← Chapters

အခန်း ၆၁၇

Vol. 52 Ch. 617

အခန်း ၆၁၇

Vol. 52 Ch. 617

အခန်း(၆၁၇)

ပေါ့တ်ဘိုးလ်က မျက်လုံးတွေကို ဖွင့်လိုက်တယ်။ သူ့ရဲ့ နားထင်မှာတော့ ဓားရာတစ်ချက်၊ ကုတ်ခြစ်ရာတစ်ချက်လေးတောင် ရှိမနေခဲ့ဘူး။ အဆင့် ၉ တန်ခိုးစွမ်းရည် တိုက်ကွက်က သူ့ဆီကို တည့်တည့်ကြီး ကျရောက်ခဲ့တာတောင်မှ သူကတော့ ဒဏ်ရာအနာတရ မဆိုစလောက်လေးတောင် ရမသွားခဲ့ပါဘူး။

ဒါက သူ့ရဲ့ စွမ်းရည် ပင် ဖြစ်သည်။ သူက ဘယ်လိုတိုက်ခိုက်မှုမျိုးကိုမဆို ကြံ့ကြံ့ခံနိုင်သည့် ကိုယ်ခန္ဓာမျိုးကို ပိုင်ဆိုင်ထားတယ်။

‘ဒါက သူ့ရဲ့ စွမ်းရည် လား။ ဒါကတော့ လွန်လွန်းအားကြီးတယ်’

“သူ့မှာက ဘယ်လို စွမ်းရည် မျိုး ရှိတာလဲ” မိုက်ကယ်က ဒစ်ကီကို လှမ်းမေးလိုက်သည်။

“ပေါ့တ်ဘိုးလ်ရဲ့ စွမ်းရည် ကာကွယ်တဲ့နေရာမှာ အထူးပြုတဲ့စွမ်းရည်ပဲ။ ငါသိသလောက်တော့ သူက အချိန်အနည်းငယ်အတွင်းမှာ ဘယ်လိုတိုက်ခိုက်မှုမျိုးကိုမဆို ကြံ့ကြံ့ခံနိုင်တယ်။ လုံးဝ ဘယ်လိုသတ်သတ် မသေတဲ့စွမ်းရည်လေ။ ခဏလေးပဲ ခံတာဆိုပေမယ့် အချိန်ကိုက် တိတိကျကျနဲ့ စနစ်တကျ ထုတ်သုံးနိုင်မယ်ဆိုရင်တော့ သူ့ကို ဘယ်သူမှ မယှဉ်နိုင်ဘူး ”

မိုးကြိုးမြှား ထိမှန်ပြီးနောက်မှာတော့ ပေါ့တ်ဘိုးလ်ရဲ့ ခန္ဓာကိုယ်က ပုံမှန်အတိုင်း ပြန်ဖြစ်သွားပြီး ပတ်ပတ်လည်မှာလည်း ထူးခြားတဲ့ အလင်းရောင်တွေ ဝန်းရံမနေတော့ဘူး။

ဒါက ပေါ့တ်ဘိုးလ်ရဲ့ အကာအကွယ်အစွမ်း ကုန်ဆုံးသွားပြီဆိုတာကို ပြနေတာပဲ။ နောက်ထပ် စက္ကန့်အနည်းငယ်အတွင်းမှာလည်း သူ ဒါကို ထပ်သုံးနိုင်ဦးမှာ မဟုတ်တော့ဘူး။ ဒါဟာ တစ်ခုတည်းသော အခွင့်အရေးဆိုတာကို သိလိုက်တာမို့ အဲလ်ရစ်က ချက်ချင်းပဲ သူ့ရဲ့ သံကြိုးကို အသုံးပြုပြီး ထိပ်ဖျားပိုင်းကို ပေါ့တ်ဘိုးလ်ဆီ ပစ်လွှတ်လိုက်တယ်။

