← Chapters

အခန်း ၂၀၂

Vol. 21 Ch. 202

အခန်း ၂၀၂

Vol. 21 Ch. 202

အခန်း ၂၀၂။ ပင်မနတ်ဘုရားနှင့် ယှဉ်နိုင်သူ၊ ပိုင်ရှင်သစ်

နဂါးကျွန်း ဆိုသည်မှာ လျှို့ဝှက်ဆန်းကြယ်သော နေရာတစ်ခု ဖြစ်လေသည်။

ထိုနေရာရှိ မှော်စွမ်းအင်များက ကောင်းကင်ယံ တိုက်ကြီးထက် ၁၀ ဆမျှ ပိုမိုများပြားပြီး လောက နိယာမများကလည်း ကောင်းကင်ယံ တိုက်ကြီးထက် အဆပေါင်းများစွာ ပိုမို ရှင်းလင်းပြတ်သားကာ လေ့ကျင့်ရန်အတွက် အကောင်းဆုံး နေရာတစ်ခုပင် ဖြစ်လေသည်။

နဂါးကျွန်း၏ ပတ်လည်တွင် အဆုံးအစမရှိသော အပြာရောင် သမုဒ္ဒရာကြီး ရှိပြီး ကျွန်းငယ်လေးများ အမြောက်အမြားက သမုဒ္ဒရာကြီး အပေါ်တွင် ပြန့်ကျဲနေလေသည်။

အချို့က ကြီးမားပြီး အချို့က သေးငယ်သော်လည်း ကျွန်းတိုင်းပေါ်တွင် ရေတွက်၍မရနိုင်သော မှော်သားရဲများ နေထိုင်ကြပြီး သမုဒ္ဒရာထဲတွင်လည်း ရေနေ မှော်သားရဲများ ရှိကြလေသည်။

ဝမ်းနည်းစရာ ကောင်းသည်မှာ ထိုနေရာရှိ မှော်သားရဲများ အားလုံးက နဂါးများ၏ အစားအစာများသာ ဖြစ်ပြီး သူတို့၏ အသက်ကို သူတို့ ကိုယ်တိုင် မပိုင်ဆိုင်သလို သူတို့၏ ကံကြမ္မာကိုလည်း သူတို့ ကိုယ်တိုင် မဖန်တီးနိုင်ကြပေ။

နောက်ဆုံးတွင် ရလဒ် တစ်ခုတည်းသာ ရှိလေသည်။ အဲဒါကတော့ နဂါးတွေရဲ့ စားသောက်ခြင်းကို ခံရတာပဲ။

ကျွန်းတိုင်းပေါ်တွင် သွေးသန့် နဂါးကြီး တစ်ကောင် သို့မဟုတ် မြင့်မြတ်သောနယ်မြေ နဂါး တစ်ကောင် ရှိနေပြီး သူတို့က ကျွန်းကို စိုးမိုးကာ ကျွန်းပေါ်ရှိ သက်ရှိများ၏ သေဆုံးခြင်းကို စီမံကြလေသည်။

ထိုကျွန်းများ၏ အရွယ်အစားက နဂါးများ၏ စွမ်းအားနှင့် မျိုးနွယ်စုအတွင်းရှိ အဆင့်အတန်းကို ဖော်ပြနေလေသည်။

အဆင့်အတန်း မြင့်ပြီး စွမ်းအားကြီးသော နဂါးများက ပိုကြီးသော ကျွန်းများကို ပိုင်ဆိုင်ကာ အစားအစာ ပိုမို ပေါများလေသည်။

ဆန့်ကျင်ဘက် အနေဖြင့်လည်း အတူတူပင် ဖြစ်လေသည်။

"ရွှစ်..."

ရုတ်တရက် အလင်းတန်း တစ်ခုက သမုဒ္ဒရာကို ဖြတ်သန်းကာ ကျွန်းကြီး တစ်ကျွန်း၏ အပေါ်သို့ ရောက်ရှိလာလေသည်။

ကျွန်းပေါ်တွင် မြင့်မားသော တောင်ကြီး တစ်တောင် ရှိပြီး တောင်ခါးပန်းတွင် ဂူတစ်ခု ရှိကာ မိုးခြိမ်းသံ အလား ကျယ်လောင်သော ဟောက်သံကြီးက ဂူထဲမှ ထွက်ပေါ်လာပြီး အဝေးကြီး အထိ ရောက်ရှိသွားလေသည်။

"ဘိုးဘေး..."

