← Chapters

အခန်း (၁၁၃-၁၁၄)

Vol. 10 Ch. 113-114

အခန်း (၁၁၃-၁၁၄)

Vol. 10 Ch. 113-114

အခန်း ၁၁၃

ဂူချန်က "တရားသူကြီးမင်း အဲဒီလိုဆိုရင် ကျွန်တော် အထောက်အထားကို တင်ပြပါ့မယ်" ဟု ပြောသည်။

ဂူချန်က အထောက်အထားကို တင်သွင်းလိုက်သည်။

မကြာမီပင် တရားရုံးအတွင်းရှိ လူတိုင်းသည် ဖြစ်ရပ်မှန်ကို မျက်ဝါးထင်ထင် မြင်လိုက်ရသည်။

ယန်ခိုင်လုံက စက်ဆုပ်ဖွယ် စကားလုံးများဖြင့် ဆဲဆိုနေသည်။

ထိုအချိန်တွင် တန်ရှင်းရန်မှာ ၃ နာရီကြာ အပြစ်ပေးခံထားရပြီး အိမ်သာပင် မသွားရသေးပေ။ တန်ရှင်းရန်က အသက်ရှင်ရတာ အဓိပ္ပာယ်မရှိတော့ကြောင်း ငိုယို၍ ပြောဆိုသည့်အခါ ယန်ခိုင်လုံက

["ခုန်ချလိုက်"]

["အသက်ရှင်ရတာ အဓိပ္ပာယ်မရှိရင် အခုပဲ ခုန်ချလိုက်။ ခုန်ချလိုက်ရင် ကျောင်းထွက်ရတာကနေ သက်သာသွားလိမ့်မယ်"]

["သွား သွား အခုလုပ်လိုက်"]

ထိုစကားအဆုံးတွင် တန်ရှင်းရန်မှာ ခုန်ချသွားခဲ့သည်။

ယန်ခိုင်လုံမှာ သူမကို တားဆီးရန် မကြိုးစားဘဲ ကြည့်နေခဲ့သည်။

ဖြစ်ရပ်ဖြစ်ပွားပြီးနောက် ယန်ခိုင်လုံက အရေးပေါ်ဌာနကို ဖုန်းမဆက်ဘဲ ကန်ဂွေကျုံးနှင့် မန်းဒယ်လျန်ကိုသာ ဖုန်းဆက်ခဲ့သည်။

ကန်ဂွေကျုံးက ကျောင်းသားများကို မကြည့်ရန် တားမြစ်ပြီး စောင့်ကြည့်မှတ်တမ်းကို ချက်ချင်း ဖျက်ဆီးပစ်ရန် ပြေးသွားသည်။

တန်ရှင်းရန်ကိုမူ မည်သူကမျှ ဂရုမစိုက်ကြပေ။

ယန်ခိုင်လုံက ဖုန်းဆက်ပြီးနောက် ကျောင်းသားတစ်ဦးက "ဆရာ တန်ရှင်းရန် စာတစ်စောင် ချန်ခဲ့တယ်" ဟု ပြောသောအခါ ယန်ခိုင်လုံက အနားသို့ လာကြည့်ပြီး "သေတမ်းစာလား။ ဟားဟား သူမ တကယ်ကို ရဲရင့်တာပဲ။ သူမ ပြန်လာရင် ငါ သင်ခန်းစာပေးရမယ်။ ဒါက ဥပဒေမဲ့ လုပ်ရပ်ပဲ ငါ သူမကို မသင်ပေးရရင် သူမက သူမကိုယ်သူမ အရမ်းမောက်မာနေလိမ့်မယ်" ဟု ပြောသည်။

သူက ဆက်လက်၍ "မှတ်ထားကြ ဒါက ကြိုးစားမှုမရှိတဲ့သူရဲ့ တန်ဖိုးပဲ" ဟု ပြောပြီး စာကို ဆွဲဖြဲပစ်လိုက်သည်။

