← Chapters

အခန် (၁၁၉-၁၂၀)

Vol. 10 Ch. 119-120

အခန် (၁၁၉-၁၂၀)

Vol. 10 Ch. 119-120

အခန်း ၁၁၉

တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုသူအားလုံး ခဏတာ တိတ်ဆိတ်သွားကြသည်။

[ဒေါသထွက်လိုက်တာ ဒီလူတွေကြောင့်ပဲ။ သူတို့ကို ပြင်းပြင်းထန်ထန် အပြစ်ပေးရမယ်။ ဘာလို့ တန်းကျန်းကောက ကိုယ့်ကိုကိုယ် သတ်သေရတာလဲ ဘာကြောင့်လဲ]

[သူ့ဇနီးနဲ့ သမီးနှစ်ယောက်လုံး ဆုံးရှုံးသွားတော့ သူ အသက်ရှင်ချင်စိတ် မရှိတော့တာ နေမှာပါ...]

[ဒီလူတွေကို ပြင်းပြင်းထန်ထန် အပြစ်ပေးမှာ မဟုတ်ဘူးလား]

[တန်းကျန်းကောက သူ မဆုံးပါးခင်မှာ သူ့ပိုက်ဆံတစ်ဝက်ကို လှူသွားတယ်... သူ သမီးနဲ့ ဇနီးကို အသက်ရှင်စေချင်ခဲ့မှာပဲ]

[မန်းဒယ်လျန်၊ ယန်ခိုင်လုံ၊ ကန်ဂွေကျုံး၊ ဒီလူသုံးယောက်ကို အပိုင်းပိုင်း ခုတ်ပစ်သင့်တာ]

တရားခွင်တွင် အားလုံး အသင့်ဖြစ်နေကြ၏။

တရားလို တန်းကျန်းကော မရှိတော့သလို တရားလိုရှေ့နေ ဂူချန်လည်း မရှိတော့ပေ။

ဂူချန်၏ လက်ထောက် ရွှယ်ချင်းချင်းက တရားလိုရှေ့နေအဖြစ် ယာယီ တာဝန်ယူသည်။

တရားခံအားလုံး ရောက်ရှိနေကြပြီး အဓိကတရားခံများမှာ ယန်ခိုင်လုံ၊ မန်းဒယ်လျန်နှင့် ကန်ဂွေကျုံးတို့ ဖြစ်ကြသည်။

တရားသူကြီး ရှန်းကျားရွေ့က တူကို တဒေါင်ဒေါင် ခေါက်လိုက်သည်။

"ဒီအမှုအတွက် စီရင်ချက်ကို အခု ကြေညာပါမယ်"

စီရင်ချက် မကြေညာခင်အထိ မန်းဒယ်လျန်မှာ လျစ်လျူရှုသည့်ပုံစံ ပေါက်နေဆဲပင်။ သူက သူ၏ ဝန်ခံသည့် သဘောထားမှာ လက်ခံနိုင်ဖွယ်ရှိသည်ဟု ယူဆပြီး လန်ရှောင်ချူးကို အွန်လိုင်းမှ အနိုင်ကျင့်ဖို့ လူငှားရုံသက်သက်သာ လုပ်ခဲ့တာဆိုတော့ သူမ သတ်သေမှုအတွက် သူ့ကို အပြစ်တင်လို့ မရလောက်ဘူးဟု တွေးနေသည်။

တန်ရှင်းရန်ကိစ္စနှင့်လည်း သိပ်မသက်ဆိုင်ဘူးဟု သူ ယူဆသည်။

သူသည် အောင်ချက်ရာခိုင်နှုန်း မြင့်တက်စေရန် လင်းယုန်စီမံချက်ကို စတင်ခဲ့ခြင်းသာ ဖြစ်ပြီး ဥပဒေချိုးဖောက်ခြင်း မရှိဘူးဟု သူ ထင်သည်။

အောင်ချက် တကယ်မြင့်တက်လာခဲ့သည်မို့ မန်းဒယ်လျန်သည် သူ ပြစ်မှုကျူးလွန်ခြင်း မရှိဘူးဟု ယုံကြည်နေမိသည်။

