← Chapters

အခန်း (၂၅၉၇-၂၅၉၈)

Vol. 260 Ch. 2597-2598

အခန်း (၂၅၉၇-၂၅၉၈)

Vol. 260 Ch. 2597-2598

အခန်း (၂၅၉၇) - အဆင့် ၆ အမိန့်ပြား

တကယ်ပဲ ရာထူးလည်းတိုး... စည်းစိမ်လည်း တိုးလေပြီ ဖြစ်သည်။

ဖန့်ချန်၏ စိတ်ထဲတွင်လည်း သက်ပြင်းချမိသွားခဲ့ရသည်။

ရာထူးတိုးမြှင့်ခြင်း စာချွန်လွှာကို ခေတ္တမျှ ဘေးဖယ်ထားဦးတော့၊ ထိုအတွင်းကမ္ဘာ ကျောက်တုံး ငါးသောင်းသည်ပင်လျှင်... သူ၏ လက်ရှိ အရေးပေါ် လိုအပ်ချက်ကို ဖြေရှင်းပေးနိုင်ခဲ့ပြီး၊ အပြင်ကြွေးများကို အရင်ပြန်ဆပ်နိုင်မည့်အပြင် အများအပြားလည်း ပိုလျှံနေဦးမည် မဟုတ်ပါလား။

သူက လက်တစ်ချက် အသာအယာ ဝှေ့ယမ်းလိုက်ရာ၊ အတွင်းကမ္ဘာ ကျောက်တုံးများသည် ချက်ချင်းပင် အတွင်းကမ္ဘာမြေထဲသို့ တိုးဝင်ပျောက်ကွယ်သွားခဲ့တော့သည်။

ထို့နောက်တွင် သူက ရာထူးတိုးမြှင့်ခြင်း စာချွန်လွှာကို ယူလိုက်ပြီး၊ ဖြည်းညှင်းစွာ ဖွင့်လှစ်၍ တစ်ချက် ကြည့်လိုက်သည်။

စာချွန်လွှာပေါ်ရှိ စာသားများကို သေသေချာချာ မမြင်ရသေးမီမှာပင်၊ အထဲမှ ရွှေရောင်စာလုံးကြီးများသည် ရွှေရောင်အလင်းတန်းများအဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး ဖန့်ချန်၏ ခန္ဓာကိုယ်ထဲသို့ တိုးဝင်သွားခဲ့ကြသည်။

သူ၏ ကိုယ်ပေါ်တွင်မူ ထူးခြားသော ပြောင်းလဲမှုတစ်စုံတစ်ရာ ပေါ်ထွက်မလာခဲ့သော်လည်း၊ အတွင်းကမ္ဘာမြေထဲရှိ ချုပ်နှောင်ခေါ်ယူခြင်း ကျင့်စဉ်တံဆိပ်မှာမူ သိသိသာသာ ပြောင်းလဲသွားခဲ့ရသည်။

“စီနီယာနှစ်ယောက်... ငါအတွင်းကမ္ဘာထဲကို တစ်ခေါက်လောက် သွားလိုက်ဦးမယ်။”

ဖန့်ချန်က လက်အုပ်ချီ၍ နှုတ်ဆက်လိုက်ပြီး၊ လှည့်ထွက်ကာ အတွင်းကမ္ဘာထဲသို့ တိုက်ရိုက် ဝင်ရောက်သွားခဲ့တော့သည်။

……

……

ချုပ်နှောင်ခေါ်ယူခြင်း ကျင့်စဉ်တံဆိပ်၏ အရှိန်အဝါက တရိပ်ရိပ် မြင့်တက်လာနေခဲ့သည်။

လီဝူနှင့် ချီယန်သူတော်စင်တို့က ထိုမြင်ကွင်းကို မြင်လိုက်ရသည့်အခါ၊ ရင်ထဲတွင် အနည်းငယ် အံ့ဩသွားခဲ့ကြရသည်။

သူတို့သည် ချုပ်နှောင်ခေါ်ယူခြင်း ကျင့်စဉ်က ဘာဖြစ်လို့ ယခုကဲ့သို့ အဆင့်မြင့်တက်လာရသည်ကို မသိရှိကြပေရာ၊ ဖန့်ချန်တစ်ယောက် ကျင့်စဉ်လမ်းကို တစ်စုံတစ်ရာ ထပ်မံ သဘောပေါက် နားလည်သွားခဲ့ခြင်း ဖြစ်လိမ့်မည်ဟုသာ တွေးတောလိုက်ကြသည်။

“မှန်လေး... ဒီမှာ အတွင်းကမ္ဘာ ကျောက်တုံး ငါးသောင်း ရှိတယ်၊ ငါအသုံးပြုဖို့အတွက် တစ်သောင်း ချန်ထားခဲ့ပြီး၊ ကျန်တဲ့အရာတွေ အားလုံးကို မင်းကို ပေးမယ်။”

ဖန့်ချန်က ဆိုလိုက်သည်။

မှန်လေးက ချက်ချင်းပင် လေသံကျယ်ကျယ်ဖြင့် သဘောကျနှစ်ခြိုက်စွာ အော်ဟစ်လိုက်ပြီး၊ ထို့နောက်တွင် အတွင်းကမ္ဘာ ကျောက်တုံး လေးသောင်းကို တစ်သက်တည်းဖြင့် ငတ်မွတ်စွာ ဝါးမြိုပစ်လိုက်တော့သည်။

ထို့နောက်တွင် ၎င်းက လေချဉ်တစ်ချက် တက်လိုက်သည်။

“ညီကို... နောင်ကျရင် စစ်ဆေးရေးဌာနရဲ့ ရာထူးအဆင့်အတန်းကို ပိုပြီးတော့ တိုးမြှင့်နိုင်အောင် လုပ်ဦးနော်၊ ရာထူးတစ်ဆင့် တိုးတိုင်း... မင်းရဲ့ ဒီချုပ်နှောင်ခေါ်ယူခြင်း ကျင့်စဉ်တန်ခိုးကလည်း အဆင့်တစ်ဆင့် မြင့်တက်လာမှာ ဖြစ်တယ်။”

“ဒါဆိုရင်... ဒီတစ်ကြိမ် အဆင့်မြင့်တက်တာ ပြီးဆုံးသွားရင်၊ အဆင့် ၆ ချုပ်နှောင်ခေါ်ယူခြင်း ကျင့်စဉ် ဖြစ်လာတော့မှာပေါ့ ဟုတ်လား။ ကောင်းကင်၊ မြေပြင်၊ လျှို့ဝှက်ဆန်းကြယ်၊ အမှောင်ထု ဆိုတဲ့ အကျဉ်းထောင်ကြီး လေးခုကော ပေါ်လာနိုင်ပြီလား။”

ဖန့်ချန်၏ မျက်ဝန်းထဲတွင် မျှော်လင့်ချက်ရိပ်များ ထွက်ပေါ်လာခဲ့သည်။

မှန်လေးက -

“မလောပါနဲ့ဦးဟ... အဆင့် ၆ ချုပ်နှောင်ခေါ်ယူခြင်း ကျင့်စဉ်လောက်နဲ့ ကောင်းကင်၊ မြေပြင်၊ လျှို့ဝှက်ဆန်းကြယ်၊ အမှောင်ထု အကျဉ်းထောင်ကြီး လေးခုက ဘယ်လိုလုပ်ပြီး ပေါ်လာနိုင်ပါ့မလဲ။ အနည်းဆုံးတော့...”

