← Chapters

အခန်း ၆၁၄

Vol. 52 Ch. 614

အခန်း ၆၁၄

Vol. 52 Ch. 614

အခန်း(၆၁၄)

ထွက်ပေါ်လာတဲ့ အလင်းတန်းကြီးကို မိုက်ကယ်က သူ့ကို တိုက်ခိုက်တာလို့ မတွေးမိခဲ့ဘူး။ တကယ်တော့ ဒါဟာ သူ့ဘက်ထရီကို အားသွင်းဖို့ ရလာတဲ့ အခွင့်အရေးကြီးပဲလေ။

အလင်းလုံးကြီးက သူ့ရဲ့ သဟဇာတအကာအကွယ်ကို ထိုးဖောက်ဝင်ရောက်လာတဲ့အချိန်မှာ မိုက်ကယ်က အဲဒီ တန်ခိုးစွမ်းရည်ရဲ့ စွမ်းအင်ကြိုးမျှင်လေးတွေကို ချက်ချင်းပဲ အကဲခတ်လိုက်ပြီး သူ့အကျိုးအတွက် စီမံခွဲခွဲပစ်လိုက်တယ်။

သူ့ရင်ဘတ်ပေါ်က ဘက်ထရီကို ငုံ့ကြည့်လိုက်တော့ မူလ ၃၇ ရာခိုင်နှုန်းကနေ ၄၇ ရာခိုင်နှုန်းအထိ တက်သွားတာကို မြင်လိုက်ရတယ်။

ဒရုန်းနှစ်စင်းဆီကနေ ရခဲ့တဲ့ အားသွင်းမှု ၈၀ ရာခိုင်နှုန်းနဲ့ ပေါင်းလိုက်ရင် သူ့မှာ စုစုပေါင်း ဘက်ထရီ ၁၂၇ ရာခိုင်နှုန်းအထိ ရှိသွားပြီဖြစ်လို့ ကွမ်တမ်ခြေလှမ်း လေးကြိမ်စာအတွက် လုံလောက်သွားပြီပေါ့။

"ဒီလူတွေက အလင်းတန်းထိမှန်မယ့်ဒဏ်ကို လျှော့ချပေးလို့ ကံကောင်းသွားတာပဲ" လို့ သူက ခပ်အမ်းအမ်း ရယ်မောရင်း လွှတ်ခနဲ ပြောလိုက်မိတယ်။

သူ့ဘေးနားက အဆင့် ၈ မက်ဂ်နက်တစ် သုံးယောက်က ဒဏ်ရာအများစုကို ခံယူပေးခဲ့တာဖြစ်ကြောင်း တခြားသူတွေ မမေးခင်ကတည်းက သူက ကြိုတင်ရှင်းပြလိုက်တယ်။

ဘော်ဘီကတော့ မိုက်ကယ်ရဲ့ စကားကို အမှန်လို့ ချက်ချင်းပဲ လက်ခံလိုက်ပုံရတယ်။ "အင်း... သူတို့ တာဝန်ကို ကျေပွန်အောင် ထမ်းဆောင်ခဲ့ကြတာပဲ။ မင်း အပြင်းအထန် ဒဏ်ရာမရခဲ့တာ တော်သေးတာပေါ့"

အဲရစ်ကတော့ အနည်းငယ် ထိတ်လန့်တုန်လှုပ်နေတုန်းပဲ ဖြစ်ပြီး မိုက်ကယ်ရဲ့ အဖြေကို လက်ခံဖို့ သံသယဝင်နေသေးပေမဲ့ စိတ်ကို တင်းထားပြီး ဒဏ်ရာရနေတဲ့ မဟာမိတ်သုံးယောက်ဆီကို လျှောက်သွားလိုက်တယ်။

သူမက အပ်ကို အသုံးပြုပြီး ကြွေကျနေတဲ့ သစ်ရွက်သုံးရွက်ကို ဖားအဖြစ် ပြောင်းလဲလိုက်တယ်။ အဲဒီဖားတွေက ဒဏ်ရာရနေသူတွေရဲ့ ဒဏ်ရာကို လျှာနဲ့ ရက်ပေးလိုက်တာနဲ့ ချက်ချင်းဆိုသလို မှော်ဆန်စွာ ကုသပျောက်ကင်းသွားတော့တယ်။

ဖားနဲ့ ထိမိသူတိုင်းကို ရောဂါကူးစက်စေတာအပြင် အဲရစ်ရဲ့ စွမ်းရည်က လူတွေကို ကုသပေးနိုင်စွမ်းလည်း ရှိပုံရတယ်။

