အခန်း ၆၂၁
Vol. 52 Ch. 621
အခန်း(၆၂၁)
ဘာနာဘီစတင်ဆင်ရဲ့ ကြေညာချက်ကြောင့် လူတိုင်း စိတ်လှုပ်ရှားသွားကြတော့တယ်။ အခြေအနေတွေက တော်တော်လေး အရှိန်တက်လာခဲ့ပြီး ပွဲအတွင်းမှာလည်း မပြီးပြတ်သေးတဲ့ တိုက်ပွဲတွေ အများကြီး ကျန်နေသေးတာကိုး။
ဥပမာပြောရရင် ပေါ့တ်ဘိုးလ်နဲ့ အဲလ်ရစ်တို့ရဲ့ တိုက်ပွဲက အဆုံးအဖြတ် မပေါ်သေးတာမို့ မက်ထရိုပိုလစ် တစ်မြို့လုံးမှာ အတောင့်တင်းဆုံး မက်ဂ်နက်တစ် ဘွဲ့ရမယ့်သူက ဘယ်သူလဲဆိုတာ ခုထိ မသိရသေးဘူး ဖြစ်နေတယ်။
ဒါ့အပြင် အဖြေမထွက်သေးတဲ့ မေးခွန်းအချို့လည်း ကျန်ရှိနေပါသေးတယ်။
မိုက်ကယ် ဘယ်လိုနည်းနဲ့ အသက်ရှင်ကျန်ရစ်ခဲ့လဲဆိုတာကလည်း အဲဒီအထဲက တစ်ခုပေါ့။
ကစားသမား ထက်ဝက်နီးပါးလောက် ပြုတ်သွားတဲ့အထိ ပြင်းထန်ခဲ့တဲ့ နောက်ပွဲစဉ်ကို မိုက်ကယ်တစ်ယောက် တက်လှမ်းနိုင်ခဲ့ရုံတင်မကဘဲ ဘရက်စတန်ရဲ့ တိုက်ချက်ကိုပါ ထိပ်တိုက် ရင်ဆိုင်နိုင်ခဲ့ပြီး ဘာဒဏ်ရာအနာတရမှ မရဘဲ ဘယ်လိုနည်းနဲ့ အကောင်းပကတိ ရှိနေခဲ့တာလဲဆိုတာကိုး။
ဒီလို ဖြစ်သွားရတဲ့အပေါ် ယူဆချက်တွေ မျိုးစုံ ထွက်ပေါ်နေခဲ့တယ်။ အချို့ကလည်း ဘရက်စတန်တစ်ယောက် ထုံးစံမဟုတ်ဘဲ လက်လွန်ခြေလွန်ဖြစ်ပြီး ပစ်မှတ်လွဲသွားတာ ဖြစ်လိမ့်မယ်လို့ ထင်ကြသလို အချို့ကလည်း မိုက်ကယ်ကို ဘေးကင်းရာဆီ ရွှေ့ပြောင်းပေးခဲ့တဲ့ လျှို့ဝှက်ကူညီသူတွေ ရှိနေနိုင်တယ်လို့ တွေးနေကြတယ်။
ဒါပေမဲ့ ဒီပွဲစဉ်မှာတော့ မေးခွန်းအားလုံးရဲ့ အဖြေကို နောက်ဆုံးမှာ သိရတော့မှာ ဖြစ်တယ်။
ဘာလို့လဲဆိုတော့ ဝိညာဉ်ဆီ ၁၅ စက်အတွက် တိုက်ပွဲက ဘယ်သူမဆို ဝင်ရောက်ယှဉ်ပြိုင်နိုင်တဲ့ ပွဲအမျိုးအစား ဖြစ်နေလို့ပဲ။ ဘယ်အဖွဲ့၊ ဘယ်မဟာမိတ်၊ ဘယ်ဂိုဏ်းဂဏမှ ရှိမှာမဟုတ်ဘူး။ မိုက်ကယ်အနေနဲ့ အသက်ရှင်ကျန်ရစ်ဖို့ သူ့ကိုယ်သူပဲ အားကိုးရမှာဖြစ်ပြီး ဒီတစ်ကြိမ်မှာတော့ ပရိသတ်တွေက သူ့ရဲ့ လှုပ်ရှားမှုတွေကို အပြည့်အဝ အာရုံစိုက် စောင့်ကြည့်နေကြလိမ့်မယ်။
