← Chapters

အခန်း ၃၂၅

Vol. 33 Ch. 325

အခန်း ၃၂၅

Vol. 33 Ch. 325

အခန်း (၃၂၅) ထျန်းကန်းနှင့် ဆန့်ကျင်ဘက်၊ လီလန်က ပညာတတ်လူငယ်အား ဝတ္ထုရေးရန် သင်ပေးခြင်း

ကျန်းချောင်ရင်သည် ထမ်းပိုးတစ်ချောင်းကို ထမ်းထားပြီး တစ်ဖက်တစ်ချက်စီတွင် သစ်သားရေပုံးတစ်ပုံးစီ ချိတ်ဆွဲထားလေသည်။

သစ်သားပုံးများထဲတွင် ရေများ အပြည့်ပါဝင်နေ၏။

ထိုရေနှစ်ပုံးပေါင်းလိုက်လျှင် အလေးချိန်အားဖြင့် ကျင်းလေးငါးဆယ်ခန့်ရှိသဖြင့် အလွန်လေးလံလှပေသည်။

ကျန်းချောင်ရင်သည် ထိုရေနှစ်ပုံးကို ထမ်းရင်း အံကြိတ်ထားရလေသည်။

သူသည် မူလက မြို့မှလာသော ပညာတတ်လူငယ်တစ်ဦးဖြစ်ပြီး ယဉ်ကျေးပျူငှာသူ၊ ဝတ္ထုဖတ်ရန်သာ သိသော စာအုပ်ပိုးကောင်တစ်ကောင်ဖြစ်လေရာ အခြားတစ်နည်းဆိုရသော် ကြက်တစ်ကောင်ကိုပင် မသတ်နိုင်လောက်အောင် အားနည်းသူဖြစ်ပေသည်။

သူ့ကို ရေခပ်ခြင်းကဲ့သို့သော အလုပ်ကြမ်းလုပ်ခိုင်းခြင်းမှာ အနည်းငယ် ခက်ခဲလှပေသည်။

သို့သော်လည်း သူ၏ပခုံးများမှာ ထမ်းပိုးဖိအားကြောင့် နီရဲနာကျင်နေပြီး လမ်းလျှောက်ရာတွင်လည်း ယိုင်နဲ့နဲ့ဖြစ်ကာ သစ်သားပုံးများထဲမှ ရေများစွာ ဖိတ်စင်ကျနေသော်လည်း မြို့မှလာသော ရဲဘော်ကျန်းချောင်ရင်သည် သွားကိုက်ခဲ၍ ကြိုးစားရုန်းကန်နေဆဲဖြစ်သည်။

လီလန်သည် မြို့မှလာသော ဤပညာတတ်လူငယ်ကို တစ်ချက်ကြည့်လိုက်ပြီး ရယ်မောခြင်းကို မအောင့်အည်းနိုင်တော့ပေ။

ဤစာအုပ်ပိုးကောင် ရဲဘော်လေးမှာ ခွန်အားသိပ်မရှိသော်လည်း တော်တော်လေး ဇွဲကောင်းသူဖြစ်ပေသည်။

"ရဲဘော်ကျန်း မထမ်းနိုင်တော့ရင်လည်း ပြောပါဗျာ…ကျွန်တော် ထမ်းပါ့မယ်..."

လီလန်က ပြုံး၍ ပြောလိုက်သည်။

ကျန်းချောင်ရင်သည် အံကြိတ်ကာ ခေါင်းခါပြလိုက်၏။

"မလိုပါဘူး မလိုပါဘူး…ကျွန်တော် လုပ်နိုင်ပါတယ်..."

စာအုပ်ပိုးကောင် ရဲဘော်လေးသည် ရေနှစ်ပုံးကို ထမ်း၍ ယိမ်းထိုးကာ လီလန်၏နောက်မှ လိုက်၍ အိမ်သို့ ပြန်လာခဲ့သည်။

ခြံထဲသို့ ရောက်သည်နှင့် တစ်ပြိုင်နက် ရေနှစ်ပုံးကို ရေစည်ကြီးဘေးတွင် ချထားလိုက်ပြီး ကျန်းချောင်ရင်ခမျာ သက်ပြင်းတစ်ချက် ချလိုက်တော့သည်။

“ဟူး…”

"ရောက်လာခဲ့ပြီပဲ..."

