← Chapters

အခန်း ၈၃၃

Vol. 56 Ch. 833

အခန်း ၈၃၃

Vol. 56 Ch. 833

အခန်း (၈၃၃) - အစွမ်းကုန် တိုက်ခိုက်မှု၊ မြားနှစ်စင်းဖြင့် မိစ္ဆာ အရှင်သခင်ကြီး နှစ်ပါးကို သတ်ဖြတ်ခြင်း (အပိုင်း - ၄)

“ဝှစ်”

ထိုအခိုက်အတန့်၌ စုယွီသည် 'မီးဖီးနစ် ကောင်းကင်လေး' ကို လက်နှစ်ဖက်ဖြင့် တင်းကြပ်စွာ ဆွဲဆန့်လိုက်၏။ သူ၏ ချီစွမ်းအင်များ၊ ဝိညာဉ်စွမ်းအားများနှင့် ဟင်းလင်းပြင် တာအိုနယ်ပယ်တို့မှာ ထို အထွတ်အထိပ်အဆင့် လက်နက်ကြီးဆီသို့ လှိုင်းလုံးကြီးများအလား တစ်ဟုန်ထိုး စီးဝင်သွားတော့သည်။

သူလက်ကို လွှတ်ပေးလိုက်သည်နှင့် တစ်ပြိုင်နက် လျှပ်စီးတမျှ ထက်မြက်သော မီးတောက်

တစ်ခု ဟင်းလင်းပြင်ကို ဖောက်ထွက်သွားပြီး ရုတ်ချည်း ပျောက်ကွယ်သွား၏။

“မီးဖီးနစ်၏ ဘဝ ကိုးခု နတ်ဘုရားစွမ်းအား”

အပြင်ဘက်တွင် မီးဖီးနစ် ကောင်းကင်လေး ထွက်ပေါ်လာသည့် အခိုက်အတန့်တွင် မိစ္ဆာသားရဲတို့၏ ရေလှိုင်းကြီးမှာ ထိတ်လန့်ဖွယ် နတ်ဘုရား အရှိန်အဝါကြောင့် ခဏတာမျှ ရပ်တန့်သွားသည်။

အောက်ခြေအဆင့် မိစ္ဆာသားရဲ အရေအတွက် မြောက်များစွာသော သားရဲများမှာ မျက်လုံးများ ပြူးကျယ်လာပြီး ခန္ဓာကိုယ်များ တုန်ယင်သွားကြ၏။

မီးဖီးနစ်၏ ကြောက်မက်ဖွယ် သတ်ဖြတ်ခြင်း အရှိန်အဝါက သူတို့၏ စိတ်ထဲတွင် သဘာဝအတိုင်းပင် ကြောက်ရွံ့မှုကို ဖြစ်ပေါ်စေပြီး ဒူးထောက်ခယချင်စိတ်များ ပေါ်ပေါက်လာစေသည်။

မိစ္ဆာသားရဲတို့၏ ရေလှိုင်းကြားတွင် ပုန်းကွယ်နေသော မိစ္ဆာ အရှင်သခင်ကြီး အချို့မှာ ထိုအခိုက်တွင် အမူအရာများ ချက်ချင်း ပြောင်းလဲသွားကြ၏။ သူတို့၏ မျက်လုံးများမှာ ဟင်းလင်းပြင်ကို ဖောက်ထွက်ကြည့်ရှုနိုင်ပြီး စျေးတန်းအနက်ပိုင်းတွင် မီးတောက် လေးကို ကိုင်ဆောင်ထားသော ပုံရိပ်ထံသို့ အကြည့်များ ရောက်ရှိသွားသည်။

“ဝှီး”

သားရဲတို့၏ ရေလှိုင်းကြားတွင် မိုးကြိုးခရမ်းရောင် ပုဆိန် ကိုင်ဆောင်ထားသည့် မိစ္ဆာတစ်ကောင်မှာ သေခြင်းတရား၏ အငွေ့အသက်ကို ခံစားလိုက်ရ၏။

သူ၏ မျက်နှာမှာ ချက်ချင်းပင် ပျက်ယွင်းသွားပြီး ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။

“အူး”

