← Chapters

အခန်း ၂၁၆

Vol. 22 Ch. 216

အခန်း ၂၁၆

Vol. 22 Ch. 216

အခန်း။ ၂၁၆

ဝမ်ပင်းသည် ထိုသိုးရေလိပ်စာစောင်ကို လက်ဝါးထဲ၌ ဆုပ်ကိုင်ထားရင်း ချက်ချင်းပင် ဖြန့်လိုက်တော့၏။

သို့သော်လည်း ဝမ်ပင်း၏ လက်ချောင်းများ လှုပ်ရှားလိုက်သည့် ထိုခဏ၌ပင် လူသား၏ အရေပြားပေါ်သို့ ရဲရဲတောက်နေသော သံပူကြီးတစ်ချောင်းဖြင့် ဖိနှိပ်လိုက်သကဲ့သို့ ဇိဇိ...ဟူသော အသံနှင့်အတူ မီးလောင်ကျွမ်းသည့်အလား ခံစားချက်တစ်ခု ထွက်ပေါ်လာခဲ့သည်။

သိုးရေလိပ်စာစောင်ကို အပြည့်အဝ ဖြန့်လှစ်လိုက်နိုင်သည့်အချိန်တွင်မူ ဝမ်ပင်း မြင်တွေ့လိုက်ရသည်မှာ စာကြောင်းတစ်ကြောင်းတည်းသာ ဖြစ်သည်။

၎င်းကတော့"ပါရမီရှင်ဆယ်ဦး စမ်းသပ်ပွဲလျှို့ဝှက်ရတနာကို ရယူနိုင်ရန်အတွက် ပြောင်းပြန်အတိုင်း ဆောင်ရွက်ပါ"ဟူ၍ပင်။

"ပြောင်းပြန်အတိုင်း ဆောင်ရွက်ရမယ် ဟုတ်လား..."

ဝမ်ပင်းသည် ထိုသိုးရေလိပ်စာစောင်ကို မြှောက်ကိုင်လိုက်ပြီးရှေ့မျက်နှာပြင်နှင့် နောက်ကျောဘက်တို့ကို အထပ်ထပ်အခါခါ သေသေချာချာ လှည့်ပတ်၍ ကြည့်ရှုနေမိကာ ထိုစာသား၏ အဓိပ္ပာယ်ကို အနည်းငယ် ဇဝေဇဝါ ဖြစ်နေခဲ့မိသည်။

သို့သော်လည်းစာစောင်ထဲ၌ ပါရမီရှင်ဆယ်ဦး စမ်းသပ်ပွဲအကြောင်းကို ထည့်သွင်းဖော်ပြထားခြင်းက ဝမ်ပင်း၏ စူးစမ်းလိုစိတ်ကို အလွန်အမင်း နှိုးဆွပေးလိုက်သလို ဖြစ်သွားခဲ့၏။

သူ ကြိုတင်တွေးတောထားခဲ့သည့်အတိုင်းပင်ပါရမီရှင်ဆယ်ဦး စမ်းသပ်ပွဲဆိုသည်မှာ သာမန် ပါရမီရှင် ထိပ်သီးလူငယ်များကို ရွေးချယ်သည့် ပွဲရုံမျှသာ လုံးဝမဟုတ်ဘဲ ၎င်း၏နောက်ကွယ်၌ ပိုမိုနက်ရှိုင်းလှသော လျှို့ဝှက်ချက်များ ရှိနေခဲ့သည်။

သဘာဝကျစွာပင်ထိုနေရာ၌ ရှိနေမည့် လျှို့ဝှက်ချက်များက သူ၏ စူပါဂိုဏ်းတော်စနစ်က ပေးစွမ်းနိုင်သောအရာများထက် သာလွန်ကောင်းမွန်လိမ့်မည်ဟုတော့ သူ လုံးဝ မယုံကြည်ပေ။

သူသည် ရိုးရိုးတန်းတန်း စူးစမ်းချင်ရုံမျှသာ ဖြစ်သည်။

နှစ်ပေါင်းတစ်ထောင်တိုင်တိုင် ဖုံးကွယ်ထားခဲ့သော လျှို့ဝှက်ချက်တစ်ခုရဲ့ နောက်ကွယ်မှာအမှန်တကယ်တော့ ဘာတွေ ရှိနေမလဲ။