သူသည် ထမ်းပိုးကို ပခုံးပေါ်မှ ဖယ်ချလိုက်ပြီး ကိုယ်ကိုကိုင်းကာ ရေပုံးများကို အားယူ၍ မတင်လိုက်ပြီးနောက် ရေနှစ်ပုံးကို တစ်ပုံးပြီးတစ်ပုံး ရေစည်ကြီးထဲသို့ လောင်းထည့်လိုက်သည်။

ရေများမှာ ဆူညံစွာ ပက်ဖြန်းသွားတော့၏။

အလွတ်ဖြစ်နေသော ရေစည်ကြီးထဲသို့ နောက်ထပ် ရေနှစ်ပုံး လောင်းထည့်လိုက်ပြီးနောက် စည်အောက်ခြေတွင် ရေလှိုင်းလေးများ ဖြာထွက်သွားပြီး ရေပြင်ထက်ရှိ သစ်သားအိမ်အမိုးစွန်း၏ အရိပ်မှာလည်း ပြိုကွဲသွားကာ လျင်မြန်စွာ ကွယ်ပျောက်သွားသော အိပ်မက်တစ်ခုပမာ ပြန်လည်ဖြစ်တည်လာသည်။

"ရဲဘော်ကျန်း ပင်ပန်းသွားပြီ..."

လီလန်သည် ထမ်းပိုးကို ယူ၍ နံရံတွင် မှီထားလိုက်သည်။

"မပင်ပန်းပါဘူး…လုံးဝ မပင်ပန်းပါဘူး..."

ကျန်းချောင်ရင်သည် နဖူးမှ ချွေးများကို သုတ်ရင်း ခေါင်းခါပြလိုက်၏။

သူသည် အသက်ပြင်းပြင်း ရှူနေရပြီး မျက်နှာမှာလည်း နီရဲနေကာ သူ၏ပခုံးကို တစ်ချက်ကြည့်လိုက်ပြီး အင်္ကျီကော်လာကို ဆွဲဟ၍ ကြည့်လိုက်ရာ ပခုံးမှာ နီရဲနေပြီး ပွန်းပဲ့နေသည်ကိုပင် တွေ့လိုက်ရလေသည်။

ရေခပ်ရသည့် ဤအလုပ်မှာ လုံးဝမလွယ်ကူလှပေ။

ကျန်းချောင်ရင်သည် ရေစည်ကြီးကို ကြည့်လိုက်ရာ ဤရေနှစ်ပုံးမှာ စည်၏ အောက်ခြေကိုသာ ဖုံးလွှမ်းနိုင်သေးပြီး စည်ပြည့်သွားစေရန် သူ နောက်ထပ် သုံးလေးခေါက်ခန့် သွားရဦးမည်ဖြစ်သည်။

"ရေခပ်ရတာ တကယ့်ကို မလွယ်ဘူး၊ နှိပ်စက်နေသလိုပဲ ဒီလယ်သမားတွေ ဘယ်လိုများ ဆက်လုပ်နိုင်ကြလဲ မသိဘူး..."

မြို့မှလာသော ပညာတတ်လူငယ်လေး မိမိဘာသာ ရေရွတ်နေသည်ကို ကြားလိုက်ရသောအခါ လီလန်၏ နှုတ်ခမ်းများမှာ အနည်းငယ် ကွေးတက်သွားလေသည်။

"ကျွန်တော်တို့ မုဆိုးတွေရဲ့ ပခုံးတွေက သားကောင်တွေကို ထမ်းနိုင်ရုံသာမကဘဲ ရေတွေ သစ်လုံးတွေကိုပါ ထမ်းနိုင်ကြတယ်..."

