← Chapters

အခန်း ၆၁၅

Vol. 52 Ch. 615

အခန်း ၆၁၅

Vol. 52 Ch. 615

အခန်း(၆၁၅)

မိုက်ကယ်တစ်ယောက် ဒီဂိမ်းထဲမှာ မိနစ်ပိုင်းလောက်တောင် ကြာအောင်ခံမှာ မဟုတ်ဘူးလို့ လူအများစုက ထင်ခဲ့ကြတာ။ ဒါပေမဲ့ အခုတော့ သူက ပြိုင်ပွဲဝင်တွေရဲ့ ထက်ဝက်နီးပါးထက် ပိုပြီး တောင့်ခံထားနိုင်နေပြီလေ။

"သူက လက်ဂါစီ့စ်အဖွဲ့နဲ့ ပူးပေါင်းနေတာပဲ။ အကွက်ကောင်းပဲ"

"ကြည့်စမ်း၊ သူတို့မှာ အလံငါးခုတောင် ရနေပြီ။ လက်ဂါစီ့စ်တို့ နိုင်ဖို့အတွက် နောက်ထပ် အလံနှစ်ခုပဲ လိုတော့တယ်"

"တကယ်တော့ ဒါက အဲလ်ရစ်နဲ့ ပေါ့တ်ဘိုးလ် ဘယ်သူနိုင်မလဲဆိုတာပေါ်မှာပဲ မူတည်တော့တာ"

* * * * * * * *

အဲလ်ရစ်က သူ့လက်ကို မြှောက်လိုက်ရာ ခရမ်းရောင်အလင်းဖျော့ဖျော့ တောက်ပနေတဲ့ လက်စွပ်တစ်ကွင်း ပေါ်လာတယ်။ ဒါက သူ့ရဲ့ မီသရယ် အမွေအနှစ်ပစ္စည်းဖြစ်ပြီး အစင်းရာ အနည်းငယ်ပဲ ထပ်ထင်ရုံနဲ့ မီသရယ် မှော်ဝင်ပစ္စည်းလို့ သတ်မှတ်နိုင်လောက်တဲ့အထိ အဖိုးတန်လှတာ။ ရှေးဟောင်းခေတ်က သန့်စင်မှုအပိုင်းမှာတော့ ရနိုင်သမျှ လက်နက်တွေထဲက အကောင်းဆုံး စာရင်းဝင်တစ်ခုပေါ့။

သူ့အကျီလက်စွပ်ထဲကနေ သံကြိုးတစ်ချောင်း ထွက်လာပြီး လေထဲမှာ ဝဲပျံကာ သူ့ကိုယ်ကို မြွေတစ်ကောင်လို ပတ်ခွေ အကာအကွယ်ပေးထားတယ်။

အဲလ်ရစ်က သူ့လက်နက်တွေဆီ တန်ခိုးစွမ်းရည်တွေ စုစည်းလိုက်တာနဲ့အမျှ သူ့ရဲ့ ဒီဗာကလည်း ပုံပေါ်လာတော့တယ်။

သူ့ခေါင်းပေါ်က လေထုက တုန်ခါသွားပြီး ဖန်သားနဲ့ ပြုလုပ်ထားပုံရတဲ့ အတောင်ပံတွေရှိတဲ့ ခန့်ညားထည်ဝါလှတဲ့ လိပ်ပြာနက်ကြီးတစ်ကောင်ရဲ့ ပုံရိပ် ယိမ်းနွဲ့ထွက်ပေါ်လာတယ်။ အဲဒီပုံရိပ်ရဲ့ ပတ်ပတ်လည်မှာတော့ စက်ဝိုင်းပုံစံတွေ၊ ဗဟိုချက်တူ စက်ဝိုင်းတွေနဲ့ တစ်ခုနဲ့တစ်ခု ဆုံချက်ဆီ ဦးတည်နေတဲ့ ရှုပ်ထွေးဆန်းကြယ်တဲ့ အကွက်အပြောက်တွေ ပုံဖော်နေကြတယ်။