ဒါပေမဲ့ အကာအကွယ်မရှိတော့တဲ့ ပေါ့တ်ဘိုးလ်က ရုတ်ချည်းဆိုသလို အနောက်ဘက်ဆီ မီတာအနည်းငယ်အကွာအဝေးကို လျှပ်ခနဲ ဆုတ်ခွာပျောက်ကွယ်သွားတာကြောင့် အဲလ်ရစ်ရဲ့ တိုက်ကွက်က လေထဲမှာတင် အချည်းနှီး ဖြစ်သွားရတယ်။

| အဲဒီကလေးက တော်တော်လေး တော်သားပဲ။ သူ့ရဲ့ တန်ခိုးစွမ်းရည်က အကာအကွယ်ကိုပဲ အဓိကထားတာဆိုတော့ တိုက်စစ်ပိုင်းကို အတော်လေး အဆင်ပြေအောင် လေ့ကျင့်ထားပုံရတယ်။ ဒီမှော်ကမ္ဘာငယ်လေးထဲမှာတော့ သူက အကျွမ်းကျင်ဆုံး စစ်သည်တော် ဖြစ်လိမ့်မယ်|

ဟာဘင်ဂျာဆီက ဒီလို ချီးမွမ်းစကား ကြားရတာက မသေးလှဘူး။ ပေါ့တ်ဘိုးလ်က ကောင်းကင်ဘုံစစ်သည်တော်တစ်ဦးဖြစ်တဲ့ ခရူဂါရဲ့ ထိပ်တန်းတပည့်တစ်ယောက် ဖြစ်တာမို့ သူ့ရဲ့ စွမ်းရည်တွေက ပြည့်စုံလုနီးပါးအထိ သွေးထားပြီးသား ဖြစ်မှာပဲ။

မက်ထရိုပိုလစ်တစ်ခုလုံးမှာ ပေါ့တ်ဘိုးလ်ကို ဘာကြောင့် ထိပ်တန်းစစ်သည်တော်တစ်ယောက်အဖြစ် သတ်မှတ်ထားကြလဲဆိုတာ သူ မြင်နိုင်လိုက်ပြီ။ တကယ်လို့သာ သူက လက်နက်ကို ပိုပြီး ကျွမ်းကျင်အောင် လုပ်နိုင်ပြီး တိုက်စစ်ကိုပါ အကာအကွယ်လိုမျိုး ကောင်းမွန်အောင် လုပ်နိုင်မယ်ဆိုရင်တော့ ဘယ်သူမှ တားဆီးလို့မရတဲ့ စက်ရုပ်ကြီးတစ်ကောင် ဖြစ်လာမှာ အသေအချာပဲ။

'ကောင်းပြီ၊ ဒါဆို ငါ သူတို့နှစ်ယောက်လုံးရဲ့ တန်ခိုးစွမ်းရည်ကို သိသွားပြီ။ သူတို့ရဲ့ စွမ်းအားအချို့ကို ငါ့ဆီ ရောက်အောင် စုပ်ယူဖို့ ကြိုးစားရမယ့် အချိန်ပဲ။'

သူက အကွာအဝေးတစ်ခုကို သတိထားပြီး ထိန်းသိမ်းရင်း အဲလ်ရစ်နဲ့ ပေါ့တ်ဘိုးလ်တို့ရဲ့ အပေါ်တည့်တည့်ဆီ သူ့ရဲ့ ဒရုန်းနှစ်စင်းကို မောင်းနှင်လိုက်တယ်။

'ဟာဘင်ဂျာ၊ ဘာများ အကြံပေးချင်လဲ။'

| ငှဲ..ငှဲ..ငှဲ..ငှဲ…ငှဲ…. သူတို့က ကိုယ့်တိုက်ပွဲနဲ့ကိုယ် အာရုံများနေကြတာမို့ မင်းရဲ့ ဒရုန်းတွေကို သတိထားမိမှာ မဟုတ်ပါဘူး။ သူတို့ လမ်းကြောင်းထဲ ဝင်မရှုပ်မိဖို့ပဲ သတိထား၊ ဒါဆို မင်းကို မြင်နိုင်မှာ မဟုတ်ဘူး။ |

ကြည့်ရတာ ပေါ့တ်ဘိုးလ်နဲ့ အဲလ်ရစ်တို့က အဆင့်တူတူပဲမို့ အကယ်၍ အာရုံအနည်းငယ်လေး လွဲသွားတာနဲ့ တစ်ဖက်လူအတွက် ပြန်မဆယ်နိုင်တဲ့ အခွင့်အရေးကို ပေးလိုက်ရသလို ဖြစ်သွားလိမ့်မယ်။ သူတို့က တစ်ယောက်ကိုတစ်ယောက်ပဲ အပြည့်အဝ အာရုံစိုက်ထားရမှာဖြစ်ပြီး ဒါက မိုက်ကယ်အတွက်တော့ အခွင့်ကောင်းပဲ။

