်းများမှာလည်း ဟာလာဟင်းလင်း ဖြစ်နေကာ သတိလစ်လုမတတ် ဖြစ်နေလေသည်။ နင်မြို့စားကတော် အနားသို့ ရောက်လာသည်ကိုပင် သူ လုံးဝ သတိမထားမိချေ။

"ချန်ချင်း သက်သာရဲ့လား..."

နင်မြို့စားကတော် က မြေကြီးပေါ်တွင် ထိုင်လျက် အသက်ကင်းမဲ့နေသော မျက်လုံးများဖြင့် ရှိနေသော သားဖြစ်သူကို အလွန် ဂရုတစိုက် ကြည့်လိုက်လေသည်။ သူမ၏ ရင်အောက်ခြေတွင်တော့ အဆုံးအစမရှိသော နောင်တတရားများ ပြည့်နှက်နေလေသည်။

'ငါ ဘာတွေ လုပ်လိုက်မိတာလဲ...'

'တိတ်တိတ်ပုန်း ခင်ပွန်းနဲ့ ပူးပေါင်းပြီး ကိုယ့်ယောကျာ်း အရင်းကို ပြန်သတ်မိတာလား ပြီးတော့ သားဖြစ်သူကိုပါ ကိုယ်တိုင် သတ်ဖြတ်ဖို့ အတင်းအကျပ် ခိုင်းစေခဲ့သေးတယ်...'

'သမိုင်းမှတ်တမ်း တွေမှာတောင် ဒီလောက်ယုတ်မာတဲ့ မိန်းမမျိုး မရှိလောက်ဘူး...'

'ဒါပေမဲ့ ငါ့မှာလည်း တခြား ရွေးချယ်စရာမှ မရှိခဲ့တာ...'

အစောပိုင်းကတည်းက ကျန်းချဲ့ကို အရှုံးပေး လက်ခံလိုက်ပြီးကတည်းက သူမ အနေဖြင့် ဤလှေပေါ်မှ ပြန်လည် ဆင်းခွင့် မရှိတော့ချေ။ ကျန်းချဲ့ အတွက် အလုပ်လုပ်ပေးရင်း နင်မြို့စား အိမ်တော် ၏ အကျိုးစီးပွားများကို ဖျက်ဆီးခဲ့မိလေသည်။ ဤကဲ့သို့သော ကိစ္စရပ်များကို နင်မြို့စား သာ သိရှိသွားပါက သူမ၏ အဆုံးသတ် မှာ ပို၍ပင် ဆိုးရွားသွားမည် ဖြစ်လေသည်။

သေချာသည် ကတော့ နင်မြို့စား အပေါ် သူမ၏ နောင်တရစိတ် က သိပ်ပြီး မကြီးမားလှပေ။ မည်သို့ပင်ဆိုစေ အစောပိုင်း ကတည်းက သူတို့ နှစ်ယောက်၏ ပတ်သက်မှု မှာ နိုင်ငံရေး အရ လက်ထပ်ခြင်း သက်သက်သာ ဖြစ်လေသည်။ နင်မြို့စား သည်လည်း သူမ ကို အသုံးချ၍ ရသော နယ်ရုပ် တစ်ခု အဖြစ်သာ သတ်မှတ်ထားခဲ့ခြင်း ဖြစ်သည်။ အမှန်တကယ် သူမ ကို နောင်တရစေသည်မှာ ဂျီချန်ချင်း ၏ တုံ့ပြန်မှု ပင်ဖြစ်သည်။

တဖြည်းဖြည်း နှင့် မျက်ဝန်းများ အသက်ဝင်လာပြီးနောက် ဂျီချန်ချင်း က ခေါင်းမော့ကာ လှပ ကျက်သရေ ရှိလှသော မိခင်ဖြစ်သူကို အသက် ဆယ်ရှူစာ ခန့် အကြာ စူးစိုက်ကြည့်နေလေသည်။ ထို့နောက် ရုတ်တရက် မျက်နှာထား ပြောင်းလဲသွားပြီး အတင်းအကျပ် ပြုံးပြကာ ပြောလိုက်လေသည်။

"တော်တော်လေး ကောင်းသွားပါပြီ မယ်တော် ဂရုစိုက်ပေးလို့ ကျေးဇူးတင်ပါတယ်..."

