← Chapters

အခန်း (၁၁၁-၁၁၂)

Vol. 10 Ch. 111-112

အခန်း (၁၁၁-၁၁၂)

Vol. 10 Ch. 111-112

အခန်း ၁၁၁

ကန်ဂွေကျုံး တစ်စုံတစ်ခုကို ရှင်းပြချင်နေသေးသော်လည်း ဂူချန်က လုံးဝ အခွင့်အရေး မပေးခဲ့ပေ။

ရှင်းပြဖို့လား…..

ဂူချန်က အထောက်အထား အားလုံးကို ရှာဖွေပြီးသားပင်။

"ဒီလိုလူမျိုးကို... အမြင့်ဆုံးပြစ်ဒဏ်နဲ့ ပြင်းပြင်းထန်ထန် အပြစ်ပေးရမယ်။

အစောကတည်းက အမှန်အတိုင်း မဝန်ခံဘဲ ခေါင်းမာနေခဲ့ပြီးတော့... အခုမှ အခြားသူတွေက အထောက်အထားတွေ အကုန်စုမိသွားတဲ့အခါကျမှ ဝန်ခံချင်နေတာလား...

နောက်ကျသွားပြီ...

ဥပဒေအရ ပြင်းပြင်းထန်ထန် အပြစ်ပေးစေရမယ်..."

တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုနေသူများကလည်း မှတ်ချက်အမျိုးမျိုး ပေးနေကြသည်။

[ပြင်းပြင်းထန်ထန် အပြစ်ပေးရမယ်]

[သောက်ကျိုးနည်း ကန်ဂွေကျုံးက ဒီလောက်တောင် လူမိုက်ဖြစ်မေမယ်လို့ မထင်ထားဘူး]

[သူ့ကို ထောင်ချလိုက် ထောင်ချလိုက်]

[သောက်ကျိုးနည်း သူတို့အားလုံး ပူးပေါင်းကြံစည်ထားတာပဲ။ ဗီဒီယိုနဲ့ အသံဖိုင် 50GB ဆိုတော့ ကန်ဂွေကျုံး ဘာတွေများ လုပ်ခဲ့လဲဆိုတာ စိတ်ကူးတောင် မယဉ်ရဲဘူး]

[ဒါက သွယ်ဝိုက်လူသတ်မှုပဲ]

ကြည့်ရှုသူများ အားလုံး ဒေါသထွက်နေကြသည်။

ထိုအရာက ကန်ဂွေကျုံးတစ်ဦးတည်း အတွက်ပင်။

ထိုအချိန်တွင် ယန်ခိုင်လုံက "ကျွန်တော် ရှေ့နေလိုချင်တယ် ဒါ မတရားဘူး ကျွန်တော့်ကို အပြစ်ပေးရင်တောင် ကျွန်တော် လက်မခံဘူး" ဟု အော်ဟစ်သည်။

သူက စားပွဲကို ထုကာ "ကျွန်တော် ဘာမှ မှားတယ်လို့ မထင်ဘူး။ ကျွန်တော် လုပ်ခဲ့တာ သူမအတွက် ကောင်းစေချင်လို့ပဲ။ ကျွန်တော် သူမကို အနာဂတ်ကောင်း ရစေချင်တာလေ။ ကျွန်တော် မှားလား သူမရဲ့ ခံနိုင်ရည်က ဘာလို့ ဒီလောက် နည်းနေရတာလဲ။ သူမ သတ်သေပြီး ကျွန်တော့်ကို အပြစ်လာတင်နေတာလား။ ဒါနဲ့ ကျွန်တော်နဲ့ ဘာဆိုင်လို့လဲ"

"ကျွန်တော် သင်ပေးလိုက်တဲ့ ကျောင်းသား အတော်များများ အမှတ်ကောင်းကြတယ်။ သူတို့အားလုံး ကျွန်တော့်ကို ကျေးဇူးတင်ကြတယ်။ ကျွန်တော့်ရဲ့ သင်ကြားရေးစတိုင်က နည်းနည်း တင်းကျပ်ပေမဲ့ ဒီလို အဆုံးသတ်သွားလိမ့်မယ်လို့ မထင်ထားဘူး။ တန်ရှင်းရန် ဒီလိုမျိုး ဆုံးဖြတ်ချက် ချလိမ့်မယ်လို့ ကျွန်တော် တကယ် မထင်ထားမိဘူး"

