← Chapters

အခန်း ၃၃၂

Vol. 34 Ch. 332

အခန်း ၃၃၂

Vol. 34 Ch. 332

အခန်း (၃၃၂) ငါးကြင်းငယ်များနှင့် ငါးဖြူကလေးများ၊ သမင်ကို တုတ်ဖြင့်ရိုက်၍ ငါးကို ရေမှုတ်ဖြင့် ခပ်ယူခြင်း

လီလန်သည် လက်မြန်ခြေမြန်ရှိလှပြီး အဖွဲ့ခေါင်းဆောင်ကျန်းထံမှ သေချာစွာ သင်ယူနေလေသည်။

အချိန်တိုအတွင်းမှာပင် ငါးဖမ်းမြုံးနှစ်ခု အဆင်သင့်ဖြစ်သွားတော့၏။

"အဘိုးကျန်း... ကျွန်တော့်ကို မိုးမခကိုင်းထောင်ချောက် ရက်လုပ်နည်း သင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်..."

လီလန်က ကျေးဇူးတင်စကား ဆိုလိုက်သည်။

ပညာရပ်တစ်ခုကို လက်ဆင့်ကမ်းပေးခြင်းသည် ဆရာတစ်ဆူဖြစ်စေပြီး ဦးညွှတ်ဂါရဝပြုထိုက်ပေသည်။

အဖွဲ့ခေါင်းဆောင်ကျန်းသည် လက်ကို အမြန်ဝှေ့ယမ်းလိုက်ပြီး သဘောကျကျေနပ်သော လေသံဖြင့် ပြောလိုက်၏။

"လီကလေး... မင်းက တကယ်ပဲ ပါရမီပါတာပဲ... တစ်ချက်ကြည့်လိုက်တာနဲ့ တတ်သွားတာပဲ..."

"ဟိုကောင်စုတ်လေး ကျန်းဝေကော်ဆိုရင် ငါ့ဆီကနေ အကြိမ်ကြိမ် သင်ထားတာတောင် အခုထိ မတတ်သေးဘူး... သူရက်တဲ့ ငါးဖမ်းမြုံးတွေက ရွဲ့စောင်းပြီး အရုပ်ဆိုးလွန်းတယ်..."

အဖွဲ့ခေါင်းဆောင်ကျန်းက စိတ်ပျက်လက်ပျက် လေသံဖြင့် ပြောလေသည်။

လီလန်သည် ပြုံးသာပြုံးနေလိုက်ပြီး ဘာမှမပြောတော့ချေ။

ကျန်းဝေကော်မှာ ပါရမီမပါသည်မဟုတ်ဘဲ ကြိုးစားပမ်းစား မလုပ်ခြင်းသာဖြစ်ကြောင်း သူ သိထားလေသည်။

မိုးမခကိုင်းငါးဖမ်းမြုံး ရက်လုပ်ရန်အတွက် လေးနက်သော လက်မှုပညာရှင်တစ်ဦး၏ စိတ်နှလုံးမျိုး လိုအပ်ပြီး ထိုသို့မဟုတ်ပါက တတ်မြောက်ရန် မဖြစ်နိုင်ပေ။

ကျန်းဝေကော်သည် ငယ်ရွယ်သေးပြီး ဆယ့်ခုနစ်နှစ်သာ ရှိသေးသဖြင့် ဆော့ကစားလိုသော အရွယ်ဖြစ်နေသည်။

အဘိုးကျန်းနှင့်အတူ မိုးမခကိုင်းငါးဖမ်းမြုံးများကို ဖြည်းညင်းစွာ ရက်လုပ်ရန် သူမည်သို့ စိတ်ရှည်နိုင်မည်နည်း။

မည်သည့် လက်မှုပညာမဆို အားစိုက်ထုတ်မှု များစွာ လိုအပ်ပေသည်။

အလုပ်ကို ဖြည်းဖြည်းမှန်မှန်လုပ်ခြင်းက ကောင်းမွန်သော ရလဒ်ကို ထွက်ပေါ်စေသည်ဟူသော အချက်မှာ အမှန်တရားပင်ဖြစ်၏။

"အဘိုးကျန်း... နေဝင်ရင် ကျွန်တော်တို့အိမ်ကို လာခဲ့ပါဦး... ကျွန်တော် ထမင်းကျွေးမလို့..."

