အခန်း ၁၀၄၅
Vol. 70 Ch. 1045
အခန်း ၁၀၄၅ - အဝါရောင်ဆိုတော့ ငါပန်းရမယ့် အလှည့်ပဲ
တပ်မှူးအန်းတိခမျာ ကျန်းမုန့်လောင်ကို အထက်အောက်စုန်ချည်ဆန်ချည် အကဲခတ်ကြည့်လိုက်သည်။
သွေးပူလေ့ကျင့်ခန်း လုပ်တယ်ဆိုတာ ဘာသဘောလဲ။ သူက စကြဝဠာအမှတ်၆၅က တပ်မှူးတွေကို ရင်ဆိုင်ဖို့ ရည်ရွယ်ထားတာလား။ ဟာသလုပ်နေတာလား။ အဆင့်ခြောက်သက်ရှိက အဆင့်ရှစ်သက်ရှိကို တိုက်ခိုက်ချင်တယ်ပေါ့။ သူက ဘာလဲ။ ရန်သူကို အချောင် အစာသွားကျွေးချင်နေတာလား။
ကျန်းမုန့်လောင်၏ တပ်ဖွဲ့များက အမှန်တကယ်ပင် အလွန်အစွမ်းထက်ပြီး သူ့စစ်သားများကလည်း အဆင့်ငါးအထွတ်အထိပ် သက်ရှိအဆင့်ဖြင့် အဆင့်ခြောက်သက်ရှိများကို အနိုင်ယူနိုင်ခဲ့ကြောင်း သူမြင်တွေ့ရသော်လည်း ဤသည်မှာ ယခင်က မရှိခဲ့ဖူးသည့်အရာတော့ မဟုတ်ပေ။ ပါရမီရှင်အချို့သည် အဆင့်ကျော်၍ တိုက်ခိုက်နိုင်ကြသည်မှာ အမှန်ပင်။
သို့သော် အဆင့်ခြောက်သက်ရှိနှင့် အဆင့်ရှစ်သက်ရှိကြားရှိ ကွာဟချက်မှာ ကောင်းကင်နှင့် မြေကြီးလို ကွာခြားလှသည်ဖြစ်ရာ ကျန်းမုန့်လောင်မှာ သူ့အသက်ကို အလကားသွားပေးသည့် လုပ်ရပ်မျိုးကို လုပ်ဆောင်နေခြင်းသာ ဖြစ်၏။
"တပ်မှူး... စကြဝဠာအမှတ်၆၅က အဲ့ဒီအဆင့်ရှစ်သက်ရှိတွေက ဖောက်ထွက်ဖို့ ပြင်ဆင်တဲ့အနေနဲ့ သူတို့တပ်တွေကို စတင်စုစည်းနေကြပါပြီ"
ကျန်းမုန့်လောင်၏ လူများက ကြိုတင်သတင်းပို့လာကြသည်။
"မစ္စတာကျန်း... ကျွန်တော်တို့ သူတို့ကို ထွက်သွားခွင့် ပေးလိုက်သင့်တယ်လို့ ထင်တယ်။ သတ္တုကြောတွေကိုပဲ ဦးစားပေးသင့်တယ်။ ဒီတိုက်ပွဲကနေ ကျွန်တော်တို့ လုံလောက်တဲ့ အကျိုးအမြတ်တွေ ရထားပြီးပြီဆိုတော့ စာရင်းရှင်းတာကို နောက်မှ ဖြည်းဖြည်းချင်းလုပ်လို့ရပါတယ်"
"ကောင်းပြီလေ"