သူမက ဒဏ်ရာတွေကို ကုသပေးနေရင်းနဲ့ ဘရက်စတန်ရဲ့ အဆင့် ၉ တန်ခိုးစွမ်းရည် အကြွင်းအကျန်တချို့က သူတို့ခန္ဓာကိုယ်ပေါ်မှာ ရှိနေဆဲဖြစ်ပြီး အဆက်မပြတ် လောင်ကျွမ်းနေတာကို သတိထားမိသွားတယ်။

တကယ်လို့ သူမရဲ့ စွမ်းရည်နဲ့သာ ဒီအကြွင်းအကျန်ကို ခုခံမတိုက်ထုတ်နိုင်ခဲ့ရင် နောက်ထပ် စက္ကန့်ပိုင်းအတွင်းမှာ သူတို့ရဲ့ အခြေအနေက ဆိုးဝါးသည်ထက် ဆိုးဝါးသွားနိုင်တယ်။

သူတို့က အဆင့် ၈ မက်ဂ်နက်တစ်တွေ ဖြစ်ကြပေမဲ့ ဘရက်စတန်က သူ့ရဲ့ စွမ်းရည်အကြွင်းအကျန်လေးနဲ့တင် သူတို့ကို ဒီလောက်လွယ်လွယ်ကူကူ ဒဏ်ရာရအောင် လုပ်နိုင်ခဲ့တာပဲ။

ဒါက မိုက်ကယ်တစ်ယောက် အဲဒီတိုက်ခိုက်မှုကနေ ဘယ်လိုကြောင့် ဒဏ်ရာအနာတရမရှိဘဲ လွတ်မြောက်လာနိုင်ခဲ့တာလဲဆိုတာကို သူမကို ပိုပြီးတော့တောင် အံ့ဩသွားစေတယ်။

သူက အဆင့် ၄ ပဲ ရှိသေးတာလေ။ အဆင့် ၉ တိုက်ခိုက်မှုရဲ့ မဆိုစလောက် ထိခတ်မှုလေးကတောင် သူ့ကို အနည်းဆုံးတော့ အပြင်းအထန် ဒဏ်ရာရစေသင့်တာ။ ဒါပေမဲ့ အခုတော့ သူက သူတို့အားလုံးထဲမှာ ဒဏ်ရာ အနည်းဆုံးဖြစ်နေခဲ့တယ်။

အဲလ်ရစ်လည်း မိုက်ကယ်တစ်ယောက် သေတွင်းထဲကနေ နောက်တစ်ကြိမ် ဘယ်လို လွတ်မြောက်လာခဲ့လဲဆိုတာကို တခြားနည်းနဲ့ ရှင်းပြဖို့ ကြိုးစားရင်း ဆွံ့အလို့နေတယ်။

သို့ပေမဲ့ သူတို့ ဆက်ပြီး တိုက်ခိုက်ရဦးမှာဖြစ်လို့ ဒီမေးခွန်းပေါ်မှာ အချိန်အကြာကြီး တွေးမနေနိုင်မှန်း သူ သိလိုက်တယ်။

"သူတို့ ငါတို့ရဲ့ အခြေစိုက်စခန်းကို တိုက်ခိုက်နေလောက်ပြီ။ မိုက်ကယ်... မင်း ဒါကို ကိုင်ထားလိုက်ပါ"

အဲလ်ရစ်က မိုက်ကယ်ကို မှော်မျှော်စင်ရဲ့ အပြာရောင်အလံကို ကမ်းပေးလိုက်တယ်။ သူက အလံတစ်ခုကို ကိုင်ထားပြီးသားဖြစ်လို့ ဒီအလံကိုပါ တစ်ခါတည်း ကိုင်ထားတာက ပိုပြီး အဓိပ္ပာယ်ရှိလိမ့်မယ်။ ဒါမှ သူတို့က မိုက်ကယ်နဲ့ အလံတွေကို တစ်ချိန်တည်းမှာ ကာကွယ်ပေးနိုင်မှာ ဖြစ်တယ်။

"သွားစို့" လို့ အဲလ်ရစ်က ပြောပြီး အဝေးကို ပြေးထွက်သွားတယ်။ အဲရစ်နဲ့ ဘော်ဘီကလည်း သူ့နောက်ကနေ လိုက်ပြေးကြတယ်။

မိုက်ကယ်နဲ့ သူ့ကို ကာကွယ်ပေးနေတဲ့ မဟာမိတ်သုံးယောက်လည်း မကြာခင်မှာပဲ ထွက်ခွာခဲ့ကြတယ်။

