အခန်း ၃၂၁
Vol. 32 Ch. 321
အခန်း (၃၂၁)
မကြုံစဖူး ကြီးကျယ်ခမ်းနားလှသော မင်္ဂလာပွဲကြီး
ကမ္ဘာနှစ်ခုလုံး အပြည့်အဝ တည်ငြိမ်သွားသောအခါ မဟာကျင်းအင်ပါယာသည် စည်းမျဉ်းခံ ဘုရင်စနစ်အောက် တွင် ကြီးပွားတိုးတက်လာခဲ့ပြီး ခေတ်သစ်ကမ္ဘာသည်လည်း 'သက်စောင့်အမှတ် (၁)' ဟူသော အံ့ဖွယ်ဆေးစွမ်း ကောင်း၏ အရိပ်အောက်တွင် အံ့သြမှုနှင့် ရိုသေလေးစားမှုတို့ ရောယှက်နေသည့် သိမ်မွေ့သော မျှခြေတစ်ခုကို ဖန်တီးနိုင်ခဲ့လေ၏။
ဖန်းဟန်၏ ပုံရိပ်မှာ ကမ္ဘာကြီး၏ မြင်ကွင်းမှ နောက်တစ်ကြိမ် ပျောက်ကွယ်သွားခဲ့ပြန်လေသည်။
သူသည် ကြယ်တာရာများနှင့် ပင်လယ်ပြင်အသစ်များကို အောင်နိုင်ရန် သွားရောက်ခဲ့ခြင်း မဟုတ်သလို စိတ်ကူး ယဉ်ဆန်သော ထာဝရရှင်သန်ခြင်းကိုလည်း လိုက်လံရှာဖွေခဲ့ခြင်း မရှိပေ။
သူသည် ကမ္ဘာကြီးကို သိမ်းပိုက်ခြင်းထက် သူ၏အတွက် ပို၍အရေးကြီးသော အရာတစ်ခုကို လုပ်ဆောင်ချင် ခဲ့ခြင်းသာ ဖြစ်လေသည်။
ခေတ်သစ်ကမ္ဘာရှိ ကိုယ်ပိုင်ကျွန်းပေါ်မှ စံအိမ်တော်အတွင်း၌ ကြမ်းပြင်မှ မျက်နှာကြက်အထိ အရှည်ရှိသော ပြတင်းပေါက်ကြီးများမှတစ်ဆင့် နေရောင်ခြည်များ ဖြာကျနေပြီး မှန်ကဲ့သို့ ချောမွေ့နေသော ကြမ်းပြင်ပေါ်တွင် အလင်းရောင်များ တောက်ပနေလျက် ရှိလေ၏။
ဖန်းဟန်သည် နူးညံ့အိစက်သော ဆိုဖာတစ်ခုပေါ်တွင် ထိုင်နေပြီး သူ၏ရှေ့တွင်မူ ပြိုင်ဘက်ကင်း အလှတရားနှင့် ကိုယ်ပိုင်ထူးခြားသော စရိုက်လက္ခဏာ အသီးသီးရှိကြသည့် အမျိုးသမီးရှစ်ဦး ထိုင်နေခဲ့ကြလေသည်။
ထိုအထဲတွင် နူးညံ့သိမ်မွေ့ပြီး ကိုယ်ကျင့်တရားကောင်းမွန်သော ပိုင်ကျီရို၊ တက်ကြွပြီး ဆွဲဆောင်မှုရှိသော ပိုင်ရွှီကျန်း၊ နွေးထွေးပြီး စာနာနားလည်တတ်သော လျူရူမေ၊ ကျက်သရေရှိပြီး မွန်မြတ်သော နန်ကုန်းယွင်ရှု၊ ရဲစွမ်းသတ္တိနှင့် အလှတရားတို့ကို ပိုင်ဆိုင်ထားသော ဘုရင်မ ရှောင်ရူရွှီ၊ အာရုံစူးစိုက်မှုကောင်းပြီး ဉာဏ်ပညာ ထက်မြက်သည့် စုမေနျန်တို့အပြင် ဖန်းဟန်၏ဘေးတွင် အရိပ်များကဲ့သို့ တိတ်ဆိတ်စွာ ရပ်နေတတ်သော်လည်း သူကိုယ်တိုင် ဆွဲထိုင်ခိုင်းထားရသော ဇီယင်းနှင့် လင်းရွှမ်းရွှယ်တို့ ပါဝင်လေသည်။
သူတို့သည် ဤလောကတွင် သူ၏ အနက်ရှိုင်းဆုံးသော သံယောဇဉ်ကြိုးများ ဖြစ်ကြပြီး သူ၏ ကြိုးစားရုန်းကန်မှု အားလုံး၏ အစနှင့် အဆုံးသတ်ရာများပင် ဖြစ်ပေသည်။
“အားလုံး အဆင်ပြေကြရဲ့လား...”
