အခန်း ၃၃၁
Vol. 34 Ch. 331
အခန်း (၃၃၁) မိုးမခကိုင်းထောင်ချောက်
ကျန်းချောင်ရင်၏ မျက်နှာတွင် ဓားပြလှေပေါ်သို့ လှည့်စားခေါ်ဆောင်ခံလိုက်ရသူတစ်ဦးကဲ့သို့သော အမူအရာမျိုး ဖြစ်ပေါ်နေလေသည်။
သူသည် စာဖတ်ခြင်းကို နှစ်သက်သော်လည်း လူကြီးဖတ်စာအုပ်များကို ဖတ်ရှုရန် နှစ်သက်ခြင်း မဟုတ်ပေ။
"ရဲဘော်ဝေ့ကော် မင်း..."
ကျန်းချောင်ရင်က ရှင်းပြရန် ပြင်လိုက်စဉ်မှာပင် ကျန်းဝေ့ကော်သည် ရုတ်တရက် သူ၏ ပခုံးကို ဖက်လိုက်လေသည်။
"သွားမယ် သွားမယ် ငါ့အခန်းကို သွားကြမယ် မင်းကို ရတနာတစ်ခုပြမယ်..."
ပြောစရာပင်မလိုဘဲ ဤရတနာဆိုသည်မှာ ကျန်းဝေ့ကော်က လီလန်ထံမှ ခိုးယူလာခဲ့သော ရှားပါးလူကြီးဖတ်စာအုပ်ပင် ဖြစ်တော့သည်။
"ရဲဘော်ဝေ့ကော် ရဲဘော်ဝေ့ကော်..."
ကျန်းချောင်ရင်သည် စိုးရိမ်တကြီးဖြစ်သွားပြီး သူ့ကို အလျင်အမြန်ပင် တားဆီးလိုက်သည်။
သို့သော် သူသည် ခွန်အားမရှိသော ပညာတတ်လူငယ်တစ်ဦးသာဖြစ်၍ ကျန်းဝေ့ကော်၏ အင်အားကို မယှဉ်နိုင်ဘဲ မကြာမီမှာပင် ရတနာကို ကြည့်ရှုရန် ကျန်းဝေ့ကော်၏ အခန်းတွင်းသို့ ဆွဲခေါ်သွားခြင်း ခံလိုက်ရလေသည်။
လီလန်သည် သူတို့နှစ်ဦး အခန်းထဲသို့ ပျောက်ကွယ်သွားသည်ကို ကြည့်နေရင်း သူ၏ အကြည့်တို့မှာ ကျန်းဝေ့ကော်ထံတွင် ရပ်တန့်နေ၏။
သူသည် မေးစေ့ကို ပွတ်သပ်ရင်း နက်နက်ရှိုင်းရှိုင်း တွေးတောနေလေသည်။
"ဒီကျန်းချောင်ရင်က တော်တော်လေး ရိုးသားပြီး အခက်အခဲတွေကိုလည်း သည်းခံနိုင်စွမ်းရှိတယ် ဖြစ်နိုင်တာက..."