"ကျွန်တော်က တန်ရှင်းရန်ရဲ့ ပစ္စည်းတွေကို တခြားသူတွေ မထိခိုက်အောင် ရွှေ့ပေးချင်တာပါ။ အဲဒီထဲမှာ သတ်သေစာ ရှိနေမှန်းတောင် မသိခဲ့ဘူး။ ကျွန်တော် ဘာမှ မသိခဲ့တဲ့အတွက် အထောက်အထား ဖျက်ဆီးတာ မဟုတ်ဘူး။ ကျွန်တော် ဘာမှ မသိခဲ့ဘူး။ ဒါနဲ့ ကျွန်တော်နဲ့ ဘာဆိုင်လို့လဲ"

ကန်ဂွေကျုံး ဖြစ်ပျက်သွားတာကို မြင်ပြီးနောက် ယန်ခိုင်လုံက သူ့ကိုယ်သူ အကောင်းဆုံး ကာကွယ်နေဆဲပင်။

ပေါ့ဆမှုကြောင့် လူသေဆုံးစေမှုလား။ သူမ ကိုယ့်ဘာသာ ခုန်ချသွားတာလေ။ ဒါက ငါ့နဲ့ ဘာဆိုင်လို့လဲ။

ယန်ခိုင်လုံက "နောက်ဆုံးအဆင့်အထိ ဆုတ်ပေးမယ်ဆိုရင်တောင် ဒီအမှုက ကျွန်တော်နဲ့ ဘာဆိုင်လို့လဲ။ ကျွန်တော့်ရဲ့ သင်ကြားရေးမှာ နည်းနည်း ပြင်းထန်ခဲ့တယ်။ သဘောထား နည်းနည်း ဆိုးခဲ့တယ်ဆိုတာ ဝန်ခံပါတယ်။ ဒါပေမဲ့ အားလုံးက သူတို့အတွက်ပဲလေ။ ကျွန်တော့်ရဲ့ စေတနာတွေက ကောင်းပါတယ်။ အခု ဖြစ်သွားတာကို ကျွန်တော် စိတ်မကောင်းဖြစ်ရပါတယ်။ ဒါပေမဲ့ အထောက်အထားမရှိဘဲ ကျွန်တော့်ကို အပြစ်တင်လို့ မရဘူး။ ကျွန်တော် တန်ရှင်းရန်ကို ဆဲဆိုခဲ့တာ အကြိမ်နည်းနည်းပဲ ရှိတယ်။ သူမကညကျွန်တော် ဆဲပြီးတဲ့နောက် ခုန်ချသွားရင် အဲဒါ တန်ရှင်းရန်ရဲ့ ပြဿနာ မဟုတ်ဘူးလား"

"မင်းတို့ မိဘတွေက မင်းတို့ကို မဆဲဖူးဘူးလား မရိုက်ဖူးဘူးလား။ အဲဒါနဲ့ လူဘယ်နှစ်ယောက်များ ခုန်ချသွားလို့လဲ ကျွန်တော်က ကန်ဂွေကျုံးလိုမျိုး တန်ရှင်းရန်ကို စကားလုံးကြမ်းကြမ်းတွေ မပြောခဲ့ဘူး။ ကျွန်တော်နဲ့ ဘာဆိုင်လို့လဲ။ ကျွန်တော် နားလည်ပြီ တန်ရှင်းရန် ကိုယ့်ကိုကိုယ် သတ်သေတာဟာ ကန်ဂွေကျုံးကြောင့်ပဲ ကန်ဂွေကျုံး အားလုံး မင်းကြောင့်ပဲ"