“ညီကို... နောက်ထပ် ပြောမယ့်အရာတွေက အခပေးသတင်းအချက်အလက်တွေ ဖြစ်သွားပြီ၊ တကယ်လို့ မင်းနားထောင်ချင်တယ် ဆိုရင်တော့ အတွင်းကမ္ဘာ ကျောက်တုံးအချို့ နှုတ်ရလိမ့်မယ်၊ ငါဒီတစ်ကြိမ် တော်တော်များများ စားလိုက်ရတာဆိုတော့ လုံလောက်မှာပါ။”

“ဒါဆိုရင်တော့ ငါနားမထောင်တော့ဘူး။”

ဖန့်ချန်က ပြုံးလိုက်သည်။

နောင်ကျရင် စစ်ဆေးရေးဌာန၌ ရာထူးအဆင့်အတန်း မြင့်တက်လာသည်နှင့်အမျှ၊ ချုပ်နှောင်ခေါ်ယူခြင်း ကျင့်စဉ်၏ အဆင့်အတန်းကလည်း သဘာဝအတိုင်း လိုက်ပါမြင့်တက်လာမည် ဖြစ်ရာ ထိုအချိန်ကျမှ သိရှိရလျှင်လည်း အတူတူပင် ဖြစ်သည်။

အတွင်းကမ္ဘာ ကျောက်တုံးများကို အလဟဿ အကုန်အကျခံနေရန် ဘာလိုဦးမည်နည်း။

ထိုချုပ်နှောင်ခေါ်ယူခြင်း ကျင့်စဉ်နှင့် ပတ်သက်၍မူ...

သူသည် အရှိန်အဝါများ ပြင်းထန်စွာ မြင့်တက်နေဆဲဖြစ်သော ချုပ်နှောင်ခေါ်ယူခြင်း ကျင့်စဉ်တန်ခိုးတံဆိပ်ကို သေသေချာချာ ကြည့်ရှုလိုက်ပြီး၊ မျက်ဝန်းထဲတွင် အံ့ဩချီးကျူးရိပ်များ ပြည့်နှက်သွားခဲ့သည်။

“ဒီတန်ခိုးကျင့်စဉ်က တကယ်ကိုပဲ ဆန်းကြယ်လွန်းတယ်၊ အဆင့်မြှင့်တင်ဖို့ အခွင့်အရေးက... အခြားသော အမိန့်ပြားတွေကို ဝါးမြိုတာအပြင်၊ ငါ့ရဲ့ စစ်ဆေးရေးဌာနက ရာထူးအဆင့်အတန်းနဲ့ပါ ပတ်သက်နေလိမ့်မယ်လို့ ဘယ်သူက တွေးထင်မိပါ့မလဲ။”

“ဒါက စစ်ဆေးရေးဌာနနဲ့ ဘယ်လိုမျိုး ပတ်သက်မှု ရှိနေတာလဲ။ ဒါမှမဟုတ် မတော်တဆ တိုက်ဆိုင်မှုတစ်ခုကြောင့်... တစ်စုံတစ်ရာသော အခြေအနေနဲ့ ကိုက်ညီသွားတာလား။”

ဖန့်ချန်က ထိုအကြောင်းရင်းကို တွေးတော၍ မရနိုင်သော်လည်း၊ အချက်တစ်ခုကိုမူ ပိုမို၍ အတည်ပြုနိုင်ခဲ့ပြီ ဖြစ်သည်။

ချုပ်နှောင်ခေါ်ယူခြင်း ကျင့်စဉ်တန်ခိုးသည် သီးခြားလွတ်လပ်စွာ တည်ရှိနေခြင်း ဖြစ်သည်။

၎င်း၏ စစ်မှန်သော စွမ်းအင်အရင်းအမြစ်က သူ၏ ထိုအတွင်းကမ္ဘာမြေကြီးနှင့် ဘာမှမသက်ဆိုင်ချေ။

အစကတည်းကပင် ၎င်း၏ စွမ်းအင်က ဆန်းကြယ်လှသော ဟင်းလင်းပြင်အနန္တဆီမှ မြစ်ဖျားခံလာခြင်း ဖြစ်သည်။

ထိုအရာက ကောင်းကင်ငါးပါးထဲမှ ကောင်းကင်အရှင်များပင်လျှင်... ထိုနတ်ဘုရားကျင့်စဉ်၏ မူလအစနှင့် နောက်ခံအကြောင်းရင်းကို သေသေချာချာ သိရှိနိုင်လိမ့်မည် မဟုတ်ချေ။

“မှန်လေး... ငါပြီးခဲ့တဲ့အပတ်က ကန့်သက်ချက်ဖြတ်ကျော်တောင်ကို သွားခဲ့တာကို မှတ်မိသေးလား။”

“မှတ်မိတာပေါ့... ဒါပေမဲ့ မင်းတောင်ထဲကို ဝင်သွားပြီးတဲ့နောက်မှာ ငါအိပ်ပျော်သွားခဲ့တယ်။”

“အိပ်ပျော်သွားခဲ့တယ် ဟုတ်လား။”

“ဟုတ်တယ်လေ... အိပ်ပျော်သွားခဲ့တာ။”

“ဒါဆိုရင်... ငါမင်းကို ကန့်သက်ချက်ဖြတ်ကျော်တောင်ထဲမှာ ကြုံတွေ့ခဲ့ရတဲ့ အကြောင်းအရာတွေကို ပြောပြမယ်။”

ဖန့်ချန်က ကိစ္စရပ်များ၏ အစအဆုံးကို တစ်ခေါက် ပြန်လည်ပြောပြလိုက်ပြီးနောက် -

“ဒီတစ်ကြိမ် မင်းအတွင်းကမ္ဘာ ကျောက်တုံးတွေ တော်တော်များများ စားခဲ့ရတာဆိုတော့... ဟိုဘက်က ဂိုဏ်းအင်အားစုတွေနဲ့ တျန်းယွမ်တာအိုလမ်း အကြောင်းတွေကို ငါ့ကို ပြောပြဖို့ လုံလောက်မှာပေါ့ ဟုတ်လား။”

“ငါကြားသိရသလောက်တော့... ဟိုဘက်မှာ အလုံးစုံသိဂိုဏ်း လို့ ခေါ်တဲ့ ဂိုဏ်းတစ်ခု ရှိတယ်တဲ့၊ သူတို့က လောကကြီးထဲက အရာအားလုံးကို သိတယ်လို့ ပြောကြပြီး အလွန်တရာ မာန်မာနကြီးကြတယ်၊ ဒါပေမဲ့ သူတို့သိထားတာတွေက မင်းလောက်တော့ များမှာ မဟုတ်ပါဘူး။”

“အင်း...”

မှန်လေးက အချိန်အတော်ကြာ တိတ်ဆိတ်သွားခဲ့ပြီးမှ၊ အနည်းငယ် ဝေ့ဝိုက်သော လေသံဖြင့် ဆိုလိုက်သည်။

“ညီကို... မင်းလည်း သိထားသင့်တာက ငါ့ရဲ့ အခြေအနေက တကယ်တော့ အမြဲတမ်း သိပ်ပြီးတော့ မကောင်းလှဘူး ဆိုတာပဲ။”

“တကယ်လို့ သိပ်ပြီးတော့ နက်နဲလွန်းတဲ့ ကိစ္စရပ်အချို့ကို ထုတ်ပြောမိရင်... ခံရမယ့် တန်ပြန်သက်ရောက်မှုက ငါ့ရဲ့ အသက်ကိုပါ ရန်ရှာနိုင်တယ်လေ။”

“မင်းပေးတဲ့ အတွင်းကမ္ဘာ ကျောက်တုံး အနည်းငယ်လောက်နဲ့ကတော့... ဒီလိုမျိုး ကိစ္စတွေကို ပြောပြဖို့ ဝေးဝေးဝေးဝေး လုံးဝမလုံလောက်သေးဘူး၊ မင်းအခြားမေးခွန်းတစ်ခုခု ပြောင်းပြီး မေးရင် မကောင်းဘူးလား။”

၎င်းက ခေတ္တမျှ ရပ်တန့်လိုက်ပြီးမှ -

“အလုံးစုံသိဂိုဏ်းနဲ့ ပတ်သက်ပြီးတော့တော့... မင်းကို အကြံပြုချက်တစ်ခု ပေးနိုင်ပါတယ်၊ အဲဒီဂိုဏ်းက အလွန်ကို အားကောင်းလွန်းတယ် ဆိုတာပဲ။”