"အခုကစပြီး ငါတို့အတန်းမှာ တန်ရှင်းရန်ဆိုတဲ့သူ မရှိတော့ဘူး။ သူမကို အမှတ်နည်းတဲ့ အတန်းကို ပြောင်းလိုက်ပြီ။ အဲဒီအတန်း ရောက်သွားရင်တောင် ငါ သူမကို သင်ခန်းစာပေးဦးမယ်"

ယန်ခိုင်လုံက စားပွဲခုံကို အပြင်ထုတ်လိုက်သည်။ ထိုအချိန်တွင် ကန်ဂွေကျုံး ရောက်လာသည်။ ယန်ခိုင်လုံက "ဒါကို ရှင်းလိုက် သူမ တခြားဘာတွေ ရေးထားလဲ မသိဘူး။ သူမကို ကောင်းကောင်း သင်ခန်းစာပေးရမယ်။ ကြိုးစားမှုမရှိရင် ဘာဖြစ်မလဲဆိုတာ သိအောင် လုပ်ပေးရမယ်။ သူမကို စာအုပ်သစ်တွေ ဝယ်ခိုင်းပြီး မှတ်စုသစ်တွေ ရေးခိုင်းလိုက်" ဟု တိုးတိုးလေး ပြောသည်။

ထို့နောက် ကန်ဂွေကျုံးက စားပွဲခုံကို ယူသွားပြီး ချက်ချင်း ဖြိုဖျက်ကာ စာအုပ်များကို ဆွဲဖြဲပစ်ပြီး အမှိုက်ပုံသို့ ပစ်ချခဲ့သည်။

ဤဗီဒီယိုဖိုင်ကို ယန်ခိုင်လုံ၏ ဖိနှိပ်မှုကို ခံနေရသည့် ကျောင်းသားတစ်ဦးက ဖုန်းဖြင့် လျှို့ဝှက် မှတ်တမ်းတင်ထားခြင်းပင်။

သူက အမှတ်နည်းတဲ့ ကျောင်းသားစာရင်းထဲ ပါသွားတော့မည် ဖြစ်၍ လက်လျှော့လိုက်ပြီး ဤအရာများကို မှတ်တမ်းတင်ထားခဲ့ခြင်းပင်။

ဂူချန်က စုံစမ်းစစ်ဆေးချိန်တွင် ဤကျောင်းသားကို ရှာတွေ့ခဲ့ပြီး ဗီဒီယိုဖိုင်ကို ရယူနိုင်ခဲ့ခြင်းပင်။

စားပွဲခုံကို ရှင်းပြီးနောက် ယန်ခိုင်လုံက ဘာမှမဖြစ်ခဲ့သလို အတန်းထဲ ပြန်ဝင်သည်။

တံခါးပိတ်လိုက်ပြီးနောက် စာပြန်သင်သည်။

ကျောင်းသားတစ်ဦးက "တန်ရှင်းရန်... သူမ အဆင်ပြေရဲ့လား။ ဆေးရုံပို့ပေးရမှာ မဟုတ်ဘူးလား" ဟု မေးရာ ယန်ခိုင်လုံက "ပို့ရမှာလား ဒီနေ့က သူမကို သင်ခန်းစာပေးဖို့ အကောင်းဆုံးအချိန်ပဲ။ သူမက နှစ်ခါလောက် အပြောခံရတာနဲ့ မခံနိုင်တော့ဘူးလား။ အမှတ်မကောင်းဘူးဆိုတာကို ဝေဖန်တာ မခံနိုင်ဘူးပေါ့။ သူမ သင်ခန်းစာရပါစေ တခြားလူတွေက ရှင်းနေတာမို့ စိုးရိမ်စရာမလိုဘူး စာပဲ ကြိုးစားကြ။ မင်းတို့ထဲက တစ်ယောက်ယောက်လည်း သေချင်နေသေးရင် သွားခုန်ချလိုက်ကြလေ"