ရွှေရောင် အလင်းတန်းက ဂူအရှေ့သို့ ရောက်ရှိလာပြီး ဒူးထောက်လိုက်ရာ ရွှေရောင် ဦးချို နှစ်ခုနှင့် ခန္ဓာကိုယ် တောင့်တင်းသော ရွှေရောင် နဂါးလူသား တစ်ယောက် ဖြစ်နေလေသည်။

"ဘိုးဘေး... ပြဿနာကြီး တက်ပြီ..."

ရွှေရောင် နဂါးလူသား ၏ အသံမှာ အလွန် ဝမ်းနည်းနေလေသည်။

"ဟင်..."

ဂူထဲမှ ဟောက်သံကြီး ရုတ်တရက် ရပ်တန့်သွားပြီးနောက် အဆုံးမရှိသော ဒေါသများ ပါဝင်သည့် ဟိန်းဟောက်သံကြီး တစ်ခု ထွက်ပေါ်လာလေသည်။

"ငါ့ရဲ့ အိပ်မက်လှလှလေး ကိုတောင် အနှောင့်အယှက် ပေးရဲတယ်... ဒီနေ့ မင်း ငါ့ကို ကျေနပ်လောက်တဲ့ အကြောင်းပြချက် မပေးနိုင်ရင်တော့... ဟွန့်..."

"ဘိုးဘေး... သူခိုး တွေက ဧကရာဇ်မင်းမြတ် ကို သတ်လိုက်ပြီး ကျွန်တော်တို့ နဂါးနတ်ဘုရား အင်ပါယာ ရဲ့ အထက်ပိုင်း အရာရှိတွေ ကို အားလုံး သတ်ပစ်လိုက်ပြီ..."

ရွှေရောင် နဂါးလူသား အလွန် ဝမ်းနည်းနေလေသည်။ "မှူးမတ်တွေ အရာရှိတွေ မြင့်မြတ်သောနယ်မြေ ထောင်ချီ နဲ့ တော်ဝင် မိသားစုဝင် တွေ အားလုံး သတ်ဖြတ်ခံလိုက်ရပြီ..."

"မင်း ဘာပြောလိုက်တယ်..."

ဧရာမ နဂါး ခေါင်းကြီး တစ်ခုက ဂူထဲမှ ထွက်ပေါ်လာပြီး နဂါး မျက်လုံးများထဲတွင် အဆုံးမရှိသော သတ်ဖြတ်ချင်စိတ်များ ပြည့်နှက်နေလေသည်။ "မင်း ခုနက ပြောတဲ့ စကားကို နောက်တစ်ခေါက် ပြန်ပြောစမ်း..."

"ဘိုးဘေး... သူခိုး တွေက နန်းတော် ကို ဝင်တိုက်သွားတယ်..."

"ရိုင်းစိုင်းလိုက်တာ... မင်း ငါ့ကို လိမ်ရဲတယ် လား..."

ဧရာမ နဂါး ခေါင်းကြီး က ဒေါသတကြီး ဟိန်းဟောက်လိုက်လေသည်။ "ငါတို့ နဂါးနတ်ဘုရား အင်ပါယာ က ကောင်းကင်ယံ တိုက်ကြီး တစ်ခုလုံး ကို လွှမ်းမိုးထားတာ... ဘယ်သူခိုး ကများ ဒီလောက် သတ္တိကောင်းပြီး ဒီလို ရိုင်းစိုင်းတဲ့ အလုပ်ကို လုပ်ရဲမှာလဲ..."

"ဘိုးဘေး... တကယ်ပါ... တကယ် ဖြစ်သွားတာပါ..."

ရွှေရောင် နဂါးလူသား က အလျင်စလို ရှင်းပြပြီးနောက် မှော် ကျောက်သလင်း ဘောလုံး တစ်ခုကို ထုတ်ပြလိုက်လေသည်။

ထိုအပေါ်တွင် နဂါး အလောင်း ၁၀ လောင်းကျော် ကွင်းပြင်တွင် ပြန့်ကျဲနေပြီး ရေခဲ အပိုင်းအစများ မြေကြီးပေါ်တွင် ပြည့်နှက်နေကာ မင်းသား မင်းသမီးများက မြေကြီးပေါ်တွင် ဒူးထောက်ကာ ငိုကြွေးနေကြသည့် သနားစရာကောင်းသော မြင်ကွင်းကို ပြသနေလေသည်။

"ဘယ်သူလဲ..."

"တကယ် ဘယ်သူလဲ..."

"ဘယ်သူကများ ငါတို့ နဂါး မျိုးနွယ် ကို သတ်ပြီး နဂါးနတ်ဘုရား အင်ပါယာ ရဲ့ ဂုဏ်သိက္ခာ ကို စော်ကားရဲတာလဲ..."