သူက သူတို့ကို မမှီဘဲ နောက်ကျကျန်နေခဲ့တဲ့ ပုံစံမျိုးဖြစ်အောင် သေချာ ဟန်ဆောင်လိုက်တယ်။ အမှန်တော့ သူက သူ့ဒရုန်းတွေဆီကနေ အားပြည့်နေတဲ့ ဘက်ထရီတွေကို ပြန်ယူချင်ရုံသက်သက်ပါပဲ။

သူ့ဘာသာ မသိမသာ ပြန်ယူပြီးတာနဲ့ အဲဒီအားတွေကို သူ့ရဲ့ ကိုယ်ပိုင်ဘက်ထရီထဲကို ချက်ချင်း လောင်းထည့်လိုက်တယ်။

ဒီတစ်ကြိမ်မှာတော့ သူက ဒုတိယမြောက် ပါဝါဘဏ်ကို အသုံးပြုခဲ့ရပြီး တစ်ခုမှာ ၁၀၀ ရာခိုင်နှုန်းနဲ့ နောက်တစ်ခုမှာ ၂၇ ရာခိုင်နှုန်း ပါဝင်နေတယ်။

* * * * * * * *

အဲလ်ရစ်ရဲ့ ဦးဆောင်မှုနောက်ကို လိုက်ရင်း နာရီဝက်ခန့် ပြေးပြီးတဲ့နောက်မှာတော့ သူတို့ရှေ့ဆီကနေ ပေါက်ကွဲသံတစ်သံ ဟိန်းထွက်လာတာကို ကြားလိုက်ရတယ်။

ဒရုန်းတွေ မရှိဘဲနဲ့တောင် နေရာအနှံ့မှာ တိုက်ပွဲရဲ့ အရိပ်အယောင်တွေကို သူ မြင်နေရတယ်။ သစ်ပင်တွေက သစ်သားအစအနတွေအဖြစ် ပေါက်ကွဲထွက်နေပြီး ကျောက်တုံးတွေက လေထဲကို လွင့်စင်နေကာ တန်ခိုးစွမ်းရည်မျိုးစုံကလည်း လေထဲမှာ ပျံသန်းနေကြတယ်။

"သူတို့ ငါတို့ထက် အရင် ရောက်နေကြပြီပဲ" လို့ အဲလ်ရစ်က အံကြိတ်ရင်း တိုးတိုးလေး ရေရွတ်လိုက်တယ်။

ခပ်အေးအေး ခရမ်းရောင် သန်းလေ့ရှိတဲ့ တောအုပ်တစ်ခုလုံးက အခုတော့ ကစားသမားတွေ တစ်ယောက်နဲ့တစ်ယောက် တန်ခိုးစွမ်းရည်တွေနဲ့ တိုက်ခိုက်နေကြလို့ လိမ္မော်ရောင်နဲ့ အနီရောင် အလင်းတန်းတွေနဲ့ လျှံပယ်နေတယ်။ ဒါဟာ စုပ်ယူဖို့ စောင့်ဆိုင်းနေတဲ့ စွမ်းအင်တွေ ပြည့်နှက်နေတဲ့ နေရာကြီးတစ်ခုပေါ့။

"အလို... သူတို့လည်း ပူးပေါင်းလိုက်ကြပြီပဲ" လို့ အဲရစ်က ထိတ်လန့်တုန်လှုပ်စွာ ပြောလိုက်တယ်။

အရင်က မက်ဂ်နက်တစ် ဆယ်ယောက် ရှိခဲ့တဲ့ လက်ဂါစီ့စ် အဖွဲ့ဟာ အခုတော့ အဖွဲ့ဝင် နှစ်ယောက်ထဲသာ ကျန်ပါတော့တယ်။

သူတို့ရဲ့ ဆန့်ကျင်ဘက်မှာတော့ စုစုပေါင်း အဖွဲ့ဝင် ခြောက်ယောက်ရှိတဲ့ စစ်သည်တော်တွေနဲ့ မှော်ဆရာတွေ ပူးပေါင်းထားတဲ့ အဖွဲ့ရှိနေပြီး လက်ဂါစီ့စ် လက်အောက်က အလံသုံးခုကို လုယူဖို့ အတူတကွ လုပ်ဆောင်နေကြတယ်။

စစ်သည်တော်တွေနဲ့ မှော်ဆရာတွေကြားမှာ ခေတ်အဆက်ဆက် ရှိခဲ့တဲ့ မပြောမဆိုဘဲ သိနေကြတဲ့ ပြိုင်ဆိုင်မှုတွေ ရှိနေပေမဲ့ ဒီနေ့မှာတော့ လက်ဂါစီ့စ်ကို ဖြိုလှဲဖို့အတွက် သူတို့ အတူတူ ပူးပေါင်းလိုက်ရပုံရတယ်။