ကျန်းမုန့်လောင်က ပြောလိုက်သည်။ မည်သို့ပင်ဖြစ်စေ သူတို့၏ဆုံးရှုံးမှုများမှာ ကြီးမားနေပြီဖြစ်၏။ ထို့ပြင် ဤတိုက်ပွဲတွင် ဆုံးရှုံးနစ်နာခဲ့ရသူများမှာ စကြဝဠာအမှတ်၃၄သာဖြစ်သဖြင့် သူတို့တွင် ကန့်ကွက်စရာမရှိသရွေ့ သူ့အနေနှင့် ဂရုစိုက်နေမည်မဟုတ်ပေ။ အကြံကုန်နေသော လူတစ်စုနှင့် ဤနေရာတွင် အသေခံတိုက်ခိုက်နေရန် မလိုအပ်ပေ။ သို့မဟုတ်ပါက တိုက်ပွဲတွင် ပူပူနွေးနွေး အစားအသောက်စားရမည့်အချိန်ပင် မမီလိုက်ဘဲ ဖြစ်သွားနိုင်ပေသည်။
"တပ်မှူး.. သူတို့ ကျွန်တော်တို့ရဲ့ ဟာသဒိုင်းကာကို မဖောက်နိုင်တော့ အခု ကျွန်တော်တို့ရဲ့ ခံစစ်မျဉ်းမှာရပ်ပြီး ဆဲဆိုနေကြတယ်"
"သူတို့က မင်းတို့ကို ဆဲတာလေ။ မင်းတို့က ပြန်မဆဲတတ်ဘူးလား"
ကျန်းမုန့်လောင်က ထိုသို့ပြောရင်း ဆဲဆိုလိုက်သည်။
"ကျွန်တော်တို့ ပြန်ဆဲခဲ့ပါတယ်"
တပ်စုမှူးက မကျေမနပ်ဖြင့် ပြောလေသည်။
"သူတို့ကို အယ်လ်ထရာအဏုမြူပေါင်းစပ်လက်နက်နှစ်ခုနဲ့ ပစ်လိုက်ပေမဲ့ သူတို့က ပိုပြီးတော့တောင် ဆဲနေကြတယ်။ သူတို့က လူပိုများတော့ ကျွန်တော်တို့ သူတို့ကို ဆဲမနိုင်ဘူး"
"အသုံးမကျလိုက်တာ.. ငါတို့ရဲ့ IPX-001တပ်ဖွဲ့က ဘယ်နေရာမှာပဲရှုံးရှုံး တိုက်ပွဲနဲ့ ဆဲရေးတိုင်းထွာတဲ့နေရာမှာတော့ အရှုံးမခံနိုင်ဘူး။ ငါ့နောက်လိုက်ခဲ့။ ငါတို့နေရာကို ပြန်ယူမယ်"
ကျန်းမုန့်လောင်၏ မျက်နှာကား ချက်ချင်းပင် မှောင်မိုက်သွားသည်။
"ငါ့တပ်ဖွဲ့တွေရှေ့မှာလာပြီး ဆဲနေတယ်ပေါ့။ အကုန်လုံး အေးအေးဆေးဆေးထိုင်ပြီး တစ်ယောက်ကိုတစ်ယောက် ဓားနဲ့ နှစ်ချက်လောက်ထိုးကြပါတော့လား"
"အန်းတိ သူတို့..."
စကြဝဠာအမှတ်၃၄မှ အခြားတပ်မှူးများခမျာ အကျပ်ရိုက်နေပုံပေါ်သည်။
"သွားရအောင်။ နောက်က လိုက်ကြည့်မယ်။ တိုက်ခိုက်ဖို့ အသင့်ပြင်ထား"
...