ဧရာမ နဂါး ခေါင်းကြီး က ဒေါသတကြီး ဟိန်းဟောက်လိုက်ရာ နဂါး ဟိန်းဟောက်သံ က မိုးခြိမ်းသံ အလား ပေါက်ကွဲထွက်လာပြီး ကျွန်းပေါ်ရှိ မှော်သားရဲ များ အားလုံး မြေကြီးပေါ်တွင် ဝပ်တွားကာ ကြောက်လန့်တကြား တုန်ရီနေကြလေသည်။

"ဘိုးဘေး... အဲဒီ သူခိုး ရဲ့ နာမည် က မုန်လဲ့ တဲ့..."

"မုန်လဲ့..."

...

နဂါးနတ်ဘုရား အင်ပါယာ၊ နန်းတော်။

"အီး... ဟီး... ဟီး..."

"ခမည်းတော်... အသေဆိုး နဲ့ သေသွားရတာပဲ..."

"ခမည်းတော်..."

အစည်းအဝေး ခန်းမ အရှေ့ရှိ ကွင်းပြင်သည် ကြီးကျယ်ခမ်းနားသော အသုဘ အခမ်းအနားကြီး တစ်ခု ဖြစ်သွားပြီး မင်းသား မင်းသမီး ထောင်ချီ ကိုယ်လုပ်တော် သောင်းချီ နှင့် မိန်းမစိုး အစေခံ သန်းချီ တို့က တစ်ပြိုင်နက်တည်း ငိုကြွေးနေကြလေသည်။

အသံများက ရင်နင့်စရာ ကောင်းလွန်းလှပြီး ကြားရသူတိုင်း မျက်ရည်ကျကာ ဝမ်းနည်းသွားစေနိုင်လောက်အောင် ဖြစ်လေသည်။ မသိလျှင် ဧကရာဇ် နတ်ရွာစံ သွားသည်ဟုပင် ထင်မှတ်ရလေသည်။ (တကယ်လည်း ဧကရာဇ် နတ်ရွာစံ သွားတာပါပဲ။)

ကွင်းပြင် ၏ ထောင့်တစ်နေရာတွင် တော်ဝင်သူရဲကောင်းတပ်ဖွဲ့ ဝင်များက ထိုဘက်ကို ကြောင်အမ်းအမ်း ကြည့်နေကြပြီး လုံးဝ ယုံကြည်နိုင်စရာ မရှိအောင် ဖြစ်နေကြလေသည်။

"ဘယ်လိုလုပ် ဒီလို ဖြစ်သွားရတာလဲ..."

"ငါတို့ ထွက်သွားတာ ၂ ရက် ပဲ ရှိသေးတယ်... အင်ပါယာ မှာ ဒီလို အဖြစ်ဆိုး ကြီး ဖြစ်သွားပြီလား..."

အာဘေး လည်း အဲဒီအထဲမှာ ပါလေသည်။ သူမကို တော်ဝင်သူရဲကောင်းတပ်ဖွဲ့ က ပျောက်ဆုံးနေသော တိုက်ကြီး ကနေ ပြန်ခေါ်လာခဲ့ခြင်း ဖြစ်လေသည်။

သူမက နဂါး အလောင်း ၁၂ လောင်း နှင့် ပြန့်ကျဲနေသော ရေခဲ အပိုင်းအစ များကို တိတ်ဆိတ်စွာ ကြည့်နေပြီး မျက်နှာပေါ်တွင် ဝမ်းသာခြင်း ဝမ်းနည်းခြင်း အလျဉ်း မရှိပေ။

"ကြားတာတော့ လူသတ်သမား ရဲ့ နာမည် က မုန်လဲ့ တဲ့..."

သူရဲကောင်းတပ်ဖွဲ့ ခေါင်းဆောင် ဘရူနို က "မင်းသမီး... ဒီ မုန်လဲ့ က ပျောက်ဆုံးနေသော တိုက်ကြီး မှာ မင်းသမီး ကို ကယ်ခဲ့တဲ့ သူများလား..." ဟု မေးလိုက်လေသည်။

"ငါလည်း မသိဘူး..."

အာဘေး က ဖြည်းညင်းစွာ ခေါင်းခါလိုက်ပြီး ဝမ်းနည်းသည့် အမူအရာ သိပ်မပြပေ။

...

"ကြိုဆိုပါတယ်... အချိန်ကာလ မျှော်စင် ရဲ့ ပိုင်ရှင်သစ်..."

အိုမင်းသော အသံ တစ်ခု ထွက်ပေါ်လာပြီး မိုးတိမ်များ စုဝေးလာကာ မီတာ ထောင်ချီ ကြီးမားသော ဧရာမ မျက်နှာကြီး တစ်ခု အဖြစ် ပြောင်းလဲသွားပြီး လေဟာနယ် တွင် ထွက်ပေါ်လာလေသည်။

"အချိန်ကာလ မျှော်စင်... ပိုင်ရှင်သစ် ဟုတ်လား..."