ထိုအခိုက် မီတာ (၃၀) ရှိသော ခရမ်းရောင် မိစ္ဆာသားရဲကြီးတစ်ကောင် ပေါ်လာသည်။ ၎င်း၏ ခေါင်းပေါ်တွင် ချိုတစ်ချောင်း ပါရှိပြီး ကောင်းကင်မှ မိုးကြိုးများမှာ သူ့ခန္ဓာကိုယ်ပေါ်တွင် လျှပ်စီးတမျှ ဝန်းရံနေ၏။

ထိုသားရဲမှာ လောက၏ မိုးကြိုးကို အုပ်စိုးထားသကဲ့သို့ပင်။ ခြေတစ်လှမ်း လှမ်းလိုက်တိုင်း မြေပြင်မှာ တုန်ခါသွား၏။

“ဘုန်း”

မြေပြင်မှာ တုန်လှုပ်သွားပြီး ဖုန်မှုန့်များ ကောင်းကင်သို့ ပျံတက်သွားသည်။

မိုးကြိုးများမှာ တရကြမ်း ပေါက်ကွဲလာပြီး သူ့အား လျှပ်စီးတမျှ ဝန်းရံထားလေ၏။

သို့သော်လည်း ထိုအခိုက်အတန့်၌ပင် သူ၏ အရှေ့ရှိ ဟင်းလင်းပြင် ကွဲအက်သွားပြီး အားနည်းသော မီးတောက် လေး တစ်ခု အက်ကြောင်းထဲမှ ထွက်ပေါ်လာကာ သူ့ထံသို့ ပစ်ခွင်းလာသည်။ အလွန် အားနည်းသည်ဟု ထင်ရသော်လည်း ထို မီးတောက် လေးမှာ ဟင်းလင်းပြင် တာအိုနယ်ပယ်ကိုပင် လောင်ကျွမ်းနိုင်သော ခွန်အား ရှိ၏။

ထို မီးတောက် လေးက ဟင်းလင်းပြင်ကို ဖောက်ထွက်ပြီး ဆင်းသက်လာချိန်တွင် ပြင်းထန်သော အဟုန်ဖြင့် ကြီးမားလာပြီး မီးဖီးနစ်ကြီး အဖြစ် ပြောင်းလဲသွားကာ ရှေ့မှ မိုးကြိုးကာကွယ်ရေး အလွှာနှင့် လျှပ်စီးပင်လယ်ကို ပြင်းထန်စွာ တိုက်ခိုက်လိုက်သည်။

“ရှဲ”

မီးဖီးနစ်ကြီး ပေါက်ကွဲသွားပြီး မိုးကြိုးပင်လယ်မှာ ငြိမ်းသတ်သွား၏။

လီထျန်း မိစ္ဆာမျိုးနွယ်စုမှ မိစ္ဆာ အရှင်သခင်ကြီးမှာ ဝမ်းသာရန် အချိန် မရလိုက်သေးခင်မှာပင် ကျန်ရှိနေသော မီးတောက်များထဲမှ နောက်ထပ် မီးဖီးနစ်ငယ် တစ်ကောင် ထွက်ပေါ်လာပြန်သည်။ အရွယ်အစားမှာ ပို၍ သေးငယ်သော်လည်း အရှိန်အဝါမှာ အင်မတန် ပြင်းထန်လှ၏။

ထို ရက်စက်မှုကြောင့် မိစ္ဆာ အရှင်သခင်ကြီး၏ ဦးရေပြားမှာ ထုံကျင်သွားသည်။

“ဖူး”

သူ တုံ့ပြန်ရန် အချိန် မရလိုက်ခင်မှာပင် ထို မီးဖီးနစ်ငယ်မှာ သူ၏ မိစ္ဆာစွမ်းအင် အကာအကွယ်ကို ဖောက်ထွက်ပြီး သူ၏ ခန္ဓာကိုယ်ထဲသို့ တိုးဝင်သွားသည်။

ထို့နောက် သူ၏ မိစ္ဆာ အမြုတေကို တည့်တည့် ထိုးဖောက်လိုက်၏။

“ဘုန်း”

