အခန်း (၁၁၇-၁၁၈)
Vol. 10 Ch. 117-118
အခန်း ၁၁၇
ဂူချန် ပြောလေလေ မန်းဒယ်လျန်၏ မျက်နှာမှာ ပို၍ အေးစက်လာလေလေဖြစ်သည်။
ဂူချန်က "ကျွန်တော့်လက်ထဲမှာ ဒီ IP လိပ်စာတွေကို အတည်ပြုနိုင်တဲ့ အထောက်အထားတွေ ရှိတယ်။ နောက်ပြီး ဒီလူ ၈ ယောက်ရဲ့ အလုပ်ခန့်ထားတဲ့ အချက်အလက်တွေကလည်း မန်းဒယ်လျန်ဆီကပဲ လာတာပါ။ ဆိုလိုတာက လန်ရှောင်ချူးကို အွန်လိုင်းကနေတစ်ဆင့် အနိုင်ကျင့်ဖို့ လူငှားခဲ့တာက မန်းဒယ်လျန်ပဲ" ဟု ပြောလိုက်သည်။
"အွန်လိုင်းမှာ ပျံ့နှံ့ခဲ့တဲ့ စော်ကားမှုတွေ၊ ကောလာဟလတွေ၊ ပုဂ္ဂိုလ်ရေးအရ တိုက်ခိုက်မှုတွေက အဆုံးမရှိအောင်ကို ပေါများနေတာပါ။ ဒီမှတ်ချက်တွေက လန်ရှောင်ချူးကို ကိုယ့်ကိုကိုယ် သတ်သေအောင် တမင်လမ်းပြနေသလိုပါပဲ"
"လန်ရှောင်ချူးဟာ အရွယ်ရောက်ပြီးသူ တစ်ယောက်ပါ။ သူမမှာ ပိုကောင်းတဲ့ ဘဝတစ်ခု ရှိသင့်ပါတယ်။ သူမက ကိုယ့်အခွင့်အရေးကိုယ် ကာကွယ်ရုံသက်သက်ပါ။ ခင်ဗျားက သူမကြောင့် ကိုယ်ထိခိုက်မှာ စိုးရိမ်ပြီး သူမကို အွန်လိုင်းကနေ အနိုင်ကျင့်ဖို့၊ ဖောက်ပြန်တယ်ဆိုတဲ့ ကောလာဟလတွေ ဖြန့်ဖို့၊ သူမရဲ့ တရားဝင် တောင်းဆိုမှုကို ငွေမက်လို့ လုပ်တာလို့ ပုံဖျက်ဖို့ လူငှားခဲ့တာပါ။ နောက်ဆုံးတော့ ခင်ဗျားရဲ့ လုပ်ရပ်တွေက လန်ရှောင်ချူးကို သေကြောင်းကြံစည်တဲ့ လမ်းကြောင်းပေါ်ကို တွန်းပို့လိုက်တာပဲ။ ဒီအရာအားလုံးက မန်းဒယ်လျန်ကြောင့်ပဲ။ အထောက်အထားတွေ အကုန်အသင့်ရှိတယ်၊ ခင်ဗျား ဘာပြောချင်သေးလဲ"
ထိုအခိုက် မန်းဒယ်လျန်မှာ တိတ်ဆိတ်သွားသည်။
သူ၏ လက်နှင့် ခြေထောက်တို့မှာ ရေခဲတမျှ အေးစက်နေသည်။
အရာအားလုံး ပြီးဆုံးသွားပြီ။
သူသည် နောက် ၆ လနေလျှင် ရာထူးတိုးတော့မည်ပင်။
နောက် ၂ နှစ်၊ ၃ နှစ်ဆိုလျှင် သက်သောင့်သက်သာဖြင့် အငြိမ်းစားယူနိုင်တော့မည်ပင်။
ထိုအချိန်မျိုးတွင် ပြဿနာမဖြစ်စေလို၍ လန်ရှောင်ချူးကို အွန်လိုင်းမှ အနိုင်ကျင့်ရန် လူငှားခဲ့ခြင်းပင်။
သူသည် လန်ရှောင်ချူး သေသွားလျှင် ပြဿနာများ အဆုံးသတ်သွားမည်ဟု တွေးခဲ့သည်။
သူကိုယ်တိုင်လည်း သူ့ခြေရာကို ဖျောက်ထားနိုင်သည်ဟု ယုံကြည်ခဲ့သည်။
အွန်လိုင်းတွင် လန်ရှောင်ချူးကို အနိုင်ကျင့်သူ ၁၀၀ ကျော် ရှိနေသည်မို့ သူ့ကို ဘယ်သူမှ မသိနိုင်ဘူးဟု ထင်ခဲ့သည်။
