← Chapters

အခန်း ၂၆

Vol. 3 Ch. 26

အခန်း ၂၆

Vol. 3 Ch. 26

🍅 Chapter 26

ထိုမြင်ကွင်းကို မြင်သောအခါ အခြားသမားတော်များကလည်း အပြိုင်အဆိုင်ဦးညွှတ်ကာ တောင်းပန်စကား ဆိုကြလေ၏။

“သမားတော်ဝူ၊ ကျေးဇူးပြုပြီး ကျုပ်တို့ကို ခွင့်လွှတ်ပေးပါဗျာ”

“သမားတော်ဝူ၊ ကျေးဇူးပြုပြီး ကျုပ်တို့ကို ခွင့်လွှတ်ပေးပါဗျာ”

“သမားတော်ဝူ၊ ကျေးဇူးပြုပြီး ကျုပ်တို့ကို ခွင့်လွှတ်ပေးပါဗျာ”

ဝူယွီလန် ဘေးသို့ အနည်းငယ်‌တိုးလိုက်ရင်း အေးစက်စက်လေသံဖြင့် တုံ့ပြန်လိုက်သည်။

“ကျွန်မက သာမန်တောသူမတစ်ယောက်ပါ၊ သမားတော်ဝူဆိုတဲ့ အခေါ်အဝေါ်နဲ့ ဘယ်လိုလုပ် ထိုက်တန်မှာလဲ၊ လူကြီးမင်းတို့ လူမှားနေပြီထင်ပါတယ်”

ထိုစကားကို ကြားလိုက်ရသောအခါ သမားတော်အားလုံး၏ မျက်နှာပေါ်တွင် နောင်တရနေသော အမူအရာများ အထင်းသား ပေါ်လွင်လာကြလေသည်။

သမားတော်လီမှာ တစ်စုံတစ်ရာ ထပ်မံပြောဆိုလိုသေးသော်လည်း ဝူယွီလန်မှာ မြင်းလှည်းပေါ်သို့ ခြေချပြီးနေပြီဖြစ်၏။

သူမက မြင်းလှည်းပေါ်တွင် ထိုင်ချလိုက်ရင်းမှ ခပ်ပြတ်ပြတ်ပင် နှုတ်ဆက်လိုက်သည်။

“အိမ်မှာ လယ်အလုပ်တွေက ပုံနေသေးလို့ ဒီတောသူမလေးကို သွားခွင့်ပြုပါဦးနော်”

သမားတော်များသည် တဖြည်းဖြည်း ဝေးကွာသွားသောမြင်းလှည်းကို ငေးကြည့်ရင်း သူတို့၏ စောစောက ရိုင်းစိုင်းခဲ့မှုများအတွက် အကြီးအကျယ် နောင်တရနေကြလေတော့၏။

သူတို့၏ မာနတရားများကြောင့် တန်ဖိုးမဖြတ်နိုင်သော ဆေးပညာတစ်ရပ်ကို သင်ယူခွင့် ဆုံးရှုံးသွားရပြီမဟုတ်ပါလား။

ဝူယွီလန်သည် မြင်းလှည်းခန်းဆီးကို အသာလှန်ကြည့်လိုက်ရာ မျှော်လင့်ချက်ကြီးစွာဖြင့် ငေးကြည့်နေကြသော ထိုသမားတော်တစ်သိုက်၏ မျက်နှာများကို မြင်တွေ့လိုက်ရ၏။

ဤသမားတော်များသည် သူမထံမှ မည်သည့်အရာကိုသိချင်၍ ဤမျှပူဆာနေကြသည်ကို သူမ ကောင်းကောင်း သိထားပေသည်။

သို့သော် သူမ၏ လက်ရှိအနေအထားအရ အံ့မခန်း ဆေးပညာစွမ်းရည်များနှင့် ပတ်သက်၍ ခိုင်လုံသောအကြောင်းပြချက် မပေးနိုင်သေးသဖြင့် စကားများများပြောဆိုရန် အဆင်မပြေသေးပေ။