“သူတို့က လောကကြီးထဲက ကိစ္စအရပ်ရပ်ကို သိရှိတယ်လို့ ပြောတာကလည်း သက်သက် ဝါကြွားနေတာမျိုး မဟုတ်ဘူး၊ နောင်ကျရင် ညီကိုအနေနဲ့ လုံးစုံသိဂိုဏ်းရဲ့ တပည့်တွေကို တွေ့ဆုံခွင့် ရခဲ့မယ် ဆိုရင်တော့... လုံးဝ ပေါ့ပေါ့ဆဆ မတွေးတောပါနဲ့၊ အတိုင်းအတာတစ်ခုအထိ ရိုသေလေးစားမှုကို ပြသရလိမ့်မယ်။”

ဖန့်ချန်၏ စိတ်ထဲတွင် လှုပ်ရှားသွားခဲ့ရပြီး၊ ကြည့်ရသည်မှာ မှန်လေးက ဟိုဘက်ကမ္ဘာ၏ ကိစ္စရပ်များကို အမှန်တကယ်ပင် ကောင်းစွာ သိရှိထားပုံရသည်။

သို့သော်လည်း သူပေးအပ်ခဲ့သော အတွင်းကမ္ဘာ ကျောက်တုံး အရေအတွက်က ထိုမေးခွန်းများကို ဖြေကြားရန်အတွက် မလုံလောက်သေးခြင်းသာ ဖြစ်ပေလိမ့်မည်။

“ဟုတ်သားပဲ။”

မှန်လေးက ရုတ်တရက် ဆိုလိုက်သည်

“ညီကို... ပြီးခဲ့တဲ့အကြိမ်တုန်းက မင်း 'အစွမ်းအထက်ဆုံး ကောင်းကင်လက်နက်' အကြောင်းကို စိတ်ဝင်စားနေခဲ့တယ် မဟုတ်လား။”

“အခုအချိန်မှာ မင်းက အသက်စွမ်းအင်အဆင့် အစောပိုင်းကို ချိုးဖျက်ဝင်ရောက်နိုင်ခဲ့ပြီ ဖြစ်တဲ့အပြင်၊ များပြားတဲ့ သမာဓိတံဆိပ်တွေကလည်း မင်းရဲ့ အခြေခံအုတ်မြစ်ကို မြှင့်တင်ပေးထားခဲ့ပြီ။”

“မင်းအခုအချိန်မှာ နတ်ဘုရားစွမ်းအား နှစ်ခုလောက်ကို ထပ်မံ ထုဆစ်ပုံဖော်ဖို့အတွက် ပြဿနာမရှိတော့ဘူး။”

“အစွမ်းအထက်ဆုံး ကောင်းကင်လက်နက်ကို စမ်းသပ်ကြည့်ချင်လား။ မင်းအခုလေးတင် ငါ့ကို ပိုပြီးတော့ ပေးခဲ့တဲ့ အတွင်းကမ္ဘာ ကျောက်တုံးတွေက... ဒီသတင်းအချက်အလက်ကို ဝယ်ယူဖို့အတွက် လုံလောက်ပါတယ်။”

“အစွမ်းအထက်ဆုံး ကောင်းကင်လက်နက်ကိုတော့ ခေတ္တလောက် စောင့်ဆိုင်းပါဦး။”

ဖန့်ချန်က စဉ်းစားတွေးတောလိုက်ပြီးနောက် -

“ရှီးလူမျိုးစုကျောင်းတော်ရဲ့ ကိစ္စက ပြီးဆုံးသွားခဲ့ပြီ ဆိုတော့... ငါအရင်ဆုံး ခုနစ်ပါးသတ်ဖြတ်ခြင်း သူတော်စင်မျက်လုံးကို သွားရောက် နားလည်သဘောပေါက်အောင် လုပ်ရလိမ့်မယ်။”

“ကျန်ရှိနေတဲ့ အခြေခံအုတ်မြစ်တွေကိုတော့... အတွင်းကမ္ဘာတားမြစ်နယ်မြေအတွက် ချန်ထားရလိမ့်မယ်။”

“ဒါလည်း ရတာပါပဲ... အာ... ချုပ်နှောင်ခေါ်ယူခြင်း တံဆိပ်က အဆင့်မြင့်တက်တာ ပြီးဆုံးသွားခဲ့ပြီ။”

ဖန့်ချန်က ထိုစကားကို ကြားလိုက်သည်နှင့်၊ ချက်ချင်းပင် ချုပ်နှောင်ခေါ်ယူခြင်း နတ်ဘုရားစွမ်းအားတံဆိပ်ဆီသို့ လှမ်း၍ ကြည့်လိုက်တော့သည်။

၎င်း၏ အရှိန်အဝါက အမှန်တကယ်ပင် ငြိမ်သက်သွားခဲ့ပြီ ဖြစ်သည်။

သူ၏ စိတ်အာရုံ လှုပ်ရှားလိုက်သည်နှင့်၊ ဖန့်ချန်၏ လက်ထဲတွင် အမိန့်ပြားတစ်ခု ပေါ်ထွက်လာခဲ့သည်။

ထိုအမိန့်ပြားသည် အစောပိုင်းကထက်စာလျှင် အနည်းငယ် ပို၍ ကျယ်ပြန့်လာခဲ့ပြီး၊ ပို၍လည်း ရှည်လျားလာကာ... အရောင်အသွေးက ပိုမို၍ စိုပြည်တောက်ပကာ ကြည်လင်တောက်ပနေခဲ့သည်။

“အခုအချိန်မှာတော့ အဆင့် ၆ အမိန့်ပြား ဖြစ်သွားခဲ့ပြီ။”

သူက ချုပ်နှောင်ခေါ်ယူခြင်း စွမ်းအားကို နှိုးဆွလိုက်ရာ၊ ဖန့်ချန်က မျက်စိတစ်မှိတ်အတွင်းမှာတင် စားပွဲခုံကြီး၏ အနောက်ဘက်သို့ ရောက်ရှိသွားခဲ့ပြီး တရားရုံးဝတ်စုံကို ဝတ်ဆင်ထားခဲ့ပြီ ဖြစ်သည်။

စားပွဲခုံပေါ်တွင်မူ... ဝါးပြွန်လေးခု ရှိနေခဲ့ပြီး၊ ထိုအထဲမှ ဝါးပြွန်တစ်ခုထဲတွင် ရွှေနီရောင်တံဆိပ်ပြား (အမိန့်ချတံဆိပ်ပြား) အရေအတွက် လေးဆယ်ခန့် ရှိနေခဲ့ကာ... ကျန်ရှိသော ဝါးပြွန်သုံးခုမှာမူ လုံးဝ အလွတ်အတိုင်း ဖြစ်နေခဲ့သည်။

“ဒါကြောင့်... ရွှေနီရောင်တံဆိပ်ပြား အခုနှစ်ဆယ် ပိုပြီးတော့ များလာတာပေါ့၊ စုစုပေါင်း အချက် နှစ်ရာလောက်အထိ ထပ်မံ ရိုက်နှက်နိုင်မှာပဲ။”

“ဒါ့အပြင်... ချုပ်နှောင်ခေါ်ယူနိုင်တဲ့ ပစ်မှတ်ကလည်း ကမ္ဘာငယ် သူတော်စင်အဆင့်ကနေ... ကမ္ဘာကြီး သူတော်စင်အဆင့်အထိ မြင့်တက်သွားခဲ့ပြီ။”

လက်ထဲတွင် အမိန့်ပြားကို ဆုပ်ကိုင်ထားရင်းဖြင့်၊ ဤတစ်ကြိမ် အဆင့်မြင့်တက်မှုနှင့် ပတ်သက်သော ဆန်းကြယ်လှသည့် သဘောတရား အဖုံဖုံတို့က ဖန့်ချန်၏ ခန္ဓာကိုယ်ထဲသို့ တိုးဝင်လာခဲ့ကြပြီး၊ ချက်ချင်းပင် နားလည်သဘောပေါက်သွားခဲ့တော့သည်။