တစ်ခါတရံ၌ ဤလောကကြီး၏ လျှို့ဝှက်ဆန်းကြယ်မှုများကို တစ်ဆင့်ပြီးတစ်ဆင့် ဖော်ထုတ်ရခြင်းက တကယ့်ကို စိတ်ဝင်စားစရာ ကောင်းလှသည်။

ထိုသိုးရေလိပ်စာစောင်ကို သေသေချာချာ ပြန်လည်သိမ်းဆည်းပြီးနောက်ဝမ်ပင်းသည် ဇန်ထိုင်ချင်ရွှမ်းထံသို့ ချက်ချင်း ပြန်လည်သွားရောက်ရန်အတွက် စိတ်ကူးမရှိသေးပေ။ ထိုအရာကို မဆောင်ရွက်မီသူသည် ပါရမီရှင်ဆယ်ဦး စမ်းသပ်ပွဲကျင်းပမည့် နေရာဆီသို့ အရင်ဦးဆုံး သွားရောက်ကြည့်ရှုချင်နေမိသည်။

သူသည် အောက်ထပ်သို့ ဆင်းသက်လာခဲ့ပြီးနောက် ယွီမိုနှင့် အခြားလူတစ်ဦးကိုပါ သူ၏ အခန်းအတွင်းသို့ ခေါ်ဆောင်လာခဲ့ကာတံခါးများနှင့် ပြတင်းပေါက်များကို သေသေချာချာ ပိတ်ဆို့လိုက်ပြီးမှ ပြောလိုက်သည်။

"သန်ဘက်ခါကျရင်ပါရမီရှင်ဆယ်ဦး စမ်းသပ်ပွဲ စတင်တော့မယ်။ မင်းတို့နှစ်ယောက်လုံး ဒီရက်ပိုင်းအတွင်းမှာ အခန်းအောင်းပြီး ကျင့်ကြံခြင်းကိုပဲ အာရုံစိုက်ထားကြ ပြီးရင် ငါနဲ့အတူ အဲဒီ ပါရမီရှင်ဆယ်ဦး စမ်းသပ်ပွဲကို လိုက်ပါဆင်နွှဲရမယ်"

"ဂိုဏ်းချုပ်ကျွန်တော်တို့တွေ အားလုံး အတူတူ ပါဝင်ဆင်နွှဲရမယ် ဟုတ်လား"

ချင်မိုသည် ဝမ်ပင်း၏ စကားကို အပြည့်အဝ နားမလည်နိုင်ဖြစ်သွားခဲ့ရပြီး ဝမ်ပင်းတစ်ယောက် တစ်စုံတစ်ခုကို မှားယွင်းတွေးတောနေသည်ဟု ထင်မှတ်မိသဖြင့် အလျင်အမြန်ပင် ရှင်းပြလိုက်တော့သည်။

"ဂိုဏ်းချုပ်ခင်ဗျာ ပါရမီရှင်ဆယ်ဦး စမ်းသပ်ပွဲရဲ့ ဝင်ခွင့်နေရာတွေကို အခြားသူဆီ လွှဲပြောင်းပေးလို့ မရဘူးဗျ။ ရန်လီလီနဲ့ အခြားသူတွေမှာပဲ ဝင်ခွင့်လက်မှတ်တွေ ရှိတာမို့လို့သူတို့ပဲ ပါဝင်ခွင့်ရှိတာပါ။ ဒါတင်မကသေးဘဲကျွန်တော်က အသက် ၁၅ နှစ်အရွယ်ကို ကျော်လွန်နေပြီဖြစ်သလို အကြီးအကဲ ယွီမိုကလည်း နက်နဲသောအဆင့်ကို ရောက်နေပြီလေဗျာ"

"မင်းတို့တွေကို ငါနဲ့အတူ ခေါ်ဆောင်သွားနိုင်ဖို့အတွက်ငါ့မှာ ကိုယ်ပိုင်နည်းလမ်း ရှိပါတယ်။ အတိုချုပ်ပြောရရင်တော့ဒီရက်ပိုင်းအတွင်းမှာ တည်းခိုခန်းကနေ အပြင်ကို လုံးဝ မထွက်ကြနဲ့"