အဲလ်ရစ်က သံကြိုးကို ပစ်လွှတ်ပြီး သူ့ပတ်ပတ်လည်မှာ ကာရံထားသလိုမျိုး ဝှေ့ယမ်းလိုက်တယ်။

သူ့ရဲ့ ရှည်လျားလှတဲ့ အရှိန်အဝါနဲ့တင် တစ်ချက်တည်း ဝှေ့ယမ်းလိုက်ရုံနဲ့ သစ်ပင်ဆယ်ပင်လောက်က ထက်ပိုင်းကျိုးသွားခဲ့ရတယ်။

အဲဒီသစ်ပင်တွေက မြေကြီးပေါ်ကို ဝုန်းခနဲ လဲပြိုကျသွားပြီး ၎င်းတို့ရဲ့အလွန်က သစ်ပင်တွေကိုပါ ထပ်ဆင့် ရိုက်ခတ်ကုန်တော့တယ်။

ဒါကို မြင်လိုက်ရတဲ့ ပေါ့တ်ဘိုးလ်က မျက်မှောင်ကြုတ်လိုက်မိတယ်။ ဘယ်သစ်ပင်က ဆက်တိုက်ဖြစ်စဉ်အတိုင်း သူ့ဆီ လဲပြိုကျလာမလဲ၊ ဘယ်သစ်ပင်က ပုံမှန်အတိုင်း လဲမှာလဲဆိုတာ သူ မခွဲခြားနိုင်ဘူး။ ဒါက အဲလ်ရစ်နဲ့ ရင်ဆိုင်ရတဲ့အခါ ခန့်မှန်းရအခက်ဆုံး အရာတွေထဲက တစ်ခုပဲ။ တိုက်ကွက်က ဘယ်ကနေ လာမလဲဆိုတာ ဘယ်သူမှ မသိနိုင်ကြဘူး။

"ဟာဟာ၊ အဲလ်ရစ်ကတော့ ငါတို့အတွက် နိုင်ပွဲ ဆောင်ကြဉ်းပေးတော့မှာ အသေအချာပဲ" ဒစ်ကီက စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်တယ်။ "တိုက်ကွက်က ဘယ်ကနေ လာမလဲဆိုတာ ပေါ့တ်ဘိုးလ် မသိရင် သူ့ရဲ့ အကာအကွယ်အစွမ်းကို သုံးဖို့ အချိန်အဆကို ခန့်မှန်းရ ခက်လိမ့်မယ်။"

အပေါ်ကနေ စောင့်ကြည့်နေကြတဲ့ လူအုပ်ကြီးကပင် အဲလ်ရစ်ရဲ့ တန်ခိုးစွမ်းရည်ကို မချီးမွမ်းဘဲ မနေနိုင်ကြတော့ဘူး။

"အဲလ်ရစ်ရဲ့ တန်ခိုးစွမ်းရည်က ပေါ့တ်ဘိုးလ်ရဲ့ အံ့မခန်း အကာအကွယ်ကို တိုက်ရိုက် တုံ့ပြန်နိုင်တဲ့ အရာပဲလို့ ငါ တကယ် ထင်တယ်။"

"ပေါ့တ်ဘိုးလ်က ကောင်းကင်ဘုံစစ်သည်တော်ဆီမှာ သင်ကြားခဲ့ရတယ်ဆိုပေမဲ့ တိုက်ကွက်က ဘယ်ကနေ လာမလဲဆိုတာကိုတော့ သူ မြင်နိုင်မှာ မဟုတ်ဘူး။"

"ငါသာ အဲဒီနေရာမှာ သွားမတိုက်ချင်ဘူး။ အဲလ်ရစ်ရဲ့ တန်ခိုးစွမ်းရည်နဲ့ဆိုရင် ပတ်ပတ်လည်က တခြားကစားသမားတွေတောင် မလွတ်နိုင်ဘူး။ သူ့ရဲ့ တန်ခိုးစွမ်းရည်က တခြားလူတွေကို မတော်တဆ ထိမှန်မသွားဘူးလို့ ဘယ်သူ ပြောနိုင်မလဲ။"