ဘာနာဘီက သူ့ရဲ့ လက်ချောင်းတွေကို တောက်ခေါက်လိုက်တဲ့အခါ သူ့ရဲ့ လက်အောက်ခံ မှော်ဆရာတွေက စင်မြင့်ပေါ်က မှော်ကမ္ဘာငယ်လေးကို ပြောင်းလဲပေးမယ့် မှော်အလင်းကွင်းတွေကို ဖန်တီးလိုက်ကြတော့တယ်။
မှော်ဆရာတွေက သူတို့ရဲ့ မန္တန်ရွတ်ဆိုခြင်းကို အဆုံးသတ်လိုက်တာနဲ့ ပလတ်ဖောင်းတွေက ခဏတာ အချင်းချင်း ပူးကပ်သွားပြီးနောက် ပြန်လည် ကွဲထွက်သွားကြတယ်။
ဒီတစ်ကြိမ်မှာတော့ မြေတွင်းရဲ့ အောက်ခြေမှာ ရှိနေတဲ့ မှော်ကမ္ဘာငယ်လေးက အရင်ပွဲကနဲ့ လုံးဝကို ကွဲပြားခြားနားသွားခဲ့ပြီ ဖြစ်တယ်။
"ကစားသမားတွေရော ပရိသတ်တွေပါ အားလုံးပဲ ခင်ဗျာ။ ဒီနောက်ဆုံး လေလံပွဲအတွက်တော့ ကျွန်တော် အစွမ်းကုန် ကြိုးစားအားထုတ်ထားပြီး လူတိုင်း ပျော်ပျော်ပါးပါး ဆော့ကစားနိုင်မယ့် ခမ်းနားထည်ဝါလှတဲ့ ကစားကွင်းကြီးတစ်ခုကို ပြင်ဆင်ပေးထားပါတယ်"
ဘာနာဘီက မှော်ကမ္ဘာငယ်လေးထဲကို ငုံ့ကြည့်ရင်း ကစားပွဲရဲ့ စည်းမျဉ်းတွေကို ရှင်းပြလိုက်တယ်။
"အားလုံး မြင်တွေ့ရတဲ့အတိုင်းပဲ၊ ကျွန်တော်တို့ရဲ့ ပွဲအသစ်က ကောင်းကင်ယံ အလယ်ခေါင်မှာ ပေါ်မျောနေတဲ့ အလွန် သေးငယ်တဲ့ ကျွန်းကလေးတစ်ကျွန်းပေါ်မှာ တည်ရှိနေတာ ဖြစ်ပါတယ်"
ဒီမြေပုံက အရင်က မြေပုံထက် လေးဆလောက် ပိုပြီး သေးငယ်တာမို့ ကစားသမားတွေအနေနဲ့ အချင်းချင်း မကြာခဏဆိုသလို ပိုပြီး မြင်တွေ့ရနိုင်ခြေ ရှိတာကြောင့် တိုက်ပွဲတွေနဲ့ ထိပ်တိုက်တွေ့ဆုံမှုတွေ ပိုပြီး များပြားလာလိမ့်မယ်။
"ပွဲရဲ့ ရည်မှန်းချက်ကတော့ ရိုးရိုးလေးပါပဲ။ ခင်ဗျားတို့အနေနဲ့ ကျွန်းရဲ့ အလယ်ဗဟိုဆီကို သွားရမှာဖြစ်ပြီး အဝိုင်းထဲမှာ ရှိနေတဲ့ ဝိညာဉ်ဆီ ၁၅ စက်ကို ရအောင် ယူရမှာ ဖြစ်ပါတယ်"
ပေါ်မျောနေတဲ့ ကျွန်းရဲ့ အလယ်တည့်တည့်မှာ တိုင်လုံး ၁၅ စင်း စုပြုံတည်ရှိနေတဲ့ အနီရောင် ပလတ်ဖောင်းတစ်ခု ရှိနေတယ်။
