← Chapters

အခန်း ၂၁၇

Vol. 22 Ch. 217

အခန်း ၂၁၇

Vol. 22 Ch. 217

အခန်း။ ၂၁၇

လက်ထဲသို့ ပါရမီရှင်ဆယ်ဦး စမ်းသပ်ပွဲဝင်ခွင့်တံဆိပ်ပြား ရောက်ရှိလာသည့်အခါ ချင်မို၏ နှုတ်ခမ်းထက်၌ အတိုင်းအတာမရှိ ဝမ်းမြောက်ဝမ်းသာဖြစ်ရသော အပြုံးတစ်ခု ထင်ဟပ်သွားခဲ့ရတော့၏။

"ဝင်ခွင့်တံဆိပ်..."

ချင်မိုသည် အံ့ဩတသစွာဖြင့် အော်ဟစ်လိုက်ရန် ပြင်လိုက်သော်လည်းသူ၏ ဘေးပတ်ပတ်လည်၌ ရှိနေကြသော လူအုပ်ကြီးကို ဝေ့ဝဲ၍ ကြည့်ရှုလိုက်မိပြီးနောက်တွင်မူ သူ၏ နှုတ်ခမ်းကို လက်ဖြင့် ချက်ချင်း ပြန်လည်ပိတ်ဆို့လိုက်ကာ ပြောလက်စ စကားလုံးဝက်ကို အတင်းအကျပ် ပြန်လည်မျိုချလိုက်ရရှာသည်။

"ဂိုဏ်းချုပ်….ဂိုဏ်းချုပ်ဆီမှာ ဘာဖြစ်လို့ ဒီလိုမျိုး တံဆိပ်ပြားတွေ အများကြီး ရှိနေရတာလဲဗျာ။ ကျွန်တော်တို့ကို အထဲခေါ်သွားဖို့အတွက် ရွှေဒင်္ဂါးပြားတွေအများကြီး သုံးပြီး အတင်းလိုက်ဝယ်ထားတာလားဟင်"

စင်စစ်အားဖြင့် ပါရမီရှင်ဆယ်ဦး စမ်းသပ်ပွဲ၏ ဝင်ခွင့်တံဆိပ်ပြားဆိုသည်မှာ ထူးဆန်းလှသည်မဟုတ်ဘဲငွေကြေးအားဖြင့်လည်း အလွန်အမင်း ကြီးမားလှခြင်း မရှိပေ။

ရွှေဒင်္ဂါးပြား နှစ်သိန်းခန့်သာ တန်ဖိုးရှိခြင်းပင်။

သို့သော်လည်း ပါရမီရှင်ဆယ်ဦး စမ်းသပ်ပွဲဆိုသည်မှာ အသက် ၁၅ နှစ်အောက် လူငယ်များနှင့်တစ်ဆယ့်သုံးဆင့်သော ကျင့်ကြံခြင်းအဆင့်ရှိသည့် တစ်ကိုယ်တော် ကျင့်ကြံသူ ထိပ်သီးဆယ်ဦးအတွက်သာ သီးသန့်ရည်ရွယ်ကျင်းပသောအရာ ဖြစ်သည်။

ထို့ကြောင့်ပင် ပုံမှန်အားဖြင့် ဤစံနှုန်းနှစ်ခုနှင့် မကိုက်ညီသောသူများမှာ မည်မျှပင် ငွေကြေးချမ်းသာကြပါစေဦးတော့ဤဝင်ခွင့်တံဆိပ်ပြားကို ဝယ်ယူကြလိမ့်မည် မဟုတ်ပေ။

ဤတံဆိပ်ပြားဟူသည်မှာစမ်းသပ်ပွဲအတွင်း၌ သူတို့၏ ကံကြမ္မာကို စမ်းသပ်ကြည့်ချင်ကြသူများအတွက်သာ အဓိက အသုံးဝင်သောအရာ ဖြစ်သည်။

ချင်မို၏ စကား ဆုံးသွားသည့်အခါတွင်မူ ဝမ်ပင်းက တည်ငြိမ်စွာပင် ဆိုလိုက်၏။

"ဒီဝင်ခွင့်တံဆိပ်ပြား တစ်ခုချင်းစီအတွက် ရွှေဒင်္ဂါးပြား တစ်သိန်းစီ ကုန်ကျခဲ့တာ။ ဂိုဏ်းကို ပြန်ရောက်တဲ့အခါကျရင် မင်း ငါ့ကို အဲဒီငွေတွေ ပြန်ပေးရမယ်"