ဤနေရာမှာ ကမ္ဘာခြားစစ်မြေပြင်ရှိ တောင်တန်းများဝန်းရံထားသော တောင်ကြားတစ်ခုဖြစ်ပြီး တောင်ထိပ်တွင် ကျန်းမုန့်လောင်၏ ယာဉ်တန်းရှိနေလေသည်။ ယခုမူ သူတို့သည် အိုးထဲသို့ပစ်ထည့်ခံလိုက်ရပြီး အဖုံးပါ အဖုံးခံလိုက်ရသော ဖက်ထုပ်များနှင့် တူနေချေသည်။ ထွက်ပြေးရန် လမ်းကြောင်းလည်း လုံးဝမရှိတော့ပေ။
"စကြဝဠာအမှတ်၇နဲ့ စကြဝဠာအမှတ်၃၄က အမှိုက်ကောင်တွေ... မြန်မြန်ထွက်ခဲ့စမ်း"
"လက်နက်ကိရိယာတွေကိုပဲ အားကိုးနေတာ ဘာအသုံးကျလို့လဲ။ သိပ်စွမ်းနေရင်လည်း ငါတို့တွေကို သတ်ကြည့်ပါလား...ဟမ်... မစွမ်းရင် မင်းတို့ရဲ့လိပ်ခွံတွေကို မြန်မြန်ဖွင့်စမ်း"
"မင်းတို့စကြဝဠာနှစ်ခုလုံးက ခေါင်းဝှက်ထားတဲ့ လိပ်တွေလား။ ငါတို့ကို မျက်နှာချင်းဆိုင်တိုက်ဖို့ ကြောက်နေကြတာလား ဟမ်"
မူလကတည်းက လူမိုက်စိတ်ဓာတ်အပြည့်ရှိသော စကြဝဠာအမှတ်၆၅မှာ အပေါက်ဆိုးသူများနှယ် ဆဲဆိုနေကြလေသည်။
ကျန်းမုန့်လောင်သည် သူတို့အား တိုက်ခိုက်နည်းများကို သင်ပေးခဲ့သည်။ ဗဟုသုတများ သင်ပေးခဲ့သည်။ အထာကျကျနေထိုင်နည်းကို သင်ပေးခဲ့သော်လည်း ဆဲဆိုနည်းကိုမူ မသင်ပေးခဲ့ပေ။ သူတို့၏ မျက်နှာများမှာ နီရဲလာကြသော်လည်း ထိုအဆင့်ရှစ်သက်ရှိများကို အမှန်တကယ်ပင် ဘာမှမလုပ်နိုင်ကြပေ။
"တပ်မှူး ရောက်လာပြီ။ မြန်မြန်လမ်းဖယ်ပေးကြစမ်း"
လူအုပ်ကြီးကြားတွင် လမ်းတစ်ခု ပွင့်သွားပြီး ကျန်းမုန့်လောင်က တပ်ခွဲမှူးတစ်စု ဝန်းရံလျက် သူတို့ထံသို့ လျှောက်လာခဲ့သည်။
"မင်းက စကြဝဠာအမှတ်၇က တပ်မှူးလား"
"ဟားဟားဟား... အဆင့်ခြောက်သက်ရှိတဲ့။ ဘယ်လိုလုပ်ပြီး ကလေးပေါက်စလေး ဖြစ်နေရတာလဲ။ သူက အမွှေးတောင် စုံအောင်ပေါက်ပြီမို့လို့ ဒီကိုလာပြီး တပ်မှူးလာလုပ်နေတာလား"
ကျန်းမုန့်လောင်မှာ အလွန်ငယ်ရွယ်ပြီး သူ့သက်ရှိအဆင့်ကလည်း နိမ့်ကျလွန်းသည်ကို မြင်သောအခါ စကြဝဠာအမှတ်၆၅မှ လူများမှာ သူ မည်သို့ တပ်မှူးဖြစ်လာသလဲဟု စပ်စုချင်နေကြသော်လည်း သူ့ကို နှုတ်ဖြင့် ဆက်လက်ထိုးနှက်နေကြသည်။
"ဒီလူနည်းနည်းလေးက မင်းတို့ကို ဒီလိုဆဲဆိုနိုင်သွားတာလား"
ကျန်းမုန့်လောင်က သူတို့ကို တစ်ချက်ပင်လှည့်မကြည့်ချေ။
"နည်းနည်းလောက် သင်ယူကြစမ်း။ အရင်ဆုံး ဘာသာပြန်စက်ကို ပိတ်လိုက်။ သူတို့ ဘာဆဲနေလဲဆိုတာ ငါတို့နားမလည်သရွေ့ သူတို့ရဲ့ဆဲဆိုစကားက အရာမရောက်ဘူး"