ကန်ဂွေကျုံးမှာ ထိုအထိ ရောက်သောအခါ စကားမပြောနိုင်တော့ပေ။

သူသည် စုံစမ်းစစ်ဆေးရန် ခေါ်ဆောင်သွားခြင်း ခံလိုက်ရပြီဖြစ်သည်။

ဂူချန်က ထိုသို့ ပြောလိုက်သည့်အတွက် ကန်ဂွေကျုံးမှာ စိတ်ပိုင်းဆိုင်ရာ ခုခံမှုများ ပျက်စီးသွားပြီး စုံစမ်းစစ်ဆေးမှု၊ ထွက်ဆိုချက်ပေးမှုများကို လုပ်ဆောင်ရတော့မည်ပင်။

ကန်ဂွေကျုံး၏ ဦးနှောက်မှာ ဗလာဖြစ်သွားပြီး ဘာလုပ်ရမှန်း မသိတော့ပေ။

တရားခွင်ထဲမှာတော့ ယန်ခိုင်လုံက အော်ဟစ်ကာ ငြင်းဆိုနေဆဲပင်။

ဂူချန်က "ကန်ဂွေကျုံးရဲ့ ပြဿနာက သူနဲ့ဆိုင်တယ်။ ခင်ဗျားရဲ့ ပြဿနာကတော့ ခင်ဗျားနဲ့ပဲ ဆိုင်တယ်" ဟု ပြောလိုက်သည်။

ဂူချန်က ဆက်လက်၍ "ကျွန်တော့်လက်ထဲမှာ နောက်ထပ် အထောက်အထား တစ်ခု ရှိသေးတယ်။ ဒီအထောက်အထားသာ မရှိရင် ခင်ဗျားတို့ရဲ့ လှည့်ဖျားမှုတွေကို လူတိုင်း ယုံမိကြလိမ့်မယ်။ ကန်ဂွေကျုံး လုပ်ခဲ့တာက ယုတ်မာတယ်ဆိုရင် ခင်ဗျား လုပ်ခဲ့တာကတော့ ပိုတောင် ဆိုးပါသေးတယ်"

"အခု အကုန်လုံး ဝန်ခံမလား အခု အကုန်လုံး ဝန်ခံလိုက်ရင် တရားရုံးက ခင်ဗျားရဲ့ ကိုယ်တိုင်ဝန်ခံမှုအဖြစ် သတ်မှတ်ပြီး စုံစမ်းစစ်ဆေးရေးမှာ အကျိုးရှိစေမယ်။ ထောင်ဒဏ်ချမှတ်ခံရရင်တောင် ပြစ်ဒဏ်လျှော့ပေါ့မှု ရှိနိုင်ပါတယ်။ ခင်ဗျားမှာ ရှေ့နေမရှိလို့ ကျွန်တော် ဒီလုပ်ငန်းစဉ်ကို ရှင်းပြပေးနေတာပါ။ ကန်ဂွေကျုံးလိုမျိုး နောက်မှ အခွင့်အရေး မပေးခဲ့ဘူးလို့ လာမပြောနဲ့"

ဂူချန်က ပြောသည်။

ဂူချန် ပြောသည့်အတိုင်းပင် ရာဇဝတ်မှု ကျူးလွန်သူတိုင်း ကိုယ်တိုင်ဝန်ခံပြီး အပြစ်ကို ဝန်ခံသည့် သဘောထားရှိပါက ပြစ်ဒဏ်လျှော့ပေါ့ပေးလေ့ ရှိသည်။

ကန်ဂွေကျုံးလိုမျိုး ငြင်းဆန်နေပါကမူ ပြစ်ဒဏ် ပိုမိုကြီးလေးမည်မှာ အသေအချာပင်။

ဂူချန်က "အခု ခင်ဗျား ရွေးချယ်နိုင်ပါပြီ။ ကိုယ်တိုင် ဝန်ခံပြီး လုပ်ခဲ့သမျှကို အကုန်ပြောမလား ဒါမှမဟုတ် ကျွန်တော်ကပဲ တစ်စချင်းစီ ဖော်ထုတ်ပြီး ပရိသတ်တွေကို ချပြရမလား" ဟု မေးသည်။

ယန်ခိုင်လုံမှာ အတွင်းစိတ်ထဲတွင် တိုက်ပွဲဝင်နေသည်။

ဂူချန်က ငါ့ကို ခြောက်လှန့်နေတာပဲ ဖြစ်ရမယ်...