မုန်လဲ့ က ဧရာမ မျက်နှာကြီး ကို ကြည့်ကာ သံသယဖြစ်စွာဖြင့် "ဒါက နဂါးနတ်ဘုရား မျှော်စင် မဟုတ်ဘူးလား... ဘယ်တုန်းက အချိန်ကာလ မျှော်စင် ဖြစ်သွားတာလဲ..." ဟု မေးလိုက်လေသည်။

"နဂါးနတ်ဘုရား မျှော်စင် ဟုတ်လား... ခွေးချေး လို နဂါးနတ်ဘုရား မျှော်စင် ပါ... ဒီမျှော်စင် ရဲ့ နာမည် က အချိန်ကာလ မျှော်စင် လို့ ခေါ်တယ်..."

ဧရာမ မျက်နှာကြီး ၏ ပါးစပ်က အဖွင့်အပိတ် လုပ်ကာ "ကြီးမြတ်တဲ့ အချိန်ကာလ နတ်ဘုရား က အဖိုးတန် ရတနာ တွေ ကောင်းကင် နဲ့ မြေကြီး ရဲ့ အနှစ်သာရ တွေ နတ်ဘုရား ကျောက်တုံး နဲ့ နတ်ဘုရား ကျောက်သလင်း တွေ အများကြီး သုံးပြီး ဖန်တီးထားတာ... နဂါးနတ်ဘုရား နဲ့ ဘာမှ မဆိုင်ဘူး..."

"အချိန်ကာလ နတ်ဘုရား..." မုန်လဲ့ တစ်ကိုယ်လုံး တုန်ခါသွားလေသည်။ "အချိန်ကာလ နတ်ဘုရား က ဘယ်သူလဲ..."

"အချိန်ကာလ နတ်ဘုရား က လူ မဟုတ်ဘူး... သူက ကျယ်ဝန်းလှတဲ့ စကြဝဠာ ကြီး ထဲက အကြီးမြတ်ဆုံး နတ်ဘုရား တွေ ထဲက တစ်ပါး ပဲ..."

ဧရာမ မျက်နှာကြီး ၏ အသံက ဟိန်းထွက်လာလေသည်။ "သူ့ရဲ့ ကြီးမြတ်မှု က ကောင်းကင်ယံ က နေမင်းကြီး လိုပဲ... ကမ္ဘာကြီး ကို အလင်းရောင် ပေးတယ်... ပြီးတော့ နက်ရှိုင်းတဲ့ ချောက်ကမ်းပါး က မီးပြတိုက် လိုပဲ... နတ်ဘုရား အမြောက်အမြား ကို လမ်းပြပေးတယ်... ပြီးတော့ မမီနိုင်လောက်အောင် မြင့်မားတဲ့ နတ်ဘုရား တောင်ကြီး လိုပဲ... ထာဝရ မပျက်စီးနိုင်ဘူး..."

"..."

မုန်လဲ့ ခေါင်းရှုပ်သွားလေသည်။ "ဒါဆို... ဒီ ကြီးမြတ်တဲ့ အချိန်ကာလ နတ်ဘုရား က တကယ် ဘယ်လောက်တောင် ကြီးမြတ်လဲ ဆိုတာ ကို ခင်ဗျား ပြောပြလို့ ရမလား... ဘယ်နေရာမှာ ကြီးမြတ်တာလဲ... နဂါးနတ်ဘုရား နဲ့ ယှဉ်ရင် ဘယ်လိုလဲ..."

"နဂါးနတ်ဘုရား ဟုတ်လား... နဂါးနတ်ဘုရား က ခွေးချေး လောက်တောင် မရှိဘူး..."

ဧရာမ မျက်နှာကြီး က မုန်လဲ့ ၏ စကားကို အလွန် မကျေနပ်ပေ။ "အချိန်ကာလ နတ်ဘုရား က ကျယ်ဝန်းလှတဲ့ စကြဝဠာ ကြီး ရေတွက်လို့ မရနိုင်တဲ့ လောက တွေ ထဲမှာ အချိန်ကာလ နိယာမ ကို နားလည်ထားတဲ့ တစ်ပါးတည်းသော နတ်ဘုရား ပဲ... ပြီးပြည့်စုံတဲ့ အဆင့်မြင့် နတ်ဘုရား နေရာကို ရထားပြီး တိုက်ခိုက်ရေး စွမ်းအား က ပင်မနတ်ဘုရား တွေ နဲ့ ယှဉ်နိုင်တယ်..."