"ချပ်"
ဘာသာပြန်စက်ကို ပိတ်လိုက်ချိန်တွင် သူတို့ ကြားရသည်မှာ တစ်ဖက်ရှိ လူတစ်စုက ထူးဆန်းသော လေသံများဖြင့် ပွစိပွစိပြောနေသည့်အသံများသာ။
အကြောင်းတစ်ခုခုကြောင့် ဤခံစားချက်မှာ မျောက်များနှင့် အနည်းငယ်တူနေချေသည်။ သူတို့ မည်မျှပင် ဆဲဆိုနေပါစေ နားမလည်နိုင်သရွေ့တော့ သူတို့၏စိတ်နှလုံးများမှာ လှုပ်ရှားမှုမရှိသည့်အပြင် အနည်းငယ်ပင် ရယ်စရာကောင်းနေသေးသည်။
"အယ်.. အခု ငါ နည်းနည်းလေးတောင် ဒေါသမထွက်တော့ဘူး"
"ဟားဟားဟား.. သူတို့ပုံစံကို ကြည့်လိုက်ဦး။ ရှေးဟောင်းသတ္တဝါတွေနဲ့ တူလိုက်တာ"
စကြဝဠာအမှတ်၇ရှိ စစ်သည်များက သူတို့ကို လက်ညှိုးထိုး၍ မရယ်ဘဲ မနေနိုင်တော့ပေ။
"တပ်ခွဲမှူးတွေ...အားလုံး ဒီကိုလာခဲ့ကြ"
ကျန်းမုန့်လောင်၏ အမိန့်ကြောင့် ထူးရှယ်နတ်ဘုရားကျောင်းတော်မှ လူတိုင်းလည သူ့အနားသို့ စုရုံးရောက်ရှိလာကြသည်။
"သေချာကြည့်ထား။ သေချာသင်ယူထား။ မှတ်စု သေချာမှတ်ထား။ နောက်တစ်ခါကျရင် စာမေးပွဲ စစ်မယ်"
တပ်မှူးသုံးယောက်၏ အံ့သြနေသော အမူအရာများအောက်တွင် ကျန်းမုန့်လောင်သည် ငှက်ပျောသီးတစ်လုံးထုတ်ပြီး စကြဝဠာအမှတ်၆၅မှ အဆင့်ရှစ်သက်ရှိများဆီသို့ ဝှေ့ယမ်းပြလိုက်သည်။
"လူးလူးလူး"
ကျန်တပ်မှူးများကလည်း အခြားသစ်သီးများကို ထုတ်ယူကာ ထိုအဆင့်ရှစ်သက်ရှိများထံသို့ ပစ်ပေါက်လိုက်ကြပြီးနောက် ကင်မရာများကိုထုတ်ကာ ဓာတ်ပုံများ စတင်ရိုက်ကူးကြလေသည်။
"သူတို့ ဘာလုပ်နေကြတာလဲ"
အန်းတိက စပ်စုလိုဟန်ဖြင့် မေးလိုက်သည်။
"ကျွန်တော်လည်း သေချာမသိဘူး။ ဒါပေမဲ့ ဒီအပြုအမူက ကျွန်တော်တို့စကြဝဠာရဲ့ အဆင့်နိမ့် မျိုးနွယ်စုတွေဆီမှာ တိရစ္ဆာန်ရုံလို့ခေါ်တဲ့ နေရာမျိုးမှာ လုပ်ပြတဲ့အမူအရာမျိုးနဲ့ တူတယ်။ ဧည့်သည်တွေက လှောင်အိမ်ထဲက တိရစ္ဆာန်တွေကို ဒီလိုမျိုးစနောက်ရတာကို သဘောကျကြတာ"
"ဒါက... သူတို့ အရမ်းကောက်ကျစ်လွန်းသလားလို့"
ထိုအဆင့်ရှစ်သက်ရှိများမှာ ဇဝေဇဝါဖြင့် ဆဲဆိုနေကြသော်လည်း သစ်သီးများနှင့် အစေ့အဆန်များဖြင့် အစုလိုက်အပြုံလိုက် ပစ်ပေါက်ခံနေရပြီး ကင်မရာမီးရောင်များ အဆက်မပြတ်လင်းလက်နေသည်ကို မြင်လိုက်ရသောအခါ အကြောင်းတစ်ခုခုကြောင့် သူတို့၏ ရင်ထဲတွင် ဖော်ပြ၍မရနိုင်သော အရှက်ကွဲမှုမျိုး ပေါ်ပေါက်လာလေသည်။