ထိုစကားများကို ပြောကြားပြီးနောက်ဝမ်ပင်းသည် မတ်တတ်ရပ်လိုက်ပြီး အခန်းအတွင်းမှနေ၍ ခြေလှမ်းလှမ်းကာ ထွက်ခွာသွားခဲ့တော့၏။

ချင်မိုနှင့် အခြားသူများအနေဖြင့် ဝမ်ပင်း၏ အစီအစဉ်များကို အပြည့်အဝ နားမလည်နိုင်ကြသေးသော်လည်း သူတို့သည် ဂိုဏ်းချုပ်၏ အမိန့်အာဏာကိုမူ လုံးဝ ဖီဆန်ခြင်း မရှိကြပေ။

...

အစွန်းရောက်နယ်ပယ်တောင်

ရှန်လုံသည် အစွန်းရောက်နယ်ပယ်တောင်ပေါ်သို့ တစ်ဦးတည်း ဆင်းသက်လာခဲ့ပြီးမည်သည့်တုံ့ဆိုင်းမှုမျှမရှိဘဲ လျှင်မြန်စွာ လျှောက်လှမ်းလာခဲ့ကာ ပိုင်ဖုန်းကို ရှာဖွေတွေ့ရှိသွားခဲ့တော့၏။ ယခုအချိန်၌ ပိုင်ဖုန်းသည် ရှန်လုံ၏ ရောက်ရှိလာမှုကို အချိန်အတော်ကြာအောင် စောင့်ဆိုင်းနေခဲ့သည့်အလားပင်ရှန်လုံ ရောက်ရှိလာသည်ကို မြင်တွေ့လိုက်ရသည်နှင့်တစ်ပြိုင်နက် ချက်ချင်းပင် မတ်တတ်ရပ်၍ ကြိုပြောလိုက်တော့သည်။

"မင်းနောက်ဆုံးတော့ ရောက်လာခဲ့ပြီပဲ"

ရှန်လုံက တည်ငြိမ်စွာဖြင့်ပင် မေးလိုက်၏။

"လမ်းမှာ တစ်ခုခုကြောင့် ခဏလောက် ကြန့်ကြာသွားလို့ပါကွာ။ ဒါနဲ့... လုံယီကို သတ်လိုက်တာ ဝမ်ပင်းရဲ့ လက်ချက်ဆိုတာ တကယ်ပဲ သေချာလို့လား..."

"အတိအကျတော့ မသေချာဘူး... ဒါပေမဲ့ သူ့ရဲ့နောက်ကွယ်က လူတစ်ယောက်ရဲ့ လက်ချက်လို့ပဲ ငါတို့ ယူဆထားတယ်။ ဝမ်ပင်းမှာ ထူးခြားဆန်းပြားတဲ့ သွေးကြောပိုင်ဆိုင်ထားတဲ့ တပည့်တစ်ယောက် ရှိပြီး အဲဒီတပည့်က ဝေချန်ကျွယ်ကို သတ်နိုင်ခဲ့တာတင်ပဲ တကယ့်ကို အံ့ဩစရာ ကောင်းနေပြီလေ။ လောကမှာ ဘယ်လို ထူးခြားဆန်းပြားတဲ့ ပါရမီရှင်မျိုးမှ ကျင့်ကြံခြင်းအဆင့် နှစ်ဆင့်အထိ ကျော်လွန်ပြီး လူတစ်ယောက်ကို အလွယ်တကူ မသတ်နိုင်ဘူး။ လုံယီက အထက်တန်း နက်နဲသောအဆင့်ကိုတောင် ရောက်နေပြီဥစ္စာ...။

ဒါပေမဲ့ သူ သေဆုံးသွားတဲ့အချိန်မှာ ငါတို့ရဲ့ စုံစမ်းစစ်ဆေးချက်တွေအရ အဲဒီလမ်းကြားလေးထဲမှာ ဘာတိုက်ပွဲအရှိန်အဝါမှ ထွက်ပေါ်မလာခဲ့ဘူး။ လုံယီရဲ့ ခန္ဓာကိုယ်က အရေပြားပဲ ကျန်တော့ပြီး အတွင်းအင်္ဂါတွေနဲ့ အသားတွေအားလုံးက ပြာအတိဖြစ်အောင် အလောင်ကျွမ်းခံထားရတာ..