ဝူယွီလန်သည် ခေါင်းခါယမ်းလိုက်ရင်း အိမ်ပြန်ရောက်ပါက နောင်တစ်ချိန်တွင် အကြောင်းပြချက်မပေးနိုင် ဖြစ်နေမည်ကို ရှောင်ရှားရန်အတွက် ကောင်းမွန်သောဆင်ခြေတစ်ခုကို ကြိုတင်စဉ်းစားထားမှဖြစ်မည်ဟု တွေးတောနေမိသည်။

အတွေးများကို ပြန်လည်ရုပ်သိမ်းလိုက်ချိန်တွင် သူမ၏မျက်နှာချင်းဆိုင်၌ ထိုင်နေသော သမားတော်ကျန်းက သူမအား ကျေးဇူးတင်မှု အပြည့်ပါသော မျက်နှာထားဖြင့် ကြည့်နေသည်ကို မြင်လိုက်ရလေ၏။

သမားတော်ကျန်း လေးစားအားကျစွာဖြင့် ချီးကျူးလိုက်လေသည်။

“အစ်မကြီးဝူ၊ ခင်ဗျားက တကယ်ကို အံ့ဩစရာကောင်းလောက်အောင် တော်တာပဲဗျာ”

သူ ဝမ်းသာအားရဖြင့် ဆက်ပြောလိုက်သည်။

“အစ်မကြီးရဲ့ ကျေးဇူးကြောင့် သူဌေးလျှိုက ကျုပ်ကိုလည်း ဆုငွေ ငွေဆယ်ချောင်းတိတိပေးလိုက်တယ်ဗျ၊ ဒီငွေက အစ်မကြီးကြောင့် ရလာတာဆိုတော့ တစ်ဝက်ခွဲပေးပါ့မယ်”

ထိုသို့ပြောဆိုရင်း သူက ငွေငါးချောင်းကို လှမ်းပေးလိုက်လေသည်။

ဝူယွီလန် ငြင်းဆန်ကာ ခေါင်းခါပြလိုက်၏။

“ရှင့်ကို ပေးလိုက်တာဆိုတော့လည်း ရှင်ပဲသိမ်းထားလိုက်ပါ၊ သူဌေးလျှိုက ကျွန်မကိုလည်း ဆေးကုသခ ပေးလိုက်ပါတယ်၊ ဒီတစ်ခေါက် ခရီးကတော့ ကျွန်မအတွက် မြတ်တာ သေချာနေပါပြီ”

သူမ သမားတော်ကျန်းအား လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်စကား ပြန်လည်ပြောဆိုလိုက်သည်။

“တကယ်တော့ ကျွန်မက ရှင့်ကိုကျေးဇူးတင်ရမှာပါ၊ ရှင်သာ မရှိခဲ့ရင် ကျွန်မလည်း သူဌေးလျှိုနဲ့ အဆက်အသွယ်ရမှာ မဟုတ်သလို၊ ဒီဆေးကုသခကိုလည်း ရနိုင်မှာမဟုတ်ဘူးလေ”

ဝူယွီလန် တကယ်ပင် မလိုချင်ကြောင်း မြင်သောအခါ သမားတော်ကျန်းသည် ငွေငါးချောင်းကို ပြန်လည်သိမ်းဆည်းလိုက်လေ၏။

ထို့‌နောက် သမားတော်ကျန်း စိတ်ဝင်တစားဖြင့် မေးမြန်းလာသည်။

“အစ်မကြီးဝူ၊ အစ်မကြီးရဲ့ ဆေးပညာစွမ်းရည်က ဒီလောက်အထိ အံ့မခန်းဖြစ်နေမယ်လို့ ကျုပ် တကယ်ကို ထင်မထားခဲ့ဘူး”

သူ ဆက်လက်၍ မေးခွန်းထုတ်လေသည်။

“ဒီဆေးပညာတွေကို အစ်မကြီး ဘယ်ကနေသင်ယူခဲ့တာလဲ၊ ဒီနှစ်တွေတစ်လျှောက်လုံး အစ်မကြီး ရွာထဲကနေ ထွက်သွားတာကို မတွေ့မိသလိုပဲ”

သူ စဉ်းစားဟန်ဖြင့် ကောက်ချက်ချလိုက်သည်။

“ဒါမှမဟုတ်.... လွန်ခဲ့တဲ့နှစ်တွေက အစ်မကြီး ခင်ပွန်းနဲ့အတူ စီးပွားရေးသွားလုပ်တုန်းက သင်ယူခဲ့တာများလား”

