← Chapters

အခန်း ၆၂၂

Vol. 52 Ch. 622

အခန်း ၆၂၂

Vol. 52 Ch. 622

အခန်း(၆၂၂)

ဘာနာဘီစတင်ဆင်က အချိန်မှတ်နောက်ပြန်ရေတွက်ဖို့ ပြင်လိုက်တာကြောင့် သိပ်မကြာခင်မှာပဲ သူ့အသံကြီး ထွက်ပေါ်လာပါတယ်။

"ကျုပ်ရေတွက်ပြီးတာနဲ့ မင်းတို့အားလုံးကို မှော်ကမ္ဘာငယ်လေးရဲ့ အစွန်အဖျားဆီ တိုက်ရိုက်ပို့ဆောင်ပေးသွားမှာ ဖြစ်တယ်။ အဲဒီကို ရောက်တာနဲ့ ပြိုင်ပွဲက ချက်ချင်းစတင်မှာဖြစ်ပြီး ဝိညာဉ်ဆီတွေကို စိတ်ကြိုက် လုယူနိုင်ကြပြီ။

တစ်ဆယ်... ကိုး... ရှစ်"

ဘာနာဘီစတင်ဆင်တစ်ယောက် ဂဏန်းတွေ နောက်ပြန်ရေတွက်နေတုန်း မိုက်ကယ်က သူ့ဘေးနားဆီကနေ စိုက်ကြည့်နေတဲ့ အကြည့်တစ်ချက်ကို ထပ်မံခံစားလိုက်ရပါတယ်။

သူ့ကို ကြည့်နေတာက တခြားသူမဟုတ်ဘဲ ဘရက်စတန် ဖြစ်နေပြန်တာပါ။ အဲဒီလူက သူတို့နှစ်ယောက်ဟာ တစ်သက်လုံးပေါင်းလာတဲ့ သူငယ်ချင်းဟောင်းကြီးတွေကျနေတာပဲ၊ မိုက်ကယ့်ကို လက်လှမ်းပြနေပါသေးတယ်။ မိုက်ကယ်ကတော့ ဘရက်စတန် နှုတ်ခမ်းလှုပ်ရုံ ပြောနေတဲ့ စကားလုံးတွေကို နည်းနည်းလေးမှ စိတ်မဝင်စားပါဘူး။

(အောက်ကျရင် တွေ့မယ်နော်... ငါတို့ ကစားကြတာပေါ့)

ဒါပေမဲ့ မိုက်ကယ်ကတော့ ဘရက်စတန်နဲ့ အချိန်ဖြုန်းဖို့ စိတ်ကူးမရှိပါဘူး။

သူ့ကို အဲဒီလူနဲ့ မလှမ်းမကမ်းနေရာမျိုးမှာ မချပေးဖို့ပဲ စိတ်ထဲကနေ ဆုတောင်းနေမိပါတယ်။

"လေး... သုံး... နှစ်... တစ်... သွားကြစို့" ဘာနာဘီစတင်ဆင်က သူ့လည်ချောင်းသံ ကုန်သည်အထိ အော်ဟစ်လိုက်တာပါ။

စင်မြင့်ကို ဝိုင်းရံထားကြတဲ့ ပြိုင်ပွဲဝင်အားလုံးဟာ သူတို့ရဲ့ ခန္ဓာကိုယ်တွေ တဖျတ်ဖျတ်လင်းလက်လာပြီး ပျောက်ကွယ်လုနီးပါး ဖြစ်သွားတာကို ခံစားလိုက်ရပါတယ်။

လူတိုင်းက ကိုယ်ဟန်အနေအထား အဆင်သင့် ပြင်ထားကြပြီး အချို့ဆိုရင် ကမ္ဘာ့အဆင့်မီ အပြေးအားကစားသမားတွေလို လက်နှစ်ဖက်ကို မြေကြီးပေါ် ထောက်ထားကြပါတယ်။

ဒီနောက်မှာတော့ မိုက်ကယ့်ခန္ဓာကိုယ်ကို လွှမ်းခြုံသွားတဲ့ မှော်စွမ်းအင်လှိုင်းတွေနဲ့အတူ သူဟာ မှော်ကမ္ဘာငယ်လေးထဲဆီ တိုက်ရိုက် ရောက်ရှိသွားပါတော့တယ်။