ဒါကို ကြည့်ရင် အဲ့လူက အနည်းဆုံးတော့ အထက်တန်းအဆင့် အနှိုင်းမဲ့ ပုဂ္ဂိုလ်ဖြစ်ရမယ်... ပြီးတော့ ထူးခြားဆန်းပြားတဲ့ နက်နဲသောအစွမ်းကိုပါ ပိုင်ဆိုင်ထားတဲ့သူ ဖြစ်ဖို့ ရာခိုင်နှုန်း များတယ်..."

ရှန်လုံသည် ဤကဲ့သို့သော ကောက်ချက်ချမှုကို မကြားမိခင်ကတည်းကပင် စိတ်ထဲ၌ အတိုင်းအတာတစ်ခုအထိ ကြိုတင်ပြင်ဆင်ထားခဲ့သော်လည်း ၎င်းကို တိုက်ရိုက် ကြားလိုက်ရသည့်အခါတွင်မူ အထူးသဖြင့် ဝမ်ပင်း၏ နောက်ကွယ်၌ အထက်တန်း နက်နဲသောအဆင့်ရှိသော အစွမ်းထက်ပုဂ္ဂိုလ်ကြီးတစ်ဦး ရှိနေသည်ဟူသောအချက်ကြောင့် သူ အနည်းငယ်မျှ အံ့အားသင့်သွားရသည်။

အကယ်၍ ဒါကသာ အမှန်ဆိုလျှင် အရှေ့ဘက်ရေကန် တစ်ခုလုံးမှာ ဝမ်ပင်းကို ထိန်းချုပ်နိုင်မည့်သူဟူ၍ လက်ချိုးရေတွက်ရုံမျှသာ ရှိတော့ပေလိမ့်မည်။

ထိုသို့ တတ်စွမ်းနိုင်မည့်သူများမှာလည်း ဂိုဏ်းအသီးသီး၏ အခန်းအောင်း ကျင့်ကြံနေကြသော ဘိုးဘေးအဆင့် ဝါရင့်ပုဂ္ဂိုလ်ကြီးများသာလျှင် ဖြစ်ပေလိမ့်မည်။

သို့သော်လည်း ထိုကဲ့သို့သော ပုဂ္ဂိုလ်ကြီးများမှာ သူတို့ မိသားစု၏ ရှင်သန်ရပ်တည်ရေးအတွက် ဘေးအန္တရာယ်နှင့် ကြုံတွေ့ရသည့် အခြေအနေမျိုးမှလွဲ၍ အခြားအချိန်များ၌ တစ်ပါးသူကို သတ်ဖြတ်ရန်အတွက် အချိန်ပိုပေးကြလိမ့်မည် မဟုတ်ပေ။

ရှန်လုံက သက်ပြင်းတစ်ချက်ကို မချဘဲ မနေနိုင်တော့ပေ။

"ငါဝမ်ပင်းဆိုတဲ့ ကောင်လေးရဲ့နောက်ကွယ်က လူကို အထင်သေးမိသွားတာပဲ။ ဝမ်ပင်းလိုမျိုး အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ နက်နဲသောအဆင့်ကို ရောက်အောင် ပျိုးထောင်ပေးနိုင်တဲ့သူက ဘယ်လိုနည်းနဲ့မှ သာမန်လူတစ်ယောက် မဖြစ်နိုင်ဘူး။ အခု အခြေအနေအရဆိုရင်တော့ ဝမ်ပင်းကို သတ်ဖို့ဆိုတာ ဘယ်လိုမှ မလွယ်ကူတော့ဘူး"

ထိုသို့ပြောရင်း ရှန်လုံသည် စိတ်ထဲမှနေ၍ အနည်းငယ်မျှပင် ကံကောင်းသည်ဟု ခံစားလိုက်မိ၏။

တော်သေးတာပေါ့ အဲဒီနေ့က အိမ်တော်ထိန်းလုံက ငါ့ကို အတင်းတားဆီးပြီး သူ့နောက်ကို မလိုက်ခိုင်းခဲ့လို့...

မဟုတ်ရင် ငါပါ သေသွားနိုင်တာ မဟုတ်ဘူးလား...