"မလောပါနဲ့... မလောပါနဲ့ လီလေးရယ်... မင်းရဲ့ ငါးဖမ်းမြုံးတွေ သွားချလိုက်ပါဦး..."

အဖွဲ့ခေါင်းဆောင်ကျန်းသည် မုန့်ပေါင်းတစ်လုံးကို ပေါ့ပေါ့ပါးပါး ပစ်ပေးလိုက်ရာ လီလန်က လက်တစ်ဖက်တည်းဖြင့် ဖမ်းယူလိုက်လေသည်။

ထိုမုန့်ပေါင်းမှာ ပြောင်းဖူးမှုန့်ဖြင့် ပြုလုပ်ထားခြင်းဖြစ်ပြီး ငါးစာအဖြစ် အသုံးပြုနိုင်ကာ မိုးမခကိုင်းငါးဖမ်းမြုံးထဲသို့ ပစ်ထည့်လိုက်ရုံပင် ဖြစ်သည်။

"ရှောင်ကျန်း... သွားကြစို့..."

လီလန်သည် ကောင်းကင်ကို တစ်ချက်ကြည့်လိုက်ပြီး ကျန်းချောင်ရင်ကို လှမ်းခေါ်လိုက်လေသည်။

အဖွဲ့ခေါင်းဆောင်ကျန်း၏ နေရာတွင်လည်း ယခုအခါ လျှပ်စစ်မီး ရရှိနေပြီဖြစ်ကာ ဧည့်ခန်းနှင့် အိပ်ခန်း မျက်နှာကြက်များတွင် မီးသီးများ ချိတ်ဆွဲထားလေသည်။

ဤအချိန်တွင် ကျန်းဝေကော်၏ အိပ်ခန်းမှာ မီးသီး၏ မှိန်ဖျော့ဖျော့ အဝါရောင်အလင်းဖြင့် ပြည့်နှက်နေ၏။

လီလန်သည် အိပ်ခန်းထဲသို့ လှမ်းခေါ်လိုက်သော်လည်း မည်သူမှ ပြန်မထူးချေ။

"ရှောင်ကျန်း..."

"ရှောင်ကျန်း.."

"ကျန်းချောင်ရင်..."

လီလန်က ကျယ်လောင်စွာ အော်ခေါ်လိုက်သည်။

"လာပြီ..."

"ကျွန်တော် ရောက်ပါပြီ..."

ကျန်းချောင်ရင်သည် လက်ထဲတွင် စာအုပ်တစ်အုပ်ကို ကိုင်ထားလျက် အလျင်စလို ထွက်လာသည်။

လီလန်က သေချာစွာ ကြည့်လိုက်သောအခါ ၎င်းမှာ အိပ်ခန်းတွင်း နည်းလမ်းလေးဆယ် စာအုပ်ဖြစ်နေသည်ကို တွေ့လိုက်ရ၏။

"ရဲဘော် ကျန်းချောင်ရင်... ဒီစာအုပ်က ကောင်းရဲ့လား..."

လီလန်က စနောက်သော အပြုံးဖြင့် မေးလိုက်သည်။

"အဲ့ဒါ... အဲ့ဒါကလေ..."

"ဒီစာအုပ်... ဒီစာအုပ်က..."

ကျန်းချောင်ရင်၏ မျက်နှာမှာ နီမြန်းသွားပြီး ရှက်ရွံ့ကာ ပျာယာခတ်သွားသဖြင့် စကားထစ်နေပြီး မြေကြီးထဲသို့သာ တိုးဝင်သွားချင်စိတ် ပေါက်သွားတော့သည်။

*ရှက်စရာကောင်းလိုက်တာ... တကယ့်ကို ရှက်စရာကောင်းလွန်းတယ်... ငါ ဒီညစ်ညမ်းစာအုပ်ကို မဖတ်ခဲ့သင့်ဘူး... ဖတ်ရင်းနဲ့ အရမ်းနစ်မြောသွားလို့ အခုတော့ ဆရာလီက ငါ့ကို ရယ်နေပြီ…*

စောစောက ကျန်းဝေကော်၏ အဓိပ္ပါယ်မရှိသော စကားများကို နားထောင်ပြီး ထို ရတနာ ဆိုသည့်အရာကို ကြည့်ရန် သူ၏အခန်းထဲသို့ မသွားခဲ့သင့်ကြောင်း ကျန်းချောင်ရင် နောင်တရနေမိသည်။

"ရဲဘော်ကျန်း... စာအုပ်ကို ယူသွားပြီး ဖတ်လိုက်ပါ... ငါနဲ့ အားနာစရာမလိုပါဘူး..."