ကစားသမားတွေက တိုင်လုံးတွေပေါ်မှာ ရှိနေတဲ့ ဆေးပုလင်းလေးတွေကို ချက်ချင်းပဲ သတိပြုမိလိုက်ကြပြီး သော့ခတ်ထားတာ၊ လှောင်အိမ်နဲ့ ပိတ်ထားတာမျိုး အပါအဝင် အခြား ဘယ်လို အတားအဆီးမှ ရှိမနေဘူး။
အဲလ်ရစ်၊ ဘော်ဘီနဲ့ အခြားသော အဓိက အဖွဲ့အစည်းတွေရဲ့ ခေါင်းဆောင်တွေက ပွဲရဲ့ ရည်ရွယ်ချက်ကို သဘောပေါက်သွားကြတာမို့ စဉ်းစားခန်း ဝင်သွားကြတော့တယ်
"ဟားဟား။ အားလုံးပဲ အခုလောက်ဆို သဘောပေါက်သွားလောက်ပြီပေါ့။ ကျွန်တော်က ဒီပွဲကို အတတ်နိုင်ဆုံး အရိုးရှင်းဆုံး ဖြစ်အောင် ဒီဇိုင်းဆွဲထားတာပါ။
ကစားသမား အားလုံးကို တစ်ချိန်တည်းမှာပဲ ကျွန်းရဲ့ အစွန်းဘက်ဆီကို တယ်လီပို့လုပ်ပေးသွားမှာ ဖြစ်ပါတယ်။ ပြီးတော့ ခင်ဗျားတို့ မှော်ကမ္ဘာငယ်လေးထဲကို ရောက်ရှိသွားတာနဲ့ တစ်ပြိုင်နက် ကျွန်းရဲ့ အလယ်ဗဟိုဆီကို အမြန်ဆုံး ပြေးဝင်ပြီး ဝိညာဉ်ဆီတွေကို ခင်ဗျားတို့ရဲ့ ဆုလာဘ်အဖြစ် အရယူရမှာ ဖြစ်ပါတယ်"
ဒါက ပရိသတ်တွေကြားထဲမှာ ချက်ချင်းပဲ ဆွေးနွေးငြင်းခုံသံတွေ ဆူညံသွားစေခဲ့တယ်။
"ဒါက အပြေးပြိုင်ပွဲ သက်သက်ပဲလား"
"ဝေါင်း... ပွဲထဲမှာ အရှိန်နှုန်းကို အထူးပြုတဲ့ မက်ဂ်နက်တစ် တစ်ယောက်မှ မရှိဘူးဆိုတော့ သူတို့အားလုံးက အလယ်ဗဟိုဆီကို တစ်ချိန်တည်းလောက်မှာပဲ ရောက်သွားကြမှာပေါ့"
"ဟုတ်တယ်။ အဆင့် ၉ မက်ဂ်နက်တစ်တွေကတော့ အဲဒီနေရာကို ပထမဆုံး ရောက်သွားမှာ အသေအချာပဲ။ သူတို့တွေ ပလတ်ဖောင်းပေါ်မှာ ထိပ်တိုက်တွေ့ကြပြီဆိုရင် ဘယ်လောက်တောင် ရုန်းရင်းဆန်ခတ် ဖြစ်သွားမလဲဆိုတာ ငါ ခုကတည်းက မြင်ယောင်နေမိပြီ"
ပလတ်ဖောင်းပေါ်က ဝိညာဉ်ဆီ ၁၅ စက်ကို ရရှိဖို့ဆိုရင် သူတို့ လုပ်ရမှာက တိုင်လုံးပေါ်က ဆေးပုလင်းကို ကိုယ်တိုင် လက်နဲ့ လှမ်းယူလိုက်ရုံပဲ ဖြစ်တယ်။ အဲဒါပဲ။ ဦးသူ အဓိကပေါ့။