အခုချိန်မှာသာ ငါ ဝန်ခံလိုက်ရင် ငါ့ရဲ့ အသက်မွေးဝမ်းကျောင်း ဘဝတစ်ခုလုံး လုံးဝ ပျက်စီးသွားလိမ့်မယ်...

ထောင်ထဲမှာလည်း နှစ်ပေါင်းများစွာ နေရလိမ့်မယ်...

သူ လျှောက်ပြောရဲမှာ မဟုတ်ပါဘူး...

ငါက စာနဲ့ ဆဲဆိုခဲ့တာ၊ ရိုက်နှက်ခဲ့တာလောက်ပဲလေ...

ဒါတွေက သေဆုံးမှုနဲ့ ဘာဆိုင်လို့လဲ...

ငါက တန်ရှင်းရန် ကောင်းဖို့အတွက် စေတနာနဲ့ လုပ်ပေးခဲ့တာပဲ...

တန်ရှင်းရန် ကိုယ့်ကိုကိုယ် သတ်သေတာကို ငါ့အပေါ် လာပြီး အပြစ်ပုံချလို့ မရဘူး...

သတ်သေစာအကြောင်းလည်း ငါ ဘာမှ မသိဘူး...

ငါသာ အဆုံးထိ ငြင်းပြီး ဝန်မခံသရွေ့... ဂူချန်လည်း ငါ့ကို ဘာမှ လုပ်နိုင်မှာ မဟုတ်ဘူး...သူက ထိုအတိုင်း တွေးပြီး စိတ်ကို တင်းထားလိုက်သည်။

ယန်ခိုင်လုံက "ရှေ့နေဂူ ခင်ဗျား ဘာတွေ ပြောနေမှန်း ကျွန်တော် နားမလည်ဘူး။ ကျွန်တော်က သံသယရှိသူလည်း မဟုတ်သလို ရာဇဝတ်မှုလည်း မကျူးလွန်ခဲ့ဘူး။ ကျွန်တော့် သင်ကြားရေးပုံစံက နည်းနည်း ပြင်းထန်တယ်၊ တခါတလေ ဆဲဆိုမိတာ ရှိမယ်၊ ဒါပေမဲ့ ကျွန်တော့် စေတနာက ကောင်းပါတယ်။ ဝန်ခံစရာ ဘာရှိလို့လဲ စောင့်ကြည့်မှတ်တမ်းမှာ တန်ရှင်းရန် ကိုယ့်ဘာသာ သတ်သေသွားတာ ရှင်းရှင်းလင်းလင်းပဲ မဟုတ်လား"

"စားပွဲခုံကို ရွှေ့တာက အတန်းထဲမှာ နေရာပိုရအောင် လုပ်တာပါ။ သတ်သေစာအကြောင်းကို ဘယ်သူက သိမှာလဲ။ အဲဒီအချိန်မှာ အဲဒါကို စစ်ဆေးဖို့ ကျွန်တော့်မှာ အချိန်ဘယ်ရှိမလဲ။ ၁၂၀ ကို ခေါ်ဖို့ကလည်း တခြားသူတွေ လုပ်လိမ့်မယ်လို့ ထင်ခဲ့တာပါ။ အဲဒီအချိန်က ကျွန်တော် အရမ်းထိတ်လန့်သွားပြီး မန်းဒယ်လျန်နဲ့ ကန်ဂွေကျုံးကိုပဲ ရှာမိတာပါ"

"ပြီးတော့ အဲဒီအချိန်မှာ ကျွန်တော့်မှာ စာသင်ချိန် ရှိနေတယ်။ တန်ရှင်းရန်ကြောင့် ကျွန်တော့် သင်ကြားရေး အနှောင့်အယှက် မဖြစ်စေချင်ဘူး။ တခြားသူတွေက အလုပ်ဖြစ်နေပြီဆိုရင် ကျွန်တော်က စာသင်ခန်းကိုပဲ သွားရမှာပေါ့။ ကျွန်တော့် စာသင်ချိန်ထက် ပိုအရေးကြီးတာ ဘာမှ မရှိဘူး" ဟု ခုခံကာ ပြောဆို၏။

