← Chapters

အခန်း ၂၁၃

Vol. 22 Ch. 213

အခန်း ၂၁၃

Vol. 22 Ch. 213

အခန်း။ ၂၁၃

ညနေစောင်းသို့ ရောက်ရှိလာသည့်အခါ ညကောင်းကင်ယံကြီးမှာ မှောင်မိုက်၍ နိမ့်ဆင်းလာခဲ့တော့သည်။

ဤနေရာမှာ မြက်ခင်းပြင်ဒေသ ဖြစ်ခြင်းကြောင့် ကောင်းကင်ထက်မှ ကြယ်တာရာများမှာ လက်လှမ်းမီနိုင်လောက်သည့်အလား ထင်မှတ်ရ၏။

မည်သည့်အရပ်မျက်နှာသို့မဆို လှမ်းကြည့်လိုက်လျှင် လင်းလက်တောက်ပနေသော ကြယ်ကလေးများကို သလင်းကျောက်တုံးလေးများအလား မြင်တွေ့နိုင်သည်။

ဝမ်ပင်းက ယွီမိုနှင့် အခြားလူများကို လမ်းမပေါ်တွင် ၎င်းတို့ဘာသာ လွတ်လပ်စွာ လျှောက်လည်ခွင့် ပေးထားခဲ့ပြီး သူကိုယ်တိုင်ကမူ ဇန်ထိုင်မိသားစု စံအိမ်ရှိရာဆီသို့ တည့်တည့်မတ်မတ် ဦးတည်၍ ထွက်ခွာလာခဲ့၏။

ဒေါက်...

တံခါးဝရှိ ကြေးကွင်းကြီးကို ခပ်ဖွဖွ တစ်ချက် ခေါက်လိုက်သည်။

မကြာမီအချိန်အတွင်းမှာပင် အတွင်းပိုင်းဆီမှနေ၍ ခြေသံများ နီးကပ်လာခဲ့ပြီးနောက် ကျွိဟူသော အသံနှင့်အတူ တံခါးကြီး ပွင့်ဟသွားခဲ့တော့၏။

"အို..."

ဇန်ထိုင်ယဲ့သည် ဝမ်ပင်းကို မြင်တွေ့လိုက်ရသည့်အခါတွင်မူ သူတို့နှစ်ဦးမှာ အလွန်တရာ ရင်းနှီးကျွမ်းဝင်နေကြပြီး မတွေ့ရသည်မှာ ကြာမြင့်နေပြီဖြစ်သော မိတ်ဆွေဟောင်းကြီးများအလား အတိုင်းမသိ ဝမ်းမြောက်ဝမ်းသာ ဖြစ်သွားခဲ့ရရှာသည်။

အမှန်တကယ်တော့... သူတို့နှစ်ဦးစလုံးမှာ တစ်ယောက်နှင့်တစ်ယောက် နာမည်ကိုပင် မမေးမြန်းရသေးပေ။

ဝမ်ပင်းက တိုက်ရိုက်ပင် မေးလိုက်၏။

"ညီမလေး... အစ်ကို အထဲကိုဝင်ပြီး ခဏလောက် ထိုင်လို့ရမလားဟင်"

ဇန်ထိုင်ယဲ့က ချက်ချင်းပင် သဘောမတူသေးဘဲ တောင်စောင့်ခွေးကြီး ဟားဟားကို ပြုံးလျက် တစ်ချက်ကြည့်လိုက်ပြီးမှ အလျင်အမြန် ပြောလိုက်သည်။

"အင်း... သမီး အဘွားကို အရင်သွားမေးလိုက်ဦးမယ်နော်"