လွန်ခဲ့တဲ့ စက္ကန့်ပိုင်းကတင် သူ့ကို အားပေးအော်ဟစ်နေကြတဲ့ လူအုပ်ကြီးကို ငေးကြည့်နေခဲ့ရတာ ဖြစ်ပေမဲ့ အခုမျက်မှောက်မှာတော့ မိုးကုပ်စက်ဝိုင်းကိုပါ ကွယ်ဆို့ထားတဲ့ သစ်ပင်ကြီးတွေ ထူထပ်လွန်းလှတဲ့ တောနက်ကြီးတစ်ခုကိုပဲ မြင်တွေ့နေရပါပြီ။

၀၀၃ နဲ့ ၀၀၄ တို့ကတော့ အလယ်ဗဟိုဆီကို အပြေးနှင်နေလောက်ပြီ ထင်ပါရဲ့။

သူတို့က ခန္ဓာကိုယ်ဖွဲ့စည်းခြင်းနယ်ပယ် ရဲ့ အဆင့် ၈ မှာ ရှိနေတာကြောင့် အဲလ်ရစ်နဲ့ ပေါ့တ်ဘိုးလ်တို့လို ထိပ်သီးတွေရဲ့ အရှိန်ကို အနည်းဆုံးတော့ ရင်ပေါင်တန်း ဖြတ်သန်းနိုင်လိမ့်မယ်လို့ သူ ယုံကြည်ထားပါတယ်။

ငါလည်း ငါ့ရဲ့ ကွမ်တမ် ဓားချက်ကို လေ့ကျင့်ထားမှ ဖြစ်တော့မယ်။

အဲဒါက အခွင့်ကောင်းကြုံတဲ့အခါ ဝိညာဉ်ဆီ အနည်းငယ် ပိုမိုရရှိအောင် အသုံးပြုနိုင်မယ့် သူ့ရဲ့ ဝှက်ဖဲတစ်ချပ်ပဲ မဟုတ်လား။

သူက သူ့ရင်ဘတ်ကို ငုံ့ကြည့်လိုက်တဲ့အခါ အသင့်အသုံးပြုလို့ရနေတဲ့ သဟဇာတဘက်ထရီ သုံးတုံးကို မြင်လိုက်ရပါတယ်။

အိတ်ကပ်ထဲ လက်နှိုက်ပြီး သဟဇာတဓါးရဲ့ ခလုတ်ကို ထုတ်ယူလိုက်တယ်။

ကလစ်ခနဲ တစ်ချက်နှိပ်လိုက်တာနဲ့ သဟဇာတအလင်းတန်းက အလင်းရဲ့ အလျင်နီးပါးအတိုင်း လက်တွေ့ကမ္ဘာထဲ ပေါ်ထွက်လာပါတယ်။

ဒါပေမဲ့ သူ မျက်လုံးပိတ်ပြီး အာရုံစူးစိုက်ဖို့ ပြင်လိုက်ရုံရှိသေး၊ သူ့ဆီကို တရှိန်ထိုး ပြေးဝင်လာတဲ့ အရာတစ်ခုကြောင့် ချက်ချင်းပဲ အနောက်ကို ဆုတ်ခုန်ပြီး ရှောင်တိမ်းလိုက်ရပါတယ်။

ဘရက်စတန်က ကောင်းကင်ပေါ်ကနေ ပြုတ်ကျလာပြီး စိုစွတ်နေတဲ့ ရွှံ့ဗွက်ထဲကို မျက်နှာစိုက်လျက်သား ကျသွားတာပါ။

"မင်းကို ရှာတွေ့ပြီ သူငယ်ချင်းကြီးရဲ့"

ရွှံ့ဗွက်ထဲ မျက်နှာနှစ်ထားတဲ့ ဘရက်စတန်ကို ကြည့်ပြီး မိုက်ကယ် မျက်မှောင်ကုတ်သွားမိတယ်။