ကျန်းဝေကော်သည် သူကိုင်ထားသော စာအုပ်ကို ကျန်းချောင်ရင်၏ ဘောင်းဘီအိတ်ကပ်ထဲသို့ ထိုးထည့်ပေးလိုက်လေသည်။

"ရဲဘော်ဝေကော်... ဒါက..."

"ဒီဟာက... ဒီဟာက..."

"ကဲပါ... ဘာမှမဖြစ်ပါဘူး... သာမန်ညစ်ညမ်းစာအုပ်လေး တစ်အုပ်ပါပဲ... ငါတို့အားလုံးက ယောက်ျားလေးတွေချည်းပဲလေ... မင်းမှာ လိုအပ်ချက်ရှိလို့ ဖတ်ချင်တယ်ဆိုရင်လည်း ရှက်စရာမှ မဟုတ်တာ..."

လီလန်သည် ငါနားလည်ပါတယ်... ငါတို့အားလုံးလည်း ဤလိုအခြေအနေမျိုး ကြုံဖူးတာပါပဲ ဟူသော အဓိပ္ပါယ်ရသည့် အကြည့်ဖြင့် ကျန်းချောင်ရင်ကို ကြည့်လိုက်သည်။

ဤအချိန်တွင် ကျန်းချောင်ရင်သည် သူ၏ခေါင်းကို နံရံနှင့်စောင့်၍သာ သေလိုက်ချင်တော့၏။

အလွန်ကို ရှက်စရာကောင်းလှပေသည်။

လီလန်သည် ကျန်းချောင်ရင်ကို ခေါ်ဆောင်၍ အဖွဲ့ခေါင်းဆောင်ကျန်း၏ အိမ်မှ ထွက်ခွာလာခဲ့သည်။

သူတို့နှစ်ဦးသည် လမ်းငယ်လေးတစ်လျှောက် မြစ်မြောင်းဆီသို့ လျှောက်သွားကြသည်။

မြစ်မြောင်းသို့ ရောက်သောအခါ လီလန်သည် မုန့်ပေါင်းကို နှစ်ပိုင်းခွဲလိုက်ပြီး မိုးမခကိုင်းငါးဖမ်းမြုံး နှစ်ခုထဲသို့ တစ်ပိုင်းစီ ထိုးထည့်ကာ အဝများကို ပိတ်လိုက်သည်။

ချက်ချင်းဆိုသလိုပင် သူသည် ငါးဖမ်းမြုံးများကို မြစ်မြောင်းထဲသို့ ပစ်ချလိုက်တော့၏။

"ဆရာလီ... ငါးဖမ်းမြုံးတွေက ငါးရဖို့ တစ်ညလုံး စောင့်ရမှာလား..."

ကျန်းချောင်ရင်က သိချင်စိတ်ဖြင့် မေးလိုက်သည်။

"မဟုတ်ဘူး... ခဏလေးနဲ့ ရမှာပါ..."

လရောင်အောက်တွင် လီလန်သည် သူ၏လက်ပတ်နာရီကို တစ်ချက်ကြည့်လိုက်သည်။ (အရမ်းမမှောင်သေးပေမယ့် နေဝင်ခါစ လထွက်ခါစအချိန် ဖြစ်ဟန်တူပါတယ်)

"ဆယ်မိနစ်လောက် စောင့်ရုံနဲ့ ရပြီ..."