ဗီဒီယိုဖိုင်မှာ ဤနေရာတွင် အဆုံးသတ်သွားသည်။

ကျောင်းသားတစ်ဦးက ဖုန်းဖြင့် လျှို့ဝှက်ရိုက်ကူးရခြင်းဖြစ်၍ အရှည်ကြီး မရိုက်ရဲခဲ့ပေ။

ဗီဒီယိုမှတ်တမ်းမှာ ဤနေရာတွင် အဆုံးသတ်သွားသည်။

တရားခွင်အတွင်းရှိ လူတိုင်းသည် ထိုရုပ်မြင်သံကြား မှတ်တမ်းကို မြင်လိုက်ရပြီးနောက် စက်ဆုပ်ရွံရှာဖွယ်ကောင်းသော အမှန်တရားကို သိရှိသွားကြသည်။

ယန်ခိုင်လုံမှာမူ ဤမှတ်တမ်းကို မြင်လိုက်ရသောအခါ လုံးဝ ထိတ်လန့်သွားသည်။

သူ မယုံနိုင်ပေ။

ဘယ်လိုလုပ်ပြီး ဗီဒီယိုမှတ်တမ်း ရသွားတာလဲ။ ဘယ်သူက ငါ့ကို သစ္စာဖောက်သွားတာလဲ။ ငါက ဒီကလေးတွေ စာတော်အောင် ကြိုးစားပေးနေတာလေ။ ဘာလို့ ငါ့ကို ပြန်ပြီး သစ္စာဖောက်ရတာလဲ။

ယန်ခိုင်လုံ ဒေါသထွက်လွန်း၍ ပေါက်ကွဲမတတ် ဖြစ်နေသည်။

သူသာ ထိုအမှုကို နိုင်သွားရင် အခုလို ဥပဒေမဲ့ခဲ့သည့် ကျောင်းသားများကို သင်ခန်းစာပေးဖို့ စိတ်ကူးနေမိသည်။

သို့သော် သူသည် တရားရုံးထဲတွင် ရှိနေသေးကြောင်း ပြန်သတိရလိုက်သည်။

ဂူချန်က "အားလုံးပဲ စိတ်မစောကြပါနဲ့ဦး။ အထောက်အထားက ဒါနဲ့တင် မပြီးသေးပါဘူး" ဟု ပြောကာ သက်သေ ၄ ဦးကို တရားခွင်သို့ ခေါ်လိုက်သည်။

သက်သေများမှာ တန်ရှင်းရန်၏ အရင်းနှီးဆုံး သူငယ်ချင်း ၃ ဦးနှင့် ဗီဒီယိုကို လျှို့ဝှက်ရိုက်ကူးခဲ့သည့် ကျောင်းသား ၁ ဦးတို့ ဖြစ်ကြသည်။

ထိုမိန်းကလေးများမှာ တန်ရှင်းရန်၏ သူငယ်ချင်းများ ဖြစ်ကြပြီး ထိုအချိန်က အမှန်တကယ် ဖြစ်ပျက်ခဲ့သည်များကို မျက်ဝါးထင်ထင် မြင်ခဲ့ရသူများ ဖြစ်သည်။

တန်ရှင်းရန် ခုန်ချပြီးနောက် ယန်ခိုင်လုံနှင့် ကန်ဂွေကျုံးတို့က အရေးပေါ်ဌာနကို ဖုန်းမဆက်ဘဲ အထောက်အထားများ ဖျက်ဆီးနေသည်ကို မြင်ခဲ့ရသောအခါ သူတို့ အလွန်ဒေါသထွက်ခဲ့ကြသည်။

သက်သေ ၄ ဦးလုံး တရားခွင်သို့ ရောက်လာသည်ကို မြင်သောအခါ ယန်ခိုင်လုံမှာ စားပွဲကို ထုကာ "မင်းတို့ အရူးတွေ ဒါ တရားရုံးနော်၊ မင်းတို့ နေရာမဟုတ်ဘူးဋ ငါ့ကို ဘာလို့ သစ္စာဖောက်တာလဲ။ မင်းတို့ စာတော်အောင် လုပ်ပေးနေတာလေ။ အားလုံး ပါးစပ်ပိတ်ထားကြ ဘာမှ မလုပ်တတ်ဘဲနဲ့ အတင်းတွေ လျှောက်ပြောနေတာ" ဟု အော်ဟစ်သည်။