ဝေချန်ကျွယ်နဲ့ ငါ့ရဲ့ အစွမ်းက အတူတူပဲဟာကို သူတောင် ဝမ်ပင်းရဲ့ လက်ချက်နဲ့ သေဆုံးသွားခဲ့ရပြီ။ အကယ်၍ ငါသာ သွားခဲ့မယ်ဆိုရင် ငါလည်း သေချာပေါက် အသက်ပျောက်သွားမှာပဲ...

ပိုင်ဖုန်းသည် ရှန်လုံ တွေးတောနေသောအရာများကို ရိပ်မိသွားသည့်အလား ဆိုလိုက်၏။

"ဝမ်ပင်းရဲ့ ကိစ္စကိုတော့ ငါတို့ ခတ္တခဏ ဘေးဖယ်ထားလိုက်ကြရအောင်။ ငါ့ကို ငါတို့မိသားစုရဲ့ ဘိုးဘေးကြီးက စီနီယာဟန်ဆီကို သတင်းစကားတစ်ခု ပါးခိုင်းလိုက်လို့ပဲ"

"အဲဒါက သေချာသွားပြီလား"

"လျှို့ဝှက်နယ်မြေထဲကို ဝင်ရောက်နိုင်မယ့် နည်းလမ်းကိုတော့ အတည်ပြုနိုင်ခဲ့ပြီ ဒါပေမဲ့ အဲဒါက ကျင့်ကြံခြင်း နယ်မြေသုံးခုထဲက ဘယ်နေရာမှာ ရှိနေမလဲဆိုတာကိုတော့ ငါတို့ အတိအကျ မသိရသေးဘူး"

"ဟားဟား ကြိုးစားသူအတွက် အခွင့်အရေး ဆိုတာ ဒါမျိုးပေါ့ကွာ။ ပါရမီရှင်ဆယ်ဦး စမ်းသပ်ပွဲရဲ့ လျှို့ဝှက်ချက်ကို နောက်ဆုံးတော့ ငါတို့ ဖော်ထုတ်နိုင်ခဲ့ပြီပဲ။ ကဲ ငါတို့ အခုလက်ရှိ အစွန်းရောက် နယ်စပ်မြက်ခင်းပြင်မှာ အရင်ဦးဆုံး စမ်းသပ်ကြည့်ကြတာပေါ့။ အကယ်၍ အဲဒီနေရာမှာ မရှိဘူးဆိုရင်တော့ နောက်ထပ် အခွင့်အရေးတစ်ခုအတွက် နောက်ထပ် လေးနှစ်လောက်အထိ ထပ်ပြီး စောင့်ဆိုင်းရုံပဲပေါ့ကွာ"

"ဟုတ်ပါတယ် သန်းဘက်ခါ ပါရမီရှင်ဆယ်ဦး စမ်းသပ်ပွဲကြီး စတင်ပွင့်လှစ်တာနဲ့တစ်ပြိုင်နက် ငါကိုယ်တိုင် အဲဒီနေရာထဲကို ဝင်ရောက်ဖို့အတွက် စမ်းသပ်သွားမှာပါ"

"ကောင်းပြီလေ အဲဒါဆိုရင် ရော့ ဒါက ပါရမီရှင်ဆယ်ဦး စမ်းသပ်ပွဲရဲ့ ဝင်ခွင့်တံဆိပ်ပြားပဲ"

ရှန်လုံက ထိုသို့ပြောပြီးနောက် သူ၏ သိုလှောင်မှုလက်စွပ်ထဲမှနေ၍ တံဆိပ်ပြားတစ်ခုကို ထုတ်ယူကာ ပိုင်ဖုန်းထံသို့ ကမ်းပေးလိုက်တော့သည်။။

ပိုင်ဖုန်းသည် အတိုင်းအတာမရှိ ဝမ်းမြောက်ဝမ်းသာ ဖြစ်သွားခဲ့ရပြီး စိတ်ထဲမှနေ၍ ရေရွတ်လိုက်မိ၏။

ရှန်လုံက ပါရမီရှင်ဆယ်ဦး စမ်းသပ်ပွဲရဲ့ ဝင်ခွင့်တံဆိပ်ပြားကို တကယ်ပဲ လက်ဝယ်ရရှိအောင် စွမ်းဆောင်နိုင်ခဲ့တာပဲ...