အရှေ့ပိုင်းပြည်နယ်သုံးခု ဒေသတွင် သမင်ကို တုတ်ဖြင့်ရိုက်၍ ငါးကို ရေမှုတ်ဖြင့် ခပ်ယူနိုင်ကာ တောကြက်ရိုင်းများမှာ ဒယ်အိုးထဲသို့ ပျံသန်းဝင်ရောက်လာတတ်သည် ဟူသော စကားမှာ ဘိုးဘေးများ လိမ်ညာထားခြင်း မဟုတ်ပေ။

ဆယ်မိနစ်အကြာတွင်။

ရေပက်သံများ ထွက်ပေါ်လာပြီး လီလန်သည် ငါးဖမ်းမြုံးတစ်ခုကို ဆွဲတင်လိုက်သည်။

လရောင်အောက်တွင် ငါးဖမ်းမြုံးထဲ၌ ငါးငယ်လေးများ ဒါဇင်နှင့်ချီ၍ ခုန်ပေါက်လှုပ်ရှားနေကြပြီး သူတို့၏ အကြေးခွံများမှာ လရောင်နှင့် ထိတွေ့ကာ တောက်ပစွာ လင်းလက်နေတော့သည်။

"ဘယ်လိုလဲ... ငါပြောတာ မှန်တယ်မဟုတ်လား..."

လီလန်က ပြုံးလျက် ပြောလိုက်သည်။

"ဝိုး... ငါးတွေ အများကြီးပဲ..."

ကျန်းချောင်ရင်မှာ အလွန်စိတ်လှုပ်ရှားသွားလေသည်။

"နောက်ဆုံးတစ်ခုကို ကျွန်တော် ယူမယ်... ကျွန်တော် ယူမယ်..."

ကျန်းချောင်ရင်သည် ရေမြောင်းဆီသို့ အမြန်ပြေးသွားပြီး ဒုတိယမြောက် မိုးမခကိုင်းငါးဖမ်းမြုံးကို ဆွဲတင်လိုက်သည်။

နောက်တစ်ကြိမ် ရေပက်သံများ ထွက်ပေါ်လာပြန်ပြီး ငါးဖမ်းမြုံးထဲတွင် ငါးငယ်လေးများစွာ ခုန်ပေါက်နေကြပြန်သည်။

လီလန်၏ မြုံးထဲကလောက် မများသော်လည်း ဆယ်ကောင်ကျော်ခန့် ပါဝင်နေဆဲဖြစ်သည်။

ယခုဆယ်ကောင်ကျော်နှင့် အရင်အကောင် နှစ်ဆယ်၊ သုံးဆယ်တို့ကို ပေါင်းလိုက်လျှင် ဟင်းနှစ်ပွဲစာအတွက် လုံလောက်နေပြီ ဖြစ်၏။

လီလန်သည် ငါးဖမ်းမြုံးကို တစ်ချက်ကြည့်၍ မွှေနှောက်ကြည့်လိုက်ရာ ငါးအများစုမှာ ငါးဖြူကလေးများနှင့် ကျိယွီငါးကြင်း အနည်းငယ်တို့ ဖြစ်နေသည်ကို တွေ့လိုက်ရသည်။ (စာရေးသူလည်း ကလေးဘဝက တောပြန်တော့ ဦးလေးတွေနဲ့အတူ ရိုးချောင်းတို့၊ လယ်အစပ်တို့မှာ မြုံးထောင်ဖူးပါတယ်။ တောငါးစားရတာ မကြိုက်ပေမယ့် ငါးတွေရတော့ ကလေးပီပီ ပျော်လို့ ရွံ့လူးရင်း ငါးဖမ်းခဲ့ရတာက အမှတ်တရတစ်ခုပါ။)

၎င်းတို့အားလုံးမှာ ငါးသားပေါက်များသာ ဖြစ်ကြသည်။

"ဒီငါးသားပေါက်လေးတွေကို ဝက်ဆီနဲ့ ကြော်စားရင် အကောင်းဆုံးပဲ..."

လီလန်က ရှင်းပြလိုက်သည်။

"ဆရာလီ... ဆရာပြောတာကို ကြားပြီး ကျွန်တော့်ဗိုက်တွေတောင် ဆာလာပြီ..."

ကျန်းချောင်ရင်သည် သူ၏ဗိုက်ကို အနေခက်စွာဖြင့် ဖုံးကွယ်ထားလိုက်သည်။

"ဟားဟား... ဒါဆိုရင်လည်း ပြန်ပြီး စားကြတာပေါ့..."