"ဂိုဏ်းချုပ်ရာ….ကျွန်တော်တို့တွေ တွေ့ကြတိုင်း ငွေကြေးအကြောင်းချည်းပဲ မပြောကြရင် မကောင်းဘူးလားဗျာ။ အရာရာတိုင်းက အလွယ်တကူ ရရှိလာတာ မဟုတ်ဘူးဆိုတာကို ကျွန်တော်တို့ကို သိစေချင်တဲ့ ဂိုဏ်းချုပ်ရဲ့ စေတနာကို ကျွန်တော် နားလည်ပါတယ်။ ဒါပေမဲ့ ဂိုဏ်းချုပ်က ဒီလိုမျိုး ငွေအကြောင်းချည်းပဲ ခဏခဏ ပြောနေမယ်ဆိုရင်အခြားသူတွေက ဂိုဏ်းချုပ်ကို ငွေတစ်မျက်နှာတည်းကြည့်တဲ့ အပေါ်ယံလူစားမျိုးလို့ ထင်မှတ်သွားကြလိမ့်မယ်ဗျ"

ချင်မိုက တခိခိနှင့် ရယ်မောလိုက်၏။

သူ့အတွက်တော့ ရွှေဒင်္ဂါးပြား တစ်သိန်းဆိုသည်မှာ အလွန်အမင်း များပြားလှသောအရာ မဟုတ်ဘဲ လက်ခံနိုင်သော ပမာဏတစ်ခုသာ ဖြစ်သည်။

သို့သော်လည်း ချင်မို၏ စကားကို ကြားလိုက်ရသည့် ထိုခဏ၌ ဝမ်ပင်းတစ်ယောက် စိတ်ထဲတွင် အနည်းငယ်မျှ စနိုးစနောင့် ဖြစ်သွားခဲ့ရပြီး စိတ်ထဲမှနေ၍ မကျေမချမ်း ရေရွတ်လိုက်မိတော့သည်။

ငါက ငွေမမက်ဘူးလို့ ဘယ်သူ ပြောလဲဟ။ ဘယ်သူကများ ငါ့ကို ဒီလိုမျိုး စိတ်ပုတ်လက်ပုတ်နဲ့ လိုက်ပြီး သိက္ခာချနေရတာလဲ...

သူ ထိုသို့ တွေးတောနေစဉ်အတွင်းမှာပင်သူ၏ နောက်ကျောဘက်ဆီမှနေ၍ သာယာနာပျော်ဖွယ်ကောင်းလှသော မိန်းကလေးငယ်တစ်ဦး၏ အော်ဟစ်သံကို ရုတ်တရက် ကြားလိုက်ရသည်။

"ဟားဟား..."

"နင် ရူးနေတာလားနင် ရယ်ချင်ရင်လည်း တခြားနေရာ သွားရယ်လေ ဘာဖြစ်လို့ ငါ့အနား လာပြီးတော့ အော်နေရတာလဲ"

ချင်မိုက အရင်ဦးဆုံး နောက်သို့ လှည့်ကြည့်လိုက်ပြီး သူ၏ဘေးနားရှိ လူကို အော်ဟစ်ဆဲဆိုရန် ပြင်လိုက်သော်လည်း၎င်းမှာ ဇန်ထိုင်ယဲ့ ဖြစ်နေသည်ကို မြင်တွေ့လိုက်ရသည့် ထိုခဏ၌ သူ၏ မျက်နှာထက်၌ အပြုံးတုတစ်ခုကို ပျာပျာသလဲ ချက်ချင်းပင် ဖန်တီးလိုက်ရတော့၏။ "အာဒါက အထင်လွဲတာပါ တကယ့်ကို လှပတဲ့ အထင်လွဲမှုလေးတစ်ခုပါနော်..."

ထို့နောက်တွင်မူ သူသည် ဝမ်ပင်းနှင့် ယွီမိုတို့၏ နောက်ကွယ်ဆီသို့ အလျင်အမြန်ပင် တိုးဝင်၍ ပုန်းကွယ်လိုက်တော့သည်။

ဤမိန်းကလေးငယ်မှာသူ ဘယ်လိုနည်းနဲ့မှ သွားရောက်၍ မပြစ်မှားရဲသော ပုဂ္ဂိုလ်တစ်ဦးပင်။

ချင်မို နောက်ဆုတ်သွားသည်နှင့်တစ်ပြိုင်နက် ဇန်ထိုင်ချင်ရွှမ်းသည် ဝမ်ပင်း၏ ရှေ့မှောက်သို့ တည့်တည့်မတ်မတ် လျှောက်လှမ်းလာခဲ့ပြီး သူ့ကို အထက်အောက် သေသေချာချာ စစ်ဆေးကြည့်ရှုလိုက်ကာ ပွင့်ပွင့်လင်းလင်းပင် မေးလိုက်သည်။