ထိုတစ်ကြိမ် အဆင့်မြင့်တက်မှုက အလွန်တရာ ကြီးမားလှသည်ဟု ဆိုရမည် ဖြစ်ပြီး၊ အဓိကအားဖြင့် ချုပ်နှောင်ခေါ်ယူနိုင်သော ပစ်မှတ်၏ အဆင့်အတန်းက ပိုမိုမြင့်မားသွားခြင်းပင် ဖြစ်သည်။

သို့သော်လည်း စစ်မှန်သော အရည်အသွေးပိုင်းဆိုင်ရာ ပြောင်းလဲမှုတစ်စုံတစ်ရာ ရှိပါသလား ဆိုလျှင်မူ... အမှန်တကယ်တော့ မရှိသေးချေ။

“ဒီဝါးပြွန်သုံးခုထဲမှာလည်း အမိန့်ချတံဆိပ်ပြားတွေ ရှိနေသင့်တာ၊ ဒါက ချုပ်နှောင်ခေါ်ယူခြင်း ကျင့်စဉ်ရဲ့ အဆင့်အတန်းက မလုံလောက်သေးတဲ့အတွက်ကြောင့်... ကောင်းကင်၊ မြေပြင်၊ လျှို့ဝှက်ဆန်းကြယ်၊ အမှောင်ထု အကျဉ်းထောင်ကြီး လေးခုလိုမျိုးပဲ ပေါ်ထွက်မလာသေးတာ ဖြစ်ရမယ်။”

ဖန့်ချန်က ထိုအလွတ်အတိုင်း ဖြစ်နေသော ဝါးပြွန်သုံးခုကို တစ်ချက် ကြည့်လိုက်ပြီး၊ နောင်တစ်ချိန်တွင် ထိုအထဲ၌လည်း အမိန့်ချတံဆိပ်ပြားများ ပေါ်ထွက်လာလိမ့်မည် ဖြစ်ကြောင်းနှင့် ထိုအရာများက ဘယ်လိုမျိုး အာနိသင် ရှိမည်ကိုမူ မသိရှိသေးကြောင်း စိတ်ထဲတွင် အသေသေချာချာ တွက်ဆလိုက်သည်။

“လက်ရှိ ချုပ်နှောင်ခေါ်ယူခြင်း ကျင့်စဉ်ကို စမ်းသပ်ကြည့်ရင် ကောင်းမလား။ ချင်ဝူဆန့်ကို ချုပ်နှောင်ခေါ်ယူပြီး စကားစမြည် ပြောကြည့်ရအောင်လား။”

ဖန့်ချန်က အသံတိုးတိုးဖြင့် ရေရွတ်လိုက်သည်။

ချီယန်သူတော်စင်၏ မျက်နှာပေါ်တွင် အလွန်တရာ ဝမ်းသာအားရရိပ်များ ထွက်ပေါ်လာခဲ့ပြီး၊ ချင်ဝူဆန့်ကို ချုပ်နှောင်ခေါ်ယူမည် ဟုတ်လား။ ဒါက တကယ်ကို ကောင်းလှပေသည်။

ထိုသူသည် အစတုန်းက သူကိုယ်တိုင်ပင် မော့ကြည့်ခဲ့ရသော အထက်စီးမှ တည်ရှိမှုကြီး တစ်ခု မဟုတ်ပါလား။

ထိုအကြောင်းကို တွေးမိသည်နှင့်၊ ချီယန်သူတော်စင်က လက်ဝါးချင်းပွတ်ကာ မဆိုင်းမတွဘဲ လှုပ်ရှားချင်စိတ်များ ပြင်းထန်နေခဲ့တော့သည်။

“ဒါပေမဲ့လည်း... ရွှေဟွေးကျောင်းတော် က လက်ရှိအချိန်မှာ ကောင်းကင်ပိတ်ဆို့ခြင်း အစီအရင်ကြီးကို ဖွင့်လှစ်ထားတာဆိုတော့... ဒီအစီအရင်က ချုပ်နှောင်ခေါ်ယူခြင်း ကျင့်စဉ်အပေါ် သက်ရောက်မှု ရှိမရှိ ဆိုတာကို မသိရသေးဘူး။”

ခေတ္တမျှ စဉ်းစားတွေးတောလိုက်ပြီးနောက်၊ ဖန့်ချန်က လောလောဆယ်တွင် ချင်ဝူဆန့်နှင့် မတွေ့ဆုံသေးရန် ဆုံးဖြတ်လိုက်သည်။

သင့်တော်သော အခွင့်အရေးတစ်ခုကို ရှာဖွေပြီးမှ၊ အခြားလူများ၏ သံသယဝင်ခြင်းကို မခံရစေရန်နှင့် ဤတစ်ကြိမ် လှုပ်ရှားမှုကြောင့် သဲလွန်စအချို့ ချန်ထားခဲ့မိခြင်းမျိုး မဖြစ်စေရန်အတွက် ဂရုစိုက်ရလိမ့်မည် ဖြစ်သည်။

အတွင်းကမ္ဘာထဲမှ ထွက်ခွာလာပြီးနောက်၊ ဖန့်ချန်က ဆွေ့ဟုန်ကျူး၊ နျဲ့ချင့်တို့နှင့်အတူ အောက်ကျိုချုံနှင့် ကွမ်းကျင့်ရှို့တို့ကို သွားရောက် တွေ့ဆုံလိုက်ကြသည်။

ဖန့်ချန်က ရှီးလူမျိုးစုကျောင်းတော်ထဲတွင် ယင်သူတော်စင်များကို အကြီးအကျယ် ဖမ်းဆီးနှိမ်နင်းနေခဲ့စဉ်အတွင်း၊ ထိုသူနှစ်ယောက်သည်လည်း အားလပ်နေခဲ့ခြင်း မဟုတ်ပါချေ။

၎င်းတို့သည် ကျန်ရှိသော စစ်ဆေးရေးဌာန၏ ဌာနခွဲသူတော်စင် များကို ဦးဆောင်ကာ၊ ရွှေဟွေးကျောင်းတော်၏ ကျောင်းတော်အသီးသီးကို တစ်ခေါက်စီ စနစ်တကျ စုံစမ်းစစ်ဆေးခဲ့ကြသည်။

ယင်သူတော်စင် အနည်းငယ်မျှသာ ရှာဖွေတွေ့ရှိခဲ့ရသော်လည်း၊ ထိုအခွင့်အရေးကို အသုံးချကာ နှစ်ပေါင်းများစွာ ကြာမြင့်နေခဲ့ပြီဖြစ်သော အမှုဟောင်း အတော်များများကိုပါ တစ်ပါးတည်း ရှင်းလင်းပေးနိုင်ခဲ့ကြသည်။

ခုနစ်ပါးသတ်ဖြတ်ခြင်း သူတော်စင်မျက်လုံးကို သွားရောက်လေ့လာမည့် အချိန်ကာလကို သတ်မှတ်ပြီးသွားခဲ့ပြီးနောက်၊ ဖန့်ချန်က လူသားမျိုးနွယ်စုကျောင်းတော်ဆီသို့ တစ်ခေါက် ပြန်လာခဲ့သည်။

လူသားမျိုးနွယ်စုကျောင်း‌ဆောင်၊ ကျိုကျိတောင် မူလနေရာ။

ထိုနေရာသည် ယခင်အတိုင်း ထပ်တူကျစွာ ပြန်လည်ကောင်းမွန်လာခဲ့ပြီ ဖြစ်သည်။

သို့သော်လည်း လူသားမျိုးနွယ်စု သူတော်စင်များ အားလုံးကမူ... ကျိုကျိတောင်သည် ယခင်ကဲ့သို့ ဘယ်လိုမှ တူညီနိုင်တော့မည် မဟုတ်ကြောင်းကို ကောင်းစွာ သိရှိထားကြပေသည်။