သူ့ရဲ့ တစ်ဖက်မျက်နှာချင်းဆိုင်မှာတော့ ပေါ့တ်ဘိုးလ်က လက်ကိုမြှောက်ပြီး ဧရာမ စစ်ပုဆိန်ကြီးနဲ့ သူ့ပြိုင်ဘက်ကို ချိန်ရွယ်လိုက်တယ်။

အဲလ်ရစ်နည်းတူ ပေါ့တ်ဘိုးလ်ကလည်း သူ့လက်တွေထဲမှာ တန်ခိုးစွမ်းရည်တွေကို စုစည်းကာ သူ့အတွင်းထဲမှာ ဝှက်ကွယ်နေတဲ့ ဒီဗာကို စတင်ပုံဖော်လိုက်တယ်။

ကမ္ဘာပေါ်က ဘယ်တောင်တန်းထက်မဆို ပိုမိုမြင့်မားပုံရတဲ့ ဧရာမ သစ်ပင်ကြီးတစ်ပင်ရဲ့ ပုံရိပ်။ သူ့ရဲ့ မရေမတွက်နိုင်တဲ့ အမြစ်တွေက မြေပြင်ရဲ့ အနက်ရှိုင်းဆုံး အက်ကွဲကြောင်းတွေထဲအထိ ထိုးဆင်း ဖြန့်ကျက်နေတယ်။ သစ်ကိုင်းတွေကတော့ အပေါ်ကို လှန်တက်နေပြီး သန်းနဲ့ချီတဲ့ သစ်ရွက်တွေ ဝေဆာနေတာပေါ့။

"နောက်ဆုံးတော့... တန်ဖိုးရှိတဲ့ ပြိုင်ဘက်တစ်ယောက်နဲ့ တွေ့ရပြီပဲ" ပေါ့တ်ဘိုးလ်က စစ်ပုဆိန်ကြီးကို ဝှေ့ယမ်းရင်း ပြောလိုက်တယ်။ "ငါ့ရဲ့ လေ့ကျင့်မှုတွေက ဘယ်လောက်အထိ ထိရောက်မှုရှိလဲဆိုတာ စမ်းသပ်ဖို့ မင်းက ပြိုင်ဘက်ကောင်းတစ်ယောက် ဖြစ်လာမှာပါ"

"ငါလည်း အတူတူပါပဲ" အဲလ်ရစ်က ခေါင်းညိတ်ပြလိုက်တယ်။

ရုတ်တရက် ပေါ့တ်ဘိုးလ်ရဲ့ ခန္ဓာကိုယ် ကွယ်ပျောက်သွားတယ်။ မျက်စိတစ်မှိတ်အတွင်းမှာတင် သူက အဲလ်ရစ်ရဲ့ ရှေ့တည့်တည့်ကို ရောက်လာပြီး သူ့ကို တစ်ပိုင်းစီ ပြတ်သွားစေမယ့် အရှိန်နဲ့ ပုဆိန်ကို ဘေးတိုက် လွှဲခုတ်ချလိုက်တော့တယ်။

ဒါပေမဲ့ တစ်ချိန်တည်းမှာပဲ အဲလ်ရစ်ရဲ့ သံကြိုးက ရှေ့ကို ထွက်လာပြီး စစ်ပုဆိန်ကြီးကို ရိုက်ထုတ်ပစ်လိုက်တယ်။

အဆင့် ၉ အဆင့်ရှိတဲ့ အစွမ်းနှစ်ခုရဲ့ ပြင်းထန်တဲ့ ထိပ်တိုက်တွေ့ဆုံမှုက စခန်းတစ်ခုလုံးကို ရိုက်ခတ်သွားစေတဲ့ တုန်ခါမှုလှိုင်းကြီးဖြစ်ပေါ်လာတယ်။ အဲဒီကနေ ထွက်လာတဲ့ လေပြင်းကတင် လူအချို့ကို လဲကျလုနီးပါး ဖြစ်သွားစေတာ။