"ကောင်လေးအချိန် လေးရက်တောင် ကုန်ဆုံးသွားခဲ့ပြီပဲ ငါ မင်းကို ပေးထားခဲ့တဲ့ သေတ္တာလေးရဲ့ ကိစ္စကော ဘယ်လိုလဲတစ်စုံတစ်ခု ထူးခြားမှု ရှိပြီလား"

ဝမ်ပင်းက တည်ငြိမ်စွာဖြင့်ပင် ပြန်ဖြေလိုက်သည်။

"စီနီယာကျွန်တော်တို့ သဘောတူထားကြတာက အချိန် ဆယ်ရက်လေဗျာ"

အဘွားအို ဇန်ထိုင်ချင်ရွှမ်းက အသာအယာ ပြုံးလိုက်မိပြီး ပြောလိုက်သည်။

"မင်း ထပ်ပြီးတော့ အချိန်ကုန်မခံပါနဲ့တော့။ အဲဒီ နက်မှောင်လှတဲ့ သေတ္တာပေါ်မှာ အမြစ်

တွယ်နေတဲ့ အဆိပ်ငွေ့တွေကို ဖယ်ရှားပစ်ဖို့ဆိုတာ မင်းလိုလူအတွက် ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ ဒါပေမဲ့ ငါက မင်းကို ဆယ်ရက်ဆိုပြီး အချိန်ပေးထားခဲ့တာဖြစ်လို့ကတိကဝတ်ကိုတော့ ဖျက်ဆီးမှာ မဟုတ်ဘူး။ နောက်ထပ် ငါးရက်ကြာတဲ့အခါကျမှ မင်းဆီကို ငါ တစ်ခေါက် ပြန်လာခဲ့မယ်"

ထိုသို့ပြောကြားပြီးနောက် ဇန်ထိုင်ချင်ရွှမ်းက နောက်သို့လှည့်၍ ထွက်ခွာရန် ပြင်လိုက်၏။

သို့သော်လည်း ဇန်ထိုင်ယဲ့တစ်ယောက် ခွေးကြီးတစ်ကောင်နှင့် အလွန်အမင်း ပျော်ရွှင်မြူးတူးစွာ ဆော့ကစားနေသည်ကို မြင်တွေ့လိုက်ရသည့် ထိုခဏ၌ သူမသည် မျက်ခုံးနှစ်ဖက်ကို အသာအယာ တွန့်ချိုးလိုက်မိပြီး ဝမ်ပင်းထံသို့ အကြည့်ကို ပြန်လည်ပို့ဆောင်လိုက်ပြန်သည်။

ဇန်ထိုင်ချင်ရွှမ်းက မေးလိုက်၏။

"ကောင်လေး…ဒီခွေးကို ဘယ်လောက်နဲ့ ရောင်းမလဲ"

"မရောင်းပါဘူးဗျာ..."

ဝမ်ပင်းသည်လည်း ဤအခြေအနေကြောင့် အနည်းငယ်မျှ ဆွံ့အသွားခဲ့ရ၏။

ဘာဖြစ်လို့ ဒီအဘွားအိုနဲ့ မြေးမလေး နှစ်ယောက်လုံးကငါ့ရဲ့ တောင်စောင့်ခွေးကြီးကိုပဲသဘောကျနေကြရတာလဲ။

ဒီခွေးကြီးကမိန်းကလေးငယ်လေးတွေကို ဆွဲဆောင်နိုင်ရုံတင်မကဘဲ အဘွားအိုတွေကိုပါ ဆွဲဆောင်နိုင်တဲ့ အစွမ်း ရှိနေတာလား...

သို့သော်လည်း ဇန်ထိုင်ချင်ရွှမ်းက ဝမ်ပင်း၏ ငြင်းဆိုမှုကို အနည်းငယ်မျှ ဂရုမစိုက်ဘဲ တိုက်ရိုက်ပင် ပြောလိုက်တော့သည်။

"အဖြူရောင်သလင်းကျောက် ၅ တုံး..."

ဝမ်ပင်းက ပြန်လည်တုံ့ပြန်လိုက်၏။

"စီနီယာ…ဒါက တန်ဖိုးနဲ့ မဆိုင်ပါဘူးဗျာ"

ဇန်ထိုင်ချင်ရွှမ်းက ဆက်လက်၍ "ဒါက ခွေးတစ်ကောင်သက်သက်ပဲဟာကို။ အဖြူရောင်သလင်းကျောက် ၅ တုံးဆိုရင်မင်း ဒီလိုမျိုး ခွေးအကောင်ရေ ထောင်ချီပြီးတော့တောင် အလွယ်တကူ ဝယ်လို့ရတယ်" ဟု ပြောလိုက်သည်။