ဝမ်ပင်းက ခေါင်းညိတ်ပြလိုက်၏။

ဇန်ထိုင်ယဲ့ ထွက်ခွာသွားပြီးနောက် မကြာမီမှာပင် အလျင်အမြန် ပြန်လည်ရောက်ရှိလာခဲ့သည်။ ဝမ်ပင်းအနေဖြင့်မူ ထိုကဲ့သို့သော မြင့်မြတ်လှသည့် ပုဂ္ဂိုလ်ကြီးများသည် ပုံမှန်အားဖြင့် ထူးဆန်းသော စရိုက်ဆိုးများ ရှိတတ်ကြသဖြင့် တံခါးဝမှနေ၍ အငြင်းခံရနိုင်ခြေရှိကြောင်းကို ကြိုတင်တွေးတော ထည့်သွင်းထားခဲ့ပြီး ဖြစ်သည်။

အထက်တန်း နက်နဲသောအဆင့် ကျင့်ကြံခြင်းအဆင့်ဖြင့်ဆိုလျှင် အရှေ့အိုင်ဒေသတစ်ခုလုံးကိုပင် အထက်စီးမှ ငုံ့မိုးကြည့်ရှုနိုင်သည်။

ထို့အပြင် သူမက ဝဲကရက် မှော်ဆရာတစ်ဦး ဖြစ်နေခြင်းကြောင့် သူမ၏ အဆင့်အတန်းမှာ နတ်ဘုရားနက်နဲသောအဆင့်ကျင့်ကြံသူတစ်ဦးနှင့်ပင် နှိုင်းယှဉ်နိုင်သည်။

ထို့ကြောင့်ပင် ထူးဆန်းသော စရိုက်ရှိနေခြင်းမှာ သဘာဝကျလှ၏။

သို့သော်လည်း ဇန်ထိုင်ချင်ရွှမ်းက ယခုကဲ့သို့ လွယ်လွယ်ကူကူ သဘောတူလိမ့်မည်ဟု ဝမ်ပင်း တကယ် ထင်မထားခဲ့မိပေ။

"အစ်ကို... အထဲကို ဝင်ခဲ့ပါ"

ဇန်ထိုင်ယဲ့က ဝမ်ပင်းကို အထဲသို့ ဖိတ်ခေါ်လိုက်သည်။ ဝမ်ပင်းသည် ဇန်ထိုင်ယဲ့၏ နောက်မှ လိုက်ပါလျက် ရှည်လျားလှသော စင်္ကြံလမ်းအတိုင်း တဖြည်းဖြည်းချင်း လျှောက်လှမ်းလာခဲ့တော့၏။

ဤစံအိမ်ကြီးမှာ အလွန်တရာ ကျယ်ဝန်းလှသော်လည်း အစေခံတစ်ဦးတစ်ယောက်မျှကိုမျှ မြင်တွေ့ရခြင်း မရှိပေ။

သို့သော်လည်း ကြမ်းပြင်တစ်ခုလုံးမှာမူ အလွန်အမင်း သန့်ရှင်းသပ်ရပ်နေခဲ့သည်။

ဝဲကရက် မှော်ဆရာတစ်ဦး၏ နေအိမ်ဖြစ်ခြင်းကြောင့် ဝမ်ပင်းသည် မတတ်နိုင်ဘဲ ပတ်ဝန်းကျင်ကို ဝေ့ပတ်၍ အကဲခတ်ကြည့်ရှုမိလိုက်၏။

သို့သော်လည်း သာမန်လူသားတို့၏ နေအိမ်နှင့် ဘာမျှ ကွာခြားမှု မရှိလှပေ။

မကြာမီအချိန်အတွင်းမှာပင် ဝမ်ပင်းသည် နောက်ဖေးဥယျာဉ်ထဲရှိ ပြာသာဒ်ဆောင်တစ်ခု၏ အပြင်ဘက်သို့ ရောက်ရှိလာခဲ့တော့သည်။