ဖန်းဟန်၏ အကြည့်များက လှပသော မျက်နှာတစ်ခုစီတိုင်းပေါ်သို့ ဝေ့ဝဲသွားခဲ့ပြီး သူ၏အသံမှာ မကြုံစဖူး နူးညံ့ ကြင်နာမှုများ ပါဝင်နေခဲ့လေ၏။
“အင်း...”
ပိုင်ရွှီကျန်းက စိတ်လှုပ်ရှားမှုကြောင့် အရောင်လက်နေသော မျက်လုံးဝိုင်းကြီးများဖြင့် ပထမဆုံး ခေါင်းညိတ်ပြ လိုက်လေသည်။
“ခေတ်သစ်ကမ္ဘာက တကယ်ကို ပျော်စရာကောင်းတာပဲ...၊ ကွန်ပျူတာ ဆိုတဲ့ အရာကြီးထဲမှာ ပုံလေးတွေ အများ ကြီးပါသလို သူတို့က လှုပ်ရှားလို့လည်း ရတယ်...၊ စကားလည်း ပြောတတ်သေးတယ်...”
စုမေနျန်သည်လည်း သူမ၏နှာခေါင်းပေါ်ရှိ ပါဝါမပါသော ရွှေရောင်ကိုင်း မျက်မှန်လေးကို ပင့်တင်လိုက်လေ၏။ ဤအရာမှာ မကြာသေးမီကမှ သူမ နှစ်သက်သဘောကျလာခဲ့သော အဆင်တန်ဆာတစ်ခုဖြစ်ပြီး သူမကို ပညာရှင်တစ်ဦးနှင့် ပို၍တူသွားစေခဲ့လေသည်။ သူမက ခေါင်းညိတ်လိုက်ပြီး တည်ငြိမ်စွာ ပြောလိုက်လေသည်။
“ဒီနေရာက အသိပညာစနစ်က တကယ်ကို အံ့မခန်းပဲ...၊ ကျွန်မကိုယ်ကျွန်မ အသိပညာ သမုဒ္ဒရာထဲ ကျသွားတဲ့ ရေမြှုပ်တစ်ခုလို ခံစားရတယ်...”
အခြားသူများကလည်း မျက်နှာပေါ်တွင် အပြုံးကိုယ်စီဖြင့် ခေါင်းညိတ်လိုက်ကြလေ၏။ ရှေးဟောင်းကမ္ဘာကို နှစ်သက်သည်ဖြစ်စေ၊ ခေတ်သစ်ကမ္ဘာကို စူးစမ်းလိုစိတ်ရှိသည်ဖြစ်စေ သူတို့အားလုံးမှာ သက်သောင့်သက်သာ ရှိသော အခြေအနေတစ်ခုကို ရှာဖွေတွေ့ရှိထားကြပြီ ဖြစ်ပေသည်။
ဖန်းဟန်သည် သူတို့ကို ကြည့်ကာ အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်ပြီး သူ၏မျက်နှာပေါ်တွင် လေးနက်သော အမူအရာတစ်ခု ပေါ်လာခဲ့လေသည်။
“မင်းတို့အားလုံးကို ဒီနေရာကို ခေါ်လိုက်တာက ကိစ္စတစ်ခုကို ကြေညာချင်လို့ပဲ...”