ရုတ်ခြည်းပင် သူတို့ သဘောပေါက်သွားသည်။ ဤလူစု၏ ဝိုင်းရံထားခြင်းကို ခံနေရသည့် သူတို့က တိရစ္ဆာန်ရုံထဲက တိရစ္ဆာန်များနှင့် တူမနေဘူးလား။
စကားတစ်ခွန်းမှ မပြောရသေးသော်လည်း သူတို့၏ နှလုံးသားထဲတွင် ပြင်းထန်သော ဒေါသမီးများ တောက်လောင်လာသည်။
သို့သော် ပြိုင်ဘက်များ၏ ကာကွယ်ရေးစနစ်မှာ အလွန်ခိုင်ခံ့လွန်းလှသည်။ သူတို့မှာ အချိန်အတော်ကြာအောင် တိုက်ခိုက်ရန် ကြိုးစားခဲ့သော်လည်း ကြေးဝါနှင့် သံမဏိများဖြင့် ပြုလုပ်ထားသော ဤအတားအဆီးကို မဖောက်နိုင်ပေ။ သူတို့၏ ပြင်းထန်သော ဒေါသများကိုလည်း ထုတ်ဖော်ခွင့်မရသဖြင့် ထိုခံစားချက်မှာ အလွန်အမင်း မွန်းကျပ်စေသည်။
"မြေပုံတစ်ခုလုံးကို မှတ်တမ်းတင်ထား။ သောက်ကြတော့"
"ဂလု ဂလု"
ကျန်းမုန့်လောင်၏ တပ်ခွဲမှူးများမှာ အချိုရည်အမျိုးမျိုးကို ထုတ်ယူကာ စတင်မော့သောက်ကြလေသည်။
အဆင့်နှစ်သက်ရှိများပင် သူတို့၏ ခန္ဓာကိုယ် လည်ပတ်မှုစနစ်များကို စတင်ထိန်းချုပ်နိုင်ပြီဖြစ်ရာ အဆင့်ခြောက်သက်ရှိများအတွက်မူ ဤသည်မှာ ပြဿနာတစ်ခု လုံးဝမဟုတ်ပေ။ ရေများက သူတို့၏ အစာအိမ်ကတစ်ဆင့် ဖြတ်သန်းသွားပြီး ဆီးအိမ်ထဲတွင် ဆီးများအဖြစ်သို့ ပြောင်းလဲသွားမည်ဖြစ်၏။
"သူတို့ ခေါင်းပေါ်ကိုတက်ပြီး ပန်းကြတော့"
"ကျစ်"
"တပ်မှူးက သူတို့ကို လူလို မဆက်ဆံဘူးပဲ"
"ဒါက အရမ်းညစ်ပတ်လွန်းတယ်။ လုံးဝယုတ်မာပြီး အရှက်မရှိချက်"
"ဘာတွေကြည့်နေကြတာလဲ"
ကျန်းမုန့်လောင်က အော်ပြောလိုက်သည်။
"ဘာလို့ ကြောင်နေကြတာလဲ။ မင်းတို့ကို သင်ယူဖို့ အခွင့်အရေး ပေးထားပြီးပြီလေ။ အခု လက်တွေ့လေ့ကျင့်ဖို့ အချိန်တန်ပြီ"
ကျန်းမုန့်လောင်၏ တပ်ဖွဲ့များမှာ သူတို့၏တပ်မှူးကိုယ်တိုင်က ဤသို့ပြုလုပ်နေသည်ကို မြင်သောအခါ သူတို့အနေနှင့် ရှက်စရာ ဘာများကျန်တော့မည်နည်း။
စစ်သင်္ဘောများကို တိုက်ခိုက်ရန်နှင့် သူတို့၏ ဒိုင်းကာများကို ဆက်ဖွင့်ထားရန် အချို့ကို ချန်ထားရစ်ခဲ့ပြီးနောက် ကျန်တပ်ဖွဲ့များသည် တောင်ထိပ်သို့ ပြေးတက်သွားပြီး ဘောင်းဘီများကို ချွတ်ချလိုက်ကြလေသည်။
"ငါ့ဆီးက အဝါရောင်ကွ။ ငါ အရင်ပန်းမယ်"
"ငါ့မှာ ဆီးချိုရှိတယ်။ သူတို့ကို အချိုအရသာလေး မြည်းစမ်းခိုင်းလိုက်မယ်"
"သောက်ကျိုးနည်း... ညီအစ်ကိုရေ မင်းက တော်တော်ကြမ်းတာပဲ ဟမ်"
...