အဘွားအိုဖြစ်သူ ဇန်ထိုင်ချင်ရွှမ်းသည် ထိုနေရာ၌ ထိုင်နေခဲ့ပြီး ဝမ်ပင်းကို တစ်ချက်မျှပင် လှည့်မကြည့်ဘဲ ပြာသာဒ်ဆောင်ဘေးရှိ ရေကန်ထဲမှ ငါးကလေးများကို အစာကျွေးနေခဲ့၏။ သူမက လက်ဖြင့် ငါးစာများကို ဆုပ်ကိုင်လျက် ရေကန်ထဲသို့ ဝဲပက်လိုက်ရင်း "ကောင်လေး... ပြောစမ်းပါဦး မင်း ငါ့ဆီကို တစ်ခေါက်ပြီးတစ်ခေါက် လာရောက်ရှာဖွေနေရတဲ့ အဓိက ရည်ရွယ်ချက်က ဘာလဲ" ဟု ပြောလိုက်သည်။

ဝမ်ပင်းက ပွင့်ပွင့်လင်းလင်းပင် ဖွင့်ဟလိုက်၏။

"စီနီယာ... ကျွန်တော် အဲဒီသေတ္တာလေးရဲ့ လျှို့ဝှက်ချက်ကို ဖော်ထုတ်ဖို့အတွက် ကြိုးစားကြည့်ချင်လို့ပါ"

ဇန်ထိုင်ချင်ရွှမ်းက "ငါသိသလောက်တော့... မသေမျိုးဂိုဏ်းဆိုတာ ကြယ်ပွင့်မရှိတဲ့ ဂိုဏ်းငယ်လေးတစ်ခုပဲ မဟုတ်လား" ဟု ပြောလိုက်သည်။

"စီနီယာက... ဒီနေ့ပဲ ကျွန်တော့်အကြောင်းကို စုံစမ်းထားတာလားဟင်"

"စုံစမ်းတာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ငါက ဟွမ်လီမြို့တော်ရဲ့ ကိစ္စရပ်တွေကို အမြဲတမ်း သိရှိနေလို့ပါပဲ။ ဂိုဏ်းပေါင်းစုံမဟာမိတ်အဖွဲ့ရဲ့ အဖွဲ့ဝင်လည်း မဟုတ်ဘဲနဲ့... ဟွမ်လီမြို့တော်ထဲမှာ သူတစ်ပါးကို အာခံရဲတဲ့ ကြယ်ပွင့်မရှိတဲ့ ဂိုဏ်းငယ်လေးဆိုလို့... မင်းက ပထမဦးဆုံးပဲ"

ဝမ်ပင်းက ခပ်ဖွဖွ ရယ်မောလိုက်မိပြီး "စီနီယာကလည်း ချီးမွမ်းလွန်းနေပါပြီဗျာ။ ကျွန်တော်က အဲဒီသေတ္တာလေးကို ဖွင့်ဖို့အတွက် ကြိုးစားခွင့်ရှိမလားလို့ပဲ မေးမြန်းချင်တာပါ" ဟု ဆိုလိုက်၏။

"သေတ္တာလေးရဲ့ ကိစ္စက အမှန်တရားဖြစ်တာတော့ ဟုတ်ပါတယ်။ ဒါပေမဲ့ ငါက ဘယ်တော့မှ ကြယ်ပွင့်မရှိတဲ့ ဂိုဏ်းငယ်တစ်ခုထဲကို ဝင်မှာ မဟုတ်ဘူး။ ဒါကြောင့် မင်းမှာ အရည်အချင်းရှိလို့ အဲဒီသေတ္တာလေးကို ဖွင့်နိုင်ခဲ့ရင်တောင်မှ... ငါက မင်းရဲ့တောင်းဆိုမှုကို သဘောတူမှာ မဟုတ်ဘူး။ ငါ့မှာ သူတစ်ပါးရဲ့ နောက်ခံအကာအကွယ် လုပ်ပေးရတဲ့ အကျင့် လုံးဝမရှိလို့ပဲ"

ဇန်ထိုင်ချင်ရွှမ်းသည် သူမ၏ အစာကျွေးနေသော လှုပ်ရှားမှုများကို ရုတ်ချည်း ရပ်တန့်လိုက်၏။