သို့သော် ဂူချန်က အားလုံးကို ဖော်ထုတ်နိုင်ခဲ့သည်။
အဓိက အနိုင်ကျင့်သူ ၈ ယောက်ကို တရားရုံးသို့ ပို့ဆောင်နိုင်ခဲ့သည်။
အခြား အနည်းအကျဉ်းသာ အနိုင်ကျင့်ခဲ့သည့် လူရာနှင့်ချီသော အင်တာနက်အသုံးပြုသူများထံသို့လည်း ဂူချန်က ရှေ့နေစာများ ပေးပို့ခဲ့သည်။
ထိုသူများ အားလုံး အင်တာနက်ပေါ်တွင် လူသိရှင်ကြား တောင်းပန်ခဲ့ရသည်။
တောင်းပန်စာ မတင်သည့်သူများကိုလည်း ဂူချန်က တရားစွဲရန် အသင့်ရှိနေသည်။
ဤသည်ကို ကြည့်ပြီး အွန်လိုင်းကြည့်ရှုသူများမှာ ဒေါသထွက်ကာ ပေါက်ကွဲနေကြသည်။
[သောက်ကျိုးနည်း ဒီမန်းဒယ်လျန်ဆိုတဲ့ ခွေးက လူကို မကယ်တင်တဲ့အပြင် အွန်လိုင်းကနေပါ အနိုင်ကျင့်ရအောင် လုပ်နေသေးတယ်ပေါ့လေ]
[သူကိုယ်တိုင် အွန်လိုင်းမှာ အနိုင်ကျင့်ဖို့ ကြောက်လို့ လန်ရှောင်ချူးကို အနိုင်ကျင့်ပြီး သတ်သေအောင် လမ်းကြောင်းပြဖို့ အင်တာနက် လူမိုက်တွေကို ငှားရမ်းခဲ့တာလား]
[လန်ရှောင်ချူး သတ်သေတာ မန်းဒယ်လျန်ကြောင့်ပဲ]
[ဒီအသုံးမကျတဲ့ မန်းဒယ်လျန်ရဲ့ တမင်သက်သက် လမ်းပြမှုသာ မဟုတ်ရင် လန်ရှောင်ချူး သတ်သေမှာ မဟုတ်ဘူး]
[သူ့ကို ပြင်းပြင်းထန်ထန် အပြစ်ပေးရမယ်]
[အရင်က မန်းဒယ်လျန်က ဘာမှ မလုပ်သလိုလိုနဲ့ ဖြူစင်တဲ့သူလို ဟန်ဆောင်နေတာ။ အခုတော့ အကုန် ပေါ်သွားပြီ။ ဂူချန် ခင်ဗျား တကယ်ကို ထိပ်တန်းပဲ။ မန်းဒယ်လျန်ကို ပြင်းပြင်းထန်ထန် အပြစ်ပေးပါ]
[မန်းဒယ်လျန်က တကယ်ကို ရွံစရာကောင်းတယ်။ သူ့ရဲ့ လင်းယုန်စီမံချက်ဆိုတာ လူတွေကို ဖိအားပေးပြီး သေအောင် လုပ်နေတာပဲ။ သူကတော့ သက်သောင့်သက်သာ နေပြီး ကျောင်းသားတွေကတော့ ဖိအားအောက်မှာပဲ]
[တန်ရှင်းရန် ဖြစ်ပြီးနောက်မှာ နောက်ထပ် ဘယ်နှစ်ယောက် ထပ်ခုန်ချဦးမလဲဆိုတာ ဘယ်သူသိမှာလဲ။ သူ့ကို ပြင်းပြင်းထန်ထန် အပြစ်ပေးရမယ်]
အွန်လိုင်းကြည့်ရှုသူများမှာ တရားခွင်ကို ကြည့်ရင်း ဒေါသတကြီးဖြင့် ဝိုင်းဝန်း ပြောဆိုနေကြသည်။
တရားရုံး၏ နည်းပညာဌာနကလည်း ဂူချန်တင်ပြသည့် အထောက်အထားများမှာ မှန်ကန်ကြောင်း အတည်ပြုလိုက်သည်။
တရားသူကြီး ရှန်းကျားရွေ့က မန်းဒယ်လျန်ကို စကားပြောခွင့် ပေးလိုက်သည်။
မန်းဒယ်လျန်မှာ သူ့ကိုယ်သူ ကယ်တင်ရန် ကြိုးစားသည်။
