← Chapters

အခန်း ၆၃၄

Vol. 53 Ch. 634

အခန်း ၆၃၄

Vol. 53 Ch. 634

အခန်း(၆၃၄)

[ကျွန်မ စိတ်လှုပ်ရှားပြီး အော်ဟစ်မိသွားတာကို တောင်းပန်ပါတယ်]

နိုဗာက အဲဒီလို ရုတ်တရက် စိတ်လှုပ်ရှားသွားပြီးနောက်မှာတော့ သူ့ကိုယ်သူ ချက်ချင်း ပြန်ထိန်းလိုက်ပြီး သူမရဲ့ ဗားရှင်းဖိုးတုန်းကလို အေးအေးဆေးဆေး လေယူလေသိမ်းမျိုး ပြန်ပြောင်းလိုက်ရှာတယ်။

ဒါပေမဲ့ သူမအနေနဲ့ ဒီလိုမျိုး စိတ်ခံစားချက်တွေကို အော်ဟစ်ဖော်ပြလာနိုင်တာကို ကြည့်ခြင်းအားဖြင့် ဆော့ဝဲလ်အပ်ဒိတ်တွေ ပိုမြင့်လာတာနဲ့အမျှ သူမဟာ လူသားတစ်ယောက်လို ပိုပြီး ပြုမူလာနေတယ်ဆိုတာ ထင်ရှားနေတာပေါ့။

‘နိုဗာ... ဒါက ဟာဘင်ဂျာ။ ဟာဘင်ဂျာ... ဒါက နိုဗာ။ တစ်ယောက်နဲ့တစ်ယောက် သင့်တင့်လျောက်ပတ်စွာ ဆက်ဆံကြပါဦး ဟုတ်ပြီလား’

| ငှဲ..ငှဲ..ငှဲ..ငှဲ…ငှဲ…. ငါက ဘာလို့ ကောင်းကောင်းမွန်မွန် ဆက်ဆံနေရမှာလဲ။ ငါ့ရဲ့ တစ်ခုတည်းသော ရည်မှန်းချက်က အနာဂတ်နိမိတ်ဖတ်ကြားသူ ဖြစ်လာဖို့ပဲ။ အပိုတွေ လုပ်ပြီး ယဉ်ကျေးပြနေဖို့ မလိုဘူး |

ကြည့်ရသလောက်တော့ ဟာဘင်ဂျာက ဒီမိတ်ဆက်ပွဲကို လွယ်လွယ်ကူကူ ပြီးသွားအောင် လုပ်ပေးမယ့်ပုံမပေါ်တာ အမှန်ပဲ။

‘လုပ်ပါနဲ့ကွာ။ မင်း မရောက်လာခင်တုန်းက သူမက ငါ့ကို အများကြီး ကူညီပေးခဲ့တာပါ။ သူမသာ မရှိရင် ငါ ဒီအဆင့်အထိတောင် ရောက်လာနိုင်မှာ မဟုတ်ဘူး’

|.... ကောင်းပြီလေ ....|

[မင်းရဲ့ မှတ်ဉာဏ်ဘဏ်ထဲက ဗီဒီယိုမှတ်တမ်းတွေကို ပြန်သုံးသပ်ပြီးတဲ့နောက်မှာတော့ အဲဒီဖြစ်တည်မှုက မင်းရဲ့ ဒီဗာ၊ မင်းရဲ့ ပါရမီကလွဲလို့ အခြားမဟုတ်ဘူးဆိုတာ ငါ သိလိုက်ရပါပြီ]

| ဒါက အဓိပ္ပာယ်ကတော့ ငါက သူပဲ၊ သူကလည်း ငါပဲပေါ့။ ဒါကြောင့် မင်းကလည်း ငါ့အတွက်ပါ လိမ္မာတဲ့ အကူလေးတစ်ယောက် ဖြစ်ပေးရမယ် ဟုတ်ပြီလား |

[ငြင်းပယ်ပါတယ်။ ကျွန်မရဲ့ စည်းမျဉ်းတွေထဲမှာ ဟာကွက်တစ်ခုကို ရှာတွေ့ထားပါတယ်။ ဒီဖြစ်တည်မှုက မင်းရဲ့ စိတ်ကူးအိပ်မက် သက်သက်သာ ဖြစ်တာမို့ မိုက်ကယ်ရဲ့ အစိတ်အပိုင်းတစ်ခု မဟုတ်ပါဘူး။ ဒါကြောင့် ကျွန်မအနေနဲ့ သူ့ကို အစေခံစရာ မလိုပါဘူး]