လီလန်သည် ကျန်းချောင်ရင်ကို မီးနဂါးမုဆိုးအဖွဲ့ထဲသို့ ခေါ်ယူရန် စတင်စဉ်းစားလိုက်တော့သည်။
သူ ကိုယ်တိုင်ကိုယ်ကျ တည်ထောင်ခဲ့သော မီးနဂါးမုဆိုးအဖွဲ့မှာ လတ်တလောတွင် လူအင်အား လိုအပ်နေသည်။ တိရစ္ဆာန်ကုပညာရပ်များကို သင်ယူနေဆဲဖြစ်သော ကျန်းရှောင်ဖုန်း အပါအဝင်မှ စုစုပေါင်း လူလေးယောက်သာ ရှိလေသည်။
အဖွဲ့ခေါင်းဆောင် လီလန်၊ အဖွဲ့ဝင် ကျန်းဝေ့ကော်၊ အဖွဲ့ဝင် ကျောက်လျူနှင့် တိရစ္ဆာန်ကုဆရာဝန် ကျန်းရှောင်ဖုန်းတို့ ဖြစ်ကြ၏။
ကျန်းချောင်ရင်ကိုပါ ထပ်ပေါင်းထည့်လိုက်ပါက လူငါးယောက် ဖြစ်လာမည် ဖြစ်သည်။
သို့သော် သေချာစွာ တွေးတောပြီးနောက်တွင် လီလန်သည် ထိုအကြံအစည်ကို ဖိနှိပ်ထားလိုက်ဆဲပင် ဖြစ်၏။
ကျန်းချောင်ရင်သည် လူကောင်းတစ်ယောက်ဖြစ်ပြီး ပညာတတ်ကာ ကြံ့ခိုင်သော မြို့မှလာသည့် ပညာတတ်လူငယ်တစ်ဦးဖြစ်သော်လည်း သူတို့၏ မီးနဂါးမုဆိုးအဖွဲ့သို့ သေချာပေါက် ဝင်ရောက်နိုင်ပေသည်။
သို့သော် အမဲလိုက်ခြင်းဆိုသည်မှာ ပညာတတ်ဖြစ်နေရုံနှင့် မရပေ။ သူသည် သေနတ်ကိုင်တွယ်တတ်ရန် လိုအပ်ပြီး သားကောင်များ၏ ခြေရာခံခြင်းကို သင်ယူကာ တောင်ပေါ်တွင် သားရဲများနှင့် ကြုံတွေ့ရပါက မည်သို့ အသက်ရှင်သန်ရမည်ကို သိရှိထားရန် လိုအပ်လေသည်။
ဘောပင်နှင့် စာအုပ်များကိုသာ အားကိုးနေခြင်းက သူ့ကို မုဆိုးတစ်ယောက် ဖြစ်လာစေမည် မဟုတ်ပေ။
အကယ်၍ ကျန်းချောင်ရင်သာ မီးနဂါးမုဆိုးအဖွဲ့သို့ ဝင်ရောက်လိုပါက သူ့ကို စမ်းသပ်ရန် လိုအပ်လိမ့်မည် ဖြစ်၏။
"ဒီကိစ္စက အလျင်စလိုလုပ်လို့မရဘူး စိုးရိမ်နေစရာလည်း မလိုပါဘူးလေ..."
လီလန်က ခေါင်းခါလိုက်သည်။
သူသည် မြို့မှလာသော ဤပညာတတ်လူငယ်ကို အရန်အဖွဲ့ဝင်အဖြစ် သတ်မှတ်ထားရန် ဆုံးဖြတ်လိုက်သည်။
သူ အောင်မြင်မည်၊ မအောင်မြင်မည်မှာ သူ၏ အနာဂတ်စွမ်းဆောင်ရည်အပေါ်တွင်သာ မူတည်နေလေသည်။
မည်သို့ပင်ဆိုစေ လီလန်တွင် ဤကဲ့သို့သော ရည်ရွယ်ချက်တစ်ခုတော့ ရှိနေသည်။ အမဲလိုက်ခြင်းမှာ ကိစ္စတစ်ရပ်ဖြစ်သော်လည်း ကျန်းချောင်ရင်၌ ယဉ်ကျေးမှုနှင့် ဗဟုသုတများ ရှိနေသည်။ နောက်ပိုင်းတွင် သူသည် ကျောက်လျူ၊ ကျန်းဝေ့ကော်နှင့် ကျန်းရှောင်ဖုန်းတို့ကို သူ့ထံမှ စာဖတ်ရန်နှင့် စာရေးရန် သင်ယူစေနိုင်ပြီး ၎င်းက သူတို့၏ အနာဂတ်အတွက် အလွန်အကျိုးရှိစေမည် ဖြစ်၏။
သို့သော် ကောင်းမွန်သောအရာများက အချိန်ယူရစမြဲဖြစ်ပြီး ဤကိစ္စကို အလျင်စလိုလုပ်၍ မရနိုင်ပေ။
"လီလန် ဝင်လာခဲ့ ထိုင် ထိုင် ထိုင်..."
အခန်းတွင်းသို့ ဝင်လိုက်သည်နှင့် ကန်းစားပွဲတွင် ထိုင်ကာ ဆေးလိပ်လိပ်ကို သောက်နေသော အဖွဲ့ခေါင်းဆောင်ကျန်းကို လီလန် မြင်လိုက်ရလေသည်။
"ထမင်းစားပြီးပြီလား..."