အခန်း ၁၁၂

ယန်ခိုင်လုံက "ကျွန်တော် ပြောစရာရှိတာတွေ အကုန်ပြောပြီးပြီ။ ဘာပဲဖြစ်ဖြစ် ကျွန်တော် ဘာရာဇဝတ်မှု ကျူးလွန်မိတယ်ဆိုတာ ကျွန်တော် မသိဘူး။ ခင်ဗျားတို့က ကျွန်တော့်ကို အပြစ်ရှိတယ်လို့ ထင်ရင်လည်း ဟုတ်ပါပြီ ဟုတ်ပါပြီလို့ပဲ ပြောနိုင်တော့မှာပေါ့" ဟု ပြောလိုက်သည်။

"ရှေ့နေဂူ အထောက်အထား မရှိဘူးဆိုရင်တော့ ဒီအမှုပြီးတဲ့အခါ ခင်ဗျားကို ဂုဏ်သိက္ခာညှိုးနွမ်းစေမှုနဲ့ တရားပြန်စွဲမယ်။ ရှေ့နေဂူတစ်ယောက် ထောင်ထဲမှာ တစ်သက်လုံး မကုန်ဆုံးစေရအောင် ကျွန်တော် ဆုတောင်းပေးပါတယ်။ ရှေ့နေဂူက ဥပဒေရုံးတစ်ခုကို အခုပဲ တည်ထောင်ထားတာ မဟုတ်လား။ ရုံးခေါင်းဆောင်တစ်ယောက် ဖြစ်နေပြီဆိုတော့ ကိုယ့်စကားကိုယ် တာဝန်ယူသင့်တယ်။ ကိုယ့်ရုံးရဲ့ နာမည်ကောင်းရဖို့အတွက် သူများတွေကို အလကားနေရင်း ပုတ်ခတ်တာမျိုးက ရှေ့နေဂူအတွက် ဆိုးကျိုးတွေပဲ ဖြစ်လာလိမ့်မယ်။ ဂုဏ်သိက္ခာညှိုးနွမ်းစေမှုဆိုတာ ရာဇဝတ်မှု မြောက်တယ်ဆိုတာ ခင်ဗျား သိမှာပေါ့"

အွန်လိုင်းအသိုင်းအဝိုင်းမှာတော့ အုတ်အော်သောင်းနင်း ဖြစ်နေကြသည်။

[ဒီယန်ခိုင်လုံက ဆရာတစ်ယောက် ဖြစ်ဖို့ လုံးဝ မထိုက်တန်ဘူး။ ကိုယ်ကျင့်တရားဆိုတာ သူ့မှာ လုံးဝ မရှိဘူး]

[ယန်ခိုင်လုံမှာ အမှားတစ်ခုခုတော့ ရှိနေတာ သေချာတယ်။ တန်ရှင်းရန် သေဆုံးသွားတာ ယန်ခိုင်လုံကြောင့်ပဲ ဖြစ်မယ်]

[အသုံးမကျတဲ့ ယန်ခိုင်လုံကို ထောင်ချလိုက်စမ်းပါ]

[မင်းနဲ့ မဆိုင်ဘူးလို့ ပြောလိုက်ရုံနဲ့ အမှန်တရား ဖြစ်သွားမှာတဲ့လား။ ရှေ့နေဂူက သူ့ကို ဘယ်လိုများ ကိုင်တွယ်မလဲ]

[ဥပဒေမဲ့မိုက်ရူးရဲက ဒီယန်ခိုင်လုံကို တစ်ခုခု လုပ်နိုင်ပါ့မလား။ ယန်ခိုင်လုံရဲ့ မောက်မာတဲ့ပုံစံကို ကြည့်ရတာ စိတ်ပျက်ဖို့ကောင်းတယ်]

[ဟားဟား ယန်ခိုင်လုံတော့ ပြီးပြီ။ သူက ဥပဒေမဲ့မိုက်ရူးရဲဂူချန်ကို လာပြီး ခြိမ်းခြောက်ရဲတယ်ပေါ့။ သူ ဂူချန်က ဘယ်သူလဲဆိုတာတောင် သိရဲ့လားမသိဘူး]

...