"ပြီးပြည့်စုံတဲ့ အဆင့်မြင့် နတ်ဘုရား ဟုတ်လား... ပင်မနတ်ဘုရား နဲ့ ယှဉ်နိုင်တယ် ဟုတ်လား..."

မုန်လဲ့ အနည်းငယ် ကြောင်အမ်းသွားလေသည်။ "ပြီးပြည့်စုံတဲ့ အဆင့်မြင့် နတ်ဘုရား က နတ်ဘုရား လား... ပင်မနတ်ဘုရား ကရော ဘာလဲ..."

"မင်း ဒါတောင် မသိဘူးလား..."

ဧရာမ မျက်နှာကြီး က အထင်သေးသည့် အကြည့်ဖြင့် ကြည့်လိုက်လေသည်။ "တောင်တွေ မှာ အနိမ့်အမြင့် ရှိသလို သစ်ပင်တွေ မှာ အရှည်အတို ရှိသလိုပဲ... နတ်ဘုရား တွေကလည်း အဆင့်မြင့် သက်ရှိ တွေ ဖြစ်တဲ့ အတွက် အဆင့်အတန်း ကွာခြားမှု စွမ်းအား ကွာခြားမှု တွေ ရှိတယ်..."

"စွမ်းအား နဲ့ နတ်ဘုရား အမြုတေ ရဲ့ အဆင့် အလိုက် အနိမ့် ကနေ အမြင့် ကို... အဆင့်နိမ့် နတ်ဘုရား... အလယ်အလတ် နတ်ဘုရား... အဆင့်မြင့် နတ်ဘုရား... ပြီးတော့ အားလုံးရဲ့ အထက်မှာ ရှိနေတဲ့... ပင်မနတ်ဘုရား လို့ ခွဲခြားထားတယ်..."

"အဲဒီလိုကိုး..."

မုန်လဲ့ သဘောပေါက်သွားပြီး အလျင်စလို မေးလိုက်လေသည်။ "နဂါးနတ်ဘုရား က ဘယ်အဆင့် နတ်ဘုရား လဲ..."

"နဂါးနတ်ဘုရား ဟုတ်လား... သာမန် အလယ်အလတ် နတ်ဘုရား လေး တစ်ပါးပါပဲ... လေဟာနယ် လောက ထဲမှာ သန်းနဲ့ချီ ရှိတယ်..."

ဧရာမ မျက်နှာကြီး က အလွန် အထင်သေးနေလေသည်။ "သာမန် ရုပ်ဝတ္ထု လောက တွေ မှာသာ ဆရာကြီး လုပ်နေနိုင်တာ... လေဟာနယ် လောက ထဲ ရောက်သွားရင်တော့ သူက ခွေးချေး လောက်ပဲ ရှိတာ..."

"..."

မုန်လဲ့ အနည်းငယ် ဆွံ့အသွားလေသည်။ နဂါးနတ်ဘုရား က ခွေးချေး လောက်ပဲ ရှိရင် ငါကရော ဘာလဲ။

"အချိန်ကာလ နတ်ဘုရား က ပြီးပြည့်စုံတဲ့ အဆင့်မြင့် နတ်ဘုရား ဆိုပေမဲ့ အမြင့်ဆုံး နိယာမ တွေ ထဲက တစ်ခု ဖြစ်တဲ့ အချိန်ကာလ နိယာမ ကို နားလည်ထားတဲ့ အတွက် သူ့ရဲ့ တိုက်ခိုက်ရေး စွမ်းအား က ပင်မနတ်ဘုရား တွေ နဲ့ ယှဉ်နိုင်တယ်..."

ဧရာမ မျက်နှာကြီး ၏ မျက်နှာပေါ်တွင် လေးစားမှုများ ပြည့်နှက်နေလေသည်။ "ဒါကြောင့်... သူ့ကို အချိန်ကာလ နတ်ဘုရား လို့ ခေါ်ကြတာ... တချို့ နေရာတွေမှာ ဆိုရင် သူ့ကို အချိန်ကာလ ပင်မနတ်ဘုရား လို့တောင် ခေါ်ကြပြီး မြင့်မြတ်တဲ့ ပင်မနတ်ဘုရား တွေ နဲ့ တစ်တန်းတည်း ထားကြတယ်..."

"အချိန်ကာလ နတ်ဘုရား က ဒီလောက်တောင် အစွမ်းထက်တာလား..."

မုန်လဲ့ အသက်ပြင်းပြင်း ရှူလိုက်မိသည်။ "ခင်ဗျား ခုနက ပြောတယ်နော် နဂါးနတ်ဘုရား မျှော်စင် ကို အချိန်ကာလ နတ်ဘုရား က အချိန်တွေ အများကြီး ပေးပြီး ဖန်တီးထားတာ လို့... အဲဒါဆို ဘာလို့ ဒီနေရာ ရောက်နေရတာလဲ... ပြီးတော့ ဘာလို့ နဂါးနတ်ဘုရား မျှော်စင် ဖြစ်သွားရတာလဲ..."