ဒါပေမဲ့ ဒါက လူတိုင်းရဲ့ ရည်မှန်းချက် ဖြစ်နေတာကြောင့် အခြားသူတွေ ဝိညာဉ်ဆီကို လုယူမသွားနိုင်အောင် တားဆီးဖို့အတွက် ပလတ်ဖောင်း ပတ်ပတ်လည်မှာ တိုက်ပွဲတွေနဲ့ ထိပ်တိုက်တွေ့မှုတွေ အများကြီး ရှိလာလိမ့်မယ်ဆိုတာ သေချာနေတယ်။
မိုက်ကယ်က မှော်ကမ္ဘာငယ်လေးထဲကို ငုံ့ကြည့်လိုက်ပြီး ဒါက သူ့အတွက် ကောင်းတဲ့အချက်ပဲလို့ ခံစားလိုက်ရတယ်။
သူ လုပ်ရမှာက ဆေးပုလင်းကို လှမ်းယူဖို့ပဲ ဆိုတဲ့ အချက်က သူ့အတွက် ကောင်းမွန်လှတယ်၊ ဘာဖြစ်လို့လဲဆိုတော့ အဲဒီလို ရုန်းရင်းဆန်ခတ် ဖြစ်နေတဲ့ ကြားထဲကနေ အနည်းဆုံး ဆေးပုလင်း တစ်ပုလင်းလောက်ကိုတော့ ခိုးယူနိုင်မယ့် အခွင့်အရေးကို သူ မြင်နေရလို့ပဲ ဖြစ်တယ်။
'အခြားသူတွေ အကုန်လုံး မယူသွားခင် ငါ အဲဒီနေရာကို အရင်ရောက်အောင် သွားရမယ်။'
အခြား အဆင့် ၉ မက်ဂ်နက်တစ်တွေနဲ့ ယှဉ်ရင် သူ့ရဲ့ အရှိန်နှုန်းက သိပ်ပြီး အားရစရာ မရှိလှဘူး။ ခန္ဓာကိုယ်ပိုင်းဆိုင်ရာမှာ သူတို့က သူ့ထက် ပိုပြီး သာလွန်ကြတယ်။ တကယ်လို့ သူက မှော်ပညာ ဒါမှမဟုတ် သူ့ရဲ့ ကွမ်တမ်ခြေလှမ်း ကို အသုံးပြုမှသာ အခွင့်အရေး ရှိလိမ့်မယ်။
ဒါပေမဲ့ အဲဒီလို လုပ်ဖို့အတွက် သူ့ရဲ့ ဘက်ထရီထဲက စွမ်းအင်တွေကို သုံးစွဲရမှာ ဖြစ်ပြီး ၎င်းက သူ့ကို ၃၀၀ ရာခိုင်နှုန်းအောက် ရောက်သွားစေမှာမို့ ကွမ်တမ် ဓားချက် ကို သူ အလိုရှိတဲ့ အချိန်တိုင်း သုံးနိုင်တော့မှာ မဟုတ်ချေ။
'ကဲ... ဒါကို လုပ်ဖို့အတွက် စွမ်းအင် အနည်းငယ်တော့ အနစ်နာခံရမှာပဲ။ ဘာပဲဖြစ်ဖြစ် ပလတ်ဖောင်းပေါ်က တိုက်ပွဲအတွင်းမှာ ဒါကို ပြန်ဖြည့်လို့ ရနိုင်တာပဲ။'
သူက ခန္ဓာကိုယ်ကို အကြောလျှော့နေစဉ်မှာပဲ အမည်းရောင်နဲ့ အဖြူရောင်ဝတ်စုံ ဝတ်ဆင်ထားတဲ့ လူနှစ်ယောက်က သူ့ဆီသို့ ရုတ်တရက် ချဉ်းကပ်လာခဲ့ကြတယ်။
"နှုတ်ခွန်းဆက်သပါတယ်၊ ဆရာ မိုက်ကယ်"
သူ သူတို့ကို တစ်ခါမှ မမြင်ဖူးခဲ့ပေမဲ့ သူတို့က မြို့စားကတော်ရဲ့ လျှို့ဝှက်ထောက်လှမ်းရေးအဖွဲ့ဝင်တွေ ဆိုတာကိုတော့ သူ သိနေတယ်။