ဖန်တရှေ့နေရုံးတွင် ဂေါယုံက "ဒီအမှုမှာ အလှည့်အပြောင်း တစ်ခုခုတော့ ဖြစ်လာတော့မယ်။ ဂူချန် အနိုင်ရဖို့ အခွင့်အရေး ရှိတယ်" ဟု ပြောသည်။

သခင်လေးရှီက "ကျွန်တော်တော့ မထင်ဘူး။ ယန်ခိုင်လုံ ပြောသလိုဆိုရင် အများဆုံးတော့ ရာထူးပြောင်း၊ မဟုတ်ရင် အလုပ်ထုတ်တာလောက်ပဲ ဖြစ်မှာပါ။ ယန်ခိုင်လုံက အထောက်အထားကို တမင်ဖျက်ဆီးခဲ့တာလားဆိုတာကလည်း မသေချာဘူး။ အထောက်အထားကို သူ တွေ့ခဲ့တယ်ဆိုတာ အရင်ဆုံး သက်သေပြနိုင်မှ ဖျက်ဆီးတယ်လို့ စွဲလို့ရမှာ" ဟု ပြောလိုက်သည်။

"ကန်ဂွေကျုံးကို စုံစမ်းစစ်ဆေးဖို့ ခေါ်သွားပေမဲ့ မသိဘူးလို့ ငြင်းနေသရွေ့တော့ တိုက်ရိုက် အပြစ်ပေးဖို့ ခက်လိမ့်မယ်။ ဂူချန်ကတော့ သူ့လက်ထဲကရှိတာကို ကောင်းကောင်း သုံးနေပေမဲ့ အားနည်းချက်တွေတော့ ရှိနေတယ်။ ကျွန်တော့်ညီမက ဂူချန်ဆီမှာ ဘာမှ သင်ယူစရာ မရှိဘူးလို့ ခံစားနေရတယ်။ ဂူချန်က အရည်အချင်း နည်းနည်းတော့ ရှိပေမဲ့ ဖန်တရုံးက ထိပ်တန်းရှေ့နေတွေနဲ့ ယှဉ်ရင်တော့ အများကြီး လိုနေသေးတယ်" ဟု မှတ်ချက်ပေးသည်။

ဂေါယုံက "ဒါ အထောက်အထား မဟုတ်ဘူးလား။ ယန်ခိုင်လုံရဲ့ ဒီလို အပြုအမူတွေကို ကျွန်တော် အမြဲ မြင်ဖူးတယ်။ သူသာ နှိပ်စက် ရိုက်နှက်မှုတွေ မလုပ်ခဲ့ရင် သတ်သေတဲ့အထိ ဘယ်လိုလုပ် ဖြစ်လာမှာလဲ" ဟု ပြန်ပြောသည်။

သခင်လေးရှီက ခေါင်းခါလျက် "ဒါက ယန်ခိုင်လုံ ဆရာတစ်ယောက်အနေနဲ့ ကိုယ်ကျင့်တရား ကင်းမဲ့တာကိုပဲ ပြတာပါ။ ထောင်ကျဖို့တော့ မလုံလောက်ဘူး။ လမ်းပေါ်မှာ တစ်ယောက်နဲ့တစ်ယောက် စကားများပြီး စိတ်တိုလို့ မြစ်ထဲခုန်ချသွားရင် စကားများတဲ့သူက လျော်ကြေးတော့ ပေးရကောင်းပေးရမယ်။ ဒါပေမဲ့ ထောင်ကျဖို့က မဖြစ်နိုင်ဘူးလေ" ဟု ပြောလိုက်သည်။

ဂေါယုံ "...."