"စီနီယာအကယ်၍ စီနီယာက ခွေးတစ်ကောင် ဝယ်ချင်တယ်ဆိုရင်တော့ သူမကို ခွေးအရောင်းအဝယ်လုပ်တဲ့ ဈေးဆီကိုပဲ တိုက်ရိုက် ခေါ်သွားလိုက်ပါလားဗျာ"

ဇန်ထိုင်ချင်ရွှမ်းက စိတ်ပျက်လက်ပျက်ဖြင့်ပင် ပြန်ပြောလိုက်၏။

"ငါ့ရဲ့ တုံးအတဲ့ မြေးမလေးက ဒီခွေးတစ်ကောင်တည်းကိုပဲ အသေအလဲ သဘောကျနေတာမို့လို့ ငါ့မှာလည်း ဘာမှမတတ်နိုင်ဘူး။ ကဲဒီလိုလုပ်ကြတာပေါ့ အဖြူရောင်သလင်းကျောက် ၁၀ တုံး ဒီပမာဏဆိုရင်တော့ လုံလောက်ပြီမလား။ လောကကြီးတစ်ခုလုံးမှာခွေးတစ်ကောင်အတွက် အဖြူရောင်သလင်းကျောက် ၁၀ တုံးအထိ အသုံးချမယ့်သူဆိုလို့ ငါ့ကလွဲလို့ အခြားဘယ်သူမှ ရှိလိမ့်မယ် မဟုတ်ဘူးလို့ ငါ ယုံကြည်တယ်"

"စီနီယာကျွန်တော့်မျက်နှာက အဖြူရောင်သလင်းကျောက်တွေ လိုအပ်နေတဲ့သူတစ်ယောက်နဲ့ တူလို့လားဗျာ"

ထိုသို့ပြောဆိုလိုက်ရင်း ဝမ်ပင်းသည် သူ၏ သိုလှောင်မှုလက်စွပ်ထဲမှနေ၍ အဖြူရောင်သလင်းကျောက် ၁၀ တုံးကို အသာအယာ ထုတ်ယူပြလိုက်၏။

ထိုသလင်းကျောက်များမှာ မနေ့က လုံယီကို သတ်ဖြတ်ပြီးနောက် သိမ်းဆည်းရမိခဲ့သော ပစ္စည်းများဖြစ်ပြီး စုစုပေါင်း သလင်းကျောက် အတုံးနှစ်ဆယ်ခန့်သာ ရှိသော်လည်း ယခုအချိန်၌ ထုတ်ပြရန်အတွက်မူ လုံလောက်သည်။

"ဒါတင်မကသေးဘူး စီနီယာ….စီနီယာတို့ဘက်က ဒီခွေးကြီးကို ကျွေးမွေးစောင့်ရှောက်ဖို့အတွက်လည်း ဘယ်လိုမှ တတ်နိုင်မှာ မဟုတ်ဘူး"

မိစ္ဆာဝိညာဉ်ဓားရဲ့ စီးတော်ယာဉ်ကိုအတင်းအဓမ္မ လုယူချင်တယ် ဟုတ်လား။ အရင်ဦးဆုံး မင်းတို့တွေအနေနဲ့ သူ့ရဲ့ ပြင်းထန်တဲ့ အမျက်ဒေါသကို ခံနိုင်ရည်ရှိဖို့ လိုအပ်လိမ့်မယ်...

ဒုတိယအချက်အနေနဲ့ကတော့ သူ့ကို ကျွေးမွေးဖို့အတွက် အထက်တန်း နက်နဲသောအဆင့်ရှိတဲ့ ဝိဉာဉ်တွေကို မင်းတို့တွေ ဘယ်နေရာကနေ သွားပြီး ရှာဖွေပေးနိုင်မှာလဲ...

အဘွားအိုက ဝမ်ပင်းကို မျက်စောင်းတစ်ချက် ထိုးလိုက်မိပြီး "မတတ်နိုင်ဘူး ဟုတ်လားကောင်လေး မင်းက ငါ့လို မိန်းမကြီးကို ဒီလိုမျိုး စကားလုံးတွေနဲ့ လှည့်စားဖို့ လွယ်ကူလိမ့်မယ်လို့ ထင်နေတာလား" ဟု ပြောလိုက်သည်။

အတိအကျပင် ထိုခဏ၌ ချင်မိုဆီမှနေ၍ ကျယ်လောင်လှသော အော်ဟစ်သံတစ်ခု ထွက်ပေါ်လာခဲ့တော့၏။

"စမ်းသပ်ပွဲကြီး စတင်ပွင့်လှစ်လိုက်ပြီဗျ..."