မိုက်ကယ်ရဲ့ ဒရုန်းတွေတောင် လမ်းကြောင်း လွဲချော်ကုန်တယ်။

"တောက်" ဒစ်ကီက ကျိန်ဆဲလိုက်တယ်။ "ငါနဲ့ သူတို့ကြားမှာ နှစ်ဆင့်ပဲ ကွာတာကို ဘာလို့ ငါတို့ကြားက ကွာဟချက်က ကောင်းကင်နဲ့ မြေကြီးလို ဖြစ်နေရတာလဲ။ သူတို့တိုက်ပွဲနား ကပ်နေရုံနဲ့တင် ငါ ဒဏ်ရာရတော့မယ်"

မိုက်ကယ်လည်း သဘောမတူဘဲ မနေနိုင်ခဲ့ဘူး။ သူတို့ရဲ့ အဓိက စွမ်းရည်ကိုတောင် မသုံးဘဲ အဲဒီလို ထိပ်တိုက်တွေ့ဆုံမှုတစ်ခုတည်းကနေ ထွက်လာတဲ့ စွမ်းရည်ပမာဏကတင် သူ့ရဲ့ ဘက်ထရီကို သုည ဒသမ တစ် ရာခိုင်နှုန်းအထိ အားဖြည့်ပေးသွားနိုင်တယ်။

သူတို့နှစ်ယောက်လုံးက ခန္ဓာကိုယ်ဖွဲ့စည်းခြင်းနယ်ပယ်ရဲ့ အထွတ်အထိပ်မှာ ရှိနေကြတာ။ အခု သူ့ရဲ့ လက်ရှိအခြေအနေနဲ့ သူတို့ထဲက တစ်ယောက်ယောက်ကို ယှဉ်နိုင်လိမ့်မယ်လို့ တွေးဝံ့စရာ မရှိဘူး။

ဟုတ်ပါတယ်၊ သူကတော့ ကွမ်တမ်ခြေလှမ်း နဲ့ ထွက်ပြေးနိုင်ရင် ပြေးနိုင်လိမ့်မယ်။ ဒါပေမဲ့ အဲဒါကလည်း သူ့မှာ အားအလုံအလောက် ရှိနေသရွေ့ပဲ ခံမှာလေ။

သူတို့ကို ဒဏ်ရာရအောင် လုပ်ဖို့ဆိုတာကတော့ စိတ်ကူးယဉ်အိပ်မက်သက်သက်ပဲ။ ကွာဟချက်က အရမ်းကို ကြီးမားလွန်းလှတယ်။

|ငှဲ..ငှဲ..ငှဲ..ငှဲ…ငှဲ…. မင်းက အဲဒီလို ထင်နေတာလား။|

ဟာဘင်ဂျာရဲ့ အသံမှာ အထင်သေးတဲ့ လေသံ စွက်နေတယ်။ ဒီလေသံက ရွှေဒင်္ဂါး တစ်သန်း ရှိတယ်လို့ ကြွားဝါနေတဲ့သူကို ဘီလီယံချီ သိုဝှက်ထားတဲ့သူက ကြည့်ပြီး ပြောတဲ့ လေသံမျိုးပေါ့။

(TR Note: အနာဂါတ်နိမိတ်ဖတ်ကြားသူကို Harbinger of the Future ကအသံထွက်ဖြစ်တဲ့ ဟာဘင်ဂျာလို့ပဲဆက်လက်သုံးနှုန်းပါမယ်)

သူ မျက်လုံးကို မှိတ်လိုက်ပြီး သူ့စိတ်ထဲက လေဟာနယ်ကမ္ဘာထဲကို ဝင်ကာ ဟာဘင်ဂျာကို မေးလိုက်တယ်။