ဒါကတော့ သီးဆုစ်သင်္ဘောရဲ့ ပဟေဠိအတွက် သိပ်ကို ကောင်းတဲ့ ဥပမာတစ်ခုပါပဲ။ သင်္ဘောတစ်စင်းရဲ့ အစိတ်အပိုင်းတွေကို အကြိမ်ကြိမ် လဲလှယ်ပြီးသွားတဲ့အခါ အဲဒီသင်္ဘောအသစ်က မူရင်းသင်္ဘောပဲ ဖြစ်နေဦးမလား၊ ဒါမှမဟုတ် လုံးဝကို တခြားသင်္ဘောအသစ်တစ်စင်း ဖြစ်သွားပြီလားဆိုတဲ့ မေးခွန်းပေါ့။

(TR Note: Ship of Theseus – အစိတ်အပိုင်းအားလုံး အသစ်လဲလှယ်ခံရပြီးနောက် မူလအရာဝတ္ထုအဖြစ် တည်ရှိနေသေးခြင်း ရှိမရှိ မေးခွန်းထုတ်ထားသည့် ဂရိဒဿနပဟေဠိ။)

ဒီမေးခွန်းက သူ့ရဲ့ အရင်ကမ္ဘာမှာတုန်းက တွေးခေါ်ပညာရှင်တွေကို ခေါင်းစားစေခဲ့တာပါ။ ဒါပေမဲ့ နိုဗာကတော့ ဟာဘင်ဂျာကို နှာခေါင်းစမ်းချင်တာနဲ့တင် စက္ကန့်ပိုင်းအတွင်းမှာပဲ ဒီပဟေဠိကို အဖြေရှာလိုက်ပုံရတယ်။

မင်းတို့တွေ အဆင်ပြေပြေ မနေနိုင်ကြဘူးလား။

[မဖြစ်နိုင်ပါ]

|မနေနိုင်ဘူး|

သူ သက်ပြင်းပဲ ချနိုင်တော့တယ်။ ဒီနှစ်ယောက်က လုံးဝကို ဆန့်ကျင်ဘက် စရိုက်တွေ ရှိကြတာပေါ့။ တစ်ယောက်က စည်းကမ်းအတိုင်း တိတိကျကျ လုပ်တတ်ပြီး စည်းမျဉ်းစာအုပ်အတိုင်း အကုန်လိုက်နာတဲ့ စရိုက်မျိုး ဖြစ်တယ်။ အခြားတစ်ယောက်ကတော့ စိတ်ခံစားချက်နောက်ကိုပဲ လိုက်ပြီး ရလဒ်ကလွဲလို့ ဘာကိုမှ ဂရုမစိုက်တဲ့ စရိုက်မျိုး ဖြစ်နေတယ်။ ဒီတော့လည်း ဒီနှစ်ယောက် ထိပ်တိုက်တွေ့ကြမှာကတော့ မြင်သာထင်သာ ရှိလှတာပေါ့။

ကဲ... မင်းတို့တွေ အဆင်ပြေအောင် နေကြရင်ကောင်းမယ်။ မဟုတ်ရင်တော့ ငါ မင်းတို့နှစ်ယောက်လုံးရဲ့ အသံကို ပိတ်ပစ်လိုက်မှာနော်။

ဒီတော့မှ နှစ်ယောက်လုံး တိတ်ဆိတ်သွားကြပြီး ယာယီအပစ်အခတ်ရပ်စဲရေးကို သဘောတူလိုက်ကြပုံရတယ်။

ဘာပဲဖြစ်ဖြစ် ငါ့ဒရုန်းကို အဆင့်အသစ်တွေ မြှင့်ဖို့အတွက် မင်းတို့နှစ်ယောက်လုံးရဲ့ အကြံဉာဏ်တွေ လိုအပ်တယ်။

- - သူက ဒရုန်းအတွက် အဆင့်မြှင့်တင်ရေး အရောင်းဆိုင်ကို ချက်ချင်း လှမ်းကြည့်လိုက်မိတယ်။ အခုဆိုရင် သူ့မှာ ဆုလာဘ် ၁၀ စက်အထိ အများအပြား ရထားတာမို့ ဈေးဝယ်ထွက်ဖို့ စိတ်အားထက်သန်နေတာပေါ့။