"ဒီလောက်တောင် မြန်မြန်ဆန်ဆန်ကြီးလား..."

အဘွားအိုသည် ရုတ်တရက် လှုပ်ရှားသက်ဝင်လာသော လူအုပ်ကြီးကို တစ်ချက်ဝေ့ကြည့်လိုက်ပြီးနောက် ဇန်ထိုင်ယဲ့၏ ဘေးနားတွင် အလိုက်သင့် မတ်တတ်ရပ်နေသော ဝမ်ပင်းကို လှမ်းကြည့်လိုက်ရင်းလှည့်ထွက်မသွားမီ နောက်ဆုံးစကားတစ်ခွန်းကို ချန်ထားရစ်ခဲ့သည်။ "အဖြူရောင်သလင်းကျောက် ၂၀ တုံး..."

အဘွားအို ခြေလှမ်းကျဲကြီးများဖြင့် ထွက်ခွာသွားသည်ကို ကြည့်ရင်း ဝမ်ပင်းက ကူကယ်ရာမဲ့စွာဖြင့် ပြုံးလိုက်မိတော့၏။

ထို့နောက် သူသည် ချင်မိုနှင့် ယွီမိုတို့ဘက်သို့ လှည့်ကာ "ကဲသွားကြစို့ အထဲကို ဦးတည်ပြီး ဝင်ရအောင်" ဟု ပြောလိုက်သည်။

သူတို့နှစ်ဦးသည်လည်း ဝမ်ပင်း၏နောက်မှနေ၍ ပျာပျာသလဲ လိုက်ပါလာခဲ့ကြတော့၏။

ဝမ်ပင်းသည် ရှေ့သို့ လှောက်လှမ်းလာရင်းသူ၏ စိတ်အာရုံထဲ၌မူ ထိုသိုးရေလိပ်စာစောင်ထဲတွင် ရေးသားထားခဲ့သော စာသားကိုသာ ထပ်ခါတလဲလဲ တွေးတောဆင်ခြင်နေခဲ့မိသည်။

ပြောင်းပြန်အတိုင်း ဆောင်ရွက်ပါ...

...

တစ်ဆယ့်ငါးမိနစ်ခန့် ကြာမြင့်ပြီးနောက် ဇန်ထိုင်ချင်ရွှမ်းသည် မြူခိုးမြူငွေ့များ ဖုံးလွှမ်းနေသော နယ်မြေအတွင်းသို့ ခြေလှမ်းလှမ်း၍ ဝင်ရောက်လာခဲ့ပြီ ဖြစ်သည်။

သဘာဝကျစွာပင်ထိုမြူခိုးများ၏ အတွင်းပိုင်းကမ္ဘာမှာမူ အပြင်ဘက်ကဲ့သို့ အမြင်အာရုံကို ပိတ်ဆို့ထားခြင်း မရှိပေ။

အထက်ကောင်းကင်ယံထက်၌ မြူခိုးများ ကင်းစင်နေသဖြင့် မိစ္ဆာကောင်ကြီးများဝဲပျံနေသည်ကို သေသေချာချာ မြင်တွေ့နေရဆဲ ဖြစ်သော်လည်း မည်သူတစ်ဦးတစ်ယောက်မျှ ကောင်းကင်ယံထက်မှနေ၍ အောက်သို့ ဆင်းသက်လာရန် မဝံ့ရဲကြပေ။

အဘယ်ကြောင့်ဆိုသော် အမြင်အာရုံကို ပိတ်ဆို့ထားသော မြူခိုးများ မရှိသော်လည်းမီတာတစ်ရာခန့် မြင့်မားသော ကောင်းကင်ယံထက်၌ ပြင်းထန်လှသော သေမင်းတားမြစ်ချက် ပိတ်ဆို့မှုကြီးတစ်ခု ရှိနေခဲ့ခြင်းကြောင့်ပင်။

၎င်းကို ထိမိလိုက်သည်နှင့်တစ်ပြိုင်နက်မည်သူမဆို ဧကန်မုချ အသက်ပျောက်သွားရမည်ပင်။

မည်သည့်ချွင်းချက်မျှ ရှိလိမ့်မည် မဟုတ်ပေ။

ဤနေရာသည် အပြင်ဘက်ကမ္ဘာနှင့် နှိုင်းယှဉ်လျှင် ပို၍ပင် ထူးခြားဆန်းပြားနေခဲ့ပြီးမြက်ပင်များပင်လျှင် လူတစ်ရပ်စာမက မြင့်မားနေခဲ့ကြသည်။