အမှန်အတိုင်းပြောရလျှင် သူမအနေဖြင့် ဝမ်ပင်းသည် သူမ မြင်တွေ့ဖူးသမျှသော လူငယ်များထဲတွင် အထူးခြားဆုံးသော လူငယ်တစ်ဦး ဖြစ်သည်ဟု ထင်မြင်မိသည်။

သူမ၏ အဆင့်အတန်းနှင့် အစွမ်းအစကို သိရှိထားသည့်တိုင်အောင် သူသည် အလွန်အမင်း တည်ငြိမ်နေဆဲပင်။

ထင်ရှားစွာပင် သူက ကြယ်ပွင့်မရှိသော ဂိုဏ်းငယ်လေးတစ်ခု၏ ဂိုဏ်းချုပ်သာ ဖြစ်သော်လည်း သူမကို သူ့ဂိုဏ်းထဲသို့ ဆွဲဆောင်စည်းရုံးရန်အတွက် ယခုကဲ့သို့ ရဲရဲဝံ့ဝံ့ လာရောက်ပြောဆိုရဲသည်။

သို့သော်လည်း နှမြောစရာကောင်းလှသည်မှာ သူမသည် အထက်တန်း နက်နဲသောအဆင့် ကျင့်ကြံသူတစ်ဦးနှင့် ဝဲကရက် မှော်ဆရာတစ်ဦး ဖြစ်သော်လည်း သူတစ်ပါး၏ နောက်ခံအကာအကွယ်အဖြစ် အသုံးတော်ခံရန် အကျင့်မရှိပေ။

ကြယ်ပွင့်မရှိသော ဂိုဏ်းငယ်လေးတစ်ခု၏ နောက်ခံအကာအကွယ် ဖြစ်လာဖို့ဆိုသည်မှာမူ ပို၍ပင် မဖြစ်နိုင်လှပေ။

ဝမ်ပင်းက ပြုံးလျက် ပြန်လည်တုံ့ပြန်လိုက်၏။

"စီနီယာ... ကျွန်တော်က ဒီကို နောက်ခံအကာအကွယ်တစ်ခု ရှာဖွေဖို့အတွက် လာခဲ့တာ မဟုတ်ပါဘူး"

"ဒါဆိုရင် မင်းက ဘာအတွက် လာခဲ့တာလဲ"

"ကျွန်တော် ခံစားရတာကတော့... မသေမျိုးဂိုဏ်းမှာ အရာတစ်ခုခု လိုအပ်နေလို့ပဲ ဖြစ်ရမယ်။ ဒါကြောင့်မို့လို့ ကျွန်တော် ဒီကို လာခဲ့တာပါ"

"ဘာကို လိုအပ်နေတာလဲ"

ဇန်ထိုင်ချင်ရွှမ်းက သရော်သလို ပြုံးလိုက်မိပြီး ထိုစကားလုံးများကို အနည်းငယ်မျှပင် မယုံကြည်ပေ။

ဘယ်ဂိုဏ်းကများ ဝဲကရက် မှော်ဆရာတစ်ယောက်ကို မလိုအပ်ဘဲ နေပါ့မလဲ။

ထိုအရာကို ဝမ်ပင်းအနေဖြင့် သီးသန့် ဖွင့်ဟပြောဆိုနေရန်ပင် မလိုအပ်လှပေ။

"စီနီယာ... ကျွန်တော်က စိတ်ရင်းမှန်နဲ့ မသေမျိုးဂိုဏ်းထဲကို ဝင်ဖို့ ဖိတ်ခေါ်တာပါ။ စီနီယာအနေနဲ့ ဒါကို သေသေချာချာ စဉ်းစားပေးလိမ့်မယ်လို့လည်း မျှော်လင့်ပါတယ်။ ဝဲကရက် မှော်ဆရာတစ်ယောက်အနေနဲ့ စီနီယာဟာ လပေါင်းများစွာ အလုပ်ရှုပ်နေတတ်ပြီး... မြေးမလေးကို ပစ်ထားရလေ့ရှိတယ်။ ဒါပေမဲ့ သူမက ကျင့်ကြံခြင်းလမ်းစဉ်ကို အခုမှ စတင်နေတာဖြစ်ပြီး... ကောင်းမွန်တဲ့ ပတ်ဝန်းကျင်နဲ့ လမ်းညွှန်ပြသမယ့်သူ တကယ်လိုအပ်နေတာပါ"