"ကျွန်တော် အပြစ်ကို ဝန်ခံပါတယ်။ လန်ရှောင်ချူးကို အွန်လိုင်းကနေ ပြောဆိုဖို့ လူငှားခဲ့တာ အမှန်ပါပဲ။ ဒါပေမဲ့ ဒီလောက်အထိ ဆိုးဝါးတဲ့ ရလဒ် ထွက်လာမယ်လို့ မထင်ခဲ့မိဘူး။ အွန်လိုင်းမှာ ဝေဖန်တာတွေက သာမန်ပါပဲ။ ကြယ်ပွင့်တွေဆိုရင်လည်း အများကြီး အပြောခံနေရတာပဲ။ သူတို့တွေ သတ်သေသွားတာမှ မဟုတ်တာ။ ဒါကြောင့် လန်ရှောင်ချူးလည်း သတ်သေမှာ မဟုတ်ဘူးလို့ ထင်ခဲ့တာပါ။ ဒါက ကျွန်တော့်အပြစ် မဟုတ်ပါဘူး"
"အထောက်အထား ဖျက်ဆီးမှုနဲ့ ပတ်သက်ရင်လည်း ဂုဏ်သိက္ခာ ထိခိုက်မှာ စိုးလို့ ရှင်းလင်းခဲ့တာပါ။ ၁၂၀ မခေါ်မိတာကလည်း ပေါ့ဆမှုကြောင့်ပါ။ တခြားသူတွေ ခေါ်မယ် ထင်ခဲ့မိလို့ပါ။ သေတမ်းစာကိစ္စကိုလည်း လုံးဝ မသိပါဘူး။ ကျွန်တော် လုပ်ခဲ့တာက လန်ရှောင်ချူးကို အနည်းငယ် သင်ခန်းစာပေးချင်ရုံ သက်သက်ပါ။ တန်ရှင်းရန် ဖြစ်ရပ်နဲ့လည်း ဘာမှ မဆိုင်ပါဘူး။ လင်းယုန်စီမံချက်က ကျောင်းသားတွေရဲ့ အနာဂတ်အတွက် ရည်ရွယ်ချက်ကောင်းနဲ့ လုပ်တာပါ။ အောင်ချက်ရာခိုင်နှုန်းတွေက သက်သေပြနေတာပဲ။ ကျွန်တော်တို့ စီမံချက်မှာ ဘာမှ အမှားမရှိပါဘူး"
မန်းဒယ်လျန်သည် သူ၏ အပြစ်မှာ အနည်းငယ်မျှသာ ရှိသည်ဟု ဆက်လက် ထင်မြင်နေဆဲပင်။
သူသည် ထောင်ဒဏ် ၃ နှစ်လောက်သာ ကျခံရမည်ဖြစ်ကာ အကယ်၍ စမ်းသပ်ကာလရလျှင် ထောင်တောင် ကျစရာ မလိုတော့ဘူးဟု တွေးကာ စိတ်သက်သာရာ ရနေသည်။
သို့သော်လည်း သူ၏ အသက်မွေးဝမ်းကျောင်း လုပ်ငန်း ပျက်စီးသွားပြီ ဖြစ်သလို စိတ်ကူးထားသည့် သက်သောင့်သက်သာ အငြိမ်းစား ဘဝလေးမှာလည်း အလကား ဖြစ်သွားပြီ ဖြစ်သောကြောင့် စိတ်ပျက်စွာဖြင့် သက်ပြင်းချလိုက်သည်။
သူသည် အမှန်တကယ်ပင် နောင်တ မရသေးဘဲ သူ့ကိုယ်သူ ခုခံကာကွယ်နေဆဲပင်။
အခန်း ၁၁၈
တရားသူကြီး ရှန်းကျားရွေ့က ဂူချန်ကို ကြည့်ကာ "တရားလိုရှေ့နေ အနေနဲ့ ဖြည့်စွက်ပြောစရာ ရှိသေးသလား" ဟု မေးလိုက်သည်။
ဂူချန်က "ရှိပါတယ်။ တရားခံခုံတန်းလျားမှာ ရှိနေတဲ့ ဈာပနလုပ်ငန်းက ဒါရိုက်တာ ဝမ်ဟိုင်နဲ့ ဝန်ထမ်း ကျောက်ကျင်းယွင်တို့နဲ့ ပတ်သက်တဲ့ ကိစ္စပါ။ သူတို့က မိသားစုရဲ့ ခွင့်ပြုချက် သို့မဟုတ် လက်မှတ်မပါဘဲ အလောင်းကို မီးသင်္ဂြိုဟ်ခဲ့ကြပါတယ်။ လန်ရှောင်ချူးနဲ့ တန်းကျန်းကောတို့ ရောက်လာတဲ့အခါ ပြာပုံကိုပဲ မြင်ခဲ့ရပါတယ်။ ဒါက လုပ်ထုံးလုပ်နည်းနဲ့ မညီပါဘူး။ သူတို့ အမှန်အတိုင်း ဝန်ခံမလား ဒါမှမဟုတ် ကျွန်တော် အထောက်အထားတွေနဲ့ အကုန်ထုတ်ပြရမလား" ဟု ပြောလိုက်သည်။