သူသည် မတ်တတ်ရပ်ကာ သူတို့၏ အလယ်သို့ လျှောက်သွားလိုက်ပြီး သူ၏အကြည့်များမှာ အလွန်ပင် လေးနက်တည်ကြည်နေခဲ့လေ၏။
“လျိုရှီးရွာမှာ ဘာမှမရှိတဲ့ ဘဝကနေ ချင်းရှီးခရိုင်မှာ နာမည်တစ်လုံးနဲ့ ရပ်တည်နိုင်ခဲ့တယ်... အဲဒီနောက် အနောက်မြောက်ဘက်ကို ထိန်းချုပ်ပြီး အလယ်ပိုင်းလွင်ပြင်ကို ယှဉ်ပြိုင်လုယူခဲ့တယ်... နောက်ဆုံးမှာတော့ ကမ္ဘာကြီးကို ငြိမ်းချမ်းစေပြီး ကာကွယ်ပေးနိုင်ခဲ့တယ်... ဒီအရာတွေအားလုံးရဲ့ ခြေလှမ်းတိုင်းမှာ မင်းတို့က ကိုယ့်ဘေးမှာ အမြဲတမ်း ရှိနေပေးခဲ့ကြတယ်...”
“မင်းတို့က အခက်ခဲဆုံး နှစ်ကာလတွေမှာ ကိုယ့်ကို အဖော်ပြုပေးခဲ့ကြတာမို့ ဒီအထွတ်အထိပ် ရောက်နေတဲ့ အချိန်အခါမှာလည်း အတူတူ မျှဝေခံစားသင့်တယ်...”
သူ၏အသံမှာ ခေတ္တရပ်တန့်သွားပြီး အလွန်ပင် နူးညံ့ညင်သာသွားခဲ့လေ၏။
“ဒါကြောင့် ငါတို့အားလုံးအတွက် မင်္ဂလာပွဲတစ်ခု ကျင်းပဖို့ ဆုံးဖြတ်လိုက်တယ်...”
သူ၏ စကားသံအဆုံးတွင် ဧည့်ခန်းတစ်ခုလုံးမှာ ချက်ချင်းပင် တိတ်ဆိတ်သွားခဲ့လေတော့သည်။
ပိုင်ကျီရို၏ မျက်လုံးများမှာ ချက်ချင်းပင် နီရဲသွားခဲ့ပြီး သူမ၏ပါးစပ်ကို လက်ဖြင့် ဖြည်းညင်းစွာ အုပ်လိုက်ရာ သူမ၏ မျက်ဝန်းထဲတွင် ဝမ်းသာမျက်ရည်များ ရစ်သိုင်းလာခဲ့လေ၏။
ပိုင်ရွှီကျန်းမှာမူ စက္ကန့်ဝက်ခန့် ကြောင်အသွားခဲ့ပြီးနောက် အာမေဍိတ်သံတစ်ခု ပြုလိုက်ကာ ခုန်ပေါက်ပြီး ဖန်းဟန်၏ ရင်ခွင်ထဲသို့ တိုက်ရိုက် ပြေးဝင်သွားခဲ့လေသည်။
“အရမ်းကောင်းတာပဲ... ခင်ပွန်း... ကျွန်မ သတို့သမီး ဖြစ်ရတော့မယ်...”