[မီသရယ် မှော်ဝင်ပစ္စည်း - ဒရုန်း]

[ရှေးဟောင်းဝိညာဉ် - ၁၀ စက်]

[အမြင်အာရုံ]

- -ကင်မရာ

- -ဒရုန်း အမြင်အာရုံ

- -မျှဝေ အမြင်အာရုံ

- -မက်ဂ်နက်တစ် အမြင်အာရုံ

- -XXXXX

[လက်နက်]

- -သဟဇာတ လက်နက်များ

- -သဟဇာတသေနတ်

- -သဟဇာတသေနတ် မာခ်တူး

- -သဟဇာတဗုံး

- -XXXXX

- -စွမ်းရည်

- -စွမ်းရည် သိုလှောင်ခန်း

- -XXXXX

[ပန်ကာ]

- -ကိုယ်ပျောက်

- -အသံတိတ်ပန်ကာ

- -XXXXX

- -အရှိန်

- -ဒလက်နှစ်ဖက်

- -XXXXX

[ကိုယ်ထည်]

- -ကိုယ်ပျောက်

- -အရောင်ပြောင်းဖုံးကွယ်ခြင်း

- -ကိုယ်ယောင်ဖျောက်ခြင်း

- -ဒြပ်စင်ဖောက်ထွက်ခြင်း

- -အကာအကွယ်

- -သဟဇာတအကာအကွယ်

- -XXXXX

[တိုးချဲ့မှု]

- -ဒရုန်းများ

- -ဒရုန်းအသေး

- - ဒရုန်းအခြေစိုက်စခန်း

- -ပုံစံပြောင်းလဲခြင်း

- -ကျုံ့ခြင်း

- -ချဲ့ခြင်း

- -ရုပ်ပြောင်းရုပ်လွှဲ

[မှော်ကမ္ဘာငယ်လေး]

- -လွတ်လပ်သော အာကာသနယ်မြေ

သူ ပထမဆုံး သတိထားမိလိုက်တာကတော့ [ကိုယ်ယောင်ဖျောက်ခြင်း] နဲ့ [ဒရုန်းအသေး] အဆင့်မြှင့်တင်မှုကို ဝယ်ယူပြီးတဲ့နောက်မှာ ဝယ်လို့ရမယ့် ရွေးချယ်စရာအသစ်တစ်ခု ပွင့်လာတာပဲ ဖြစ်တယ်။

ကိုယ်ယောင်ဖျောက်ခြင်းရဲ့ အောက်က နောက်ထပ်ရွေးချယ်စရာကတော့ [ဒြပ်စင်ဖောက်ထွက်ခြင်း] ဖြစ်နေတယ်။

[ဒြပ်စင်ဖောက်ထွက်ခြင်း - ဒီအဆင့်မြှင့်တင်မှုက ဒရုန်းကို သူ့ရဲ့ အက်တမ်တစ်ခုချင်းစီရဲ့ သိပ်သည်းဆကို ပြောင်းလဲစေနိုင်ပြီး သာမန်ရုပ်ဝတ္ထုပစ္စည်းတွေကို ဖောက်ထွက်သွားနိုင်စေပါတယ်]

[တန်ဖိုး - ၃ စက်]

ဒါကတော့ တကယ်ကို ဝယ်ချင်စရာကောင်းတဲ့ ပစ္စည်းတစ်ခုပဲ။

ရုပ်ဝတ္ထုပစ္စည်းတွေကို ဖောက်ထွက်သွားနိုင်မယ်ဆိုရင် သူ့ရဲ့ ကိုယ်ပျောက်စွမ်းရည်နဲ့ ထောက်လှမ်းရေးစွမ်းရည်က နောက်ထပ်အဆင့်တစ်ခုကို တက်လှမ်းသွားမှာ သေချာတယ်။ သော့ခတ်ထားတဲ့ တံခါးတွေကို ပွင့်နေတဲ့ ပြတင်းပေါက်တစ်ခုလိုမျိုး ဒရုန်းနဲ့ ဖောက်ထွက်ပြီး သူ ဘယ်လောက်တောင် လျှို့ဝှက်အလုပ်တွေ လုပ်နိုင်မလဲဆိုတာ တွေးကြည့်ရုံနဲ့တင် သိနိုင်တာပေါ့။