"ယောက်ျားတွေဆိုတာ မိသားစုရဲ့ ကျောထောက်နောက်ခံတွေပဲ၊ ဒီအလုပ်တွေလောက်ကတော့ ဘာမှမဟုတ်ပါဘူး..."

လီလန်က ပြုံး၍ ပြောလိုက်သည်။

ကျန်းချောင်ရင်သည် နားထောင်ပြီးနောက် လေးနက်စွာ သဘောတူသည့်အနေဖြင့် ခေါင်းညိတ်လိုက်၏။

"အဖွဲ့ခေါင်းဆောင်လီ ခင်ဗျားတို့ မုဆိုးတွေက သန်မာကြတယ်…ကျွန်တော်တို့ စာသင်သားတွေက ခွန်အားသိပ်မရှိဘူး၊ ရေခပ်တာတောင် ခက်ခဲတယ်..."

ကျန်းချောင်ရင်သည် ရွှမ်းရွှေရွာတွင် ရောက်နေသည်မှာ နှစ်ဝက်ကျော်ရှိနေပြီဖြစ်ပြီး အလုပ်မှတ်များရရန် ကွန်မြူနစ်အဖွဲ့နှင့်အတူ အလုပ်လုပ်ခဲ့သော်လည်း သူ၏ အရေပြားမှာ နူးညံ့ကာ လက်မောင်းများနှင့် ခြေထောက်များမှာလည်း သေးသွယ်သဖြင့် အလုပ်ကြမ်းများ မလုပ်နိုင်ပေ။ အလွန်ဆုံး အဒေါ်ကြီးများနောက်သို့ လိုက်၍ တောင်ပေါ်သို့ တောင်ပေါ်စာများ သွားရောက်စုဆောင်းခြင်း သို့မဟုတ် အာလူး၊ ပြောင်းဖူးနှင့် ကန်စွန်းဥများ စိုက်ပျိုးရန် လယ်ကွင်းထဲ ဆင်းခြင်းစသည်တို့ကိုသာ ပြုလုပ်နိုင်လေသည်။

တောင်ပေါ်စာများ စုဆောင်းခြင်းနှင့် လယ်လုပ်ခြင်းတို့မှာ မခက်ခဲလှဘဲ ပစ္စည်းများ ထမ်းရန် သို့မဟုတ် အားစိုက်ထုတ်ရန် သိပ်မလိုအပ်ပေ။

"ရဲဘော်ကျန်း ခဏစောင့်ဦး…ကျွန်တော် ခင်ဗျားအတွက် စာမူသွားယူလိုက်ဦးမယ်..."

လီလန်သည် မှာကြားပြီးနောက် သစ်သားအိမ်ဆီသို့ ပြန်သွားလေသည်။

မကြာမီမှာပင် သူသည် စာမူကို ကိုင်၍ ပြန်ထွက်လာခဲ့၏။

စာမူမှာ အလွန်ပါးလွှာပြီး သုံးလေးရွက်ခန့်သာ ရှိပေသည်။

ကျန်းချောင်ရင်သည် ဤစာရွက်အနည်းငယ်ကို ယူ၍ အောက်သို့ ငုံ့ကြည့်လိုက်သောအခါ လက်ရေးလှရေးထားသည့်အလား သပ်ရပ်လှသော ပုံမှန်လက်ရေးစာလုံးများကို မြင်လိုက်ရသဖြင့် သူ၏မျက်လုံးများမှာ ပြူးကျယ်သွားပြီး အလွန်အံ့သြသွားတော့သည်။

"အဖွဲ့ခေါင်းဆောင်လီ ဒီစာလုံးတွေက ဒီစာလုံးတွေက ခင်ဗျားရေးထားတာလား..."