တောင်ကြားမှာ အတန်ငယ်သာကျယ်ဝန်းပြီး ဤနေရာတွင် အဝိုင်းခံထားရသဖြင့် သူတို့အနေနှင့် ရှောင်ရှားရန်နေရာဟူ၍ လုံးဝမရှိတော့ပေ။
"ဒီလောက်နဲ့ ငါတို့ကို ရွံအောင်လုပ်နိုင်မယ် ထင်နေတာလား"
ထိုအဆင့်ရှစ်သက်ရှိများမှာ အပူလှိုင်းများကို ထုတ်လွှတ်လိုက်သဖြင့် ဆီးများမှာ သူတို့ကို မထိခင်မှာပင် အငွေ့အဖြစ် ပြောင်းလဲသွားလေသည်။
"ငတုံးတွေ အနံ့ရှူရတာကို သဘောကျနေတာလား"
"ဟားဟားဟားဟား"
ထိုအခါမှသာ သူတို့ သဘောပေါက်ကြသည်။ သူတို့အပေါ် တိုက်ရိုက်မပန်းချသော်လည်း အဆင့်ရှစ်သက်ရှိများသည် ရူပဗေဒနိယာမများကို ဆန့်ကျင်နိုင်စွမ်း မရှိသောကြောင့် ထိုအငွေ့များမှာ သူတို့၏ နှာခေါင်းထဲသို့ ရောက်လာဆဲပင်။
ရွံရှာဖွယ်ကောင်းသော ခံစားချက်တစ်ခုက သူတို့ ခန္ဓာကိုယ်တစ်လျှောက် ပျံ့နှံ့သွားသည်။
လူဘီလီယံပေါင်းများစွာ၏ အငွေ့များနှင့် အနံ့အသက်မှာ လူ့ငရဲနှင့်ပင် တူနေလေတော့သည်။
"စကြဝဠာအမှတ်၇က အမှိုက်ကောင်တွေ.. သိပ်စွမ်းနေရင် ငါတို့နဲ့လာတိုက်လှည့်။ သတ္တိမရှိတဲ့ အသုံးမကျတဲ့ကောင်တွေ။ မင်းတို့က စစ်သားဖြစ်ဖို့တောင် မထိုက်တန်ဘူး"
စကြဝဠာအမှတ်၆၅မှ ထိုစစ်သည်များမှာ သူတို့၏ စစ်သင်္ဘောများထဲတွင် ပုန်းအောင်းရင်း အရူးအမူး အော်ဟစ်လိုက်ကြသည်။
"ငါက မင်းတို့အဖေကွ"
"ယုတ်မာတယ်။ အရှက်မရှိဘူး။ ညစ်ပတ်တယ်"
"မင်းတို့ သေးပန်းခံလိုက်ရပြီ"
"မင်းတို့ သိပ်စွမ်းနေရင် မင်းတို့ရဲ့ဒိုင်းကာတွေကို ပိတ်လိုက်စမ်း။ မင်းတို့ကို အပိုင်းပိုင်းအစစဖြစ်အောင် ဆွဲဖြဲပစ်မယ်"
"ငါက မင်းတို့အဖေကွ"
"မင်းတို့ သေးပန်းခံလိုက်ရပြီ"
*********************