အကယ်၍ ဂျီချန်ချင်း ကသာ သူမ ကို ချက်ချင်း အကြီးအကျယ် ဆဲဆို ကြိမ်းမောင်း လိုက်မည် ဆိုပါက နင်မြို့စားကတော် ၏ ရင်ထဲတွင် အနည်းငယ် ပေါ့ပါးသွားမည် ဖြစ်ကောင်း ဖြစ်နိုင်လေသည်။ သို့သော် ယခုအခါ တစ်ဖက်လူ က အတင်းအကျပ် အပြုံးတစ်ခုကို ဖန်တီးပြလိုက်ခြင်း က သူမ ၏ ရင်ကို အကြီးအကျယ် လေးလံသွားစေခဲ့လေသည်။

ဤအဖြစ်အပျက် များကို ဖြတ်သန်းပြီးနောက် ဂျီချန်ချင်း သည် နောက်ဆုံးတွင် ရင့်ကျက်လာခဲ့ပြီ ဖြစ်ကြောင်း သူမ ကောင်းစွာ သိရှိလိုက်လေသည်။ သို့သော် ဤသည်မှာ သူမ မြင်တွေ့လိုသော အရာ မဟုတ်ချေ။

ချက်ချင်းပင် သူမ၏ မျက်နှာပေါ်ရှိ ဂရုစိုက်မှု များကို ရုပ်သိမ်းလိုက်ပြီး တိုးညှင်းစွာ မေးလိုက်လေသည်။

"ချန်ချင်း အခု မင်း ကျန်းချဲ့ ကို အရမ်း မုန်းနေပြီ မဟုတ်လား..."

"မမုန်းပါဘူး ဘယ်လိုလုပ် မုန်းရမှာလဲ ခမည်းတော် သေသွားပြီးတဲ့နောက် ကျွန်တော်က နင်မြို့စား ဖြစ်လာတော့မှာလေ ကျွန်တော် ပျော်လို့တောင် မဆုံးနိုင်သေးဘူး..."

ဂျီချန်ချင်း ၏ မျက်နှာ အနည်းငယ် ပျက်ယွင်းသွားပြီး အလျင်စလို ငြင်းဆန် လိုက်လေသည်။

"ချန်ချင်း မင်း တကယ်ပဲ ဒီလို တွေးနေတာလား ဒါမှမဟုတ် တမင် ဟန်ဆောင်နေတာလား ဆိုတာကို မယ်တော် ဂရုမစိုက်ပါဘူး ဒါပေမဲ့ စကားတစ်ခွန်းကိုတော့ မင်း သေချာ မှတ်ထားရမယ် မင်းရဲ့ အသက်က ကျန်းချဲ့ ရဲ့ လက်ထဲမှာ ရှိနေတယ် မှတ်တမ်းတင် ကျောက်တုံး တစ်ခုတည်း ကြောင့် မဟုတ်ဘူး မင်း ကိုယ်ပေါ်မှာလည်း မင်း မသိလိုက်တဲ့ အချိန်မှာ တားမြစ် အစီအရင် တွေ ချထားပြီးပြီ ကျန်းချဲ့ က စိတ်ကူး တစ်ချက်လေး နဲ့တင် မင်းကို အသက်ပျောက်သွားအောင် လုပ်နိုင်စွမ်း ရှိတယ် အဲ့ဒါကြောင့် ရိုးရိုးသားသားလေး စကားနားထောင်ပါ အဲ့ဒါမှ မင်းနဲ့ မယ်တော် တို့ သားအမိ နှစ်ယောက်စလုံး အသက်ရှင် နိုင်မှာ ပြီးတော့ ချန်ချင်း မင်းရဲ့ သရုပ်ဆောင်တဲ့ အစွမ်းက သိပ်မကောင်းသေးဘူးနော်..."

နင်မြို့စားကတော် က အလွန် လေးနက်သော အမူအရာ ဖြင့် ဂျီချန်ချင်း ကို သတိပေး လိုက်လေသည်။ သူမ အနေဖြင့် လုံးဝ ပေါ့ဆမှု မပြုရဲချေ။

ကျန်းချဲ့ က သူ၏ ကိုယ်ပေါ်တွင် တားမြစ် အစီအရင် များ ချမှတ်ထားခဲ့ကြောင်း ကို ကြားလိုက်ရသောအခါ ဂျီချန်ချင်း ၏ မျက်နှာ ချက်ချင်း ပြောင်းလဲသွားလေသည်။ အင်္ကျီ လက်စ အောက်ရှိ လက်နှစ်ဖက် ကို တင်းကျပ်စွာ ဆုပ်ကိုင် လိုက်ပြီးနောက် အားအင် ကင်းမဲ့စွာ ဖြင့် ပြန်လည် လွှတ်ပေး လိုက်လေသည်။ ထို့နောက် အနည်းငယ် စိတ်ဓာတ်ကျစွာ ဖြင့် ခေါင်းညိတ် လိုက်လေသည်။

"မယ်တော် စိတ်ချပါ သား သား နားလည်ပါပြီ..."

"ဘယ်လိုလဲ..."