သူ တစ်စုံတစ်ခုကို မပြောကြားနိုင်သေးမီမှာပင် ရှန်လုံက ဆက်လက်၍ "မင်းသာ လျှို့ဝှက်နယ်မြေထဲကို အောင်အောင်မြင်မြင် ဝင်ရောက်နိုင်ခဲ့မယ်ဆိုရင် ဇွတ်တရွတ်နဲ့ ဘာမှမလုပ်နဲ့ဦး။ ငါ့ဆီကို ချက်ချင်း သတင်းပို့လိုက်။ သခင်ကြီး ဟန်ယွန်းက မနက်ဖြန် နေ့တစ်ဝက်အတွင်းမှာတင် အစွန်းရောက် နယ်စပ်မြက်ခင်းပြင်ဆီကို ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိလာလိမ့်မယ်" ဟု အလေးအနက် မှာလိုက်တော့သည်။

ပိုင်ဖုန်းက စိုးရိမ်စိတ်ဖြင့် ဖြည့်စွက်ပြောကြားလိုက်၏။

"ဒါပေမဲ့ ဒီလျှို့ဝှက်ချက် သတင်းအချက်အလက်ကို ချင်းခုန်းတောင်နဲ့ ပျံလွှားငါးကျွန်းက လူတွေလည်း သိထားကြတယ်ဗျ"

"ဒါက ကိစ္စမရှိပါဘူးကွာ သူတို့ဆီက အမြုတေ ဝါရင့်ပုဂ္ဂိုလ်ကြီးတွေထဲမှာ နတ်ဘုရားနက်နဲသောအဆင့်တစ်ဝက်ခန့် ကို ရောက်တဲ့သူ တစ်ယောက်မှ မရှိသေးဘူး။ အကယ်၍ ရောက်နေခဲ့ရင်တောင်မှ ငါတို့ဘက်က ကြောက်ရွံ့နေစရာ အကြောင်းမရှိပါဘူး။ သူတို့က ဂိုဏ်းတစ်ရာ မဟာမိတ်အဖွဲ့ထဲမှာ ရှိနေကြတဲ့ ဂိုဏ်းတွေပဲလေ။ အကယ်၍ သူတို့သာ ဒါကို အတင်းအကျပ် လုယူရဲမယ်ဆိုရင် အဲဒါဟာ ဂိုဏ်းတစ်ရာ မဟာမိတ်အဖွဲ့ကို သစ္စာဖောက်ဖျက်တာပဲ ဖြစ်လိမ့်မယ်"

ရှန်လုံ၏ နောက်ဆုံးစာကြောင်းကို ကြားလိုက်ရသည့်အခါတွင်မူ ပိုင်ဖုန်း၏ မျက်နှာထက်၌ အဓိပ္ပာယ်ပါပါ ပြုံးယောင်သန်းသွားခဲ့ရတော့၏။

ဂိုဏ်းတစ်ရာ မဟာမိတ်အဖွဲ့ကို သစ္စာဖောက်ဖျက်ခြင်းတဲ့လား...။

တကယ့်ကို ကောက်ကျစ်ပြီး အဆိပ်ပြင်းလှတဲ့ အပြစ်ဖုံးလွှမ်းမှု ခေါင်းစဉ်တစ်ခုပဲ။

သို့သော်လည်း သူ ၎င်းကို အလွန်အမင်း နှစ်သက်သဘောကျမိသည်။

...

ထိုသို့ဖြင့် ရက်အနည်းငယ်မျှ အခန်းအောင်း၍ တိတ်တဆိတ် ကျင့်ကြံအားထုတ်ပြီးနောက် ပါရမီရှင်ဆယ်ဦး စမ်းသပ်ပွဲကြီးက သတ်မှတ်ထားသော အချိန်ဇယားအတိုင်း အချိန်ကိုက်ပင် ဆိုက်ရောက်လာခဲ့သည်။

ဖုန်းယွမ်မြို့တော်တစ်ခုလုံးသည်လည်း ကြီးကျယ်ခမ်းနားလှသော ပွဲတော်တစ်ခု ကျင်းပနေသည့်အလား တစ်ခဲနက် စည်ကားသိုက်မြိုက်နေခဲ့၏။