ခန္ဓာကိုယ်ပိုင်ရှင်ဟောင်းနှင့် ကွယ်လွန်သူခင်ပွန်းတို့ လူငယ်ဘဝက အသက်မွေးဝမ်းကျောင်း ပြုရန်အတွက် ရွာမှ နှစ်အနည်းငယ်ကြာ ထွက်ခွာသွားခဲ့ဖူးသည်မှာ အမှန်ပင် ဖြစ်လေ၏။

ဝူယွီလန်မှာ ဤကိစ္စကို ရှင်းပြရန် ခိုင်လုံသောအကြောင်းပြချက် မရှိသဖြင့် ပူပန်နေစဉ်မှာပင်…..

အိပ်ချင်နေသူအား အလိုက်တသိ ခေါင်းအုံးလာချပေးသကဲ့သို့ ဖြစ်သွားခဲ့ရာ သူမအတွက် အလွန်အဆင်ပြေသွားတော့သည်။

သူမက ချက်ချင်း ထိုအခြေအနေကို အသုံးချကာ ရှင်းပြလိုက်သည်။

“အင်း၊ အဲဒီနှစ်တွေတုန်းက သင်ယူခဲ့တာပါ၊ သမားတော်အိုကြီးတစ်ယောက်ဆီမှာ နှစ်အနည်းငယ်လောက် ပညာသင်ခဲ့ရတယ်၊ ဒါပေမဲ့ လူတစ်ယောက်ကို စော်ကားမိသလို ဖြစ်သွားတာကြောင့် ဒီဆေးပညာကို တခြားသူတွေကိုထုတ်မပြချင်ခဲ့တာ၊ ဒါပေမဲ့ အခု မိသားစုက စားဝတ်နေရေး ကျပ်တည်းလာတော့ ဒီအလုပ်ဟောင်းကိုပြန်လုပ်ရတာပါပဲ”

သမားတော်ကျန်း တိတ်တဆိတ် ခေါင်းညိတ်ကာ နားလည်သွားဟန်ဖြင့် ရေရွတ်လိုက်မိ၏။

“ဪ၊ ဒီလိုကိုး၊

သူ စိုးရိမ်တကြီးဖြင့် ဆက်မေးလာလေသည်။

“ဒါဆို အစ်မကြီးဝူ၊ အခု အစ်မကြီးရဲ့ ဆေးပညာစွမ်းရည်တွေ လူသိရှင်ကြားဖြစ်သွားပြီဆိုတော့၊ အန္တရာယ်တစ်ခုခု ရှိလာနိုင်မလား”

ဝူယွီလန်သည် သူမ၏ခြောက်သွေ့တွန့်လိပ်နေသော လက်များကိုငုံ့ကြည့်ရင်း တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။

“ဆယ်စုနှစ်တွေတောင် ကုန်လွန်သွားခဲ့ပြီပဲ၊ အဲဒီလူတွေလည်း မြေကြီးထဲ ရောက်ချင်ရောက်နေလောက်ရောပေါ့၊ ဘာမှမဖြစ်ပါဘူးလေ”

သမားတော်ကျန်း သက်ပြင်းချရင်း ဆိုလိုက်သည်။

“အဲဒီလိုဆိုရင်တော့ တော်သေးတာပေါ့ဗျာ”

ထိုသို့ စကားပြောနေကြစဉ်မှာပင် မြင်းလှည်းပြတင်းပေါက် အပြင်ဘက်၌ ရင်းနှီးကျွမ်းဝင်နေသော လူရိပ်နှစ်ခုကို ဝူယွီလန် လှမ်းမြင်လိုက်ရလေ၏။

ဝူယွီလန် သေချာ စူးစိုက်ကြည့်လိုက်သောအခါ...