ဂူအပြင်ဘက်တွင် ကျန်းချဲ့ က ချီရွှယ်မိစ္ဆာသခင် ကို ကြည့်ကာ အနည်းငယ် ဂရုတစိုက် ဖြင့် မေးလိုက်လေသည်။

နဂါးကြောစွမ်းအင် က ရုပ်ခန္ဓာ အပေါ် သက်ရောက်မှု ရှိကြောင်း ကို သိရှိပြီး ကတည်းက ကျန်းချဲ့ သည် ဤအရာ ကို အလွန် အလေးထား လာခဲ့လေသည်။ သူ ကိုယ်တိုင် ပင်လျှင် နောင်တစ်ချိန် တွင် ဤအရာ ကို အသုံးပြု နိုင်ရန် အတွက် ကြိုတင် ပြင်ဆင်မှု များ ပြုလုပ်ထားခဲ့ပြီ ဖြစ်လေသည်။ အကယ်၍ သူသာ ချီစွမ်းအင် နှင့် ရုပ်ခန္ဓာ ပေါင်းစပ် ကျင့်ကြံခြင်း လမ်းစဉ်ကို ဆက်လက် လျှောက်လှမ်းနိုင်ပြီး နတ်စွမ်းရည်အဆင့် နှင့် ရှန်ရှန်းအဆင့် လမ်းစဉ် နှစ်ခု စလုံး ကို ကျင့်ကြံ နိုင်မည် ဆိုပါက သူ၏ တိုက်ခိုက်ရေး စွမ်းအား မှာ သေချာပေါက် ယခုကဲ့သို့ပင် အဆပေါင်းများစွာ တိုးတက် လာမည် မှာ အသေအချာ ပင်ဖြစ်သည်။

"အနည်းငယ်တော့ အသုံးဝင်တာ အမှန်ပဲ ဒါပေမဲ့ မျှော်လင့်ထားသလောက်တော့ အကျိုးသက်ရောက်မှု မရှိဘူး..."

ချီရွှယ်မိစ္ဆာသခင် ၏ မျက်နှာပေါ်တွင် အနည်းငယ် စိတ်ပျက်နေသော အမူအရာ ပေါ်လွင် နေလေသည်။ နင်မြို့စား ၏ ကိုယ်တွင်းရှိ အနှစ်သာရ သွေးများ က နဂါးကြောစွမ်းအင် အတွက် အသုံးဝင်သည်မှာ မှန်သော်လည်း အကျိုးသက်ရောက်မှု က သိပ်ပြီး သိသာထင်ရှားမှု မရှိချေ။

ထို့ကြောင့်ပင် ယခုအခါ သူ၏ ရင်ထဲတွင် သံသယ များ ဖြစ်ပေါ် လာခဲ့ရလေသည်။ ဤသည်မှာ နင်မြို့စား ၏ သွေးသား အမွေအနှစ် ပါးလျလွန်း သောကြောင့်လား ဒါမှမဟုတ် တောင်ပိုင်းယွဲ့ မှ ရရှိလာသော ဤ နဂါးကြောစွမ်းအင် သည် ဂျီမိသားစု တော်ဝင်မျိုးနွယ် နှင့် သိပ်ပြီး မကိုက်ညီ သောကြောင့်လား ဆိုသည်ကို ပင်ဖြစ်သည်။

"ဒါဆိုရင်လည်း ထားလိုက်ပါတော့..."

ကျန်းချဲ့ လည်း ဤစကားကို ကြားသောအခါ အနည်းငယ် စိတ်ပျက် သွားလေသည်။ သို့သော် အရမ်းကြီးတော့ မဟုတ်ချေ။ အဘယ်ကြောင့်ဆိုသော် အစောပိုင်း ကတည်းက သူ၏ မျှော်လင့်ချက် မှာ သိပ်ပြီး မကြီးမား ခဲ့သောကြောင့် ပင်ဖြစ်သည်။

"နောင်တစ်ချိန် မင်းသာ ဧကရာဇ် ရဲ့ သွေးသား စွမ်းအင် နဲ့ နဂါးကြောစွမ်းအင် ကို မွေးမြူ နိုင်မယ် ဆိုရင် အကျိုးသက်ရောက်မှု က အများကြီး ပိုကောင်းလာလောက်တယ်..."

ချီရွှယ်မိစ္ဆာသခင် က ဖြည့်စွက် ပြောလိုက်လေသည်။

ကျန်းချဲ့ က ညင်သာစွာ ရယ်မော လိုက်လေသည်။

"တကယ်လို့ ကျုပ်မှာသာ ဧကရာဇ် ကို သတ်နိုင်တဲ့ စွမ်းအား ရှိနေရင် နဂါးကြောစွမ်းအင် ကို မွေးမြူ နေဖို့တောင် မလိုတော့ဘူးလေ တာ့ကျိုး ရဲ့ နဂါးကြောစွမ်းအင် ကြီး တစ်ခုလုံး ကို တိုက်ရိုက် လုယူလိုက်တာက ပိုမကောင်းဘူးလား..."