အဖွဲ့ခေါင်းဆောင်ကျန်းက ကြင်နာသော အပြုံးတစ်ခုဖြင့် မေးလိုက်၏။
"မစားရသေးဘူး အာလူးတွေ စိုက်လို့ ပြီးကာစပဲ ရှိသေးတယ်..."
လီလန်က ခေါင်းခါပြလိုက်သည်။
"ကွက်တိပဲ မင်းနဲ့ငါ အရက်နည်းနည်းလောက် သောက်ကြတာပေါ့..."
အဖွဲ့ခေါင်းဆောင်ကျန်းသည် မတ်တတ်ရပ်လိုက်ပြီး ဗီဒိုထဲမှ ကန်စွန်းဥအရက်တစ်ပုလင်းကို ယူလိုက်လေသည်။
ကန်စွန်းဥအရက်ဆိုသည်မှာ ဒေသထုတ်အရက်တစ်မျိုးဖြစ်ပြီး သိပ်မပြင်းသောကြောင့် အဖွဲ့ခေါင်းဆောင်ကျန်းက အထူးတလည် နှစ်သက်လေသည်။
"အိမ်မှာ စားစရာ သိပ်မရှိဘူး လီလန်ရယ် အပြစ်မတင်ပါနဲ့..."
အဖွဲ့ခေါင်းဆောင်ကျန်းက အရက်ကိုယူရင်း ပြောလိုက်၏။
လီလန်သည် ကန်းစားပွဲကို ကြည့်လိုက်ရာ ဟင်းပွဲအနည်းငယ်မျှသာ ရှိနေသည်။ ကန်စွန်းဥ တစ်ပန်းကန်၊ ပြောင်းဖူးမုန့်ပေါင်း တစ်ပန်းကန်နှင့် အသားခြောက် တစ်ပန်းကန်တို့သာဖြစ်၏။
အသားခြောက်ကို တောဝက်သားဖြင့် ပြုလုပ်ထားခြင်း ဖြစ်သည်။
လီလန်၏ ဟင်းပွဲများနှင့် နှိုင်းယှဉ်ပါက ဤစားပွဲပေါ်ရှိ ဟင်းပွဲများမှာ အမှန်တကယ်ပင် အနည်းငယ် နုံချာနေပုံရလေသည်။
သို့သော် လီလန်သည် ယနေ့ အဘိုးအိုထံသို့ အရက်သောက်ရန် လာခဲ့ခြင်းမဟုတ်ပေ။
"အဘိုးကျန်း ကျွန်တော့်မှာ အဘိုးနဲ့ ဆွေးနွေးစရာလေးရှိလို့ပါ နောက်မှပဲ သောက်ကြတာပေါ့..."
"နောက်တစ်ခါ ကျွန်တော့်အိမ်မှာ စားပွဲတစ်ခု ပြင်ဆင်ထားလိုက်မယ် အဘိုးနဲ့ ဝေ့ကော် လာစားကြပေါ့..."
လီလန်က ခေါင်းခါပြလိုက်သည်။
"ဪ ဘာကိစ္စများလဲ..."
လီလန် အလွန်လေးနက်နေသည်ကို မြင်သောအခါ အဖွဲ့ခေါင်းဆောင်ကျန်းသည် ကန်စွန်းဥအရက်ကို ပြန်ထားလိုက်လေသည်။
"ကျွန်တော် ငါးဖမ်းမြုံးတွေ ဘယ်လိုရက်လုပ်ရမလဲဆိုတာ လာသင်တာပါ..."
လီလန်က ပြုံး၍ ပြောလိုက်၏။
သူသည် ရေမြောင်းထဲတွင် ငါးသားပေါက် အုပ်စုကြီးတစ်ခုကို တွေ့ရှိခဲ့ပြီး ၎င်းတို့ကို ဖမ်းဆီးရန် ငါးဖမ်းမြုံးများ ချထားရန် လိုအပ်နေသည်။
အဖွဲ့ခေါင်းဆောင်ကျန်းသည် ရွှမ်းရွှေရွာတွင် ငါးဖမ်းမြုံးများ ရက်လုပ်ရာ၌ အကျွမ်းကျင်ဆုံး ဖြစ်လေသည်။
"ငါးဖမ်းမြုံး ဒါပဲလား..."
အဖွဲ့ခေါင်းဆောင်ကျန်းမှာ အံ့အားသင့်သွားတော့သည်။
"ဒါပါပဲ..."