‘မင်း ဘာကို ပြောချင်တာလဲ’

|ငါ မင်းကို ပြောခဲ့သလိုပေါ့။ သူတို့က သူတို့အဆင့်နဲ့သူတို့ တော်တော်လေး သန်မာကြပါတယ်။ ဒါပေမဲ့ ငါတို့က လုံးဝ ခြားနားတဲ့ နယ်ပယ်တစ်ခုမှာ ရှိနေတာ။ မင်းက သူတို့ကို မယှဉ်နိုင်ဘူးလို့ ပြောတာက ငါ့ကိုရော မင်းကိုပါ စော်ကားလိုက်တာပဲ|

‘အေးပါ၊ ဟုတ်ပါပြီ။ နောင်အနာဂတ်ကျရင်တော့ ဟုတ်ရင်ဟုတ်မှာပေါ့’ လို့ သူက မတင်မကျ ပြန်ဖြေလိုက်တယ်။ ဟာဘင်ဂျာနဲ့မတူတာက သူကတော့ သူတို့ရဲ့ တိုက်ခိုက်မှု တစ်ချက်ကိုတင် ဘယ်လိုမှ တောင့်ခံနိုင်မယ့် နည်းလမ်းကို မမြင်မိလို့ပဲ။

|ငှဲ..ငှဲ..ငှဲ..ငှဲ…ငှဲ…. မင်းက ကွမ်တမ်ခြေလှမ်း တစ်ခုတည်းပဲ ငါ မင်းကို သင်ပေးနိုင်တယ်လို့ ထင်နေတာလား|

သူ့မျက်လုံးတွေ ပြူးကျယ်သွားပြီး ခန္ဓာကိုယ်က ချက်ချင်း တင်းမတ်သွားတယ်။

မင်း ငါ့ကို နည်းစနစ်အသစ်တစ်ခု သင်ပေးတော့မလို့လား။

သူ့ရဲ့ ရင်ခုန်စိတ်လှုပ်ရှားမှုက အတိုင်းအထက်အလွန် ဖြစ်နေတာကြောင့် တကယ့်ပြင်ပကမ္ဘာမှာတောင် မပြုံးဘဲ မနေနိုင်အောင် ဖြစ်သွားရတယ်။

|ဟုတ်တယ်။ ကွမ်တမ်ခြေလှမ်း ဆိုတာက လှုပ်ရှားမှု သက်သက်အတွက်ပဲ။ လျင်မြန်ဖြတ်လတ်မှုအတွက်ပေါ့။ ဒါပေမဲ့ မင်းသိတဲ့အတိုင်း အရှိန်တစ်ခုတည်းက မင်းကို အဝေးကြီး ခေါ်မသွားနိုင်ဘူး။

အခု ငါ မင်းကို သင်ပေးမှာက တိုက်စစ်အတွက်။ သန့်စင်တဲ့ ဖျက်ဆီးခြင်း အစွမ်းပေါ့။ ငါတို့မှာ ရှိတဲ့ အလားအလာကို ငါ အခု ပြမယ်|

ဟာဘင်ဂျာက သူ့လက်တွေကို မြှောက်လိုက်ရာ သူ့လက်မောင်းတွေပေါ်က စွမ်းအင်စီးကြောင်း သွေးကြောတွေက စွမ်းအားတွေနဲ့အတူ စည်းချက်ကျကျ တုန်ခါလာတော့တယ်။

ကွမ်တမ်ခြေလှမ်းတုန်းကလိုပဲ သူ့လက်တွေရဲ့ ပတ်ပတ်လည်က လေဟာနယ်ကြီးဟာ လိမ်ထွက်ပြီး ပုံပျက်သွားတယ်။

ဒါပေမဲ့ ဒီတစ်ကြိမ်မှာတော့ ဟာဘင်ဂျာက ဓားတစ်လက်ကို ဆုပ်ကိုင်ထားသလိုမျိုး သူ့လက်နှစ်ဖက်ကို ပူးကပ်ထားလိုက်တယ်။