ကျန်းချောင်ရင်မှာ အလွန်အံ့သြနေမိသည်။ ဤစာလုံးများမှာ အလွန်လှပလွန်းလှပေသည်။

စာလုံးများမှာ မတ်မတ်ရပ်နေပြီး စုတ်ချက်များ ပါဝင်ကာ ခန့်ညားထည်ဝါလှပေသည်။

ဤမျှလှပသော လက်ရေးမျိုးကို သူ ပထမဆုံးအကြိမ် မြင်ဖူးခြင်းပင်ဖြစ်၏။

ပို၍ အရေးကြီးသည်မှာ ခဲတံဖြင့် ရေးသားထားခြင်းပင် ဖြစ်လေသည်။

လူတိုင်းသိကြသည့်အတိုင်း ခဲတံဖြင့်ရေးသားခြင်းမှာ အလွန်ရှုပ်ပွလေ့ရှိသော်လည်း လီလန်၏ စာမူစာမျက်နှာ အနည်းငယ်မှာမူ သပ်ရပ်ပြီး အလွန်သန့်ရှင်းနေပေသည်။

"ကျွန်တော်မဟုတ်ရင် ဘယ်သူဖြစ်နိုင်ဦးမှာလဲ..."

လီလန်က ပြန်ပြောလိုက်သည်။

ကျန်းချောင်ရင်သည် စာရွက်ကို ရတနာတစ်ပါးကဲ့သို့ တန်ဖိုးထားစွာ ကိုင်ထားလိုက်၏။

"အဖွဲ့ခေါင်းဆောင်လီ ခင်ဗျားရဲ့ လက်ရေးက အရမ်းလှတာပဲ..."

ကျန်းချောင်ရင်သည် လီလန်၏ လှပပြီး ချောမွေ့နေသော ပုံမှန်လက်ရေးများ၏ ဆွဲဆောင်မှုအောက်တွင် နစ်မြောသွားတော့သည်။

သူတို့၏ ပညာတတ်လူငယ်ရုံးမှ မည်သည့်ပညာတတ်လူငယ်ကမျှ လီလန်လောက် လက်ရေးမလှကြပေ။ လက်ရေးအလှဆုံးဖြစ်သော ဝမ်ယန်ပင်လျှင် မယှဉ်နိုင်ချေ။

ဝမ်ယန်သည် လက်ရေးလှပညာကိုပင် လေ့ကျင့်ခဲ့ဖူးပြီး လှပသော စုတ်တံလက်ရေးများကို ရေးသားနိုင်သူ ဖြစ်သည်။

သို့သော် လီလန်၏ လက်ရေးနှင့် ယှဉ်လိုက်ပါက သူမ၏ လက်ရေးမှာ အနည်းငယ် လိုအပ်နေသေးပေသည်။

"ရဲဘော်ကျန်း ကျွန်တော် ရေသွားခပ်လိုက်ဦးမယ် ခင်ဗျား ဖတ်နှင့်တော့..."

ကျန်းချောင်ရင်သည် လီလန်၏ ဝတ္ထုထဲတွင် အလွန်နစ်မြောနေသဖြင့် ခေါင်းပင်မမော့တော့ဘဲ ပေါ့ပေါ့ပါးပါးပင် ပြောလိုက်၏။

"ကောင်းပါပြီ..."

လီလန်သည် အလွတ်ဖြစ်နေသော ရေပုံးနှစ်ပုံးကို ကိုင်၍ ထွက်သွားလေသည်။

ရေနှစ်ပုံးဖြင့် သူ ပြန်ရောက်လာသောအခါ အမိုးစွန်းအောက်ရှိ လှေကားထစ်တွင် ထိုင်ကာ စာမူထဲ၌ နစ်မြောနေသော ကျန်းချောင်ရင်ကို တွေ့လိုက်ရသည်။

"ရဲဘော်ကျန်း ဖတ်လို့ ပြီးပြီလား..."

"ရဲဘော်ကျန်း..."