ထိုအချိန်တွင် မိုက်ကယ်က သူ့ရဲ့ ဒရုန်းအကြီးကို အသုံးပြုပြီး လဲပြိုနေတဲ့ သစ်ပင်တွေကို ကြည့်လိုက်တယ်။

တခြားလူတွေနဲ့မတူဘဲ သူ့မှာက အပူလှိုင်းပုံရိပ်ဖော် စကင်ဖတ်စွမ်းရည် ရှိနေတာကြောင့် တန်ခိုးစွမ်းရည်တွေကို အပူလှိုင်းကင်မရာလိုမျိုး အထင်အရှား မြင်နေရတယ်။

ချက်ချင်းဆိုသလိုပဲ သူက တကယ့် ထပ်ဆင့်ရိုက်ခတ်မှု ဖြစ်စဉ်ကို အမိအရ ရှာဖွေတွေ့ရှိသွားခဲ့တယ်။ ညာဘက်အစွန်းဆုံးက သစ်ပင်ဟာ အဲလ်ရစ်က သူ့ရဲ့ တန်ခိုးစွမ်းရည်တွေ လွှဲပြောင်းပေးလိုက်တဲ့ သစ်ပင်ပဲ။

အဲဒီသစ်ပင်က လဲပြိုကျသွားပြီး သူ့ရဲ့ ထပ်ဆင့်ရိုက်ခတ်မှုကို သစ်ရွက်တစ်ရွက်ဆီ လက်ဆင့်ကမ်းလိုက်ကာ ထိုသစ်ရွက်က လေထဲကနေတစ်ဆင့် မြေကြီးပေါ်သို့ တဖြည်းဖြည်းချင်း ဝဲပျံကျသွားတော့တယ်။

ဒီ တန်ခိုးစွမ်းရည် ပေါက်ကွဲမှုက မြေဆီလွှာထဲသို့ တဖြည်းဖြည်းချင်း စိမ့်ဝင်သွားပြီး မြေအောက်က လျော့ရဲနေတဲ့ ကျောက်တုံးတစ်ခုဆီသို့ ရောက်ရှိသွားခဲ့တယ်။

လှုပ်ခတ်သွားတဲ့ အဲဒီကျောက်တုံးက မြေအောက်ထဲကို ပိုပြီး နက်ရှိုင်းစွာ ပြိုကျသွားပြီး မြေပြင်ကိုပါ နိမ့်ဆင်းသွားစေကာ မထင်မှတ်ထားတဲ့ မြေတွင်းကြီးတစ်ခု ဖြစ်ပေါ်လာစေတော့တယ်။

ဒါတွေ အားလုံး ဖြစ်ပျက်နေတဲ့ အချိန်မှာ ပေါ့တ်ဘိုးလ်က အချိန်ဆွဲမနေဘဲ အဲလ်ရစ်ကို လှမ်း၍ တိုက်ခိုက်လိုက်တယ်။

သူက သူ့ရဲ့ စစ်ပုဆိန်ကို အသုံးပြုပြီး အရှိန်အဝါအပြည့်၊ အားအပြည့်နဲ့ လွှဲယမ်းလိုက်တာပဲ။ အဲလ်ရစ်က သူ့ရဲ့ သံကြိုးတွေနဲ့ အားချင်း တုံ့ပြန်ခုခံဖို့ ကြိုးစားခဲ့ပေမဲ့ ပေါ့တ်ဘိုးလ်ရဲ့ ပြင်းထန်လှတဲ့ ရုပ်ပိုင်းဆိုင်ရာ အားသာမှုကြောင့် သူ့ရဲ့ စွမ်းအားတွေက တဖြည်းဖြည်းချင်း လျော့နည်းလာခဲ့ရတယ်။

ဒါတင်မကဘဲ ပေါ့တ်ဘိုးလ်ရဲ့ ကျွမ်းကျင်တဲ့ တိုက်ကွက်တွေနဲ့ နေရာလွတ်မပေးဘဲ တိုက်ခိုက်မှုတွေက အဲလ်ရစ်ရဲ့ အားနည်းချက်ကို အမိအရ မြင်သာသွားစေတယ်။