တန်ရှင်းရန် ခုန်ချတာနှင့်လည်း သူနှင့် မသက်ဆိုင်သလို အရေးပေါ် ၁၂၀ ကို မခေါ်ခြင်းမှာလည်း ပြစ်မှုမဟုတ်ဟု ယူဆသည်။

သူ အများဆုံး ထောင်ဒဏ် ၂ နှစ် သို့မဟုတ် ၃ နှစ်သာ ကျခံရမည် သို့မဟုတ် စမ်းသပ်ကာလသာ ရလိမ့်မည်ဟု သူ ထင်သည်။

မန်းဒယ်လျန် အနည်းငယ် စိတ်အနှောင့်အယှက် ဖြစ်နေသည်။

လူအနည်းငယ် ဆုံးရှုံးသွားရုံနှင့် သူ့အနာဂတ်တစ်ခုလုံး ပြီးဆုံးသွားရသလားဟု သူ တွေးနေသည်။

ယန်ခိုင်လုံမှာမူ အနည်းငယ် ကြောက်ရွံ့နေပြီး စိတ်ပျက်နေသည်။

"ဘာကြောင့်လဲ...

ငါက ဘာလို့ ဒီလောက်ထိ ထောင်နန်းစံရမှာလဲ...

ငါလုပ်ခဲ့တာတွေက ကျောင်းသားတွေကောင်းဖို့အတွက်ပဲ မဟုတ်လား...

ငါက နည်းနည်းပါးပါး ဆဲဆိုလိုက်ရုံလေးကို... ဂူချန်က ဘာလို့ ဒီလောက်အထိ ရက်စက်ရက်ရတာလဲ..."

ကန်ဂွေကျုံးမှာမူ မျက်လုံးများ မှုန်ဝါးကာ တစ်စုံတစ်ခုကို စဉ်းစားနေသည့်ဟန်ဖြင့် ငေးငိုင်နေသည်။

တရားခံခုံတန်းလျားတွင် ဗင်ကားယာဉ်မောင်းနှစ်ဦးလည်း ရှိနေသည်။

တရားသူကြီး ရှန်းကျားရွေ့က "ဒီအမှုအတွက် စီရင်ချက်ကို အခု ကြေညာပါမယ်" ဟု ပြောသည်။

"အချက်အလက် အားလုံးအရ ကန်ဂွေကျုံးက တန်ရှင်းရန်အမှုမှာ ပေါ့ဆမှုကြောင့် လူသေဆုံးစေမှု ကျူးလွန်ခဲ့ပြီး အထောက်အထားတွေကို တမင်ဖျက်ဆီးခဲ့တဲ့အတွက် အထောက်အထား ဖျက်ဆီးမှုနဲ့ စွဲချက်တင်ပါတယ်။ စွဲချက်နှစ်ခုလုံးအတွက် စီရင်ချက် ချမှတ်ပါတယ်"

"ကန်ဂွေကျုံးရဲ့ ဝန်ခံတဲ့ သဘောထားမှာ အားနည်းပြီး စုံစမ်းစစ်ဆေးမှု တစ်လျှောက်လုံး မပူးပေါင်းခဲ့ပါဘူး။ ထောင်ကျပြီးမှ သဘောထား ပြောင်းလဲခဲ့ပေမဲ့ ရာဇသတ်ကြီးဥပဒေအရ သူ့ကို ပိုမို ပြင်းထန်စွာ အပြစ်ပေးရမှာ ဖြစ်ပါတယ်"

"ရာဇသတ်ကြီး ပုဒ်မ ၂၃၄ နဲ့ ၃၀၆ အရ ကန်ဂွေကျုံးကို ထောင်ဒဏ် ၁၇ နှစ် ချမှတ်ပြီး တရားလိုဘက်ကို လျော်ကြေးငွေ ၁၃၈,၉၀၀ ယွမ် ပေးလျော်စေရမယ်"

တရားသူကြီးက တူကို ခေါက်လိုက်သည်။

ကန်ဂွေကျုံး ထောင်ဒဏ် ၁၇ နှစ် ကျခံရပြီပဲ။

ကန်ဂွေကျုံးမှာ ကြက်သေသေသွားသည်။

သူသည် ထောင်ထဲတွင် အကုန်ဝန်ခံခဲ့ပြီး မန်းဒယ်လျန်၏ လုပ်ရပ်များအထိ ထုတ်ဖော်ခဲ့သည်။ သို့ပါသော်လည်း ထောင်ဒဏ် ၁၇ နှစ် ချမှတ်ခံရသည်။