သခင်လေးရှီ "သွယ်ဝိုက်လူသတ်မှု ဒါမှမဟုတ် ပေါ့ဆမှုကြောင့် လူသေဆုံးမှုဆိုတာကို သက်သေပြနိုင်တဲ့ အထောက်အထား လိုအပ်တယ်"

ဂေါယုံက "ဒါတွေက မလုံလောက်ဘူးလား။ တန်ရှင်းရန် ခုန်ချသွားတာကို ၁၂၀ မခေါ်ဘူး၊ ဘယ်သူမှ မကယ်ဘူး။ မန်းဒယ်လျန်က စောင့်ကြည့်မှတ်တမ်း ဖျက်ဖို့ အလုပ်ရှုပ်နေတယ်။ ယန်ခိုင်လုံနဲ့ ကန်ဂွေကျုံးက စားပွဲတွေ ရွှေ့ဖို့၊ အခင်းဖြစ်ရာနေရာကို ပိတ်ဖို့၊ ကျောင်းသားတွေ မစုမိအောင် လုပ်ဖို့ အလုပ်ရှုပ်နေကြတယ်။ အဲဒီအချိန်မှာ အဲဒီလူနည်းစုပဲ ဘာဖြစ်နေမှန်း သိကြတာ။ ကျန်တဲ့ ကျောင်းသားတွေက ဘာမှ မသိကြဘူး။ ၁၂၀ ကို ၂၅ မိနစ် နောက်ကျပြီးမှ ခေါ်တာက အကြီးအကျယ် ပေါ့ဆတာပဲ" ဟု ပြောသည်။

သခင်လေးရှီက သက်ပြင်းချကာ "ဒါက သွယ်ဝိုက်လူသတ်မှု မဟုတ်ပါဘူး။ လမ်းဘေးမှာ လူကြီးတစ်ယောက် လဲနေလို့ လမ်းသွားလမ်းလာတွေ ၁၂၀ မခေါ်တာနဲ့ သူတို့ကို ထောင်ချလို့ ရမလား အဲဒီလို ယုတ္တိမျိုးနဲ့တော့ မရဘူးလေ" ဟု ငြင်းဆို လိုက်သည်။

ဂေါယုံက "ဒါပေမဲ့ သူတို့ရဲ့ ကိုင်တွယ်ပုံက ပြဿနာ ရှိနေတာလေ။ တန်ရှင်းရန် သေဆုံးရတာ သူတို့ကြောင့်ပဲ" ဟု ပြန်ပြောသည်။

လူငယ်လေး ရှီက ဂေါယုံကို စိတ်ပျက်လက်ပျက်ဖြင့် ကြည့်ကာ "ခင်ဗျား ဖန်တရုံးမှာ ရှေ့နေလုပ်လာတာ နှစ်ပေါင်းများစွာ ရှိပြီ။ ဒီအမှုကို အေးဆေး ပြန်စဉ်းစားကြည့်ပါ။ ခင်ဗျား အခု တွေးနေတာတွေက ကျိုးကြောင်းဆီလျော်မှု မရှိဘူး" ဟု ပြောသည်။

"ရှေ့နေဆိုတာ စိတ်အေးလက်အေးနဲ့ ခွဲခြမ်းစိတ်ဖြာတတ်ရမယ်။ စိတ်ခံစားချက်နောက် ပါမသွားဖို့ အရေးကြီးတယ်။ သူတို့ရဲ့ ကိုင်တွယ်ပုံတွေက ပြဿနာရှိလို့ လျော်ကြေးတော့ ပေးရကောင်းပေးရမယ်။ ဒါပေမဲ့ တန်ရှင်းရန် သေဆုံးရတာက သူမကိုယ်တိုင် အဆောက်အအုံပေါ်က ခုန်ချလို့ ဖြစ်တာလေ။ တခြားသူတွေနဲ့ မဆိုင်ဘူးဆိုတာ နားလည်လား"

ဂေါယုံ "...."

ဂေါယုံ "ဒါဆိုရင် သူတို့ကို အပြစ်ပေးဖို့ နည်းလမ်း မရှိတော့ဘူးလား"

ရှီက "ကန်ဂွေကျုံးတော့ သေချာပေါက် ထောင်ကျလိမ့်မယ်။ သူ့ရဲ့ လုပ်ရပ်က တန်ရှင်းရန်ကို သေကြောင်းကြံစည်သလို ဖြစ်နေတဲ့အတွက် တိုက်ရိုက် သက်သေရှိတယ်။ ဂူချန်ရဲ့ အထောက်အထားတွေနဲ့ ဆိုရင်တော့ ကန်ဂွေကျုံးက အပြစ်ရှိတယ်။ ထောင်ဒဏ် ၁၀ နှစ်ကတော့ အနည်းဆုံးပဲ" ဟု ပြောလိုက်သည်။