ပေါ့တ်ဘိုးလ်က အဲလ်ရစ်ကို တစ်လှမ်းချင်း အနောက်ဆုတ်သွားအောင် တွန်းပို့နိုင်ခဲ့ပြီး နောက်ဆုံးမှာတော့ သစ်ပင်တစ်ပင်နားအထိ ကပ်သွားစေတော့တယ်။

သူ့ရဲ့ တိုက်ကွက်တွေကို အဆုံးသတ်တဲ့အနေနဲ့ ပေါ့တ်ဘိုးလ်က စစ်ပုဆိန်ကို အပေါ်ဘက်သို့ ပင့်ယမ်းလိုက်ရာ အဲလ်ရစ်ရဲ့ သံကြိုးက သစ်ခေါက်ကြားထဲ ညှပ်ပြီး တစ်ခါတည်း တစ်ဆို့သွားတာကြောင့် အဲလ်ရစ်မှာ ခုခံနိုင်စွမ်း မရှိတော့ဘဲ ဖြစ်သွားရတယ်။

ပေါ့တ်ဘိုးလ်က ပွဲသိမ်းဖို့အတွက် သူ့ရဲ့ လက်နက်ကို လွှဲယမ်းလိုက်မည့် ဆဲဆဲမှာပဲ ထပ်ဆင့်ရိုက်ခတ်မှု ဖြစ်စဉ်က နောက်ဆုံးမှာတော့ အဆုံးသတ်သွားခဲ့ပြီ။

ပေါ့တ်ဘိုးလ်ရဲ့ ခြေဖဝါးအောက်က မြေပြင်က ရုတ်ချည်း နိမ့်ဆင်းကျသွားတာကြောင့် သူ ခြေလှမ်း ပျက်သွားရတယ်။

ဒါတင်မကသေးဘဲ သူ အနောက်ကို လဲကျသွားချိန်မှာ မြေကြီးထဲကနေ ထွက်နေတဲ့ သစ်မြစ်ချွန်တစ်ခု ရှိနေမှန်း ပေါ့တ်ဘိုးလ် မသိလိုက်ဘူး။

သူ ဒါကို သတိမထားမိလိုက်ဘဲ သူ့ရဲ့ ညာဘက်ပခုံးအစွန်းကို စူးခနဲ စိုက်ဝင်သွားတာကြောင့် ပထမဆုံးအကြိမ်အဖြစ် ဒဏ်ရာရရှိသွားခဲ့ရတယ်။

အပေါ်ကနေ ဒါကို မြင်လိုက်ရတဲ့ လူအုပ်ကြီးကတော့ ပွက်လောရိုက်ကုန်တော့တယ်။

"ကြည့်စမ်း၊ အဲလ်ရစ် နိုင်တော့မယ်"

"ဝေါင်း... သူက ပေါ့တ်ဘိုးလ်ကို တကယ်ကြီး ဒဏ်ရာရအောင် လုပ်နိုင်တာပဲ။ ဒါက သူလည်း တကယ်တမ်းကျတော့ အနှိုင်းမဲ့ မဟုတ်ဘူးဆိုတာကို ပြလိုက်တာပဲ။"

"ဒါပေမဲ့ နေဦး၊ ဟိုမှာ ကြည့်လိုက်ဦး။ အဲလ်ရစ်ရဲ့ ထပ်ဆင့်ရိုက်ခတ်မှုက တောအုပ်တစ်ခုလုံးကို မြေကျွံကျသွားစေနေပြီ။"

မှော်ကမ္ဘာငယ်လေးရဲ့ မြေပြင်က ပြင်းအား ၈.၀ အဆင့်ရှိတဲ့ ငလျင်လိုမျိုး တုန်ခါလာတာကြောင့် လူတိုင်းမှာ အသက်ရှူရပ်မတတ် ထိတ်လန့်သွားကြရတယ်။

ကစားသမားတိုင်းဟာ ခြေမခိုင်တော့ဘဲ လဲပြိုကုန်ကြပြီး သူတို့ခြေထောက်အောက်က မြေပြင်က သဲညွန်တွေလိုမျိုး အောက်ခြေဆီကို ကျွံဆင်းသွားတော့တယ်။