လျူရူမေ၏ မျက်နှာပေါ်တွင်မူ နူးညံ့ပြီး ရေလိုကြည်လင်သော အပြုံးတစ်ခု ပွင့်လန်းလာခဲ့လေ၏။ သူမသည် ဖန်းဟန်ကို တိတ်ဆိတ်စွာ စိုက်ကြည့်နေပြီး သူမ၏ မျက်လုံးများထဲရှိ ချစ်ခြင်းမေတ္တာများမှာ လျှံကျလာတော့ မတတ် ဖြစ်နေခဲ့ပေသည်။
နန်ကုန်းယွင်ရှုသည် ကျက်သရေရှိစွာ ထိုင်နေသော်လည်း သူမ၏ အနည်းငယ် တုန်ယင်နေသော လက်ချောင်း လေးများနှင့် နီရဲနေသော မျက်လုံးများက သူမ၏ ရင်တွင်းမှ စိတ်လှုပ်ရှားမှုကို ဖော်ပြနေခဲ့လေသည်။
မဟာကျင်းအင်ပါယာ၏ ဘုရင်မဖြစ်သော ရှောင်ရူရွှီ၏ မျက်နှာပေါ်တွင် ဤအချိန်၌ မည်သည့် ဧကရီ၏ အရှိန် အဝါမျှ မရှိတော့ချေ။ သူမသည် ခေါင်းကို ငုံ့ထားကာ ပါးပြင်များ ရဲတက်နေပြီး အချစ်ဦးနှင့် တွေ့ကြုံနေရသော မိန်းမပျိုလေးတစ်ဦးကဲ့သို့ အဝတ်စွန်းလေးကို စိတ်လှုပ်ရှားစွာ လိမ်ကျစ်နေခဲ့လေ၏။
ပုံမှန်အားဖြင့် အေးစက်နေတတ်သော ဇီယင်း၏ တည်ငြိမ်သော မျက်ဝန်းများထဲတွင်ပင် ပြင်းထန်သော လှိုင်း ဂယက်တစ်ခု ပေါ်ထွက်လာခဲ့လေသည်။ လင်းရွှမ်းရွှယ်မှာမူ တစ်ကိုယ်လုံး တုန်ယင်နေပြီး မသိစိတ်အရ နောက် ဆုတ်ရန် ကြိုးစားနေမိကာ သူမ၏ မျက်လုံးများထဲတွင် မယုံကြည်နိုင်မှုများနှင့်အတူ မိမိကိုယ်ကိုယ် နှိမ့်ချလို သော အရိပ်အယောင်တစ်ခု ပြည့်နှက်နေခဲ့လေ၏။ သူမသည် သူမကိုယ်သူမ... မထိုက်တန်ဟု ခံစားနေရခြင်း ဖြစ်ပေသည်။
ဖန်းဟန်သည် ပိုင်ရွှီကျန်း၏ ကျောကို ညင်သာစွာ ပုတ်ပေးလိုက်ပြီးနောက် လင်းရွှမ်းရွှယ်ထံသို့ လျှောက်သွားကာ စကားတစ်ခွန်းမျှ မဆိုဘဲ သူမ၏ အေးစက်နေသော လက်လေးကို ဆုပ်ကိုင်လိုက်လေ၏။
“မင်းလည်း ပါတာပေါ့...”
ဖန်းဟန်က သူမ၏ မျက်လုံးများကို စိုက်ကြည့်ကာ စကားလုံးတိုင်းကို ပီပြင်စွာ ပြောလိုက်လေသည်။
“ဘယ်သူကမှ မထိုက်တန်ဘူးဆိုတာ မရှိဘူး... ငါ့အတွက်တော့ မင်းတို့ တစ်ယောက်ချင်းစီတိုင်းက ငါ့ရဲ့ အဖိုး တန်ဆုံး ရတနာတွေချည်းပဲ...”
လင်းရွှမ်းရွှယ်၏ မျက်ရည်များမှာ နောက်ဆုံးတွင်တော့ ပြိုဆင်းထွက်ကျလာခဲ့တော့သည်။
ဖန်းဟန်သည် အားလုံးကို ဝေ့ဝဲကြည့်လိုက်ပြီး သူ၏ အံ့မခန်း အစီအစဉ်ကို ဆက်လက် ကြေညာလိုက်လေ၏။
“ဒီမင်္ဂလာပွဲက မကြုံစဖူး ကြီးကျယ်ခမ်းနားမှာဖြစ်ပြီး နောင်မှာလည်း ဘယ်တော့မှ ထပ်ရှိလာမှာ မဟုတ်ဘူး...”
“အဲဒါကို အပိုင်းနှစ်ပိုင်း ခွဲထားတယ်...”
“ပထမအပိုင်းကတော့ ငါတို့ရဲ့ ကမ္ဘာမှာ... မဟာကျင်းအင်ပါယာ မြို့တော်ရဲ့ နန်းတော်ထဲမှာ ကျင်းပမှာဖြစ် တယ်... မင်းတို့က အလှပဆုံး ဖီးနစ်သရဖူတွေနဲ့ ဝတ်ရုံတွေကို ဝတ်ဆင်ပြီး နန်းတွင်းအရာရှိ အားလုံးရဲ့ ဂုဏ်ပြု ချီးကျူးမှုတွေကို လက်ခံရမယ်... ပြီးတော့ နိုင်ငံအားလုံးက သံတမန်တွေရဲ့ သက်သေအဖြစ်နဲ့ပေါ့...”