ပါရမီရှင်ဆယ်ဦးနေရာအတွက် ယှဉ်ပြိုင်ကြမည့်သူများမှာ ရှေ့သို့ အလျင်အမြန် တိုးဝှေ့လျှောက်လှမ်းသွားကြသော်လည်းစူးစမ်းကြည့်ရှုချင်ရုံမျှသာ ဖြစ်သော ဇန်ထိုင်ချင်ရွှမ်းကတော့ သတိကြီးစွာဖြင့်သာ ဖြည်းညှင်းစွာ လျှောက်လှမ်းနေခဲ့၏။

သူမ အတန်ငယ် လျှောက်လှမ်းပြီးသည့်နောက်တွင်မူ ပိုင်ဖုန်းသည်လည်း ထိုမြူခိုးနက်အတွင်းသို့ ခြေလှမ်းလှမ်း၍ ဝင်ရောက်လာခဲ့သည်။

လူအုပ်ကြီးအားလုံး ဝင်ပေါက်နေရာနှင့် အလှမ်းကွာဝေးသွားခဲ့ကြပြီးတစ်ကီလိုမီတာ ပတ်လည်အတွင်း၌ မည်သူတစ်ဦးတစ်ယောက်ကိုမျှ မမြင်တွေ့ရတော့သည့် ထိုခဏ၌ ပိုင်ဖုန်းသည် ရုတ်တရက် နောက်သို့ လှည့်လိုက်ပြီးသူ မူလက လာခဲ့သော လမ်းကြောင်းဆီသို့ ပြောင်းပြန်အတိုင်း ပြန်လည်လျှောက်လှမ်းသွားခဲ့တော့၏။

ဤစမ်းသပ်ပွဲနယ်မြေ၌ သဘာဝတရား၏ စည်းမျဉ်းတစ်ခု ရှိနေခဲ့ပြီး ၎င်းကတော့ အထဲသို့ ဝင်ရောက်လာပြီးသောသူများအနေဖြင့် နောက်သို့ ပြန်လည်ထွက်ခွာခွင့် မရှိခြင်းပင်။

အကယ်၍ လမ်းခုလတ်မှနေ၍ အတင်းအဓမ္မ ထွက်ခွာရန် ကြိုးစားမည်ဆိုပါက သေဆုံးခြင်းနှင့်သာ ရင်ဆိုင်ရမည်ပင်။

ထို့ကြောင့်ပင် နှစ်ပေါင်းများစွာတိုင်အောင် မည်သူတစ်ဦးတစ်ယောက်မျှ မြူခိုးများကြားမှနေ၍ လမ်းခုလတ်၌ နောက်ကြောင်းပြန်လှည့်ရန် မဝံ့ရဲခဲ့ကြပေ။

မည်သူကမျှလည်း ထိုသို့ ပြုလုပ်ကြလိမ့်မည် မဟုတ်ပေ။

အဘယ်ကြောင့်ဆိုသော် ဤစမ်းသပ်ပွဲနယ်မြေ၏ ရှေ့ဘက်ပိုင်း၌ တန်ဖိုးကြီးမားလှသော ကောင်းကင်ဘုံ ရတနာများနှင့် သဘာဝပစ္စည်းများ မြောက်မြားစွာ ရှိနေခဲ့ခြင်းကြောင့်ပင်။ ပါရမီရှင်ဆယ်ဦးဘွဲ့ထူးကို မရရှိနိုင်လျှင်တောင်မှထိုနေရာရှိ ရတနာများကို ရှာဖွေရယူခြင်းအားဖြင့် သူတို့၏ ကျင့်ကြံခြင်းအဆင့်ကို တစ်ဆင့် သို့မဟုတ် နှစ်ဆင့်ခန့်အထိ အလွယ်တကူ မြှင့်တင်နိုင်ကြသည်။

သို့သော်လည်း ယခုအခါ၌မူ ပိုင်ဖုန်းက နောက်ကြောင်းပြန်၍ လျှောက်လှမ်းနေခဲ့ပြီ ဖြစ်သည်။

သူ၏ ခန္ဓာကိုယ်သည် ဖြူဖွေးလှသော မြူခိုးများကြားထဲ၌ ပျောက်ကွယ်သွားခဲ့သော်လည်းဆန့်ကျင်ဘက် အပြင်ဘက်ကမ္ဘာဆီသို့မူ ပြန်လည်ထွက်ပေါ်လာခြင်း မရှိပေ။

စင်စစ်အားဖြင့် ခြေလှမ်း ဆယ်လှမ်းခန့် ခြေလှမ်းလိုက်ရုံမျှဖြင့် ထိုမြူခိုးများ၏ အပြင်ဘက်သို့ ရောက်ရှိသွားနိုင်သော်လည်း တစ်ဆယ့်ငါးမိနစ်ခန့် ကြာမြင့်သွားသည့်တိုင်အောင် သူ၏ အရိပ်အယောင်ကို လုံးဝ မမြင်တွေ့ရတော့ပေ။