"ဒါလည်း ဟုတ်တာပါပဲ..."

"ဒါနဲ့ ဂျီချန်ချင်း ရဲ့ မူလဝိညာဉ် ပေါ်က တားမြစ် အစီအရင် ကိစ္စကရော ဘယ်လို အခြေအနေ ရှိလဲ..."

"စိတ်ချပါ ငါကိုယ်တော် ကိုယ်တိုင် လုပ်ထားတာ လုံးဝ အမှားအယွင်း မရှိစေရဘူး သူသာ မင်းကို သစ္စာဖောက်ရဲရင် နေရာမှာတင် မူလဝိညာဉ် လွင့်စင် ပျက်စီးသွားလိမ့်မယ် သိုင်းသူတော်စင် ကိုယ်တိုင် ဝင်ပါရင်တောင် တားဆီးနိုင်မှာ မဟုတ်ဘူး ပြီးတော့ ငါကိုယ်တော် လှည့်ကွက်လေး နည်းနည်း သုံးထားသေးတယ် အဲ့ဒီကောင်လေး က မင်းအပေါ် ပိုပိုပြီး ရိုသေ လေးစား လာလိမ့်မယ် နောက်ဆုံးကျရင် မင်းကို နတ်ဘုရား တစ်ပါးလိုတောင် ကိုးကွယ် လာလိမ့်မယ်..."

ချီရွှယ်မိစ္ဆာသခင် က ညင်သာစွာ ပြုံးလိုက်ပြီး အလွန် ဂုဏ်ယူ ဝင့်ကြွားစွာ ဖြင့် ပြောလိုက်လေသည်။

"ဒီလို နည်းလမ်းမျိုးတောင် ရှိတာလား အများကြီး သုံးလို့ ရလား..."

ကျန်းချဲ့ ၏ မျက်လုံးများ အနည်းငယ် လှုပ်ရှား သွားလေသည်။ အကယ်၍ ဤကဲ့သို့သော နည်းလမ်းမျိုး သာ ရှိနေမည် ဆိုပါက နောင်တစ်ချိန် သူ လက်အောက်ငယ်သား များကို စုဆောင်းရာတွင် အများကြီး ပိုမို လွယ်ကူ သွားမည် ပင်ဖြစ်သည်။

"ဘာတွေ တွေးနေတာလဲ ဒီလို လျှို့ဝှက် နည်းလမ်း က မူလဝိညာဉ် စွမ်းအား ကို အများကြီး ကုန်ဆုံး စေတယ်ကွ တစ်ယောက် နှစ်ယောက် လောက်ကတော့ ကိစ္စ မရှိပေမဲ့ အများကြီး ဆိုရင်တော့ ငါကိုယ်တော် တောင့်ခံ နိုင်မှာ မဟုတ်ဘူး..."

"ဒါဆိုလည်း စီနီယာ ဒီနည်းလမ်းလေး ကို သင်ပေးပါဦး..."

ကန့်သတ်ချက် များ ရှိနေသည် ဆိုသော်လည်း လူတစ်ယောက် ၏ စိတ်နေသဘောထား ကို ပြောင်းလဲ စေနိုင်သော ဤ လျှို့ဝှက် နည်းလမ်း ကို ကျန်းချဲ့ အနေဖြင့် သေချာပေါက် သင်ယူ လိုဆဲ ပင်ဖြစ်သည်။

"မင်းကို သင်ပေးလို့ ရပါတယ် ဒါပေမဲ့ ငါကိုယ်တော် ကြိုပြောထားမယ်နော် ဒီလျှို့ဝှက် နည်းလမ်း က ချက်ချင်း အကျိုးသက်ရောက်မှု မရှိဘူး တဖြည်းဖြည်းချင်း အချိန်ယူပြီးမှ မင်းအပေါ် သစ္စာရှိလာအောင် လုပ်ပေးတာ..."

"နားလည်ပါပြီ..."

"ဂျီ ဂျီချန်ချင်း သခင်ကျန်း ကို ဂါရဝပြု ပါတယ်..."

နင်မြို့စားကတော် ၏ ရှင်းပြ ဖျောင်းဖျမှု များကို ခံယူပြီးနောက် ဂျီချန်ချင်း သည် ယခုအခါ အနည်းငယ် မကျေမနပ် ဖြစ်နေဆဲ ဆိုသော်လည်း နှစ်ဖက် စလုံး ၏ ကြီးမားလှသော ကွာဟမှု ကို ကောင်းစွာ သိရှိသွားပြီ ဖြစ်ရာ အလွန် ရိုသေ ကျိုးနွံသော အမူအရာ ကို ပြသ နေလေသည်။ ကျန်းချဲ့ အပေါ် ယခုအခါ သူ သည် တစ်နေ့တခြား ပိုမို ကြောက်ရွံ့ လာခဲ့ပြီ ဖြစ်လေသည်။

"သခင်ကျန်း လို့ ခေါ်စရာ မလိုဘူး ဦးလေး လို့ပဲ ခေါ်လိုက်..."