မူလက အလွန်တရာ စည်ကားသိုက်မြိုက်လှသော ကျိုကျိတောင်သည်၊ ယခုအချိန်တွင်မူ အလွန်တရာ ခြောက်ကပ်ငြိမ်သက်နေခဲ့ပြီ ဖြစ်သည်။

ဖန့်ချန်က ဤနေရာတွင် ဝေကွမ်ရှောင်ကို တွေ့ဆုံလိုက်ရသည့်အခါ၊ ထိုကမ္ဘာကြီး သူတော်စင်ကြီး၏ မျက်နှာက ဖြူလျော်နေခဲ့ပြီး ခြေလှမ်းများကလည်း လွင့်မျောနေခဲ့ကာ... ရင်ရှီအဆိပ်၏ ဒဏ်ရာကြောင့် အခြေခံအုတ်မြစ်မှာ သိသိသာသာကိုပင် ပြင်းထန်စွာ ထိခိုက်ပျက်စီးသွားခဲ့ရပုံရပေတော့သည်။

အခန်း (၂၅၉၈) - ချုပ်နှောင်ရေးဌာန ၏ ထောင်မှူးအရာရှိနှင့် သျှီးလုံ ကောင်းကင်အရှင်သခင်ကြီး

“မင်း ရောက်လာပြီလား... ရှီးလူမျိုးစုဘက်က ကိစ္စရပ်တွေကို ဘယ်လိုမျိုး ကိုင်တွယ်ဖြေရှင်းခဲ့လဲ။”

ဝေကွမ်ရှောင်သည် ဖန့်ချန်ကို မြင်လိုက်ရသည့်အခါ၊ သက်ပြင်းတစ်ချက် အသာအယာချကာ ပေါ့ပေါ့ပါးပါးပင် မေးမြန်းလိုက်သည်။

“ကိုင်တွယ်လို့ ပြီးသလောက် ရှိပါပြီ၊ ဒီတစ်ကြိမ် ရှီးလူမျိုးစုကျောင်းဆောင်ထဲကနေ ယင်သူတော်စင် အများကြီးကို ဖမ်းဆီးနိုင်ခဲ့တယ်၊ စစ်ဆေးရေးဌာနဘက်ကလည်း ဒီအမှုအတွက် သီးခြားလွတ်လပ်တဲ့ အမှုတွဲတစ်ခု ဖွင့်လှစ်လိုက်ပြီ၊ အဲဒီအမှုကို 'ရှီးလူမျိုးစု ယင်သူတော်စင် တစ်ရာအမှု' လို့ ခေါ်ပါတယ်။”

“ဒီအမှုကို ကျိုကျိတောင်ရဲ့ ရင်ရှီအဆိပ်မှုနဲ့ ပူးတွဲပြီးတော့ အမြစ်ပြတ် စုံစမ်းစစ်ဆေးသွားမှာ ဖြစ်တယ်။”

“ကျုပ်လုပ်ဆောင်ပေးနိုင်တာကတော့ ဒီလောက်ပါပဲ၊ နောက်ထပ် ကိစ္စရပ်တွေကတော့ စစ်ဆေးရေးဌာနရဲ့ ထောင်မှူးအရာရှိတွေရဲ့ အလုပ် ဖြစ်သွားပြီ။”

ဖန့်ချန်က စကားကို ဆိုရင်းဖြင့် ပတ်ဝန်းကျင်ကို တစ်ချက် လှမ်း၍ ကြည့်လိုက်သည်။

သူ၏ အကြည့်က ထပ်ဆင့်ဟင်းလင်းပြင် အလွှာလွှာကို ဖြတ်ကျော်ကာ၊ ကျိုကျိတောင်၏ ကိစ္စရပ်အားလုံးကို မျက်ဝါးထင်ထင် မြင်တွေ့နိုင်စွမ်း ရှိနေပုံရပေသည်။

“မင်းလည်း မြင်တွေ့နေရတာပဲ မဟုတ်လား... ကျိုကျိတောင်ကတော့ ပျက်စီးသွားခဲ့ပြီလို့ ပြောရမယ်။”

ဝေကွမ်ရှောင်၏ မျက်နှာပေါ်တွင် ခါးသီးသော အပြုံးတစ်ခု ထွက်ပေါ်လာခဲ့သည်။

“ငါ့ရဲ့ အစ်ကိုကြီး ထွက်ခွာမသွားခင်တုန်းက... ကျိုကျိတောင်ကို စီမံခန့်ခွဲဖို့အတွက် ငါ့ကို အာဏာအပြည့်အဝ လွှဲအပ်ခဲ့တာ၊ ရလဒ်အနေနဲ့ ကျိုကျိတောင်က ယခုလိုမျိုး အခြေအနေအထိ ဖြစ်သွားခဲ့ရတယ်၊ လူသားမျိုးနွယ်စုကျောင်းဆောင်ရဲ့ ဒီလောက်များပြားလှတဲ့ စွမ်းအင်စုစည်းခြင်းအဆင့် ကျောင်းသားတွေ... ဒီလိုမျိုးနဲ့ပဲ မရှိတော့ဘူး...”

“မင်းကော မတွေးမိဘူးလား... ဒီကိစ္စက ဟော်ဆွေ့မျိုးနွယ်စုနဲ့ ဆက်စပ်မှု ရှိနေနိုင်တယ် ဆိုတာကိုလေ။”

ဖန့်ချန်က ပေါ့ပေါ့ပါးပါးပင် ဆိုလိုက်သည်။

ဝေကွမ်ရှောင်က ခေတ္တမျှ မှင်တက်သွားခဲ့ရပြီး၊ သူ၏ မျက်နှာပေါ်တွင် ချက်ချင်းပင် ဒေါသရိပ်များ ထွက်ပေါ်လာခဲ့ကာ မျက်ဝန်းများက စူးရှတောက်ပသွားခဲ့သည်။

“စစ်ဆေးရေးဌာနက... ဒီကိစ္စက ဟော်ဆွေ့မျိုးနွယ်စုနဲ့ ဆက်စပ်မှု ရှိနေတယ်လို့ ယူဆနေတာလား။ ဟော်ဆွေ့မျိုးနွယ်စုက လူသားမျိုးနွယ်စုအပေါ် ဘယ်လိုလုပ်ပြီး လက်ရဲဇာရဲ လုပ်ဝံ့ပါ့မလဲ၊ ဒါ့အပြင် ကျိုကျိတောင်ကလည်း... ဟော်ဆွေ့မျိုးနွယ်စုနဲ့ အလွန်တရာ ရင်းနှီးကျွမ်းဝင်မှု ရှိထားတဲ့ နေရာတစ်ခုပဲ၊ ငါ့ရဲ့ ဆရာဖြစ်တဲ့ ချင်ဂွေ့ ဆိုရင်လည်း... ဟော်ဆွေ့မျိုးနွယ်စုရဲ့ မျိုးနွယ်ခွဲကနေ ဆင်းသက်လာတာလေ။”

“ဝေဆရာအနေနဲ့ ဒေါသထွက်စရာ မလိုပါဘူး၊ ဒါက စစ်ဆေးရေးဌာနက ပြောတာ မဟုတ်ပါဘူး၊ စစ်ဆေးရေးဌာနက အမှုစစ်တဲ့အခါမှာ သက်သေအထောက်အထားကိုပဲ အဓိကထားပြီး စကားပြောတာပါ။”