ကန်ဂွေကျုံးမှာ အသက် ၅ နှစ်လောက် ပိုအိုမင်းသွားသယောင် ဖြစ်နေသည်။

သူသည် အငြိမ်းစားယူခါနီးအချိန်တွင် ဘဝမှာ ဤသို့ဖြစ်သွားခဲ့ရသည်။

ကန်ဂွေကျုံး ငိုကြွေးလိုက်သည်။

"ကျွန်တော် မှားခဲ့ပါတယ်၊ ကျွန်တော့်အမှားပါ။ အစကတည်းကသာ ကျွန်တော် ဒီလို မလုပ်ခဲ့ရင် တန်ရှင်းရန် ခုန်ချမှာ မဟုတ်ဘူး။ ဒါတွေအားလုံး ကျွန်တော့်အမှားပါ..."

တရားသူကြီး ရှန်းကျားရွေ့က ဆက်လက်၍ "ယန်ခိုင်လုံဟာ တန်ရှင်းရန်ကို အကြိမ်ကြိမ် စော်ကားပြီး ပြစ်ဒဏ်ပေးခဲ့တာကြောင့် တန်ရှင်းရန် ခုန်ချရတဲ့အထိ ဖြစ်စေခဲ့တယ်။ ဒီအမှုမှာ တန်ရှင်းရန် သေဆုံးမှုနဲ့ တိုက်ရိုက်ဆက်စပ်မှု ရှိနေတာကြောင့် ပေါ့ဆမှုကြောင့် လူသေဆုံးစေမှုကျူးလွန်တယ်လို့ သတ်မှတ်ပါတယ်"

"ဖြစ်စဉ်ပြီးနောက် ယန်ခိုင်လုံက ကန်ဂွေကျုံးနဲ့အတူ အထောက်အထားတွေကို ဖျက်ဆီးခဲ့ပါတယ်။ အဓိက တရားခံဖြစ်သူ ယန်ခိုင်လုံက အပြစ်ဝန်ခံတဲ့ သဘောထား အလွန်ညံ့ဖျင်းပြီး ၁၂၀ ကို ချက်ချင်း မခေါ်ခဲ့တာက တန်ရှင်းရန် သေဆုံးရတဲ့ အဓိက အကြောင်းအရင်းပဲ"

"တန်ရှင်းရန်က ကိုယ့်ကိုကိုယ် သတ်သေတာ မှန်ပေမဲ့ စုံစမ်းချက်တွေအရ ခုန်ချပြီးချင်း သူမ မသေဆုံးသေးပါဘူး။ ယန်ခိုင်လုံက ၁၂၀ မခေါ်ဘဲ အထောက်အထား ဖျက်ဆီးဖို့ပဲ ရွေးချယ်ခဲ့ပြီး သူမကို လျစ်လျူရှုခဲ့တယ်။ ဒါ့အပြင် [မင်းရဲရင် ခုန်ချလိုက်လေ၊ အသက်ရှင်တာ အဓိပ္ပာယ်မရှိရင် ခုန်ချလိုက်] လို့ ပြောခဲ့တာက ရည်ရွယ်ချက်ရှိရှိ လူသတ်မှု မြောက်ပါတယ်။ အဲ့ဒါအပြင် တရားရုံးရဲ့ အာဏာကို အကြိမ်ကြိမ် စိန်ခေါ်ခဲ့တာကြောင့် ပြစ်ဒဏ် ပိုမိုကြီးလေးစေပါတယ်"

"ယခုအမှုကို ဆုံးဖြတ်လိုက်ပြီ။ ယန်ခိုင်လုံကို သေဒဏ်ပေးပြီး နိုင်ငံရေးအခွင့်အရေးများ တစ်သက်တာ ဆုံးရှုံးစေရမယ်"

ယန်ခိုင်လုံက တိုက်ရိုက် သေဒဏ် ချမှတ်ခံလိုက်ရသည်။

ယန်ခိုင်လုံ: "…."