“ငါက နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်သော မင်းသားကြီး ဆိုတဲ့ ဂုဏ်ပုဒ်နဲ့ အလေးနက်ဆုံးသော စာလွှာ သုံးပါးနဲ့ ဓလေ့ထုံးတမ်း ခြောက်ရပ်ကို အသုံးပြုပြီး မင်းတို့ကို ငါ့ရဲ့အိမ်တော်ဆီ ကြိုဆိုမယ်... ဒါမှ မင်းတို့က ငါ့ရဲ့ အမျိုးသမီးတွေဆိုတာကို တစ်ကမ္ဘာလုံးက သိသွားမှာပေါ့...”
ဤစကားများက ရိုးရာဓလေ့ကို မြတ်နိုးသော ပိုင်ကျီရို၊ နန်ကုန်းယွင်ရှုနှင့် အခြားအမျိုးသမီးများ၏ မျက်လုံးများ ကို တောက်ပသွားစေခဲ့လေ၏။ ဤအရာက သူတို့၏ ပြီးပြည့်စုံသော ရိုးရာမင်္ဂလာပွဲတစ်ခုအတွက် စိတ်ကူးယဉ် မှုအားလုံးကို ဖြည့်ဆည်းပေးလိုက်ခြင်းပင် ဖြစ်ပေသည်။
“ဒုတိယအပိုင်းကတော့...”
ဖန်းဟန်၏ လေသံမှာ ပြောင်းလဲသွားပြီး သူ၏မျက်နှာပေါ်တွင် လျှို့ဝှက်ဆန်းကြယ်သော အပြုံးတစ်ခု ပေါ်လာ ခဲ့လေသည်။
“အခမ်းအနားပြီးတာနဲ့ ငါ မင်းတို့အားလုံးကို ဒီနေရာဆီ ခေါ်လာခဲ့မယ်... ဒီကျွန်းပေါ်မှာ မင်းတို့က ‘မင်္ဂလာဝတ်စုံ’ လို့ ငါခေါ်တဲ့ နောက်ထပ် ဝတ်စုံတစ်မျိုးကို လဲလှယ်ဝတ်ဆင်ရမယ်...”
“ကြည်လင်နေတဲ့ ကောင်းကင်ပြာကြီးအောက်မှာ မိတ်ဆွေတွေနဲ့ မိသားစုဝင်တွေရဲ့ ကောင်းချီးပေးမှုတွေနဲ့အတူ ထာဝရကို ကိုယ်စားပြုတဲ့ လက်စွပ်တွေကို မင်းတို့ရဲ့ လက်ချောင်းလေးတွေမှာ စွပ်ပေးပြီး တစ်သက်တာအတွက် ကတိတစ်ခု ပေးမယ်...”
ဖီးနစ်သရဖူများနှင့် ဝတ်ရုံများ၊ ဧကရာဇ်တို့၏ ခမ်းနားသော အခမ်းအနားကြီးတစ်ခုပင် ဖြစ်ပေ၏။
ဖြူစင်သန့်ရှင်းသော မင်္ဂလာဝတ်စုံများ၊ ကျွန်းပေါ်မှ ရိုမန်တစ်ဆန်မှု။
တစ်ခုက ရှေးခေတ်၊ တစ်ခုက ခေတ်သစ်။ တစ်ခုက လေးနက်တည်ကြည်မှု၊ တစ်ခုက ရိုမန်တစ်ဆန်မှု။
ရှေးဟောင်းနှင့် ခေတ်သစ်ကို ပေါင်းကူးထားပြီး အရှေ့တိုင်းနှင့် အနောက်တိုင်းကို ပေါင်းစပ်ထားခြင်းပင် ဖြစ် လေတော့သည်။
ဖန်းဟန်က အစီအစဉ်တစ်ခုလုံးကို ဖွင့်ဟပြောပြလိုက်သောအခါ အမျိုးသမီးရှစ်ဦးစလုံးမှာ ဤကြီးကျယ် ခမ်းနားပြီး လွန်စွာ ရိုမန်တစ်ဆန်သော မြင်ကွင်းကြောင့် လုံးဝကို စွဲမက်သွားခဲ့ကြလေ၏။
သူတို့သည် ဤအရာက မည်မျှအထိ ခမ်းနားကြီးကျယ်သော မြင်ကွင်းဖြစ်လာမည်ကိုပင် စိတ်ကူးမယဉ်နိုင် အောင်ပင် ဖြစ်နေခဲ့ကြပေတော့သည်။
“ခင်ပွန်း...”