ဒါပေမဲ့ သူတို့ တိုက်ပွဲရဲ့ အခြေအနေကို ဒီလောက်လွယ်လွယ်ကူကူ ပြောင်းလဲနိုင်ခဲ့တာက လူအင်အား အသာစီးရလို့ကြောင့်တော့ မဟုတ်ပါဘူး။

သူ့ရဲ့ ဒရုန်းအမြင်အာရုံနဲ့ ကြည့်လိုက်ရင် စစ်သည်တော်တွေနဲ့ မှော်ဆရာတွေထဲမှာ နေမင်းကြီးကို စိုက်ကြည့်နေရသလိုမျိုး အလွန်တောက်ပတဲ့ အလင်းရောင်တွေ ဖြာထွက်နေတဲ့ လူတစ်ယောက် ရှိနေတာကို သူ မြင်နိုင်တယ်။

အဲဒီလူက ပိန်ပိန်ပါးပါး ကိုယ်ထည်ရှိပြီး အနည်းဆုံးသော ချပ်ဝတ်တန်ဆာကိုသာ ဝတ်ဆင်ထားတယ်။ သူ့ရဲ့ အသိသာဆုံး အင်္ဂါရပ်ကတော့ နဖူးကို ဖြတ်ပြီး ဒဏ်ရာအနာတရ အမှတ်အသားရှိတဲ့ ကတုံးကတုံး ခေါင်းကြီးပဲ ဖြစ်တယ်။

ဒီလူက စစ်သည်တော်တစ်ယောက်ထက်စာရင် ကျင့်ကြံနေတဲ့ ရဟန်းတစ်ပါးနဲ့ ပိုတူနေတယ်။

"ပေါ့တ်ဘိုးလ်" လို့ အဲလ်ရစ်က သူ့မျက်နှာပေါ်မှာ အပြုံးတစ်ခုနဲ့အတူ တိုးတိုးလေး ရေရွတ်လိုက်တယ်။ "ငါ သူ့နဲ့ ထိပ်တိုက်တွေ့ဖို့ စောင့်နေတာ။ မင်းတို့ တခြားလူတွေကို တိုက်ခိုက်ကြ... ပေါ့တ်ဘိုးလ်ကို ငါ ကိုင်တွယ်မယ်"

ချက်ချင်းပဲ အဲလ်ရစ်ရဲ့ ခန္ဓာကိုယ်က ဝေဝါးသွားပြီး လူတိုင်းရဲ့ မျက်စိရှေ့ကနေ ပျောက်ကွယ်သွားတော့တယ်။

တခြား စစ်သည်တော်တွေနဲ့ မှော်ဆရာတွေ တုံ့ပြန်ဖို့ အချိန်မရခင်မှာပဲ သူတို့ရဲ့ ခေါင်းဆောင်ဆီကို ရှည်လျားတဲ့ သံကြိုးတစ်ချောင်း ပြေးဝင်သွားခဲ့ပြီ။

ပေါ့တ်ဘိုးလ်ကတော့ ဘာတုံ့ပြန်မှုမှ မပြဘဲ သူ့ရဲ့ ကြီးမား လေးလံတဲ့ တိုက်ပွဲသုံး ပုဆိန်ကြီးကို ပေါ့ပေါ့ပါးပါး ဝှေ့ယမ်းလိုက်ပြီး သူ့လည်ပင်းဆီ ပြေးဝင်လာတဲ့ သံကြိုးကို ရိုက်လွှတ်ပစ်လိုက်တယ်။

တခြား စစ်သည်တော်တွေနဲ့ မှော်ဆရာတွေက အဝေးက အဲလ်ရစ်ကို မြင်လိုက်ရပြီး သူကသာ သူတို့ သတိထားရမယ့်လူမှန်း သိတာကြောင့် သူ့ဘက်ဆီကို ဦးတည် တိုက်ခိုက်လိုက်ကြတယ်

အဲရစ်နဲ့ ဘော်ဘီက သူတို့ ဘာလုပ်ရမလဲဆိုတာ သိကြတယ်။ သူတို့က ပြေးဝင်သွားပြီး မက်ဂ်နက်တစ် ငါးယောက်ကို ကြားဖြတ် တားဆီးလိုက်ကာ အဲလ်ရစ်နားကို ဘယ်သူမှ မကပ်နိုင်အောင် လုပ်လိုက်တယ်။