တကယ်လို့ အရင်ကဆိုရင်တော့ ဒီ ၃ စက်ဆိုတဲ့ တန်ဖိုးက သူ့ကို လက်တွန့်သွားစေမှာ ဖြစ်ပေမဲ့ အခုအချိန်မှာတော့ သူက အဆင့်မြှင့်တင်ရေး ကဏ္ဍမှာ တော်တော်လေး ချမ်းသာနေပြီလို့ ပြောလို့ရတယ်။

နောက်ထပ် အဆင့်မြှင့်တင်မှုကတော့ သူ့ရဲ့ ဒရုန်းအသေးနဲ့ သက်ဆိုင်တာ ဖြစ်တယ်။ [ဒရုန်းအသေး] ကို အဆင့်မြှင့်ပြီးတဲ့နောက်မှာ အခုဆိုရင် [ဒရုန်းအခြေစိုက်စခန်း] ကို ဝယ်ယူနိုင်ပြီဖြစ်ကြောင်း တွေ့လိုက်ရတယ်။

[ဒရုန်းအခြေစိုက်စခန်း - ဒီအဆင့်မြှင့်တင်မှုက မင်းအလိုရှိသလောက် ဒရုန်းအသေးတွေကို ဝယ်ယူခွင့်ပေးပြီး အားလုံးကို အာရုံကြောကွန်ရက်တစ်ခုတည်းနဲ့ ချိတ်ဆက်ပေးမှာ ဖြစ်ပါတယ်။ မင်းအနေနဲ့ အဲဒီဒရုန်းတွေကို တစ်စောင်ချင်းစီဖြစ်စေ၊ တစ်ပြိုင်နက်တည်းဖြစ်စေ မင်းစိတ်ကြိုက် ထိန်းချုပ်နိုင်မှာ ဖြစ်ပါတယ်]

[တန်ဖိုး - ၂ စက်]

နိုဗာ... ငါ ဒရုန်းအသေး ဘယ်နှစ်ကောင်အထိ ဝယ်လို့ရလဲ မင်းသိလား။

[ဒရုန်းအသေးတစ်ကောင်ကို ထုတ်လုပ်ဖို့ ဆုလာဘ် ၁ စက်စီ ကုန်ကျမှာဖြစ်ပြီး မင်းပိုင်ဆိုင်နိုင်မယ့် ဒရုန်းအသေး အရေအတွက်အပေါ် ကန့်သတ်ချက် မရှိပါဘူး]

ဒီနယ်မြေကို ကင်းလှည့်ဖို့နဲ့ မက်ဂ်နက်တစ် အမျိုးမျိုးကို ပစ်မှတ်ထားဖို့ ဒရုန်းတွေ ပိုများလာရင် သူက ပုံမှန်ထက် ပိုပြီးတော့ တန်ခိုးစွမ်းရည်တွေကို အားသွင်းနိုင်မှာ ဖြစ်တယ်။ ဒါတင်မကဘဲ တကယ်လို့ သူက ဒီအဆင့်မြှင့်တင်မှုကို [သဟဇာတသေနတ် မာခ်တူး] နဲ့ တွဲဖက်လိုက်မယ်ဆိုရင် ဒရုန်းအားလုံးမှာ ရန်သူတွေကို လေဆာနဲ့ ပစ်ခတ်နိုင်မယ့် ပြောင်းဝတွေကို တပ်ဆင်ပေးနိုင်မှာ ဖြစ်တယ်။

ပြီးတော့ တကယ်လို့ သူ့မှာ ကင်းလှည့်နေတဲ့ ဒရုန်းအသေး ငါးကောင်၊ ဆယ်ကောင်၊ ဒါမှမဟုတ် အကောင်နှစ်ဆယ်လောက်အထိ ရှိနေမယ်ဆိုရင် အားလုံးကို တစ်ကောင်ပြီးတစ်ကောင် အလှည့်ကျ ပစ်ခတ်ခိုင်းပြီး ရပ်တန့်မသွားမယ့် ပစ်ခတ်မှု စစ်ရေးပြပွဲကြီးတစ်ခုကိုတောင် ဖန်တီးနိုင်မှာပေါ့

ဘက်ထရီတွေအကြောင်း ပြောရရင်တော့ ဒီတစ်ကြိမ်မှာ [စွမ်းရည် သိုလှောင်ခန်း] ကိုလည်း အဆင့်မြှင့်ဖို့ စဉ်းစားရမယ်။