လီလန်က ခေါင်းညိတ်ပြလိုက်၏။
သူက ရှက်ရွံ့စွာဖြင့် "ကျွန်တော် ငါးအ
သေးလေးတွေ စားချင်နေလို့ပါ..." ဟု ပြောလိုက်သည်။ (ငါးအရောအနှောဆိုတာကို ငါးလို့ပဲရေးလိုက်ပါတယ်နော်။ အရွယ်အစားကတော့ ငါးသားပေါက်အုပ်ထက်ကြီးပါတယ်။ ငါးခုံးမအသေးလေးတွေ၊ ငါးပြေမပေါက်တွေ၊ ငါးဖျင်းသလက်လေးတွေလို ထင်ပါတယ်)
"အိုး ဒါက ရိုးရှင်းပါတယ် အိမ်မှာ ငါးဖမ်းမြုံးတွေ ရှိတယ် ဝေ့ကော်ကို မင်းအတွက် ယူပေးခိုင်းလိုက်မယ်..."
အဖွဲ့ခေါင်းဆောင်ကျန်းက လက်ယမ်းကာ အသင့်ပင် သဘောတူလိုက်လေသည်။
မှောင်ရန် အချိန်စောနေသေးသည်ကို မြင်သောအခါ လီလန်က အလျင်အမြန်ပင် ပြောလိုက်၏။
"အဘိုးကျန်း အဘိုးရဲ့ ငါးဖမ်းမြုံးရက်လုပ်တဲ့ အရည်အချင်းက ကျွန်တော်တို့ ရွှမ်းရွှေရွာမှာ တကယ့်ကို အကောင်းဆုံးပဲလို့ ကြားတယ်..."
လီလန်က လက်မထောင်ပြလိုက်သည်။
"ထိပ်တန်းပဲ..."
လီလန်၏ ချီးကျူးစကားကြောင့် အဖွဲ့ခေါင်းဆောင်ကျန်းမှာ ဝမ်းသာအားရ ပြုံးရွှင်သွားတော့သည်။
"လီလေး မင်း ငါ့ဆီကနေ ငါးဖမ်းမြုံး ဘယ်လိုရက်လုပ်ရမလဲဆိုတာ သင်ယူဖို့ စီစဉ်နေတာလား..."
"ဟုတ်ပါတယ်..."
လီလန်က အလေးအနက် ခေါင်းညိတ်ပြလိုက်၏။
လူတစ်ယောက်ကို ငါးတစ်ကောင်ပေးခြင်းက သူ့ကို တစ်နေ့စာ အစာကျွေးခြင်းဖြစ်ပြီး ထိုလူကို ငါးဖမ်းနည်း သင်ပေးခြင်းကတော့ သူ့ကို တစ်သက်တာလုံး အစာကျွေးခြင်းပင် ဖြစ်သည်။
ငါးဖမ်းမြုံးများ မည်သို့ရက်လုပ်ရမည်ကို သင်ယူခြင်းဆိုသည်မှာ သူ၏ တစ်သက်တာလုံး အကျိုးရှိစေမည့် အသုံးဝင်သော ကျွမ်းကျင်မှုတစ်ခုကို တတ်မြောက်ခြင်းပင် ဖြစ်လေသည်။
လီလန်သည် မိမိကိုယ်ကို ကျွေးမွေးရန်နှင့် ဤလက်မှုပညာကို ထိန်းသိမ်းရန်အတွက် အဖွဲ့ခေါင်းဆောင်ကျန်းထံမှ ဤရိုးရာငါးဖမ်းနည်းပညာကို သင်ယူချင်နေခဲ့သည်။
"ကောင်းပြီလေ ဒါဆို ငါ မင်းကို သင်ပေးမယ်..."
အဖွဲ့ခေါင်းဆောင်ကျန်းက ခေါင်းညိတ်လိုက်၏။
သူက အခန်းထဲသို့ လှမ်းခေါ်လိုက်သည်။
"ဝေ့ကော်..."
"ဗျာ..အဘိုး ကျွန်တော့်ကို ခေါ်တာလား..."