"ဒါပေမဲ့ ယန်ခိုင်လုံနဲ့ မန်းဒယ်လျန်တို့ အခြေအနေက မသေချာဘူး။ အပြစ်ပေးရင်တောင် တစ်နှစ်၊ နှစ်နှစ်လောက်ပဲ ဖြစ်လိမ့်မယ်။ အလုပ်ထုတ်ခံရရင်တောင် ဒီမုန်တိုင်း ငြိမ်သွားရင် သူတို့ ပြန်လာလို့ ရသေးတယ်။ သုံးနှစ်ထက်ပိုမှသာ အလုပ်လက်မဲ့ ဖြစ်မှာ"

ဂေါယုံ သက်ပြင်းချကာ "ဒီအမှုကတော့..." ဟု ပြောလိုက်သည်။

ရှီက "ဂူချန် အနိုင်ရခဲ့တယ်ဆိုပေမဲ့ ဒီလောက်ပါပဲ။ တခြား အထောက်အထား မရှိဘဲနဲ့တော့ ယန်ခိုင်လုံနဲ့ မန်းဒယ်လျန် ဘာလုပ်ခဲ့လဲဆိုတာ ကျွန်တော်တို့ အားလုံး သိကြပေမဲ့ တရားရုံးက ခန့်မှန်းချက်နဲ့ ထောင်မချနိုင်ဘူးလေ။ ဂူချန် ဒီအမှုကို ကောင်းကောင်း မကိုင်တွယ်နိုင်ခဲ့ဘူး။ ပြင်ဆင်မှု အားနည်းတယ်။ မဟုတ်ရင် ဒီလို အခြေအနေမျိုး ရောက်လာမှာ မဟုတ်ဘူး" ဟု ပြောသည်။

"ကျွန်တော့်ညီမ သူ့နောက် မလိုက်ဘဲ ပြန်လာတာ ပိုကောင်းမယ်။ ဂူချန်ဆီမှာ သင်စရာ မရှိဘူး။ သူ့ရုံးခန်းကလည်း သေးသေးလေးပဲဟာ ဘယ်လောက်မှ ရှေ့မရောက်နိုင်ဘူး"

ဂေါယုံ "...."

အခြေအနေက ဒီလောက်ထိ ရောက်နေပြီကို ယန်ခိုင်လုံက ဘာမှ ဝန်မခံရုံတင်မကဘဲ ဂူချန်ကိုပါ တရားပြန်စွဲဖို့အထိ ခြိမ်းခြောက်နေတာပဲ။

သို့သော် တရားခွင်အတွင်းရှိ ရွှယ်ချင်းချင်းကမူ ဂူချန်ကို လေးစားအားကျစွာဖြင့် ကြည့်နေသည်။

"သူဌေးကတော့ တကယ်ကို တော်တာပဲ။

အဲဒီလူတွေအားလုံး ထောင်ကျကို ကျရမယ်"

"ငါ့သူဌေးက ဥပဒေမဲ့မိုက်ရူးရဲဆိုတာ လူတိုင်း သိထားပြီးသားလေ။

သူဌေးက ဘယ်လောက်တောင် အထောက်အထားတွေ အကွက်စေ့စေ့ စုဆောင်းထားလဲဆိုတာ ငါ အသိဆုံးပဲ။

ယန်ခိုင်လုံ၊ မန်းဒယ်လျန်နဲ့ ကန်ဂွေကျုံးတို့ အားလုံး... ထောင်ထဲကို ဝင်သွားရတော့မှာ။

တစ်နှစ်၊ နှစ်နှစ်လောက်တင် ပြစ်ဒဏ်ကျမယ်ဆိုရင်တော့... ငါတို့သူဌေး အပင်ပန်းခံ အားထုတ်ခဲ့သမျှတွေ အလကား ဖြစ်သွားမှာပေါ့။

ဒီထက်မက အကြာကြီး နေရမှာ"

ယခု အချိန်တွင် ဂူချန်က စကားပြောရန် ပြင်ဆင်နေသည်။

All Chapters