← Chapters

အခန်း ၈၃၇

Vol. 56 Ch. 837

အခန်း ၈၃၇

Vol. 56 Ch. 837

အခန်း (၈၃၇) - မီးဖီးနစ် ကောင်းကင်လေး၏ တားဆီးမှု၊ တာ့ချန်သို့ ပြန်လည်ရောက်ရှိခြင်း (အပိုင်း - ၄)

“စိတ်မပူပါနဲ့လေ..ကောင်းကင် ပြိုကျရင်တောင် အရပ်ရှည်တဲ့သူက အရင် ခံမှာပါ”

အဆောင်လက်ဖွဲ့ဆရာ ထူ က စိတ်အားထက်သန်စွာဖြင့် ဆိုလိုက်သည်။

“မင်း ထျန်းပေါင်တောင်က မိစ္ဆာဒီရေလှိုင်းကြီးအကြောင်း ကြားပြီးပြီလား”

“အဲ့ဒီ မိစ္ဆာဒီရေလှိုင်းက တကယ်ကို ကြောက်ဖို့ ကောင်းတာ။ ထျန်းပေါင် စျေးတန်း တစ်ခုလုံး နစ်မြုပ်လုနီးပါး ဖြစ်သွားခဲ့တာ။ ဒါပေမဲ့ အရေးကြီးတဲ့ အခိုက်အတန့်မှာ အရိပ်နီ လို့ ခေါ်တဲ့ အဆောင်လက်ဖွဲ့ ပညာရှင် တစ်ယောက် ထွက်လာခဲ့တယ်။ သူက မြား (၄) စင်းနဲ့ မိစ္ဆာ အရှင်သခင်ကြီး (၄) ပါးကို တစ်ပြိုင်တည်း ပစ်သတ်လိုက်တာ”

“အဲ့ဒီ တိုက်ပွဲမှာ ထျန်းပေါင်တောင်က အနည်းဆုံးပဲ အရှုံးရှိခဲ့သလို အမြတ်တောင် အများကြီး ထွက်ခဲ့သေးတယ်”

“ဒါက လူသားမျိုးနွယ်ပဲလေ။ ငါတို့ကြားမှာ ဘယ်လောက်တောင် အစွမ်းထက်တဲ့ ပုဂ္ဂိုလ်တွေ ဝှက်ထားလဲ ဆိုတာ ဘယ်သူမှ မသိနိုင်ဘူး”

စုယွီ၏ တာအိုရုပ်သေး ပုံရိပ်မှာ တိတ်တဆိတ် လျှောက်လာခဲ့၏။ အဆောင်လက်ဖွဲ့ဆရာ ထူ နှင့် အဆောင်လက်ဖွဲ့ဆရာ ယွီ တို့က ချက်ချင်းပင် မတ်တပ်ရပ်၍ လေးစားစွာ နှုတ်ဆက်ကြသည်။ “အဆောင်လက်ဖွဲ့ ပညာရှင် ပိုင်”

စုယွီ ထိုင်လိုက်ပြီးနောက် သူတို့ကို အံ့ဩစွာ ကြည့်ကာ မေးလိုက်သည်။

“ခင်ဗျားတို့ ပြောတာက ရှေးဟောင်း ဝိညာဉ် အပျက်အစီး နယ်မြေမှာ မိစ္ဆာ အရှင်သခင်ကြီး တစ်ပါး ပေါ်လာတယ် ဟုတ်လား။ ပကတိ ဟင်းလင်းပြင် အဆင့်က မိစ္ဆာ တစ်ကောင်ပေါ့”

“ပြီးတော့ မိစ္ဆာမျိုးနွယ်စုရဲ့ ပါရမီရှင်တွေကိုလည်း အများကြီး သတ်ပစ်လိုက်တယ် ဆိုတာလား”

အဆောင်လက်ဖွဲ့ဆရာ ထူ နှင့် အဆောင်လက်ဖွဲ့ဆရာ ယွီ တို့မှာ စိတ်လှုပ်ရှားစွာဖြင့် စုယွီအား သတင်းများကို အဆက်မပြတ် ပြောပြနေကြသည်။

စုယွီ၏ အမူအရာမှာ တဖြည်းဖြည်း ပြောင်းလဲသွားပြီး စိတ်သက်သာရာ ရသွားသကဲ့သို့ ခံစားလိုက်ရ၏။ ကံကောင်းထောက်မစွာဖြင့် သူ ထိုနေရာသို့ သွားပြီး ပြဿနာ မရှာမိခဲ့ပါ။

ထိုမိစ္ဆာ အရှင်သခင်ကြီးသာ လူသားမျိုးနွယ်၏ ပါရမီရှင်များကို ပစ်မှတ်ထားနေပါက မည်သို့ ဖြစ်မည်နည်း။

“မိစ္ဆာ အရှင်သခင်ကြီး တစ်ပါးတောင် ဒီလိုမျိုး ချောင်းဝင်လာနိုင်ရင်... မိစ္ဆာ ဧကရာဇ်မျိုးသာ ရောယောင်လာရင်...”