နင်မြို့စားကတော် က ဂျီချန်ချင်း ကို တစ်ချက် မျက်စောင်းထိုး ကြည့်လိုက်လေသည်။

ဂျီချန်ချင်း ၏ နှုတ်ခမ်းထောင့် အနည်းငယ် တွန့်ကွေး သွားပြီးနောက် အချိန်ခဏမျှ တွေဝေ သွားကာ ခန္ဓာကိုယ် ကို ပိုမို နိမ့်ကျစွာ ခါးညွှတ် လိုက်ပြီး တိုးညှင်းစွာ ပြောလိုက်လေသည်။

"ချန်ချင်း ဦးလေး ကို ဂါရဝပြု ပါတယ်..."

"ဟဲဟဲဟဲ မိသားစုတွေချည်းပဲ အရမ်း ယဉ်ကျေးနေစရာ မလိုပါဘူး နောက်ဆိုရင် မင်းနဲ့ ငါနဲ့ ကိုယ့်အဆင့်အတန်းနဲ့ ကိုယ် နေကြတာပေါ့..."

ကျန်းချဲ့ ၏ မျက်နှာပေါ်တွင် ညင်သာသော အပြုံးများ ပေါ်လွင် နေပြီး ဂျီချန်ချင်း ၏ ပခုံးကို ပုတ်ကာ အားပေးစကား ပြောလိုက်လေသည်။

"ဟုတ်ကဲ့ပါ အားလုံး ဦးလေး သဘောအတိုင်းပါပဲ..."

ဂျီချန်ချင်း က အလျင်စလို ပြန်ဖြေလိုက်လေသည်။

"အခု နင်မြို့စား လည်း သေသွားပြီဆိုတော့ နောက်ဆက်တွဲ ဘယ်လို လုပ်ကြမလဲ..."

နင်မြို့စားကတော် ၏ မျက်နှာပေါ်တွင် အနည်းငယ် စိုးရိမ် ပူပန် နေသော အမူအရာ များ ပေါ်လွင် နေပြီး ဤကိစ္စ ၏ အမှန်တရား ကို တော်ဝင်နန်းတော် က သိရှိသွားမည် ကို အလွန် ကြောက်ရွံ့ နေကာ ကျန်းချဲ့ ကို အလွန် တင်းမာ စိုးရိမ်စွာ ဖြင့် ကြည့်ကာ မေးလိုက်လေသည်။

"နင်မြို့စား အိမ်တော်ကို မင်း ဘယ်လောက် အတိုင်းအတာ အထိ ထိန်းချုပ်ထားနိုင်လဲ..."

ကျန်းချဲ့ က တိုက်ရိုက် မဖြေဘဲ ပြန်လည် မေးခွန်းထုတ် လိုက်လေသည်။

"ကျွန်မကို အချိန် နည်းနည်းလောက် ပေးပါ အိမ်တော် ထဲက တခြား ဧည့်သည်တော် သိုင်းပညာရှင် တွေကို ကျွန်မ ခြိမ်းခြောက်တာပဲ ဖြစ်ဖြစ် မြှူဆွယ်တာပဲ ဖြစ်ဖြစ် လုပ်ပြီး သိမ်းသွင်းလို့ ရပါတယ် ဒါပေမဲ့ အကြီးအကဲတု ကတော့ မလွယ်လောက်ဘူး ဒီလူက ကျွန်မတို့ နင်မြို့စား အိမ်တော် ရဲ့ အဓိက ဧည့်သည်တော် တစ်ယောက်ပဲ သူက တော်တော်လေး လွတ်လွတ်လပ်လပ် နေတတ်တော့ ထိန်းချုပ်ဖို့ ခက်တယ် ပြီးတော့ စောစောက ရှင် ဝင်တိုက်တဲ့ အချိန်မှာလည်း ကိစ္စက တော်တော်လေး ကြီးသွားပြီ ဆိုတော့ အချိန်ကျရင် သူက ချင်းထျန်းဂိုဏ်း က လုပ်တာပါ ဆိုတဲ့ စကားကို ယုံဖို့ ခက်လိမ့်မယ်..."