ဟာဘင်ဂျာရဲ့ လက်ထဲက စွမ်းအားတွေ ဆတိုး တိုးပွားလာတာကို ခံစားမိလိုက်တာကြောင့် မိုက်ကယ်ရဲ့ မျက်လုံးတွေ ပြူးကျယ်သွားရတယ်။ သူ့လက်နှစ်ဖက် ပူးကပ်လိုက်တာနဲ့အမျှ စွမ်းအားက ပြင်းထန်လွန်းလှတာကြောင့် လက်ပတ်ပတ်လည်က လေဟာနယ်က တောက်ပတဲ့ လိမ္မော်ရောင်အလင်းတန်းတွေ ထွက်ပေါ်လာတော့တယ်။

ဟန်ချက်ညီ လေဟာနယ်က မြန်ဆန်လွန်းလှတဲ့ အရှိန်နဲ့ ပုံသွင်းခံလိုက်ရတာကြောင့် တစ်ခုနဲ့တစ်ခု ရိုက်ခတ်မိပြီး ဘလက်ဟိုး တစ်ခုရဲ့ အလင်းနဲ့ ဆင်တူတဲ့ လိမ္မော်ရောင် အလင်းတန်းတွေကို ဖန်တီးနေတယ်။

ဒီလို လေဟာနယ်ထဲမှာတောင် မိုက်ကယ်က သူ့မျက်နှာကို လေတိုက်ခတ်လာတာကို ခံစားနေရတယ်။

ထို့နောက် ဟာဘင်ဂျာက သူ့လက်ကို မြှောက်လိုက်ရာ လေဟာနယ်ပုံပျက်သွားမှုကြောင့် ထွက်ပေါ်လာတဲ့ အလင်းကလည်း အတူတူ ပါလာတယ်။

ရိုးရှင်းတဲ့ လှုပ်ရှားမှုတစ်ခုနဲ့အတူ သူက အားစိုက်ပြီး တိကျတဲ့ အရှိန်နဲ့ သူ့လက်တွေကို အောက်ကို လွှဲချလိုက်ပြီး သူ့လက်ထဲမှာ စုစည်းထားတဲ့ စွမ်းအားတွေကို အပြင်ကို မှုတ်ထုတ်လိုက်တယ်။

အဲဒီစွမ်းအားက လေထုထဲကို ဖြတ်သန်းသွားတာနဲ့အမျှ ဟာလာဟင်းလင်းပြင်ရဲ့ အကန့်အသတ်က အဆုံးအစကို ရောက်သွားပြီး တစ်ဝက်စီ စုတ်ပြဲသွားတော့တယ်။

လေဟာနယ်စုတ်ပြဲသွားမှုနဲ့ ဟာဘင်ဂျာရဲ့ လွှဲခုတ်မှု အရှိန်အဟုန်တို့ ပေါင်းစပ်သွားပြီး ထိမိသမျှအရာအားလုံးကို ဖျက်ဆီးပစ်မယ့် လခြမ်းပုံစံ ဖျက်ဆီးခြင်းအစွမ်းကြီးတစ်ခု ဖြစ်ပေါ်လာတယ်။

အဲဒီလခြမ်းပုံစံဆီကနေ မိုက်ကယ် ခံစားမိတဲ့ စွမ်းအားအရဆိုရင် ဒါက သူ့စိတ်ထဲက လေဟာနယ်ရဲ့ အကန့်အသတ်ကိုတောင် ဖောက်ထွက်ဖျက်ဆီးပစ်နိုင်တယ်လို့ သူ ခံစားလိုက်ရတယ်။