ပြဿနာက ဒီဖြစ်စဉ်တစ်ခုလုံးဟာ အဲလ်ရစ်ရဲ့ အဆင့် ၉ တန်ခိုးစွမ်းရည်ကြောင့် ဖြစ်ပေါ်လာတာပဲ။ ဒါတွေအားလုံးက သူ့ရဲ့ ထပ်ဆင့်ရိုက်ခတ်မှု အစိတ်အပိုင်းတွေပေါ့။

ဒါက ပွဲထဲမှာရှိတဲ့ တခြားသော မက်ဂ်နက်စ်တွေအားလုံးအနေနဲ့ သူတို့ ဘယ်လိုမှ မတွန်းလှန်နိုင်တဲ့ အရာတစ်ခုရဲ့ သက်ရောက်မှုကို ခံလိုက်ရတာပဲ ဖြစ်တယ်။

ဒီအခြေအနေမှာ တည့်တည့်မတ်မတ် ရပ်နေနိုင်ဆဲဖြစ်တဲ့ တစ်ဦးတည်းသောလူကတော့ မိမိရဲ့ တန်ခိုးစွမ်းရည် ဒဏ်ကနေ ကင်းလွတ်ခွင့်ရှိတဲ့ အဲလ်ရစ်ပဲ ဖြစ်တယ်။

ဒါပေမဲ့ အံ့ဩစရာကောင်းတာက ခြေမပျက်ဘဲ ရပ်နေနိုင်တဲ့ နောက်ထပ် လူတစ်ယောက်လည်း ရှိနေသေးတယ်။

"ဒါက မိုက်ကယ်ပဲ။ သူက ဘယ်လိုဖြစ်လို့ အဲဒီဒဏ်ကို မခံရတာလဲ"

အများစုက ဒါကို တိုက်ဆိုင်မှုသက်သက်လို့ပဲ ထင်နေကြပေမဲ့ အချို့ကတော့ ဘာဖြစ်သွားလဲဆိုတာကို အသေအချာ မြင်လိုက်ကြတယ်။

"သူ လှုပ်ရှားသွားတာကို ငါ မြင်လိုက်တယ်။ အရာအားလုံး ပြိုမကျခင်လေးတင် သူက ဒါတွေ ဖြစ်တော့မယ်ဆိုတာကို ကြိုသိနေတဲ့အတိုင်း သစ်ပင်တစ်ပင်ဆီကို တမင်တကာ ခြေလှမ်းရွှေ့လိုက်တာ။"

ဒါပေမဲ့လည်း လူအတော်များများက သူ ဒါကို လုပ်နိုင်ခဲ့တယ်ဆိုတာကို မယုံနိုင်ကြသေးဘူး။

ပေါ့တ်ဘိုးလ်လို လူမျိုးတောင်မှ ထပ်ဆင့်ရိုက်ခတ်မှုက ဘာဖြစ်လာမလဲဆိုတာ မခန့်မှန်းနိုင်ခဲ့ရင် မိုက်ကယ်က ဘယ်လိုနည်းနဲ့ တတ်နိုင်မှာလဲ။

* * * * * * * *

မိုက်ကယ်က မြေပြိုမှုဆီ ဦးတည်သွားနေတဲ့ ဖြစ်စဉ်တွေကို ကြည့်ပြီး အချိန်မီပဲ ခိုင်မာတဲ့ မြေပြင်အစိတ်အပိုင်းတစ်ခုဆီ ရောက်ရှိအောင် သွားနိုင်ခဲ့တယ်။

ဒါတင်မကသေးဘဲ သူက ဒရုန်းအကြီးကို လျင်မြန်စွာ မောင်းနှင်ပြီး အဲလ်ရစ်ရဲ့ တန်ခိုးစွမ်းရည်နဲ့ အစွမ်းတို့အကြားမှာ ဝင်ရောက် နေရာယူစေခဲ့တယ်။

စွမ်းအင်တွေ စုပ်ယူရရှိမှုကို မြင်လိုက်ရပြီးနောက်မှာတော့ သူက ပြုံးလိုက်မိတော့တယ်။

[၅၀ %]

* * * * * * * *

စာစဉ်(၅၂)

All Chapters