"ငါ ထပ်ပြီး အမှားပြင်ပေးမယ်... ဒါက အချိန်ကာလ မျှော်စင်... ခွေးချေး လို နဂါးနတ်ဘုရား မျှော်စင် မဟုတ်ဘူး..."

ဧရာမ မျက်နှာကြီး က မုန်လဲ့ ကို ဒေါသတကြီး စိုက်ကြည့်လိုက်လေသည်။ "အချိန်ကာလ မျှော်စင် က ဒီမှာ ရှိနေရတဲ့ အကြောင်းရင်း က... အချိန်ကာလ နတ်ဘုရား သေဆုံးသွားပြီးတဲ့နောက် အချိန်ကာလ မျှော်စင် က လေဟာနယ် မုန်တိုင်း တွေကို ဖြတ်သန်းပြီး နောက်ဆုံးတော့ ဒီလောက ထဲမှာ ပျောက်ဆုံးသွားပြီး နဂါးနတ်ဘုရား ရဲ့ လက်ထဲ ရောက်သွားလို့ပဲ..."

"သေဆုံးသွားတယ် ဟုတ်လား... အချိန်ကာလ နတ်ဘုရား သေသွားပြီလား..."

မုန်လဲ့ အလွန် အံ့အားသင့်သွားလေသည်။ "ခင်ဗျား ပြောတော့ အချိန်ကာလ နတ်ဘုရား ရဲ့ တိုက်ခိုက်ရေး စွမ်းအား က ပင်မနတ်ဘုရား တွေ နဲ့ ယှဉ်နိုင်တယ် ဆို... သူ ဘယ်လို လုပ် သေသွားရတာလဲ... ဘယ်သူက သူ့ကို သတ်နိုင်မှာလဲ..."

"လူသား... မင်း မေးခွန်းတွေ အရမ်း များနေပြီ..."

ဧရာမ မျက်နှာကြီး ၏ မျက်နှာ ချက်ချင်း ပြောင်းလဲသွားပြီး အေးစက်သွားလေသည်။ "နတ်ဘုရား တွေရဲ့ လျှို့ဝှက်ချက် ကို စပ်စုတာ က အကျင့်ကောင်း တစ်ခု မဟုတ်ဘူးနော်..."

"ကောင်းပါပြီ..."

မုန်လဲ့ က နှုတ်ခမ်း တွန့်ကွေးလိုက်ပြီး ဒီကောင် ရဲ့ ဒေါသ က တကယ် ကြီးတာပဲ လို့ စိတ်ထဲကနေ ကြိတ်ပြီး ပြောလိုက်လေသည်။

"ခင်ဗျား ခုနက ပြောတယ်နော်... ငါက နဂါးနတ်ဘုရား... အဟမ်း... အချိန်ကာလ မျှော်စင် ရဲ့ ပိုင်ရှင်သစ် ဖြစ်သွားပြီ လို့... အဲဒါ ဘယ်လို ဖြစ်တာလဲ..."

မုန်လဲ့ အနည်းငယ် သံသယဖြစ်သွားလေသည်။ "နဂါးနတ်ဘုရား ကရော... သူက အချိန်ကာလ မျှော်စင် ရဲ့ ပိုင်ရှင် မဟုတ်ဘူးလား..."

"မဟုတ်ဘူး... လုံးဝ မဟုတ်ဘူး... နဂါးနတ်ဘုရား က အချိန်ကာလ မျှော်စင် ရဲ့ ပိုင်ရှင် တစ်ခါမှ မဖြစ်ခဲ့ဖူးဘူး... သူ အဲဒီလို ဖြစ်ချင်နေတာ တောင်မှပဲ..."

ဧရာမ မျက်နှာကြီး က ချက်ချင်း ငြင်းဆိုလိုက်လေသည်။ "အချိန်ကာလ မျှော်စင် က ဒီလောက ထဲမှာ ပျောက်ဆုံးနေတာ... နဂါးနတ်ဘုရား က အနီးကပ်ဆုံး ဖြစ်နေလို့ ယာယီ ငှားသုံးထားတာ လောက်ပဲ ရှိတာ..."

"အချိန်တွေ အကြာကြီး ဖြတ်သန်းလာတဲ့ အခါမှာ... နဂါးနတ်ဘုရား ဆိုတဲ့ အားနည်းတဲ့ အလယ်အလတ် နတ်ဘုရား လေး က အချိန်ကာလ မျှော်စင် ကို သန့်စင်ပြီး ပိုင်ရှင် ဖြစ်ဖို့ တစ်ခါမက ကြိုးစားခဲ့ဖူးတယ်..."