စုယွီ မျက်လုံးများ ကျဉ်းမြောင်းသွားပြီး ပို၍ သတိထားနေလိုက်သည်။

ယခု သူ အစွမ်းအစ အနည်းငယ် ရှိလာပြီ ဖြစ်သော်လည်း မပေါ့ဆသင့်သေးပေ။

အခြားသူများကို သို့မဟုတ် မိစ္ဆာမျိုးနွယ်ကို အထင်မသေးသင့်ပေ။

မဟုတ်ပါက သူသည် တာအိုသခင်ကြီး တစ်ပါး သို့မဟုတ် မိစ္ဆာ အရှင်သခင်ကြီး တစ်ပါးကို သွား၍ ရန်စမိလိမ့်မည်။ သူ၏ သိုသိုသိပ်သိပ် နေတတ်သော ဘဝလေး လုံးဝ ပျက်စီးသွားလိမ့်မည်။

“သခင်မလေး ကုန်းစွန်း ပြန်ရောက်ပြီလားဗျ” စုယွီ မေးလိုက်သည်။

အဆောင်လက်ဖွဲ့ဆရာ ထူ က ပြောလာ၏။

“သူ ပြန်ရောက်လောက်ပြီ။ အခုလေးတင်ပဲ တာဝန်ခံ ဆီ သတင်းရောက်လာပြီး ကုန်းစွန်း မိသားစုဆီ ပျော်ရွှင်ရွှင် ထွက်သွားလေရဲ့”

ကံကောင်းပါ၏။

အနည်းဆုံးတော့ သူ နောက်ထပ် ဆရာတစ်ယောက် ထပ်ရှာနေစရာ မလိုတော့ပေ။

အဆောင်လက်ဖွဲ့ စံအိမ်မှ ထွက်ခွာပြီးနောက် စုယွီသည် အင်မော်တယ် မြို့တော်အတွင်း၌ အချိန်အတော်ကြာ လျှောက်သွားကာ သတင်းအချက်အလက်များကို စုဆောင်းသည်။ မိစ္ဆာမျိုးနွယ်စု၏ ရေလှိုင်းကြီးမှာ ထျန်းပေါင်တောင်မှ လွဲ၍ အခြားနေရာများတွင် ဆက်လက် ဖြစ်ပွားနေ၏။

ရှေးဟောင်း ဝိညာဉ် အပျက်အစီး နယ်မြေ၌ မိစ္ဆာမျိုးနွယ်စု ပါရမီရှင်များ သေဆုံးမှု သတင်းများ နှင့် ပေါင်းစပ်လိုက်လျှင် စုယွီ ရုတ်တရက် နားလည်လာသည်။ မိစ္ဆာမျိုးနွယ်စု၏ ပါရမီရှင်များ အများအပြား သတ်ဖြတ်ခံလိုက်ရသောကြောင့် သူတို့ အငြိုးအတေး ထားကာ ဒေါသထွက်နေကြခြင်း ဖြစ်နိုင်သည်။

သည်အခြေအနေမှာ စုယွီ မမျှော်လင့်ထားသည့် ကိစ္စပင်။

မည်သို့ပင်ဖြစ်စေ ယခုတစ်ကြိမ်တွင် မိစ္ဆာမျိုးနွယ်စုက လူသားကျင့်ကြံသူများကို ရှေးဟောင်း ဝိညာဉ် အပျက်အစီး နယ်မြေသို့ ပါဝင်ရန် တက်ကြွစွာ ဖိတ်ခေါ်ခဲ့ခြင်းမှာ ရိုးရှင်းသည့် ရည်ရွယ်ချက် မဟုတ်ပေ။ တစ်ဖက်တွင်လည်း တာ့ယန် အင်မော်တယ် မင်းဆက်နှင့် အင်မော်တယ် တစ်သောင်း နန်းတော်မှ ကျင့်ကြံသူများမှာ ပင်လယ်ပြင်သို့ ထွက်ခွာရန် စုဝေးနေကြပြီး ရွှမ်လိပ် ပင်လယ်မျိုးနွယ်စုများမှာလည်း မိစ္ဆာသားရဲ အမြောက်အမြား စုဆောင်းကာ တိုက်ပွဲဝင်ရန် ပြင်ဆင်နေကြ၏။