ဈာပနလုပ်ငန်းမှ ဝန်ထမ်းနှစ်ဦးမှာ ကြောက်လန့်တကြား တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။
သူတို့ ဂူချန်ကို ရင်မဆိုင်ရဲတော့ဘဲ အမှန်အတိုင်း ဝန်ခံကြသည်။
"ကျွန်တော်တို့ ဝန်ခံပါတယ်။ ကျွန်တော်တို့ လောဘဇောကြောင့် အမှားလုပ်မိတာပါ။ မန်းဒယ်လျန်က ကျွန်တော်တို့ကို တစ်ယောက် ၂ သောင်းခွဲစီ ပေးပြီး အချိန်မစောင့်ဘဲ ချက်ချင်း မီးသင်္ဂြိုဟ်ခိုင်းခဲ့လို့ပါ။ အခုလိုမျိုး ကိစ္စကြီး ဖြစ်လာမယ်လို့ မထင်ခဲ့မိပါဘူး"
ဝမ်ဟိုင်နှင့် ကျောက်ကျင်းယွင်တို့က ငိုယိုကာ ဝန်ခံကြသည်။
ဤမြင်ကွင်းကို ကြည့်နေရသည့် အွန်လိုင်းကြည့်ရှုသူများမှာ တန်းကျန်းကောအတွက် အလွန်ပင် ရင်နာကြရသည်။
ပုံမှန်ဆိုလျှင် ရင်ခွဲစစ်ဆေးချက် ရှိရမည်ဖြစ်ကာ မိသားစု လက်မှတ်ပါရမည်ပင်။
သို့သော် မန်းဒယ်လျန်၏ ငွေ ၂ သောင်းခွဲကြောင့် အရာအားလုံး ပျက်စီးခဲ့ရသည်။
တန်းကျန်းကောမှာမူ တရားခွင်တွင် တိတ်ဆိတ်စွာ ထိုင်နေသည်။
သူ၏ လက်ထဲတွင် သမီးဖြစ်သူ လန်ရှောင်ချူး၊ တန်ရှင်းရန်နှင့် သူကိုယ်တိုင် ပါဝင်သည့် မိသားစုဓာတ်ပုံကို ကိုင်ထားရင်း မျက်ရည်များ ကျဆင်းနေသည်။
သူသည် အလွန်အားအင်ကုန်ခန်းနေပုံ ပေါ်သည်။
တရားသူကြီး ရှန်းကျားရွေ့က "အမှုကို ဆက်လက် စုံစမ်းစစ်ဆေးရန်အတွက် တရားခွင်ကို ခေတ္တ ရပ်နားသည်။ ၅ ရက်အကြာတွင် ပြန်လည် စတင်မည်" ဟု ကြေညာသည်။
ယန်ခိုင်လုံ၊ ကန်ဂွေကျုံး၊ မန်းဒယ်လျန်နှင့် အခြားသူများကိုမူ ထိန်းသိမ်းထားလိုက်သည်။
၅ ရက်တာ ကာလမှာ လျှပ်တစ်ပြက် ကုန်ဆုံးသွားပြီး တရားခွင် ပြန်လည် စတင်သည့်နေ့သို့ ရောက်ရှိလာသည်။
အင်တာနက် တစ်ခုလုံးတွင်လည်း စီရင်ချက်ကို စောင့်မျှော်နေကြသည်။
[ဒီလူတွေကို ပြင်းပြင်းထန်ထန် အပြစ်ပေးရမယ်]
[ထောင်ချ၊ ထောင်ချ ဒါပေမဲ့ တရားလို တန်းကျန်းကောက ဘယ်မှာလဲ]
[ဟုတ်တယ် တရားခံတွေတော့ အကုန်ရှိနေပြီ တရားလိုက ဘယ်မှာလဲ ထွက်လာခဲ့ပါတော့]
တရားခွင်အတွင်း တရားလို တန်းကျန်းကောကို ရှာမတွေ့သဖြင့် ကြည့်ရှုသူများမှာ စိုးရိမ်တကြီးဖြင့် မေးခွန်းထုတ်နေကြသည်။
တရားခွင် စတင်ရန် တစ်မိနစ်သာ လိုတော့သည်။
တစ်မိနစ် ကုန်လွန်သွားသည်။
တရားခွင် စတင်တော့မည်...