ဒီကောင် နောက်တစ်ခါလား။ ငါ့ကံတရားကလည်း ဒီနေ့မှ ဘာဖြစ်နေတာလဲမသိဘူး။

ဘရက်စတန်ထက်စာရင် ပေါ့တ်ဘိုးလ် ဒါမှမဟုတ် အဲလ်ရစ်တို့က သူ့နောက်ကို လိုက်လာတာကမှ တော်ဦးမယ်။ ဒီကောင်က နည်းနည်းတော့ ထူးဆန်းတယ်၊ ဒါပေမဲ့ ထူးထူးဆန်းဆန်းပဲ မကောင်းတဲ့ သဘောမျိုးတော့ မဟုတ်ပြန်ပါဘူး။

ဘရက်စတန်အနေနဲ့ သူ့ကို တိုက်ခိုက်နိုင်ပေမဲ့ ထိုလူ့ဆီကနေ ရန်လိုတဲ့ အငွေ့အသက်မျိုး မိုက်ကယ် မခံစားရပါဘူး။ သို့သော်လည်း တကယ်လို့သာ သူ မရှောင်လိုက်ရင်တော့ အဲဒီလူနဲ့အတူ ရွှံ့ဗွက်ထဲ လှိမ့်ပိတ်ပြီးသား ဖြစ်သွားမယ်ဆိုတာ သူ သေချာပေါက် သိနေပါတယ်။

"မင်း ငါ့နောက်ကို ဘာလို့ လိုက်နေတာလဲ"

ဘရက်စတန်က ရွှံ့ဗွက်ထဲကနေ လွင့်ပျံတက်လာပြီး သူ့ရဲ့ ကိုယ်ခန္ဓာနဲ့ အဝတ်အစားပေါ်က အညစ်အကြေးတွေကို ဖယ်ရှားဖို့ အခြေခံ ရေဒြပ်စင်မှော်ပညာကို အသုံးပြုလိုက်ပါတယ်။

"ဘာလို့လဲဆိုတော့ မင်းက ငါနဲ့ တူလို့လေ မင်းကလည်း မှော်စွမ်းအင်နဲ့အကျွမ်းတဝင်ရှိသူပဲဥစ္စာ"

မိုက်ကယ်တစ်ယောက် ဒီလို အသုံးအနှုန်းမျိုး တစ်ခါမျှ မကြားဖူးခဲ့ပါဘူး။ "မှော်စွမ်းအင်နဲ့အကျွမ်းတဝင်ရှိသူ ဟုတ်လား"

"ဒါပေါ့" ဘရက်စတန်က ခေါင်းညိတ်ပြတယ်။ "မှော်စွမ်းအင်တွေက မင်းနောက်ကို သံလိုက်တစ်ခုလို တကောက်ကောက် လိုက်နေတာ... ငါ့လိုမျိုးပေါ့"

သူ့မှာ အဆင့်မြင့်စွမ်းရည် ရှိတာကြောင့် သဘာဝလောကထဲက ဘယ်မှော်စွမ်းအင်ကိုမဆို အကြွင်းမဲ့ ထိန်းချုပ်နိုင်စွမ်း ရှိပါတယ်။

သူက ၎င်းတို့ကို စေခိုင်းနိုင်သလို တွန်းကန်ပစ်နိုင်ပေမဲ့ မှော်စွမ်းအင်တွေနဲ့ စကားပြောဆိုနိုင်တယ်လို့တော့ မသတ်မှတ်ထားပါဘူး။ မိတ်ဆွေဖြစ်ဖို့ ဆိုတာကတော့ ဝေးရော့ပေါ့။

"ကောင်းပြီလေ... အဲဒါက ဘာဖြစ်လဲ"

ဘရက်စတန်က မျက်မှောင်ကုတ်ပြီး လက်ပိုက်လိုက်ပါတယ်။ "ဟင်း... မင်းက မှော်စွမ်းအင်တွေကို မိတ်ဆွေလိုတောင် သဘောမထားဘူးပဲ"

မိုက်ကယ်ကတော့ ဘာမှမသိနားမလည်တဲ့ ပုံစံမျိုးနဲ့ လက်နှစ်ဖက်ကို အပြစ်ကင်းစင်စွာ မြှောက်ပြလိုက်တယ်။ "မင်း ဘာတွေပြောနေတာလဲ ငါနားမလည်ဘူး။"