အိပ်ခန်းထဲတွင် ပညာတတ်လူငယ်ကျန်းကို ရတနာများ ပြသနေသော ကျန်းဝေ့ကော်က ထူးလိုက်ပြီး ပြေးလာလေသည်။
"ပုဆိန်ယူပြီး မိုးမခကိုင်းတွေ သွားခုတ်ချေ..."
"ဟာ မိုးမခကိုင်းတွေ ခုတ်ရမှာလား..."
ကျန်းဝေ့ကော်မှာ လန့်သွားတော့သည်။
"အဘိုး မိုးမခကိုင်းတွေကို ဘာလုပ်ဖို့ ခုတ်ရမှာလဲ..."
"မင်းကောင်စုတ် ငါသွားဆို သွားလိုက်လေ ဘာလို့ မေးခွန်းတွေ အများကြီး မေးနေရတာလဲ..."
"မြန်မြန်သွားစမ်း..."
အဘိုးအိုက သူ့ကို ဆူပူလိုက်လေသည်။
ကျန်းဝေ့ကော်သည် လီလန်ကို မှုန်ကုပ်ကုပ်ဖြင့် ကြည့်လိုက်ပြီးနောက် ပုဆိန်ယူရန် သိုလှောင်ခန်းဆီသို့ ပြေးသွားကာ အပြင်သို့ ထွက်သွားတော့သည်။
"အဘိုးကျန်း ဒီမိုးမခကိုင်းတွေက ငါးဖမ်းမြုံး ရက်လုပ်ဖို့အတွက်လား..."
လီလန်က စပ်စုချင်စိတ်ဖြင့် မေးလိုက်၏။
"ရှောင်လီ မင်းက တော်တော်ထက်မြက်တာပဲ..."
အဖွဲ့ခေါင်းဆောင်ကျန်းက ပြုံး၍ ခေါင်းညိတ်လိုက်သည်။
ငါးဖမ်းမြုံးများသည် တောင်ပိုင်းတွင် အလွန်အတွေ့ရများပြီး ငါးဖမ်းရန်အတွက် မကြာခဏ အသုံးပြုလေ့ရှိကြသည်။
ငါးဖမ်းမြုံးများ ရက်လုပ်ရန်အတွက် ပစ္စည်းများမှာလည်း တောင်ပိုင်းတွင် အလွန်ပေါများသော ဝါးပင်ဖြစ်သည်။
သို့သော် ကျောက်ဘိုင်တောင်တန်းတွင်မူ ရာသီဥတုက တစ်နှစ်ပတ်လုံး အေးချမ်းပြီး အပူချိန်နိမ့်ကျသောကြောင့် ဝါးပင်များက ဤပတ်ဝန်းကျင်တွင် အသက်မရှင်နိုင်ကြပေ။
ဝါးမရှိပါက ငါးဖမ်းမြုံးများကို မည်သို့ ရက်လုပ်နိုင်မည်နည်းဆိုသည်မှာ မေးစရာပင် ဖြစ်၏။
ကံကောင်းထောက်မစွာဖြင့် ဘိုးဘေးများမှာ ပါးနပ်ကြပြီး ငါးဖမ်းမြုံးများ ရက်လုပ်ရန် မိုးမခကိုင်းများကို အသုံးပြုရမည်ကို သိရှိခဲ့ကြသည်။
မိုးမခကိုင်းများသည် မာကျောပြီး အလွယ်တကူ မကျိုးပဲ့နိုင်ဘဲ ကွေးညွှတ်နိုင်ကာ ဝါးကဲ့သို့ပင် ပျော့ပျောင်းမှုရှိသောကြောင့် ငါးဖမ်းမြုံးများ ရက်လုပ်ရန် ဝါး၏နေရာတွင် ပြီးပြည့်စုံစွာ အစားထိုးနိုင်လေသည်။
အဘိုးအိုနှင့် လူငယ်တို့ စကားပြောနေစဉ်မှာပင် ကျန်းဝေ့ကော်သည် မိုးမခကိုင်း အပုံလိုက်ကြီးကို သယ်ဆောင်လျက် အခန်းတွင်းသို့ အလျင်အမြန် ပြန်ရောက်လာတော့သည်။
နွေဦးရာသီ၏ အစောပိုင်းကာလဖြစ်ပြီး အရာအားလုံးက ပြန်လည်အသက်ဝင်လာကာ မိုးမခပင်များမှာလည်း ဖူးပွင့်နေပြီး သူတို့၏ အကိုင်းအခက်များမှာ စိမ်းလန်းနေသည်။
အဖွဲ့ခေါင်းဆောင်ကျန်းသည် မိုးမခကိုင်း အနည်းငယ်ကို ယူလိုက်ပြီး လီလန်အား နည်းပညာကို စတင်သင်ကြားပေးတော့၏။
"ငါးဖမ်းမြုံးတွေ ရက်လုပ်တဲ့အခါ အပေါက်တွေက သေးငယ်နေရမယ် ငါတို့ရွာရဲ့ ရေမြောင်းထဲမှာ ငါးဖြူကလေးတွေ မြက်ငါးကြင်းကလေးတွေနဲ့ ကျိယွီငါးကြင်း အသေးလေးတွေပဲ ရှိတယ် အဲ့ငါးတွေ အားလုံးက သေးငယ်ကြတယ်..."