ဖြောင်း။

ဟာဘင်ဂျာက သူ့လက်ကိုခါလိုက်ရာ အဲဒီ လခြမ်းပုံစံ ဖျက်ဆီးခြင်းအစွမ်းကြီးက မျက်စိတစ်မှိတ်အတွင်းမှာတင် ကွယ်ပျောက်သွားတော့တယ်။

|ဒီနည်းစနစ်ကိုတော့ ကွမ်တမ်ဓားချက် လို့ ခေါ်တယ်။|

မိုက်ကယ်က အဆုံးမဲ့လေဟာနယ်ကို စိုက်ကြည့်နေမိပြီး အဲဒီ လွှဲခုတ်မှုက သူ့အပေါ် ချန်ထားခဲ့တဲ့ အငွေ့အသက်ကို ဖျောက်ဖျက်လို့ မရနိုင်အောင် ဖြစ်နေတယ်။ အဲဒီစွမ်းအားက သူ တစ်ခါမှ မမြင်ဖူးတဲ့ အရာမျိုးပဲ။

ဘယ်လို မှော်ပညာ ဒါမှမဟုတ် မန္တန်မျိုးကမှ ဒီလို ဖျက်ဆီးခြင်းအစွမ်းမျိုးနား မကပ်နိုင်ဘူး။ နောက်ဆုံးတော့ ဒါက အရာအားလုံး တည်ရှိနေတဲ့ လေဟာနယ်ကို ဖျက်ဆီးပစ်နေတာလေ။

ဒါတင်မကဘဲ သူ သိသလောက်ဆိုရင် ဒါက ကွမ်တမ်ခြေလှမ်း နဲ့ တူညီတဲ့ အခြေခံသဘောတရားအတိုင်း သွားတာ။ ဒါက စွမ်းရည်တစ်ခုတည်း မဟုတ်ဘဲ ထိုထက်မကတဲ့ အရာတစ်ခုပဲ။ သာမန်စွမ်းရည်လိုမျိုး သူ့ပတ်ပတ်လည်က ဖြစ်တည်မှုကို ပြောင်းလဲပစ်တာ မဟုတ်ဘဲ သူ့ခန္ဓာကိုယ်ရဲ့ ဖြစ်တည်မှုကို ပြောင်းလဲပစ်ပြီး လေဟာနယ်ကိုပါ ဖျက်ဆီးပစ်နိုင်တာ။

ဒါက... တကယ့်ကို အမိုက်စားပဲ။

|ငှဲ..ငှဲ..ငှဲ..ငှဲ…ငှဲ…. သေချာတာပေါ့။|

ဒါပေမဲ့ ဒီလိုမျိုးမြင်တွေ့ရပြီးတိုင်အောင် မိုက်ကယ်ကတော့ မျှော်လင့်ချက်တွေ သိပ်ပြီး ကြီးကြီးမားမား မထားသေးဘူး။

ပြဿနာတစ်ခုပဲ ရှိတယ်။ အဲဒါကို လုပ်ဖို့ ငါ့မှာ အား ဘယ်လောက်အထိ လိုမလဲ။

ဒီ ကွမ်တမ်ဓားချက် က ကွမ်တမ်ခြေလှမ်း ထက် ဆယ်ဆမက ပိုပြီး ပြင်းထန်တဲ့ အရာမျိုး။ စွမ်းရည် အသုံးပြုမှုပမာဏက သူ တစ်ယောက်တည်းနဲ့ ဖန်တီးနိုင်မယ့် အရာမျိုး လုံးဝ မဟုတ်တာ သေချာတယ်။ သူ စမ်းတောင် စမ်းကြည့်မှာ မဟုတ်ဘူး။

|အခု ငါ မင်းရဲ့ ဘက်ထရီတွေကို သေချာ အကဲဖြတ်ပြီးပြီဆိုတော့ ဒီလှုပ်ရှားမှုကို လုပ်ဆောင်ဖို့အတွက် မင်းမှာ အပြည့်ဖြည့်ထားတဲ့ ဘက်ထရီ သုံးလုံး လိုအပ်တယ်လို့ ငါ အသေအချာ ပြောနိုင်ပြီ။|

* * * * * * * *

စာစဉ်(၅၂)

All Chapters