ဤကိစ္စ နှင့် ပတ်သက်၍ ကျန်းချဲ့ သည် သူမ နှင့် ကြိုတင် တိုင်ပင် ထားပြီး ဖြစ်လေသည်။ နောက်ပိုင်း တွင် ထျန်းနန်မြို့ မှ လူများကို ဤနေရာ သို့ လာရောက် ရှာဖွေစေကာ ဂျီချန်ချင်း ကို ကယ်တင် ခိုင်းမည် ဖြစ်သည်။ အကြောင်းပြချက် မှာ နင်မြို့စား ဖမ်းဆီး ခံလိုက်ရသည် ဟု ဆိုရန် ပင်ဖြစ်သည်။

ချင်းထျန်းဂိုဏ်း က ဤအချက် ကို အသုံးချ၍ တော်ဝင်နန်းတော် ကို ခြိမ်းခြောက် အကျပ်ကိုင် ရန် ကြိုးစား နေပြီး နယ်ရုပ် တစ်ခု အဖြစ် အသုံးပြု ရန် ပင်ဖြစ်သည်။ ဂျီချန်ချင်း ကို အသက်ရှင်လျက် ထားရစ် ခဲ့ခြင်းမှာ လည်း တော်ဝင်နန်းတော် ထံသို့ သတင်း ပို့ခိုင်းရန် နှင့် တော်ဝင်နန်းတော် မှ အလွန် တန်ဖိုး ကြီးမားသော ဝိညာဉ် ရတနာ အချို့ ဖြင့် လာရောက် လဲလှယ် စေရန် ပင်ဖြစ်သည်။

ဤသည်မှာ သေချာပေါက် မဖြစ်နိုင်သော ကိစ္စ တစ်ခု ပင်ဖြစ်သည်။ ဧကရာဇ် ၏ အမုန်း ကို ခံထားရသော အသုံးမကျသည့် မြို့စား တစ်ယောက် ပုန်ကန်သူများ ၏ ဖမ်းဆီးခြင်း ကို ခံလိုက်ရသည် ဆိုလျှင်တောင် ကြီးမားသော တန်ဖိုး ကို ပေးဆပ် ကာ ပြန်လည် ရွေးဝယ် မည် မဟုတ်ချေ။ သို့သော် ကျန်းချဲ့ လိုချင်သည် မှာ လည်း ထိုအချက် ပင်ဖြစ်သည်။ အပြင်ပန်း တွင် လက်ခံ နိုင်စရာ အကြောင်းပြချက် တစ်ခု ရှိနေလျှင်ပင် လုံလောက် နေပြီ ဖြစ်လေသည်။

"ဒါက ရိုးရှင်းပါတယ် ချန်ချင်း နဲ့ စီနီယာချီရွှယ် တို့ ပူးပေါင်းပြီး အဲ့ဒီ အကြီးအကဲတု ကို ဖမ်းဆီး ထိန်းချုပ်လိုက်ရုံပေါ့..."

ရှန်ရှန်းအစောပိုင်းအဆင့် တွင်သာ ရှိသေးသော အိုမင်းနေပြီ ဖြစ်သည့် မဟာသိုင်းသခင် တစ်ပါး ကို ချီရွှယ်မိစ္ဆာသခင် ကို မဆိုထားနှင့် ကျန်းချဲ့ ကိုယ်တိုင် ပင်လျှင် အလွယ်တကူ ဖြေရှင်း နိုင်စွမ်း ရှိလေသည်။ သိပ်ပြီး ကြီးမားလှသော ဖိအား တစ်ခု မဟုတ်ချေ။

"ကောင်းပြီ ဒါဆိုလည်း ဒီအတိုင်းပဲ လုပ်ကြတာပေါ့ ချန်ချင်း မင်း သေချာ မှတ်ထားနော်..."

နင်မြို့စားကတော် က ဂျီချန်ချင်း ကို အသေးစိတ် သေချာစွာ မှာကြား နေလေတော့သည်။

အရာအားလုံး က ကျန်းချဲ့ ၏ စီစဉ်ထားမှု အောက်တွင် ချောမွေ့စွာ လည်ပတ် နေလေသည်။ အကြီးအကဲတု က မြို့တော်ဝန် အိမ်တော် သို့ သွားရောက် ကာ မြို့ကို ပိတ်ဆို့ ရှာဖွေ ရန် အကူအညီ တောင်းခံ ပြီး မကြာမီ အချိန် အတွင်းမှာပင် မြို့တွင်းရှိ နေရာ တစ်ခု တွင် ဂျီချန်ချင်း ၏ ခြေရာ ကို ရှာဖွေ တွေ့ရှိ သွားခဲ့လေသည်။

သူ ကလည်း ကျန်းချဲ့ သင်ပေးထားသော စကားများကို အသုံးပြု ကာ အလွန် လိမ္မာ ပါးနပ်စွာ ဖြင့် ဟန်ဆောင် လှည့်စား နိုင်ခဲ့လေသည်။ ထို့နောက် မြို့တော်ဝန် အိမ်တော် မှ စစ်သည်များ ကို ပြန်လည် ရုပ်သိမ်း လိုက်ပြီး အရာအားလုံး အဆင်ပြေ ချောမွေ့ သွားခဲ့လေသည်။