"ဒါပေမဲ့ အဖြေ ကတော့ ရှင်းနေတာပဲ... သူ တစ်ခါမှ မအောင်မြင်ခဲ့ဘူး... သူ ဘယ်တော့မှ အောင်မြင်မှာ မဟုတ်ဘူး... အားလုံး က သူ့ရဲ့ စိတ်ကူးယဉ် အိပ်မက် သက်သက်ပဲ..."

"နဂါးနတ်ဘုရား တောင် အလယ်အလတ် နတ်ဘုရား ဖြစ်နေတာကို... သူတောင် အချိန်ကာလ မျှော်စင် ကို မသန့်စင်နိုင်ဘူးလား..."

မုန်လဲ့ အလွန် အံ့အားသင့်သွားလေသည်။ "ငါက ဘာစွမ်းရည် ရှိလို့ အချိန်ကာလ မျှော်စင် ရဲ့ ပိုင်ရှင်သစ် ဖြစ်လာရတာလဲ..."

"ကြီးမြတ်တဲ့ အချိန်ကာလ နတ်ဘုရား မသေခင်က အမိန့် တစ်ခု ထားခဲ့တယ်... အသက် ၃၀ မတိုင်ခင် ထိပ်ဆုံး ကို ရောက်ရမယ်... ပြီးတော့ လျှပ်စစ် မီး လေ အလင်း အမှောင်... ဒီ ၅ မျိုးစလုံး ကို ပိုင်ဆိုင်တဲ့ သူ မှပဲ အချိန်ကာလ မျှော်စင် ရဲ့ ပိုင်ရှင်သစ် ဖြစ်နိုင်မယ် တဲ့..."

ဧရာမ မျက်နှာကြီး ၏ ပါးစပ်က အဖွင့်အပိတ် လုပ်ကာ "မင်းက အခု အသက် ၁၆ နှစ် ပဲ ရှိသေးတယ်... ဒီကို အောင်မြင်စွာ ရောက်လာနိုင်ခဲ့တယ်... ပြီးတော့ ထိပ်ဆုံး ကို တက်တဲ့ လမ်းမှာ အဲဒီ မှော်ပါရမီ ၅ မျိုးစလုံး ကို ပြသနိုင်ခဲ့တယ်... ဒါကြောင့် အမွေဆက်ခံခွင့် နဲ့ လုံးဝ ကိုက်ညီတယ်..."

"ဒီအချက် တွေက အရမ်းကို ခက်ခဲလွန်းတယ် မဟုတ်လား..."

မုန်လဲ့ လုံးဝ ဆွံ့အသွားလေသည်။

အသက် ၃၀ မတိုင်ခင် ထိပ်ဆုံး ကို ရောက်ဖို့ ဆိုတာ တောင် မဖြစ်နိုင်သလောက် ရှိနေတာ အဲဒီ မှော်ပါရမီ ၅ မျိုးစလုံး ကို ပိုင်ဆိုင်တဲ့ သူ ဆိုရင် ပိုဆိုးတာပေါ့။

အချက် ၂ ချက် ပေါင်းလိုက်ရင် ငရဲပြည် အဆင့် အခက်အခဲ ဖြစ်သွားပြီလေ ဘယ်သူကများ ဒီအချက်တွေ နဲ့ ကိုက်ညီမှာလဲ။

"ခက်ခဲလွန်းလို့ပဲ... နှစ်ပေါင်း ၄ သောင်း ကျော် အတွင်းမှာ မင်း တစ်ယောက်တည်း ပဲ လုပ်နိုင်ခဲ့တာပေါ့..."

ဧရာမ မျက်နှာကြီး က ခေါင်းခါလိုက်လေသည်။ "တကယ်တော့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁ သောင်း က ကောင်လေး ကလည်း အောင်မြင်ဖို့ အခွင့်အရေး ရှိခဲ့တယ်... ဒါပေမဲ့ နဂါးနတ်ဘုရား ဆိုတဲ့ ခွေးကောင် ရဲ့ အမိန့် နဲ့ အသတ်ခံလိုက်ရတယ်..."

"လွန်ခဲ့တဲ့ နှစ်ပေါင်း ၁ သောင်း က... တိုင်မွန်ဘာတန် ကို ပြောတာလား..."

မုန်လဲ့ မျက်လုံးများကို အနည်းငယ် ကျဉ်းလိုက်လေသည်။ "သူ တကယ်ပဲ နဂါး တွေရဲ့ လက်ချက် နဲ့ သေသွားတာပဲ... တကယ်ကို အရှက်မရှိတဲ့ ကောင်တွေပဲ..."