လီလန်သည် ညကောင်းကင်ယံကို တစ်ချက်ကြည့်လိုက်ရာ အချိန်သိပ်မနှောင်းသေးဘဲ ခုနစ်နာရီကျော်ရုံသာ ရှိသေးသည်။

တစ်နေကုန် ပဲစိုက်ခြင်း၊ မိုးမခကိုင်းငါးဖမ်းမြုံး ရက်လုပ်ခြင်းအပြင် မြုံးချ၍ ငါးဖမ်းခြင်းစသည့် ပင်ပန်းသော အလုပ်များကို လုပ်ပြီးနောက် သူနှင့် ကျန်းချောင်ရင်တို့မှာ အနည်းငယ် ပင်ပန်းနေကြပြီး နှစ်ယောက်စလုံး ဗိုက်ဆာနေကြပြီဖြစ်သည်။

လီလန်သည် ညအချိန်ကို အခွင့်ကောင်းယူ၍ ကျန်းချောင်ရင်ကို အိမ်သို့ ခေါ်ဆောင်လာခဲ့သည်။

အိမ်သို့ရောက်သောအခါ လီလန်သည် ငါးငယ်များကို ရေချိုးဇလုံတစ်ခုထဲသို့ လောင်းထည့်လိုက်သည်။

"အိုး... ငါးလေးတွေ အများကြီးပဲ..."

ဒုတိယညီမ လီထျန်းနှင့် အငယ်ဆုံးညီမ လီရွှယ်တို့မှာ ငါးငယ်များစွာကို မြင်လိုက်ရသောအခါ မျက်လုံးများ အရောင်လက်သွားတော့သည်။

"အစ်ကို... ဒီငါးတွေအကုန်လုံးကို အစ်ကို မျှားလာတာလား..."

ဒုတိယညီမ လီထျန်းက မေးလိုက်သည်။

"မဟုတ်ဘူး... ဒီနေ့ အစ်ကို ငါးမျှားတံ မပါသွားဘူးလေ... ငါးဖမ်းမြုံးတွေနဲ့ ဖမ်းလာတာ..."

လီလန်က သူ၏လက်ထဲရှိ မိုးမခကိုင်းငါးဖမ်းမြုံးကို လှုပ်ပြလိုက်သည်။

"ငါးတွေ အများကြီးပဲ... တကယ့်ကို အများကြီးပဲ..."

"အစ်ကို... ရှောင်ကျင်းကို ကျွေးဖို့ တစ်ကောင်လောက် ယူလို့ရမလား... ရှောင်ကျင်းက ဒီည ဘာမှမစားရသေးလို့..."

ဒုတိယညီမသည် ဇလုံထဲရှိ ငါးငယ်များကို စိတ်အားထက်သန်စွာ ကြည့်လိုက်ပြီးနောက် လီလန်ကို မျှော်လင့်ချက်အပြည့်ရှိသော မျက်လုံးများဖြင့် ကြည့်လိုက်လေသည်။

"ရတာပေါ့... ငါတို့ဆီမှာ ငါးတွေ အများကြီး ရှိတာပဲ... ရှောင်ကျင်းကို နောက်ထပ် အနည်းငယ်လောက် ပိုကျွေးလိုက်ပါဦး..."

လီလန်က ခေါင်းညိတ်၍ အလွယ်တကူ သဘောတူလိုက်သည်။

ရှောင်ကျင်းသည် ကြီးထွားလာနေပြီဖြစ်ရာ အာဟာရအတွက် အသားပိုမို လိုအပ်နေပေသည်။

ငှက်မှာ ငါးလည်းစားတတ်သဖြင့် လီလန်သည် ငါးဖြူကလေး နှစ်ကောင်ကို ရွေးထုတ်ကာ ဒုတိယညီမအား ရှောင်ကျင်းကို ကျွေးရန် ပြောလိုက်၏။

"သား... ပြန်လာပြီလား... ဘာလို့ ဒီလောက်နောက်ကျနေရတာလဲ..."