"ကျွန်တော်က ၀၀၃ ပါ၊ ဒါကတော့ ကျွန်တော့်ရဲ့ အဖွဲ့ဖော် ၀၀၄ ဖြစ်ပါတယ်။ ကျွန်တော်တို့ အဖွဲ့ထဲမှာ ကျွန်တော်တို့ နှစ်ယောက်တည်းပဲ ကျန်တော့တာပါ"
ထိုလူနှစ်ယောက်က သူ့ကို ရိုရိုသေသေပဲ ဦးညွှတ်လိုက်ကြတယ်။ မိုက်ကယ်က မြို့စားကတော်နဲ့ ရင်းနှီးတဲ့ ဆက်ဆံရေး ရှိတယ်ဆိုတာကို သူတို့ သိထားကြလို့ပဲ ဖြစ်တယ်။
"ဟိုင်း။ မင်းတို့ တော်တော်လေး လုပ်နိုင်ခဲ့တာပဲ။ မင်းတို့ အလံကို ရသွားခဲ့တယ်ဆိုတာကို ငါ သတိတောင် မထားမိလိုက်ဘူး" သူက တကယ်ကို လှိုက်လှိုက်လှဲလှဲနဲ့ ချီးကျူးစကား ပြောလိုက်တာ ဖြစ်တယ်။
အမှန်တော့ သူသာ ဘရက်စတန်နဲ့ အလုပ်ရှုပ်မနေခဲ့ရင် သူ့ရဲ့ ဒရုန်းတွေကတစ်ဆင့် သူတို့ကို မြင်တွေ့ခဲ့ရမှာ ဖြစ်တယ်။
"ကျွန်တော်တို့အနေနဲ့ ဒီနောက်လာမယ့် ပွဲစဉ်အတွင်းမှာ ဆရာ့ကို ကူညီပေးချင်ပါတယ်" ၀၀၃ က ပြောလိုက်တဲ့အခါ မိုက်ကယ်တစ်ယောက် အံ့ဩသွားရတယ်။
"တကယ်ကြီးလား။ ဘာလို့လဲ။ မင်းတို့လည်း ကိုယ်ပိုင် ဝိညာဉ်ဆီတွေကို လိုချင်ကြတာ မဟုတ်ဘူးလား"
ထို့နောက် ၀၀၄ က လေလံပွဲရဲ့ အပေါ်ဘက်ဆီသို့ ညွှန်ပြလိုက်ရာ မြို့စားကတော်က သူတို့ဆီကို ပြုံးပြီး ငုံ့ကြည့်နေတာကို မြင်လိုက်ရတယ်၊ အထူးသဖြင့် မိုက်ကယ်ကို ပေါ့။
"မြို့စားကတော်က ကျွန်တော်တို့တွေကို ဘယ်လိုနည်းနဲ့မဆို ကားတွေကိုပဲ ရအောင်ယူဖို့ တာဝန်ပေးထားတာပါ။ သူက ဝိညာဉ်ဆီတွေကို စိတ်မဝင်စားပါဘူး" ၀၀၄ က ဖွင့်ဟပြောပြလိုက်တယ်။
ဒါကို ကြားလိုက်ရပြီးနောက် သူ တကယ့်ကို စိတ်လှုပ်ရှား ခံစားသွားရတယ်။ သူက မြို့စားကတော်ဆီသို့ ပြန်လည် မော့ကြည့်လိုက်ပြီး ကျေးဇူးတင်ကြောင်း ခေါင်းငြိမ့်ပြလိုက်ရာ တော်ဝင်အမျိုးသမီးကလည်း အသိအမှတ်ပြုတဲ့အနေနဲ့ အသာအယာ ပြန်လည် ဦးညွှတ်ပြခဲ့တယ်။
'သူမက ငါ့ကို မျက်နှာသာပေးနေတာပဲ။'