မြားတစ်စင်းဖြင့် လီထျန်း မိစ္ဆာမျိုးနွယ်စုမှ ပဉ္စမအဆင့် အဆင့်နိမ့် မိစ္ဆာ အရှင်သခင်ကြီး၏ မိစ္ဆာ အမြုတေမှာ ချက်ချင်းပင် အက်ကွဲသွားသည်။

ကောင်းကင်ထက်ရှိ ဧရာမ သားရဲကြီး၏ ခန္ဓာကိုယ်မှာလည်း ထိုအခိုက်တွင် ပစ်လွင့်ထွက်သွားပြီး မီတာ (၁,၀၀၀) ရှိသော တောင်ကို ထက်ပိုင်း ခွဲကာ မြေကြီးထဲသို့ နက်ရှိုင်းစွာ စိုက်ဝင်သွားသည်။ မိစ္ဆာ အရှင်သခင်ကြီး၏ အရှိန်အဝါမှာ ချက်ချင်းပင် ကျဆင်းသွားပြီး လှုပ်ရှားနိုင်စွမ်း မရှိတော့ပေ။

မြားတစ်စင်းဖြင့် မိစ္ဆာ အရှင်သခင်ကြီးကို အနိုင်ယူလိုက်ခြင်းပင်။

တစ်ဖက်တွင် စျေးတန်းအတွင်း၌ စုယွီက လေးကို ထပ်မံ ဆွဲဆန့်လိုက်ပြန်သည်။ မီးတောက်များမှာ မီးဖီးနစ် ကောင်းကင်လေး ပေါ်တွင် ထပ်မံ စုစည်းလာပြီး ကြောက်မက်ဖွယ် နတ်ဘုရား အရှိန်အဝါတို့က လောကတစ်ခုလုံးကို လွှမ်းခြုံထားသဖြင့် အပြင်ဘက်ရှိ မိစ္ဆာ အရှင်သခင်ကြီး အားလုံး ဒေါသထွက်သွားကြသည်။

“ယုတ်မာလိုက်တာ”

“လူသားမျိုးနွယ်၊ မင်းတို့ သေချင်နေကြတာပဲ”

“အားလုံး ဝိုင်းတိုက်ကြ။ ဒီလူသား ခံတပ်ကို ဖျက်ဆီးပစ်။ ဒီ အရှင်သခင်က သူ့ကို အပိုင်းပိုင်း အစအန ဖြစ်အောင် ခုတ်ထစ်ပစ်မယ်”

စုယွီ ထပ်မံ တိုက်ခိုက်ရန် ပြင်နေသည်ကို မြင်လိုက်ရသောအခါ မိစ္ဆာ အရှင်သခင်ကြီးများ ဒေါသပေါက်ကွဲသွားကြပြီး သူတို့၏ သတ်ဖြတ်လိုစိတ်များမှာ သွေးပင်လယ်ကြီးအလား စုစည်းလာ၏။ မျက်တောင် တစ်ခတ်အတွင်းမှာပင် လေများ ပြောင်းလဲသွားပြီး အဆုံးမရှိသော အမှောင်ထုက ထျန်းပေါင် စျေးတန်း တစ်ခုလုံးအား ဖုံးလွှမ်းသွားသည်။

မိစ္ဆာမျိုးနွယ်စု အားလုံးမှာ စျေးတန်း၏ ကာကွယ်ရေး ဝင်္ကပါဆီသို့ အလုအယက် ပြေးဝင်လာကြသည်။ ထို အရှိန်အဟုန်ကြောင့် အတွင်းရှိ ကျင့်ကြံသူများ အားလုံး၏ မျက်နှာထားများမှာ ချက်ချင်းပင် ပျက်ယွင်းသွားကြသည်။

“ခုခံထားကြ”

ထျန်းပေါင်တောင်မှ နောက်ဆုံးအဆင့် ကျင့်ကြံသူ အကြီးအကဲ၏ အသံမှာ နက်ရှိုင်းစွာ ထွက်ပေါ်လာပြီး လူတိုင်း၏ နားထဲတွင် ပဲ့တင်ထပ်သွား၏။

သူတို့က စျေးတန်း၏ ကာကွယ်ရေး ဝင်္ကပါကို တည်ငြိမ်စေရန် အစွမ်းကုန် ကြိုးစားကာ မိစ္ဆာမျိုးနွယ်စု၏ ရေလှိုင်းကြီးကို ခုခံနေကြသည်။