ခါးပတ်စကို ဝတ်ဆင်ထားသော လီတာ့ဟိုင်က မီးဖိုချောင်ထဲမှ ထွက်လာလေသည်။

လီလန် အိမ်မှာမရှိသဖြင့် သူနှင့် သူ၏သမီးနှစ်ယောက်မှာ ညစာမစားကြသေးဘဲ လီလန် ပြန်လာချိန်ကို စောင့်ဆိုင်းနေခဲ့ကြသည်။

လီတာ့ဟိုင်သည် ဧည့်ခန်းမထဲသို့ ဝင်ဝင်ချင်းပင် အောက်သို့ ငုံ့ကြည့်လိုက်ရာ ရေချိုးဇလုံထဲရှိ ငါးအသေးလေးများကို တွေ့လိုက်ရ၏။

"အိုး... ဘာလို့ ငါးတွေ အများကြီး ဖြစ်နေရတာလဲ... ဘယ်ကနေ ရလာတာလဲ..."

လီတာ့ဟိုင်က မေးလိုက်သည်။

"ရဲဘော်ကျန်းနဲ့ ကျွန်တော် ငါးဖမ်းမြုံးတွေနဲ့ ဖမ်းလာတာ..."

လီလန်က ပြုံးလျက် ပြောလိုက်သည်။

"အဖေ... ဒီငါးတွေကို သန့်ရှင်းရေး လုပ်ပေးပါဦး... ပြီးရင် ဝက်ဆီနဲ့ ကြော်လိုက်... ဂျုံမှုန့်လေး ကပ်ဖို့လည်း မမေ့နဲ့ဦးနော်..."

လီလန်က လှမ်းပြောလိုက်ပြီးနောက် ရေချိုးရန် ရေသွားခပ်လေသည်။

သူသည် တစ်နေကုန် အလုပ်များနေခဲ့သဖြင့် ချွေးများနှင့် အညစ်အကြေးများ ပေကျံနေတော့သည်။

"ဦးလေးလီ... ကျွန်တော် လုပ်လိုက်ပါ့မယ်... ကျွန်တော့်ကိုသာ လွှဲထားလိုက်ပါ..."

လီတာ့ဟိုင်သည် ငါးများကို သန့်ရှင်းရေးလုပ်ရန် ကတ်ကြေးကို ယူလိုက်စဉ်မှာပင် ကျန်းချောင်ရင်က ဝင်ယူလိုက်ပြီး ရေချိုးဇလုံကိုမကာ အပြင်သို့ ထွက်သွားလေသည်။

မြို့မှလာသော ဤပညာတတ်လူငယ်မှာ သူ၏ အလုပ်သမားမျိုးရိုးဗီဇ ပြန်လည်နိုးကြားလာခဲ့ပြန်သည်။

မကြာမီမှာပင် လီလန်၏ မီးဖိုချောင်ထဲမှ ဆီပူထိုးသံများ ထွက်ပေါ်လာတော့၏။

"ဝိုး... အနံ့က မွှေးနေတာပဲ..."

"ငါးကြော်လေးတွေက သိပ်မွှေးတာပဲ... တကယ့်ကို အံ့မခန်းပဲ..."

"ကျွန်တော်တောင် သွားရည်ကျလာပြီ..."

ဧည့်ခန်းမရှိ ကန်းပေါ်တွင် ထိုင်ကာ ညစာစောင့်နေကြသော လူများမှာ မီးဖိုချောင်ထဲမှ လွင့်ပျံလာသည့် ငါးကြော်၏ ကြွယ်ဝသော ရနံ့ကို ရုတ်တရက် ရှူရှိုက်မိလိုက်ကြသည်။

"ဆရာလီ... ဒီငါးကြော်လေးတွေက တကယ့်ကို သွားရည်ကျစေတာပဲ..."

ကျန်းချောင်ရင်က အံ့သြတကြီးဖြင့် ပြောလိုက်သည်။

သူ စကားပြောပြီးသည်နှင့် တစ်ပြိုင်နက် အိမ်နီးချင်းအိမ်မှ ငိုသံတစ်ခု ထွက်ပေါ်လာလေသည်။

ကလေးတစ်ယောက်က ငါးကြော်စားချင်ကြောင်း ပူဆာကာ ငိုယိုနေခြင်းပင် ဖြစ်တော့သည်။

All Chapters