ဇန်ထိုင်ချင်ရွှမ်းက အေးစက်စွာ မေးလိုက်၏။

"မင်းပြောချင်တာက... ငါ့ရဲ့မြေးမလေးက အဆင့် ၁၁ ရောက်နေတာတောင် ငါ့ကြောင့် လမ်းစပျောက်နေရတယ်လို့ ဆိုလိုတာလား"

"ဒီလိုပြောရင်လည်း မမှားပါဘူး"

ဝမ်ပင်းက ခေါင်းညိတ်လိုက်ပြီးနောက် ဆက်လက်၍ "စီနီယာ... ကျွန်တော့်ရဲ့ အကြံပြုချက်ကို စဉ်းစားပေးဖို့ မျှော်လင့်ပါတယ်။ စီနီယာက ဟွမ်လီမြို့တော်ရဲ့ ကိစ္စရပ်တွေကို သိတယ်ဆိုရင်... မသေမျိုးဂိုဏ်းက တပည့်တွေရဲ့ ပါရမီအကြောင်းကိုလည်း ကောင်းကောင်းကြီး သိထားမှာပေါ့ ဟုတ်တယ်မလား"

ဇန်ထိုင်ချင်ရွှမ်းသည် ခဏမျှ စကားမပြောနိုင်တော့ပေ။

အသက် ၁၅ နှစ်အရွယ်နှင့် စင်ကြယ်သောခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားပြီး ခန္ဓာကိုယ်သန့်စင်ခြင်းနယ်ပယ် အဆင့်ခုနစ်သို့ ရောက်ရှိနေသူ၊ နောက်တစ်ယောက်ကမူ ခန္ဓာကိုယ်သန့်စင်ခြင်းနယ်ပယ် အဆင့်တစ်ဆယ့်သုံးသို့ ရောက်ရှိနေပြီး စင်ကြယ်သောခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသည့်အပြင် ထူးခြားဆန်းပြားသော သွေးကြောစွမ်းရည်နှင့် ဆင်တူသည့် အမွေအနှစ်အတတ်ပညာကိုပါ ထုတ်ဖော်နိုင်သူပင်။

သူတို့နှင့် နှိုင်းယှဉ်လျှင်မူ ထိုနှစ်ယောက်စလုံးက သူမ၏ မြေးမလေးထက် သာလွန်နေသည်မှာ အမှန်ပင်။

သူမ၏ မြေးမလေးမှာမူ ဆေးဝါးကုန်ကြမ်း အရင်းအမြစ်များစွာ၏ အကူအညီဖြင့်သာ အတင်းအကျပ် အဆင့်တက်လှမ်းထားရခြင်းပင်။

သူမသည် ခန္ဓာကိုယ်သန့်စင်ခြင်းနယ်ပယ် အဆင့်၁၁သို့ ရောက်ရှိနေသည်ဟု ဆိုသော်လည်း သူမ တကယ်တမ်း တတ်မြောက်ထားသောအစွမ်းမှာ ခန္ဓာကိုယ်သန့်စင်ခြင်း အဆင့်ရှစ် ကျင့်ကြံသူတစ်ဦးနှင့်သာ ညီမျှသဖြင့် အဆင့်၁၁ ကျင့်ကြံသူများထဲတွင် အားနည်းဆုံး ဖြစ်နေခဲ့သည်။

ဇန်ထိုင်ချင်ရွှမ်း တုန်လှုပ်သွားသည်ကို မြင်လိုက်ရသည့်အခါတွင်မူ ဝမ်ပင်းသည် လုကျန်းယီ ပြောပြခဲ့သော ပထမဆုံးအချက်မှာ မှားယွင်းခြင်းမရှိကြောင်း သဘောပေါက်လိုက်၏။

ဇန်ထိုင်ချင်ရွှမ်းသည် သူမ၏ မြေးမလေးကို အသက်ထက်မက တန်ဖိုးထားလွန်းသည်။

အခြေအနေက ဒီလိုဖြစ်နေမှတော့... အလျော့အတင်းလုပ်ပြီး ဆွဲဆောင်တာကမှ... အလုပ်ကို ပိုပြီး အဆင်ပြေချောမွေ့သွားစေမှာ….