တရားသူကြီး ရှန်းကျားရွေ့က ခုံကို တဒေါင်ဒေါင် ခေါက်လိုက်ပြီး "တိတ် တရားခံ ယန်ခိုင်လုံကို နောက်ဆုံးသတိပေးတယ် ထပ်အော်ရင် တရားရုံးရဲ့ စည်းကမ်းကို ဖျက်ဆီးမှုနဲ့ ပြင်းထန်စွာ အပြစ်ပေးပါမယ်" ဟု အမိန့်ပေးသည်။

ယန်ခိုင်လုံမှာ စကားမပြောနိုင်တော့သော်လည်း ဒေါသထွက်၍ ကိုယ်တုန်ရီနေသည်။

သူသည် ဤကျောင်းသားများကို ပြန်ထွက်လာလျှင် အပြင်းအထန် အရေးယူရန် စိတ်ကူးနေဆဲပင်။

"သူတို့က ဖုန်းခိုးကိုင်ရဲတယ်။ ပြီးတော့ လျှို့ဝှက်ပြီးတောင် အသံသွင်းရဲသေးတယ်။ ဒါ့အပြင် တရားခွင်မှာအထိ သက်သေလိုက်ပေးရဲတယ် ဟုတ်လား...

ဒါကို ငါ ဘယ်လိုမှ လက်မခံနိုင်ဘူး.."

မိန်းကလေးတစ်ဦးက "ကျွန်မ တန်ရှင်းရန်ရဲ့ သူငယ်ချင်းပါ။ ယန်ခိုင်လုံ ဒီလောက်ထိ ယုတ်မာမယ်လို့ မထင်ထားဘူး။ ဒါတွေအားလုံး သူ့ကြောင့်ပဲ သူမသာ သူ့ဆီမှာ စာမသင်ရရင် ဒီနေ့ ဒီလို ဖြစ်လာမှာ မဟုတ်ဘူး။ သူက လူသတ်သမားပဲ" ဟု တုန်လှုပ်စွာဖြင့် ထွက်ဆိုရှာသည်။

ဗီဒီယိုရိုက်ကူးခဲ့သည့် ကျောင်းသားကလည်း "ကျွန်တော် တန်ရှင်းရန်ရဲ့ အနောက်မှာ ရှိနေတာပါ။ သူမ သေတမ်းစာ ရေးထားတာကိုလည်း ကျွန်တော် သိတယ်။ စနောက်နေတာ ထင်လို့ ဓာတ်ပုံရိုက်ထားခဲ့မိတာ... ယန်ခိုင်လုံနဲ့ ကန်ဂွေကျုံးတို့ သေတမ်းစာကို မြင်ပြီးသားဆိုတာ ကျွန်တော် သက်သေခံနိုင်ပါတယ်။ သူတို့ အထောက်အထားတွေကို တမင် ဖျက်ဆီးနေတာပါ" ဟု ထွက်ဆို လိုက်သည်။

အထောက်အထားများမှာ ပြည့်စုံသွားပြီဖြစ်သည်။

စောင့်ကြည့်မှတ်တမ်း၊ သက်သေထွက်ဆိုချက်နှင့် ရုပ်ဝတ္ထုဆိုင်ရာ အထောက်အထားများ အားလုံး အသင့်ဖြစ်နေပြီ ဖြစ်သည်။

ယန်ခိုင်လုံမှာ "သူတို့ လိမ်နေတာ အကုန်လုံး လိမ်နေတာ တရားသူကြီးမင်း ကျွန်တော့်ကို ရှေ့နေပေးပါ။ ကျွန်တော် ရှေ့နေလိုတယ်" ဟု အော်ဟစ်သည်။