သူ့ကို သေဒဏ်ပေးမည်ဟု လုံးဝ မထင်မှတ်ထားပေ။

ယန်ခိုင်လုံ မကျေနပ်စွာဖြင့် "ကျွန်တော် တရားသူကြီးကို မကြောက်ဘူး။ ခင်ဗျားတို့မှာ စွမ်းရည်ရှိရင် ငါ့ကို သတ်ပစ်လိုက်လေ" ဟု အော်ဟစ်သည်။

"ကျွန်တော် လက်မခံဘူး ကျွန်တော် ရှေ့နေရှာမယ်၊ အယူခံဝင်မယ် အယူခံဝင်မယ်"

တရားသူကြီး ရှန်းကျားရွေ့က "ဒီတရားရုံးက နိုင်ငံတော်ရဲ့ အမြင့်ဆုံးပြည်သူ့တရားရုံးပါ။ အယူခံဝင်ဖို့ ဒုတိယအခွင့်အရေး မရှိတော့ပါ" ဟု ပြောလိုက်သည်။

ထိုအချိန်တွင် ယန်ခိုင်လုံ တစ်ယောက်... သေဒဏ်... ငါ တကယ်ပဲ သေဒဏ်ကျခံရတော့မှာလားဟု သဘောပေါက်သွားသည်။

ယန်ခိုင်လုံ၏ ခြေထောက်များ တုန်ယင်လာသည်။

အရာအားလုံး ပြီးဆုံးသွားပြီ။

အစောကတည်းကသာ ဝန်ခံခဲ့ပါက ဤသို့ဖြစ်လာစရာ အကြောင်းမရှိပေ။

သူသည် တမင်သက်သက် လူသတ်မှုဖြင့် စွဲချက်တင်ခံလိုက်ရသည်။

ယန်ခိုင်လုံသည် တန်ရှင်းရန်၏ ကံကြမ္မာကို လုံးဝ ဂရုမစိုက်ခဲ့ပေ။

သူမ ခုန်ချတာက သူမကိစ္စဖြဟ်ပြီး သူက ပျော်စရာသဘောမျိုး ကြည့်နေခဲ့ခြင်းသာ ဖြစ်သည်။ ၁၂၀ ကို မခေါ်ဘဲ သူမကို ဆဲဆိုခဲ့ခြင်းက လူသတ်မှု မြောက်သွားလိမ့်မည်ဟု သူ မထင်ခဲ့ပေ။

"ရှေ့နေ ဂူချန် ဘယ်မှာလဲ ကျွန်တော် သူ့ကိုတွေ့ချင်တယ်။ နောက်တစ်ခါ အခွင့်အရေး ပေးပါဦး။ ကျွန်တော် ဝန်ခံပါ့မယ်... အခုတစ်ခါ သေချာ ဝန်ခံပါ့မယ်... လျော်ကြေးလည်း ပေးပါ့မယ် ကျွန်တော့် မိသားစုက ချမ်းသာတယ်"

ယန်ခိုင်လုံ တောင်းပန်သည်။

တရားသူကြီး ရှန်းကျားရွေ့က "တိတ်တိတ်နေ" ဟု အမိန့်ပေးသည်။

ယန်ခိုင်လုံမှာ တစ်ကိုယ်လုံး တုန်ယင်လျက် မျက်နှာမှာလည်း ပြာနှမ်းနေသည်။

ရှန်းကျားရွေ့က ဆက်ပြောသည်။

"၇ ရက်ကြာ စုံစမ်းစစ်ဆေးမှုအတွင်း မန်းဒယ်လျန်က တန်ရှင်းရန်ရဲ့ သေတမ်းစာကို သိရှိထားပြီး ဘာမှမသိသယောင် ဟန်ဆောင်ကာ အထောက်အထား ဖျက်ဆီးခြင်း၊ စောင့်ကြည့်မှတ်တမ်း ဖျက်ခြင်း၊ တန်ရှင်းရန် ခုန်ချပြီး ၂၅ မိနစ်ကြာမှ ၁၂၀ ကို ခေါ်ခြင်း၊ သေဆုံးပြီးနောက် ဈာပနလုပ်ငန်းကို လာဘ်ပေးခြင်း စတဲ့ အပြုအမူတွေက အရမ်းကို ဆိုးဝါးပါတယ်"