"စီနီယာ... ဒီနေ့တော့ တော်တော်လေးလည်း မိုးချုပ်နေပြီဆိုတော့... ကျွန်တော် အရင်ဦးဆုံး ပြန်ခွင့်ပြုပါဦးမယ်"

ထိုသို့ပြောပြီးနောက် ဝမ်ပင်းက မတ်တတ်ရပ်လိုက်၏။

ဇန်ထိုင်ချင်ရွှမ်းက ချက်ချင်းပင် "မနက်ဖြန်ကျရင် ပြန်လာခဲ့လိုက်ဦး။ အကယ်၍ မင်းသာ အဲဒီသေတ္တာလေးကို ဖွင့်နိုင်မယ်ဆိုရင် ငါ မသေမျိုးဂိုဏ်းထဲကို ဝင်ပေးမယ်" ဟု အမိန့်ပေးလိုက်တော့သည်။

"ကောင်းပါပြီဗျာ..."

ဝမ်ပင်းသည် ချက်ချင်းပင် အတိုင်းမသိ ဝမ်းမြောက်သွားခဲ့ရတော့၏။

ဇန်ထိုင်ချင်ရွှမ်းဘက်က စိတ်ဝင်စားမှု အရိပ်အယောင်လေး ပြသလာသရွေ့ ထိုသေတ္တာလေး၏ ကိစ္စကိုမူ သူ အစွမ်းကုန် ကြိုးစားကြည့်ရုံသာ ရှိတော့သည်။

အကယ်၍ ၎င်းက အလွန်အမင်း ခက်ခဲနေဦးမည်ဆိုလျှင်တောင်မှ အခြားနေရာတစ်ခုခုတွင် နောက်ထပ် ဝဲကရက် မှော်ဆရာတစ်ဦးကို ရှာဖွေရန်အတွက် အချိန်များစွာ ကျန်ရှိနေသေးသည်။

ဝမ်ပင်းသည် အရိုအသေပြုကာ နှုတ်ဆက်လိုက်ပြီးနောက် ဇန်ထိုင်စံအိမ်ကြီးအတွင်းမှ ထွက်ခွာလာခဲ့တော့သည်။

ဝမ်ပင်းက ဇန်ထိုင်မိသားစု၏ တံခါးမကြီးအပြင်ဘက်သို့ ခြေလှမ်းလှမ်း၍ ထွက်ခွာလာခဲ့စဉ်မှာပင် ဆန့်ကျင်ဘက်လမ်းဘက်မှနေ၍ ဆံပင်နီနီများနှင့် သတ်လတ်ပိုင်း အမျိုးသားတစ်ဦး လျှောက်လှမ်းလာခဲ့၏။

သူက ထိုနေရာ၌ ခဏမျှ ဝဲလည်နေခဲ့ပြီးနောက် ဝမ်ပင်း၏ နောက်မှနေ၍ ထပ်ကြပ်မကွာ လိုက်ပါလာခဲ့တော့သည်။

ထိုသူမှာ အခြားသူမဟုတ်ဘဲ လုံယီပင်။

သူသည် ဤနေရာ၌ စောင့်ဆိုင်းနေခဲ့သည်မှာ အတန်ကြာခဲ့ပြီ ဖြစ်သည်။

ဝမ်ပင်းက ဇန်ထိုင်ချင်ရွှမ်း၏ နေအိမ်ထဲသို့ ဘာဖြစ်လို့ ဝင်ရောက်သွားသလဲဟူသောအချက်ကို သူ မသိရှိသော်လည်း ဒီအတိုင်း စောင့်ဆိုင်းနေရန်သာ တတ်နိုင်ခဲ့၏။