တရားသူကြီး ရှန်းကျားရွေ့က "ယန်ခိုင်လုံ တရားရုံးရဲ့ စည်းကမ်းကို ဖျက်ဆီးနေတာကြောင့် အပြင်ကို ခေါ်ထုတ်သွားပါ။ ပြစ်ဒဏ်ချမှတ်တဲ့အခါမှ ပြန်ခေါ်ခဲ့ပါ" ဟု အမိန့်ပေးကာ တရားခွင်မှ ချက်ချင်း ခေါ်ထုတ်သွားစေသည်။

အခန်း ၁၁၄

ဤအချိန်တွင် ယန်ခိုင်လုံမှာ လုံးဝရူးသွပ်သွားပြီဖြစ်သည်။

သူသည် ထိုင်စောင့်ပြီး သေခြင်းကို လက်ခံရန် မဖြစ်နိုင်ကြောင်း သိလိုက်သည်။

ယန်ခိုင်လုံက "လာလေ ဘာတွေကို ဟန်ဆောင်နေတာလဲ။ ငါက တရားသူကြီးကို ကြောက်ရမှာလား။ ခင်ဗျားတို့မှာ ရဲရင့်တဲ့စိတ်ရှိရင် ငါ့ကို သေဒဏ်ပေးလိုက်လေ" ဟု အော်ဟစ်သည်။

ရလဒ်အနေဖြင့် ယန်ခိုင်လုံမှာ တိုက်ရိုက်ဆွဲခေါ်သွားခြင်းကို ခံလိုက်ရသည်။

တရားသူကြီး ရှန်းကျားရွေ့က သူ့စိတ်ထဲတွင် တိတ်တဆိတ် မှတ်သားလိုက်သည်။

နောက်ထပ် စွဲချက်တစ်ခုက တရားရုံး၏ စည်းကမ်းကို စိန်ခေါ်ခြင်း၊ တရားရုံး၏ ဂုဏ်သိက္ခာကို လျစ်လျူရှုခြင်းနှင့် နိုင်ငံတော် အရာရှိများကို စော်ကားခြင်းတို့ပင်။

အွန်လိုင်းကြည့်ရှုသူများမှာ ပေါက်ကွဲထွက်သွားကြသည်။

[ဒီယန်ခိုင်လုံက ဘာတွေကို ဟန်ဆောင်နေတာလဲ]

[သောက်ကျိုးနည်း တကယ်ကို ရွံစရာကောင်းလိုက်တာ]

[သက်သေကို ကျွန်တော် မြင်လိုက်ရပြီ။ ဒီလောက် ရွံစရာကောင်းတဲ့လူမျိုး တစ်ခါမှ မမြင်ဖူးဘူး]

[အထောက်အထားတွေ ရှိလာလို့သာ တော်တော့တယ်။ သောက်ကျိုးနည်း ယန်ခိုင်လုံက တကယ့် လူသတ်သမားပဲ]

[ယန်ခိုင်လုံက လူသတ်သမား ဖြစ်ပေမဲ့ သူကိုယ်တိုင် မလုပ်ခဲ့ရင်တောင် အရာအားလုံးကို တစ်ဆင့်ချင်း ဖိအားပေးတွန်းပို့ခဲ့တာ သူပဲ]

[သူ အပြစ်ပေးခံရကို ခံရမယ် ပြင်းထန်တဲ့ ပြစ်ဒဏ်တစ်ခု လိုအပ်တယ်]

[ယန်ခိုင်လုံက အခုထိ ဒါက သူနဲ့ ဘာမှမဆိုင်ဘူးလို့ ထင်နေတုန်းပဲ၊ ဟုတ်တယ်မလား သူနဲ့ဆိုင်ဖို့အတွက် ဘာတွေများ ဖြစ်ပျက်ဖို့ လိုသေးတာလဲ]