ပိုင်ကျီရို၏ အသံမှာ ဆို့နင့်နေသော်လည်း ပျော်ရွှင်မှုများဖြင့် ပြည့်နှက်နေခဲ့လေ၏။
“ရှင်... ရှင်က ကျွန်မတို့အတွက် အရာအားလုံးကို စဉ်းစားပေးထားတာပဲ...”
“ဒါက မင်းတို့ကို ငါ အကြွေးတင်နေတာပါ...”
ဖန်းဟန်က ညင်သာစွာ ပြောလိုက်လေသည်။
“အသိအမှတ်ပြုခံရတဲ့ အဆင့်အတန်းတစ်ခု၊ ရှင်းလင်းချက်တစ်ခုနဲ့ ပြီးပြည့်စုံတဲ့ ပန်းတိုင်တစ်ခုကို ငါ မင်းတို့ကို အကြွေးတင်နေတယ်...”
သူသည် နောင်တရစရာများ အားလုံးအတွက် ပြန်လည်ပေးဆပ်ချင်ခဲ့ခြင်း ဖြစ်လေသည်။
သူသည် သူတို့တစ်ယောက်ချင်းစီတိုင်းကို ကမ္ဘာပေါ်တွင် အပျော်ရွှင်ဆုံးသော သတို့သမီးများ ဖြစ်စေချင်ခဲ့ ပေသည်။
ဤသတင်းမှာ မုန်တိုင်းတစ်ခုကဲ့သို့ ကမ္ဘာနှစ်ခုလုံးကို ချက်ချင်းပင် လွှမ်းမိုးသွားခဲ့လေတော့သည်။
မဟာကျင်းအင်ပါယာတွင် တစ်နိုင်ငံလုံးက ဝမ်းမြောက်ဝမ်းသာ ဖြစ်နေကြလေ၏။ ဘုရင်မ၏ အဖော်များနှင့် နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်သော မင်းသားကြီးတို့၏ မင်္ဂလာပွဲမှာ ၎င်းကိုယ်တိုင်ကပင် ကြီးမားသော ပျော်ရွှင်ဖွယ် အခါသမယတစ်ခု ဖြစ်နေပေသည်။ အင်ပါယာတစ်ခုလုံး၏ ဧရာမယန္တရားကြီးမှာ ဤမင်္ဂလာပွဲ အတွက် စတင်လည်ပတ်လာခဲ့လေတော့သည်။
ခေတ်သစ်ကမ္ဘာတွင်မူ ဖန်းဟန်သည် သခင်လေးဝမ်နှင့် အခြားသူများမှတစ်ဆင့် သူနှင့် ဆက်ဆံရေးကောင်းမွန် သော လုပ်ဖော်ကိုင်ဖက် အားလုံးကို ဖိတ်ကြားခဲ့လေသည်။ သူတို့ သိထားသည်မှာ ဤလျှို့ဝှက်ဆန်းကြယ်သော အရှေ့တိုင်း 'နတ်ဘုရား' သည် အလွန်ခမ်းနားလှသော မင်္ဂလာပွဲတစ်ခုကို ကျင်းပမည်ဖြစ်ပြီး နေရာမှာလည်း ဒဏ္ဍာရီလာ ကိုယ်ပိုင်ကျွန်းပေါ်တွင် ဖြစ်သည်ဟူ၍သာ ဖြစ်လေသည်။
ကမ္ဘာနှစ်ခုလုံးမှာ တူညီသော မင်္ဂလာပွဲတစ်ခုတည်းအတွက် စည်ကားသိုက်မြိုက်နေကြလေ၏။
မကြုံစဖူး ကြီးကျယ်ခမ်းနားလှသော ရာစုနှစ်ချီ အခမ်းအနားကြီးတစ်ခု စတင်တော့မည် ဖြစ်ပေသည်။