ထိုသူနှစ်ဦးမှာ သူမ၏မြေးလိမ္မာလေးနှစ်ဦး ဖြစ်‌နေလေ၏။

သူမ ချက်ချင်းပင် လှမ်းခေါ်လိုက်သည်။

“တာ့လန်၊ အာ့လန်၊”

သူတို့နှစ်ဦးမှာ တွန်းလှည်းတစ်စီးကိုတွန်းကာ အိမ်အပြန်လမ်းတွင် ပျော်ရွှင်စွာလမ်းလျှောက်လာကြခြင်းဖြစ်သည်။

စုန့်အာ့လန် သူ့နားကို ကလော်ရင်း မေးလိုက်လေ၏။

“ဟေ့ အစ်ကိုကြီး၊ အဘွားရဲ့အသံကို ကြားလိုက်ရသလိုပဲ၊ အစ်ကိုကြီးရော ကြားလား”

စုန့်တာ့လန် ခေါင်းလှည့်ကြည့်ရင်း ထောက်ခံလိုက်သည်။

“ငါလည်း ကြားလိုက်သလိုပဲ”

ဝူယွီလန်သည် အထုပ်တစ်ထုပ်ကို ကိုင်ဆောင်ကာ မြင်းလှည်းပေါ်မှ ဆင်းလာခဲ့လေ၏။

သူတို့နှစ်ဦး ဝမ်းသာအားရ အော်ဟစ်လိုက်ကြသည်။

“ရေးး၊ အဘွားပါလား”

ညီအစ်ကိုနှစ်ဦးသည် တွန်းလှည်းကို အသာချထားခဲ့ပြီး ဝူယွီလန်အနီးသို့ ခပ်သုတ်သုတ်ပြေးလာကြလေ၏။

ဝူယွီလန် အိမ်တော်ထိန်းလျိုအား နှုတ်ဆက်လိုက်သည်။

“ကျေးဇူးတင်ပါတယ် အိမ်တော်ထိန်းလျို၊ အိမ်နဲ့လည်း နီးနေပြီဆိုတော့ ဒီကနေပဲ ဆင်းပြီး လမ်းလျှောက်သွားလိုက်ပါတော့မယ်”

အိမ်တော်ထိန်းလျို ခေါင်းညိတ်ပြလိုက်ပြီး သမားတော်ကျန်းကို ဆက်လက်ပို့ဆောင်ရန် မြင်းလှည်း မောင်းနှင်ထွက်ခွာသွားလေတော့သည်။

ကလေးများက ဝူယွီလန်ကို ဝမ်းသာအားရ နှုတ်ဆက်လိုက်ကြလေ၏။

“အဘွား၊ ပြန်ရောက်လာပြီပေါ့”

လွန်ခဲ့သော ရက်အနည်းငယ်အတွင်း အတူတကွနေထိုင်ခဲ့ကြပြီးနောက်တွင် စုန့်အာ့လန်၏ မျက်လုံးများထဲ၌ ဝူယွီလန်အပေါ် ကြောက်ရွံ့တုန်လှုပ်မှု အရိပ်အယောင်များ မရှိတော့ဘဲ သူမနှင့် ပိုမိုနီးကပ်စွာနေထိုင်လိုသော ဆန္ဒများပင်ပေါ်ပေါက်လာခဲ့ပြီဖြစ်သည်။

ဝူယွီလန် နူးညံ့စွာ မေးမြန်းလိုက်၏။

“အင်း၊ မင်းတို့နှစ်ယောက် ဘာတွေလုပ်နေကြတာလဲ”

စုန့်အာ့လန် ဂုဏ်ယူဝင့်ကြွားစွာဖြင့် ရှင်းပြလေသည်။

“အစ်ကိုကြီးနဲ့ ကျွန်တော် ဖမ်းမိတဲ့ငါးတွေကို သွားရောင်းတာလေ၊ ကြည့်ပါဦး၊ ဒါက ကျွန်တော်တို့ရလာတဲ့ ပိုက်ဆံတွေ၊ ကြေးပြား နှစ်ရာ့သုံးဆယ်တောင် ရတယ်”

စုန့်အာ့လန်သည် အသိအမှတ်ပြုခံလိုသောဟန်ပန်ဖြင့် ငွေအိတ်ငယ်လေးကိုထုတ်ကာ ဝူယွီလန်ထံသို့ မြှောက်ပြနေလေသည်။

ဝူယွီလန်သည် ငြင်းဆန်ခြင်းမပြုဘဲ ငွေအိတ်ကို သဘာဝကျကျလှမ်းယူလိုက်၏။ အိမ်ရောက်သောအခါ ထိုငွေများကို သူတို့အား ပြန်လည်ခွဲဝေပေးရန် စိတ်ကူးထားလိုက်သည်။