လူအများ၏ စိတ်လှုပ်ရှားမြူးတူးမှုများမှာ နှစ်စဉ်ကျင်းပမြဲဖြစ်သော နှစ်သစ်ကူးပွဲတော်များထက်ပင် သာလွန်နေခဲ့ပြီး ပို၍ပင် စည်ကားနေခဲ့သည်။

ပါရမီရှင်ဆယ်ဦး စမ်းသပ်ပွဲ၏ ဝင်ပေါက်နေရာမှာ ထူထပ်လှသော မြူခိုးမြူငွေ့များ ဖုံးလွှမ်းနေသည့် မြက်ခင်းပြင်ကျယ်ကြီးတစ်ခု ဖြစ်ပြီး ၎င်းသည် ဖုန်းယွမ်မြို့တော်၏ အပြင်ဘက် မိုင်နှစ်ဆယ်ခန့်အကွာတွင် တည်ရှိကာ စမ်းသပ်ပွဲ၏ ပင်မဝင်ပေါက် သုံးခုအနက်မှ တစ်ခုလည်း ဖြစ်သည်။

ရှေးပဝေသဏီကတည်းကပင် ဤဝင်ပေါက်သည် အစွန်းရောက်နယ်ပယ်တောင်မှ အလှည့်ကျပွဲတော်ကို လက်ခံကျင်းပသည့် အချိန်မျိုး၌သာ ပွင့်လှစ်လေ့ရှိသောအရာ ဖြစ်သည်။

သဘာဝကျစွာပင် ၎င်းကို အစွန်းရောက်နယ်ပယ်တောင်က စွမ်းအားဖြင့် ဖွင့်လှစ်လိုက်ခြင်းမျိုးတော့ မဟုတ်ပေ။

သို့သော်လည်း ၎င်းပွင့်လှစ်လာခဲ့ပြီဆိုလျှင် ထိုဒေသ၏ အစွမ်းထက်ဆုံးသော အင်အားစုကြီးက ယခုအကြိမ် ပါရမီရှင်ဆယ်ဦး စမ်းသပ်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပနေပြီဖြစ်ကြောင်းကို ကိုယ်စားပြုနေခဲ့ခြင်းပင်။

ထို့ကြောင့်ပင် ပါရမီရှင်ဆယ်ဦး စမ်းသပ်ပွဲ၏ ပင်မစစ်ဆေးအကဲဖြတ်မှုကြီးကို အရှေ့ဘက်ရေကန်၏ ဗဟိုချက်မဖြစ်သော ဟွမ်လီမြို့တော်မှာ အမြဲတမ်း သတ်မှတ်ကျင်းပလေ့ရှိခြင်းပင်။

အဘယ်ကြောင့်ဆိုသော် ထိုလျှို့ဝှက်နယ်မြေ ပွင့်လှစ်လာသည်နှင့်တစ်ပြိုင်နက် အရှေ့ဘက်ရေကန်၏ ဗဟိုချက်မမှနေ၍ စမ်းသပ်ပွဲကျင်းပရာ နယ်မြေဆီသို့ ဦးတည်သွားရောက်ခြင်းက အနီးဆုံးနှင့် အဆင်ပြေဆုံး ဖြစ်သောကြောင့်ပင်။

ဤအချိန်၌ ဖုန်းယွမ်မြို့တော်၏ ကောင်းကင်ယံထက်တွင် ကြီးမားထွားကျိုင်းလှသော သတ္တဝါကြီးအချို့ ရုတ်တရက် ထွက်ပေါ်လာခဲ့ကြ၏။ ၎င်းတို့မှာ အတောင်ပံဖြန့်လိုက်ပါက မီတာတစ်ရာကျော်ခန့်အထိ ရှည်လျားလှသော အတောင်ပံပါသော မိစ္ဆာကောင်ကြီးများပင် ဖြစ်ကြသည်။

၎င်းတို့၏ ဝမ်းဗိုက်အောက်ခြေ၌မူ အလွန်အမင်း ကြီးမားကျယ်ပြန့်လှသော ပွဲကြည့်စင်မြင့်ကြီးတစ်ခုကို ဆွဲချိတ်ထားခဲ့ကြ၏။