သူမအနေနဲ့ သူ ယူဆောင်လာပေးနိုင်တဲ့ တန်ဖိုးတွေကို သိနေလို့သာ ဒီလို လုပ်တာဆိုတာကို သူ ကောင်းကောင်း သဘောပေါက်ထားတယ်။ သူ့ရဲ့ ကားတွေ၊ သူ့ရဲ့ ဆိုဒါတွေ၊ ပြီးတော့ နတ်သူငယ်တွေ၊ လူပုတွေနဲ့ ရှိတဲ့ သူ့ရဲ့ ဆက်ဆံရေးတွေပေါ့။ ဝိညာဉ်ဆီ ၁၅ စက်ဆိုတာက သူနဲ့ ရှိနေတဲ့ ဆက်ဆံရေးတွေနဲ့ ယှဉ်ရင် ဘာမှမဟုတ်တော့ဘူးလေ။
'ကဲ... ဒါက တကယ်ပဲ အလုပ်ဖြစ်တာပေါ့။ ဒီပွဲပြီးရင်တော့ သူမကို ကျေးဇူးတင်စကား ပြောရမယ်။'
"ငါ ဝမ်းမြောက်ပါတယ်" သူက ၀၀၃ နဲ့ ၀၀၄ တို့ကို ပြောလိုက်ပြီး သူတို့ရဲ့ လက်တွေကို လှုပ်ခါ နှုတ်ဆက်လိုက်တယ်။
"ကျွန်တော်တို့အနေနဲ့ အဲလ်ရစ် ဒါမှမဟုတ် ပေါ့တ်ဘိုးလ်တို့ကို အနိုင်မတိုက်နိုင်ဘူးဆိုတာကိုတော့ ဆရာ့ကို ကြိုပြီး သတိပေးပါရစေ" ၀၀၃ က မိုက်ကယ်ရဲ့ မျှော်လင့်ချက်တွေကို အရှိန်သတ်လိုက်တယ်။
"ဒါပေမဲ့လည်း ဆရာ့အတွက် အနည်းဆုံး ဝိညာဉ်ဆီ တစ်စက်လောက်တော့ ရအောင် ယူပေးနိုင်မယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်။ ဒါကိုတော့ ကျွန်တော်တို့ ကတိပေးပါတယ်" ဟု ၀၀၄ က သူ့ရဲ့ ရင်ဘတ်ကို ပုတ်ရင်း ပြောလိုက်တယ်။
လျှို့ဝှက်ထောက်လှမ်းရေးအဖွဲ့ရဲ့ မျှော်လင့်မထားတဲ့ အနိုင်ရမှုပြီးနောက် အဖွဲ့အများစုက အခုဆိုရင် သူတို့ကို အလွန်အမင်း သတိထားနေကြပြီ ဖြစ်တယ်။ သူတို့ရဲ့ နည်းဗျူဟာတွေက ဒုတိယအကြိမ်မှာတော့ အလုပ်ဖြစ်တော့မှာ မဟုတ်ချေ။
"ဒါက ငါ့အတွက် အဆင်ပြေပါတယ်" သူက ပြောလိုက်တယ်။ "ငါ မင်းတို့ကို လုပ်စေချင်တာက ငါ့ရဲ့ အရိပ်ခွဲကို မှော်ကမ္ဘာငယ်ရဲ့ အလယ်ဗဟိုအထိ ရောက်အောင် ပို့ပေးဖို့ပဲ၊ အဲဒီလိုဆိုရင် ငါ အဲဒီနေရာကို တယ်လီပို့လုပ်နိုင်လိမ့်မယ်"
ဝ၀၃ နဲ့ ၀၀၄ တို့က တည်ကြည်လေးနက်စွာဖြင့် ခေါင်းငြိမ့်လိုက်ကြတယ်။
'ဒါက ကောင်းတာပေါ့။ တကယ်လို့ ငါ သူတို့ရဲ့ စွမ်းရည်တွေကို ယုံကြည်မယ်ဆိုရင် သူတို့က ငါ့အတွက် အနည်းဆုံး တစ်စက်တော့ ရအောင် ယူပေးနိုင်လိမ့်မယ်။'
'ဒါပေမဲ့... ငါ တကယ်ပဲ ဒီထက်ပိုပြီး လိုချင်နေမိတာ။'
* * * * * * * *
စာစဉ်(၅၂)