သို့သော် ကိစ္စများမှာ ဆက်လက် ဖြစ်ပျက်လာပြီး မိစ္ဆာမျိုးနွယ်စုတို့က တုံ့ပြန်ရန်အတွက် မိစ္ဆာရေလှိုင်းကြီးကို အသုံးပြုကာ ချန်းကျိုး နယ်မြေအတွင်းရှိ လူသား ကျင့်ကြံသူများ၏ နယ်မြေကို တိုက်ခိုက်နေကြသည်။

တကယ့်ကို ရှုပ်ထွေးလှသည်။

စုယွီ အရမ်း စိတ်ပူနေခြင်း မရှိပေ။ သူ၏ တာအိုရုပ်သေးမှာ လင်းလုံ အဆောင်လက်ဖွဲ့ စံအိမ်တွင် ကျန်ရှိနေခဲ့ပြီး တစ်နေကုန် အလုပ်များသယောင် ဟန်ဆောင်ကာ သူ၏ ဂူစံအိမ်သို့ ပြန်သွားလေ၏။

ထိုအခိုက် ထျန်းပေါင် ကုန်သွယ်ရေး အသင်းမှ ကုန်သွယ်ရေး တံဆိပ်ပြားက နောက်ထပ် သတင်းစကား တစ်ခု ပေးပို့လာသည်။ ထျန်းပေါင် ဂိုဏ်း၏ ဂိုဏ်းချုပ်လေးက သူ့အား ပဉ္စမအဆင့် အဆောင်လက်ဖွဲ့များ ရေးဆွဲပေးရန် ထပ်မံ ဖိတ်ခေါ်ထားပြီး အကျိုးအမြတ်ကိုလည်း ညှိနှိုင်းနိုင်ကြောင်း ဆိုလာခြင်းပါ။

ဤကာလအတွင်း ထျန်းပေါင် ဂိုဏ်းက သူ့အား သတင်းစကားများစွာ ပေးပို့ထားခဲ့သည်။

သို့သော် စုယွီက တစ်စုံတစ်ခုမျှ ပြန်မဖြေခဲ့သလို အရိပ်နီ အဖြစ်လည်း နောက်ထပ် မပေါ်လာတော့ပေ။

ဤ အသွင်ပြောင်းမှုကို ခဏတာ ရပ်ဆိုင်းထားမှ ရပေမည်။

မဟုတ်ပါက သူကိုယ်တိုင် ပေါ်ထွက်လာခြင်းက မိစ္ဆာ အရှင်သခင်ကြီး တစ်ပါးအား လက်စားချေဖို့ တွန်းအားပေးမိ‌မည် မဟုတ်ဟု မည်သူက သိနိုင်မည်နည်း။ ထို့အပြင် အရိပ်နီ အဖြစ် မြား (၄) စင်းဖြင့် မိစ္ဆာ အရှင်သခင် (၄) ပါးကို သတ်ဖြတ်ခဲ့သည့် အဖြစ်အပျက်မှာ တာ့ယန် အင်မော်တယ် မင်းဆက်နှင့် အင်မော်တယ် တစ်သောင်း နန်းတော်တို့၏ နားထဲသို့ ရောက်ရှိသွားမည်မှာ သေချာသည်။ သူတို့လည်း သူ့အား ရှာဖွေရန် ရူးသွပ်နေကြလိမ့်မည်။

ချန်ကု အင်မော်တယ် မြို့တော်မှာ လက်ရှိအချိန်တွင် ပြောင်းလဲမှု တစ်စုံတစ်ရာ မရှိသေးဘဲ မိစ္ဆာမျိုးနွယ်စုတို့၏ အခြားနေရာများတွင် ဖြစ်ပွားနေသော ရေလှိုင်းကြီးများကို ဝင်ရောက် မစွက်ဖက်သေးပေ။ သူတို့က စောင့်ဆိုင်းနေကြသည်၊ မိစ္ဆာမျိုးနွယ်စု၏ အရှင်သခင်ကြီး တစ်ပါးဖြစ်သော လုံမင် မျိုးနွယ်စု၏ တုံ့ပြန်မှုကို စောင့်ဆိုင်းနေကြခြင်း ဖြစ်သည်။

လန်ကူ ကျင့်ကြံခြင်း ကမ္ဘာ။

စုယွီသည် ကျင့်ကြံခြင်း ကမ္ဘာရှိ နယ်မြေများစွာကို ဖြတ်ကျော်ကာ ဤနေရာသို့ ရောက်ရှိလာခဲ့ပြီး တာ့ချန် ကျင့်ကြံခြင်း ကမ္ဘာသို့ ပြန်လည် ပို့ဆောင်ပေးနိုင်မည့် နောက်ထပ် အင်မော်တယ် မြို့တော်သို့ အမြန်ဆုံး သွားရောက်လိုက်၏။

“မကြာခင်မှာပဲ နောက်ထပ် တစ်လလောက်ဆိုရင် ပြန်ရောက်တော့မှာပါ”

...