အံ့ဩစရာအကောင်းဆုံးအချက်မှာ ထိုမိစ္ဆာကောင်ကြီးများသည် ကောင်းကင်ယံထက်၌ မလှုပ်မယှက် ငြိမ်သက်စွာ ဝဲပျံနေနိုင်ကြပြီး ၎င်းတို့၏ ဝမ်းဗိုက်အောက်၌ ဆွဲချိတ်ထားသော ပွဲကြည့်စင်မြင့်ကြီးမှာ အနည်းငယ်မျှ လှုပ်ခါသွားခြင်းမရှိစေရန်အတွက် အတောင်ပံများကို အချိန်ကိုက် ညင်သာစွာ ခတ်ခတ်ပေးနေခဲ့ကြခြင်းပင်။

ဝမ်ပင်းသည် ဤမြင်ကွင်းကို မြင်တွေ့လိုက်ရသည့်အခါ စိတ်ထဲမှနေ၍ မချီးကျူးဘဲ မနေနိုင်တော့ပေ။

"မိစ္ဆာကောင်ကြီးရဲ့ ဝမ်းဗိုက်အောက်က ပွဲကြည့်စင်မြင့် တကယ့်ကို အထင်ကြီးစရာ ကောင်းလွန်းလှတယ်..."

"ဝါး…..ဂိုဏ်းချုပ် ဟိုမှာကြည့်ပါဦး ဂိုဏ်းအသီးသီးက ကိုယ်စားလှယ်တွေ အားလုံး ဒီကို ရောက်နေကြပြီဗျ"

ချင်မိုသည် မြို့ပြင်ဘက်ရှိ မြက်ခင်းပြင်ကျယ်ကြီးပေါ်တွင် မတ်တတ်ရပ်နေရင်း ကောင်းကင်ယံထက်၌ ဝဲပျံနေကြသော မိစ္ဆာကောင်ကြီးများနှင့် မြက်ခင်းပြင်ပေါ်တွင် သွားလာနေကြသော သားရဲရထားလုံးကြီးများကို ကြည့်ကာ အံ့ဩတသစွာဖြင့် အော်ဟစ်လိုက်မိတော့သည်။

ဤမျှလောက်များပြားလှသော လူအပေါင်း၏ ရှေ့မှောက်၌ ပါရမီရှင်ဆယ်ဦးအနက်မှ တစ်ဦးအဖြစ် ရွေးချယ်ခြင်းခံရမည်ဆိုပါက တကယ့်ကို ကြီးမားသည့် ဂုဏ်ဒြပ်တစ်ခု ဖြစ်ပေလိမ့်မည်။

ထိုအရာက သမိုင်းစာမျက်နှာထက်မှာ မှတ်တမ်းတင်ခံရမယ့်အရာမျိုးဖြစ်ပြီး လူငယ်တိုင်း စိတ်ကူးယဉ် အိမ်မက်မက်ခဲ့ကြရတဲ့ အရာမျိုးလည်း ဖြစ်သည်။

သူသည်လည်း ဤပွဲ၌ ပါဝင်ဆင်နွှဲချင်နေခဲ့သည်မှာ ကြာမြင့်လှပြီဖြစ်သော်လည်း သူ အသက် ၁၅ နှစ်အရွယ်တုန်းကမူ ပါရမီရှင်ဆယ်ဦး စမ်းသပ်ပွဲကြီး ပွင့်လှစ်မည့် အချိန်နှင့် လုံးဝ တိုက်ဆိုင်ခြင်း မရှိခဲ့ရှာပေ။

ချင်မိုက လှမ်း၍ မေးလိုက်သည်။

"ဂိုဏ်းချုပ် ကျွန်တော်တို့တွေ အထဲကို ဘယ်လိုမျိုး ဝင်ရောက်ကြမှာလဲဟင်"

"ငါတို့ ဒီအတိုင်း လမ်းလျှောက်ပြီး ဝင်ကြမယ်"

ဝမ်ပင်းက ထိုသို့ပြောဆိုလိုက်ရင်း သူ၏ သိုလှောင်မှုလက်စွပ်ထဲမှနေ၍ ပါရမီရှင်ဆယ်ဦး စမ်းသပ်ပွဲ၏ ဝင်ခွင့်တံဆိပ်ပြား နှစ်ခုကို လက်ထဲသို့ ထုတ်ယူလိုက်တော့သည်။

All Chapters