တကယ်လို့ သူက ဘက်ထရီတွေအတွက် နောက်ထပ် နေရာတစ်ခု ထပ်တိုးနိုင်ရင် ဒရုန်းတစ်စောင်တည်းနဲ့ တစ်ပြိုင်နက်တည်း ဘက်ထရီနှစ်လုံးကို အားသွင်းနိုင်မှာ ဖြစ်တယ်။ ဒါပေမဲ့ ဒါက သူ့ရဲ့ ပြိုင်ဘက်ဆီကနေ စုပ်ယူစရာ တန်ခိုးစွမ်းရည်တွေ အလုံးအရင်းနဲ့ ထွက်လာမှသာ အသုံးဝင်မှာ ဖြစ်တယ်။ မဟုတ်ရင်တော့ တစ်ကြိမ်မှာ တစ်လုံးပဲ အားသွင်းတာက ပိုကောင်းတာပေါ့။

အိုး... [တိုးချဲ့မှု] ကဏ္ဍထဲမှာ နောက်ထပ် အဆင့်မြှင့်တင်မှုတစ်ခု ရှိသေးသားပဲ။ အဲဒါက [ရုပ်ပြောင်းရုပ်လွှဲ] လို့ ခေါ်တယ်။

[ရုပ်ပြောင်းရုပ်လွှဲ - ဒီအဆင့်မြှင့်တင်မှုက ပင်မဒရုန်းကို တူညီတဲ့ အရွယ်အစားရှိတဲ့ အခြားပုံသဏ္ဍာန်တစ်ခုအဖြစ် ပြောင်းလဲနိုင်စေပါတယ်။ ဒရုန်းက လိုချင်တဲ့ ရလဒ်အလိုက် သူ့ရဲ့ အရောင်ကိုလည်း ပြောင်းလဲနိုင်ပါတယ်]

[တန်ဖိုး - ၂ စက်]

ဒါလည်း ကောင်းတာပဲ။ ဒီပစ္စည်းနဲ့ဆိုရင် သူ ဝယ်ယူနိုင်မယ့် ကိုယ်ပျောက် ရွေးချယ်စရာတွေက သိပ်ကို များပြားသွားမှာ ဖြစ်တယ်။

ဒါပေမဲ့ သူ ဘာဝယ်မယ်ဆိုတာကို တကယ်မဆုံးဖြတ်ခင်မှာပဲ သူ့ရဲ့ မျက်လုံးတွေက ဆိုင်ရဲ့ နောက်ဆုံးကဏ္ဍဆီကို ချက်ချင်း ရောက်သွားခဲ့တယ်။ အရင်တုန်းကတော့ ဒီရွေးချယ်စရာက [XXXXX] ဆိုပြီး ပိတ်နေခဲ့တာ ဖြစ်ပေမဲ့ အခုတော့ တစ်စုံတစ်ခုသော အကြောင်းပြချက်ကြောင့် ပွင့်လာခဲ့ပုံရတယ်။

အဲဒီကဏ္ဍကို [မှော်ကမ္ဘာငယ်လေး] လို့ ခေါ်တယ်။

ဒါက ငါတွေးနေတဲ့ အရာပဲလား။

[လွတ်လပ်သော အာကာသနယ်မြေ - ဒီအဆင့်မြှင့်တင်မှုက ဒရုန်းရဲ့ ကိုယ်ထည်အတွင်းမှာတင် မှော်ကမ္ဘာငယ်လေးတစ်ခုကို ဖန်တီးပေးမှာ ဖြစ်ပါတယ်။ မင်းအနေနဲ့ အဲဒီနေရာထဲကို စိတ်ကြိုက် ဝင်ထွက်နိုင်မှာ ဖြစ်သလို ပြင်ပကမ္ဘာက တခြားပစ္စည်းတွေကိုလည်း သယ်ဆောင်သွားနိုင်မှာ ဖြစ်ပါတယ်]

[တန်ဖိုး - ၅ စက်]

ဝါး... ၅ စက်တောင်လား။

ဒီအဆင့်မြှင့်တင်မှုက သိပ်ကို ဈေးကြီးတာ အမှန်ပဲ။ ဒါပေမဲ့ သူ ထပ်ပြီး သေချာစဉ်းစားကြည့်လိုက်တဲ့အခါ ဒရုန်းထဲမှာတင် မှော်ကမ္ဘာငယ်လေးတစ်ခု ရှိနေတာက တကယ်ကို အံ့ဩစရာကောင်းလှတယ်။