လီလန်သည် ကျန်းချောင်ရင်ကို နှစ်ကြိမ်ခေါ်လိုက်သော်လည်း ကျန်းချောင်ရင်က သူ့ကို လျစ်လျူရှုထားသည်ကို မြင်သောအခါ သစ်သားပုံးများဖြင့် ရေထပ်ခပ်ရန် ထွက်သွားသည်။

ဒုတိယအကြိမ် ရေခပ်ပြီး ပြန်လာသောအခါတွင်လည်း ကျန်းချောင်ရင်မှာ အလွန်စိတ်ဝင်တစားဖြင့် ဖတ်ရှုနေဆဲဖြစ်ပြီး ဖတ်လေဖတ်လေ သူ၏မျက်နှာပေါ်ရှိ အမူအရာမှာ ပို၍ပို၍ အံ့သြလာလေဖြစ်သည်။

တတိယအကြိမ် ရေခပ်ပြီး ပြန်လာသောအခါ လီလန်သည် ရေစည်ကြီးကို အပြည့်ဖြည့်ပြီးဖြစ်လေသည်။

"ရဲဘော်ကျန်း..."

လီလန်သည် ထမ်းပိုးကို ချထားလိုက်ပြီး အော်လိုက်သည်။

ဤကျယ်လောင်သော အော်သံကြောင့် ကျန်းချောင်ရင်မှာ လန့်နိုးသွားတော့သည်။

သူသည် စိတ်လှုပ်ရှားစွာဖြင့် ခုန်ထလိုက်ပြီး စာမူကို လက်တစ်ဖက်ဖြင့် ကိုင်ထားကာ မျက်နှာပေါ်တွင်လည်း ဝမ်းသာပီတိအပြုံးများ ဝေဆာနေလေသည်။

"အဖွဲ့ခေါင်းဆောင်လီ ခင်ဗျားရဲ့ ဝတ္ထုက တော်တော်ကောင်းတာပဲ..."

"ပွင့်လင်းသော ပညာတတ်လူငယ်မလေးက အရမ်းကောင်းလွန်းတယ်..."

"ကာမရာဂနိုးဆွပေးတဲ့ ဝတ္ထုလိုမျိုးပဲ၊ အရမ်းကောင်းတယ်..."

လီလန် - …

လီလန် - “အဟမ်း အဟမ်း…”

"ရဲဘော်ကျန်း ကောင်းမှန်းသိရင် ရပါပြီ၊ အဲဒီလောက် အကျယ်ကြီး အော်ဖို့ မလိုပါဘူး..."

လီလန်သည် ဖြည်းညင်းစွာ နှစ်ချက်ခန့် ချောင်းဟန့်လိုက်ပြီး အသံတိုးတိုးဖြင့် သတိပေးလိုက်ရသည်။

"အိုး ဘုရားရေ ကျွန်တော့်ကို ကြည့်ပါဦး၊ အရမ်းစိတ်လှုပ်ရှားသွားလို့ ဖတ်ရင်းနဲ့ အာရုံလွင့်သွားတယ်..."

ကျန်းချောင်ရင်လည်း သတိပြုမိသွားတော့သည်။

"ဒါပေမဲ့ ကျွန်တော့်ကိုချည်း အပြစ်တင်လို့တော့ မရဘူးနော်၊ အဖွဲ့ခေါင်းဆောင်လီ ခင်ဗျားရဲ့ ဝတ္ထုက အရမ်းကောင်းလွန်းတော့ ကျွန်တော် လုံးဝ နစ်မြောသွားတာ..."

"အိုး ဒါဆို ရဲဘော်ကျန်း ကျွန်တော့်ရဲ့ ဒီစာမူက အဆင်ပြေနိုင်လောက်လား..."

လီလန်က မေးလိုက်သည်။

"ရတာပေါ့ လုံးဝရတာပေါ့..."

ကျန်းချောင်ရင်သည် စဉ်းပင်မစဉ်းစားတော့ဘဲ ခေါင်းကို အပြင်းအထန် ညိတ်ပြလိုက်၏။

"ပညာတတ်လူငယ်တွေ ကျေးလက်ဆင်းတဲ့ လှုပ်ရှားမှုက အခု တစ်နိုင်ငံလုံးမှာ အရှိန်အဟုန်ပြင်းပြင်းနဲ့ ဖြစ်ပေါ်နေတာ၊ ခင်ဗျားရေးထားတဲ့ ဝတ္ထုက ခတ်ရေစီးကြောင်းနဲ့ ကွက်တိကျနေတယ်၊ ခင်ဗျားရဲ့ အရေးအသားကလည်း အရမ်းကောင်းတယ်၊ ပြီးတော့ ပညာတတ်လူငယ်မလေး လင်းယန်ရဲ့ ဇာတ်ကောင်စရိုက်ကိုလည်း အရမ်းသဘာဝကျကျ ဖော်ကျူးထားနိုင်တယ်၊ ဒါပေမဲ့..."