"မန်းဒယ်လျန်က လင်းယုန်စီမံချက်ကို စတင်ပြီး ကျောင်းသားတွေကို ကျောင်းထုတ်ဖို့ အကြိမ်ကြိမ် လုပ်ဆောင်ခဲ့တာဟာလည်း ပြင်းထန်ပါတယ်။ ဒါ့အပြင် အပြစ်ဝန်ခံတဲ့ သဘောထားမှာ အလွန်ညံ့ဖျင်းပြီး တစ်နှစ်အကြာမှာ လန်ရှောင်ချူးကို အွန်လိုင်းမှ အနိုင်ကျင့်ဖို့ လူငှားခြင်း၊ ကောလာဟလ ဖြန့်ခြင်းကြောင့် လန်ရှောင်ချူး သတ်သေရတဲ့ ဖြစ်စဉ်မှာ တိုက်ရိုက် တာဝန်ရှိပါတယ်"

"အခု စီရင်ချက် ချမှတ်တော့မယ်"

အခန်း ၁၂၀

"တရားခံ မန်းဒယ်လျန်က အထောက်အထားတွေကို ဖျက်ဆီးခဲ့တယ်၊ ပေါ့ဆမှုကြောင့် လူသေဆုံးစေခဲ့တယ်၊ ကောလာဟလတွေ ဖြန့်ဝေပြီး သူတစ်ပါးကို စော်ကားမော်ကား စွပ်စွဲခဲ့တယ်။ ဒါတင်မကဘဲ... လန်ရှောင်ချူးကို ကိုယ့်ကိုကိုယ် သတ်သေသွားအောင် တမင်တိုက်တွန်း လှုံ့ဆော်ခဲ့တဲ့အတွက်... ရည်ရွယ်ချက်ရှိရှိ လူသတ်မှုကို ကျူးလွန်ခဲ့ကြောင်း အထင်အရှား တွေ့ရှိရပါတယ်"

"ဒါကြောင့်...တရားခံ မန်းဒယ်လျန်ကို သေဒဏ်ချမှတ်လိုက်ပြီး သူ့ရဲ့ နိုင်ငံရေးအခွင့်အရေး အားလုံးကိုလည်း တစ်သက်တာလုံး ပိတ်သိမ်းစေရမယ်..."

တရားသူကြီး ရှန်းကျားရွေ့ စီရင်ချက်ကို အဆုံးသတ်လိုက်သည်။

မန်းဒယ်လျန်မှာ သေဒဏ်ဟု ကြားလိုက်ရသည့်အခါ ကြက်သေသေသွားပြီး တစ်ကိုယ်လုံး ရေခဲတမျှ အေးစက်သွားကာ ထိုနေရာတွင်ပင် သတိမေ့ကာ လဲကျသွားသည်။

သေဒဏ်ဆိုသည်မှာ ပြောင်းလဲ၍ မရတော့ပေ။

တရားသူကြီး ရှန်းကျားရွေ့က ကျန်ရှိသော စီရင်ချက်များကို ဆက်လက် ကြေညာသည်။

အွန်လိုင်းမှ အနိုင်ကျင့်ခဲ့သူ ၈ ယောက်ကို ပြစ်မှု ပြင်းထန်သည့်အတွက် ထောင်ဒဏ် ၃ နှစ်စီ ချမှတ်သည်။

တန်ရှင်းရန်၏ အလောင်းကို ခွင့်ပြုချက်မရှိဘဲ မီးသင်္ဂြိုဟ်ပြီး ငွေကြေးယူခဲ့သည့် ဈာပနလုပ်ငန်းမှ ဝန်ထမ်းနှစ်ဦးကို ထောင်ဒဏ် ၁ နှစ်ခွဲစီ ချမှတ်ကာ ဈာပနလုပ်ငန်းကို လျော်ကြေးငွေ ၉၆,၀၀၀ ယွမ် ပေးလျော်စေရန် အမိန့်ချမှတ်လိုက်သည်။

ဤသို့ဖြင့် တရားခွင်မှာ အဆုံးသတ်သွားခဲ့သည်။

ယန်ခိုင်လုံနှင့် မန်းဒယ်လျန်တို့ သေဒဏ်၊ ကန်ဂွေကျုံး ထောင်ဒဏ် ၁၇ နှစ်။

ဂူချန်သည် ဗင်ကားနှစ်စီးစာ တရားခံများကို အပြစ်ပေးနိုင်ခဲ့သည်။

ဤအမှုမှာ အလွန်ကြီးမားသည့် အမှုဖြစ်သော်လည်း ဂူချန်တစ်ယောက်တည်း အနိုင်ရအောင် စွမ်းဆောင်နိုင်ခဲ့သည်။