[ယန်ခိုင်လုံက တရားသူကြီးကိုတောင် စိန်ခေါ်ရဲတယ်ပေါ့ ဟုတ်လား သူ့ကို ဖယ်ရှားပစ်ရမယ်။ သူ အပြစ်ပေးခံကို ခံရမယ် သူက သူ့ကိုယ်သူ ဘယ်သူလို့ ထင်နေတာလဲ]

[သူ့ကို သေဒဏ်မပေးဘဲ နေနိုင်မလား]

[ဒါပေမဲ့ ပေါ့ဆမှုကြောင့် လူသေဆုံးစေမှုအတွက် သေဒဏ်ပေးဖို့ဆိုတာ ခက်ခဲတယ်လေ....]

[မှန်ပါတယ် ပေါ့ဆမှုကြောင့် လူသေဆုံးမှုဆိုရင် သေဒဏ် ပေးလေ့မရှိပါဘူး။ ရည်ရွယ်ချက်ရှိရှိ လူသတ်မှုဆိုရင်တော့ ဖြစ်နိုင်တာပေါ့။ ဘာပဲဖြစ်ဖြစ် တန်ရှင်းရန်က ကိုယ့်ကိုကိုယ် သတ်သေသွားတာမို့ ယန်ခိုင်လုံကို သေဒဏ်ပေးဖို့တော့ မဖြစ်နိုင်ပါဘူး]

[ရှေ့နေဂူက တော်လိုက်တာ။ ဒီအထောက်အထားတွေ အကုန်ရှာတွေ့လာတာ တကယ့်ကို အံ့သြဖို့ကောင်းတယ်]

အွန်လိုင်း ကြည့်ရှုသူများမှာ အလွန်ဒေါသထွက်နေကြသည်။

သို့သော် ဂူချန်သည် အထောက်အထား အားလုံးကို ရှာဖွေနိုင်သည့် စွမ်းရည်ရှိသည်ကို မြင်တွေ့လိုက်ရသောအခါ ယန်ခိုင်လုံ၊ ကန်ဂွေကျုံး၊ မည်သူမျှ မလွတ်မြောက်ခဲ့ပေ။

"ပြီးတော့ မန်းဒယ်လျန်လည်း ရှိသေးတယ်...

မန်းဒယ်လျန်တင် မကဘူး... တခြားသူတွေလည်း အများကြီးပဲ။ ဒါ့အပြင် ဂူချန်မှာလည်း သက်သေတွေ ရှိနေသေးတယ်။ ကျောင်းက သက်သေတွေ၊ ဆရာဝန်တွေ... အားလုံးက သက်သေအခိုင်အမာတွေချည်းပဲ"

"တန်ရှင်းရန် သေဆုံးရတာက... အဆောက်အအုံပေါ်က ခုန်ချလို့ မဟုတ်ဘူး...

သူမက ကံကောင်းစွာနဲ့ ခေါင်းကို မထိခိုက်မိခဲ့ဘူး...

အလွန်အကျွံ သွေးထွက်လွန်လို့သာ သေဆုံးခဲ့ရတာ။

လူနာတင်ယာဉ်သာ ငါးမိနစ်လောက် စောပြီး ရောက်လာခဲ့ရင်..."

"အဆောက်အအုံပေါ်က ခုန်ချတဲ့အခါ... ခေါင်းကို မထိမိသရွေ့ ခန္ဓာကိုယ်ပဲ မြေပြင်နဲ့ ဆောင့်မိတာက ချက်ချင်း သေဆုံးစေတာ မဟုတ်ဘူး။ ခုန်ချပြီးတဲ့နောက်မှာတော့ ကံကြမ္မာအပေါ်မှာပဲ မူတည်သွားတာ...

လက် ဒါမှမဟုတ် ခြေထောက်က မြေပြင်ကို အရင်ထိမိရင် အရိုးကျိုးတာ ပြင်းထန်တဲ့ ဒဏ်ရာတွေရတာမျိုးပဲ ဖြစ်မှာ။ ဦးခေါင်းကို မထိခိုက်သရွေ့ အသက်ရှင်ဖို့ အခွင့်အလမ်း ရှိနေသေးတာပဲ...