စကားတစ်ဝက်အရောက်တွင် ကျန်းချောင်ရင်သည် စကားထစ်သွားပြီး ဆက်ပြောရန် တုံ့ဆိုင်းသွားလေသည်။

"ဒါပေမဲ့ ဘာဖြစ်လဲ..."

လီလန်က သိချင်စိတ်ဖြင့် မေးလိုက်သည်။

"ဒါပေမဲ့ အရေးအသားက နည်းနည်း ရဲတင်းလွန်းနေတယ်၊ နည်းနည်း... နည်းနည်း ကာမရာဂဆန်လွန်းနေတယ်..."

ကျန်းချောင်ရင်က အနေခက်စွာဖြင့် ပြောလိုက်၏။

သူသည် မည်သူနှင့်မျှ ချိန်းတွေ့ဖူးခြင်းမရှိဘဲ လူပျိုရိုင်းလေးတစ်ဦးဖြစ်နေသေးရာ ဤမျှအသေးစိတ်ကျသော လိင်မှုကိစ္စများနှင့် လိင်အင်္ဂါများအကြောင်း ဖော်ပြချက်များကို မြင်လိုက်ရသောအခါ သူ့အား မျက်နှာနီရဲသွားစေပြီး

စိတ်လှုပ်ရှားသွားစေတော့သည်။

"ဪ ဟုတ်လား..."

လီလန်က မမှုဟန်ဖြင့် နှုတ်ခမ်းစူ၍ ပြောလိုက်သည်။

၎င်းမှာ သူအလိုရှိသော အကျိုးသက်ရောက်မှုပင် ဖြစ်သည်။ ပို၍စိတ်လှုပ်ရှားဖွယ်ကောင်းလေ ပိုကောင်းလေပင် ဖြစ်၏။

သမိုင်းတစ်လျှောက်လုံးတွင် အာဏာနှင့် မိန်းမဆိုသည်မှာ လူသားတို့၏ လိုအင်ဆန္ဒများ ဖြစ်ခဲ့စမြဲပင်တည်း။

ပညာတတ်လူငယ်မလေး၏ ဖိနှိပ်ခံထားရသော လိုအင်ဆန္ဒများကို ဖော်ကျူးနိုင်ရန် ဤလိင်မှုကိစ္စ ဖော်ပြချက်များမှာ မပါမဖြစ်ပင် ဖြစ်လေသည်။

"အဖွဲ့ခေါင်းဆောင်လီ ခင်ဗျား ဒီဝတ္ထုကို ဘယ်အချိန်ပို့ဖို့ စီစဉ်ထားလဲ၊ ဘယ်မဂ္ဂဇင်းကို ပို့မှာလဲ..."

ကျန်းချောင်ရင်က မေးလိုက်သည်။

"အရှေ့မြောက်ပိုင်းစာပေပါ…နောက်ရက်အနည်းငယ်နေရင် မြို့နယ်စာတိုက်ကို သွားဖို့ စီစဉ်ထားတယ်..."

သို့သော်လည်း ကျန်းချောင်ရင်က အလျင်စလိုပင် ပြောလိုက်၏။

"အဖွဲ့ခေါင်းဆောင်လီ စိတ်မရှိဘူးဆိုရင် ကျွန်တော် ပို့ပေးရမလား..."

"ကျွန်တော်က စာပို့သမားဝမ်နဲ့ သိနေတော့ သူက မနက်ဖြန် ကျွန်တော်တို့ရဲ့ ပညာတတ်လူငယ်ရုံးကို စာလာပို့မှာ..."

"အဲဒါလည်း အဆင်ပြေတာပဲ..."

All Chapters