သို့သော် အကြီးအကဲတု ကတော့ လုံးဝ မယုံကြည်သေးဘဲ ဂျီချန်ချင်း ကို အသေးစိတ် အချက်အလက် များကို အဆက်မပြတ် ဆက်လက် မေးမြန်း နေဆဲ ပင်ဖြစ်သည်။ ထို့ကြောင့် ဂျီချန်ချင်း က ထိုအချက် ကို အကြောင်းပြချက် တစ်ခု အဖြစ် အသုံးပြု ကာ မြို့တွင်းရှိ နေရာ တစ်ခု သို့ လှည့်စား ခေါ်ဆောင် သွားခဲ့လေသည်။

ထို့နောက် ချီရွှယ်မိစ္ဆာသခင် ဝင်ရောက် တိုက်ခိုက် လိုက်ရာ အကြီးအကဲတု ဟူသော မဟာသိုင်းသခင် ကို အလွယ်တကူ ဖိနှိပ် ထိန်းချုပ် နိုင်ခဲ့လေသည်။ ထို့အပြင် သူ၏ မူလဝိညာဉ် အတွင်း တွင်လည်း တားမြစ် အစီအရင် ကို ချမှတ် ထားခဲ့လေသည်။ သေရေး ရှင်ရေး ရွေးချယ်မှု ကို ရင်ဆိုင်ရသော အခါ အကြီးအကဲတု သည် နောက်ဆုံးတွင် အသက်ရှင် နေထိုင် ရန် ကိုသာ ရွေးချယ် လိုက်ရလေသည်။ နင်မြို့စားကတော် အပေါ် အပြည့်အဝ သစ္စာခံ လိုက်လေသည်။ နင်မြို့စားကတော် ကတော့ နင်မြို့စား အိမ်တော် ၏ ကိုယ်စားလှယ် အဖြစ် တော်ဝင်နန်းတော် သို့ တင်ပြစာ ရေးသား ရန် စတင် စဉ်းစား နေလေတော့သည်။

"ကျန်းချဲ့ ရှင် အခု အရမ်း ကျေနပ်နေပြီ မဟုတ်လား..."

ထျန်းနန်မြို့ ရှိ နေရာ တစ်ခု တွင် နင်မြို့စားကတော် သည် ကျန်းချဲ့ နှင့် အလွန် အချိတ်အဆက် မိမိ ပူးပေါင်း ဆောင်ရွက် ခဲ့ပြီး သူမ ကို အလွန် အရှက်ရစေသော ကိစ္စရပ် များကို လုပ်ဆောင် ခဲ့လေသည်။ ယခုအခါ ကိစ္စ အားလုံး ပြီးဆုံး သွားချိန်တွင်တော့ သူမ သည် တင်းမာသော မျက်နှာထား ဖြင့် ကျန်းချဲ့ ကို ကြည့်ကာ ပြောလိုက်လေသည်။

ကျန်းချဲ့ ဤမျှလောက် အထိ ကျွမ်းကျင် လိမ့်မည် ဟု သူမ လုံးဝ ထင်မှတ် မထားခဲ့ချေ။ အရှေ့ ပေါက်ကနေ ဝင်လို့ ရတဲ့ လမ်း ရှိနေတာတောင် မသွားဘဲ တမင်သက်သက် ထူးဆန်းတဲ့ လမ်း ကနေ သွားချင်နေတာကိုး...

"အရမ်း အပြစ်ကင်းစင် သလို ဟန်ဆောင် မနေပါနဲ့ အရင်တုန်းက မင်း လည်း အရမ်း သဘောကျ နေခဲ့တာပဲ မဟုတ်လား..."

ကျန်းချဲ့ က နင်မြို့စားကတော် ၏ နူးညံ့ ချောမွေ့သော မေးစေ့လေး ကို လက်ညှိုး ဖြင့် ချိတ်ဆွဲ လိုက်ပြီး နှုတ်ခမ်းထောင့် တွင် ပြုံးစစ အမူအရာ တစ်ခု ပေါ်လာလေသည်။

ယခုအခါ သူ သည် နင်မြို့စားကတော် ဝေ့ယိုရုံ ကို အပြည့်အဝ စူးစမ်း ရှာဖွေ ပြီးစီး သွားခဲ့ပြီ ဖြစ်လေသည်။ အောင်မြင်မှု ခံစားချက် လုံးဝ မရှိဘူး ဟု ပြောမည် ဆိုလျှင် ၎င်းမှာ လုံးဝ မဖြစ်နိုင်သော ကိစ္စ ပင်ဖြစ်သည်။ အထူးသဖြင့် အဆင့်အတန်း အရ ကန့်သတ်ချက် များ ရှိနေခြင်း က သူတို့ နှစ်ယောက် စလုံး ကို အမှန်တကယ် ပင် အနည်းငယ် မူးယစ် သွားစေခဲ့လေသည်။

"ရှင် ရှင် ဒီလောက်တောင် ဖြစ်နေပြီပဲ နောက်ပိုင်း ကျွန်မတို့ သားအမိ နှစ်ယောက် အပေါ် နည်းနည်းလောက် ကောင်းကောင်းမွန်မွန် ဆက်ဆံ ပေးလို့ ရမလား..."