အခြားတစ်ဖက်တွင် စုယွီ၏ မီးဖီးနစ် ကောင်းကင်လေးမှာ နောက်တစ်ကြိမ် တင်းကြပ်စွာ ဆွဲတင်ထားပြန်၏။ သူ လက်ကို လွှတ်လိုက်သည်နှင့် အရှင်သခင်ကြီးများပင် မကြည့်ရဲလောက်အောင် တောက်ပသော မီးတောက် လေး တစ်ခုက ရှေ့မှ ဟင်းလင်းပြင်ကို ဖောက်ထွက်ကာ ပျောက်ကွယ်သွားသည်။

အပြင်ဘက်တွင်။

လီထျန်း မိစ္ဆာမျိုးနွယ်စုမှ နောက်ထပ် မိစ္ဆာ အရှင်သခင်ကြီးတစ်ပါးမှာ သူ၏ မူလရုပ်ဆင်းသဏ္ဍာန်ကို ပြသလိုက်သည်။ သူသည် ပဉ္စမအဆင့် အဆင့်နိမ့် သာ ဖြစ်သော်လည်း အစွမ်းထက်သော လက်နက်တစ်ခုဖြင့် အကာအကွယ် ယူထားလေ၏။

သို့သော်လည်း မီးတောက်လေး ပေါ်လာသည်ကို မြင်လိုက်ရပြီး မီးဖီးနစ် တိုက်ခိုက်လာချိန်တွင် သူသည် ထိုလူသား လက်ထဲရှိ လေးမှာ မည်မျှ ကြောက်ဖို့ကောင်းသည်ကို နားလည်သွားသည်။

ပထမ မီးဖီးနစ်က သူ့အား ပစ်လွင့်ထွက်သွားစေပြီး တောင်ကြီး နှစ်လုံးကို ထက်ပိုင်း ခွဲကာ တိုက်ခိုက်လိုက်၏။

ဒုတိယ မီးဖီးနစ်က သူ၏ အသက်ကယ် လက်နက်ကို ဖျက်ဆီးပစ်သည်။

တတိယ မီးဖီးနစ်က သူ၏ ဦးခေါင်းကို တည့်တည့် ပစ်ခတ်လိုက်သဖြင့် သူ၏ မူလဝိညာဉ်မှာ ဆိုးရွားစွာ ထိခိုက်သွား၏။ မိစ္ဆာ အရှင်သခင်ကြီး ခန္ဓာကိုယ် စွန့်ပစ်ပြီး မူလဝိညာဉ်သာ ထွက်ပြေးရတော့၏။

*

စျေးတန်းအတွင်း၌။

စုယွီ၏ မျက်နှာမှာ အနည်းငယ် ဖြူဖျော့သွားပြီး ချီစွမ်းအင် (၅၀) ရာခိုင်နှုန်းခန့် ကုန်ဆုံးသွားသည်။ သို့သော် မိစ္ဆာ အရှင်သခင်ကြီး (၂) ပါးကို အနိုင်ယူနိုင်ခဲ့သည်ကို မြင်လိုက်ရသောအခါ သူ အနည်းငယ် ကျေနပ်သွားမိ၏။

သူသာ အရင်းအမြစ်များကို မစုဆောင်းလိုပါက ထိုမြား (၂) စင်းမှာ သူတို့၏ ခန္ဓာကိုယ်ကို လုံးဝ အမှုန့်ကြိတ်ပစ်နိုင်လောက်သည်။

အခြားတစ်ဖက်တွင် ဟွမ်ကျွင်းပေါင်၊ အကြီးအကဲချူလုံ နှင့် အခြားသူများမှာ စုယွီက မြား (၂) စင်းဖြင့် မိစ္ဆာ အရှင်သခင်ကြီး (၂) ပါးကို အနိုင်ယူလိုက်သည်ကို မြင်လိုက်ရပြီးနောက်တွင် ကြောင်အသွားကြ၏။ သူတို့၏ ရင်ထဲတွင် မရှင်းပြနိုင်သော ကြောက်ရွံ့မှု နှင့် ရိုသေမှုများ ပေါ်ပေါက်လာတော့သည်။

All Chapters