“အစတုန်းက ဖမ်းဆီးခြင်းခံခဲ့ရတဲ့ ယန်ယွမ်... ပြီးတော့ ဒီအထွတ်အထိပ်တာအိုအဆင့် ယင်သူတော်စင်၊ တကယ်လို့ သူတို့ဆီကနေ သဲလွန်စတစ်ခုခု ရှာဖွေတွေ့ရှိနိုင်ခဲ့ရင်... ဘယ်သူက လုပ်ဆောင်ခဲ့တာလဲ၊ အဲဒီသူက ထိုက်တန်တဲ့ တန်ဖိုးကို ပြန်လည်ပေးဆပ်ရလိမ့်မယ်။”

ဖန့်ချန်က ပြုံး၍ ဆိုလိုက်သည်။

“မင်းနောင်ကျရင် ဒီလိုမျိုး စကားတွေကို လျှောက်မပြောနဲ့တော့၊ ဘာပဲပြောပြော... မင်းကလည်း လူသားမျိုးနွယ်စုကနေ ဆင်းသက်လာတာပဲ မဟုတ်လား။”

ဝေကွမ်ရှောင်၏ အမူအရာက အနည်းငယ် ပြေလျော့သွားခဲ့ရပြီး၊ သူ၏ ရှေ့မှ ဖန့်ချန်သည် စစ်ဆေးရေးဌာန၏ ဌာနသူတော်စင် ရာထူးကို အသုံးချကာ ဟော်ဆွေ့မျိုးနွယ်စုအပေါ် ရွှံ့ညွှန်နှစ်ဖြင့် ပက်ဖျန်းနေခြင်းမျိုး မဟုတ်သရွေ့၊ ကျန်ရှိသော ကိစ္စရပ်အားလုံးကို ဆွေးနွေးရသည်က အဆင်ပြေလှပေသည်။

“ဝေဆရာက အစတုန်းက ငါ့ကို ဒိန်းရွှမ်အသီးအချို့ ပေးအပ်ခဲ့ဖူးတယ်၊ ငါ့ရဲ့ လက်ထဲမှာလည်း မတော်တဆ ပိုလျှံနေတဲ့ စင်ကြယ်သော ဗောဓိသီးအချို့ ရှိနေလို့ပါ။”

ဖန့်ချန်က စင်ကြယ်သော ဗောဓိသီး ဆယ်လုံးကို ထုတ်ယူလိုက်ပြီး ဝေကွမ်ရှောင်ထံသို့ ကမ်းပေးလိုက်သည်။

“ဒီအရာကို ဘယ်လိုမျိုး အသုံးချမလဲ ဆိုတာကတော့... ဝေဆရာပဲ ဆုံးဖြတ်ပါ။”

ထို့နောက်တွင် သူက လက်အုပ်ချီ၍ နှုတ်ဆက်လိုက်ပြီး၊ လှည့်ထွက်ကာ ပျောက်ကွယ်သွားခဲ့တော့သည်။

ဝေကွမ်ရှောင်သည် လက်ထဲမှ စင်ကြယ်သော ဗောဓိသီးများကို ကြည့်ရင်းဖြင့် မှင်တက်ကာ ကျန်ရစ်ခဲ့ရသည်။

သူ သတိပြန်ဝင်လာသည့်အချိန်တွင်မူ၊ ဖန့်ချန်၏ ပုံရိပ်က လုံးဝ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။

“ဒိန်းရွှမ်အသီးအနည်းငယ်နဲ့... စင်ကြယ်သော ဗောဓိသီး ဆယ်လုံးအထိ လဲလှယ်လိုက်တာလား...”

ဝေကွမ်ရှောင်က ရေရွတ်လိုက်သည်။

စက္ကန့်အနည်းငယ် ကြာပြီးနောက်တွင်၊ သူက ရုတ်တရက် ရွှေရှင်းကို လှမ်း၍ ခေါ်လိုက်သည်။

ရွှေရှင်းသည် အသက်စွမ်းအင်တစ်ခု ဆုံးရှုံးခဲ့ရသည့်အပြင်၊ အတွင်းကမ္ဘာမြေတစ်ခုလည်း ပျက်စီးဆုံးရှုံးခဲ့ရသည်။

ယခုအချိန်တွင် သူက ကမ္ဘာတည်ဆောက်ခြင်းအဆင့် သူတော်စင်တစ်ဦး ဖြစ်နေသော်လည်း၊ လက်တွေ့တွင်မူ ဝေကွမ်ရှောင်ကဲ့သို့ပင်... အမည်ခံအဆင့်သာ ရှိတော့ချေ။

“ဆရာ... ဘာများ အမိန့်ရှိပါသလဲ။”

ရွှေရှင်းက အနီးသို့ ရောက်ရှိလာပြီး ရိုသေလေးစားစွာ အလေးပြုလိုက်သည်။

“ဒီစင်ကြယ်သော ဗောဓိသီး ဆယ်လုံးက... ဖန့်ချန်ဘက်ကနေ ပေးပို့လာတာပဲ။”

ဝေကွမ်ရှောင်က စင်ကြယ်သော ဗောဓိသီးများကို ရွှေရှင်းထံသို့ လွှဲပြောင်းပေးလိုက်သည်။

“မင်းအနေနဲ့ အတွင်းကမ္ဘာမြေကို ပြန်လည်စုစည်းရဦးမယ်၊ ဒီအရာက မင်းရဲ့ အတွင်းကမ္ဘာမြေကို ယခင်အတိုင်း ပြန်လည်ကောင်းမွန်အောင် မလုပ်ဆောင်ပေးနိုင်ရင်တောင်မှ... အခြေခံအုတ်မြစ်အချို့ကိုတော့ ကာကွယ်ပေးနိုင်လိမ့်မယ်၊ ကမ္ဘာကြီး သူတော်စင်အဆင့်ကို ချိုးဖျက်ဝင်ရောက်ဖို့အတွက် ပြဿနာမရှိနိုင်တော့ဘူး၊ မင်းဒါကို စားသုံးလိုက်ပါ။”

“ဒါက...”

ရွှေရှင်း၏ မျက်ဝန်းထဲတွင် တုန်လှုပ်ခြောက်ခြားရိပ်များ ဖြတ်ပြေးသွားခဲ့သည်။

ဖန့်ချန် ပေးပို့လာတဲ့ စင်ကြယ်သော ဗောဓိသီးတွေ ဟုတ်လား။

အလုံးပေါင်း ဆယ်လုံးတိတိတောင်မှလား။

“ဆရာ...”

ရွှေရှင်း၏ အမူအရာက အနည်းငယ် ဝေခွဲမရ ဖြစ်နေခဲ့သော်လည်း၊ ဝေကွမ်ရှောင်ကမူ လှည့်ထွက်သွားခဲ့ပြီ ဖြစ်သည်။

“ဒီကိစ္စ ပြီးဆုံးသွားရင်... ငါကျိုကျိတောင်ရဲ့ ဆရာရာထူးကနေ နုတ်ထွက်တော့မယ်။”

“မင်းကမ္ဘာကြီး သူတော်စင်အဆင့်ကို ရောက်ရှိသွားလို့၊ တကယ်လို့ ကျိုကျိတောင်ကို ဆက်ပြီးတော့ ထိန်းသိမ်းထားချင်တယ် ဆိုရင်တော့... မင်းကို ကျိုကျိတောင်ရဲ့ ဆရာအဖြစ် တာဝန်ယူဖို့ ငါထောက်ခံပေးမယ်။”

မျက်စိတစ်မှိတ်အတွင်းမှာတင်၊ ဝေကွမ်ရှောင်၏ ပုံရိပ်က ပျောက်ကွယ်သွားခဲ့ရသည်။

ရွှေရှင်းသည် မျက်စိရှေ့မှ စင်ကြယ်သော ဗောဓိသီးများကို ကြည့်ရင်းဖြင့်... တိတ်ဆိတ်စွာ ကျန်ရစ်ခဲ့ရတော့သည်။

……

……

ဟင်းလင်းပြင်အနန္တထဲတွင်၊ အောက်ကျိုချုံ၏ အတွင်းကမ္ဘာမြေက အလွန်တရာ လျင်မြန်သော နှုန်းဖြင့် ပျံသန်းမောင်းနှင်နေခဲ့သည်။