သူ့ကို တားဆီးရန် ပြိုင်ဘက် ရှေ့နေများမှာပင် တရားခွင်သို့ မဝင်ရဲဘဲ ကြိုတင် ရှောင်ထွက်သွားကြသည်။

အင်တာနက်ပေါ်တွင် ဂူချန်၏ အမည်မှာ လွှမ်းမိုးသွားပြီး သူ၏ အောင်မြင်မှုကို ချီးကျူးနေကြသည်။

[ရှေ့နေဂူက တကယ့်ကို ထိပ်တန်းပဲ။ သူက အလုပ်သင်ရှေ့နေ ဆိုတာထက် တကယ့် ရှေ့နေရုံးပိုင်ရှင် တစ်ယောက်လိုပါပဲ]

[ဗင်ကား နှစ်စီးစာ တရားခံတွေကို ထောင်ထဲပို့လိုက်တာ... ဒါက တကယ့်ကို အံ့မခန်းပါပဲ]

ဂူချန်သည် စီရင်ချက်ကို ကြားသိလိုက်ရသည်။

မျက်လုံးများ နီရဲနေသော ရွှယ်ချင်းချင်းက "သူဌေး ကျွန်မတို့ အမှုနိုင်ခဲ့ပါပြီ... ဒါပေမဲ့..." ဟု ပြောလိုက်ရာ ဂူချန်က သက်ပြင်းချလိုက်သည်။

"တန်းကျန်းကောကို နောက်ဆုံးနှုတ်ဆက်ဖို့ သွားကြရအောင်။ ဒီနေ့အတွက် အလုပ်ချိန်တွေကို အကုန်ဖျက်လိုက်တော့"

ဂူချန်က ပြောသည်။

ရွှယ်ချင်းချင်းသည် သူမ၏ သူဌေး တန်းကျန်းကောအတွက် အိပ်ရေးပျက်ခံကာ အလုပ်လုပ်ခဲ့ပုံကို ကောင်းစွာ သိသည်။

အမှုနိုင်သော်လည်း တန်းကျန်းကော မရှိတော့သည့်အတွက် အားလုံးမှာ ဝမ်းနည်းကြေကွဲနေကြရသည်။

"ရှေ့နေတွေအနေနဲ့ ဥပဒေရဲ့ တရားမျှတမှုကို အမြဲ ကာကွယ်ရမယ်။ လုပ်ရမယ့်တာဝန်ကို လုပ်ဆောင်သွားရမယ်"

ဂူချန်က ပြောသည်။

"တန်းကျန်းကောရဲ့ ပိုင်ဆိုင်မှုတွေကို သူ မှာခဲ့တဲ့အတိုင်းပဲ လုပ်ကြရအောင်။ ဆင်းရဲနွမ်းပါးတဲ့ ကလေးငယ်တွေနဲ့ ဆေးကုသစရိတ် လိုအပ်နေတဲ့ ကလေးတွေကို လှူဒါန်းလိုက်ပါ။ အခုအချိန်မှာ ကျွန်တော်တို့ တတ်နိုင်တာ ဒါပဲ ရှိတော့တယ်"

ဂူချန်က ပြောလိုက်သည်။

ရွှယ်ချင်းချင်းသည် မျက်ရည်များ ဝဲလျက် "တန်းကျန်းကောရဲ့ မိဘတွေရော၊ ဇနီး၊ သမီးတွေပါ အကုန်မရှိတော့ဘူး... သူတစ်ယောက်တည်း ကျန်ခဲ့ပြီး အခုတော့ သူပါ ထွက်သွားခဲ့ပြီ..." ဟု ပြောရင်း ငိုရှိုက်နေတော့သည်။