သူသည် အထက်တန်း နက်နဲသောအဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်ခြင်းကြောင့် ဇန်ထိုင်ချင်ရွှမ်းကို ကြောက်ရွံ့ခြင်းမရှိသော်လည်း မည်သို့ပင်ဆိုစေ ဇန်ထိုင်ချင်ရွှမ်းမှာ ဝဲကရက် မှော်ဆရာတစ်ဦးပင်။

သူမ၏ အိမ်ရှေ့မျက်နှာစာတွင် လူသတ်ခြင်းမှာမူ လုံးဝ မသင့်တော်ချေ။

အမှောင်ရိပ်ထဲမှနေ၍ အဘွားအိုသည် ဝမ်ပင်း ထွက်ခွာသွားသည်ကို စူးစိုက်ကြည့်ရင်း သူမ၏ မျက်မှောင်ကို ကုပ်လိုက်မိကာ တိုးတိုးလေး ရေရွတ်လိုက်တော့၏။

"မနက်ဖြန်အထိတောင် စောင့်နေစရာ မလိုတော့ဘူးနဲ့ တူတယ်... ဒီညမှာပဲ သူ့ကို သတ်မယ့်သူက အဆင်သင့် ရောက်နေပြီကိုး။ ရှန်လုံရဲ့ ဆုကြေးငွေက တကယ့်ကို ဆွဲဆောင်မှုရှိပုံပဲ။ ကြည့်စမ်း... အထက်တန်း နက်နဲသောအဆင့် ကျင့်ကြံသူတစ်ယောက်ကပါ ကြယ်ပွင့်မရှိတဲ့ ဂိုဏ်းချုပ်လေးတစ်ယောက်ကို သတ်ဖို့အတွက် လိုက်လာခဲ့တယ်ပေါ့"

ဇန်ထိုင်ချင်ရွှမ်းသည် လုံယီကို မမှတ်မိခြင်းကြောင့် ဤအထက်တန်း နက်နဲသောအဆင့် ကျွမ်းကျင်သူမှာ ဆုကြေးငွေအတွက်သာ လာရောက်ခြင်းဖြစ်လိမ့်မည်ဟု ထင်မှတ်ထားခဲ့မိခြင်းပင်။

ထိုခဏ၌ပင် ဇန်ထိုင်ယဲ့က လှမ်း၍ ပြောလိုက်သည်။

"အဘွား... အဘွားက သူ့ကို ကူညီပေးဖို့ စိတ်ကူးမရှိဘူးလားဟင်"

"ဘာကို ကူညီပေးရမှာလဲ... သူ သေသွားရင်လည်း သေသွားပါစေပေါ့။ ဘယ်သူက သူ့ကို ဘေးအန္တရာယ်တွေရှိတဲ့ နေရာဆီ တမင်သက်သက် သွားခိုင်းလို့လဲ။ ဒီလောကကြီးထဲမှာ မသေမျိုးဂိုဏ်းထက် ပိုပြီး ထူးခြားဆန်းပြားတဲ့ ဂိုဏ်းတွေ... အများကြီး ရှိပါသေးတယ်"

ထိုသို့ပြောပြီးနောက် ဇန်ထိုင်ချင်ရွှမ်းသည် နောက်သို့ လှည့်လိုက်ပြီး အိမ်ထဲသို့ ပြန်လည်ဝင်ရောက်သွားခဲ့တော့၏။

တစ်ချိန်တည်းမှာပင် ဇန်ထိုင်စံအိမ်နှင့် အတန်ငယ် ဝေးကွာသွားခဲ့ပြီဖြစ်ကြောင်း မြင်တွေ့လိုက်ရသည့်အခါ လုံယီသည် ဝမ်ပင်းကို အမှီလိုက်ရန်အတွက် သူ၏ခြေလှမ်းများကို ပိုမိုမြန်ဆန်စေလိုက်တော့သည်။