ကရုဏာတောင် မှ ကျန်း‌တောက်ယွဲ့ အပါအဝင်၊ လီချန်စန်း၊ လီဝူဝမ့်၊ ရှိန်းကျင်းထော် တို့အထိ အားလုံးက ဤနေရာတွင် စုဝေးနေခဲ့ကြသည်။

ထိုမျှသာမကဘဲ၊ ဂျူလင်မျိုးနွယ်စုမှ အောက်ရုလိုင်၊ မီးပိုးကောင်လူမျိုးစုမှ ချုံဝူကျီး၊ ဟုန်ဟိုင်မျိုးနွယ်စုမှ ဟိုင်တာရှင်း၊ လူမျိုးနွယ်စုမှ ချိုင်စစ်ရှို့ အစရှိသော ရွှေဟွေးကျောင်းတော်၏ ကျောင်းသားများကိုလည်း မြင်တွေ့ရသည်။

ထိုကျောင်းသားများ၏ မျက်နှာထက်တွင် အလွန်တရာ စိတ်လှုပ်ရှားမှုနှင့် မျှော်လင့်ချက်ရိပ်များ ပြည့်နှက်နေခဲ့ကြသည်။

ဤတစ်ကြိမ်တွင် ဒဏ္ဍာရီလာ ခုနစ်ပါးသတ်ဖြတ်ခြင်း သူတော်စင်မျက်လုံးကို သွားရောက်လေ့လာခွင့် ရရှိမည့်အပြင်၊ စစ်ဆေးရေးဌာန၏ စီစန့်များစွာနှင့်လည်း အတူတကွ ခရီးသွားခွင့် ရရှိမည် ဖြစ်သည်။

ဒါက သဘာဝအတိုင်းပင် အလွန်တရာ ကောင်းမွန်လှသော အခွင့်အရေးတစ်ခု မဟုတ်ပါလား။

ဖန့်ချန် ရှိနေခြင်းကြောင့်ပင်၊ ထိုသူတော်စင်များသည် မည်သည့်နောက်ခံမှ ဆင်းသက်လာသည်ဖြစ်စေ၊ ကျင့်စဉ်အဆင့်အတန်း မည်မျှပင် ရှိပါစေ... အားလုံးက အလွန်တရာ သဟဇာတဖြစ်စွာ ဆက်ဆံနေခဲ့ကြသည်။

အောက်ကျိုချုံက အတွင်းကမ္ဘာမြေ၏ တံခါးဝတွင် လက်နှစ်ဖက်ကို နောက်ပစ်လျက် ရပ်တန့်နေရင်းဖြင့်၊ တစ်ဖက်တွင် အပြင်ဘက်မှ လှုပ်ရှားမှုများကို စောင့်ကြည့်နေကာ... တစ်ဖက်တွင်လည်း နောက်ကွယ်မှ ပျော်ရွှင်ရယ်မောသံများဖြင့် စည်ကားနေသော မြင်ကွင်းကို အကဲခတ်နေခဲ့ပြီး၊ နှုတ်ခမ်းထောင့်က အနည်းငယ် ကွေးညွတ်သွားခဲ့ရသည်။

ထိုကဲ့သို့သော မြင်ကွင်းမျိုးသည်... သူ၏ အတွင်းကမ္ဘာမြေထဲတွင် ပထမဦးဆုံးအကြိမ် ပေါ်ထွက်လာခြင်း ဖြစ်သည်။

ထိုအချိန်တွင်၊ အသံတစ်ခုက လွင့်ပျံလာခဲ့ကာ -

“ဖန့်အစ်ကိုကြီး... ဒီနေရာက အထွတ်အထိပ်တာအိုအဆင့် သူတော်စင်ကြီးရဲ့ အတွင်းကမ္ဘာမြေ ဖြစ်တယ်ဆိုတော့၊ ငါတို့တွေအနေနဲ့ ဒီစီနီယာကြီးရဲ့ အထွတ်အထိပ်တာအို စွမ်းအားကို သွားရောက် လေ့လာဆန်းစစ်လို့ ရမလားဟင်။”

အောက်ကျိုချုံက မျက်မှောင်ကြုတ်လိုက်ပြီး၊ ထိုကောင်လေးကို လှမ်း၍ တစ်ချက် ကြည့်လိုက်သည်။

ကရုဏာတောင်မှ ချန်ဖေးဖေး ဖြစ်ပေသည်။

“ခုခေတ် လူငယ်တွေက... သတ္တိ တော်တော်ကောင်းတာပဲ။”

သူက နှုတ်ခမ်းကို တစ်ချက် မဲ့လိုက်ပြီး၊ ဖန့်ချန်အနေဖြင့် ကိုယ်ပိုင် ဆုံးဖြတ်ချက် ရှိလိမ့်မည်ဟု ယုံကြည်လိုက်သည်။

“ရတာပေါ့... ဒီအခွင့်အရေးကလည်း အလွန်တရာ ရှားပါးလှတာပဲ၊ ငါတို့အားလုံး အတူတူ သွားပြီးတော့ လေ့လာဆန်းစစ်ကြတာပေါ့၊ ဘာပဲပြောပြော ခုနစ်ပါးသတ်ဖြတ်ခြင်း သူတော်စင်မျက်လုံးဆီကို ရောက်ဖို့အတွက်က... အချိန်အတိုင်းအတာတစ်ခုအထိ လိုဦးမှာပဲ။”

ဖန့်ချန်၏ အသံက ထွက်ပေါ်လာခဲ့ပြီးနောက်၊ သူက လူအုပ်ကြီးကို ဦးဆောင်ကာ အတွင်းကမ္ဘာမြေ၏ အနက်ရှိုင်းဆုံးနေရာဆီသို့ ပျံသန်းသွားခဲ့တော့သည်။

ဆွေ့ဟုန်ကျူး၏ ပုံရိပ်ကလည်း... ထိုအထဲတွင် ရေးရေးမျှ ပါဝင်နေခဲ့သည်။

နျဲ့ချင့် အစရှိသော ဌာနသူတော်စင်များသည် ထိုမြင်ကွင်းကို မြင်လိုက်ရသည့်အခါ၊ သူတို့အား ကျောခိုင်းထားသော အောက်ကျိုချုံကို မသိမသာ တစ်ချက် ကြည့်လိုက်ကြပြီးနောက်... အသံတိတ်ပင် နောက်ကွယ်မှ လိုက်ပါသွားခဲ့ကြတော့သည်။

“လျှောက်လုပ်နေကြတာပဲ။”

အောက်ကျိုချုံက အချိန်အတော်ကြာ တိတ်ဆိတ်နေခဲ့ပြီးမှ၊ မနေနိုင်ဘဲ ခပ်တိုးတိုး ဆဲရေးလိုက်သည်။

သို့သော်လည်း သူက စီနီယာတစ်ဦး ဖြစ်နေခဲ့ရာ၊ ယခုကဲ့သို့ အချိန်မျိုးတွင် ထွက်ပေါ်၍ တားဆီးပိတ်ပင်လိုက်ပါက... သူ၏ သဘောထားကြီးမှုကို ထိခိုက်စေမည် မဟုတ်ပါလား။

“ထားလိုက်ပါတော့။”

သူက စိတ်ကို တည်ငြိမ်အောင် ထိန်းချုပ်လိုက်ပြီး၊ ခရီးကို ဆက်လက် နှင်လိုက်သည်။

ရင်ရှီအဆိပ်၏ ကိစ္စရပ်ကြောင့်၊ သူသည် ယခုတစ်ကြိမ်တွင် လုံးဝ ပေါ့ဆ၍ မဖြစ်ချေ။

ကံကောင်းထောက်မစွာဖြင့် ထိုဖြစ်စဉ်အတွင်း၌ မည်သည့်အန္တရာယ်မျှ မရှိခဲ့ဘဲ၊ နှစ်အနည်းငယ် ကြာမြင့်ပြီးနောက်တွင်... စစ်ဆေးရေးဌာန၏ သုံးခုမြောက် ဌာနခွဲထောင်မှူးအရာရှိ ပေးအပ်ခဲ့သော လမ်းညွှန်မြေပုံအရ -