သို့သော် တရားလိုရှေ့နေ ဂူချန်ကို မတွေ့ရပေ။
တရားလို တန်းကျန်းကောလည်း မရှိချေ။
တရားရုံးအတွင်း တိတ်ဆိတ်သွားသည်။
အွန်လိုင်းမှ ကြည့်ရှုသူများမှာလည်း ဒေါသထွက်စွာဖြင့် မေးခွန်းထုတ်နေကြသည်။
ဂူချန် ဘယ်ရောက်သွားတာလဲ။ ဒီလောက်အရေးကြီးတဲ့နေ့မှာ သူ ဘယ်တော့မှ နောက်မကျတတ်သူ မဟုတ်လား။
ငါးမိနစ်... ဆယ်မိနစ်... မိနစ်နှစ်ဆယ်...
မိနစ်သုံးဆယ် ရှိသွားပြီဖြစ်ကာ အားလုံးက စောင့်ဆိုင်းနေကြသည်။
တရားလို ရှေ့နေမရှိဘဲ အမှုက ဘယ်လိုလုပ် ဆက်ဖြစ်နိုင်မှာလဲ။
ထိုစဉ် ရွှယ်ချင်းချင်း တံခါးဖွင့်၍ ဝင်လာသည်။
သူမသည် ဂူချန်၏ လက်ထောက်ဖြစ်ပြီး သူနှင့် အမြဲရှိနေသူ ဖြစ်သည်။
အားလုံးက သူမကို ကြည့်လိုက်ကြသည်။
သူမ၏ မျက်လုံးများမှာ နီရဲနေသည်။
"အားလုံးကို တောင်းပန်ပါတယ်။ ကျွန်မတို့ မိနစ်သုံးဆယ် နောက်ကျသွားပါတယ်။ ဒါပေမဲ့ ကျွန်မသူဌေး ဒီနေ့ မလာနိုင်တော့ပါဘူး။ သူက ဒီအမှုကို ကျွန်မကို တာဝန်ပေးအပ်ခဲ့ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အရမ်း ဝမ်းနည်းစရာ သတင်းဆိုးတစ်ခု ရှိနေလို့ပါပဲ"
"ကျွန်မတို့ရဲ့ အမှုသည် တန်းကျန်းကော ဒီမနက်မှာပဲ ကိုယ့်ကိုကိုယ် သတ်သေသွားခဲ့ပါတယ်။ သူ မသေဆုံးခင်မှာ သူ့ရဲ့ ပိုင်ဆိုင်မှုတွေအားလုံးကို လေလံတင် ရောင်းချခဲ့ပါတယ်။ ကျွန်မတို့ အမြန်ဆုံး သွားရောက်ခဲ့ပေမဲ့ ဆေးရုံပို့ပြီး အသက်ကယ်ဖို့ ကြိုးစားခဲ့ရပါတယ်။ ဒါပေမဲ့... လွန်ခဲ့တဲ့ မိနစ်သုံးဆယ်လောက်ကပဲ ကျွန်မသူဌေးဆီက ဖုန်းဝင်လာပါတယ်။ တန်းကျန်းကော... အသက်မရှင်တော့ပါဘူး"
ရွှယ်ချင်းချင်းက ဆက်ပြောသည်။