အဲဒီတုန်းကသာ အချိန်မီရင်... သူမကို အသေအချာ ကယ်တင်နိုင်ခဲ့မှာ..."

တန်းကျန်းကောမှာလည်း ငွေကြေး အခက်အခဲ ရှိသူများ မဟုတ်သဖြင့် တန်ရှင်းရန်သာ အသက်ရှင်နေပါက ကုသပေးနိုင်မှာ အသေအချာပင်။

ဂူချန်က "တန်ရှင်းရန် အသက်ရှင်နိုင်ခဲ့မှာပါ။ ဒါပေမဲ့ ဒီလူတွေရဲ့ ဂရုမစိုက်မှု၊ အေးဆေးတည်ငြိမ်လွန်းတဲ့ လုပ်ရပ်တွေနဲ့ တန်ရှင်းရန် ဖြစ်ရပ်က သူတို့ကို ထိခိုက်မှာ စိုးရိမ်တဲ့အတွက်ကြောင့်သာ သူမ သေဆုံးခဲ့ရတာပါ။ အကုန်လုံး ဒီလူတွေကြောင့်ပဲ"

"ပြီးတော့ ဒီလူတွေက တခြားသူတွေကို အနားမကပ်အောင် တားဆီးခဲ့ကြသေးတယ်။ တခြားဆရာတွေသာ ရောက်လာရင် ၁၂၀ ကို ဖုန်းခေါ်ပေးကြမှာ အသေအချာပဲ။ ဒါပေမဲ့ ဒီလူ ၃ ယောက်က ဘာမှလည်း မလုပ်ဘူး။ တခြားသူတွေကိုလည်း လုပ်ခွင့်မပေးဘူး။ ဒါကြောင့် မန်းဒယ်လျန်၊ ယန်ခိုင်လုံနဲ့ ကန်ဂွေကျုံးတို့က အဓိက တာဝန်အရှိဆုံးပဲ"

"တန်ရှင်းရန် သေဆုံးမှုအတွက် သူတို့ တိုက်ရိုက် တာဝန်ယူရမယ်။ ဒီလူ ၃ ယောက်သာ မဟုတ်ရင် တန်ရှင်းရန် အသက်ရှင်ဖို့ အခွင့်အရေး အများကြီး ရှိခဲ့တယ်။ သူမ ကိုယ့်ကိုကိုယ် သတ်သေခဲ့တာ မှန်ပေမဲ့ သူမရဲ့ သေဆုံးမှုက သူတို့ရဲ့ ကိုင်တွယ်ပုံတွေကြောင့် တိုက်ရိုက် ဖြစ်ပေါ်လာတာပါ" ဟု ပြောလိုက်သည်။

ထိုအချိန်တွင် ယန်ခိုင်လုံနှင့် ကန်ဂွေကျုံးတို့မှာ ဖမ်းဆီးခေါ်ဆောင်သွားခြင်း ခံလိုက်ရပြီဖြစ်သည်။ သူတို့နှစ်ဦးမှာ စီရင်ချက်ကိုသာ စောင့်ဆိုင်းရတော့မည်ပင်။

ဂူချန်က တရားရုံးတွင် ဆက်လက်၍ "တရားသူကြီးမင်း ယန်ခိုင်လုံရဲ့ လုပ်ရပ်တွေက တန်ရှင်းရန် သေဆုံးမှုကို တိုက်ရိုက် ဦးတည်စေခဲ့ပါတယ်။ ယန်ခိုင်လုံဟာ ပေါ့ဆမှုကြောင့် လူသေဆုံးစေမှုကျူးလွန်ခဲ့ပါတယ်။ ရာဇသတ်ကြီး ပုဒ်မ ၂၂၃ အရ ပြစ်ဒဏ် ၃ နှစ်မှ ၇ နှစ်အထိ ရှိပါတယ်။ ယန်ခိုင်လုံဟာ တန်ရှင်းရန်ကို စော်ကားခြင်း၊ ပုဂ္ဂိုလ်ရေးအရ တိုက်ခိုက်ခြင်းတွေ ပြုလုပ်ခဲ့ပြီး ဒါက ပြင်းထန်တဲ့ အခြေအနေပါ"