အောက်ကျိုချုံသည် နောက်ဆုံးတွင် ခုနစ်ပါးသတ်ဖြတ်ခြင်း သူတော်စင်မျက်လုံး နတ်ဘုရားကျင့်စဉ်ကို သယ်ဆောင်ထားသော အတွင်းကမ္ဘာတားမြစ်နယ်မြေ၏ ရှေ့မှောက်သို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။

ထိုနေရာအား... စစ်ဆေးရေးဌာန၏ သူတော်စင်များစွာက တင်းကျပ်စွာ စောင့်ကြပ်ကြည့်ရှုနေခဲ့ကြပြီ ဖြစ်သည်။

ယခင်က ရွှေဟွေးကျောင်းတော်သို့ လာရောက်ခဲ့ဖူးသော ချုပ်နှောင်ရေးဌာန၏ ထောင်မှူးအရာရှိဖြစ်သူ ထိုအဖိုးအိုကြီးသည်လည်း... ဤနေရာတွင် ရှိနေခဲ့သည်။

ဖန့်ချန် အပါအဝင် သူတော်စင်များ အားလုံးက အတွင်းကမ္ဘာမြေ၏ တံခါးဝတွင် ရပ်တန့်နေကြရင်းဖြင့်၊ အပြင်ဘက်မှ မြင်ကွင်းကို လှမ်း၍ ကြည့်ရှုလိုက်ကြသည်။

အပြင်ဘက်တွင် စစ်ဆေးရေးဌာန၏ သူတော်စင်များစွာ ရှိနေသည်ကို မြင်တွေ့လိုက်ရသည့်အခါ၊ ကျောင်းသားအတော်များများက လုံခြုံမှုအတိ ခံစားလိုက်ရတော့သည်။

“ဒီနေရာက စတုတ္ထမြောက် ဟင်းလင်းပြင်အလွှာ ဖြစ်တယ်၊ စီနီယာ အောက်ကျိုချုံရဲ့ ပုံစံကို ကြည့်ရတာ... အတင်းအကျပ် တောင့်ခံထားရပုံပဲ၊ တကယ်လို့ သာမန်သူတော်စင်တစ်ဦး ဆိုရင်တော့... ဒီနေရာအထိ လုံးဝ ရောက်ရှိလာနိုင်မှာ မဟုတ်ဘူး။”

ဖန့်ချန်က စိတ်ထဲတွင် အသေသေချာချာ တွက်ဆလိုက်သည်။

သူသည် ဟင်းလင်းပြင်၏ အာရုံခံစားမှုအပေါ် အလွန်တရာ ထက်မြက်လှပေရာ၊ မကြာသေးမီက အောက်ကျိုချုံသည် စတုတ္ထမြောက် ဟင်းလင်းပြင်အလွှာထဲသို့ တိုးဝင်လာခဲ့စဉ်ကတည်းက... သူက ခံစားမိနေခဲ့ခြင်း ဖြစ်သည်။

ထိုအချိန်တွင်၊ ထိုအဖိုးအိုကြီးက တံခါးဝ၏ အပြင်ဘက်သို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။

အောက်ကျိုချုံက ထိုမြင်ကွင်းကို မြင်လိုက်ရသည့်အခါ၊ မဆိုင်းမတွဘဲ လက်အုပ်ချီ၍ အလေးပြုလိုက်သည်။

“စစ်ဆေးရေးဌာန တောင်ပိုင်းဌာနခွဲက အောက်ကျိုချုံ... ထောင်မှူးအရာရှိကြီးကို ဂါရဝပြုပါတယ်။”

အဖိုးအိုကြီးက မျက်လုံးကို အသာအယာ မှေးလိုက်ပြီး အောက်ကျိုချုံကို တစ်ချက် ကြည့်လိုက်ကာ... ခေါင်းကို အသာအယာ ညိတ်ပြလိုက်ပြီးနောက်၊ အောက်ကျိုချုံ၏ နောက်ကွယ်မှ ဖန့်ချန် အစရှိသော သူတော်စင်များကို ကြည့်ရှုလိုက်ကာ ဆိုလိုက်သည်။

“ဒီကလေးငယ်တွေ အားလုံးက... ခုနစ်ပါးသတ်ဖြတ်ခြင်း တားမြစ်နယ်မြေထဲကို ဝင်ရောက်ပြီး၊ ခုနစ်ပါးသတ်ဖြတ်ခြင်း သူတော်စင်မျက်လုံးကို လေ့လာဆန်းစစ်ကြမယ့်သူတွေလား။”

“မှန်ပါတယ်... သူတို့အားလုံးက ဖန့်ချန် နာမည်စာရင်း တင်သွင်းထားတဲ့သူတွေ ဖြစ်ပါတယ်၊ သုံးခုမြောက် ဌာနခွဲထောင်မှူးအရာရှိရဲ့ ညွှန်ကြားချက်အရ... ဒါက စည်းမျဉ်းကို ချိုးဖောက်တာမျိုး မဟုတ်ပါဘူး။”

အောက်ကျိုချုံက ပြုံး၍ ခေါင်းညိတ်ပြလိုက်ကာ -

“ကျွန်တော် နဲ့ အဖိုးကြီးကွမ်းလည်း အထဲကို ဝင်ရမှာပါ၊ အဖိုးကြီးကွမ်းလည်း မကြာခင် ရောက်လာပါလိမ့်မယ်။”

သူ့စကားအဆုံးတွင်ပင်၊ ကွမ်းကျင့်ရှို့၏ အတွင်းကမ္ဘာမြေကလည်း ရုတ်တရက် ထွက်ပေါ်လာခဲ့ပြီး၊ ထိုအဖိုးအိုကြီး ရှိနေသည်ကို မြင်လိုက်ရသည့်အခါ မဆိုင်းမတွဘဲ လက်အုပ်ချီ၍ ဂါရဝပြုလိုက်တော့သည်။

“မင်းတို့တွေကလည်း... တကယ့်ကို မျက်နှာအထူကြီးတွေပဲ။”

အဖိုးအိုကြီးက ပြုံးလိုက်သည်။

“ငါတို့ ချုပ်နှောင်ရေးဌာနရဲ့ သျှီးလုံ ကောင်းကင်အရှင်သခင်ကြီးက... ဖန့်ချန် နာမည်စာရင်း တင်သွင်းထားတဲ့သူတွေ အားလုံးကို ဝင်ခွင့်ပြုလိုက်ဖို့ အမိန့်ရှိထားတယ်၊ မြန်မြန်ပဲ အချိန်ကို အမိအရ သုံးပြီး အထဲကို ဝင်ကြတော့။”

သျှီးလုံ ကောင်းကင်အရှင်သခင်ကြီး ဟုတ်လား။

သူက ချုပ်နှောင်ရေးဌာနရဲ့ ထောင်မှူးအရာရှိကြီးလား။

ဖန့်ချန်၏ မျက်ဝန်းထဲတွင် အံ့ဩတုန်လှုပ်ရိပ်တစ်ခု ဖြတ်ပြေးသွားခဲ့ရသည်။

ကရုဏာတောင်က အစတုန်းက ထိုပုဂ္ဂိုလ်ကြီးအား လှုပ်ရှားပေးရန်အတွက် ဖိတ်ခေါ်ခဲ့ဖူးကြောင်းကို... သူက ကောင်းစွာ မှတ်မိနေခဲ့သည် မဟုတ်ပါလား၊ ထိုချင်ဖိုကျား၏ စေခိုင်းခြင်းကို ခံရသော ဟင်းလင်းပြင် ကွပ်မျက်သူမှအပ.....

All Chapters