သူ့ရဲ့ တုံ့ပြန်မှုကြောင့် ဘရက်စတန်တစ်ယောက် စိတ်ပျက်သွားပုံရပါတယ်။ "အင်း ငါတို့ထဲက ဘယ်သူက မှော်စွမ်းအင်တွေနဲ့ ပိုပြီး အကျွမ်းတဝင်ဖြစ်လဲဆိုတာ ကြည့်ကြသေးတာပေါ့ တိုက်ပွဲတစ်ပွဲ ဆင်နွှဲကြရအောင်။ မှော်စွမ်းအား သီးသန့် တိုက်ပွဲပေါ့။ စွမ်းရည်တွေ မသုံးရဘူး၊ ဒီဗာတွေလည်း မသုံးရဘူး"

ဒါက သူ ထင်ထားတာထက်စာရင် ဆိုးဝါးတဲ့ ရလဒ်မျိုး မဟုတ်ပါဘူး။

တကယ်လို့ သူ ဘရက်စတန်နဲ့ တိုက်ခိုက်ရမယ်ဆိုရင် ဒါက အကောင်းဆုံး စည်းကမ်းချက်ပဲ ဖြစ်ပါတယ်။ ဘရက်စတန်က ကျင့်ကြံခြင်းအဆင့်မှာ သူ့ထက် သာလွန်နိုင်ပေမဲ့ မှော်ပညာမှာတော့ သူက သေချာပေါက် ပိုမိုကျွမ်းကျင်ပါတယ်။

"ကောင်းပြီလေ၊ ရတာပေါ့။ ဒါပေမဲ့ ငါနိုင်ရင်တော့ မင်း ငါ့ကို သွားခွင့်ပြုရမယ်၊ ငါ ဝိညာဉ်ဆီတွေကိုပဲ သွားရှာတော့မယ်။"

ဘရက်စတန်က စိတ်လှုပ်ရှားစွာနဲ့ သူ့လက်ဝါးကို လက်သီးနဲ့ ထိုးလိုက်ပါတယ်။ "သဘောတူတယ်။ ငါကတော့ အဲဒီ ဝိညာဉ်ဆီတွေကို စိတ်မဝင်စားပါဘူး။"

* * * * * * * *

တစ်ချိန်တည်းမှာပဲ၊ အပေါ်စီးကနေ ဒီမြင်ကွင်းကို စောင့်ကြည့်နေကြတဲ့ မှော်မျှော်စင်သခင်နဲ့ တခြားသော မှော်ဆရာတွေဟာ စိတ်ပျက်လွန်းတာကြောင့် သူတို့ရဲ့နှဖူးကိုသာ လက်နဲ့ ရိုက်မိပါတော့တယ်။

"ဘရက်စတန် ဘာတွေလုပ်နေတာလဲ။ ဝိညာဉ်ဆီတွေကို စိတ်မဝင်စားဘူးဆိုတာ ဘာသဘောလဲ။ ငါတို့က စိတ်ဝင်စားတယ်လေ"

"ပြီးတော့ သူက သူ့ရဲ့ စွမ်းရည်တွေကို မသုံးဘူးလို့ ပြောနေတယ် ဟုတ်လား။ အဲဒါက မိုက်ကယ့်ကို ယှဉ်နိုင်မယ့် သူ့ရဲ့ တစ်ခုတည်းသော အားသာချက်လေ"

မှော်မျှော်စင်သခင်ကတော့ ဒီအဖြစ်အပျက်အတွက် သူ့ကိုယ်သူသာ အပြစ်တင်နိုင်ပါတော့တယ်။

"ငါ သူ့ကို ဒီထက်ပိုပြီး ပြတ်ပြတ်သားသား ပြောခဲ့သင့်တာ။ တကယ်လို့သာ မိုက်ကယ်အကြောင်း ငါပြောတာကို သူသေချာ နားထောင်ခဲ့ရင်၊ သူ ဘယ်လိုလူမျိုးနဲ့ ရင်ဆိုင်နေရလဲဆိုတာ သိမှာပဲ"

* * * * * * * *

ဘရက်စတန်က သူ့ရဲ့ မှော်နှင်တံကို မြှောက်လိုက်ပြီး မတူညီတဲ့ မှော်အဝိုင်း သုံးခုကို တစ်ပြိုင်နက်တည်း ပုံဖော်လိုက်ပါတယ်။ တစ်ခုချင်းစီက မတူညီတဲ့ အလင်းရောင်တွေနဲ့ တောက်ပနေတာပါ။