ဂူချန်က "သူ့ကို နောက်ဆုံးနှုတ်ဆက်ဖို့ သွားကြရအောင်" ဟု ပြောလိုက်သည်။

ထိုနေ့တွင် တန်းကျန်းကော မိသားစုကို နောက်ဆုံးနှုတ်ဆက်ရန် မြို့သူမြို့သားများစွာမှာ လမ်းမပေါ်သို့ အလိုအလျောက် စုရုံးရောက်ရှိလာကြသည်။

ဤဖြစ်ရပ်ကို မီဒီယာများက ဖော်ပြခဲ့ကြသလို အွန်လိုင်းတွင်လည်း ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့သွားသည်။

နိုင်ငံသားများစွာသည် တန်းကျန်းကော မိသားစုအတွက် ဝမ်းနည်းကြောင်း ပြသခဲ့ကြသည်။ အရာအားလုံးက ဤသို့ ဖြစ်ပျက်မသွားသင့်ခဲ့ဘူးဟု သူတို့အားလုံး ခံစားနေရသည်။

...

...

ဂူချန်မှာလည်း အင်တာနက်တွင် အလွန်ထင်ရှားကျော်ကြားလာသည်။

ဂူချန်သည် ဆက်တိုက်ဆိုသလို အမှု ၄ ခုကို တရားစွဲခဲ့ရာ ၄ ခုစလုံးတွင် အနိုင်ရရှိခဲ့သည်။ တရားလိုရှေ့နေအဖြစ်ဖြစ်စေ၊ တရားခံရှေ့နေအဖြစ်ဖြစ်စေ သူသည် ၁၀၀ ရာခိုင်နှုန်း အနိုင်ရရှိသည့် ရှေ့နေတစ်ဦး ဖြစ်လာသည်။

လက်ရှိတွင် ဂူချန်၏ ရှေ့နေရုံးမှာလည်း အရှိန်အဟုန်ဖြင့် တိုးတက်လာပြီး အရည်အချင်းရှိသည့် ရှေ့နေများစွာကလည်း သူ့ရုံးတွင် အလုပ်လုပ်ရန် စိတ်အားထက်သန်နေကြသည်။

...

နောက်တစ်နေ့ နံနက်တွင် နိုင်ငံသားများစွာမှာ တန်းကျန်းကော မိသားစုကို နောက်ဆုံးနှုတ်ဆက်ရန် ပန်းများ၊ သစ်သီးများယူဆောင်၍ လမ်းမပေါ်တွင် စုရုံးနေကြဆဲပင်။

ဂူချန်လည်း ထိုလူအုပ်ထဲတွင် ပါဝင်နေသည်။

တန်းကျန်းကော မိသားစုကို နောက်ဆုံးနှုတ်ဆက်ပြီးနောက် ဂူချန်နှင့် ရွှယ်ချင်းချင်းတို့ ရှေ့နေရုံးသို့ ပြန်ရန် ပြင်ဆင်ကြသည်။

ဤကာလအတွင်း အလွန်ပင်ပန်းနွမ်းနယ်နေခဲ့သည့် ဂူချန်မှာ အနားယူရန် စိတ်ကူးထားသည်။

သို့သော် ဂူချန် ကားပေါ်တက်ခါနီးတွင် မိန်းကလေးတစ်ယောက် ရောက်လာပြီး ဂူချန်ကို မြင်သည်နှင့် ဒူးထောက်လိုက်သည်။

"ရှေ့နေဂူ..."

မိန်းကလေးမှာ ဂူချန်ကို မျှော်လင့်ချက်အပြည့်ဖြင့် ကြည့်နေသည်။

သူမသည် ဤနေရာတွင် ကြာမြင့်စွာကတည်းက စောင့်ဆိုင်းနေခဲ့ခြင်းပင်။

"မင်းက ဘယ်သူလဲ။ ထပါ ဒူးမထောက်ပါနဲ့"

ဂူချန်က သူမကို အမြန်ဆုံး ထူမလိုက်သည်။

"ရှေ့နေဂူ ကျွန်မမှာ အမှုတစ်ခုရှိပါတယ်။ ရှင်ပဲ ကူညီပေးနိုင်မှာပါ၊ ကျေးဇူးပြုပြီး ကူညီပေးပါ"

သူမက တောင်းဆိုရှာသည်။

"ရှေ့နေရုံးရောက်မှ အသေးစိတ် ပြောကြရအောင်။ စိတ်ကို တည်ငြိမ်အောင် ထားပါ"