တစ်ချိန်တည်းမှာပင်အခြားသော နေရာအသီးသီး၌လည်း လူအချို့မှာ ထိုဖြူဖွေးလှသော မြူခိုးများကြားထဲ၌ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ကြပြီး ပြန်လည်ထွက်ပေါ်လာခြင်း မရှိကြတော့ပေ။

အမွှေးတိုင်တစ်တိုင်စာခန့် ကုန်ဆုံးသွားပြီးသည့်နောက်ကျမှသာ ပိုင်ဖုန်းသည် ထိုဖြူဖွေးလှသော မြူခိုးများကြားထဲမှနေ၍ ပြန်လည်ထွက်ပေါ်လာခဲ့တော့၏။

သူ အပြင်သို့ ရောက်ရှိလာသည်နှင့်တစ်ပြိုင်နက်လက်ထဲ၌ ဆုပ်ကိုင်ထားသော ကျောက်စိမ်းတံဆိပ်ပြားတစ်ခုကို ချက်ချင်းပင် အစိတ်စိတ်အမြွှာမြွှာ ချေမှုန်းပစ်လိုက်တော့သည်။

ဖုန်းယွမ်မြို့တော်အတွင်း၌မူ ရှန်လုံသည် ခမ်းနားလှသော ဂိုဏ်းချုပ်ကုလားထိုင်ပေါ်မှနေ၍ ရုတ်တရက် မတ်တတ်ရပ်လိုက်မိပြီး စားပွဲငယ်လေးပေါ်ရှိ ကျောက်စိမ်းတံဆိပ်ပြား အစိတ်စိတ်အမြွှာမြွှာ ကွဲအက်သွားသည်ကို မြင်တွေ့လိုက်ရသည့် ထိုခဏ၌ သူ၏ မျက်နှာထက်ရှိ အပြုံးများမှာ ပို၍ပင် ကျယ်ပြန့်သွားခဲ့ရတော့၏။

တစ်ချိန်တည်းမှာပင် သူကိုယ်တိုင်လည်း ကျောက်စိမ်းတံဆိပ်ပြားတစ်ခုကို ထုတ်ယူကာ လျင်မြန်စွာ ချေမှုန်းပစ်လိုက်သည်။

၎င်းကို ချေမှုန်းပြီးနောက်သူသည် တခိခိနှင့် ရယ်မောရင်း အခန်းပြင်ပသို့ လှောက်လှမ်းထွက်ခွာလာခဲ့ကာ "နတ်ဘုရားနက်နဲသောအဆင့်အထက်တန်းအဆင့်ရှိတဲ့ စောင့်ကြည့်သူကြီး ချန်ထားရစ်ခဲ့တယ်ဆိုတဲ့ ဒဏ္ဍာရီလာ လျှို့ဝှက်ရတနာကြီး ငါ လာပြီဟေ့..." ဟု ကျယ်လောင်စွာ ရေရွတ်လိုက်တော့သည်။

...

အခြားတစ်ဖက်တွင်မူ ဝမ်ပင်းသည် မြူခိုးနက်နယ်မြေအတွင်းသို့ ခြေလှမ်းလှမ်း၍ ဝင်ရောက်လိုက်ပြီးသည့်နောက်ကျမှသာ ပြောင်းပြန်အတိုင်း ဆောင်ရွက်ပါဟူသော စကားလုံး၏ အစစ်အမှန် အဓိပ္ပာယ်ကို သေသေချာချာ နားလည်သဘောပေါက်သွားခဲ့တော့၏။

လူအများစုက ပန်းတိုင်က အဝေးကြီးမှာ ရှိနေလိမ့်မယ်လို့ ထင်မှတ်ထားခဲ့ကြပေမဲ့ အစစ်အမှန် ရည်မှန်းချက်ပန်းတိုင်က မူလနေရာရဲ့ ဆန့်ကျင်ဘက် ကိုယ့်ရဲ့နောက်ကျောဘက်မှာတင် ရှိနေလိမ့်မယ်လို့ ဘယ်သူကများ ကြိုတင်တွေးမိမှာလဲ...

အဲဒီ ဖြူဖွေးလှတဲ့ မြူခိုးတွေရဲ့ အတွင်းပိုင်းမှာတော့ သီးသန့် ကမ္ဘာငယ်လေးတစ်ခု တကယ်ပဲ တည်ရှိနေခဲ့တာပဲ။

"ဒါ….ဒါက..."