သူမက တွန်းလှည်းကို သူတို့ထံမှ လွှဲယူရင်း ဆူပူကြိမ်းမောင်းလိုက်၏။

“မင်းတို့လေးတွေက တော်တော် သတ္တိကောင်းနေကြပါလား၊ မြို့ထဲကို ကိုယ့်ဘာသာ ကိုယ် ဒီလောက်အကြာကြီး သွားရဲတယ်ပေါ့လေ၊ လူကုန်ကူးတဲ့သူတွေ ဖမ်းသွားမှာကို မကြောက်ကြဘူးလား”

ညီအစ်ကိုနှစ်ဦးမှာ ခေါင်းလေးများကို ကုတ်ရင်း အသံတစ်စက်မှ မထွက်ရဲတော့ချေ။

ခဏကြာသောအခါ စုန့်အာ့လန် တွန်းလှည်းတွန်းရန် ရှေ့သို့ တိုးလာပြီး အချိုသတ်သောလေသံဖြင့် ပြန်ပြောလေသည်။

“အဘွားက ကျွန်တော်တို့ကို မြို့ထဲ တစ်ခေါက်ခေါ်သွားဖူးတယ်လေ၊ ကျွန်တော်က ဉာဏ်ကောင်းပါတယ်၊ လမ်းမမှားနိုင်ပါဘူး”

ဝူယွီလန် တင်းမာပြတ်သားသော လေသံဖြင့် ပြန်လည်ဆုံးမလိုက်၏။

“လူ့စိတ်ဆိုတာ တိုင်းထွာလို့မရဘူး၊ မင်းတို့ လမ်းမှားသွားမှာကို ငါ ကြောက်တာမဟုတ်ဘူး၊ လူဆိုးတွေဖမ်းပြီး ရောင်းစားခံရမှာကို ကြောက်တာ”

ထိုအကြောင်းကို ပြောမိချိန်တွင် ဝူယွီလန်သည် ခန္ဓာကိုယ်ပိုင်ရှင်ဟောင်း ရောင်းစားခဲ့သော မြေးမလေးနှစ်ဦးကို ရုတ်တရက် သတိရသွားလေ၏။

သူမသည် ငွေဆယ်ချောင်းတန် ငွေစက္ကူဆယ်ရွက် သိမ်းဆည်းထားသော သူမ ရင်ဘတ်ကို လက်ဖြင့် အသာအယာ ဖိထားလိုက်မိသည်။

သူမ၏ရည်မှန်းချက်ဖြစ်သော ထိုကလေးများကို ပြန်လည်ရွေးယူရန်အတွက် လိုအပ်သောငွေကြေးမှာ ယခု သူမ ရင်ဘတ်ထဲတွင် လုံခြုံစွာ ရှိနေပြီဖြစ်၏။

အကယ်၍ အချိန်မနှောင်းသေးပါက ဝူယွီလန်အနေဖြင့် ထိုမြေးမလေးများကို ချက်ချင်းသွားရောက်ရွေးယူချင်စိတ်များ တဖွားဖွား ပေါ်နေလေသည်။

ဝူယွီလန်တို့ မြေးအဖွားသုံးယောက် တွန်းလှည်းတွန်းရင်း ညနေဆည်းဆာ နေဝင်ချိန်နှင့်အတူ အိမ်သို့ ပြန်လာခဲ့ကြလေသည်။

ရွာထိပ်ရှိ သစ်ပင်အောက်တွင် ဝမ်ကွေ့ချင်သည် လည်တဆန့်ဆန့်ဖြင့် လမ်းမျှော်နေလေ၏။

လူရိပ်အချို့ကို ဝိုးတဝါး လှမ်းမြင်လိုက်ရသောအခါ သူမ မျက်နှာပေါ်တွင် အပြုံးပန်းများ ဝေဆာသွားပြီး ခပ်သုတ်သုတ် ပြေးလာခဲ့လေသည်။

သို့သော် ဝူယွီလန်ကိုပါ အတူတကွ မြင်လိုက်ရသောအခါ သူမမှာ တစ်ခဏမျှ မှင်တက်သွားရလေသည်။

All Chapters