"သူ ချန်ထားခဲ့တဲ့ သေတမ်းစာ ရှိပါတယ်။ သူက အရမ်း ပျော်ရွှင်နေတယ်လို့ ရေးထားပါတယ်။ ဒီ ၇ ရက်က သူ့ဘဝရဲ့ အပျော်ရွှင်ဆုံးအချိန်တွေပါတဲ့။ အမှန်တရားကို သိခဲ့ရပြီး သူလုပ်စရာရှိတာတွေကို လုပ်နိုင်ခဲ့လို့ပါတဲ့။ သူ အခု သမီးဖြစ်သူ တန်ရှင်းရန်နဲ့ ဇနီးဖြစ်သူ လန်ရှောင်ချူးတို့ဆီကို သွားတော့မှာမို့ ပေါ့ပေါ့ပါးပါးနဲ့ အနားယူနိုင်ပါပြီတဲ့။ သူ့ပခုံးပေါ်က ဝန်ထုပ်ဝန်ပိုးတွေ ကျသွားပြီတဲ့"
"သူ့ပိုင်ဆိုင်မှုတွေကို နောက်ဆုံး တရားစီရင်ချက်အပြီးမှာ ဖြန့်ဝေဖို့ မှာကြားသွားပါတယ်။ ၅၀ ရာခိုင်နှုန်းကို ဂူချန်ရဲ့ ရှေ့နေရုံးကို ၂၀ ရာခိုင်နှုန်းကို တောင်တန်းဒေသက ကျောင်းသားတွေကို ၃၀ ရာခိုင်နှုန်းကို နာမကျန်းဖြစ်နေတဲ့ ကလေးငယ်တွေကို လှူဒါန်းဖို့ ပြောသွားပါတယ်။ တောင်းပန်ပါတယ် အားလုံး..."
"ရှေ့နေဂူက ဒီအမှုအတွက် ပြင်းပြင်းထန်ထန် အပြစ်ပေးဖို့ တောင်းဆိုထားပါတယ်။ တန်းကျန်းကောရဲ့ သေဆုံးမှုက ယန်ခိုင်လုံတို့နဲ့ တိုက်ရိုက် မသက်ဆိုင်ပေမဲ့ ဒီအမှုသည်အတွက် သူ တာဝန်ယူခဲ့တဲ့အတိုင်း အမှန်တရားကို ဖော်ထုတ်သွားမှာပါ။ ဒါကြောင့် အပြင်းအထန် အပြစ်ပေးရမှာပါ"
ရွှယ်ချင်းချင်း၏ မျက်ဝန်းများတွင် မျက်ရည်များ ဝဲနေသည်။
ဆေးရုံတွင် ရှိနေသော ဂူချန်မှာလည်း မျက်ရည်များဖြင့်ပင်။
သူသည် ရှေ့နေတစ်ယောက်အနေဖြင့် အမှုများကို အောင်မြင်စွာ တိုက်ခိုက်နိုင်သော်လည်း လူတို့၏ ကံကြမ္မာကိုမူ ပြောင်းလဲပေးနိုင်ခြင်း မရှိခဲ့ပေ။
တန်းကျန်းကော အဆုံးစီရင်သွားလိမ့်မည်ဟု သူ လုံးဝ မထင်မှတ်ခဲ့မိပေ။
အရာအားလုံး၏ အရင်းအမြစ်မှာ မန်းဒယ်လျန်၊ ယန်ခိုင်လုံနှင့် ကန်ဂွေကျုံးတို့ပင်။
သူတို့သာ မရှိခဲ့ပါက ဤမိသားစု ဤမျှထိ ဖြစ်လာစရာ မလိုပေ။
ဂူချန်သည် တရားခွင်သို့ မရောက်နိုင်ခဲ့သော်လည်း တန်းကျန်းကောကို နောက်ဆုံးနှုတ်ဆက်ခွင့် ရလိုက်သည်။
တရားသူကြီးက စီရင်ချက်ကို ကြေညာလိုက်သည်။
ထိုအချိန်တွင် Weibo တွင်လည်း အမှုနှင့်ပတ်သက်၍ ထိပ်ဆုံးသို့ ရောက်ရှိသွားကာ အင်တာနက် တစ်ခုလုံး လှုပ်ခတ်သွားခဲ့သည်။