နင်မြို့စားကတော် က ခေါင်းငုံ့ထားပြီး မျက်နှာလေး နီရဲ နေလေသည်။

"မင်းတို့ သားအမိ နှစ်ယောက် လိမ္မာ နေသရွေ့ ဒါတွေ အားလုံးက ပြဿနာ မဟုတ်ပါဘူး..."

"ကျွန်မ ကျွန်မ ရှင့်စကားကို ကောင်းကောင်း နားထောင် ပါ့မယ်..."

"ဟုတ်လို့လား ဒါဆိုရင်လည်း လာ သခင် လို့ ခေါ်စမ်း..."

ကျန်းချဲ့ က တစ်ဖက်လူကို ငုံ့ကြည့် ကာ မျက်ဝန်းထဲတွင် အပြုံးများ ပြည့်နှက် နေလျက် ပြောလိုက်လေသည်။

နင်မြို့စားကတော် က နှုတ်ခမ်းလေး ကို ကိုက်လိုက်ပြီး နှုတ်ခမ်းထောင့် အနည်းငယ် လှုပ်ရှား သွားလေသည်။ အချိန်ခဏမျှ တွေဝေ သွားပြီးနောက် နောက်ဆုံးတွင် စကား နှစ်လုံး ကို ထုတ်ပြော လိုက်လေသည်။

"သခင်..."

"အခု နင်မြို့စား သေသွားပြီဆိုတော့ နောက်ဆက်တွဲ အနေနဲ့ ဂျီချန်ချင်း ကို နေရာပေးဖို့ လုပ်ရမယ် ဒါ့အပြင် နင်မြို့စား အိမ်တော် ရဲ့ နှစ်ပေါင်းများစွာ စုဆောင်းထားတဲ့ ရတနာတွေနဲ့ ချဲ့ထွင်ထားတဲ့ အင်အားစု တွေကိုလည်း မင်း အမြန်ဆုံး ရှင်းလင်း ရမယ် ပြီးရင် အဲ့ဒါတွေကို ထျန်းယာ မဟာမိတ်အဖွဲ့၊ ငါနဲ့ ငါ့ လက်အောက်က အင်အားစု တွေနဲ့ တစ်သားတည်း ဖြစ်အောင် ပေါင်းစပ် ပစ်ရမယ် သုံးလ အတွင်းမှာ ထျန်းယာ မဟာမိတ်အဖွဲ့ ရဲ့ လျှို့ဝှက် ကွန်ရက် တွေကို ယွဲ့ပြည်နယ် တစ်ခုလုံး မှာ ပျံ့နှံ့ သွားစေချင်တယ် ပြီးတော့ အလယ်ပိုင်းဒေသ အထိပါ ချဲ့ထွင်ရမယ် မင်း အသုံးဝင်နေသရွေ့ မင်းကို ငါ့ ဘေးနားမှာ အမြဲတမ်း ထားပေးပါ့မယ်..."

ကျန်းချဲ့ က နင်မြို့စားကတော် ကို စူးစိုက်ကြည့်ကာ ပြောလိုက်လေသည်။ သူ၏ ကိုယ်ပေါ်မှ နဂါးအရှိန်အဝါ များ ကလည်း တိတ်ဆိတ်စွာ ဖြင့် ပျံ့နှံ့ ထွက်ပေါ် နေလေသည်။

ချီရွှယ်မိစ္ဆာသခင် ထံမှ လမ်းညွှန်မှု များ ခံယူပြီးနောက် ကျန်းချဲ့ သဘောပေါက် သွားခဲ့လေသည်။ နဂါးအရှိန်အဝါ သည် မိစ္ဆာသားရဲ များကို ဖိနှိပ်နိုင်ရုံ သာမက မိန်းမများ အပေါ် တွင်လည်း မျှော်လင့် မထားသော အကျိုးသက်ရောက်မှု မျိုး ရှိကြောင်း ပင်ဖြစ်သည်။ လူကို ပိုပိုပြီး စွဲလမ်း သွားစေနိုင်ပြီး နောက်ဆုံးတွင် လုံးဝ ရုန်းထွက် မရအောင် နစ်မွန်း သွားစေနိုင်ကြောင်း သူ ကောင်းစွာ သိရှိသွားခဲ့လေတော့သည်။

All Chapters