ဂူချန်က နှစ်သိမ့်လိုက်သည်။

ရှေ့နေရုံးသို့ ရောက်သောအခါ မိန်းကလေးမှာ အနည်းငယ် စိတ်တည်ငြိမ်သွားသည်။

"ရှေ့နေဂူ ကျွန်မနာမည် လျူရှောင်နန်ပါ။ ကျွန်မရဲ့ အစ်ကိုနာမည်က လျူဂျွန်ပါ။ ကျွန်မ အစ်ကိုအတွက် တရားမျှတမှု ရချင်လို့ ရောက်လာတာပါ။ ကျွန်မအစ်ကို လျူဂျွန်က အသက် ၂၂ နှစ်ပဲ ရှိပါသေးတယ်။ ကောလိပ် မတက်ခဲ့ရဘဲ ဂိမ်းဆော့ဖ်ဝဲလ်အလုပ်နဲ့ အသက်မွေးပြီး မိသားစုကို ကောင်းကောင်း ထောက်ပံ့ပေးနေသူပါ။ ဒါပေမဲ့ အခုတော့ သူ မရှိတော့ပါဘူး"

"လွန်ခဲ့တဲ့ ၅ ရက်က သူ မြစ်ထဲကို ခုန်ချသွားခဲ့တာပါ။ အခုတော့ ကျွန်မတို့ အစ်ကို့ရဲ့ ရုပ်

အလောင်းကို ပြန်တွေ့ပါပြီ..." ဟု ပြောရင်း လျူရှောင်နန်မှာ မျက်ရည်ကျလာသည်။

"သူ ဘာကြောင့် မြစ်ထဲခုန်ချရတာလဲ"

ဂူချန်က မေးသည်။

"ကျွန်မအစ်ကိုက ပိုက်ဆံအတွက်ပဲ ချဉ်းကပ်တဲ့ မိန်းကလေးတစ်ယောက်နဲ့ တွဲနေခဲ့တာပါ။ အဲဒီမိန်းကလေးက အစ်ကို့ဆီကနေ ငွေတွေကို အမျိုးမျိုး နည်းလမ်းရှာပြီး တောင်းနေတာပါ။ သူတို့တွဲနေတဲ့ ကာလအတွင်းမှာပဲ ကျွန်မအစ်ကိုက သူမကို ငွေ ၆ သိန်းခွဲအထိ လွှဲပေးခဲ့ရတယ်။ ပိုက်ဆံအကုန်လုံးကို သူမဆီ လွှဲပေးခဲ့တာပါ"

"ဝမ်ကျူးလို့ခေါ်တဲ့ အဲဒီမိန်းမက အစ်ကို့ကို ဒါဝယ်ပေး၊ ဟိုဟာဝယ်ပေးဆိုပြီး ငွေတွေ အမြဲတောင်းနေတာ။ ကျွန်မအစ်ကိုက သူကိုယ်တိုင်တောင် ဈေးကြီးတဲ့ အစားအစာတွေ မစားရဲဘဲ ကြိုးစားပြီး ငွေရှာပြီး သူမကို ပို့ပေးခဲ့တာပါ။ ဒါပေမဲ့ အစ်ကို့ဆီမှာ ပိုက်ဆံကုန်သွားတဲ့အခါ ဝမ်ကျူးက လမ်းခွဲလိုက်တယ်။ အဲဒါကို အစ်ကို မခံနိုင်တော့ဘဲ မြစ်ထဲ ခုန်ချသွားတာပါ"

"ရှေ့နေဂူ ကျွန်မကို ကူညီပေးပါ။ အစ်ကို့ရဲ့ ပိုက်ဆံ ၆ သိန်းခွဲကို ပြန်ရချင်ပါတယ်။ အဲဒါ အစ်ကို့ရဲ့ ပိုက်ဆံတွေပါ။ အဲဒီမိန်းမက အဲဒီပိုက်ဆံတွေကို တခြားယောက်ျားတစ်ယောက်နဲ့ ဖြုန်းတီးနေတာကို ကျွန်မ မကြည့်ရက်ပါဘူး... ဒါ ကျွန်မအစ်ကို့ ပိုက်ဆံတွေပါ"

လျူရှောင်နန်က ပြောလိုက်သည်။

All Chapters