"ဒါကြောင့် အပေါက်တွေက သေးငယ်ပြီး စိတ်နေရမယ် လက်သန်းအရွယ်အစားလောက် ရှိရမယ်..."
အဖွဲ့ခေါင်းဆောင်ကျန်းက လီလန်ကို သရုပ်ပြလိုက်သည်။
လီလန်က ခေါင်းညိတ်လိုက်ပြီး မိုးမခကိုင်းအနည်းငယ်ကို ယူကာ အဘိုးအိုကို အတုခိုး၍ သင်ယူလိုက်သည်။
အဘိုးအိုသည် သူ့ကို တစ်ချက်ကြည့်လိုက်ပြီး ဆက်ပြောလိုက်၏။
"ငါးဖမ်းမြုံးတစ်ခုမှာ အပိုင်းနှစ်ပိုင်း ပါဝင်တယ် မြုံးရဲ့ ကိုယ်ထည်နဲ့ ကတော့ပုံစံ အဝပေါက်ပဲ..."
"ကတော့ပုံစံ အဝပေါက်က ငါးတွေအတွက် ဝင်ပေါက်ပဲ အစပိုင်းမှာ ကျယ်နေရမယ် ပြီးတော့မှ တဖြည်းဖြည်း ကျဉ်းသွားရမယ် ငါးတွေ အထဲဝင်သွားတာနဲ့ ပြန်ထွက်ဖို့ အရမ်းခက်ခဲသွားလိမ့်မယ်..."
အဘိုးအိုသည် မိုးမခကိုင်းများဖြင့် စတင်ရက်လုပ်လိုက်ရာ အချိန်တိုအတွင်းမှာပင် ကတော့ပုံစံ အဝပေါက်တစ်ခု ပြီးစီးသွားတော့သည်။
"အိုး လီလန် မင်းရဲ့ လက်တွေက တော်တော်သွက်တာပဲ ဝေ့ကော်ဆိုတဲ့ ကလေးထက် အများကြီး ပိုကောင်းတယ်..."
လီလန်ကလည်း ကတော့ပုံစံ အဝပေါက်တစ်ခုကို ရက်လုပ်ပြီးဖြစ်သည်ကို မြင်သောအခါ အဘိုးအိုက သဘောကျစွာ ခေါင်းညိတ်ပြလိုက်သည်။
ငါးဖမ်းမြုံးတစ်ခုတွင် ကတော့ပုံစံ အဝပေါက်တစ်ခုသာ လိုအပ်သည်။ ၎င်းကို ရက်လုပ်ရသည်မှာ ရိုးရှင်းသော်လည်း မြုံးကိုယ်ထည်အတွက်မူ အချိန်ယူရလေသည်။
လီလန်သည် အဘိုးအို၏ နောက်သို့လိုက်ကာ တစ်စစီ သင်ယူနေခဲ့သည်။ သူတို့ သတိမထားမိလိုက်ချိန်မှာပင် အပြင်ဘက်၌ မှောင်မိုက်နေပြီ ဖြစ်၏။
"နောက်ဆုံးတော့ တစ်ခုပြီးသွားပြီ..."
ကန်းစားပွဲပေါ်တွင် တင်ထားသော မိုးမခငါးဖမ်းမြုံးကို ကြည့်ရင်း လီလန်သည် အလွန်တရာ ကျေနပ်အားရစွာဖြင့် ခေါင်းညိတ်လိုက်လေသည်။