"ပုံမှန်ပါပဲ... နဂါးနတ်ဘုရား က အချိန်ကာလ မျှော်စင် ကို ရဖို့ အမြဲတမ်း ကြိုးစားနေတာ... တခြားသူ ကို ပေးပါ့မလား..."

ဧရာမ မျက်နှာကြီး က လှောင်ပြောင်လိုက်လေသည်။ "မင်း ခုနက သူ့ကို တွေ့ခဲ့တယ် မဟုတ်လား... မင်းသာ စွမ်းအား မရှိရင် သူ့လက်ချက် နဲ့ သေပြီး လမ်းတစ်ဝက်မှာတင် ဇာတ်သိမ်းသွားမှာပဲ..."

"နဂါးနတ်ဘုရား... သူ့ကို ငါ မှတ်ထားလိုက်ပြီ..."

မုန်လဲ့ လက်သီးကို တင်းတင်း ဆုပ်လိုက်ပြီး မျက်လုံးများထဲတွင် သတ်ဖြတ်ချင်စိတ် တစ်ချက် ဖြတ်သန်းသွားလေသည်။ "နောက်ကျရင် သူ သိစေရမယ်..."

"ထားလိုက်ပါတော့... လက်စားချေမယ့် ကိစ္စ ကို နောက်မှပဲ ပြောကြတာပေါ့..."

ဧရာမ မျက်နှာကြီး က တည်ငြိမ်စွာ ပြောလိုက်လေသည်။ "ငါ မေးမယ်... မင်း အချိန်ကာလ မျှော်စင် ရဲ့ အမွေ ကို ဆက်ခံပြီး အချိန်ကာလ မျှော်စင် ရဲ့ ပိုင်ရှင်သစ် လုပ်ချင်လား..."

မုန်လဲ့ အချိန် အနည်းငယ် တိတ်ဆိတ်သွားပြီးနောက် မေးလိုက်လေသည်။ "ဒီမတိုင်ခင်... ခင်ဗျား ကျွန်တော့်ရဲ့ မေးခွန်း တစ်ခု ကို အရင် ဖြေပေးရမယ်..."

"ပြော..."

"အချိန်ကာလ မျှော်စင် ကို အမွေဆက်ခံရင် ဘာအကျိုးကျေးဇူး တွေ ရနိုင်လဲ... ဘာဆိုးကျိုး တွေ ရှိနိုင်လဲ..."

မုန်လဲ့ ၏ မျက်လုံးများထဲတွင် အလင်းရောင် တစ်ချက် ဖြတ်သန်းသွားလေသည်။ "ကောင်းကျိုး ဆိုးကျိုး တွေကို အရင် ရှင်းပြပါ... ပြီးမှ အချိန်ကာလ မျှော်စင် ကို အမွေဆက်ခံမလား မခံဘူးလား ဆိုတာကို စဉ်းစားမယ်..."

"အချိန်ကာလ မျှော်စင် က အဆင့်မြင့် နတ်ဘုရား လက်နက် တစ်ခု ပဲ... အဲဒီထဲမှာ အချိန်ကာလ နတ်ဘုရား ရဲ့ တစ်သက်လုံး စုဆောင်းခဲ့တဲ့ ပိုင်ဆိုင်မှု တွေ ရှိတယ်... ပြီးတော့ အချိန်ကာလ နတ်ဘုရား ရဲ့ အမွေ တွေလည်း ပါတယ်..."

"အရေးအကြီးဆုံး ကတော့ အချိန်ကာလ မျှော်စင် ထဲမှာ အချိန်ကာလ နိယာမ ကို လေ့ကျင့်နိုင်တဲ့ နည်းလမ်း တွေ ရှိတယ်..."

"ဒါက အကျိုးကျေးဇူး တွေပဲ..."

"ဆိုးကျိုး ကတော့... အချိန်ကာလ မျှော်စင် ကို အမွေဆက်ခံပြီးရင်... အလွန် ကြီးမြတ်တဲ့ ပုဂ္ဂိုလ်ကြီး တစ်ယောက် ကို ရန်စမိသလို ဖြစ်သွားလိမ့်မယ်..."

"အရမ်း ကောင်းတယ်... ရှင်းရှင်းလင်းလင်း ပြောပြတာ လုံးဝ အိုကေ တယ်..."

"ကျွန်တော် အချိန်ကာလ မျှော်စင် ရဲ့ ပိုင်ရှင်သစ် ဖြစ်ဖို့ သဘောတူတယ်..."

"ဂုဏ်ပြုပါတယ်... လူသား…”

All Chapters