"နောက်ပြီး ကန်ဂွေကျုံးကလည်း အထောက်အထားတွေကို ဖျက်ဆီးခဲ့ပါတယ်။ ပုဒ်မ ၃၀၆ အရ အထောက်အထား ဖျက်ဆီးမှုအတွက် ၃ နှစ်မှ ၇ နှစ်အထိ ထောင်ဒဏ် ကျခံရပါမယ်။ အမှုနှစ်ခု ပေါင်းရင် ယန်ခိုင်လုံအတွက် အနည်းဆုံး ထောင်ဒဏ် ၁၄ နှစ် ဖြစ်သင့်ပါတယ်"

ဂူချန်က ဆက်လက်၍ "ဒီ့အပြင် ယန်ခိုင်လုံက တန်ရှင်းရန်ကို အချိန်ကြာမြင့်စွာ ဖိအားပေး၊ သိက္ခာချခဲ့ပြီး [ခုန်ချလိုက်လေ၊ မင်းမှာ ရဲရင် ခုန်ချလိုက်၊ အသက်ရှင်တာ အဓိပ္ပာယ်မရှိရင် ခုန်ချလိုက်] စတဲ့ စကားတွေကြောင့် တိုက်ရိုက် တာဝန်အရှိဆုံး ဖြစ်ပါတယ်။ အရေးပေါ် ၁၂၀ ကို ချက်ချင်း မခေါ်ခဲ့တာက တမင်သက်သက် လုပ်ကြံမှုမြောက်ပါတယ်။ သူက အပြစ်ကို ဝန်မခံတဲ့အပြင် တစ်နှစ်တိတိ ပုန်းရှောင်နေခဲ့သူပါ။ တရားရုံးကိုလည်း ထပ်ခါတလဲလဲ စိန်ခေါ်နေတဲ့အတွက် ယန်ခိုင်လုံကို သေဒဏ်ပေးဖို့ တောင်းဆိုပါတယ်။ တစ်သက်တာ နိုင်ငံရေးအခွင့်အရေး ဆုံးရှုံးစေရမယ်။ ပြီးတော့ တန်းကျန်းကော မိသားစုကို လျော်ကြေးငွေ ၃ သိန်း ပေးလျော်စေရမယ်" ဟု အပြင်းအထန် တောင်းဆို လိုက်သည်။

ဂူချန်၏ တောင်းဆိုချက်ကြောင့် ယန်ခိုင်လုံကို သေဒဏ်ပေးရန်နှင့် ကန်ဂွေကျုံးကို ထောင်ဒဏ် ၁၄ နှစ် ချမှတ်ရန် အသံများ ဆူညံသွားသည်။

အွန်လိုင်းမှ ကြည့်ရှုသူများမှာလည်း ဂူချန်ကို အားပေးနေကြသည်။

ဖန်တရှေ့နေရုံးတွင် ဂေါယုံနှင့် သခင်လေးရှီတို့မှာ အံ့အားသင့်နေကြသည်။

ဂေါယုံက "သခင်လေးရှီ အခု ဘာပြောမလဲ။ အထောက်အထားတွေ အများကြီးပဲ။ ဂူချန်ရဲ့ အမှုလိုက်နိုင်စွမ်းက တကယ်ကို အံ့မခန်းပဲ။ သူ ဘယ်လောက်တောင် အထောက်အထားတွေ ရှာထားလိုက်တာလဲ။ ကန်ဂွေကျုံးနဲ့ ယန်ခိုင်လုံတော့ တကယ်ပဲ ပြတ်သွားပြီ" ဟု မှတ်ချက်ပေးလိုက်သည်။

All Chapters