လမ်းမပေါ်တွင် လူအုပ်ကြီးက ဖြတ်သန်းသွားလာနေကြပြီး လမ်းဘက်ဘေး တစ်ဖက်တစ်ချက်စီရှိ မှိန်ပျပျ မီးအိမ်ရောင်များက လုံယီ၏ ရက်စက်ကြမ်းကြုတ်လှသော မျက်နှာတစ်ခြမ်းကို ထင်ရှားပေါ်လွင်စေခဲ့၏။

သူ၏ အာရုံခံစွမ်းရည်ကို ချက်ချင်းပင် ထုတ်ဖော်လိုက်တော့သည်။

"ရှာတွေ့ပြီ..."

လုံယီက ဖြဲလှန်၍ ပြုံးလိုက်မိပြီး ဆက်လက်၍ လိုက်လံဖမ်းဆီးနေခဲ့ရာ သူနှင့် ဝမ်ပင်းကြားရှိ အကွာအဝေးမှာ တဖြည်းဖြည်းချင်း ကျဉ်းမြောင်းလာခဲ့ရတော့၏။

ထိုခဏ၌ပင် ဝမ်ပင်းသည် ရုတ်ချည်းပင် လမ်းကြားလေးတစ်ခုထဲသို့ ချိုးကွေ့၍ ဝင်ရောက်သွားခဲ့သည်။

လုံယီ၏ နှုတ်ခမ်းထက်၌ ကျေနပ်အားရသော အပြုံးတစ်ခု ပေါ်ပေါက်သွားခဲ့ပြီး "ဟက်... ဒီလောက် မြန်မြန်ဆန်ဆန် သတိထားမိတာပဲလား" ဟု ရေရွတ်လိုက်မိ၏။

ဝမ်ပင်းက နက်ရှိုင်းလှသော လမ်းကြားလေးထဲသို့ ဝင်ရောက်သွားသည်ကို မြင်လိုက်ရသဖြင့် လုံယီသည် အလွန်အမင်း ဝမ်းမြောက်သွားခဲ့ရသည်။

သူ သတ်ပစ်ချင်သော သားကောင်က ပို၍ ထက်မြက်လေလေ သူတို့ ရုန်းကန်လှုပ်ရှားတာကို ကြည့်ရတာ ပို၍ သဘောကျလေလေပင်။

သူ ပို၍ ပျော်ရွှင်လာခဲ့ရတော့သည်။

လုံယီသည် ချက်ချင်းပင် ထိုလမ်းကြားလေးထဲသို့ ခြေလှမ်းလှမ်း၍ ဝင်ရောက်လိုက်ရာ သဲသဲကွဲကွဲ ထွက်ပေါ်လာသော ခြေသံများမှာ လမ်းကြားတစ်ခုလုံး ပဲ့တင်ထပ်သွားခဲ့ပြီး လုံယီ၏ နားထဲသို့ ရောက်ရှိလာခဲ့တော့၏။

တောက်ပလှသော ကြယ်ရောင်အောက်တွင်မူ သူသည် ရှေ့မှောက်၌ ရှိနေသောအရာကို ထင်ရှားစွာ မြင်တွေ့လိုက်ရတော့သည်။

ထိုအရာက ခွေးတစ်ကောင်ပင်။

ထိုခွေးကြီးက ထိုနေရာ၌ လှုပ်ရှားမှုမရှိဘဲ ငြိမ်သက်စွာ မတ်တတ်ရပ်နေခဲ့ပြီး လျှာကြီးကို ထုတ်လျက် နီရဲလှသော မျက်ဝန်းအစုံဖြင့် သူ့ကို သေချာပေါက် စောင့်ဆိုင်းနေခဲ့သည့်အလား စူးစိုက်၍ ကြည့်နေခဲ့သည်။

All Chapters