တစ်ခုကတော့ အပြာရောင်ဖြစ်ပြီး ရေဒြပ်စင်အပေါ် သူ့ရဲ့ ကျွမ်းကျင်မှုကို ကိုယ်စားပြုနေပါတယ်။

နောက်တစ်ခုကတော့ အနီရောင်ဖြစ်ပြီး မီးဒြပ်စင်အပေါ် သူ့ရဲ့ ကျွမ်းကျင်မှုကို ပြသနေတာပါ။

နောက်ဆုံးတစ်ခုကတော့ အဖြူရောင်ဖြစ်ပြီး အလင်းဒြပ်စင်အပေါ် ကျွမ်းကျင်မှုကို ဖော်ပြနေပါတယ်။

ဒီနောက်မှာတော့ ဘရက်စတန်က မိုက်ကယ်တစ်ယောက် ယခင်က တစ်ကြိမ်သာ မြင်ဖူးခဲ့တဲ့ အရာတစ်ခုကို လုပ်ဆောင်လိုက်ပါတယ်။ သူက မှော်အဝိုင်းတွေကို တစ်ခုပေါ်တစ်ခု ထပ်ဆင့်သွားအောင် ထိန်းချုပ်လိုက်ပြီး မှော်ပညာရဲ့ နက်ရှိုင်းမှု အဆင့်သစ်တစ်ခုကို ဖန်တီးလိုက်တာပါ။

ဘရက်စတန်ရဲ့ လက်တစ်ချက် ဝှေ့ယမ်းလိုက်ရုံနဲ့ အဲဒီ မှော်အဝိုင်းထဲကနေ ဝက်ကလေးတစ်ကောင် ပေါ်ထွက်လာပြီး၊ ၎င်းရဲ့ ခန္ဓာကိုယ်တစ်ခုလုံးမှာ ရေ၊ မီး နဲ့ အလင်းဒြပ်စင်တွေက ဘယ်လိုပြဿနာမှမရှိဘဲ တစ်ပြိုင်နက်တည်း သဟဇာတဖြစ်စွာ ပေါင်းစည်းနေကြပါတယ်။

"ဘယ်လိုလဲ။ ငါက မှော်စွမ်းအင်ရဲ့ အရင်းနှီးဆုံး သူငယ်ချင်းပဲ မဟုတ်လား" ဘရက်စတန်က မော်ကြွားစွာနဲ့ သူ့ရဲ့ မေးစေ့အောက်က အဆီပြင်ကို ပြသရင်း ကြွားဝါလိုက်ပါတယ်။

မိုက်ကယ် သဘောကျသွားရပါတယ်။ ဒါက သူတစ်ခါမျှ မမြင်ဖူးသေးတဲ့ မန္တန်ရွတ်ဆိုခြင်းရဲ့ အဆင့်မြင့် နည်းလမ်းသစ်တစ်ခုပါပဲ။

ဒီလိုပုံစံမျိုး လုပ်ဆောင်ခြင်းရဲ့ အကျိုးကျေးဇူးကတော့ ဒြပ်စင်တွေ တစ်ခုနဲ့တစ်ခု ပဋိပက္ခမဖြစ်အောင် သေချာပေါက် ထိန်းချုပ်နိုင်တာ ဖြစ်ပါတယ်။ တကယ့်ကို ကောင်းမွန်တဲ့ နည်းစနစ်တစ်ခုပါပဲ။

တကယ်လို့သာ နိုဗာ ရှိနေသေးရင်တော့ ဒီမှော်ကျင့်စဉ်ရဲ့ သီအိုရီကို စက္ကန့်ပိုင်းအတွင်း သေချာပေါက် ဖမ်းယူနိုင်မှာ ဖြစ်ပါတယ်။ ဒါပေမဲ့ လက်ရှိမှာ ဆော့ဝဲလ်အပ်ဒိတ် လုပ်နေဆဲဖြစ်တာကြောင့် သူကိုယ်တိုင်ပဲ ကိုယ်တိုင်ကိုယ်ကျ မှတ်သားရမှာ ဖြစ်ပါတယ်။