သူတို့ဘေးနားမှာ တခြားလူတွေ မရှိတော့ဘဲ အဲလ်ရစ်နဲ့ ပေါ့တ်ဘိုးလ်တို့ဟာ တစ်ယောက်ကိုတစ်ယောက် အကဲခတ်ရင်း ထိပ်တိုက် ရင်ဆိုင်လိုက်ကြတယ်။

ဒီအတောအတွင်းမှာ မိုက်ကယ်က လက်ဂါစီ့စ် မဟာမိတ်အဖွဲ့ရဲ့ ကျန်ရှိနေတဲ့ အဖွဲ့ဝင်နှစ်ယောက်နဲ့ သွားရောက်ပူးပေါင်းလိုက်တယ်။

"မိုက်ကယ်... မင်း အသက်ရှင်သေးတာပဲ" လို့ ဒစ်ကီက ဝမ်းသာအားရ အော်ဟစ်လိုက်ပြီး စိတ်သက်သာရာရစွာနဲ့ သူ့ကို ပြေးဖက်လိုက်တယ်။

"မင်းလည်း အသက်ရှင်နေတာ ဝမ်းသာစရာပဲ။ ကြည့်ရတာ မင်းလည်း အတော်လေး ခံလိုက်ရတဲ့ ပုံပဲ"

ဒစ်ကီက ခေါင်းညိတ်ပြီး သက်ပြင်းချလိုက်တယ်။ "စစ်သည်တော်တွေနဲ့ မှော်ဆရာတွေ ပူးပေါင်းလိမ့်မယ်လို့ ငါတို့ မထင်ထားခဲ့ဘူး။ ပြီးတော့ အားလုံးထဲမှာ အဲဒီလူပေါ့"

သူက မျက်လုံးထဲမှာ ကြောက်ရွံ့မှုတွေနဲ့အတူ ပေါ့တ်ဘိုးလ်ကို ညွှန်ပြလိုက်တယ်။ "အဲဒီလူက သားရဲတစ်ကောင်ပဲ။ ငါတို့အဖွဲ့ထဲက နှစ်ယောက်ပဲ ကျန်တော့တဲ့အထိ အင်အားကို လျှော့ပစ်ခဲ့တာ သူပဲ"

မိုက်ကယ်က အဲလ်ရစ်နဲ့ ပေါ့တ်ဘိုးလ်တို့ တစ်ယောက်ကိုတစ်ယောက် ရင်ဆိုင်နေတာကို ကြည့်လိုက်တယ်။ သူတို့ မလှုပ်ရှားကြဘူး။ တစ်စုံတစ်ခုကို စောင့်ဆိုင်းနေသလိုမျိုး စိုက်ကြည့်နေကြရုံသက်သက်ပဲ။

"ဒါပေမဲ့ အဲလ်ရစ်တို့ ပြန်ရောက်လာတာ နတ်ဘုရားကိုပဲ ကျေးဇူးတင်ရမယ်" လို့ ဒစ်ကီက စိတ်သက်သာရာရစွာ သက်ပြင်းချရင်း ပြောလိုက်တယ်။ "အဲဒီလူကို အနိုင်တိုက်နိုင်တာ အဲလ်ရစ် တစ်ယောက်ပဲ ရှိတယ်"

* * * * * * * *

ဒီအတောအတွင်းမှာ လေလံပွဲက လူအုပ်ကြီးတစ်ခုလုံးရဲ့ မျက်လုံးတွေက မှော်ကမ္ဘာငယ်လေးဆီမှာပဲ စူးစိုက်နေကြတယ်။ ဒါဟာ ဂိမ်းထဲမှာ သူတို့ အမျှော်လင့်ဆုံး အချိန်တွေထဲက တစ်ခုပဲလေ။

အဲလ်ရစ် နှင့် ပေါ့တ်ဘိုးလ်။

မက်ထရိုပိုလစ် တစ်ခုလုံးမှာ အသန်မာဆုံး မက်ဂ်နက်တစ် နှစ်ယောက်ပေါ့။ သူတို့ထဲမှာ ဘယ်သူက အသန်မာဆုံးလဲဆိုတာနဲ့ ပတ်သက်ပြီး အငြင်းပွားမှုတွေ အများကြီး ရှိခဲ့ကြပြီး အခုတော့ အဲဒီမေးခွန်းက အဖြေပေါ်တော့မယ်။

"နေဦး... မိုက်ကယ်က ဂိမ်းထဲမှာ ရှိနေတုန်းပဲပဲ" လို့ လူတွေက သတိထားမိလာကြတော့တယ်။

* * * * * * * *

စာစဉ်(၅၂)

All Chapters