ထိုနေရာသို့ ခြေလှမ်းလှမ်း၍ ဝင်ရောက်လိုက်သည်နှင့်တစ်ပြိုင်နက်ချင်မိုနှင့် ယွီမိုတို့သည် သူတို့၏ ရှေ့မှောက်၌ ရှိနေသော မြင်ကွင်းကြောင့် အလွန်အမင်းပင် စိတ်လှုပ်ရှားသွားခဲ့ကြရရှာ၏။

လူသုံးယောက်နှင့် ခွေးတစ်ကောင်မှာကုန်းမြင့်တောင်ကုန်းလေးတစ်ခုပေါ်တွင် မတ်တတ်ရပ်နေခဲ့ကြပြီး အဝေးတစ်နေရာ၌မူ စိမ်းစိုလှသော တောအုပ်ကြီးများနှင့် ကျောက်ဆောင်လျှိုမြောင်များပေါ်မှနေ၍ ဝုန်းဝုန်းဒိုင်းဒိုင်း စီးဆင်းဖြာကျနေသော ရေတံခွန်ကြီးများကို ထင်ရှားစွာ မြင်တွေ့နေရသည်။

ဒါဟာ တကယ့်ကို ကမ္ဘာသစ်တစ်ခုပဲ။

သူတို့နှစ်ဦးကို အံ့ဩတသဆုံး ဖြစ်သွားစေသည့်အချက်မှာဤနေရာ၌ အဖိုးတန်လှသော ကောင်းကင်ဘုံရတနာများနှင့် သဘာဝပစ္စည်းများမှာ အလျှံပယ် ရှိနေခဲ့ခြင်းဖြစ်ပြီး ၎င်းတို့ကို ကာကွယ်စောင့်ရှောက်ထားသည့် မိစ္ဆာမျိုးနွယ်စုတစ်ကောင်တစ်လေမျှပင် မရှိခြင်းကြောင့်ပင်။

ဝမ်ပင်းက ထိုနေရာကို ဝေ့ဝဲကာ ကြည့်ရှုလိုက်ပြီးနောက် ချက်ချင်းပင် ပြောလိုက်တော့သည်။

"ဒါတွေကို တိုက်ရိုက်ပဲ သိမ်းဆည်းကြတော့။ မင်းတို့တွေ ယူနိုင်သလောက် များများ ယူဆောင်သွားကြ"

သို့သော်လည်း ချင်မိုက တန်ဖိုးကြီးမားလှသော ကောင်းကင်ဘုံ သတ္တုရိုင်းတစ်တုံးကို လှမ်း၍ကိုင်တွယ်ကာ သူ၏ သိုလှောင်မှုလက်စွပ်ထဲသို့ ထည့်သွင်းရန် ပြင်လိုက်သည့် ထိုခဏ၌ပင်ထိုသတ္တုရိုင်းမှာ မှိုတက်နေသော ပဲပြားတစ်ခုအလား ချက်ချင်းပင် ဆွေးမြည့်ပျက်စီးသွားခဲ့ရတော့၏။

ယွီမိုက စိတ်ပျက်လက်ပျက်ဖြင့် ပြောလိုက်သည်။

"ဂိုဏ်းချုပ်ကျွန်တော်တို့တွေ ဒါတွေကို အပြင်ကို ယူဆောင်သွားလို့ မရဘူး ထင်တယ်ဗျ"

ဝမ်ပင်းက ပြန်ဖြေလိုက်သည်။

"ဒါဆိုရင်လည်းမင်းတို့ရဲ့ ကျင့်ကြံခြင်းအတွက် အမှန်တကယ် အသုံးဝင်မယ့် ကောင်းကင်ဘုံ ရတနာတွေကိုပဲ ရှာဖွေပြီးတော့ဒီရက်ပိုင်း လေးငါးရက်အတွင်းမှာ ကျင့်ကြံခြင်းအပေါ်မှာပဲ အပြည့်အဝ အာရုံစိုက်ထားကြတော့"

သူတို့နှစ်ဦးလုံး ထိုတောအုပ်ကြီးအတွင်းသို့ တိုးဝင်ကာ ရတနာများကို အသည်းအသန် ရှာဖွေစုဆောင်း၍ ကျင့်ကြံခြင်းကို စတင်လိုက်ကြသည့်အချိန်၌ ဝမ်ပင်းကမူ တောင်စောင့်ခွေးကြီးကို ခေါ်ဆောင်လျက် ရှေ့သို့ ဆက်လက်လှောက်လှမ်းလာခဲ့တော့သည်။

သူ့ထံရှိ စနစ်၏ ပြောကြားချက်များအရဆိုလျှင် ဤကမ္ဘာငယ်လေး၌ အစွန်းအမှတ် နယ်နိမိတ်တစ်ခု အမှန်တကယ် ရှိနေခဲ့သည်။

All Chapters