ငါသာ ဒီနည်းလမ်းကို အပိုင်အနိုင် ကျွမ်းကျင်သွားရင်၊ သဟဇာတမှော်စွမ်းအင်ကို အသုံးပြုပြီး မှော်ပညာရပ်တွေကို အဆုံးစွန်အထိ ဖန်တီးနိုင်မှာ သေချာတယ်။

သူက ဒီလိုနည်းစနစ်မျိုးကို ဘာလို့ အခုမှ မြင်ဖူးရတာလဲလို့ တွေးတောမိသွားပါတယ်။ ဒါပေမဲ့ ပြန်စဉ်းစားကြည့်တော့ ဘရက်စတန်က သာမန်လူတစ်ယောက် မဟုတ်ပါဘူး။ အဲဒီ ဝဝတုတ်တုတ် ကောင်လေးက မှော်ပညာရပ်တွေရဲ့ အကြီးမြတ်ဆုံး ထိန်းသိမ်းသူတွေလို့ သတ်မှတ်ခံထားရတဲ့ မှော်ပညာရှင်အစည်းအရုံးက ပါရမီရှင်တစ်ယောက် ဖြစ်နေလို့ပါပဲ။

ဒီနည်းစနစ်က ၎င်းတို့ရဲ့ လျှို့ဝှက်ခန်းမတွေထဲမှာ ပိတ်လှောင်ထားပြီး ဘရက်စတန်လို တပည့်မျိုးကိုသာ သီးသန့် သင်ကြားပေးတာ ဖြစ်နိုင်ပါတယ်။

နောင်တစ်ချိန်ကျရင်တော့ မှော်ပညာရှင်အစည်းအရုံးဆီ ငါ သွားလည်ရမယ်။

သဟဇာတအစွမ်းကို အသုံးပြုထားတဲ့ သူ့ရဲ့ တစ်ခုတည်းသော မှော်စွမ်းရည်ကတော့ သဟဇာတသေနတ်ပဲ ရှိပါသေးတယ်။ ဒါပေမဲ့ သူသာ ဒီလို ထပ်ဆင့်နည်းစနစ်ကို သင်ယူနိုင်ရင်တော့ သူ့ရဲ့ စွမ်းရည်တွေကို အကန့်အသတ်မရှိ တိုးချဲ့နိုင်မှာပါ။

"ဘယ်လိုလဲ။ အံ့ဩသွားလား။" ဘရက်စတန်က သူ့မျက်နှာပေါ်မှာ မာန်တက်နေတဲ့ အမူအရာနဲ့ ပြောလိုက်ပါတယ်။

"အင်း... တကယ်တော့ အံ့ဩမိတာ အမှန်ပဲ။"

ဒီနောက်မှာတော့ မိုက်ကယ်က သူ့လက်ကို မြှောက်လိုက်ပြီး လေထုထဲမှာ မတူညီတဲ့ အရောင်အသွေးတွေ ရှိကြတဲ့ မှော်အဝိုင်း လေးခုကို တစ်ပြိုင်နက်တည်း ပုံဖော်လိုက်ပါတယ်။

အဲဒါတွေကတော့ ရေ၊ မြေ၊ လေ နဲ့ မီး ဆိုတဲ့ အခြေခံ ဒြပ်စင်လေးခုပါပဲ။

ဘရက်စတန်ဆီကနေ မြင်တွေ့ခဲ့ရတဲ့ နည်းစနစ်ကို အသုံးပြုပြီး၊ သူက မှော်အဝိုင်းတွေကို တစ်ခုပေါ်တစ်ခု ထပ်ဆင့်သွားအောင် ထိန်းချုပ်လိုက်ပြီး လက်မအနည်းငယ်ခန့် ထူထဲတဲ့ အနက်အထိ ဖန်တီးလိုက်ပါတော့တယ်။

ဘရက်စတန်က ဒီမြင်ကွင်းကို မြင်လိုက်ရတဲ့အခါမှာတော့ အံ့ဩလွန်းလို့ ပါးစပ်အဟောင်းသား ဖြစ်သွားရပါတော့တယ်။

* * * * * * * *

စာစဉ်(၅၂)

All Chapters