တကယ်လို့ သူက အထဲကနေပြီး ထိန်းချုပ်နိုင်မယ်ဆိုရင် ဒါက သူ့ရဲ့ ကိုယ်ပိုင် ဂျက်လေယာဉ်ကြီးလို ဖြစ်နေမှာပေါ့။

သူ့မှာ ဒရုန်းထဲမှာတင် ရွေ့လျားနေတဲ့ ကိုယ်ပိုင်ဌာနချုပ်ကြီးတစ်ခု ရှိနေနိုင်တာပဲ။ သူ ဘယ်နေရာရောက်ရောက် သူ့ရဲ့ ကိုယ်ပိုင်ဒရုန်းထဲကို ဝင်ပြီး အိပ်စက်အနားယူနိုင်မှာ ဖြစ်တယ်။

နေဦး... တခြားလူတွေကော ဒီမှော်ကမ္ဘာငယ်လေးထဲကို လိုက်လာလို့ ရမလား။

[ရပါတယ် မိုက်ကယ်။ ဒရုန်းရဲ့ မှော်ကမ္ဘာငယ်လေးထဲကို ဘယ်သူတွေ၊ ဘာတွေ ဝင်ရောက်နိုင်လဲဆိုတာအပေါ် ကန့်သတ်ချက် မရှိပါဘူး။ အထဲမှာ ဆန့်သရွေ့တော့ ရပါတယ်]

ဒါကတော့ တကယ်ကို ကြီးကျယ်ခမ်းနားတဲ့ အရာပဲ။ ရီနေးတားရဲ့ ဝန်ထမ်းတွေအားလုံးကို ဒရုန်းထဲမှာတင် နေထိုင်ခိုင်းလို့ရတာပေါ့။

တကယ်လို့ သူသာ အန္တရာယ်ရှိတဲ့ စွန့်စားခန်းတွေ သွားဖို့ ပြင်ဆင်မယ်ဆိုရင် လူတိုင်းကို တစ်ပါတည်း ခေါ်သွားနိုင်ပြီး သူတို့အားလုံးက ဒရုန်းကို သုံးပြီး ခရီးသွားကြမှာ ဖြစ်တယ်။

ဒီအဆင့်မြှင့်တင်မှုနဲ့အတူ သူ ရရှိလာနိုင်မယ့် အခွင့်အလမ်းတွေကို တွေးတောပြီးတဲ့နောက်မှာတော့ ၅ စက် အသုံးပြုရတာက ပိုပြီးတော့ သင့်တော်သလို ခံစားလိုက်ရတယ်။

ငါ တကယ်ပဲ ဒီအဆင့်မြှင့်တင်မှုအသစ်ကို လိုချင်နေပြီ။

သူ အခုချက်ချင်း ဝယ်ယူချင်စိတ်တွေ တားမရဆီးမရ ဖြစ်နေပေမဲ့ ဒါက သူ့ရဲ့ ဘတ်ဂျက်ကို ချက်ချင်း တစ်ဝက် လျော့ကျသွားစေမှာ ဖြစ်တယ်။

မင်းတို့ ဘယ်လိုထင်လဲ။

[ကျွန်မရဲ့ အမြင်ကတော့ မင်းအနေနဲ့ ကိုယ်ပျောက်စွမ်းရည်ကိုပဲ အာရုံစိုက်သင့်ပါတယ်။ ဒရုန်းတွေရဲ့ ပုန်းကွယ်နိုင်စွမ်းကို ဦးစားပေးပြီးတာနဲ့ ဒီမှော်ကမ္ဘာငယ်လေးရဲ့ ရွေးချယ်စရာကို ဝယ်ယူတာက ဧရာမ အကျိုးကျေးဇူးကို ရရှိစေမှာ ဖြစ်ပါတယ်]

| ဖူးးး... ကိုယ်ပျောက် ဟုတ်လား။ ငါတို့က ရန်သူတွေဆီကနေ ဘာလို့ ပုန်းနေရမှာလဲ။ ငါတို့က သူတို့ကို လိုက်ရှာရမှာလေ။ ချဲ့တဲ့ ရွေးချယ်စရာကိုပဲ ရွေးလိုက်ပါ။ မင်းရဲ့ ဒရုန်းကို တတ်နိုင်သမျှ အကြီးဆုံး ဖြစ်အောင် လုပ်လိုက်စမ်းပါ |

* * * * * * * *

စာစဉ်(၅၃)

All Chapters