တာ့ချန် ကျင့်ကြံခြင်း ကမ္ဘာ။

ဤတစ်ကြိမ်တွင် မိစ္ဆာမျိုးနွယ်စု၏ ဟင်းလင်းပြင် လမ်းကြောင်း (၃) ခု ပေါ်ပေါက်လာခဲ့သည်။

တစ်ခုမှာ အင်မော်တယ် တစ်သောင်း နန်းတော်၏ နယ်မြေတွင် ပေါ်ပေါက်လာ၏။ လမ်းကြောင်းမှ ရွှမ်လိပ် မျိုးနွယ်စု နှင့် အခြားသော ပင်လယ် မျိုးနွယ်စုများ ဆင်းသက်လာကာ အင်မော်တယ် တစ်သောင်း နန်းတော်အား တိုက်ခိုက်နေကြသည်။

တစ်ခုမှာ အရှင်သခင် ဆယ်ပါး အင်မော်တယ် မြို့တော် နယ်မြေတွင် ပေါ်ပေါက်လာပြီး နောက်တစ်ခုမှာ မြေကမ္ဘာ အင်မော်တယ် စံအိမ် နယ်မြေတွင် ဖြစ်၏။

ဟင်းလင်းပြင် လမ်းကြောင်း (၃) ခု ပေါ်ပေါက်လာပြီး အစွမ်းထက်သော မိစ္ဆာမျိုးနွယ်စုများ ရောက်ရှိလာသော်လည်း တာ့ချန် ကျင့်ကြံခြင်း ကမ္ဘာမှာ တာ့ချန် အင်မော်တယ် မဟာမိတ်အဖွဲ့ကို ဖွဲ့စည်းထားခဲ့ကြပြီး ဖြစ်သည်။

ထို့ကြောင့် မိစ္ဆာမျိုးနွယ်စုတို့၏ ခြိမ်းခြောက်မှုကို ရင်ဆိုင်ရချိန်တွင် သူတို့က တစ်ယောက်ချင်းစီ ခုခံခြင်း မပြုဘဲ အင်အားစုစည်းလိုက်ကြ၏။ မြေကမ္ဘာ အင်မော်တယ် စံအိမ်၏ ဦးဆောင်မှုအောက်တွင် အင်မော်တယ် တပ်မကြီးများနှင့် ခန္ဓာကိုယ် ကျင့်ကြံသူများ စုစည်းကာ အဆိုပါ မိစ္ဆာမျိုးနွယ်စုတို့၏ ဟင်းလင်းပြင် လမ်းကြောင်း (၃) ခုကို ဝိုင်းရံထားခဲ့ကြသည်။

မိစ္ဆာ အရှင်သခင်ကြီး တစ်ပါး ဆင်းသက်လာလျှင်ပင် တာ့ချန် ကျင့်ကြံခြင်း ကမ္ဘာ၏ တာအိုသခင်ကြီး (၁၀) ပါးကျော်က ပိတ်ဆို့ထားခဲ့ကြပြီး ပြန်လည် ဖိနှိပ်ထားနိုင်ခဲ့၏။

သို့သော်လည်း အရှင်သခင် ဆယ်ပါး အင်မော်တယ် မြို့တော် နှင့် မြေကမ္ဘာ အင်မော်တယ် စံအိမ် နယ်မြေများရှိ ဟင်းလင်းပြင် လမ်းကြောင်းများမှာ အတော်အတန် တည်ငြိမ်နေသော်လည်း ရွှမ်လိပ် ပင်လယ်မျိုးနွယ်စုများမှာ လူသား ကျင့်ကြံသူများ၏ ကာကွယ်ရေး တပ်မကို အင်မော်တယ် တစ်သောင်း နန်းတော်တွင် ပြင်းထန်စွာ တိုက်ခိုက်နေကြသည်။

သူတို့က အမှန်ပင် အင်မော်တယ် တစ်သောင်း နန်းတော်အား အမြစ်ပြတ် ချေမှုန်းချင်နေကြပုံပင်။

All Chapters